Fallin'Harder

By blue_berryke

14.2K 1.4K 388

• Ricky fell first but Ji fell harder • Kim Ji Woong+Ricky Shen //WoongRi// written by blue_berryke More

01
02
03
04
05
06
07
08
10
11
12
13
14
15
16
17
18
19

09

431 54 11
By blue_berryke

(Love is like a small lamp... it gives warmth as well as burning)

! UNICODE!

"ခင်ဗျားကတစ်ကယ်ပဲ ဘာဖြစ်စေချင်နေတာလဲ!!"

Ricky မျက်ဝန်းများက ‌ဒေါသကြောင့် နီရဲနေသည်။လက်သီးအား ကျစ်ကျစ်ပါအောင်စုပ်ထားရင်း သူ့အမေရှေ့သို့ရပ်လိုက်ပြီး ထိုလူအား မော်ကြည့်လိုက်၏။

Rickyဧာ်စူးရဲနေသော မျက်ဝန်းများအား ဟက်ခနဲလှောင်ရယ်ပြီးနောက် ထိုလူဟာ အိမ်ထဲသို့ တစ်လှမ်းချင်းဝင်လာခဲ့ပြန်သည်။ထို့နောက် ဧည့်ခန်းရှိ ဆိုဖာပေါ်၌ အကျအန ခြေချိတ်ထိုင်လိုက်ပြီး...

"မင်းအမေကို မသနားဘူးလား... Ricky Shen။ဒီနိုင်ငံမှာ ဒီရောဂါကို ပျောက်အောင်မကုပေးနိုင်တာ မင်းလည်းသိနေတာပဲ။လိမ်လိမ်မာမာနဲ့ ပြင်သစ်ကိုထွက်သွားစမ်းပါ ဟုတ်ပြီလား?"

"ဒီလိုတွေပြောနေရအောင်...ဥက္ကဌShenက ကျွန်တော်နဲ့မားကို ဘယ်‌တုန်းကများ တစ်ချက်လှည့်ကြည့်ခဲ့ပေးခဲ့ဖူးလို့လဲ? လူ့လောကထဲကျွန်တော်မရောက်လာခင်ကတည်းက ကိုယ်ဝန်လွယ်ထားရတဲ့မားကို ခင်ဗျားပဲ ထားပစ်ခဲ့တာမဟုတ်ဘူးလား!!!! ကျောင်းစရိတ်ထောက်ပံ့ပေးတာကလွဲပြီး.....ခင်ဗျား‌ဘယ်နေရာမှာ အဖေတစ်ယောက်တာဝန်ကျေပွန်ခဲ့ဖူးလို့လဲ!!!
အဲ့ဒီ့နေ့တုန်းက ဘာလို့ ကျွန်တော်တို့ သားအမိနှစ်ယောက်ကို ပစ်ချထားခဲ့တာလဲ!!!!..."

တိတ်ဆိတ်နေသော အိမ်ကလေးသည် ရုတ်ချင်းပင် ဆူညံကာ တုန်လှုပ်ဖွယ်ရာဖြစ်သွားတော့ သည် ။ လေထုထဲ၌ သွေးနံ့များ၊ယမ်းနံ့စိမ်းများ ရတော့မလိုပင်...ယောကျာ်းသားနှစ်ယောက်၏ ဒေါသတရားသည် လေထဲ၌လွန့်လူးကာ ပြိုင်ဆိုင်နေကြ၏....။မည်သူတစ်ဦးတစ်ယောက်မျှ အလျှော့ပေးမည့်ပုံမပေါ်သည့်အပြင် နှစ်ကာလရှည်ကြာစွာရှိနေသော အမုန်းတရားများကလည်း မှန်းဆ၍ပင်မရနိုင်အောင် များပြားလှပါသည်။

"ကောင်းပြီလေ Ricky Shen...မင်းအပေါ်မှာ ဖခင်တာဝန်မကျေပွန်ခဲ့ဘူးဆိုရင်တောင် မင်းရဲ့ပညာရေးကို ငါကပဲထောက်ပံ့ပေးခဲ့တာ‌လေ။အဲ့တော့...မင်းအပေါ်မှာ ငါ့ရဲ့ကျေးဇူးတွေရှိတာ မင်းငြင်းဖို့မကြိုးစားနဲ့!! မင်းလုပ်ရမှာ အဖိုးကြီးရဲ့အမွေတွေကိုငါ့ဆီယူလာပြီး ပြင်သစ်မှာ မင်းအမေကို ဆေးသွားကုရမှာပဲ....ပြင်သစ်က ငါ့ကုမ္ပဏီရှယ်ယာအကုန်လုံးကိုလဲ မင်းကို အမွေအဖြစ်ပေးမယ်။လုပ်ငန်းတွေအားလုံးနဲ့ မင်းသွားဖို့ကိုလဲ ငါစီစဉ်ပြီးပြီ...မင်း ဒီတစ်ပတ်အတွင်း သွားကိုသွားရမယ်!"
.
.
"အားးး!!!!ထွက်သွား!!! ထွက်သွားကြစမ်းပါ မလာနဲ့!!!! သွား!!!"

အလယ်၌ရှိနေသော Rickyအမေက ခေါင်းကို လက်နှစ်ဖက်ဖြင့်အုပ်ထားရင်း ထိုင်ချကာ ကြမ်းပြင်ပေါ်၌ စူးစူးဝါးဝါး အော်ဟစ်‌တော့ သည်။

သူမကြည့်ရတာ သာမာန်အခြေနေနှင့်မတူ။ တစ်စုံတစ်ခုအား ကြောက်လန့်နေပုံပေါ်ပြီး လောလောလတ်လတ်က ဖြစ်ထားသော ပြဿနာတွေ‌ကြောင့် စိတ်ကစားကလျား ချက်ချင်းဖြစ်လာပုံပင်....

သူမ၏ ရောဂါက ချက်ချင်း ထဖောက်လာချေပြီ။

နာကျင်စွာ အော်ဟစ်‌ငိုယိုနေသော သူ့မိခင်အား Rickyမကြည့်ရက်နိုင်စွာ ချက်ချင်း ပွေ့ထူထားမိသည်။

"မား....ဘာမှမဖြစ်ဘူးလေ...စိတ်ထိန်းပါအုန်း....ကျွန်တော်ပါ..မား..ကျွန်တော့်ကို ကြည့်ပါအုန်း...."

အသိစိတ်မဝင်သော သူ့အမေက သူ့အား ငြင်းဆန်ကာ အတင်းရုန်းလေ၏။လက်သည်းရှည်များဖြင့် သူ့အသားထဲနစ်ဝင်အောင် ကုတ်ခြစ်လာသည့်တိုင်..Rickyနာသည်ဟု မခံစားမိတော့ချေ။သူသာ လွှတ်ပေးလိုက်လျှင်...သူ့အမေက ဘာတွေလုပ်မိမယ်ဆိုတာ Ricky မသိဘူး။သူက ဆွဲထားနိုင်သလောက် သူမကိုဆွဲထားမှာ...

အဲ့ဒီ့လူ...သူ့ဘဝမှာအမုန်းဆုံးလူတစ်ယောက် 'လုပ်သလိုမျိုး'...ဘယ်တော့မှ ပစ်ချထားခဲ့မှာမဟုတ်ဘူး.....

"မင်းအမေကို ပင်မအိမ်ကြီးမှာပဲ အခုလောလောဆယ်ထားလို့ရတယ်။အဲ့ဒီ့မှာ မိသားစုဆရာဝန်နဲ့ nurse တွေကိုလဲ အနီးကပ်ပြုစုဖို့ ငါစီစဉ်ပြီးပြီ..."

"ကျုပ်အမေက ခင်ဗျားဂရုစိုက်မှုကို မလိုအပ်ဘူး!!! မားကို ကျွန်တော်ကိုယ်တိုင် ရအောင်ကုမယ်....."

အခုချိန်မှာတော့ မဒမ်Qiက Ricky ရင်ခွင်ထဲမှာ ရှိုက်ငိုရင်း ကလေးလေးတစ်ယောက်လိုမျိုး ကြောက်လန့်တုန်ရီနေပြန်သည်။သူမရောဂါဟာ အစိုးမရချေ....ရုတ်တရက် အချိန်ကာလတစ်ခု၊မှတ်ဉာဏ်တစ်ခုထဲ၌ပင် ပိတ်မိနေတတ်ပြီး တစ်ခါတစ်လေ လောကကြီးကိုပါ မေ့လျော့သွားတတ်ပြန်သည်။အယ်ဇိုင်းမားရောဂါက အသက်အန္တရာယ်ကို ထိခိုက်စေသလားဆိုရင်....မေ့လျော့သွားတဲ့ရောဂါလက္ခဏာကြောင့်ပဲ မမြင်နိုင်တဲ့အန္တရာယ်တွေများစွာဖြစ်လာနိုင်ပါတယ်....။လူနာဘေးမှာနေပြီး အမြဲတမ်း အဲ့လူနာကိုစောင့်ရှောက်ပေးနေရမှာဖြစ်ပြီး....အကယ်၍ ရောဂါထဖောက်လာရင်လည်း ပြန်တည်ငြိမ်စေဖို့ရာ လွန်စွာမှခက်လှပေသည်။

"မင်းကအခုမှ 21နှစ်အရွယ် တက္ကသိုလ်ကျောင်းသားတစ်ယောက်ပဲရှိသေးတယ်...စာတွေနဲ့ နောက်ပြီး မင်းရဲ့အနုပညာအလုပ်တွေနဲ့ မင်းအမေကို ဘယ်လိုများ ပြုစုစောင့်ရှောက်ဖို့တွေးနေတာလဲ?? မင်းက မင်းအမေကိုပါ သေစေချင်နေတာလား Ricky Shen??"

ငေးငိုင်မှုတွေကြား မျက်နှာပေါ် ရေစက်တစ်စက် လျပ်တပြတ်ပြုတ်ကျလာသလို...ထိုစကား‌တစ်ခွန်းက Ricky ကို အေးခဲသွားစေခဲ့သည်။

တစ်ပြိုင်နက်တည်း အိမ်‌ထဲသို့ လူနှစ်ယောက်ဝင်လာပြီး ဥက္ကဌShen နောက်၌ ရပ်လိုက်ကြ၏။ Rickyနားမလည်စွာကြည့်လိုက်ပြီးနောက်...ချက်ချင်း ထိုလူနှစ်ယောက်ကို တစ်စုံတစ်ခု အမိန့်ပေးသလို သူ့အဖေခေါင်းငြှိမ့်ပြတာ မြင်လိုက်ရပြန်သည်။

လူစိမ်းနှစ်ယောက်က သူတို့သားအမိနှစ်ယောက်အား ခွဲလိုက်ပြီးနောက်...သူ့အမေကို သူ့လက်ထဲမှ အတင်းအကျပ် ခေါ်ထုတ်သွားတော့သည်။

"ခင်ဗျားတို့...ဘာလုပ်တာလဲ!!!!!"

"စိတ်မပူပါနဲ့ မင်းအမေကို ပင်မအိမ်တော်ကြီးဆီ ခေါ်သွားရုံလေးပဲ....ဒါပင်မဲ့ မင်းကတော့ ငါနဲ့ အဖိုးကြီးဆီ အခု လိုက်ခဲ့ရမယ်"

"....."

"မင်းအဖိုးက...မင်းကို တွေ့ချင်နေတယ် Shen Quan Rui "

သူ့နာမည်အရင်းအား ဖခင်ဖြစ်သူကခေါ်လိုက်ပြီးနောက် Ricky တစ်ကိုယ်လုံး ကိုင်ရိုက်ခံထားရသကဲ့သို့ နှုံးချိစွာ အရုပ်ကလေးနှယ် ဖျော့တော့သွားတော့သည်.......။

----------
အနက်ရောင် Mercedes AMG ကားလေးသည် ရှုပ်ထွေးလှပါသော ကားတန်းရှည်ကြီးနှင့်အပြိုင် လိုရာခရီးသိုလျှင်မြန်စွာမောင်းနှင်နေ၏။

ကားပေါ်၌ ငြိမ်သက်စွာထိုင်နေသော Rickyက ညာဘက်လက်၌ရှိသော နာရီလေးကိုသာ ခပ်ဖွဖွပွတ်သပ်နေမိတယ်....။

မားက.. Alzheimer ရောဂါကို ခံစားနေရတယ်တဲ့....ဒီရောဂါကို ဒီနိုင်ငံမှာ ပျောက်အောင်လို့ကုသလို့မရဘူးဆိုတာ သိပါတယ်...

Ji Woong....မင်း ငါ့ကို ကြည့်ပါအုန်း...ငါ့ဘဝလျှောက်ရမဲ့လမ်းရဲ့ တစ်ဆစ်ချိုးကိုရောက်နေပြီထင်တယ်...

ဒါက မင်းကိုချစ်တဲ့ငါ့ရဲ့နှလုံးသားနဲ့ ရင်းရလိမ့်မယ်..

အချစ်တစ်ခုအတွက်နဲ့ ဒီအရာတွေကို အလဲထပ်လုပ်ပစ်ရအောင် ငါ့မှာလည်း ပိုင်ဆိုင်တဲ့အရာ ဘာမှမှမရှိဘဲ။

Ji Woong....Ji Woong မင်းကိုတွေ့ခဲ့တဲ့အရွယ်ကနေစပြီး ငါ့ဘဝရဲ့ 21နှစ်လုံးလုံး မင်းတစ်ယောက်ထဲကိုပဲ ချစ်ခဲ့တယ်....။

အကယ်၍များ ငါ့ခံစားချက်တွေကို မင်းရှာတွေ့သွားတဲ့အခါ ရွံမုန်းပြီးငါ့ဆီကထွက်သွားလေမလားလို့ အကြိမ်ကြိမ်တွေးရင် ငါ့ကမ္ဘာတွေပျက်ခဲ့ရတာ မင်းသိသလား....

ဒီရူးမိုက်တဲ့အချစ်...နောက်ပြီး..ငါချစ်ရတဲ့မင်း ငါ့ကို မမုန်းစေဖို့အတွက် ငါ့နှလုံးသားကို ငါကိုယ်တိုင် စွန့်လွှတ်ရတော့မယ်ထင်ပါတယ်။ ။

တောင်းပန်ပါတယ်။ငါမင်းကိုချစ်တယ်.....ငါ့မှာ ဒီလိုလုပ်ရုံကလွဲပြီး ရွေးချယ်စရာမရှိတော့ဘူး...Kim Ji Woong..

ငါ့ဘဝမှာ မင်းကိုချစ်ခဲ့လို့ နောင်တရစရာဘာမှမရှိသလို...တိုးတက်လာတဲ့ ငါတို့နှစ်ယောက်ကြားက ခင်မင်မှုအချို့ကိုလဲ ငါကျေနပ်ခဲ့ရပါတယ်။

ရောင့်ရဲတင်းတိမ်မှုဟာ...မရပ်တန့်နိုင်တာမို့ ဘယ်အချိန်ဘယ်ခါမှာ ငါ့ဘက်ကနေ ဒီစည်းကို ဖောက်ဖျက်မိမယ်မသိဘူး။

ငါမင်းကိုချစ်ခဲ့ရတဲ့ဆယ်နှစ်ကျော်ကာလကို ငါရခဲ့တဲ့နွေးထွေးမှုအပိုင်းခြား ကာလလေးနဲ့ပဲ ကျေနပ်ပါ့မယ်။

ဒါကမင်းဘဝထဲကနေထွက်သွားပြီး....ငါ့ဘဝထဲကနေ မင်းကိုဆွဲထုတ်နိုင်ဖို့ခြေလှမ်းအစ။ ။

မားရဲ့ ရောဂါကြောင့် မင်းရဲ့အဝေးတစ်နေရာမှာနေထိုင်ရင်း....မင်းကိုမေ့ပစ်ဖို့ကြိုးစားမှာပါ...

မင်းသိတယ်မှတ်လား....ငါက ဟိုးငယ်ငယ်လေးကတည်းက အသည်းမာခဲ့တယ်ဆိုတာ

ငါ့ဘဝမှာ...တစ်စုံတစ်ခုကိုသဘောကျမိရင်...ကိုယ်တိုင်ပဲ စွန့်လွှတ်တတ်ဖို့ ငယ်ငယ်ကတည်းက သင်ယူခဲ့ရတယ်။ ။ ။
.
.
.
"စံအိမ်ထဲ ရောက်ပါပြီခင်ဗျာ"

ဒရိုင်ဘာက ကားအား အိမ်ဝန်းကြီးထဲသို့ မောင်းဝင်သွားပြီး ပါကင်ထိုးလိုက်သည်။စုစုပေါင်း သူတို့ကားအပါအဝင် ကားငါးစီးရပ်ထားပြီး..ကြည့်ရတာ‌တော့ နောက်ထက်ဧည့်သည်ရောက်နေသေးတဲ့ပုံပင်....

ဥက္ကဌShenက ကားနံပါတ်အားတစ်ချက်ကြည့်လိုက်ပြီး မျက်ခုံးတို့တွန့်ချိုးကာ မျက်မှန်ကိုင်းအား အပေါ်ပင့်တင်လိုက်၏။

"ကြည့်ရတာ Min Jooရောက်နေတာထင်တယ်....အဟွန်း ဇွဲကောင်းချင်ယောင်ဆောင်ပြီး လက်ဦးမှုရယူချင်နေတာပဲ..ကျွတ် ကျွတ်"

"....."

ထို့နောက် ဥက္ကဌShenက Ricky ဘက်လှည့်လာပြီး...

"အဲ့တာ မင်းရဲ့ ဒုတိယဦးလေးပဲ...ပထမဦးဆုံး မင်း သတိထားရမဲ့လူ...သူက မင်းရမဲ့ အဖိုးကြီးအမွေတွေကိုလုယူဖို့ ကြိုးစားနေတာလေ"

တစ်ကယ်တော့ အဲ့အမွေတွေက လူကြားကောင်းအောင် Ricky ပိုင်ဆိုင်မှာလို့ပြောနေပင်မဲ့...တစ်ကယ်‌တမ်းကြတော့ ဥက္ကဌShenလက်အောက်မှာရှိတဲ့ လုပ်ငန်းစုကြီးရဲ့ ရှယ်ယာတွေသာဖြစ်သည်။
ဒီရှယ်ယာတွေကို အဖိုးကြီးဆီက Rickyရလည်း သူဘာမှလုပ်လို့ရမှာမဟုတ်ဘူး....အကုန်လုံးက သူ့အဖေရဲ့ရှယ်ယာပိုင်ဆိုင်မှုထဲအလိုအလျောက်ရောက်မှာဖြစ်ပြီး ထိုရှယ်ယာတွေကသာ သူ့အဖေရာထူးကိုမြဲအောင်လုပ်ပေးနိုင်မှာဖြစ်တယ်။

ယခုလက်ရှိ ရှယ်ယာအများကြီးဖြစ်တဲ့ သူ့အဖေက ဥက္ကဌဖြစ်နေပြီး အကယ်၍ Ricky က ရှယ်ယာမရခဲ့ရင် သူ့နေရာက ပြုတ်သွားမှာဖြစ်ပြီး  ပိုင်ဆိုင်မှုတွေအကုန်လုံးကို ဒုတိယဦးလေးMin Jooလက်ထဲ လွှဲပြောင်းပေးရမှာဖြစ်သည်။

Ricky အဖေက ကုမ္ပဏီရဲ့ ရှယ်ယာ30%ကိုပိုင်ဆိုင်ထားပြီး ဒုတိယဦးလေးMin Jooက 25%တတိယမြောက်ဒေါ်လေးHanက 25%ဖြင့် အသီးသီးပိုင်ဆိုင်ကြသည်။သူတို့သုံးယောက်ပေါင်းရှယ်ယာတွေက 80%ဖြစ်ပြီး ကျန်တဲ့ 20%ကိုတော့ အဖိုးကြီးShenက ပိုင်ဆိုင်၏။

အခုအဖိုးကြီးက သူ့လက်ထဲက ရှယ်ယာ20%ကိုပါ မြေးတွေကိုအသီးသီးခွဲပေးချင်နေတယ်....။
အသက်အကြီးဆုံးမြေးကိုတော့ 10%ပေးမှာဖြစ်ပြီး...ကျန်တဲ့မြေးနှစ်ယောက်ကိုတော့5%ဆီ ပေးမှာဖြစ်တယ်...။

တရားဝင်မြေးတွေထဲ ဒုတိယဦးလေးရဲ့သားက 19နှစ်ဖြစ်ပြီး အကြီးဆုံးဖြစ်တဲ့အတွက်ကြောင့် သူသာ 10%ကိုရလိုက်မယ်ဆိုရင်...ဥက္ကဌShenက ရာထူးကနေဆင်းပေးရမှာပင်....။ထို့ကြောင့်မို့ သေသေရှင်ရှင် လှည့်မကြည့်ခဲ့သော Ricky အား လိုအပ်လာပြီး အမွေအတွက် တိုက်ခိုက်စေချင်နေသည်။

Ricky Shenက Shenမိသားစုရဲ့ တရားမဝင်ကလေးဖြစ်ပင်မဲ့ ဥက္ကဌShenရဲ့ သွေးသားအရင်းပင်ဖြစ်နေသေးသည်။နောက်ပြီး အဖိုးကြီးက Rickyအပေါ်တွင်လည်း ပစ်ပစ်ခါခါမရှိချေ။ ။
ထို့ကြောင့်ဥက္ကဌShenမှာ Ricky ဖြင့် မြှားပြီး သူ့အစာအား လုရန်ကြိုးစားလေတော့သည်။

"မင်းတို့....ရောက်လာကြပြီလား"

အဖိုးကြီးက မိကျောင်းသားဖြင့်ပြုလုပ်ထားသော ဇိမ်ခံဆိုဖာကြီးပေါ်တွင် ခြေချိတ်ထိုင်နေပြီး...လက်ရန်းဘေး‌တွင်တော့ သူ့လက်စွဲတော် တုတ်ကောက်အား ချထားပေသည်။

သူတို့တွေဝင်လာတော့ ဒုတိယဦးလေးMin Jooက ဆိုဖာပေါ်က ထနှင့်ပြီးဖြစ်ကာ...အဖိုးကြီးအား ပြန်ဖို့အတွက် နှုတ်ဆက်နေပြီးချိန်ဖြစ်သည်။ဒုတိယဦးလေးနှင့် Ricky အဖေကြား အပြင်ကကြည့်တဲ့သူတွေအမြင်မှာတော့ ကြည့်ကောင်းသင့်မြတ်ကြတဲ့ညီအကိုကောင်းတွေဟုထင်ရကာ တစ်ကယ်တမ်းတွင်တော့ အတွင်း၌ လောက်တွယ်နေသော ပန်းသီးတစ်လုံးလိုမျိုး ပုတ်သိုးကာလွှင့်ပစ်ရမည့် ဆက်ဆံရေးသာဖြစ်သည်။

Min Jooက Ricky Shen ကိုမြင်လိုက်တာနဲ့ မျက်နှာထက် အထင်သေးခြင်း၊ရွံရှာခြင်းစသော အမူအရာမှာ ဖုံးဖိ၍ပင်မရတော့ပဲ လူတစ်ယောက်ကို အကြည့်ဖြင့် နှိမ်နေသလိုမျိုးပင်..

"ဟမ့်! တရားမဝင်မြေးက အိမ်တော်ထဲထိတောင် ခြေချရဲနေပြီပေါ့?"

ထိုစကားကြားတဲ့အခါ အရင်ဦးဆုံးတုံ့ပြန်သူမှာ အဖိုးကြီးပင်ဖြစ်ပြီး ‌သူ့ဘေးနားက တုတ်ကောက်ကိုကိုင်ကာ မြေပေါ်သို့ အားဖြင့် စောင့်ချလိုက်လျှက်...

"သူ့ကို ငါခေါ်လိုက်တာ...မင်းမှာ မကျေနပ်စရာ ဘာများရှိနေလို့လဲ? Shen Min Joo..."

"အဖေက ဘာလို့ ဒီလို တရားမဝင်ကလေးတစ်ယောက်နဲ့ အဆင်ပြေချင်နေရတာလဲ?သူက မျိုးမစစ်‌တစ်ယောက်ပဲကိုဗျာ..."

"Shen Min Joo!!!! မင်း!! မင်း ခုချက်ချင်းထွက်သွားစမ်း!! Shen Quan Rui မှာလဲ ငါ့သားသွေးတစ်ဝက်ပါတယ်။ဒီအိမ်တော်ရဲ့ကလေးပဲ!...Rickyက မင်းရဲ့တူကွ!!"

သူ့အဖေတစ်ယောက်လုံးကပါ ထိုကောင်လေးဘက်ပါနေလေတော့ Min Joo အင်မတန် ဒေါသဖြစ်သွားပြီး မြှားဦးသည် Ricky ထံ၌သာ တစ်ချိန်လုံးဦးတည်နေ၏။

"‌လမ်းဘေးမြက်ကများ...တော်ဝင်ပန်းဖြစ်ချင်နေတယ်! ဟားး"

ထိုသို့ပြောလိုက်တဲ့အခါ ဥက္ကဌShen က Min Joo အား စူးစိုက်ကြည့်လိုက်ပြီး ရှေ့တစ်လှမ်းခြင်းတိုးသွားလိုက်ကာ လွန်စွာမှ အေးအေးလူလူရှိသလိုပင်...

"မင်းပြောသလိုဆို....တချို့လူတွေကလည်း အနူလက်နဲ့ရွှေခွက်နှိုက်ချင်ကြတာပဲလေ...မဟုတ်ဘူးလား? ညီလေး Shen Min Joo...."

ထိုလူ့ပခုံးအား လွန်စွာမှ ချိုးနှိမ်တတ်တဲ့ အကိုကြီးတစ်ယောက်လိုမျိုး ပုတ်လိုက်ပြီးနောက် ခပ်ဖွဖွ‌ရယ်လိုက်သေးသည်။ထိုအရာကား... တစ်ကယ်တမ်းတွင်တော့ လှောင်ပြုံးမျှသာ ဖြစ်၏။

"တောက်ခ်!!!"

ထိုလူဟာ မည်သို့မျှ လုပ်ပိုင်ခွင့်မရှိလေသောကြောင့် ခပ်ပြင်းပြင်းတောက်ခ်တစ်ချက်ခေါက်ကာ ထွက်သွားလေတော့သည်။

လေထုသည်ကား ပြေပြစ်ချောမွေ့သောအနေအထားတွင် မဟုတ်သည့်အလျောက် အဖိုးကြီးကပဲ လူကြီးတစ်ယောက်ပီပီ ဘာမှမဖြစ်ခဲ့သလို Rickyကို ပွေ့ဖက်လာခဲ့သည်။

ထိုခဏ နေရာမှတင် Ricky တောင့်ခဲသွားမိတယ်။

လူကြီးတစ်ယောက်၏နွေးထွေးသော အပြုအမူကို သူအခုထိကျင့်သားမရသေးဘူး....

"မင်းကို Shenအိမ်တော်က ကြိုဆိုပါတယ်ကွယ်။မင်းအမေအတွက် ဖိုးဖိုးလည်း စိတ်မကောင်းပါဘူး"

"ရပါတယ် အန်ကယ်....ပြီးတော့ ကျွန်တော် Shenမိသားစုရဲ့ကလေးတစ်ယောက်အဖြစ် မခံယူဝံ့ပါဘူး"

Rickyရဲ့ ယဉ်ကျေးစွာ ငြင်းပယ်မှုကို ဘေး၌ရပ်နေသော သူ့အဖေကမျက်မှောင်ကြုံ့လိုက်သော်လည်း အဖိုးကြီးShenက ဒေါသမဖြစ်ပဲ အရေးကြောင်းများပို၍ထင်းသွားသည်အထိ ပြုံးလိုက်ပါ၏။

"ဖိုးဖိုးနားလည်ပါတယ်ကွယ်...မြေး‌အနေရခက်နေမယ်ဆိုတာ။နောက်တစ်ပတ်နေရင် ပြင်သစ်မှာရှိတဲ့လုပ်ငန်းကို မင်းသွားဦးစီးမယ်လို့ မင်းအဖေကပြောတယ်...ကျောင်းကိုလဲအဲ့မှာပဲဆက်တက်မှာပေါ့။တစ်ကယ်ဆို အဲ့လောက်ကြီး လောစရာလဲ မလိုပါဘူး...အိုင်းး မင်းအဖေကတော့ တစ်ကယ်ပါပဲ"

Rickyရဲ့အတွေးတွေအကုန်လုံးကတော့ သူ့အမေကို ဒီရောဂါကနေအမြန်ဆုံးပျောက်အောင်ကုချင်တာပဲဖြစ်တယ်...။သူအမွေတွေရဖို့လည်းစိတ်မဝင်စားသလို လုပ်ငန်းဦးစီးဖို့အတွက်လည်း သူမစဉ်းစားပါချေ။

" ဒါက မလောလို့မဖြစ်ဘူး အ‌ဖေ။တစ်ကယ်တော့ ကျွန်တော့်လုပ်ငန်းကိစ္စထက်...ပိုအရေးကြီးတာက သူ့အမေရဲ့ကျန်းမာရေးပါပဲ"

ကြားကနေ ရိုးသားဖြူစင်သော လူကြီးလူကောင်းတစ်ယောက်လိုမျိုး လက်သည်းများအား ဖွက်ထားသူမှာ ဥက္ကဌShenပင်ဖြစ်သည်။

"အိုင်း ထားပါတော့ကွာ..Rickyနိုင်ငံခြားမသွားခင် အဖိုးနဲ့အတူတူ အချိန်ဖြုန်းပေးပါအုန်း ဟုတ်ပြီလား....စာရွက်စာတမ်းကိစ္စတစ်ချို့ကိုလည်း မင်းနဲ့စကားပြောမှရမှာလေ..."

"ဟုတ်ကဲ့...ကျွန်တော်နားလည်ပါပြီ"

ရုပ်သေးရုပ်လေးတစ်ရုပ်လိုမျိုး... Ricky ခေါင်းငြှိမ့်ခဲ့ရသည်။

သူ့အဖေလိုချင်နေတာက သူရမဲ့ အမွေတွေဖြစ်ပြီး... Ricky လိုချင်တာကတော့ သူ့အမေရောဂါပျောက်ကင်းနိုင်ဖို့ဖြစ်သည်။

အသက်အားပြင်းပြင်းရှူလိုက်ပြီးနောက် မျက်ဝန်းများအား စိတ်လိုလက်လျ ပိတ်ပစ်လိုက်၏။

သူ့အတွေးထဲ နေရာယူလာသည်က....Kim Ji Woong ရဲ့ ပုံရိပ်များသာ....။

*****************************

Rickyအိမ်ကနေ ထွက်လာပြီးတော့..Ji Woong လေဆိပ်ကိုချက်ချင်းသွားကာ သူ၏အမဖြစ်သူ ချွဲမီနာအားသွားကြိုရလေသည်။ချွဲမီနာက သူ့ အမဝမ်းကွဲသာဖြစ်ပြီး Ji Woong ထက်ငါးနှစ်ကြီးလေ၏။

နိုင်ငံခြားအခြေစိုက် ကုမ္ပဏီခွဲအား ဦးစီးနေပြီးနောက် ဒီနိုင်ငံကိုပြန်လာဖြစ်သည်မှာ တစ်‌နှစ်တစ်ခေါက်တောင်မပြည့်ချေ။

သူမကရဲရင့်ထက်မြက်ပြီး ‌အလုပ်နဲ့ပတ်သက်လျှင်‌ယောကျာ်းလေးနည်းတူ ရင်ဘောင်တန်းနိုင်လောက်သည်အထိ တော်သော အမျိုးသမီးတစ်ယောက်ဖြစ်သည်။အခုလည်း ခရီးဝေးမှပြန်လာသည့်တိုင် ပင်ပန်းနွမ်းနယ်သည့်အရိပ်ယောင် သူမဆီမှာ မရှိ။

"ဘယ်လိုလဲ? မတွေ့ရတာတောင်ကြာပြီ...အဆင်ပြေရဲ့လား"

"ငါ့မောင်လေးတောင် တော်တော်အရွယ်ရောက်လာပြီပဲ....နင်သိပြီးသားမှတ်လား Ji Woongရယ်...အခုကုမ္ပဏီက တော်တော်လေးကိုအခြေနေဆိုးနေတာ။ ငွေကြေးပိုင်းမှာလည်း သိန်းငါးထောင်လောက် ကွာနေတယ်။ပိုဆိုးတာက ရင်းနှီးမြှုပ်နံသူတွေနဲ့ ပါတနာကုမ္ပဏီတွေအချင်းချင်း ပြဿနာတက်နေတာပဲ။အား..ဒီရက်ပိုင်း တော်တော်ပင်ပန်းတယ်။တော်သေးလို့ပေါ့..ဦးလေးကယ်ပေလို့"

သူမက သက်ပြင်းချလိုက်သည့်ပုံစံဖြင့်ပြောရင်း luggage အား Ji Woong ဆီသို့ပစ်ပေးလိုက်သည်။ထို့နောက် အနက်ရောင်‌နေကာမျက်မှန်အား ကောက်တပ်လိုက်ပြီး အနီရောင်ဒေါက်ဖိနပ်ကို တဂွက်ဂွက်မြည်အောင်စီးလျှက် အရှေ့ကနေ ထွက်သွားတော့သည်။

သူမက အနားယူဖို့မစဉ်းစားပဲ ကုမ္ပဏီသို့သာ တိုက်ရိုက်တန်းမောင်းဖို့ ပြောပြီး လမ်းတစ်လျှောက်လဲ ငြိမ်သက်နေခဲ့၏။

သူတို့ကုမ္ပဏီထဲဝင်‌ပြီးနောက် သူ့အဖေရုံးခန်းသို့ချက်ချင်းသွားလိုက်ကာ ကိစ္စများကိုဖြေရှင်းရန် ညှိနှိုင်းကြတော့သည်။ချွဲမီနာက ဟိုကကုမ္ပဏီပြဿနာများအား တစ်ခုချင်းစီပြောပြသည်။Ji Woong အဖေကတော့ မနက်ဖြန်အစောဆုံးလေယာဉ်နဲ့ နိုင်ငံခြားသို့ထွက်ခွာမည်။

ဒီမှာလိုအပ်တဲ့ အရေးကြီးအလုပ်ကိစ္စတွေကို Ji Woong နဲ့မီနာ့ထံ လွှဲပြောင်းပေးခဲ့ပြီး မှာစရာရှိတာများကို သေသေချာချာလည်းမှာကြားသွားခဲ့သည်။

ဒီရက်ပိုင်းအတွင်း သူတို့တွေအကုန်လုံး စာရွက်စာတမ်းတွေနဲ့ အလုပ်ပုံကြီးကြားထဲ ခေါင်းနှစ်ထားရမဲ့ကိန်း.....

"Ji Woong မင်းလည်းအမြန်ဆုံး ကုမ္ပဏီထဲကိုဝင်လာခဲ့တော့....ဒါတွေမင်းကျွမ်းကျင်မှဖြစ်မယ်။အဝေးသင်နဲ့ဘွဲ့ယူပြီး မင်းအဖေရဲ့လုပ်ငန်းကိုပဲ ကူညီစမ်းပါတော့ကွာ"

"မလုပ်ဘူး! ကျွန်တော် ကျောင်းပြီးတဲ့ထိ ဆက်တက်မှာ!!"

ပြတ်ပြတ်သားသား အငြင်းခံရပြီးနောက် မစ္စတာKimလည်း ဆယ်နှစ်လောက်အိုစာသွားသလို ခံစားသွားရတော့တယ်။

ငယ်ငယ်ကတည်းက ဘယ်သူကများJi Woong နဲ့ တူတူပြိုင်လို့ရဖူးလို့လဲ....
သူမလုပ်ချင်ဘူးဆို...မိုးမီးလောင်သွားလဲ သူကထလုပ်မဲ့လူမျိုးမဟုတ်ဘူး။Kim Ji Woong က သူ့ဆုံးဖြတ်ချက်ကို ဘယ်တော့မှ ပြင်မှာမဟုတ်သလို ဂရုတောင်စိုက်မှာမဟုတ်ချေ ။။။

တစ်ကယ်တော့ အရူးလေးJi Woong ရဲ့အတွေးတွေက လွန်စွာမှ ရိုးစင်းလွန်းလှပါတယ်......

သူက ကျောင်းကိုပြီးအောင်တက်ချင်တယ်။
အဓိက က Shen Quan Rui ဆိုတဲ့လူသားကြောင့်ဖြစ်ပြီး...သူ့ဘက်ကနေ ဒီထပ်ပိုပြီး ကောင်းမွန်နွေးထွေးတဲ့အခိုက်အတန့်လေးတွေကို ဖန်တီးချင်ရုံလေးပါပဲ...။သူ့ရဲ့အချစ်တွေကို Ricky Shen သိအောင် ဖွင့်ပြောမယ်။အကယ်၍များ..ရေခဲတုံးလေးက သူ့ကိုငြင်းဆန်ခဲ့ရင်တောင်...မရရအောင် လိုက်ပိုးဖို့ ဆုံးဖြတ်ထားပြီးသား။

ဘဲပေါက်ကို...သူချစ်တယ်..
အဲ့ဒီ့လိုဆို...ပိုင်ဆိုင်နိုင်ဖို့ ရတဲ့နည်းနဲ့ သူကြိုးစားရမှာပေါ့လေ...

ထိုသို့တွေးနေမိပြီးနောက် သတိမထားမိစွာ Ji Woong အပြုံးကြီးမှာ ဖုံးဖိမရစွာပေါ်လာတော့သည်။

"ဒီကမ္ဘာပေါ်မှာ အလုပ်လုပ်နေရင်း ပျော်နေတဲ့ လူသားလည်း ရှိတာပဲလား!?"

ဘေးနားကနေ မီနာ့အသံကြားတော့မှ Ji Woong အခုLaptop screen ကိုသာ ပြုံးပြုံးကြီးကြည့်နေမှန်း သူ့ကိုယ်သူသတိထားမိသွားတော့တယ်...

"ကိုယ့်အလုပ်ကိုသာလုပ်စမ်းပါ။နင် ဘာမှမသိပဲနဲ့..."

"အံမယ်...ဘယ်သူပြောလဲ! ငါလည်းငယ်ရာကနေကြီးလာတာပါဟဲ့!! မှန်းစမ်း....ဘယ်က ကောင်မလေးလဲ? ကျောင်းကပဲလား?? တွဲနေကြပြီလား??"

တော်သေးသည်။အခုချိန်မှာ အလုပ်ခန်းထဲ သူတို့နှစ်ယောက်ပဲ ရှိနေလို့..။

Ji Woong မကြားချင်ယောင်ဆောင်လိုက်ပြီး အလုပ်ထဲ၌သာ ပြန်စိတ်နှစ်ထားလိုက်တော့သည်။ဘယ်နှစ်ရက်လောက်ကြာအောင်ဒီအလုပ်တွေ လုပ်နေရအုန်းမှာလဲကွာ!!

နှစ်ရက်လောက်ဇက်တိုက် လုပ်ပြီးနောက် Ji Woong ဖင်တကြွကြွဖြစ်လာသည်။

လေးရက်မြောက်နေ့မှာတော့ သူမနေနိုင်တော့ပေ....။ Shen Quan Rui အား သူအင်မတန်မှ ဖုန်းခေါ်ချင်လာတော့သည်။သူ့အသံမကြားရရင်သေတော့မဲ့လူနာတစ်ယောက်လိုမျိုး ရုတ်ချင်းပင် လွမ်းလာပါ၏။သို့သော် ထိုကဲ့သိုသာ အတည်သာဆိုလျှင် သူသေသွားလောက်ပြီဖြစ်သည်။အဘယ်ကြောင့်ဆိုသော် Shen Quan Rui ရဲ့ ဖုန်းနံပါတ် သူ့မှာ မရှိချေ..

မရှိဘူး..တစ်ကယ်ကြီး မရှိဘူးဟ!

အရင်ဖုန်းအဟောင်းက သူ့ကြောင့် ပျက်သွားပြီဖြစ်ပြီး နောက်ထပ်အလုပ်ဖုန်းနံပါတ်ကိုတော့ Ji Woong မမှတ်ထားမိပေ....။

လူချင်းတွေ့နေရပြီး တစ်ခါမှဒီလိုမျိုး မခွဲရတာမို့ သူတောင်းထားဖို့လည်း သတိမရ‌ခဲ့....နောက်ပြီးတော့ အဲ့ဒီ့အချိန်တွေတုန်းက သူ့ရဲ့အသိစိတ် သုံးပုံတစ်ပုံလောက်က မုန်းနေခဲ့တာမှတ်လား....။

KIm Ji Woong မင်းတော်တော်အချိန်တွေ ဖြုန်းခဲ့တာပါလား!!

ထိုမှဖြင့် တစ်ပတ်မြောက်တဲ့နေ့မှာတော့ အလုပ်များကို အကုန်ရပ်လိုက်ကာ ကွန်ဒိုသို့ပျော်ရွှင်စွာပြန်ရန် သူတက်ကြွနေတော့သည်။

'တွေ့တော့မှလေ...ဘာမှပြောပဲ မင်းကိုကြာကြီးဖက်ထားအုန်းမယ်'

ထိုသို့တွေးကာ Ji Woong ပြုံးလိုက်ပြီးနောက် Ricky ကြိုက်တတ်သော ကျောင်းနားက ဖက်ထုပ်ဆိုင်မှ ဖက်ထုပ်များကိုဝယ်ရန်လည်းသူမမေ့ခဲ့ချေ။

အဆင်သင့်ဖြစ်အောင် မနက်ကတည်းကသူစောင့်နေမှာဖြစ်ပြီး အခုကမနက်10နာရီကိုညွှန်ပြနေ၏။

တစ်နေကုန် ဖက်ထုပ်ကြော်တွေကိုစားလို့ရအောင် အများကြီးဝယ်သွားရမယ်....။ဘဲပေါက်က ဒီဆိုင်က ဖက်ထုပ်ကို အမြဲတမ်းစားတတ်တယ်လေ...။
သူတို့နှစ်ယောက်စလုံး ပြန်နွှေးပြီးတော့ ညနေအထိစားလို့ရတယ်။

ပုဇွန်နဲ့အသားများကိုနုတ်နုတ်စင်းကာ မုန့်သားထဲသို့ဌာပနာပြုပြီး ကြွပ်နေအောင်ကြော်ထားသော ဖက်ထုပ် များမှာ စားချင်စရာကောင်းလှသည်။

ဆိုင်အတွင်းဧည့်သည်ဟူ၍ သိပ်မတွေ့ရပဲ ဆိုင်ရှင်ဦးလေးကြီးကသာ ဖက်ထုပ်များကို မီးရဲရဲဖြင့် ကြော်နေလေ၏။

"ဦးလေး ကျွန်တော့်ကို ဖက်ထုပ်၁၀ပွဲလောက် ပါဆယ်ထုပ်ပေးပါဗျ"

"အိုးကောင်းပါပြီ...ခဏလေးတော့စောင့်နော်။ဦးလေး ခုချက်ချင်းထုပ်ပေးမယ်"

"ဟုတ်ကဲ့"

တွေ့တဲ့နေရာ၌ သူဝင်ထိုင်လိုက်ရင်း...ပါဆယ်ထုပ်နေသည်ကိုသာ စောင့်နေလိုက်သည်။ဘာမှလုပ်စရာမရှိတာမို့...အားလပ်နေတဲ့စိတ်က သူ့အနောက်၌ ဖွင့်ထားသော တီဗွီထဲမှ အသံများထံသို့ ရောက်ရှိသွားတော့သည်။

""ဟုတ်ကဲ့ပါခင်ဗျား...အခုချိန်က မတည်ငြိမ်သေးတာမို့ တစ်ဖက်မှာလည်း Fanတွေကို လေဆိပ်တာဝန်ရှိသူတွေက ထိန်းထားပေးနေရပါတယ်...ပြင်သစ်သွားမဲ့ခရီးစဉ် schedule ပေါက်ကြားသွားပင်မဲ့ အခုထက်ထိတော့ Shenမိသားစုဘက်ကလူတွေကို မတွေ့ရသေးပါဘူး""

မသိစိတ်အလျောက် Ji Woong လှည့်ကြည့်လိုက်တော့ ဆူညံ‌စွာအော်ဟစ်နေကြသော မိန်းကလေးတစ်ချို့ကို ကင်မရာက ရိုက်ပြထားသည်အား တွေ့လိုက်ရသည်။

""model Ricky Shen က Shen မိသားစုရဲ့ တရားဝင်ကလေးတစ်ယောက်ဖြစ်ကြောင်းကြေညာပြီးတဲ့နောက်မှာ အနုပညာလောကထဲက အပြီးပိုင်ထွက်သွားတော့မှာဖြစ်ပါတယ်။အခုပြင်သစ်က မိသားစုပိုင် ကုမ္ပဏီခွဲကို ဦးစီးဖို့ ဒီနိုင်ငံကနေ ထွက်သွားတော့မှာပင်မဲ့ လေယာဉ်ချိန် schedule ပေါက်ကြားခြင်းကြောင့် သူ့Fanတစ်ချို့ကတော့ လေဆိပ်မှာ အခုချိန်ထိ စောင့်ဆိုင်းနေကြဆဲပါခင်ဗျာ.... Ricky နဲ့Shenမိသားစုဝင်တွေကိုတော့အခုထိ မတွေ့ရသေးပါဘူး""

မိမိမြင်နေရသည်များကို မယုံနိုင်စွာ Ji Woong ကြောင်ကြည့်နေမိသည်။ ။

မဖြစ်နိုင်တာ!!!

-TBC-
အပိုင်း10ပါ တစ်ခါတည်းအပ်ပေးမယ်နော်


! ZAWGYI!

(Love is like a small lamp... it gives warmth as well as burning)

"ခင္ဗ်ားကတစ္ကယ္ပဲ ဘာျဖစ္ေစခ်င္ေနတာလဲ!!"

Ricky မ်က္ဝန္းမ်ားက ေဒါသေၾကာင့္ နီရဲေနသည္။လက္သီးအား က်စ္က်စ္ပါေအာင္စုပ္ထားရင္း သူ႕အေမေရွ႕သို႔ရပ္လိုက္ၿပီး ထိုလူအား ေမာ္ၾကည့္လိုက္၏။

Rickyဧာ္စူးရဲေနေသာ မ်က္ဝန္းမ်ားအား ဟက္ခနဲေလွာင္ရယ္ၿပီးေနာက္ ထိုလူဟာ အိမ္ထဲသို႔ တစ္လွမ္းခ်င္းဝင္လာခဲ့ျပန္သည္။ထို႔ေနာက္ ဧည့္ခန္းရွိ ဆိုဖာေပၚ၌ အက်အန ေျခခ်ိတ္ထိုင္လိုက္ၿပီး...

"မင္းအေမကို မသနားဘူးလား... Ricky Shen။ဒီနိုင္ငံမွာ ဒီေရာဂါကို ေပ်ာက္ေအာင္မကုေပးနိုင္တာ မင္းလည္းသိေနတာပဲ။လိမ္လိမ္မာမာနဲ႕ ျပင္သစ္ကိုထြက္သြားစမ္းပါ ဟုတ္ၿပီလား?"

"ဒီလိုေတြေျပာေနရေအာင္...ဥကၠဌShenက ကြၽန္ေတာ္နဲ႕မားကို ဘယ္တုန္းကမ်ား တစ္ခ်က္လွည့္ၾကည့္ခဲ့ေပးခဲ့ဖူးလို႔လဲ? လူ႕ေလာကထဲကြၽန္ေတာ္မေရာက္လာခင္ကတည္းက ကိုယ္ဝန္လြယ္ထားရတဲ့မားကို ခင္ဗ်ားပဲ ထားပစ္ခဲ့တာမဟုတ္ဘူးလား!!!! ေက်ာင္းစရိတ္ေထာက္ပံ့ေပးတာကလြဲၿပီး.....ခင္ဗ်ားဘယ္ေနရာမွာ အေဖတစ္ေယာက္တာဝန္ေက်ပြန္ခဲ့ဖူးလို႔လဲ!!!
အဲ့ဒီ့ေန႕တုန္းက ဘာလို႔ ကြၽန္ေတာ္တို႔ သားအမိႏွစ္ေယာက္ကို ပစ္ခ်ထားခဲ့တာလဲ!!!!..."

တိတ္ဆိတ္ေနေသာ အိမ္ကေလးသည္ ႐ုတ္ခ်င္းပင္ ဆူညံကာ တုန္လႈပ္ဖြယ္ရာျဖစ္သြားေတာ့ သည္ ။ ေလထုထဲ၌ ေသြးနံ႕မ်ား၊ယမ္းနံ႕စိမ္းမ်ား ရေတာ့မလိုပင္...ေယာက်ာ္းသားႏွစ္ေယာက္၏ ေဒါသတရားသည္ ေလထဲ၌လြန႔္လူးကာ ၿပိဳင္ဆိုင္ေနၾက၏....။မည္သူတစ္ဦးတစ္ေယာက္မွ် အေလွ်ာ့ေပးမည့္ပုံမေပၚသည့္အျပင္ ႏွစ္ကာလရွည္ၾကာစြာရွိေနေသာ အမုန္းတရားမ်ားကလည္း မွန္းဆ၍ပင္မရနိုင္ေအာင္ မ်ားျပားလွပါသည္။

"ေကာင္းၿပီေလ Ricky Shen...မင္းအေပၚမွာ ဖခင္တာဝန္မေက်ပြန္ခဲ့ဘူးဆိုရင္ေတာင္ မင္းရဲ႕ပညာေရးကို ငါကပဲေထာက္ပံ့ေပးခဲ့တာေလ။အဲ့ေတာ့...မင္းအေပၚမွာ ငါ့ရဲ႕ေက်းဇူးေတြရွိတာ မင္းျငင္းဖို႔မႀကိဳးစားနဲ႕!! မင္းလုပ္ရမွာ အဖိုးႀကီးရဲ႕အေမြေတြကိုငါ့ဆီယူလာၿပီး ျပင္သစ္မွာ မင္းအေမကို ေဆးသြားကုရမွာပဲ....ျပင္သစ္က ငါ့ကုမၸဏီရွယ္ယာအကုန္လုံးကိုလဲ မင္းကို အေမြအျဖစ္ေပးမယ္။လုပ္ငန္းေတြအားလုံးနဲ႕ မင္းသြားဖို႔ကိုလဲ ငါစီစဥ္ၿပီးၿပီ...မင္း ဒီတစ္ပတ္အတြင္း သြားကိုသြားရမယ္!"
.
.
"အားးး!!!!ထြက္သြား!!! ထြက္သြားၾကစမ္းပါ မလာနဲ႕!!!! သြား!!!"

အလယ္၌ရွိေနေသာ Rickyအေမက ေခါင္းကို လက္ႏွစ္ဖက္ျဖင့္အုပ္ထားရင္း ထိုင္ခ်ကာ ၾကမ္းျပင္ေပၚ၌ စူးစူးဝါးဝါး ေအာ္ဟစ္ေတာ့ သည္။

သူမၾကည့္ရတာ သာမာန္အေျခေနႏွင့္မတူ။ တစ္စုံတစ္ခုအား ေၾကာက္လန႔္ေနပုံေပၚၿပီး ေလာေလာလတ္လတ္က ျဖစ္ထားေသာ ျပႆနာေတြေၾကာင့္ စိတ္ကစားကလ်ား ခ်က္ခ်င္းျဖစ္လာပုံပင္....

သူမ၏ ေရာဂါက ခ်က္ခ်င္း ထေဖာက္လာေခ်ၿပီ။

နာက်င္စြာ ေအာ္ဟစ္ငိုယိုေနေသာ သူ႕မိခင္အား Rickyမၾကည့္ရက္နိုင္စြာ ခ်က္ခ်င္း ေပြ႕ထူထားမိသည္။

"မား....ဘာမွမျဖစ္ဘူးေလ...စိတ္ထိန္းပါအုန္း....ကြၽန္ေတာ္ပါ..မား..ကြၽန္ေတာ့္ကို ၾကည့္ပါအုန္း...."

အသိစိတ္မဝင္ေသာ သူ႕အေမက သူ႕အား ျငင္းဆန္ကာ အတင္း႐ုန္းေလ၏။လက္သည္းရွည္မ်ားျဖင့္ သူ႕အသားထဲနစ္ဝင္ေအာင္ ကုတ္ျခစ္လာသည့္တိုင္..Rickyနာသည္ဟု မခံစားမိေတာ့ေခ်။သူသာ လႊတ္ေပးလိုက္လွ်င္...သူ႕အေမက ဘာေတြလုပ္မိမယ္ဆိုတာ Ricky မသိဘူး။သူက ဆြဲထားနိုင္သေလာက္ သူမကိုဆြဲထားမွာ...

အဲ့ဒီ့လူ...သူ႕ဘဝမွာအမုန္းဆုံးလူတစ္ေယာက္ 'လုပ္သလိုမ်ိဳး'...ဘယ္ေတာ့မွ ပစ္ခ်ထားခဲ့မွာမဟုတ္ဘူး.....

"မင္းအေမကို ပင္မအိမ္ႀကီးမွာပဲ အခုေလာေလာဆယ္ထားလို႔ရတယ္။အဲ့ဒီ့မွာ မိသားစုဆရာဝန္နဲ႕ nurse ေတြကိုလဲ အနီးကပ္ျပဳစုဖို႔ ငါစီစဥ္ၿပီးၿပီ..."

"က်ဳပ္အေမက ခင္ဗ်ားဂ႐ုစိုက္မႈကို မလိုအပ္ဘူး!!! မားကို ကြၽန္ေတာ္ကိုယ္တိုင္ ရေအာင္ကုမယ္....."

အခုခ်ိန္မွာေတာ့ မဒမ္Qiက Ricky ရင္ခြင္ထဲမွာ ရွိုက္ငိုရင္း ကေလးေလးတစ္ေယာက္လိုမ်ိဳး ေၾကာက္လန႔္တုန္ရီေနျပန္သည္။သူမေရာဂါဟာ အစိုးမရေခ်....႐ုတ္တရက္ အခ်ိန္ကာလတစ္ခု၊မွတ္ဉာဏ္တစ္ခုထဲ၌ပင္ ပိတ္မိေနတတ္ၿပီး တစ္ခါတစ္ေလ ေလာကႀကီးကိုပါ ေမ့ေလ်ာ့သြားတတ္ျပန္သည္။အယ္ဇိုင္းမားေရာဂါက အသက္အႏၱရာယ္ကို ထိခိုက္ေစသလားဆိုရင္....ေမ့ေလ်ာ့သြားတဲ့ေရာဂါလကၡဏာေၾကာင့္ပဲ မျမင္နိုင္တဲ့အႏၱရာယ္ေတြမ်ားစြာျဖစ္လာနိုင္ပါတယ္....။လူနာေဘးမွာေနၿပီး အၿမဲတမ္း အဲ့လူနာကိုေစာင့္ေရွာက္ေပးေနရမွာျဖစ္ၿပီး....အကယ္၍ ေရာဂါထေဖာက္လာရင္လည္း ျပန္တည္ၿငိမ္ေစဖို႔ရာ လြန္စြာမွခက္လွေပသည္။

"မင္းကအခုမွ 21ႏွစ္အ႐ြယ္ တကၠသိုလ္ေက်ာင္းသားတစ္ေယာက္ပဲရွိေသးတယ္...စာေတြနဲ႕ ေနာက္ၿပီး မင္းရဲ႕အႏုပညာအလုပ္ေတြနဲ႕ မင္းအေမကို ဘယ္လိုမ်ား ျပဳစုေစာင့္ေရွာက္ဖို႔ေတြးေနတာလဲ?? မင္းက မင္းအေမကိုပါ ေသေစခ်င္ေနတာလား Ricky Shen??"

ေငးငိုင္မႈေတြၾကား မ်က္ႏွာေပၚ ေရစက္တစ္စက္ လ်ပ္တျပတ္ျပဳတ္က်လာသလို...ထိုစကားတစ္ခြန္းက Ricky ကို ေအးခဲသြားေစခဲ့သည္။

တစ္ၿပိဳင္နက္တည္း အိမ္ထဲသို႔ လူႏွစ္ေယာက္ဝင္လာၿပီး ဥကၠဌShen ေနာက္၌ ရပ္လိုက္ၾက၏။ Rickyနားမလည္စြာၾကည့္လိုက္ၿပီးေနာက္...ခ်က္ခ်င္း ထိုလူႏွစ္ေယာက္ကို တစ္စုံတစ္ခု အမိန႔္ေပးသလို သူ႕အေဖေခါင္းျငႇိမ့္ျပတာ ျမင္လိုက္ရျပန္သည္။

လူစိမ္းႏွစ္ေယာက္က သူတို႔သားအမိႏွစ္ေယာက္အား ခြဲလိုက္ၿပီးေနာက္...သူ႕အေမကို သူ႕လက္ထဲမွ အတင္းအက်ပ္ ေခၚထုတ္သြားေတာ့သည္။

"ခင္ဗ်ားတို႔...ဘာလုပ္တာလဲ!!!!!"

"စိတ္မပူပါနဲ႕ မင္းအေမကို ပင္မအိမ္ေတာ္ႀကီးဆီ ေခၚသြား႐ုံေလးပဲ....ဒါပင္မဲ့ မင္းကေတာ့ ငါနဲ႕ အဖိုးႀကီးဆီ အခု လိုက္ခဲ့ရမယ္"

"....."

"မင္းအဖိုးက...မင္းကို ေတြ႕ခ်င္ေနတယ္ Shen Quan Rui "

သူ႕နာမည္အရင္းအား ဖခင္ျဖစ္သူကေခၚလိုက္ၿပီးေနာက္ Ricky တစ္ကိုယ္လုံး ကိုင္ရိုက္ခံထားရသကဲ့သို႔ ႏႈံးခ်ိစြာ အ႐ုပ္ကေလးႏွယ္ ေဖ်ာ့ေတာ့သြားေတာ့သည္.......။

----------
အနက္ေရာင္ Mercedes AMG ကားေလးသည္ ရႈပ္ေထြးလွပါေသာ ကားတန္းရွည္ႀကီးႏွင့္အၿပိဳင္ လိုရာခရီးသိုလွ်င္ျမန္စြာေမာင္းႏွင္ေန၏။

ကားေပၚ၌ ၿငိမ္သက္စြာထိုင္ေနေသာ Rickyက ညာဘက္လက္၌ရွိေသာ နာရီေလးကိုသာ ခပ္ဖြဖြပြတ္သပ္ေနမိတယ္....။

မားက.. Alzheimer ေရာဂါကို ခံစားေနရတယ္တဲ့....ဒီေရာဂါကို ဒီနိုင္ငံမွာ ေပ်ာက္ေအာင္လို႔ကုသလို႔မရဘူးဆိုတာ သိပါတယ္...

Ji Woong....မင္း ငါ့ကို ၾကည့္ပါအုန္း...ငါ့ဘဝေလွ်ာက္ရမဲ့လမ္းရဲ႕ တစ္ဆစ္ခ်ိဳးကိုေရာက္ေနၿပီထင္တယ္...

ဒါက မင္းကိုခ်စ္တဲ့ငါ့ရဲ႕ႏွလုံးသားနဲ႕ ရင္းရလိမ့္မယ္..

အခ်စ္တစ္ခုအတြက္နဲ႕ ဒီအရာေတြကို အလဲထပ္လုပ္ပစ္ရေအာင္ ငါ့မွာလည္း ပိုင္ဆိုင္တဲ့အရာ ဘာမွမွမရွိဘဲ။

Ji Woong....Ji Woong မင္းကိုစေတြ႕ခဲ့တဲ့အ႐ြယ္ကေနစၿပီး ငါ့ဘဝရဲ႕ 21ႏွစ္လုံးလုံး မင္းတစ္ေယာက္ထဲကိုပဲ ခ်စ္ခဲ့တယ္....။

အကယ္၍မ်ား ငါ့ခံစားခ်က္ေတြကို မင္းရွာေတြ႕သြားတဲ့အခါ ႐ြံမုန္းၿပီးငါ့ဆီကထြက္သြားေလမလားလို႔ အႀကိမ္ႀကိမ္ေတြးရင္ ငါ့ကမၻာေတြပ်က္ခဲ့ရတာ မင္းသိသလား....

ဒီ႐ူးမိုက္တဲ့အခ်စ္...ေနာက္ၿပီး..ငါခ်စ္ရတဲ့မင္း ငါ့ကို မမုန္းေစဖို႔အတြက္ ငါ့ႏွလုံးသားကို ငါကိုယ္တိုင္ စြန႔္လႊတ္ရေတာ့မယ္ထင္ပါတယ္။ ။

ေတာင္းပန္ပါတယ္။ငါမင္းကိုခ်စ္တယ္.....ငါ့မွာ ဒီလိုလုပ္႐ုံကလြဲၿပီး ေ႐ြးခ်ယ္စရာမရွိေတာ့ဘူး...Kim Ji Woong..

ငါ့ဘဝမွာ မင္းကိုခ်စ္ခဲ့လို႔ ေနာင္တရစရာဘာမွမရွိသလို...တိုးတက္လာတဲ့ ငါတို႔ႏွစ္ေယာက္ၾကားက ခင္မင္မႈအခ်ိဳ႕ကိုလဲ ငါေက်နပ္ခဲ့ရပါတယ္။

ေရာင့္ရဲတင္းတိမ္မႈဟာ...မရပ္တန့္နိုင္တာမို႔ ဘယ္အခ်ိန္ဘယ္ခါမွာ ငါ့ဘက္ကေန ဒီစည္းကို ေဖာက္ဖ်က္မိမယ္မသိဘူး။

ငါမင္းကိုခ်စ္ခဲ့ရတဲ့ဆယ္ႏွစ္ေက်ာ္ကာလကို ငါရခဲ့တဲ့ႏြေးေထြးမႈအပိုင္းျခား ကာလေလးနဲ႕ပဲ ေက်နပ္ပါ့မယ္။

ဒါကမင္းဘဝထဲကေနထြက္သြားၿပီး....ငါ့ဘဝထဲကေန မင္းကိုဆြဲထုတ္နိုင္ဖို႔ေျခလွမ္းအစ။ ။

မားရဲ႕ ေရာဂါေၾကာင့္ မင္းရဲ႕အေဝးတစ္ေနရာမွာေနထိုင္ရင္း....မင္းကိုေမ့ပစ္ဖို႔ႀကိဳးစားမွာပါ...

မင္းသိတယ္မွတ္လား....ငါက ဟိုးငယ္ငယ္ေလးကတည္းက အသည္းမာခဲ့တယ္ဆိုတာ။

ငါ့ဘဝမွာ...တစ္စုံတစ္ခုကိုသေဘာက်မိရင္...ကိုယ္တိုင္ပဲ စြန႔္လႊတ္တတ္ဖို႔ ငယ္ငယ္ကတည္းက သင္ယူခဲ့ရတယ္။ ။ ။
.
.
.
"စံအိမ္ထဲ ေရာက္ပါၿပီခင္ဗ်ာ"

ဒရိုင္ဘာက ကားအား အိမ္ဝန္းႀကီးထဲသို႔ ေမာင္းဝင္သြားၿပီး ပါကင္ထိုးလိုက္သည္။စုစုေပါင္း သူတို႔ကားအပါအဝင္ ကားငါးစီးရပ္ထားၿပီး..ၾကည့္ရတာေတာ့ ေနာက္ထက္ဧည့္သည္ေရာက္ေနေသးတဲ့ပုံပင္....

ဥကၠဌShenက ကားနံပါတ္အားတစ္ခ်က္ၾကည့္လိုက္ၿပီး မ်က္ခုံးတို႔တြန႔္ခ်ိဳးကာ မ်က္မွန္ကိုင္းအား အေပၚပင့္တင္လိုက္၏။

"ၾကည့္ရတာ Min Jooေရာက္ေနတာထင္တယ္....အဟြန္း ဇြဲေကာင္းခ်င္ေယာင္ေဆာင္ၿပီး လက္ဦးမႈရယူခ်င္ေနတာပဲ..ကြၽတ္ ကြၽတ္"

"....."

ထို႔ေနာက္ ဥကၠဌShenက Ricky ဘက္လွည့္လာၿပီး...

"အဲ့တာ မင္းရဲ႕ ဒုတိယဦးေလးပဲ...ပထမဦးဆုံး မင္း သတိထားရမဲ့လူ...သူက မင္းရမဲ့ အဖိုးႀကီးအေမြေတြကိုလုယူဖို႔ ႀကိဳးစားေနတာေလ"

တစ္ကယ္ေတာ့ အဲ့အေမြေတြက လူၾကားေကာင္းေအာင္ Ricky ပိုင္ဆိုင္မွာလို႔ေျပာေနပင္မဲ့...တစ္ကယ္တမ္းၾကေတာ့ ဥကၠဌShenလက္ေအာက္မွာရွိတဲ့ လုပ္ငန္းစုႀကီးရဲ႕ ရွယ္ယာေတြသာျဖစ္သည္။
ဒီရွယ္ယာေတြကို အဖိုးႀကီးဆီက Rickyရလည္း သူဘာမွလုပ္လို႔ရမွာမဟုတ္ဘူး....အကုန္လုံးက သူ႕အေဖရဲ႕ရွယ္ယာပိုင္ဆိုင္မႈထဲအလိုအေလ်ာက္ေရာက္မွာျဖစ္ၿပီး ထိုရွယ္ယာေတြကသာ သူ႕အေဖရာထူးကိုၿမဲေအာင္လုပ္ေပးနိုင္မွာျဖစ္တယ္။

ယခုလက္ရွိ ရွယ္ယာအမ်ားႀကီးျဖစ္တဲ့ သူ႕အေဖက ဥကၠဌျဖစ္ေနၿပီး အကယ္၍ Ricky က ရွယ္ယာမရခဲ့ရင္ သူ႕ေနရာက ျပဳတ္သြားမွာျဖစ္ၿပီး ပိုင္ဆိုင္မႈေတြအကုန္လုံးကို ဒုတိယဦးေလးMin Jooလက္ထဲ လႊဲေျပာင္းေပးရမွာျဖစ္သည္။

Ricky အေဖက ကုမၸဏီရဲ႕ ရွယ္ယာ30%ကိုပိုင္ဆိုင္ထားၿပီး ဒုတိယဦးေလးMin Jooက 25%တတိယေျမာက္ေဒၚေလးHanက 25%ျဖင့္ အသီးသီးပိုင္ဆိုင္ၾကသည္။သူတို႔သုံးေယာက္ေပါင္းရွယ္ယာေတြက 80%ျဖစ္ၿပီး က်န္တဲ့ 20%ကိုေတာ့ အဖိုးႀကီးShenက ပိုင္ဆိုင္၏။

အခုအဖိုးႀကီးက သူ႕လက္ထဲက ရွယ္ယာ20%ကိုပါ ေျမးေတြကိုအသီးသီးခြဲေပးခ်င္ေနတယ္....။
အသက္အႀကီးဆုံးေျမးကိုေတာ့ 10%ေပးမွာျဖစ္ၿပီး...က်န္တဲ့ေျမးႏွစ္ေယာက္ကိုေတာ့5%ဆီ ေပးမွာျဖစ္တယ္...။

တရားဝင္ေျမးေတြထဲ ဒုတိယဦးေလးရဲ႕သားက 19ႏွစ္ျဖစ္ၿပီး အႀကီးဆုံးျဖစ္တဲ့အတြက္ေၾကာင့္ သူသာ 10%ကိုရလိုက္မယ္ဆိုရင္...ဥကၠဌShenက ရာထူးကေနဆင္းေပးရမွာပင္....။ထို႔ေၾကာင့္မို႔ ေသေသရွင္ရွင္ လွည့္မၾကည့္ခဲ့ေသာ Ricky အား လိုအပ္လာၿပီး အေမြအတြက္ တိုက္ခိုက္ေစခ်င္ေနသည္။

Ricky Shenက Shenမိသားစုရဲ႕ တရားမဝင္ကေလးျဖစ္ပင္မဲ့ ဥကၠဌShenရဲ႕ ေသြးသားအရင္းပင္ျဖစ္ေနေသးသည္။ေနာက္ၿပီး အဖိုးႀကီးက Rickyအေပၚတြင္လည္း ပစ္ပစ္ခါခါမရွိေခ်။ ။
ထို႔ေၾကာင့္ဥကၠဌShenမွာ Ricky ျဖင့္ ျမႇားၿပီး သူ႕အစာအား လုရန္ႀကိဳးစားေလေတာ့သည္။

"မင္းတို႔....ေရာက္လာၾကၿပီလား"

အဖိုးႀကီးက မိေက်ာင္းသားျဖင့္ျပဳလုပ္ထားေသာ ဇိမ္ခံဆိုဖာႀကီးေပၚတြင္ ေျခခ်ိတ္ထိုင္ေနၿပီး...လက္ရန္းေဘးတြင္ေတာ့ သူ႕လက္စြဲေတာ္ တုတ္ေကာက္အား ခ်ထားေပသည္။

သူတို႔ေတြဝင္လာေတာ့ ဒုတိယဦးေလးMin Jooက ဆိုဖာေပၚက ထႏွင့္ၿပီးျဖစ္ကာ...အဖိုးႀကီးအား ျပန္ဖို႔အတြက္ ႏႈတ္ဆက္ေနၿပီးခ်ိန္ျဖစ္သည္။ဒုတိယဦးေလးႏွင့္ Ricky အေဖၾကား အျပင္ကၾကည့္တဲ့သူေတြအျမင္မွာေတာ့ ၾကည့္ေကာင္းသင့္ျမတ္ၾကတဲ့ညီအကိုေကာင္းေတြဟုထင္ရကာ တစ္ကယ္တမ္းတြင္ေတာ့ အတြင္း၌ ေလာက္တြယ္ေနေသာ ပန္းသီးတစ္လုံးလိုမ်ိဳး ပုတ္သိုးကာလႊင့္ပစ္ရမည့္ ဆက္ဆံေရးသာျဖစ္သည္။

Min Jooက Ricky Shen ကိုျမင္လိုက္တာနဲ႕ မ်က္ႏွာထက္ အထင္ေသးျခင္း၊႐ြံရွာျခင္းစေသာ အမူအရာမွာ ဖုံးဖိ၍ပင္မရေတာ့ပဲ လူတစ္ေယာက္ကို အၾကည့္ျဖင့္ ႏွိမ္ေနသလိုမ်ိဳးပင္..

"ဟမ့္! တရားမဝင္ေျမးက အိမ္ေတာ္ထဲထိေတာင္ ေျခခ်ရဲေနၿပီေပါ့?"

ထိုစကားၾကားတဲ့အခါ အရင္ဦးဆုံးတုံ႕ျပန္သူမွာ အဖိုးႀကီးပင္ျဖစ္ၿပီး သူ႕ေဘးနားက တုတ္ေကာက္ကိုကိုင္ကာ ေျမေပၚသို႔ အားျဖင့္ ေစာင့္ခ်လိဳက္လွ်က္...

"သူ႕ကို ငါေခၚလိုက္တာ...မင္းမွာ မေက်နပ္စရာ ဘာမ်ားရွိေနလို႔လဲ? Shen Min Joo..."

"အေဖက ဘာလို႔ ဒီလို တရားမဝင္ကေလးတစ္ေယာက္နဲ႕ အဆင္ေျပခ်င္ေနရတာလဲ?သူက မ်ိဳးမစစ္တစ္ေယာက္ပဲကိုဗ်ာ..."

"Shen Min Joo!!!! မင္း!! မင္း ခုခ်က္ခ်င္းထြက္သြားစမ္း!! Shen Quan Rui မွာလဲ ငါ့သားေသြးတစ္ဝက္ပါတယ္။ဒီအိမ္ေတာ္ရဲ႕ကေလးပဲ!...Rickyက မင္းရဲ႕တူကြ!!"

သူ႕အေဖတစ္ေယာက္လုံးကပါ ထိုေကာင္ေလးဘက္ပါေနေလေတာ့ Min Joo အင္မတန္ ေဒါသျဖစ္သြားၿပီး ျမႇားဦးသည္ Ricky ထံ၌သာ တစ္ခ်ိန္လုံးဦးတည္ေန၏။

"လမ္းေဘးျမက္ကမ်ား...ေတာ္ဝင္ပန္းျဖစ္ခ်င္ေနတယ္! ဟားး"

ထိုသို႔ေျပာလိုက္တဲ့အခါ ဥကၠဌShen က Min Joo အား စူးစိုက္ၾကည့္လိုက္ၿပီး ေရွ႕တစ္လွမ္းျခင္းတိုးသြားလိုက္ကာ လြန္စြာမွ ေအးေအးလူလူရွိသလိုပင္...

"မင္းေျပာသလိုဆို....တခ်ိဳ႕လူေတြကလည္း အႏူလက္နဲ႕ေ႐ႊခြက္ႏွိုက္ခ်င္ၾကတာပဲေလ...မဟုတ္ဘူးလား? ညီေလး Shen Min Joo...."

ထိုလူ႕ပခုံးအား လြန္စြာမွ ခ်ိဳးႏွိမ္တတ္တဲ့ အကိုႀကီးတစ္ေယာက္လိုမ်ိဳး ပုတ္လိုက္ၿပီးေနာက္ ခပ္ဖြဖြရယ္လိုက္ေသးသည္။ထိုအရာကား... တစ္ကယ္တမ္းတြင္ေတာ့ ေလွာင္ၿပဳံးမွ်သာ ျဖစ္၏။

"ေတာက္ခ္!!!"

ထိုလူဟာ မည္သို႔မွ် လုပ္ပိုင္ခြင့္မရွိေလေသာေၾကာင့္ ခပ္ျပင္းျပင္းေတာက္ခ္တစ္ခ်က္ေခါက္ကာ ထြက္သြားေလေတာ့သည္။

ေလထုသည္ကား ေျပျပစ္ေခ်ာေမြ႕ေသာအေနအထားတြင္ မဟုတ္သည့္အေလ်ာက္ အဖိုးႀကီးကပဲ လူႀကီးတစ္ေယာက္ပီပီ ဘာမွမျဖစ္ခဲ့သလို Rickyကို ေပြ႕ဖက္လာခဲ့သည္။

ထိုခဏ ေနရာမွတင္ Ricky ေတာင့္ခဲသြားမိတယ္။

လူႀကီးတစ္ေယာက္၏ႏြေးေထြးေသာ အျပဳအမူကို သူအခုထိက်င့္သားမရေသးဘူး....

"မင္းကို Shenအိမ္ေတာ္က ႀကိဳဆိုပါတယ္ကြယ္။မင္းအေမအတြက္ ဖိုးဖိုးလည္း စိတ္မေကာင္းပါဘူး"

"ရပါတယ္ အန္ကယ္....ၿပီးေတာ့ ကြၽန္ေတာ္ Shenမိသားစုရဲ႕ကေလးတစ္ေယာက္အျဖစ္ မခံယူဝံ့ပါဘူး"

Rickyရဲ႕ ယဥ္ေက်းစြာ ျငင္းပယ္မႈကို ေဘး၌ရပ္ေနေသာ သူ႕အေဖကမ်က္ေမွာင္ႀကဳံ႕လိုက္ေသာ္လည္း အဖိုးႀကီးShenက ေဒါသမျဖစ္ပဲ အေရးေၾကာင္းမ်ားပို၍ထင္းသြားသည္အထိ ၿပဳံးလိုက္ပါ၏။

"ဖိုးဖိုးနားလည္ပါတယ္ကြယ္...ေျမးအေနရခက္ေနမယ္ဆိုတာ။ေနာက္တစ္ပတ္ေနရင္ ျပင္သစ္မွာရွိတဲ့လုပ္ငန္းကို မင္းသြားဦးစီးမယ္လို႔ မင္းအေဖကေျပာတယ္...ေက်ာင္းကိုလဲအဲ့မွာပဲဆက္တက္မွာေပါ့။တစ္ကယ္ဆို အဲ့ေလာက္ႀကီး ေလာစရာလဲ မလိုပါဘူး...အိုင္းး မင္းအေဖကေတာ့ တစ္ကယ္ပါပဲ"

Rickyရဲ႕အေတြးေတြအကုန္လုံးကေတာ့ သူ႕အေမကို ဒီေရာဂါကေနအျမန္ဆုံးေပ်ာက္ေအာင္ကုခ်င္တာပဲျဖစ္တယ္...။သူအေမြေတြရဖို႔လည္းစိတ္မဝင္စားသလို လုပ္ငန္းဦးစီးဖို႔အတြက္လည္း သူမစဥ္းစားပါေခ်။

" ဒါက မေလာလို႔မျဖစ္ဘူး အေဖ။တစ္ကယ္ေတာ့ ကြၽန္ေတာ့္လုပ္ငန္းကိစၥထက္...ပိုအေရးႀကီးတာက သူ႕အေမရဲ႕က်န္းမာေရးပါပဲ"

ၾကားကေန ရိုးသားျဖဴစင္ေသာ လူႀကီးလူေကာင္းတစ္ေယာက္လိုမ်ိဳး လက္သည္းမ်ားအား ဖြက္ထားသူမွာ ဥကၠဌShenပင္ျဖစ္သည္။

"အိုင္း ထားပါေတာ့ကြာ..Rickyနိုင္ငံျခားမသြားခင္ အဖိုးနဲ႕အတူတူ အခ်ိန္ျဖဳန္းေပးပါအုန္း ဟုတ္ၿပီလား....စာ႐ြက္စာတမ္းကိစၥတစ္ခ်ိဳ႕ကိုလည္း မင္းနဲ႕စကားေျပာမွရမွာေလ..."

"ဟုတ္ကဲ့...ကြၽန္ေတာ္နားလည္ပါၿပီ"

႐ုပ္ေသး႐ုပ္ေလးတစ္႐ုပ္လိုမ်ိဳး... Ricky ေခါင္းျငႇိမ့္ခဲ့ရသည္။

သူ႕အေဖလိုခ်င္ေနတာက သူရမဲ့ အေမြေတြျဖစ္ၿပီး... Ricky လိုခ်င္တာကေတာ့ သူ႕အေမေရာဂါေပ်ာက္ကင္းနိုင္ဖို႔ျဖစ္သည္။

အသက္အားျပင္းျပင္းရႉလိုက္ၿပီးေနာက္ မ်က္ဝန္းမ်ားအား စိတ္လိုလက္လ် ပိတ္ပစ္လိုက္၏။

သူ႕အေတြးထဲ ေနရာယူလာသည္က....Kim Ji Woong ရဲ႕ ပုံရိပ္မ်ားသာ....။

*****************************

Rickyအိမ္ကေန ထြက္လာၿပီးေတာ့..Ji Woong ေလဆိပ္ကိုခ်က္ခ်င္းသြားကာ သူ၏အမျဖစ္သူ ခြၽဲမီနာအားသြားႀကိဳရေလသည္။ခြၽဲမီနာက သူ႕ အမဝမ္းကြဲသာျဖစ္ၿပီး Ji Woong ထက္ငါးႏွစ္ႀကီးေလ၏။

နိုင္ငံျခားအေျခစိုက္ ကုမၸဏီခြဲအား ဦးစီးေနၿပီးေနာက္ ဒီနိုင္ငံကိုျပန္လာျဖစ္သည္မွာ တစ္ႏွစ္တစ္ေခါက္ေတာင္မျပည့္ေခ်။

သူမကရဲရင့္ထက္ျမက္ၿပီး အလုပ္နဲ႕ပတ္သက္လွ်င္ေယာက်ာ္းေလးနည္းတူ ရင္ေဘာင္တန္းနိုင္ေလာက္သည္အထိ ေတာ္ေသာ အမ်ိဳးသမီးတစ္ေယာက္ျဖစ္သည္။အခုလည္း ခရီးေဝးမွျပန္လာသည့္တိုင္ ပင္ပန္းႏြမ္းနယ္သည့္အရိပ္ေယာင္ သူမဆီမွာ မရွိ။

"ဘယ္လိုလဲ? မေတြ႕ရတာေတာင္ၾကာၿပီ...အဆင္ေျပရဲ႕လား"

"ငါ့ေမာင္ေလးေတာင္ ေတာ္ေတာ္အ႐ြယ္ေရာက္လာၿပီပဲ....နင္သိၿပီးသားမွတ္လား Ji Woongရယ္...အခုကုမၸဏီက ေတာ္ေတာ္ေလးကိုအေျခေနဆိုးေနတာ။ ေငြေၾကးပိုင္းမွာလည္း သိန္းငါးေထာင္ေလာက္ ကြာေနတယ္။ပိုဆိုးတာက ရင္းႏွီးျမႇုပ္နံသူေတြနဲ႕ ပါတနာကုမၸဏီေတြအခ်င္းခ်င္း ျပႆနာတက္ေနတာပဲ။အား..ဒီရက္ပိုင္း ေတာ္ေတာ္ပင္ပန္းတယ္။ေတာ္ေသးလို႔ေပါ့..ဦးေလးကယ္ေပလို႔"

သူမက သက္ျပင္းခ်လိဳက္သည့္ပုံစံျဖင့္ေျပာရင္း luggage အား Ji Woong ဆီသို႔ပစ္ေပးလိုက္သည္။ထို႔ေနာက္ အနက္ေရာင္ေနကာမ်က္မွန္အား ေကာက္တပ္လိုက္ၿပီး အနီေရာင္ေဒါက္ဖိနပ္ကို တဂြက္ဂြက္ျမည္ေအာင္စီးလွ်က္ အေရွ႕ကေန ထြက္သြားေတာ့သည္။

သူမက အနားယူဖို႔မစဥ္းစားပဲ ကုမၸဏီသို႔သာ တိုက္ရိုက္တန္းေမာင္းဖို႔ ေျပာၿပီး လမ္းတစ္ေလွ်ာက္လဲ ၿငိမ္သက္ေနခဲ့၏။

သူတို႔ကုမၸဏီထဲဝင္ၿပီးေနာက္ သူ႕အေဖ႐ုံးခန္းသို႔ခ်က္ခ်င္းသြားလိုက္ကာ ကိစၥမ်ားကိုေျဖရွင္းရန္ ညွိႏွိုင္းၾကေတာ့သည္။ခြၽဲမီနာက ဟိုကကုမၸဏီျပႆနာမ်ားအား တစ္ခုခ်င္းစီေျပာျပသည္။Ji Woong အေဖကေတာ့ မနက္ျဖန္အေစာဆုံးေလယာဥ္နဲ႕ နိုင္ငံျခားသို႔ထြက္ခြာမည္။

ဒီမွာလိုအပ္တဲ့ အေရးႀကီးအလုပ္ကိစၥေတြကို Ji Woong နဲ႕မီနာ့ထံ လႊဲေျပာင္းေပးခဲ့ၿပီး မွာစရာရွိတာမ်ားကို ေသေသခ်ာခ်ာလည္းမွာၾကားသြားခဲ့သည္။

ဒီရက္ပိုင္းအတြင္း သူတို႔ေတြအကုန္လုံး စာ႐ြက္စာတမ္းေတြနဲ႕ အလုပ္ပုံႀကီးၾကားထဲ ေခါင္းႏွစ္ထားရမဲ့ကိန္း.....

"Ji Woong မင္းလည္းအျမန္ဆုံး ကုမၸဏီထဲကိုဝင္လာခဲ့ေတာ့....ဒါေတြမင္းကြၽမ္းက်င္မွျဖစ္မယ္။အေဝးသင္နဲ႕ဘြဲ႕ယူၿပီး မင္းအေဖရဲ႕လုပ္ငန္းကိုပဲ ကူညီစမ္းပါေတာ့ကြာ"

"မလုပ္ဘူး! ကြၽန္ေတာ္ ေက်ာင္းၿပီးတဲ့ထိ ဆက္တက္မွာ!!"

ျပတ္ျပတ္သားသား အျငင္းခံရၿပီးေနာက္ မစၥတာKimလည္း ဆယ္ႏွစ္ေလာက္အိုစာသြားသလို ခံစားသြားရေတာ့တယ္။

ငယ္ငယ္ကတည္းက ဘယ္သူကမ်ားJi Woong နဲ႕ တူတူၿပိဳင္လို႔ရဖူးလို႔လဲ....
သူမလုပ္ခ်င္ဘူးဆို...မိုးမီးေလာင္သြားလဲ သူကထလုပ္မဲ့လူမ်ိဳးမဟုတ္ဘူး။Kim Ji Woong က သူ႕ဆုံးျဖတ္ခ်က္ကို ဘယ္ေတာ့မွ ျပင္မွာမဟုတ္သလို ဂ႐ုေတာင္စိုက္မွာမဟုတ္ေခ် ။။။

တစ္ကယ္ေတာ့ အ႐ူးေလးJi Woong ရဲ႕အေတြးေတြက လြန္စြာမွ ရိုးစင္းလြန္းလွပါတယ္......

သူက ေက်ာင္းကိုၿပီးေအာင္တက္ခ်င္တယ္။
အဓိက က Shen Quan Rui ဆိုတဲ့လူသားေၾကာင့္ျဖစ္ၿပီး...သူ႕ဘက္ကေန ဒီထပ္ပိုၿပီး ေကာင္းမြန္ႏြေးေထြးတဲ့အခိုက္အတန႔္ေလးေတြကို ဖန္တီးခ်င္႐ုံေလးပါပဲ...။သူ႕ရဲ႕အခ်စ္ေတြကို Ricky Shen သိေအာင္ ဖြင့္ေျပာမယ္။အကယ္၍မ်ား..ေရခဲတုံးေလးက သူ႕ကိုျငင္းဆန္ခဲ့ရင္ေတာင္...မရရေအာင္ လိုက္ပိုးဖို႔ ဆုံးျဖတ္ထားၿပီးသား။

ဘဲေပါက္ကို...သူခ်စ္တယ္..
အဲ့ဒီ့လိုဆို...ပိုင္ဆိုင္နိုင္ဖို႔ ရတဲ့နည္းနဲ႕ သူႀကိဳးစားရမွာေပါ့ေလ...

ထိုသို႔ေတြးေနမိၿပီးေနာက္ သတိမထားမိစြာ Ji Woong အၿပဳံးႀကီးမွာ ဖုံးဖိမရစြာေပၚလာေတာ့သည္။

"ဒီကမၻာေပၚမွာ အလုပ္လုပ္ေနရင္း ေပ်ာ္ေနတဲ့ လူသားလည္း ရွိတာပဲလား!?"

ေဘးနားကေန မီနာ့အသံၾကားေတာ့မွ Ji Woong အခုLaptop screen ကိုသာ ၿပဳံးၿပဳံးႀကီးၾကည့္ေနမွန္း သူ႕ကိုယ္သူသတိထားမိသြားေတာ့တယ္...

"ကိုယ့္အလုပ္ကိုသာလုပ္စမ္းပါ။နင္ ဘာမွမသိပဲနဲ႕..."

"အံမယ္...ဘယ္သူေျပာလဲ! ငါလည္းငယ္ရာကေနႀကီးလာတာပါဟဲ့!! မွန္းစမ္း....ဘယ္က ေကာင္မေလးလဲ? ေက်ာင္းကပဲလား?? တြဲေနၾကၿပီလား??"

ေတာ္ေသးသည္။အခုခ်ိန္မွာ အလုပ္ခန္းထဲ သူတို႔ႏွစ္ေယာက္ပဲ ရွိေနလို႔..။

Ji Woong မၾကားခ်င္ေယာင္ေဆာင္လိုက္ၿပီး အလုပ္ထဲ၌သာ ျပန္စိတ္ႏွစ္ထားလိုက္ေတာ့သည္။ဘယ္ႏွစ္ရက္ေလာက္ၾကာေအာင္ဒီအလုပ္ေတြ လုပ္ေနရအုန္းမွာလဲကြာ!!

ႏွစ္ရက္ေလာက္ဇက္တိုက္ လုပ္ၿပီးေနာက္ Ji Woong ဖင္တႂကြႂကြျဖစ္လာသည္။

ေလးရက္ေျမာက္ေန႕မွာေတာ့ သူမေနနိုင္ေတာ့ေပ....။ Shen Quan Rui အား သူအင္မတန္မွ ဖုန္းေခၚခ်င္လာေတာ့သည္။သူ႕အသံမၾကားရရင္ေသေတာ့မဲ့လူနာတစ္ေယာက္လိုမ်ိဳး ႐ုတ္ခ်င္းပင္ လြမ္းလာပါ၏။သို႔ေသာ္ ထိုကဲ့သိုသာ အတည္သာဆိုလွ်င္ သူေသသြားေလာက္ၿပီျဖစ္သည္။အဘယ္ေၾကာင့္ဆိုေသာ္ Shen Quan Rui ရဲ႕ ဖုန္းနံပါတ္ သူ႕မွာ မရွိေခ်..

မရွိဘူး..တစ္ကယ္ႀကီး မရွိဘူးဟ!

အရင္ဖုန္းအေဟာင္းက သူ႕ေၾကာင့္ ပ်က္သြားၿပီျဖစ္ၿပီး ေနာက္ထပ္အလုပ္ဖုန္းနံပါတ္ကိုေတာ့ Ji Woong မမွတ္ထားမိေပ....။

လူခ်င္းေတြ႕ေနရၿပီး တစ္ခါမွဒီလိုမ်ိဳး မခြဲရတာမို႔ သူေတာင္းထားဖို႔လည္း သတိမရခဲ့....ေနာက္ၿပီးေတာ့ အဲ့ဒီ့အခ်ိန္ေတြတုန္းက သူ႕ရဲ႕အသိစိတ္ သုံးပုံတစ္ပုံေလာက္က မုန္းေနခဲ့တာမွတ္လား....။

KIm Ji Woong မင္းေတာ္ေတာ္အခ်ိန္ေတြ ျဖဳန္းခဲ့တာပါလား!!

ထိုမွျဖင့္ တစ္ပတ္ေျမာက္တဲ့ေန႕မွာေတာ့ အလုပ္မ်ားကို အကုန္ရပ္လိုက္ကာ ကြန္ဒိုသို႔ေပ်ာ္႐ႊင္စြာျပန္ရန္ သူတက္ႂကြေနေတာ့သည္။

'ေတြ႕ရေတာ့မွေလ...ဘာမွမေျပာပဲ မင္းကိုအၾကာႀကီးဖက္ထားအုန္းမယ္'

ထိုသို႔ေတြးကာ Ji Woong ၿပဳံးလိုက္ၿပီးေနာက္ Ricky ႀကိဳက္တတ္ေသာ ေက်ာင္းနားက ဖက္ထုပ္ဆိုင္မွ ဖက္ထုပ္မ်ားကိုဝယ္ရန္လည္းသူမေမ့ခဲ့ေခ်။

အဆင္သင့္ျဖစ္ေအာင္ မနက္ကတည္းကသူေစာင့္ေနမွာျဖစ္ၿပီး အခုကမနက္10နာရီကိုၫႊန္ျပေန၏။

တစ္ေနကုန္ ဖက္ထုပ္ေၾကာ္ေတြကိုစားလို႔ရေအာင္ အမ်ားႀကီးဝယ္သြားရမယ္....။ဘဲေပါက္က ဒီဆိုင္က ဖက္ထုပ္ကို အၿမဲတမ္းစားတတ္တယ္ေလ...။
သူတို႔ႏွစ္ေယာက္စလုံး ျပန္ႏႊေးၿပီးေတာ့ ညေနအထိစားလို႔ရတယ္။

ပုဇြန္နဲ႕အသားမ်ားကိုႏုတ္ႏုတ္စင္းကာ မုန႔္သားထဲသို႔ဌာပနာျပဳၿပီး ႂကြပ္ေနေအာင္ေၾကာ္ထားေသာ ဖက္ထုပ္ မ်ားမွာ စားခ်င္စရာေကာင္းလွသည္။

ဆိုင္အတြင္းဧည့္သည္ဟူ၍ သိပ္မေတြ႕ရပဲ ဆိုင္ရွင္ဦးေလးႀကီးကသာ ဖက္ထုပ္မ်ားကို မီးရဲရဲျဖင့္ ေၾကာ္ေနေလ၏။

"ဦးေလး ကြၽန္ေတာ့္ကို ဖက္ထုပ္၁၀ပြဲေလာက္ ပါဆယ္ထုပ္ေပးပါဗ်"

"အိုးေကာင္းပါၿပီ...ခဏေလးေတာ့ေစာင့္ေနာ္။ဦးေလး ခုခ်က္ခ်င္းထုပ္ေပးမယ္"

"ဟုတ္ကဲ့"

ေတြ႕တဲ့ေနရာ၌ သူဝင္ထိုင္လိုက္ရင္း...ပါဆယ္ထုပ္ေနသည္ကိုသာ ေစာင့္ေနလိုက္သည္။ဘာမွလုပ္စရာမရွိတာမို႔...အားလပ္ေနတဲ့စိတ္က သူ႕အေနာက္၌ ဖြင့္ထားေသာ တီဗြီထဲမွ အသံမ်ားထံသို႔ ေရာက္ရွိသြားေတာ့သည္။

""ဟုတ္ကဲ့ပါခင္ဗ်ား...အခုခ်ိန္က မတည္ၿငိမ္ေသးတာမို႔ တစ္ဖက္မွာလည္း Fanေတြကို ေလဆိပ္တာဝန္ရွိသူေတြက ထိန္းထားေပးေနရပါတယ္...ျပင္သစ္သြားမဲ့ခရီးစဥ္ schedule ေပါက္ၾကားသြားပင္မဲ့ အခုထက္ထိေတာ့ Shenမိသားစုဘက္ကလူေတြကို မေတြ႕ရေသးပါဘူး""

မသိစိတ္အေလ်ာက္ Ji Woong လွည့္ၾကည့္လိုက္ေတာ့ ဆူညံစြာေအာ္ဟစ္ေနၾကေသာ မိန္းကေလးတစ္ခ်ိဳ႕ကို ကင္မရာက ရိုက္ျပထားသည္အား ေတြ႕လိုက္ရသည္။

""model Ricky Shen က Shen မိသားစုရဲ႕ တရားဝင္ကေလးတစ္ေယာက္ျဖစ္ေၾကာင္းေၾကညာၿပီးတဲ့ေနာက္မွာ အႏုပညာေလာကထဲက အၿပီးပိုင္ထြက္သြားေတာ့မွာျဖစ္ပါတယ္။အခုျပင္သစ္က မိသားစုပိုင္ ကုမၸဏီခြဲကို ဦးစီးဖို႔ ဒီနိုင္ငံကေန ထြက္သြားေတာ့မွာပင္မဲ့ ေလယာဥ္ခ်ိန္ schedule ေပါက္ၾကားျခင္းေၾကာင့္ သူ႕Fanတစ္ခ်ိဳ႕ကေတာ့ ေလဆိပ္မွာ အခုခ်ိန္ထိ ေစာင့္ဆိုင္းေနၾကဆဲပါခင္ဗ်ာ.... Ricky နဲ႕Shenမိသားစုဝင္ေတြကိုေတာ့အခုထိ မေတြ႕ရေသးပါဘူး""

မိမိျမင္ေနရသည္မ်ားကို မယုံနိုင္စြာ Ji Woong ေၾကာင္ၾကည့္ေနမိသည္။ ။

မျဖစ္နိုင္တာ!!!

-TBC-
အပိုင္း10ပါ တစ္ခါတည္းအပ္ေပးမယ္ေနာ္

Continue Reading

You'll Also Like

3.3K 302 4
Kim Ji Woong × Ricky Shen A story about calm and handsome doctor & chaotic and stubborn boy✨ Written in Burmese ✨
51.2K 5.1K 23
Sung Han Bin & Zhang Hao Side Couple = Minamz Written by Burmese
599K 13.4K 40
In wich a one night stand turns out to be a lot more than that.
886K 51.2K 81
"A Master without a submissive is a guy. Just a guy. " #Quotestest.com