168 01
အခန်း (၁၆၈)
ယဲ့ကျန်းက ဒေါ်လေးချန်းနှင့်အတူ ထွက်ခွာသွားသည်။ သူမ၏ပါးပြင်ဟာ ပူလောင်ကြိမ်းစက်နေသေးသည်။ သို့သော် မျှော်လင့်ထားသည့်အတိုင်း သူမတွင် ဒေါသမရှိချေ။ လုဝူရွှမ်း၏ ပါးရိုက်လိုက်ခြင်းက အချို့သော ကိစ္စများကို ဖြေရှင်းပြီးသား ဖြစ်သွားစေသည်။
တစ်ခါတစ်ရံတွင် အားနည်းပြီး ခုခံအားမဲ့သလို ဟန်ဆောင်ခြင်းဟာလည်း အကျိုးအမြတ်များသည်။ လုဝူရွှမ်းဟာ အလွန်ခေါင်းမာပြီး မော့ရုန်ကျန်း၏ ရှေ့တွင်ပင် ထောင်လွှားပြခဲ့ခြင်းက ဝမ်ဖေးအပေါ် ပို၍သံသယ ဝင်သွားစေလောက်သည်။
သို့ရာတွင် ယဲ့ကျန်းက ပါးရိုက်ခံခဲ့ခြင်းက မော့ရုန်ကျန်းထံမှ စာနာမှုကို လိုချင်၍မဟုတ်ချေ။
ယဲ့ကျန်းက လုမိသားစုထံသို့ သူမ၏ ယောင်ကိုင်းနေသော ပါးဖြင့်သာ ပြန်သွားချင်သည်။ သခင်မကြီးလုနှင့် လုလင်ကျစ်က သူမက နန်းတော်ထဲတွင် မှားယွင်းစွာ မတရားခံခဲ့ရကြောင်းကို သိသွားကြစေလိုသည်။
သူမက ယခုနောက်ပိုင်းတွင် လုလင်ကျစ်နှင့် ခပ်အေးအေး ဆက်ဆံနိုင်နေပြီဖြစ်ပြီး သူမ၏ ဝမ်းကွဲအဖြစ် ဟန်ဆောင်နိုင်နေပြီဖြစ်သည်။ ဒီနေ့အဖြစ်အပျက် မတိုင်ခင်ကအထိ ယဲ့ကျန်းဟာ အမှန်တရားကို ရှင်းရှင်းလင်းလင်း မသိခဲ့သေးချေ။
သူမကသာ ကလဲ့စားချေလိုလျှင် လုလင်ကျစ်နှင့် လုမိသားစုထံ အချိန်တစ်ခုကြာ မှီခိုရပေမည်။
တော်ဝင်တရားရုံးတွင်ရှိသော လုလင်ကျစ်၏ အဆင့်အတန်းနှင့် လုမိသားစု ရုတ်တရက် မြင့်တက်လာသော အထက်တန်းလွှာဆိုသည့် ဂုဏ်ဒြပ်အရဆိုလျှင် ယဲ့ကျန်းက လုပ်ချင်သည့် အချို့ကိစ္စများကို ကောင်းကောင်းမွန်မွန် လုပ်နိုင်ပေလိမ့်မည်။
ငါ့ရဲ့အရင် ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့ အချိန်တုန်းက လုလင်ကျစ်ကလည်း ငါ့ကိုဒီလိုပဲ လုပ်ခဲ့တာ မဟုတ်ဘူးလား။
သူက သူ့ကိုယ်သူ ဖုံးကွယ်ပြီး သူမထံမှ ယုံကြည်မှုကို လိမ်ညာယူခဲ့သည်။ နောက်ဆုံးအချိန်တွင် သူမ၏ အဖိုးတန်ဆုံးသော ကျောက်စိမ်းတံဆိပ်ပြားကို ယူဆောင်သွားခဲ့ပြီး သူမကို သတ်ခဲ့သည်။
ထိုနည်းလမ်းမှတဆင့် သင်ယူလိုက်ရသည်မှာ ယဲ့ကျန်းဟာလည်း သူမ၏ ဝမ်းကွဲတစ်ယောက်ဆိုသော လုလင်ကျစ်၏ ချစ်မြတ်နိုးမှုကို ရယူသင့်သည်။ နောက်ဆုံးတခဏတွင်မှ သူ့အတိုင်း ပြန်လည် ထိုးသတ်ရပေမည်။
လုလင်ကျစ်၏ ယုံကြည်မှုနှင့် မျက်နှာသာပေးမှုကို ရရှိရန်အတွက်မူကား သူမ၏ မျက်နှာပေါ်တွင်ရှိသည့် လုဝူရွှမ်း၏ ရိုက်ချက်မှ စတင်ရပေမည်။
လုဝူရွှမ်းက လက်ရှိအဆင့်အတန်းကို ရခဲ့ခြင်းဟာလည်း လုလင်ကျစ်၏ ချစ်ခြင်းတရားများကြောင့် ဖြစ်သည်။ သူက ယဲ့ကျန်းထံမှ အရာအားလုံးကိုယူပြီး လုဝူရွှမ်းအား ပေးခဲ့သည်။ ယခုအခါ ယဲ့ကျန်းအလှည့် ဖြစ်သည်။ သူမကလည်း လုဝူရွှမ်း ပိုင်ဆိုင်ထားသော အဖိုးတန် အရာများကို တစ်ခုပြီးတစ်ခု ဖြေးညှင်းစွာ အရယူရပေမည်။
"ဒေါ်လေးချန်း ဒီသခင်မလေးကို မျက်နှာဆေးကြောဖို့ ခေါ်သွားပေးလို့ရမလား။ မယ်တော်ကြီးကို ဒီအတိုင်း တွေ့ရမှာကတော့ ရှက်စရာကောင်းလွန်းပါတယ်"
ယဲ့ကျန်းက ဒီနေ့ နန်းတော်ထဲကို ဝင်လာမိခြင်းကို ကျေးဇူးတင်မိသွားသည်။ မဟုတ်လျှင် သူမ၏ အသိစိတ်က ထိုမျှအထိ ရှင်းရှင်းလင်းလင်း နားလည်သွားလိမ့်မည် မဟုတ်ချေ။
သူမက ပြန်လည်မွေးဖွားလာပြီးနောက် သူမလုပ်ကိုလုပ်ရမည့် အကြောင်းအရာများကို သေချာနားမလည်ခဲ့ဘဲ လုဝူရွှမ်း၊ လုလင်ကျစ်တို့ကို ရင်မဆိုင်လိုခဲ့ချေ။ သူမက တွန့်ဆုတ်ခဲ့သည်။ သို့သော် ယခုမူ အားလုံးကို သူမက ရှင်းလင်းစွာ နားလည်သွားလေပြီ။
ဒေါ်လေးချန်းက ယဲ့ကျန်းကို စိုးရိမ်တကြီးကြည့်သည်။ သူမ၏ မျက်နှာရှိ လက်ဝါးရာကြီးကိုလည်း သတိထားမိသည့်အခါ တုန့်ဆိုင်းမနေဘဲ ခေါင်းညိမ့်လိုက်သည်။
"မိန်းကလေးလု ဒီအစေခံရဲ့နောက်ကို လိုက်ခဲ့ပါ"
ထိုအစေခံဟာလည်း ယခင်က ဝမ်ဖေးယဲ့ကို ကြိမ်ဖန်များစွာ မြင်ခဲ့ဖူးသည်။ လှပလွန်းသော ထိုဝမ်ဖေးဟာ ယဲ့မိသားစုမှ အခြားသော သခင်မလေးများနှင့် မတူကွာခြားသည်။ သူမ၏ အဆင့်အတန်းက အမြင့်မားဆုံး ဖြစ်သော်လည်း သူမက အစေခံများအပေါ် အလွန်ကြင်နာသည်။ ထိုအချိန်ကဆိုလျှင် မယ်တော်ကြီးက နန်းတော်ထဲတွင် နိမ့်ကျစွာ နေခဲ့ရသည့်တိုင်အောင် ယဲ့ကျန်းက မကြာခဏ လူလွှတ်ကာ မယ်တော်ကြီးထံ ပစ္စည်းများ ပေးပို့ခဲ့သေးသည်။ သူမဟာ အလွန်စဉ်းစားဆင်ခြင်တတ်ပြီး သိတတ်သော ချွေးမတစ်ယောက် ဖြစ်ခဲ့သည်။ ချွေးမတစ်ယောက် အဖြစ်သာ မကသေးလေဘဲ သူကိုယ်တိုင်ကပင် စရိုက်ကောင်းခြင်း ဖြစ်သည်။
168 02
ထို့ကြောင့် မယ်တော်ကြီးအနေနှင့် သူမကို မကြာခဏ ချီးကျူးလေ့ရှိကာ သေသွားသည်အထိ စိတ်မကောင်းကြီးစွာ ဖြစ်ခဲ့ရသေးသည်။ ဝမ်းနည်းခြင်း အထိန်းအမှတ်ကိုပင် ပြုလုပ်ခဲ့သေးသည်။ နန်းတော်က ထိုဝမ်ဖေးယဲ့ သေကတည်းက ကြင်နာတတ်လွန်းသော စိတ်ဝိညာဉ်တစ်ခုကို ဆုံးရှုံးသွားရသည်ဟုပင် တဖွဖွ ပြောတတ်သည်။
ဝမ်ဖေးယဲ့ကသာ ယဲ့မိသားစုမှာ မမွေးလာခဲ့ရင် နန်းတော်ထဲမှာ ပိုကောင်းတဲ့ဘဝကို ပိုင်ဆိုင်ရမှာပဲ။
ဒေါ်လေးချန်းက ထိုသို့ဝမ်းနည်းစွာ တွေးလိုက်သည်။
ဧကရာဇ်၏ ယဲ့မိသားစုအပေါ် အမျက်က အလွန်နက်ရှိုင်းသည်။ သူက ယဲ့ကျန်းကို တစ်ဘဝလုံး ဘယ်သောအခါမှ လက်ခံလိမ့်မည် မဟုတ်ချေ။
ဧကရာဇ် မဖြစ်လာခင် မင်းသားဘဝတွင် သူကစစ်တိုက်ရန် ထွက်ခွာသွားခဲ့သည်။ ထိုအချိန်က မယ်တော်ကြီးဟာ သူပြန်အလာကို အမြဲစောင့်ဆိုင်းနေခဲ့သည်။ ပြန်လာသည်နှင့် သားဖြစ်သူအား ယဲ့ကျန်းဟာ ထင်ထားသလို မသိတတ်သော မိန်းမတစ်ယောက်မဟုတ်ဘဲ အလွန်သိတတ်ကာ ကြင်နာတတ်သော လူတစ်ယောက်ဖြစ်ကြောင်း ပြောလိုခဲ့သည်။ သို့သော် ထိုအခွင့်အရေးက ဘယ်သောအခါမှ မရခဲ့ချေ။
ဒေါ်လေးချန်းဟာ ရင်ထဲတွင် နာကျင်ကာ သက်ပြင်းချလိုက်သည်။
အံ့သြစရာကောင်းတာက တတိယသခင်မလေးလုက ဝမ်ဖေးယဲ့နဲ့ တူရုံတင်မဟုတ်ဘဲ စိတ်နေသဘောထားကလည်း တူနေတာပဲ။ ဒါက လုဝူရွှမ်းထက်သာတယ်။
ဒေါ်လေးချန်းက ယဲ့ကျန်းကို သီးသန့် အဆောင်တစ်ခုထံသို့ ခေါ်သွားပြီး ကိုယ်တိုင်ကိုယ်ကျ မျက်နှာသစ်ရန် ရေများကို ခပ်ယူပေးသည်။ အဝတ်များအားလုံးကို တသီးတသန့် ပြင်ဆင်ပေးလေသည်။ ယဲ့ကျန်းက ရေဖြင့်ပါးကို အသာပုတ်လိုက်ပြီး မိတ်ကပ်ခပ်ပါးပါးလိမ်းသည်။
သို့ရာတွင် သူမ၏ အသားအရည်က ပုလဲလုံးလေးလို ဖြူဖွေးလေရာ လုဝူရွှမ်း၏ ရိုက်ချက်ဟာ အားအင်အပြည့်ပါသည်။ ထို့ကြောင့်သူမက မျက်နှာတွင် မည်မျှပင် ဖို့စေကာမူ ယောင်ကိုင်းမှုကို မဖုံးကွယ်နိုင်ချေ။
သို့ပါသော်လည်း ယဲ့ကျန်းကလည်း ထိုယောင်ကိုင်းမှုကို မဖုံးကွယ်ချင်ချေ။ ဒီအတိုင်း ဒေါ်လေးချန်းကိုသာ သူမက လက်ဝါးရာကို ဖုံးကွယ်ရန် မည်မျှကြိုးစားကြောင်း ပြသလိုချင်ခဲ့သည်။
သူမ၏ ရုန်းကန်မှုကို မြင်သောအခါ ဒေါ်လေးချန်းက အကြံပေးလိုက်သည်။
"သခင်မလေးလု မယ်တော်ကြီးက သခင်မလေးရဲ့အလာကို စောင့်နေပါတယ်"
ယဲ့ကျန်းကလည်း ဒီအကြီးအကဲ အစေခံကို ရှက်ရွံ့သလိုကြည့်လိုက်ကာ တုန့်ဆိုင်းစွာဖြင့် စုတ်တံကိုချပြီး ပြောသည်။
"ဒေါ်လေးချန်း ဒီသခင်မလေးက အခုရုပ်ဆိုးသွားပြီလား"
ဒေါ်လေးချန်းက ရယ်သည်။ ထိုအပြစ်ကင်းသည့် မှတ်ချက်က သူမ၏နှလုံးသားကို နူးညံ့သွားစေသည်။
"သခင်မလေးလုက သဘာဝအတိုင်း လှပြီးသားပါ။ ဘယ်လိုနည်းနဲ့မှ ရုပ်မဆိုးပါဘူး"
"တကယ်လား"
သူမက မျက်ခုံးကိုပင့်ပြီး သဘောတကျပြုံးသည်။ ယဲ့ကျန်း၏ မျက်နှာတွင်က ဝင်းလက်သွားသည်။
သူမ၏ ယောင်ကိုင်းသော ပါးပြင်ကို မြင်သောအခါ ဒေါ်လေးချန်းဟာလည်း သခင်မကြီးလုဟာ မယ်တော်ကြီး၏ရှေ့တွင် အသနားခံပြီး နှစ်သိမ့်မှုကို အဘွားထံမှ တောင်းခံမည်ဟု ထင်ခဲ့သည်။ သို့သော် ထိုအစား သူမက မျက်နှာကိုသာ ဆေးကြောပြီး လူတိုင်းမမြင်အောင် ဖုံးကွယ်လိုခဲ့သည်။ ဝမ်ဖေးက အရှက်ခွဲခြင်းကို အများသိစေလိုဟန်မရချေ။
လုယောင်ယောင်ဟာ သူမ၏ ကြင်နာတတ်သော ရင့်ကျက်သည့် စိတ်သဘောထားကြောင့် သူမကို အံ့သြစေခဲ့သည်။
"သခင်မလေးလု သွားရအောင်"
ဒေါ်လေးချန်းက အပြုံးနှင့်ပြောသည်။
ယဲ့ကျန်းက ပါးကိုအသာပုတ်လိုက်သည်။ မျက်နှာက ထင်သလောက် မနီတော့ချေ။
"ဒါဆိုလည်း သွားရအောင် ဒေါ်လေးချန်း"
Telegram မှာ အပိုင်း ၄၆၄အထိ ရောက်ပါပြီနော်။
168 01
အခန္း(၁၆၈)
ယဲ့က်န္းက ေဒၚေလးခ်န္းႏွင့္အတူ ထြက္ခြာသြားသည္။ သူမ၏ပါးျပင္ဟာ ပူေလာင္ႀကိမ္းစက္ေနေသးသည္။ သို႔ေသာ္ ေမွ်ာ္လင့္ထားသည့္အတိုင္း သူမတြင္ ေဒါသမရွိေခ်။ လုဝူ႐ႊမ္း၏ ပါး႐ိုက္လိုက္ျခင္းက အခ်ိဳ႕ေသာ ကိစၥမ်ားကို ေျဖရွင္းၿပီးသား ျဖစ္သြားေစသည္။
တစ္ခါတစ္ရံတြင္ အားနည္းၿပီး ခုခံအားမဲ့သလို ဟန္ေဆာင္ျခင္းဟာလည္း အက်ိဳးအျမတ္မ်ားသည္။ လုဝူ႐ႊမ္းဟာ အလြန္ေခါင္းမာၿပီး ေမာ့႐ုန္က်န္း၏ ေရွ႕တြင္ပင္ ေထာင္လႊားျပခဲ့ျခင္းက ဝမ္ေဖးအေပၚ ပို၍သံသယ ဝင္သြားေစေလာက္သည္။
သို႔ရာတြင္ ယဲ့က်န္းက ပါး႐ိုက္ခံခဲ့ျခင္းက ေမာ့႐ုန္က်န္းထံမွ စာနာမႈကို လိုခ်င္၍မဟုတ္ေခ်။
ယဲ့က်န္းက လုမိသားစုထံသို႔ သူမ၏ ေယာင္ကိုင္းေနေသာ ပါးျဖင့္သာ ျပန္သြားခ်င္သည္။ သခင္မႀကီးလုႏွင့္ လုလင္က်စ္က သူမက နန္းေတာ္ထဲတြင္ မွားယြင္းစြာ မတရားခံခဲ့ရေၾကာင္းကို သိသြားၾကေစလိုသည္။
သူမက ယခုေနာက္ပိုင္းတြင္ လုလင္က်စ္ႏွင့္ ခပ္ေအးေအး ဆက္ဆံႏိုင္ေနၿပီျဖစ္ၿပီး သူမ၏ ဝမ္းကြဲအျဖစ္ ဟန္ေဆာင္ႏိုင္ေနၿပီျဖစ္သည္။ ဒီေန႔အျဖစ္အပ်က္ မတိုင္ခင္ကအထိ ယဲ့က်န္းဟာ အမွန္တရားကို ရွင္းရွင္းလင္းလင္း မသိခဲ့ေသးေခ်။
သူမကသာ ကလဲ့စားေခ်လိုလွ်င္ လုလင္က်စ္ႏွင့္ လုမိသားစုထံ အခ်ိန္တစ္ခုၾကာ မွီခိုရေပမည္။
ေတာ္ဝင္တရား႐ုံးတြင္ရွိေသာ လုလင္က်စ္၏ အဆင့္အတန္းႏွင့္ လုမိသားစု ႐ုတ္တရက္ ျမင့္တက္လာေသာ အထက္တန္းလႊာဆိုသည့္ ဂုဏ္ျဒပ္အရဆိုလွ်င္ ယဲ့က်န္းက လုပ္ခ်င္သည့္ အခ်ိဳ႕ကိစၥမ်ားကို ေကာင္းေကာင္းမြန္မြန္ လုပ္ႏိုင္ေပလိမ့္မည္။
ငါ့ရဲ႕အရင္ ခႏၶာကိုယ္ထဲမွာ ရွိေနတဲ့ အခ်ိန္တုန္းက လုလင္က်စ္ကလည္း ငါ့ကိုဒီလိုပဲ လုပ္ခဲ့တာ မဟုတ္ဘူးလား။
သူက သူ႔ကိုယ္သူ ဖုံးကြယ္ၿပီး သူမထံမွ ယုံၾကည္မႈကို လိမ္ညာယူခဲ့သည္။ ေနာက္ဆုံးအခ်ိန္တြင္ သူမ၏ အဖိုးတန္ဆုံးေသာ ေက်ာက္စိမ္းတံဆိပ္ျပားကို ယူေဆာင္သြားခဲ့ၿပီး သူမကို သတ္ခဲ့သည္။
ထိုနည္းလမ္းမွတဆင့္ သင္ယူလိုက္ရသည္မွာ ယဲ့က်န္းဟာလည္း သူမ၏ ဝမ္းကြဲတစ္ေယာက္ဆိုေသာ လုလင္က်စ္၏ ခ်စ္ျမတ္ႏိုးမႈကို ရယူသင့္သည္။ ေနာက္ဆုံးတခဏတြင္မွ သူ႔အတိုင္း ျပန္လည္ ထိုးသတ္ရေပမည္။
လုလင္က်စ္၏ ယုံၾကည္မႈႏွင့္ မ်က္ႏွာသာေပးမႈကို ရရွိရန္အတြက္မူကား သူမ၏ မ်က္ႏွာေပၚတြင္ရွိသည့္ လုဝူ႐ႊမ္း၏ ႐ိုက္ခ်က္မွ စတင္ရေပမည္။
လုဝူ႐ႊမ္းက လက္ရွိအဆင့္အတန္းကို ရခဲ့ျခင္းဟာလည္း လုလင္က်စ္၏ ခ်စ္ျခင္းတရားမ်ားေၾကာင့္ ျဖစ္သည္။ သူက ယဲ့က်န္းထံမွ အရာအားလုံးကိုယူၿပီး လုဝူ႐ႊမ္းအား ေပးခဲ့သည္။ ယခုအခါ ယဲ့က်န္းအလွည့္ ျဖစ္သည္။ သူမကလည္း လုဝူ႐ႊမ္း ပိုင္ဆိုင္ထားေသာ အဖိုးတန္ အရာမ်ားကို တစ္ခုၿပီးတစ္ခု ေျဖးညႇင္းစြာ အရယူရေပမည္။
"ေဒၚေလးခ်န္း ဒီသခင္မေလးကို မ်က္ႏွာေဆးေၾကာဖို႔ ေခၚသြားေပးလို႔ရမလား။ မယ္ေတာ္ႀကီးကို ဒီအတိုင္း ေတြ႕ရမွာကေတာ့ ရွက္စရာေကာင္းလြန္းပါတယ္"
ယဲ့က်န္းက ဒီေန႔ နန္းေတာ္ထဲကို ဝင္လာမိျခင္းကို ေက်းဇူးတင္မိသြားသည္။ မဟုတ္လွ်င္ သူမ၏ အသိစိတ္က ထိုမွ်အထိ ရွင္းရွင္းလင္းလင္း နားလည္သြားလိမ့္မည္ မဟုတ္ေခ်။
သူမက ျပန္လည္ေမြးဖြားလာၿပီးေနာက္ သူမလုပ္ကိုလုပ္ရမည့္ အေၾကာင္းအရာမ်ားကို ေသခ်ာနားမလည္ခဲ့ဘဲ လုဝူ႐ႊမ္း၊ လုလင္က်စ္တို႔ကို ရင္မဆိုင္လိုခဲ့ေခ်။ သူမက တြန႔္ဆုတ္ခဲ့သည္။ သို႔ေသာ္ ယခုမူ အားလုံးကို သူမက ရွင္းလင္းစြာ နားလည္သြားေလၿပီ။
ေဒၚေလးခ်န္းက ယဲ့က်န္းကို စိုးရိမ္တႀကီးၾကည့္သည္။ သူမ၏ မ်က္ႏွာရွိ လက္ဝါးရာႀကီးကိုလည္း သတိထားမိသည့္အခါ တုန႔္ဆိုင္းမေနဘဲ ေခါင္းညိမ့္လိုက္သည္။
"မိန္းကေလးလု ဒီအေစခံရဲ႕ေနာက္ကို လိုက္ခဲ့ပါ"
ထိုအေစခံဟာလည္း ယခင္က ဝမ္ေဖးယဲ့ကို ႀကိမ္ဖန္မ်ားစြာ ျမင္ခဲ့ဖူးသည္။ လွပလြန္းေသာ ထိုဝမ္ေဖးဟာ ယဲ့မိသားစုမွ အျခားေသာ သခင္မေလးမ်ားႏွင့္ မတူကြာျခားသည္။ သူမ၏ အဆင့္အတန္းက အျမင့္မားဆုံး ျဖစ္ေသာ္လည္း သူမက အေစခံမ်ားအေပၚ အလြန္ၾကင္နာသည္။ ထိုအခ်ိန္ကဆိုလွ်င္ မယ္ေတာ္ႀကီးက နန္းေတာ္ထဲတြင္ နိမ့္က်စြာ ေနခဲ့ရသည့္တိုင္ေအာင္ ယဲ့က်န္းက မၾကာခဏ လူလႊတ္ကာ မယ္ေတာ္ႀကီးထံ ပစၥည္းမ်ား ေပးပို႔ခဲ့ေသးသည္။ သူမဟာ အလြန္စဥ္းစားဆင္ျခင္တတ္ၿပီး သိတတ္ေသာ ေခြၽးမတစ္ေယာက္ ျဖစ္ခဲ့သည္။ ေခြၽးမတစ္ေယာက္ အျဖစ္သာ မကေသးေလဘဲ သူကိုယ္တိုင္ကပင္ စ႐ိုက္ေကာင္းျခင္း ျဖစ္သည္။
168 02
ထို႔ေၾကာင့္ မယ္ေတာ္ႀကီးအေနႏွင့္ သူမကို မၾကာခဏ ခ်ီးက်ဴးေလ့ရွိကာ ေသသြားသည္အထိ စိတ္မေကာင္းႀကီးစြာ ျဖစ္ခဲ့ရေသးသည္။ ဝမ္းနည္းျခင္း အထိန္းအမွတ္ကိုပင္ ျပဳလုပ္ခဲ့ေသးသည္။ နန္းေတာ္က ထိုဝမ္ေဖးယဲ့ ေသကတည္းက ၾကင္နာတတ္လြန္းေသာ စိတ္ဝိညာဥ္တစ္ခုကို ဆုံးရႈံးသြားရသည္ဟုပင္ တဖြဖြ ေျပာတတ္သည္။
ဝမ္ေဖးယဲ့ကသာ ယဲ့မိသားစုမွာ မေမြးလာခဲ့ရင္ နန္းေတာ္ထဲမွာ ပိုေကာင္းတဲ့ဘဝကို ပိုင္ဆိုင္ရမွာပဲ။
ေဒၚေလးခ်န္းက ထိုသို႔ဝမ္းနည္းစြာ ေတြးလိုက္သည္။
ဧကရာဇ္၏ ယဲ့မိသားစုအေပၚ အမ်က္က အလြန္နက္ရႈိင္းသည္။ သူက ယဲ့က်န္းကို တစ္ဘဝလုံး ဘယ္ေသာအခါမွ လက္ခံလိမ့္မည္ မဟုတ္ေခ်။
ဧကရာဇ္ မျဖစ္လာခင္ မင္းသားဘဝတြင္ သူကစစ္တိုက္ရန္ ထြက္ခြာသြားခဲ့သည္။ ထိုအခ်ိန္က မယ္ေတာ္ႀကီးဟာ သူျပန္အလာကို အၿမဲေစာင့္ဆိုင္းေနခဲ့သည္။ ျပန္လာသည္ႏွင့္ သားျဖစ္သူအား ယဲ့က်န္းဟာ ထင္ထားသလို မသိတတ္ေသာ မိန္းမတစ္ေယာက္မဟုတ္ဘဲ အလြန္သိတတ္ကာ ၾကင္နာတတ္ေသာ လူတစ္ေယာက္ျဖစ္ေၾကာင္း ေျပာလိုခဲ့သည္။ သို႔ေသာ္ ထိုအခြင့္အေရးက ဘယ္ေသာအခါမွ မရခဲ့ေခ်။
ေဒၚေလးခ်န္းဟာ ရင္ထဲတြင္ နာက်င္ကာ သက္ျပင္းခ်လိုက္သည္။
အံ့ၾသစရာေကာင္းတာက တတိယသခင္မေလးလုက ဝမ္ေဖးယဲ့နဲ႔ တူ႐ုံတင္မဟုတ္ဘဲ စိတ္ေနသေဘာထားကလည္း တူေနတာပဲ။ ဒါက လုဝူ႐ႊမ္းထက္သာတယ္။
ေဒၚေလးခ်န္းက ယဲ့က်န္းကို သီးသန႔္ အေဆာင္တစ္ခုထံသို႔ ေခၚသြားၿပီး ကိုယ္တိုင္ကိုယ္က် မ်က္ႏွာသစ္ရန္ ေရမ်ားကို ခပ္ယူေပးသည္။ အဝတ္မ်ားအားလုံးကို တသီးတသန႔္ ျပင္ဆင္ေပးေလသည္။ ယဲ့က်န္းက ေရျဖင့္ပါးကို အသာပုတ္လိုက္ၿပီး မိတ္ကပ္ခပ္ပါးပါးလိမ္းသည္။
သို႔ရာတြင္ သူမ၏ အသားအရည္က ပုလဲလုံးေလးလို ျဖဴေဖြးေလရာ လုဝူ႐ႊမ္း၏ ႐ိုက္ခ်က္ဟာ အားအင္အျပည့္ပါသည္။ ထို႔ေၾကာင့္သူမက မ်က္ႏွာတြင္ မည္မွ်ပင္ ဖို႔ေစကာမူ ေယာင္ကိုင္းမႈကို မဖုံးကြယ္ႏိုင္ေခ်။
သို႔ပါေသာ္လည္း ယဲ့က်န္းကလည္း ထိုေယာင္ကိုင္းမႈကို မဖုံးကြယ္ခ်င္ေခ်။ ဒီအတိုင္း ေဒၚေလးခ်န္းကိုသာ သူမက လက္ဝါးရာကို ဖုံးကြယ္ရန္ မည္မွ်ႀကိဳးစားေၾကာင္း ျပသလိုခ်င္ခဲ့သည္။
သူမ၏ ႐ုန္းကန္မႈကို ျမင္ေသာအခါ ေဒၚေလးခ်န္းက အႀကံေပးလိုက္သည္။
"သခင္မေလးလု မယ္ေတာ္ႀကီးက သခင္မေလးရဲ႕အလာကို ေစာင့္ေနပါတယ္"
ယဲ့က်န္းကလည္း ဒီအႀကီးအကဲ အေစခံကို ရွက္႐ြံ႕သလိုၾကည့္လိုက္ကာ တုန႔္ဆိုင္းစြာျဖင့္ စုတ္တံကိုခ်ၿပီး ေျပာသည္။
"ေဒၚေလးခ်န္း ဒီသခင္မေလးက အခု႐ုပ္ဆိုးသြားၿပီလား"
ေဒၚေလးခ်န္းက ရယ္သည္။ ထိုအျပစ္ကင္းသည့္ မွတ္ခ်က္က သူမ၏ႏွလုံးသားကို ႏူးညံ့သြားေစသည္။
"သခင္မေလးလုက သဘာဝအတိုင္း လွၿပီးသားပါ။ ဘယ္လိုနည္းနဲ႔မွ ႐ုပ္မဆိုးပါဘူး"
"တကယ္လား"
သူမက မ်က္ခုံးကိုပင့္ၿပီး သေဘာတက်ၿပဳံးသည္။ ယဲ့က်န္း၏ မ်က္ႏွာတြင္က ဝင္းလက္သြားသည္။
သူမ၏ ေယာင္ကိုင္းေသာ ပါးျပင္ကို ျမင္ေသာအခါ ေဒၚေလးခ်န္းဟာလည္း သခင္မႀကီးလုဟာ မယ္ေတာ္ႀကီး၏ေရွ႕တြင္ အသနားခံၿပီး ႏွစ္သိမ့္မႈကို အဘြားထံမွ ေတာင္းခံမည္ဟု ထင္ခဲ့သည္။ သို႔ေသာ္ ထိုအစား သူမက မ်က္ႏွာကိုသာ ေဆးေၾကာၿပီး လူတိုင္းမျမင္ေအာင္ ဖုံးကြယ္လိုခဲ့သည္။ ဝမ္ေဖးက အရွက္ခြဲျခင္းကို အမ်ားသိေစလိုဟန္မရေခ်။
လုေယာင္ေယာင္ဟာ သူမ၏ ၾကင္နာတတ္ေသာ ရင့္က်က္သည့္ စိတ္သေဘာထားေၾကာင့္ သူမကို အံ့ၾသေစခဲ့သည္။
"သခင္မေလးလု သြားရေအာင္"
ေဒၚေလးခ်န္းက အၿပဳံးႏွင့္ေျပာသည္။
ယဲ့က်န္းက ပါးကိုအသာပုတ္လိုက္သည္။ မ်က္ႏွာက ထင္သေလာက္ မနီေတာ့ေခ်။
"ဒါဆိုလည္း သြားရေအာင္ ေဒၚေလးခ်န္း"
Telegram မွာ အပိုင္း ၄၆၄အထိ ေရာက္ပါၿပီေနာ္။