ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွ...

By phyolay1991

65.8K 10.1K 122

reader လေးတို့ရေ Novel အသစ်လေးတစ်ပုဒ်လာပါပြီရှင့်🥰🥰 Title - I'm not human Description အလုပ်ကို Deadlineအမှ... More

ငါကလူသားတစ်ယောက်မဟုတ်ဘူး
ငါကလူသားတစ်ယောက်မဟုတ်ဘူး
ငါကလူသားတစ်ယောက်မဟုတ်ဘူး
ငါကလူသားတစ်ယောက်မဟုတ်ဘူး
ငါကလူသားတစ်ယောက်မဟုတ်ဘူး
ငါကလူသားတစ်ယောက်မဟုတ်ဘူး
ငါကလူသားတစ်ယောက်မဟုတ်ဘူး
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
chapter 80
chapter 81
chapter 82
chapter 83
chapter 84
chapter 85
chapter 86
chapter 87
chapter 88
chapter 89
chapter 90
chapter 91
chapter 92
chapter 93
chapter 94
chapter 95
chapter 96
chapter 97
chapter 98
chapter 99
chapter 100
chapter 101
chapter 102
chapter 103

ငါကလူသားတစ်ယောက်မဟုတ်ဘူး

1.3K 223 6
By phyolay1991

Chapter 4

အမှန်တိုင်းပြောရလျှင် ထိုသစ်သီး၏ အရွယ်အစားက ဧရာမတက်ခ်ဇက်တစ်ကောင် နှစ်ကိုက် ကိုက်လိုက်ရုံဖြင့်  ကုန်သွားနိုင်ပေသည်။

သို့ရာတွင် အသီးကိုယူထားသော တက်ခ်ဇက်က သစ်သီးကို သွားချွန်ချွန်များဖြင့်ပြည့်နေသော ပါးစပ်ထဲ မထည့်လိုက်ပေ။ တက်ခ်က သစ်သီးကို အချိန်အတန်ကြာသည်အထိ စိုက်ကြည့်နေပြီးနောက် လှိုဏ်ဂူ‌တစ်နေရာထဲသွားဖွက်ကာ တန်ဖိုးထားကြောင်း ပြသလိုက်သည်။

' ကုဟွိုက်ပေးထားတာမို့ မစားပဲသိမ်းထားမယ်...'

ကုဟွိုက်က ထိုခံစားချက်က နားမလည်သော်လည်း အသီးကိုမရသေးသော တက်ခ်ဇက်များက သူ့ကိုစိုက်ကြည့်နေသည်ကို သိလိုက်ရသည်။

သူ့စိတ်ထဲ အလွန်နွေးထွေးသွားရပြီး သူ့အပေါ်ကောင်းပေးသည့် တက်ခ်ဇက်များက ပျော်ရွှင်နေစေရန် မျှော်လင့်နေမိသည်။

ကုဟွိုက်က သူ မူလကတွေးထားသည့်အတိုင်း ဇက်တစ်ယောက်ကို သစ်သီးတစ်လုံးပေးလိုက်သည်။

လက်ဆောင်ရရှိသော တက်ခ်ဇက်များက ၎င်းကို ဂရုတစိုက်ဖြင့် သွားဖွက်ထားကြသည်။ ၎င်းက သစ်သီးတစ်လုံးသာ ဖြစ်သော်လည်း လူငယ်လေးက ပေးထားခြင်းဖြစ်၍ အနည်းငယ်ကွာခြားနေပေသည်။

သူတို့ရှေ့မှ ဆံပင်အနက်ရောင်လူငယ်လေးကိုကြည့်လေ လှိုဏ်ဂူထဲမှ တက်ခ်ဇက်များက 'ကာကွယ်မှု'ဟူသောအရာကို နားလည်သဘောပေါက်လာလေဖြစ်သည်။

အနက်ရောင်စကြဝဠာဖြင့် ဝန်းရံနေသော ဤကမ္ဘာက ဤကလေးငယ်လေးအတွက် ရက်စက်ကြမ်းတမ်းလွန်းလှသည်။

သူတို့ရှေ့မှ လူငယ်လေးက တိုက်ခိုက်ရန် အားနည်းလွန်းလှသော်လည်း ပြဿနာမရှိပေ။

ဘုရင်က အကာကွယ်ခံရသင့်သည်သာ။

နေထိုင်ရသည့် အနေအထားက အလွန်မကောင်းလှသော်လည်း ကုဟွိုက်က ဤတက်ခ်ဇက်များနှင့် အတူတကွနေထိုင်ရခြင်းကို အကောင်းမြင်နေမိသည်။

ဤဝေးလံခေါင်သီပြီး စွန့်ပစ်ခံထားရသောဂြိုလ်ပေါ်တွင် မွေးဖွားလာခဲ့သောကုဟွိုက်က တက်ခ်ဇက်အုပ်စုနှင့် အတူတကွနေထိုင်ခဲ့သည်။ တက်ခ်ဇက်များက ဤဂြိုလ်အပြင်ဘက် ကြယ်တာရာနယ်မြေများတွင် ပြုလုပ်ခဲ့သော လေပြင်းများကိုမူ သူအိပ်မောကျသွားချိန်က ဝိညာဉ်ချိတ်ဆက်မှု ခဏတာ‌ပြတ်တောက်သွားသောကြောင့် မသိလိုက်ပေ။

ကုဟွိုက်အိပ်ပျော်နေစဉ်အချိန်တွင် ဇက်တို့ ကသောင်းကနင်းပြုလုပ်သည့်အကြောင်းများကို ပြောရမည်ဆိုပါက ဤကိစ္စမှာ လွန်ခဲ့သောနာရီပိုင်းက စတင်ခဲ့ဖြစ်သည်။

ဝိညာဉ်ချိတ်ဆက်မှုက ဇက်ဘုရင်ဖြစ်သော ကုဟွိုက်၏ မွေးရာပါစွမ်းရည်ဖြစ်သည်။ ဤစွမ်းရည်က ဝိညာဉ်ချိတ်ဆက်မှုများကို တည်ဆောက်နိုင်ပြီး ကုဟွိုက်၏ သူ့စိတ်ဖြင့် မည်သည့်ဇက်ကိုမဆို စကားသံပို့လွှတ်နိုင်သည်။

၎င်းက တစ်ဦးတစ်ယောက်တည်း၊ အုပ်စုတစ်စု သို့မဟုတ် မျိုးနွယ်စုအားလုံးကိုအထိ ဖြန့်ကျက်ရောက်နိုင်ရှိနိုင်ပြီး နေရာအကန့်အသတ်လည်း မရှိပေ။

ကုဟွိုက်အလိုရှိနေသရွေ့ မည်မျှဝေးကွာနေသည်ဖြစ်စေ ဇက်များက သူ၏ဝိညာဉ်ချိတ်ဆက်မှုကို ရရှိနိုင်ပေသည်။

ကုဟွိုက်၏ဂြိုလ်က အလွန်ဝေးလံခေါင်ဖျားပြီး စွန့်ပစ်ခံထားရသည့် ဂြိုလ်တစ်လုံးဖြစ်သည်။ သူနှင့် လှိုဏ်ဂူထဲရှိဇက်များမှလွဲ၍ အသိဉာဏ်ရှိသောသတ္တဝါများ မရှိပေ။ ထိုတက်ခ်ဇက်များကသာ သူ‌မွေးဖွားပြီးဥခွံထဲမှထွက်လာသည်ကို သိရှိကြသူများဖြစ်သည်။

လွန်ခဲ့သည့် နေ့တစ်ဝက်ခန့်က ကုဟွိုက်ချော်လဲသွားချိန်တွင် သူက နာကျင်မှု၏လှုံ့ဆော်ခြင်းကြောင့် ဝိညာဉ်ချိတ်ဆက်မှုကို အလိုလိုတည်ဆောက်လိုက်မိသည်။

ထိုဝိညာဉ်ချိတ်ဆက်မှုက အုပ်စုအပေါ် သက်ရောက်သည့် အမျိုးအစားဖြစ်သည်။

အကယ်၍ group chatတစ်ခုနှင့် နှိုင်းစာ၍ပြောရမည်ဆိုပါက ကုဟွိုက်၏ ဝိညာဉ်ချိတ်ဆက်မှုက @everyone ဟူ၍ gpထဲမှ အဖွဲ့ဝင်အားလုံးကို mentionလိုက်သည်နှင့် တူပေသည်။

အကျိုးဆက်များကို ကြိုတင်မှန်းဆထားပြီးဖြစ်သည်။

စကြဝဠာတစ်ခုလုံးတွင် ဇက်အင်အားစုများနှင့် တိုက်ပွဲဖြစ်နေကြသော မျိုးနွယ်များကလည်း တူညီသောခံစားချက်တစ်မျိုးတည်းကိုသာ ခံစားနေရသည်။

" ဖာ့ခ်... ဇက်တွေက သူတို့ကို ပေါက်ကွဲထွက်မတတ်ဖြစ်စေတဲ့ဆေးတွေ စားထားလို့များလား..."

ဇက်စစ်တပ်ထဲမှ အဆင့်နိမ့်ဇက်များက ရုတ်ချည်းဒေါသထွက်လာပြီး သူတို့၏တိုက်ခိုက်ရေးအင်အားက အလွန်မြင့်တက်လာသဖြင့် သူတို့နှင့်ရင်ဆိုင်နေရသော အခြားမျိုးနွယ်စုမှ စစ်သည်များက သတိလက်လွတ်ဖြစ်ကုန်သည်။

ထို အဆင့်နိမ့်ဇက်များက သူတို့ကို ခွင့်မလွှတ်နိုင်ဖွယ်ကိစ္စတစ်ခု ပြုလုပ်ထားသည့်လူများသဖွယ် စိုက်ကြည့်နေကြသည်။

ထို့အပြင် ဇက်စစ်တပ်ကြီးက သူတို့ဒေါသကို ဖြေလျှော့သကဲ့သို့ တစ်မိနစ်အတွင်း ရန်သူအားလုံးကို တိုက်ခိုက်ကာ တပ်ပြန်ဆုတ်သွားကြသည်။ တပ်ဆုတ်သွားသည်မှာ အလွန်လျင်မြန်လှသောကြောင့် မည်သူမှ လိုက်မမီပေ။

ထိုသို့ဖြစ်သွားခြင်းကြောင့် ရင်းမြစ်ကြယ်အသစ်များ သိမ်းပိုက်မှုကို လက်လျှော့စွန့်ပယ်ရန် အသင့်ဖြစ်နေသော များပြားလှသည့် မျိုးနွယ်စုများက စိတ်ရှုပ်ထွေးကုန်ကြသည်။

ကြယ်တာ‌ရာလောကတွင် စာရင်းမသွင်းထားသော ရင်းမြစ်ကြယ်များက ပိုင်ရှင်မဲ့ပိုင်နက်နယ်မြေများဖြစ်သည်။ ပထမဆုံးရှာတွေ့သောမျိုးနွယ်စုက ဤဂြိုလ်ကိုသိမ်းပိုက်ပြီး ဤရင်းမြစ်ကြယ်၏ ပိုင်ရှင်ဖြစ်သွားနိုင်ပေသည်။

အကယ်၍ များပြားလှသော မျိုးနွယ်စုများက တစ်ချိန်တည်းတွင် ရှာတွေ့သွားလျှင်လည်း ရိုးရှင်းပေသည်။ သူတို့က ဝေခြမ်းနေထိုင်ရန်ဆွေးနွေးခြင်း သို့မဟုတ် တိုက်ခိုက်ခြင်းတို့ ပြုလုပ်နိုင်သည်။ ပထမဆုံးတပ်ဆုတ်သွားသူက ဂြိုလ်ကိုပိုင်ဆိုင်မှုကို အလိုလိုလက်လျှော့သွားသည်ဟု သတ်မှတ်နိုင်ပေသည်။

ယခုလက်ရှိ‌တွင်မူ ဇက်အင်အားစုများက အားလုံးကို ကောင်းမွန်စွာ အနိုင်ယူထားနိုင်ပေသည်။ သူတို့ကို စစ်အင်အားဖြင့် ဖိနှိပ်ထားသောဇက်များက ရုတ်ချည်းပြန်ဆုတ်သွားပြီး သူတို့ကို ရင်းမြစ်ကြယ်ကို ပေးပစ်ခဲ့သည်။

ဒီကြယ်တာရာခေတ်ကြီးထဲမှာ အဲ့လောက်ကောင်းတဲ့‌ကိစ္စ ရှိဦးမယ်တဲ့လား...

ဇက်မျိုးနွယ်စု၏ ရုတ်ချည်းလုပ်ရပ်က အခြားသော အင်အားစုများကို ထိတ်လန့်သွားစေခဲ့ရုံသာမက ဇက်များ၏ အထိန်းအကွပ်မဲ့တိုက်ခိုက်မှုကြောင့်လည်း သူတို့စိတ်ထဲတွင် အကြောက်တရားတို့ ဖြစ်တည်လာရသည်။ ဤအခြေအနေက မူမမှန်သော်လည်း ယခုအချိန်တွင် ဇက်များကို သွားမထိလိုကြတော့ပေ။

ကုဟွိုက်၏ စိတ်ဝိညာဉ်ချိတ်ဆက်မှုက အလွန်တိုတောင်းလှသော်လည်း ဇက်မျိုးနွယ်စုတစ်ခုလုံးကို သူ၏ တည်ရှိမှုအား ကြေညာလိုက်သကဲ့သို့ ဖြစ်သွားသည်။

သာမန်အသိဉာဏ်ရှိသော အဆင့်မြင့်ဇက်များအတွက်မူ စဉ်းစားတွေးခေါ်နိုင်စွမ်း ရှိသေးသော်လည်း အသိဉာဏ်မရှိသော အဆင့်နိမ့်ဇက်များကမူ ပို၍တိုက်ရိုက်ဆန်စွာ တုံ့ပြန်ကြသည်။ သူတို့က  ထိုနေရာကို အလိုလိုရှာဖွေကြတော့သည်။

ဘယ်နေရာလဲ...

စကြဝဠာက အလွန်ကျယ်ဝန်းလှ၍ တိုတောင်းလှသော ဝိညာဉ်ချိတ်ဆက်မှုက ဇက်များကို သူတို့ဘုရင်၏ တည်နေရာကို သိရှိခွင့်မပြုလိုက်ပေ။

သို့ရာတွင် သူတို့၏ဘုရင်က ခေါ်နေခြင်းဖြစ်၍ သူတို့အားလုံး သု့ကိုရှာဖွေရမည်ဖြစ်သည်။

ဝေးလံခေါင်ဖျားသောဂြိုလ်လေးပေါ်တွင် ရှိနေသည့် ကုဟွိုက်က သူ့ကြောင့် ဖြစ်ပျက်သွားစေခဲ့သည့်အရာများကို မသိလိုက်ပေ။ သူ ကူးပြောင်းလာပြီးသည့်နောက်တွင် ဤဂြိုလ်ပေါ်၌ နှစ်ရက်တာအချိန်ကို ကုန်ဆုံးခဲ့သည်။

ဤဂြိုလ်က ရင်းမြစ်နည်းပါးပြီး ပတ်ဝန်းကျင်အနေအထားကလည်း အလွန်ဆိုးရွားပေသည်။ ကုဟွိုက်က ဤနေရာတွင် နှစ်ရက်သာ နေရသေးသော်လည်း ထိုအကြောင်းများကို သိရှိနေပြီးဖြစ်သည်။

ဤဂြိုလ်ပေါ်တွင် သူနှင့် တက်ခ်များမှလွဲ၍ အသိဉာဏ်ရှိသည့် အခြားသတ္တဝါများ မရှိပေ။

ဤဂြိုလ်၏ ကြမ်းတမ်းလှသောပတ်ဝန်းကျင်တွင် နေထိုင်နိုင်ကြသော မူလမျိုးစိတ်များမှာ ကြမ်းတမ်းပြီးအရိုင်းဆန်ကြသော်လည်း ၎င်းတို့က တက်ခ်များအရှေ့ရောက်သည်နှင့် ဘာမှမဟုတ်တော့ပေ။

သူတို့၏ဘုရင်က လှိုဏ်ဂူထဲတွင်ရှိနေပြီး ကြီးမားအန္တရာယ်များသောတက်ခ်များက လှိုဏ်ဂူအဝတွင် စောင့်ကြပ်နေသည်။ သူတို့က ကာကွယ်ပေးလိုစိတ်မြင့်မားပြီး လှိုဏ်ဂုနားကပ်လာသူတိုင်းကို တိုက်ခိုက်မည်ဖြစ်သည်။

သူတို့က တိုင်ပင်ဆွေးနွေးနေကြမည့်လူမျိုးများလည်း မဟုတ်ပေ။ အသိုက်နားကို ချဉ်းကပ်လာသည်နှင့် ထိုတက်ခ်များ၏အမြင်တွင် ခြိမ်းခြောက်မှုတစ်ခုအဖြစ် သတ်မှတ်လိုက်မည်ဖြစ်သည်။

သူတို့၏ဘုရင် မထိခိုက်ရေးအတွက် ထိုခြိမ်းခြောက်မှုများကို ကိုင်တွယ်ထားရမည်ဖြစ်သည်။

တက်ခ်များ၏ ကာကွယ်ပေးလိုစိတ်က မိဘများနှင့်တူသည်ကို ကုဟွိုက်ဤနှစ်ရက်အတောအတွင်း သတိပြုမိခဲ့သည်။ ထိုမိဘများက သူ့ကို အလွန် ကာကွယ်ပေးနေကြသည်ကို ဤမနက်တွင်ဖြစ်ခဲ့သော ကိစ္စတစ်ခုမတိုင်မီအထိ ကုဟွိုက် မသိခဲ့ပေ။

လှိုဏ်ဂူဝအထိ ပျံသန်းလာသော အဝါရောင်လိပ်ပြာတစ်ကောင်သည်ပင် သေလုမျောပါး အခြေအနေဖြစ်သွားရသည်။

ကုဟွိုက်က နှုတ်ခမ်းများမဲ့လျက် ဤအခြေအနေမျိုး ဖြစ်လာမည်ကို တားမြစ်လိုက်သည်။

ဤလောကကြီးက အမှန်ပင် အံ့မခမ်းဖွယ်ဖြစ်သည်။ ကျက်တီးမြေကဲ့သို့ဖြစ်နေ၍ သာမန်သားရဲများပင် မရှင်သန်နိုင်သော ဤဂြိုလ်ပေါ်တွင် နူးညံ့သည့် သတ္တဝါမျိုးဖြစ်သည့်လိပ်ပြာတစ်ကောင်က ကျားခုတ်ကျားခဲ ရှင်သန်နေနိုင်ခဲ့သည်။

သေလုမျောပါးဖြစ်သွားမည်ကိုမသိသော လိပ်ပြာက အတောင်တဖျတ်ဖျတ်ခတ်လျက် ကုဟွိုက်၏လက်ဖျံပေါ် လာနားသည်။

၎င်းက လိပ်ပြာအစစ်တစ်ကောင်သာဖြစ်သည်။ ၎င်းက ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေဖြစ်အောင် နေရသော်လည်း သတ်ဖြတ်လိုစိတ်ရှိသည်အထိ အန္တရာယ်မများပေ။

လိပ်ပြာက ကုဟွိုက်လက်ပေါ်သို့ လာနားချိန်တွင် သူ့ဘေးပတ်ပတ်လည်မှ တက်ခ်ဇက်များက သူတို့၏ ဒေါင်လိုက်ပုံစံမျက်လုံးသူငယ်အိမ်ကို ချက်ချင်းစုကျုံ့လိုက်သည်။

တက်ခ်ဇက်များက ကုဟွိုက်ကိုနာခံပြီး မတိုက်ခိုက်ကြသော်လည်း လည်ချောင်းထဲမှ အသံအက်အက်များထွက်လာကာ သူတို့၏ ကတ္တီပါနီရောင်ဒေါင်လိုက်မျက်ဆံများက လိပ်ပြာကို စူးစူးရဲရဲစိုက်ကြည့်နေသည်။

" သူက ကျွန်တော့်ကို ဒုက္ခမပေးပါဘူး..."

ကုဟွိုက်က အသံတိုးလိုက်ပြီး စိတ်ရှည်လက်ရှည်ဖြင့် ရှင်းပြနေသည်။

တက်ခ်ဇက်က မလှုပ်ရှားတော့သည့်အခါမှ ကုဟွိုက်က လိပ်ပြာလေးကိုတစ်ချက်ကြည့်ကာ ခြေဖျားထောက်လိုက်ပြီးနောက် သူ့ရှေ့မှတက်ခ်ဇက်ကြီး၏ လက်ဖျံပေါ် တင်ပေးလိုက်သည်။

အဝါရောင်လိပ်ပြာလေးက ထိုနေရာတွင် နာခံစွာဖြင့် လာနားသည်။ ၎င်းက အလွန်အားနည်းလှ၍ ဘေးပတ်ဝန်းကျင်မှ အန္တရာယ်ကိုပင် အာရုံမခံနိုင်ပေ။

လှပသောအရာများကို ပိုမိုတန်ဆာဆင်ရန် လိုအပ်ပေသည်။ တက်ခ်၏လက်ဖျံပေါ်မှ လိပ်ပြာလေးက ဤမြင်ကွင်းကို အသက်ဝင်ပြီး စည်းချက်ကျနအောင် ပြုလုပ်ပေးနေသည်ဟု ကုဟွိုက်တွေးလိုက်မိသည်။

" ကြည့်ပါဦး မလှဘူးလား..."
ကုဟွိုက်က အပြုံးလေးဖြင့် ပြောလိုက်သည်။

ထိုစကားကြောင့် သူ့ရှေ့မှ တက်ခ်ဇက်က ခေါင်းအသာညိတ်ပြလိုက်သည်။ ကတ္တီပါနီရောင်မျက်လုံးများက လိပ်ပြာကို ခဏတာစိုက်ကြည့်နေပြီးသည့်နောက်တွင်မှ ကုဟွိုက်ကို ပြန်ကြည့်လိုက်ပြီးနောက် သူ့လည်ချောင်းထဲမှ အသံတိုးတိုးထွက်လာသည်။

လှတယ်...

ထိုစကားများက တက်ခ်တို့၏ နားလည်နိုင်သောစက်ဝန်းထဲမှ ကျော်လွန်နေသော်လည်း လူငယ်လေးက ထိုစကားပြောချိန်တွင် မျက်လုံးများကွေးညွှတ်သည်အထိ ပြုံးသွား၍ ထိုစကားလုံးက ကောင်းမွန်သောအရာများကိုသာ ရည်ညွှန်းမည်ဟု ခံစားလိုက်မိသည်။

မည်သို့ပင်ဖြစ်စေ ဤတက်ခ်ဇက်အားလုံးအတွက်မူ လောကကြီးတွင် အကောင်းဆုံးအရာက သူတို့ရှေ့မှ ဆံပင်အနက်ရောင်လူငယ်လေးဖြစ်သည်။

လှိုဏ်ဂူအပြင်ဘက်မှ ဤစွန့်ပစ်ဂြိုလ်ပေါ်တွင် အပန်းဖြေစရာတစ်ခုမှ မရှိပဲ ကျက်တီးမြေကြီးသာဖြစ်သည်ကို တွေ့နိုင်ပေသည်။

ဖုန်များလွင့်နေပြီး သဘာဝပေါက်ပင်များကလည်း ကျိုးတို့ကျဲတဲဖြစ်ကာ ရေတစ်စက်မှ မမြင်ရပေ။

သို့သော် အရှေ့ဘက်ကိုသွားမည်ဆိုပါက တောအုပ်ငယ်လေးတစ်ခုကို မြင်တွေ့နိုင်သည်။ ကုဟွိုက်အစောပိုင်းကစားခဲ့သောအသီးကို တက်ခ်များက ဤတောအုပ်ထဲမှ ကောက်ခဲ့ခြင်းဖြစ်သည်။

အစားအစာများစွာ ကျန်ရှိနေသေးသော်လည်း ကုဟွိုက်က လှိုဏ်ဂူအပြင်ဘက်ကို စူးစမ်းရှာဖွေချင်နေမိသည်။ တက်ခ်တစ်ယောက်၏ရှေ့တွင်ရပ်ကာ အရှေ့ဘက်တောအုပ်ကို လက်ညှိုးထိုးပြလိုက်သည်။

" ကျွန်တော် အဲဒီနေရာကိုသွားချင်တယ်..."

ကုဟွိုက်က ဤတက်ခ်အုပ်စု၏ ခေါင်းဆောင်ဖြစ်ဂန်ရသော အရပ်အရှည်ဆုံးတက်ခ်က်ု မော့ကြည့်ပြီး ပြောလိုက်သည်။

လူငယ်လေးက ထိုနေရာကို လက်ညှိုးထိုးပြနေသောကြောင့် တက်ခ်က မကြာမီတွင် ကုဟွိုက် ပြောချင်သည်ကို နားလည်သွားသည်။

တက်ခ်ဇက်များက ကုဟွိုက်၏ တောင်းဆိုချက်ကို မည်သည့်အခါကမှ မငြင်းဆန်ကြပေ။ ကုဟွိုက် ထိုနေရာသို့ ချောမွေ့စွာသွားနေစဉ်တွင် တက်ခ်အုပ်စုကြီးကလည်း သူ့နောက်မှ လိုက်လာသည်။

ဤတက်ခ်အုပ်စုကြီးက စိတ်မတည်မငြိမ်ဖြစ်နေပြီး သူတို့စိတ်မပူရအောင် ကုဟွိုက်ကို သူတို့မျက်စိအောက်မှ အပျောက်မခံသည်ကို သူနားလည်ပေသည်။

သစ်တောထဲမှ သစ်ပင်အများစုက ကုဟွိုက်အစောပိုင်းက စားခဲ့သော သစ်သီးသဖွယ် မည်းနက်နေသည်။ ၎င်းတို့က မီးကျွမ်းထားသည့် မီးသွေးသဖွယ် ဖြစ်နေသည်။

သာမန်အရောင်အဆင်းရှိသော သစ်ပင်အနည်းငယ်က ရွှေရောင်အသီးများ သီးကြသည်။ အနက်ရောင်များအကြားတွင် ထိုအသီးများက မျက်စိပသာဒဖြစ်နေ၍ ကုဟွိုက်မြင်သည်နှင့် ထိုနေရာသို့ သွားခူးချင်စိတ်ပေါက်လာသည်။

သို့ရာတွင် ထိုသစ်ပင်က မြင့်လွန်းနေ၍ ဘေးနားတွင်သာ ရပ်နေရသည်။
သစ်ပင်ပေါ် တက်ဖို့ကတော့... ထားလိုက်ပါတော့လေ...

ကလေးလေးက သစ်ပင်ပေါ်မှ အသီးကို စက္ကန့်အနည်းငယ်ခန့်အထိ စိုက်ကြည့်နေခဲ့၍ သူ စကားတစ်ခွန်းမှ မပြောသော်လည်း တက်ခ်များက သူဆိုလိုသည်ကို နားလည်ကြသည်။

ကလေးလေးက အ‌ပင်ပေါ်တက်ပြီး ကိုယ်တိုင်ခူးချင်နေသည်ကို သဘောပေါက်ကြသည်။

သို့ဖြစ်၍ တက်ခ်ဇက်တစ်ယောက်က ကုဟွိုက်အနားကပ်ပြီး ခေါင်းငုံ့လာသည်။

ကုဟွိုက် : ဘာပါလိမ့်...

ကုဟွိုက်က ဇဝေဇဝါဖြစ်နေသော မျက်လုံးများဖြင့် စိုက်ကြည့်နေသည်။ ဤတက်ခ်ဇက် ဘာလုပ်ချင်သည်ကို သူ မသိသော်လည်း သူ့ကိုမနာကျင်စေကြောင်းကိုသိ၍ မလှုပ်ရှားလိုက်ပေ။

နောက်စက္ကန့်အနည်းငယ်အကြာတွင် ဧရာမတက်ခ်ဇက်ကြီးက လက်ဖျံကိုဆန့်ကာ ကုဟွိုက်ကို အလွယ်တကူပင်ချီမ'လိုက်ပြီး သူ့ဘယ်ဘက်ပခုံးပေါ်တင်လိုက်သည်။

အမြင့်ကိုရောက်သည်နှင့် ကုဟွိုက်၏ အမြင်အာရုံကရုတ်ချည်း ကျယ်ပြန့်လာသည်။ သူ့မျက်ဝန်းထဲရှိ ပတ်ဝန်းကျင်ရှု့ခင်းများက ကွဲပြားသွားသည်။

ကုဟွိုက်က တက်ခ်ဇက်၏ပခုံးပေါ်ရောက်ပြီး တစ်စက္ကန့် နှစ်စက္ကန့်ကြာသည်အထိ မတုံ့ပြန်နိုင်ဖြစ်သွားသည်။ ထို့နောက် လူငယ်လေးကို ထိုသစ်သီးနှင့် လက်တစ်ကမ်းအကွာနေရာအထိ ချီ'မလိုက်သည်။

ဒီလိုလုပ်ပေးရင် ကလေးလေးက အရမ်းပျော်သွားမှာပဲ...

ကုဟွိုက်က အသီးကိုလှမ်းခူးလိုက်သည်။ သူ့လက်ထဲမှ ရွှေရောင်သစ်သီးကို ခဏတာကြည့်နေလိုက်ပြီးသည့်နောက်တွင်မှ တက်ခ်၏ခေါင်းမှ အခွံမာကြီးကို သူ့ပါးပြင်ဖြင့် ပွတ်လိုက်သည်။

တစ်ချိန်တည်းမှာပင် တက်ခ်ဇက်၏ မျက်ဆံက အပ်တစ်ချောင်းသဖွယ် စုကျုံ့သွားပြီး လည်ချောင်းထဲမှအသံက ပို၍ကြည်လင်လာသည်။

အခြားသောတက်ခ်ဇက်က ဤမြင်ကွင်းကို စူးစိုက်ကြည့်နေကြသည်။ သူတို့တစ်ယောက်ချင်းစီကလည်း ကုဟွိုက်ကို ပခုံးပေါ်တင်ချင်နေကြသည်။

သူတို့သည်လည်း ဤလူငယ်လေးနှင့် ပွတ်သီးပွတ်သပ်နေလိုပေသည်။

ဤကျတ်တီးမြေမှ ရာသီဥတုက အချိန်နှင့်အမျှ ပြောင်းလဲနေသည်။ အချို့နေရာများတွင် နေပူပြီး တစ်စက္ကန့်အကြာတွင် သတိပေးခြင်းမရှိပဲ မိုးရွာသွန်းခြင်းတို့လည်း ဖြစ်ပေါ်တတ်သည်။

ယခုချိန်၌ ပထမဦးစွာ မိုးတဖွဲဖွဲရွာသွန်းလာ၍ ကုဟွိုက်နှင့် သူ့ဘေးနားမှ ဇက်များက တုံ့ပြန်ချိန်လုံ‌လုံလောက်လောက် ရလိုက်သည်။

မိုးရွာသွန်းနေသော်လည်း တက်ခ်ဇက်များက မိုးခိုစရာနေရာရှာသည့် အလေ့အကျင့် မရှိကြပေ။

သူတို့က ပြင်းထန်လှသော ရာသီဥတုမျိုးတွင်ပင် ရှင်သန်နိုင်ပြီး မုန်တိုင်းများကလည်း သူတို့အတွက် ဘာမှမဟုတ်ပေ။

သို့ရာတွင် သူတို့ဘုရင်ကမူ ထိုသို့မဟုတ်ပေ။

ကုဟွိုက်ကို ပခုံးပေါ်တင်ထားသည့် တက်ခ်ဇက်က သူ့ကိုချက်ချင်းအောက်ချလိုက်သည်။

ကုဟွိုက်မြေပြင်ပေါ်ရောက်သည်နှင့် တက်ခ်ဇက်က သူ့ကို ခန္ဓာကိုယ်တစ်ခုလုံးဖြင့် အုပ်ထားပေးလိုက်ပြီး ကျောက်တုံးကြီးသဖွယ် မလှုပ်မယှက်ဖြင့် ရပ်နေသည်။

ဤနည်းဖြင့် လူငယ်လေးက မိုးမစိုသွားတော့ပေ။

ဒီလိုရာသီဥတုမျိုးမှာ သူတို့ဘုရင် အေးနေရင် ဘယ်လိုလုပ်မလဲ...

တကယ်လို့ အေးနေတယ်ဆိုရင် သူတို့ဘုရင် သက်တောင့်သက်သာဖြစ်အောင် ဘယ်လိုမျိုးနွေးနွေးထွေးထွေးထားရမလဲ...

မိုးများ အဆက်မပြတ်ရွာသွန်းနေသော်လည်း တက်ခ်ဇက်များမှု ကုဟွိုက်နှင့် ဆက်နွယ်နေသည်များကိုသာ တွေးနေကြသည်။

စွန့်ပစ်ဂြိုလ်ပေါ်မှမိုးရေက တိုက်စားနိုင်စွမ်းရှိ၍ ဤနေရာတွင်ပေါက်ရောက်သော သစ်ပင်များကလည်း ကြီးပြင်းမှု နှေးကွေးပေသည်။

သစ်တော၏ ဤနေရာတွင် မိုးမကြာခဏရွာသွန်းလေ့ရှိသည်။  ခန္ဓာကိုယ်များကို ပျက်စီးသွားစေနိုင်၍ ဂြိုလ်ပေါ်မှ မျိုးစိတ်များက ထိုသစ်တောနားကို မသွားကြပေ။

ဤတောအုပ်နားကို မကြာခဏလာသူများမှာ ဤတက်ခ်ဇက်များသာ ဖြစ်ကောင်းဖြစ်နိုင်သည်။

သူတို့က ကလေးလေးမွေးဖွားလာပြီးသည့်နောက် စားသုံးရန်အတွက် ဤနေရာသို့ သစ်သီးများလာကောက်ယူကြခြင်းဖြစ်သည်။

ထိခိုက်ပျက်စီးမှု များနိုင်သော်လည်း ထိုအဆင့်မြင့်တက်ခ်ဇက်များအတွက်မူ ဤနေရာမှမိုးကသူတို့အတွက် အပေါ်ယံသာထိခိုက်နိုင်သည်။

Continue Reading

You'll Also Like

19K 3K 30
This is not my own story. This is just fun translation. Credits to original author. Credits to Eng translator. Associated Names_归隐乡野 Type_Chinese Nov...
469K 49K 170
ဘာသာပြန်သူ- ညိမ်းမြတ် ဇာတ်လမ်းအကျဉ်း "ယွမ်ယွမ် မင်းက ကမ္ဘာကြီးကို မုန်းရင် ကိုယ် မင်းနဲ့အတူ နယ်မြေတွေကို သိမ်းပိုက်မယ်။" "ကျွန်မက ကမ္ဘာကြီးကို ချစ်တယ...
554K 64.5K 184
Divine doctor : Daughter of the first wife [ မြန်မာ ဘာသာပြန် ] Author : 杨十六 (Yang Shi Liu) English Translator : Spring Rain Translations Group Discla...
232K 37.4K 62
I Became A Virtuous Wife And Loving Mother In Another Cultivation World ##start from chapter 199 **I'm just translate this and I don't own anything**