""မောနင်း ဘေဘီ""
"............"
"ဘာဖြစ်"....ရှက်နေတာလား"
"............."
"တို့ အခန်းအပြင်ထွက်ပေးရမလား"
"အင်း"
"Ok" ပြွတ်😘"
နဖူးကို နမ်းကာ ထွက်သွားသော အမျိုးသမီးကို ကြည့်ကာ သက်ပြင်းချမိသည်။ တယ်လည်း အရှက်မရှိသော မိန်းမ မဟုတ်ပါလား။ ကိုယ်ဗလာနှင့်
ဒီတိုင်းထွက်သွားသည်လေ။
"မွေးကတည်းက ချက်ကြိုးနဲ့ ရှက်ကြိုး မှားဖြတ်ခဲ့လားမသိ"
"အရှက်ကို မရှိတာ"
တစ်ကိုယ်ထဲ ကြားရုံသာပြောပြီး ညက အဖြစ်အပျက်ကို ပြန်တွေးကာရှက်နေမိသည်။ ခင့်စိတ်များ ယိမ်းယိုင်ခဲ့မိသည်လေ။ ဘာကြောင့်မှန်းမသိသူမ၏ အထိအတွေ့မှာ သာယာမိခဲ့သည်ကို တွေးရင်း နောက်နေ့တွေ နောက်ညတွေ ဘယ်လိုရင်ဆိုင် ရပါ့မလဲတွေးကာ ရှက်မိသည်။
တစ်ဖက်အခန်းတွင်လည်း အူမြူးပိတိဖြစ်ကာ အိပ်ရာပေါ် လွန့်လူးနေသော Roseသည်လည်း ကျေနပ်မှုအပေါင်းသရဖူဆောင်းလျက်။
"ချစ်လိုက်တာ အမျိုးသမီးလေးရယ်"
-----------
"မိအေး" အပေါ်ကို မနက်စာသွားပို့ချည်"
"ဖြစ်ပါမလား ကြီးတင်ရဲ့"
"ဘာဖြစ်လို့လဲ"
"စောနက လှေကားတံမြတ်စည်းလှည်းနေတုန်းလေ....ဟို...ဟို..မမကြီးက ဖင်...ဖင်.. တုံးလုံးနဲ့ ထွက်သွားတာတွေ့လိုက်တယ်"
"ဟင်....ဟုတ်လို့လား"
"သမီးကမဟုတ်ပဲပြောပါ့မလား"
"တော်ကြာ သွားပို့လို့ မမြင်သင့်တာတွေ.....။
"ဟဲ့....တော်...တော်...ပြီးမှပို့လိုက်တော့"
"ဟုတ်"
____________
""ကြီးတင်ရေ""
"ဗိုက်ဆာပြီ""
အူမြူးကာ လှေကားထစ်ကိုပင် ခုန်ပေါက်ကာ ဆင်းလာသော သူမကိုကြီးတင်နှင့် မိအေး ပြိုင်တူကြည့်ကာ....
""ထူးထူးဆန်းဆန်း အူမြူးနေပါလား"
"ဟင်း...ဟင်း...ဒီလိုပဲ ကြီးတင်"
"မိအေး...အပေါ်က တစ်ယောက်ကိုသွားခေါ်လိုက်"
"ရှင်"....ဟုတ်"
ဟုပြောရင်း လှည့်ထွက်ရန်အလုပ်...
"နေအုံး " သူပါမလာရင် နင်နာမယ်"
"ဟုတ်....ဟုတ်..."
မိအေးကပျာကယာ အပေါ်သို့ပြေးတတ်ကာ တံခါးကိုခေါက်လိုက်သည်။
အခန်းတံခါးလော့ကို ဆွဲလှည့်လိုက်တော့ သော့ခက်မထားသည်မို့ ပွင့်သွားသည်။
"ဟို....ဟို...အစ်မကို ခေါ်နေလို့"
"ဘယ်သူကလဲ"
"မမကြီးက"
"ဘာလုပ်ဖို့လဲ"
"မနက်စာစားမလို့ထင်တယ်"
"မလာဘူးလို့ပြောလိုက်"
"ရှင်" ...အစ်မရယ် အဲလိုတော့ မလုပ်ပါနဲ့" အစ်မပါမလာရင် ကျမကို မမကြီး သတ်လိမ့်မယ်"
"လာပါနော်"
"အိုးကွယ်.."အဲဒီမိန်းမနဲ့ ထမင်းအတူထိုင်မစားချင်ပါဘူး"!!
"မစားချင်လည်း လိုက်ခဲ့ပါအစ်မရယ်"
"အို...မလိုက်ပါဘူးဆို"
"အီး...ဗြဲ....ဗြဲ..."
"ဟဲ့...ဘာဖြစ်လို့ထိုင်ငိုနေတာတုန်း"
"အစ်မမလိုက်လာရင် မမကြီးက ကျမကိုသတ်မှတဲ့"...အီး..ဟီး..ဗြဲ...
"တော်တော့" ခက်လိုက်တာကွယ်""လာ...သွားမယ်"
ရှေ့မှထွက်သွားသော ခင့် နောက်တွင်ကပ်လိုက်လာသော
မိအေး ရယ်နေသည်ကိုတော့ ခင်မသိလိုက်ပါ။ မိအေး မာယာကို ခင်မိသွားခြင်းမဟုတ်လား။
"ဟော"...ဘေဘီ...လာ..ဒီမှာလာထိုင်"
"......." ခင်မျက်စောင်းသာ ပစ်ထိုးလိုက်ပြီး ဝင်ထိုင်လိုက်သည်။ အရူးစိတ်ချမ်းသာလျှင် ရပ်ကွက် အေးချမ်းသည်မဟုတ်လား။
"ကျမ ကော်ဖီမကြိုက်ဘူး"
ကော်ဖီကမ်းပေးလာသော roseကို
ကြည့်ကာ ပြောလိုက်သည်။
"ဒါဖြင့် လက်ဖက်...
"လက်ဖက်ရည်လည်း မကြိုက်ဘူး"
ဘုဆက်ဆက်နှင့် ပြောလိုက်သော ခင့်ကို မျက်မှောင်ကျုံ့ကာ တစ်ချက်ကြည့်လိုက်ပြီး...။
"ကြီးတင်" နွားနို့ရှိတယ်မလား"
"ရှိ..ရှိတယ်..."
"ကဲ...နွားနို့တော့ မကြိုက်လည်း
သောက်ရမယ် ဘေဘီ"
"........."
"ကြီးတင် "
"ဝေ"...အဲ...ယောင်လို့ ...ဘာလဲသမီး"
"ဟိုဟာ စားချင်တာ"
"ဟင်" ဘယ်ဟာလဲ"
ခင် လက်ညိုးထိုးပြရာကို ကြီးတင်လှမ်းကြည့်လိုက်တော့ ပဲပြုတ်နှင့်နယ်ထားသော ထမင်းပန်းကန်။မိအေး စားချင်သည်ဆိုသောကြောင့် နှယ်ထား၍ မီးဖိုချောင်ထဲတွင်သာ ထားထားသော ပန်းကန်ကို ဘယ်တုန်းကတည်းက လှမ်းတွေ့သွားသလဲ မသိ။
"မိအေး" သွားယူစမ်း"
"ဟုတ်...ကြီးတင်"
မိအေး ကမန်းကတန်းပြေးဝင်ကာ သူမ စားရန်အားခဲထားသော ထမင်းပန်းကန်ကို ယူကာခင့်ထံလှမ်းပေးလိုက်သည်။
"မမ များများစားနော်"
"ဟီး...ဟီး"
မိအေးသည် မနက်ဆိုလျှင် ပဲပြုတ်ထမင်းနှယ်စားလိုက်ရမှ ကျေနပ်သည့်သူ။ ယခုမှာတော့ နေဖင်ကထိုးနေပြီ ပဲပြုတ်သည်လည်း ရောင်းကုန်၍ အိပ်
ပင် ပြန်ရောက်လောက်ပြီ။ မိအေးအကျင့်ကို သိသော Roseက...
"ဟဲ့" မိအေး ညည်းမျက်နှာ ဘာဖြစ်နေလဲ ငါသိတယ်နော်"
"ပြင်လိုက်စမ်း"
"ရှင်....ဟုတ်"
"ဘေဘီများများစားနော်"
"............"
"မမကြီး!!! မမကြီး!!!
"ဧည့်သည်ရောက်နေတယ်"
ခြံစောင့်ဦးလေးကြီး၏ ခေါ်သံ.....။
"နိုင်လူဖြစ်လိမ့်မယ်" စောင့်ခိုင်းထားလိုက်"
"ဟုတ်ကဲ့"
နိုင်လူ ဟူသောနာမည်ကို ကြားသည်နှင့် ခင် တစ်ချက်တုန်လှုပ်သွားသည်။
ဇွန်းကိုင်ထားသော လက်သည် တုန်ရင်လို့ နေပြီး မြိုချလိုက်သော ထမင်းများသည် လည်ပင်း၌တစ်နေသလိုဖြစ်နေ
သောကြောင့် ခင် အကြိမ်ကြိမ် မြိုချနေမိသည်။ အသက်ရှူပင်ကြပ်လာနေပြီး rose အမြန်ထွက်သွားဖို့ ဆုတောင်းနေမိသည်။
Rose သောက်လက်စကော်ဖီကို မော့သောက်လိုက်ကာ ခေါင်းတောင် မဖော်ပဲ ထမင်းစားနေသော ခင့်ကို လှမ်းကြည့်လိုက်ရင်း ပြုံးပြုံးလေးနှင့် ထွက်သွားတော့သည်။
roseထွက်သွားတော့ ခင် ချက်ချင်းထကာ ကတုန်ကရင်ဖြစ်နေသော ခန္ဓာကိုယ်ကို ထိန်းချုပ်လိုက်ရင်း
နိုင်လူ ဆိုသောလူကို အတည်ပြုရန်ထွက်လာခဲ့သည်။စိတ်ထဲတွင်
လည်း ခင်ထင်သော လူမဖြစ်ပါ
စေနဲ့ဟု ဆုတောင်းရင်း။
ဧည့်ခန်းတွင် စကားပြောနေသော လူကို ရှင်းရှင်းလင်းလင်းမမြင်ရသဖြင့်လှေကားနားသို့ သွားကာ ကြည့်လိုက်တော့ ခင်အရုပ်ကြိုးပျက်ဖြစ်သွားသည်။
"လူ...လူယုတ်မာ"
အသက်ရှူသံများ ပြင်းပြလာပြီး ခင့်ခြေထောက်များ မခိုင်ချင်တော့ပဲ ခွေကျချင်နေသည်။
ရင်ဝကိုဖိပြီး "ဟောဟဲ...ဟောဟဲ" နှင့် အသက်လုရှူနေရသလို ခံစားလာရသည်။ အတိတ်မှဝိုးတိုးဝါးတားပုံရိပ်များပြန်မြင်ယောင်လာပြီး မျက်ရည်များစီးကျလို့နေလေပြီ။ အသိများက
အခန်းဆီသို့ သွားရန်ညွှန်ကြားနေပေမယ့် ခင့် ခြေထောက်များက ချုပ်ထားခံရသလို ကြွမလာပေ။ ခင့် လက်များက အကြောကပ်နေပြီး လက်သီးဆုပ်ထားသည်မှာ ဖြည်လို့ပင်မရတော့။
ခင် လေးဖက်ထောက်ရင်း လှေကားထစ်ပေါ်သို့ ဦးတည်ကာ တစ်လှမ်းချင်း လှမ်းပြီး တက်နေပေမယ့် ခြေလှမ်းများ လိုရာခရီးမရောက်ပဲ ခွေခွေလေး လဲကျသွားတော့သည်။
"ခလွမ်း"....
မိအေး အလှပန်းအိုးဆေးရန် ယူလာရင်း ကျကွဲသံနှင့်အတူ...
"ကြီးတင်!!!...မမကြီး""!!!!
"လာကြပါအုံး"
"ဟဲ့...မိအေး ဘာဖြစ်ပြန်တာတုန်း"
"မြန်မြန်လာ ကြီးတင်ရေ"
ဧည့်ခန်းမှ အလန့်တကြားပြေးလာသော Rose လဲကျနေသော ခင့်ကိုမြင်လိုက်ရတော့....
"ဘာဖြစ်တာလဲ" မိအေး"
""မသိဘူး""
"ကိုစိုင်းကို မြန်မြန်ခေါ်စမ်း"
______________ခင့် အတိတ်ဆီသို့.....။