မြွေဖြူအရှင် (bl fiction)
အပိုင်း၄
"သူကအငြိုးအတေးဝိညာဥ်"
"အငြိုးအတေးဝိညာဥ်ဆိုတာဘာလဲ"
ဗညားနဲ့သူရိယမှာသိချင်တာရှိရင်
မထိန်းချုပ်ဘဲ ပွင့်ပွင့်လင်းလင်းသာမေးတတ်သူတွေဖြစ်သည်
"အငြိုးအတေးဝိညာဥ်ဆိုတာကသေခါနီးအမုန်းတရားတွေအငြိုးတွေကြောင့်မကျွတ်လွတ်နိုင်တဲ့အပါယ်ဘုံသားတွေ
အငြိုးတွေအမုန်းတွေကိုမလွှတ်ချနိုင်သရွေ့သူတို့ဘဝမကူးနိုင်ဘူး"
"ဒါနဲ့သူတို့ကဘာလို့ကျွန်တော်တို့ကိုနှောက်ယှက်ရတာလဲ"
"တစ်ချို့အငြိုးအတေးဝိညာဥ်တွေကအထီးကျန်လို့သူတို့ကိုအဖော်ပြုပေးမဲ့ဝိညာဥ်ကိုရှာကြတယ်
တစ်ချို့ကလူစားလဲဖို့ဝိညာဥ်ရှာကြတယ်"
"ဒါဆိုအိရွှေဇင်က...."
အသင်္ခရာခေါင်းငြိမ့်ပြလိုက်ပြီးစကားကိုဆက်တယ်
"ဒီမိန်းကလေးရဲ့ဝိညာဥ်ကိုလိုချင်နေတာ ...."
ဝဏ္ဏတို့အတော်လေးစိတ်ပူပန်သွားကြတယ်
ရွှေကသူတို့ကြောင့်ဒီနေရာကိုလိုက်လာတာလေ
ဒါကြောင့်ရွှေကိုမထိခိုက်စေချင်ကြဘူး
"သူ့ကိုကယ်နိုင်မဲ့နည်းမရှိဘူးလား???"
"ဒီသင်္ဃန်းအပိုင်းအစက သီလသမာဓိနဲ့ပြည့်စုံတဲ့ဆရာတော်ကြီးဆီကရထားတာကြိုးကျစ်သလိုကျစ်ပြီးသူမလက်မှာချည်ထားပေးလိုက် ပြီးတော့သူမကိုဒီရွာကနေအမြန်ဆုံးပြန်ခိုင်းလိုက်"
ဘုရားဂူမှာတရားလာကျင့်ကြံဖူးတဲ့ဆရာတော်တစ်ပါးက
ဘေးအန္တရာယ်ကာကွယ်ဖို့စွန့်ကြဲခဲ့တဲ့ ဒီသင်္ဃန်းအပိုင်းအစလေးကို
အခုတစ်ခါမှာတော့ တစ်ပါးသူရဲ့အသက်ကိုကာကွယ်ဖို့လုံးဝတွန့်တိုခြင်းမရှိဘဲ
အသင်္ခရာပေးပစ်လိုက်တယ်
ဝဏ္ဏတို့သင်္ဃန်းအပိုင်းအစကိုကြိုးကျစ်၍
ရွှေလက်မှာချည်ပေးလိုက်ကြသည်
ထို့နောက်ကျေးဇူးတင်စကားပြောဖို့ လှည့်ကြည့်လိုက်စဥ်
ယောက်ျားပျိုက အစရှာမရအောင်ပျောက်သွားတယ်
"သူဘယ်ပျောက်သွားတာလဲ.....ဧ...ဧကန္တသူကသရဲတေစ္ဆလား"
အလန့်တကြားထအော်တဲ့ဗညားကို
သူရိယကဂွက်ခနဲမြည်အောင် ခေါင်းခေါက်ချလိုက်တယ်
"ဟ! ဘာလို့ခေါက်တာလဲ"
"တုံးလို့ခေါက်တာဟေ့ ဘယ်သရဲကသရဏဂုံရွတ်နိုင်မှာလဲ"
"ဒါလည်းဟုတ်သား"
"မင်းတို့နှစ်ယောက်စကားမများနဲ့တော့အခုရွှေကိုရွာအရင်ပြန်သယ်သွားရမယ်"
အဲ့ဒီနောက်မှာတော့ ဝဏ္ဏကရွှေကိုကုန်းပိုးပြီး
ရွာအရောက်ပြန်ခေါ်ရတော့တယ်
__________________________
ညရောက်တဲ့အခါမှာရွှေဟာလုံးဝကောင်းသွားပြီ
သူကြီးကတော်ကဗုဒ္ဓပူဇော်ပွဲကိုဝဏ္ဏတို့ကိုပါပါဝင်ဆင်နွှဲစေချင်ကြောင့်
အူတူတူအတတနှင့် ဗုဒ္ဓပူဇော်ပွဲကိုရောက်သွားရတော့သည်
ဂူ၏အပြင်ဘက်မှာက အတီးအမှုတ်အကအခုန်ပွဲတွေကျင်းပနေကြတယ်
ဗညားတို့သုံးဦးကထိုအတီးအမှုတ်အကအခုန်တွေကိုကြည့်ဖို့ဂူပြင်မှာနေခဲ့တယ်
ဝဏ္ဏတစ်ဦးတည်းသာဂူအတွင်းသို့ဝင်လာခဲ့တယ်
ဆီးမီးရောင်စုံတွေကြောင့်ဂူတစ်ခုလုံးကလင်းထိန်နေသည့်အပြင်
ပန်းပေါင်းစုံနှင့်သစ်သီးမျိုးစုံတို့၏သင်းရနံ့တို့ကလည်းထုံသင်းနေတော့သည်
ဝဏ္ဏ မြတ်စွာဘုရားရှင်၏ရုပ်ပွားတော်ခုနှစ်ဆူကို
ဦးတိုက်ကန်တော့လိုက်တယ်
သူစိတ်ထဲမှာဒီနေရာကိုရောက်ဖူးတယ်လို့ခံစားနေရတယ်
ဒါပေမဲ့သူက ဒီကိုပထမဆုံးရောက်ဖူးတာလေ
"ဘုရားတပည့်တော်ဝဏ္ဏကျော်ထင်နှင့် ဘုရားတပည့်တော်အသင်္ခရာတို့၏
ချစ်ခြင်းသစ္စာသည် မှန်ကန်ပါက ဘဝဆက်တိုင်းနှစ်ဦးသားချစ်ခင်စုံမက်ခွင့်ရပါစေသား"
မတ်တတ်ရပ်လိုက်တာနဲ့တစ်ပြိုင်နက် ဤနေရာမှာသစ္စာဆိုနေကြတဲ့အမျိုးသားနှစ်ဦးရဲ့
ကျောပြင်ကိုသူမြင်ရတယ်
အစောနကထိဒီနေရာမှာသူတစ်ယောက်တည်းရှိနေတာပါ
အခုဒီအမျိုးသားနှစ်ဦးကဘယ်ကနေရောက်လာတာလဲ
သူမျက်လုံးတို့အားပွတ်ကာပြန်ကြည့်လိုက်တော့
ဘာမှမတွေ့ရတော့ဘူး
ကြည့်ရတာသူစိတ်ခြောက်ခြားနေတယ်ထင်ပါတယ်
အဲ့ဒီနောက်မှာတော့ သူဂူအပြင်ပြန်ထွက်လာခဲ့ပြီး
ကခုန်နေတဲ့ပွဲဆီသွားတော့မဲ့အချိန်
"ဝဏ္ဏ....ဝဏ္ဏ" ဆိုပြီးသူနာမည်အားတစ်စုံတစ်ယောက်က ရေရွတ်နေသံကြားလိုက်ရတယ်
ဒီအသံက ကပွဲရဲ့ဆန့်ကျင်ဘက်အရပ်ကလာနေတာ
ထိုအသံရှိရာကိုသွားသင့်မသွားသင့်ဝေခွဲမရဖြစ်နေပေမဲ့
ခြေလှမ်းတွေကတော့အရောက်သွားနေခဲ့ပြီ
သူရောက်သွားတော့မနက်ကတွေ့ခဲ့တဲ့ယောက်ျားပျိုက
ခရေပင်အောက်မှာလရောင်ကိုရှုစားနေတယ်
သူလည်းရှေ့ဆက်မတိုးတော့ဘဲ
ထိုပုံရိပ်လေးကိုသာငေးကြည့်နေလိုက်တယ်
"ဝဏ္ဏ....."
"ဗုဒ္ဓေါ....."
မိမိပုခုံးအားလာကိုင်တဲ့လက်အေးကြီးကြောင့်
ဝဏ္ဏအလန့်တကြားထအော်လိုက်မိတယ်
"ဟေ့ကောင်ဝဏ္ဏ မင်းဘာဖြစ်နေတာလဲ "
"ငါဘာမှမဖြစ်ပါဘူး"
"ဟုတ်ရော ဟုတ်ရောရဲ့မင်းပုံကနေမကောင်းတဲ့လူလိုဘဲ"
"ငါအဆင်ပြေပါတယ်"
"အေးဒါဆိုလည်းပြန်ကြရအောင် ဗညားနဲ့ရွှေစောင့်နေတယ်"
"အင်း..."
သူရိယနဲ့လိုက်မသွားခင် ခရေပင်အောက်ကိုသူလှမ်းကြည့်လိုက်သေးတယ်
သို့သော်ထိုနေမှာလူတစ်ဦးတစ်ယောက်မှမရှိခဲ့သလိုဘဲ
ဟူး! ဘာတွေလဲကွာ ဒီနေ့တစ်နေ့လုံးဘာတွေဖြစ်နေတာလဲ
ဝဏ္ဏတို့ကျောခိုင်းသွားမှ
ခရေပင် ပင်စည်နောက်ကနေ အသင်္ခရာထွက်လာတယ်
"ဝဏ္ဏ.....အသင်တဖြည်းဖြည်းကိုယ်တော့်ကိုမှတ်မိလာဖို့မျှော်လင့်တယ်"
သိင်္ခနဲ့လင်္ကာကလည်း သူတို့အရှင်အစားအရမ်းကိုပျော်ရွှင်မိတယ်
နှစ်၃၀၀ကြာပြီးနောက်မှာတော့အရှင်တို့နှစ်ဦးပြန်ဆုံတွေ့နိုင်ပြီ
ဒီဘဝမှာတော့အရှင်တို့ပေါင်းဖက်နိုင်ဖို့သူတို့ဆုတောင်းပေးနေပါတယ်
#ဘုန်းတော်ကြီးသင်္ဃန်းစလက်မှာချည်ရင်အမှောင့်ပယောဂမနှောက်ယှက်နိုင်ဖူးလို့ကြားဖူးတယ်
Zawgi
ေႁမြျဖဴအရွင္ (bl fiction)
အပိုင္း၄
"သူကအၿငိဳးအေတးဝိညာဥ္"
"အၿငိဳးအေတးဝိညာဥ္ဆိုတာဘာလဲ"
ဗညားနဲ႔သူရိယမွာသိခ်င္တာရွိရင္
မထိန္းခ်ဳပ္ဘဲ ပြင့္ပြင့္လင္းလင္းသာေမးတတ္သူေတြျဖစ္သည္
"အၿငိဳးအေတးဝိညာဥ္ဆိုတာကေသခါနီးအမုန္းတရားေတြအၿငိဳးေတြေၾကာင့္မကြၽတ္လြတ္ႏိုင္တဲ့အပါယ္ဘုံသားေတြ
အၿငိဳးေတြအမုန္းေတြကိုမလႊတ္ခ်ႏိုင္သေရြ႕သူတို႔ဘဝမကူးႏိုင္ဘူး"
"ဒါနဲ႔သူတို႔ကဘာလို႔ကြၽန္ေတာ္တို႔ကိုေႏွာက္ယွက္ရတာလဲ"
"တစ္ခ်ိဳ႕အၿငိဳးအေတးဝိညာဥ္ေတြကအထီးက်န္လို႔သူတို႔ကိုအေဖာ္ျပဳေပးမဲ့ဝိညာဥ္ကိုရွာၾကတယ္
တစ္ခ်ိဳ႕ကလူစားလဲဖို႔ဝိညာဥ္ရွာၾကတယ္"
"ဒါဆိုအိေရႊဇင္က...."
အသခၤရာေခါင္းၿငိမ့္ျပလိုက္ၿပီးစကားကိုဆက္တယ္
"ဒီမိန္းကေလးရဲ႕ဝိညာဥ္ကိုလိုခ်င္ေနတာ ...."
ဝဏၰတို႔အေတာ္ေလးစိတ္ပူပန္သြားၾကတယ္
ေရႊကသူတို႔ေၾကာင့္ဒီေနရာကိုလိုက္လာတာေလ
ဒါေၾကာင့္ေရႊကိုမထိခိုက္ေစခ်င္ၾကဘူး
"သူ့ကိုကယ္ႏိုင္မဲ့နည္းမရွိဘူးလား???"
"ဒီသဃၤန္းအပိုင္းအစက သီလသမာဓိနဲ႔ျပည့္စုံတဲ့ဆရာေတာ္ႀကီးဆီကရထားတာႀကိဳးက်စ္သလိုက်စ္ၿပီးသူမလက္မွာခ်ည္ထားေပးလိုက္ ၿပီးေတာ့သူမကိုဒီရြာကေနအျမန္ဆုံးျပန္ခိုင္းလိုက္"
ဘုရားဂူမွာတရားလာက်င့္ႀကံဖူးတဲ့ဆရာေတာ္တစ္ပါးက
ေဘးအႏၲရာယ္ကာကြယ္ဖို႔စြန္႔ႀကဲခဲ့တဲ့ ဒီသဃၤန္းအပိုင္းအစေလးကို
အခုတစ္ခါမွာေတာ့ တစ္ပါးသူရဲ႕အသက္ကိုကာကြယ္ဖို႔လုံးဝတြန္႔တိုျခင္းမရွိဘဲ
အသခၤရာေပးပစ္လိုက္တယ္
ဝဏၰတို႔သဃၤန္းအပိုင္းအစကိုႀကိဳးက်စ္၍
ေရႊလက္မွာခ်ည္ေပးလိုက္ၾကသည္
ထို႔ေနာက္ေက်းဇူးတင္စကားေျပာဖို႔ လွည့္ၾကည့္လိုက္စဥ္
ေယာက္က်ားပျိဳက အစရွာမရေအာင္ေပ်ာက္သြားတယ္
"သူဘယ္ေပ်ာက္သြားတာလဲ.....ဧ...ဧကႏၲသူကသရဲေတစၧလား"
အလန္႔တၾကားထေအာ္တဲ့ဗညားကို
သူရိယကဂြက္ခနဲျမည္ေအာင္ ေခါင္းေခါက္ခ်လိုက္တယ္
"ဟ! ဘာလို႔ေခါက္တာလဲ"
"တုံးလို႔ေခါက္တာေဟ့ ဘယ္သရဲကသရဏဂုံရြတ္ႏိုင္မွာလဲ"
"ဒါလည္းဟုတ္သား"
"မင္းတို႔ႏွစ္ေယာက္စကားမမ်ားနဲ႔ေတာ့အခုေရႊကိုရြာအရင္ျပန္သယ္သြားရမယ္"
အဲ့ဒီေနာက္မွာေတာ့ ဝဏၰကေရႊကိုကုန္းပိုးၿပီး
ရြာအေရာက္ျပန္ေခၚရေတာ့တယ္
__________________________
ညေရာက္တဲ့အခါမွာေရႊဟာလုံးဝေကာင္းသြားၿပီ
သူႀကီးကေတာ္ကဗုဒၶပူေဇာ္ပြဲကိုဝဏၰတို႔ကိုပါပါဝင္ဆင္ႏႊဲေစခ်င္ေၾကာင့္
အူတူတူအတတႏွင့္ ဗုဒၶပူေဇာ္ပြဲကိုေရာက္သြားရေတာ့သည္
ဂူ၏အျပင္ဘက္မွာက အတီးအမႈတ္အကအခုန္ပြဲေတြက်င္းပေနၾကတယ္
ဗညားတို႔သုံးဦးကထိုအတီးအမႈတ္အကအခုန္ေတြကိုၾကည့္ဖို႔ဂူျပင္မွာေနခဲ့တယ္
ဝဏၰတစ္ဦးတည္းသာဂူအတြင္းသို႔ဝင္လာခဲ့တယ္
ဆီးမီးေရာင္စုံေတြေၾကာင့္ဂူတစ္ခုလုံးကလင္းထိန္ေနသည့္အျပင္
ပန္းေပါင္းစုံႏွင့္သစ္သီးမ်ိဳးစုံတို႔၏သင္းရနံ႔တို႔ကလည္းထုံသင္းေနေတာ့သည္
ဝဏၰ ျမတ္စြာဘုရားရွင္၏႐ုပ္ပြားေတာ္ခုႏွစ္ဆူကို
ဦးတိုက္ကန္ေတာ့လိုက္တယ္
သူစိတ္ထဲမွာဒီေနရာကိုေရာက္ဖူးတယ္လို႔ခံစားေနရတယ္
ဒါေပမဲ့သူက ဒီကိုပထမဆုံးေရာက္ဖူးတာေလ
"ဘုရားတပည့္ေတာ္ဝဏၰေက်ာ္ထင္ႏွင့္ ဘုရားတပည့္ေတာ္အသခၤရာတို႔၏
ခ်စ္ျခင္းသစၥာသည္ မွန္ကန္ပါက ဘဝဆက္တိုင္းႏွစ္ဦးသားခ်စ္ခင္စုံမက္ခြင့္ရပါေစသား"
မတ္တတ္ရပ္လိုက္တာနဲ႔တစ္ၿပိဳင္နက္ ဤေနရာမွာသစၥာဆိုေနၾကတဲ့အမ်ိဳးသားႏွစ္ဦးရဲ႕
ေက်ာျပင္ကိုသူျမင္ရတယ္
အေစာနကထိဒီေနရာမွာသူတစ္ေယာက္တည္းရွိေနတာပါ
အခုဒီအမ်ိဳးသားႏွစ္ဦးကဘယ္ကေနေရာက္လာတာလဲ
သူမ်က္လုံးတို႔အားပြတ္ကာျပန္ၾကည့္လိုက္ေတာ့
ဘာမွမေတြ႕ရေတာ့ဘူး
ၾကည့္ရတာသူစိတ္ေျခာက္ျခားေနတယ္ထင္ပါတယ္
အဲ့ဒီေနာက္မွာေတာ့ သူဂူအျပင္ျပန္ထြက္လာခဲ့ၿပီး
ကခုန္ေနတဲ့ပြဲဆီသြားေတာ့မဲ့အခ်ိန္
"ဝဏၰ....ဝဏၰ" ဆိုၿပီးသူနာမည္အားတစ္စုံတစ္ေယာက္က ေရရြတ္ေနသံၾကားလိုက္ရတယ္
ဒီအသံက ကပြဲရဲ႕ဆန္႔က်င္ဘက္အရပ္ကလာေနတာ
ထိုအသံရွိရာကိုသြားသင့္မသြားသင့္ေဝခြဲမရျဖစ္ေနေပမဲ့
ေျခလွမ္းေတြကေတာ့အေရာက္သြားေနခဲ့ၿပီ
သူေရာက္သြားေတာ့မနက္ကေတြ႕ခဲ့တဲ့ေယာက္က်ားပျိဳက
ခေရပင္ေအာက္မွာလေရာင္ကိုရႈစားေနတယ္
သူလည္းေရွ႕ဆက္မတိုးေတာ့ဘဲ
ထိုပုံရိပ္ေလးကိုသာေငးၾကည့္ေနလိုက္တယ္
"ဝဏၰ....."
"ဗုေဒၶါ....."
မိမိပုခုံးအားလာကိုင္တဲ့လက္ေအးႀကီးေၾကာင့္
ဝဏၰအလန္႔တၾကားထေအာ္လိုက္မိတယ္
"ေဟ့ေကာင္ဝဏၰ မင္းဘာျဖစ္ေနတာလဲ "
"ငါဘာမွမျဖစ္ပါဘူး"
"ဟုတ္ေရာ ဟုတ္ေရာရဲ႕မင္းပုံကေနမေကာင္းတဲ့လူလိုဘဲ"
"ငါအဆင္ေျပပါတယ္"
"ေအးဒါဆိုလည္းျပန္ၾကရေအာင္ ဗညားနဲ႔ေရႊေစာင့္ေနတယ္"
"အင္း..."
သူရိယနဲ႔လိုက္မသြားခင္ ခေရပင္ေအာက္ကိုသူလွမ္းၾကည့္လိုက္ေသးတယ္
သို႔ေသာ္ထိုေနမွာလူတစ္ဦးတစ္ေယာက္မွမရွိခဲ့သလိုဘဲ
ဟူး! ဘာေတြလဲကြာ ဒီေန႔တစ္ေန႔လုံးဘာေတြျဖစ္ေနတာလဲ
ဝဏၰတို႔ေက်ာခိုင္းသြားမွ
ခေရပင္ ပင္စည္ေနာက္ကေန အသခၤရာထြက္လာတယ္
"ဝဏၰ.....အသင္တျဖည္းျဖည္းကိုယ္ေတာ့္ကိုမွတ္မိလာဖို႔ေမွ်ာ္လင့္တယ္"
သိခၤနဲ႔လကၤာကလည္း သူတို႔အရွင္အစားအရမ္းကိုေပ်ာ္ရႊင္မိတယ္
ႏွစ္၃၀၀ၾကာၿပီးေနာက္မွာေတာ့အရွင္တို႔ႏွစ္ဦးျပန္ဆုံေတြ႕ႏိုင္ၿပီ
ဒီဘဝမွာေတာ့အရွင္တို႔ေပါင္းဖက္ႏိုင္ဖို႔သူတို႔ဆုေတာင္းေပးေနပါတယ္
#ဘုန္းေတာ္ႀကီးသဃၤန္းစလက္မွာခ်ည္ရင္အေမွာင့္ပေယာဂမေႏွာက္ယွက္ႏိုင္ဖူးလို႔ၾကားဖူးတယ္