စိတ်ကျေနပ်သည်ထိ ပြုပြီးသွားသော Roseသည် မောပန်းစွာနှင့်
ခင့်ရင်ဘက်ပေါ်တွင် မောက်လျက်သား ပျော့ခွေသွားကာ အိပ်ပျော်သွားတော့သည်။
ခင် rose ခန္ဓာကိုယ်ကို တွန်းထုတ်
လိုက်ပြီး ရေချိုးခန်းထဲ ပြေးဝင်
ကာ....
"ရွံလိုက်တာ" အယုတ်တမာမ"
"တဏှာရူး" နင်ထိလိုက်တဲ့ ငါ့ခန္ဓာကိုယ်ကို ငါသန တယ်"
"ထွီး"....အနမ်းခံထားရသော နှုတ်ခမ်းများကို သွားတိုက်ဆေး
နှုတ်ခမ်းပေါ်လူးပြီး ပွတ်တိုက်ဆေးကြောနေသည်။
ခင် ဒေါသထွက်စွာနှင့် ရေချိုးပြီး roseထိတွေ့ထားသော
နေရာများကို ဆပ်ပြာ အထပ်ထပ်အခါခါလူးပြီး ပွတ်တိုက်ဆေးကြောနေသည်မှာ တစ်နာရီပင် ရှိတော့မည်။ လိင်အကြမ်းဖက်ခံရသည် မဟုတ်ပါလား။
ရေလား မျက်ရည်တွေလားပင် ခွဲခြားလို့မရတော့အောင် ခင် ငိုနေမိသည်။
"တဏှာရူးမ" မယုတ်တမာမ" မုဒိမ်းသမားမ"
ပွစိပွစိဆဲဆိုလိုက် ဆပ်ပြာပွတ်လိုက်ရေလောင်းလိုက်နှင့်...... ။
ခင် ရေချိုးပြီးသွားတော့ အပြင်ထွက်အလာ ကုတင်ပေါ်တွင် အိပ်နေသောသူကို တစ်ချက်ကြည့်လိုက်သည်။ အိပ်မောကျစွာအိပ်နေသော သူမမျက်နှာသည် စောနကရိုင်းစိုင်းသည့် မျက်နှာထားနှင့် မတူတော့ပဲ အပြစ်ကင်းစင်သည့် ကလေးတစ်ယောက်လို အသွင်ပြောင်းသွားသည်မှာ ချစ်စရာကောင်းနေပြန်သည်။
"အရှက်ကိုမရှိတာ"
ဗလာဖြစ်နေသော ခန္ဓာကိုယ်ပိုင်ရှင်အား စောင်ပစ်ခြုံပေးလိုက်သည်။
အမြင်မတော်သည်ဟု ခံစားရသောကြောင့်ပင်...။
"နင့်လိုဟာမနဲ့ တစ်ကုတင်တည်းတော့မအိပ်နိုင်ဘူး""သေနေလိုက် တစ်ယောက်တည်း"
ငါ့ဟာငါ ကုတင်အောက်မှာပဲအိပ်ပြီး အအေးပတ်ခံလိုက်မယ်"
ခင် ပြောရင်းဆိုရင်းနှင့် ကုတင်ပေါ်မှ ခေါင်းအုံးတစ်လုံးကိုယူလိုက်ကာ အောက်တွင် ခွေခွေလေး လဲလျောင်းတော့သည်။
ကြမ်းကြမ်းတမ်းတမ်း ထိတွေ့ခြင်းခံရသည့် နာကျင်ဒဏ်ကြောင့်ရယ်ရေချိုးတာကြာသည်ကြောင့်ရယ် ခင် အိပ်ပျော်သွားတော့သည်။
___________
"ဟင်း...ဟင်း..."
The roseနိုးလာတော့ ကျေနပ်ပိတိဖြာကာ အူမြူးသည့် လေသံနှင့် မကြားတစ်ကြားရယ်နေသည်။
"အား...နေလို့ထိုင်လို့ သိပ်ကောင်းတာပဲ"
"တို့တော့ စွဲမိပြီ ထင်ပါရဲ့" ခစ်...ခစ်..
ကုတင်အောက်တွင် ခွေခွေလေး အိပ်နေသော ခင့်ကို rose ကြည့်ကာ "ကုတင်ပေါ်အတူတူအိပ်လို့ရသားနဲ့"
"ဟေ့" အရိုင်းမလေး"
"တော်တော်အိပ်မောကျနေပါလား"
"ညက ပန်းသွားတယ်နဲ့ တူတယ်" ဟင်း...ဟင်းး..
The rose ကုတင်ပေါ်မှဆင်းလိုက်ပြီး ခင့်ကို ပွေ့ချီလိုက်ကာ ကုတင်ပေါ်တင်လိုက်ပြီး အိပ်မောကျနေသူ
နဖူးပြင်လေးကို ခပ်ဖွဖွနမ်းလိုက်တော့....
"အိုးကွယ်"
"ကိုယ်တွေ အေးစက်နေပါလား"
"ဟေ့...."
"ခင်...ခင်...ခင်ရေ သတိထားအုံး"
ကပျာကယာ အဝတ်စားထဝတ်လိုက်ပြီး ငယ်သံပါအောင်အော်တော့သည်။
"ကြီးကြီးတင် " ကြီးတင်ရေ"
"ဟဲ့ မိအေး... ဘယ်သူမှ မရှိကြဘူးလား"
"ရှင်"ဟုတ်ကဲ့ လာပါပြီ"
"ဆရာဝန်ဆီ ဖုန်းဆက်စမ်း"
"ဟုတ်ကဲ့ "ဟုတ် "
"မြန်မြန်"
ဆရာဝန်ရောက်လာပြီး ခင့်ကို မျက်လုံးများဖြဲကြည့် နှလုံးခုန်စမ်း
ပြီး ဆေးထိုးဆေးသွင်း လုပ်ပေးသည်။
"ကိုစိုင်း.. ဘာဖြစ်တာလဲ" စိုးရိန်ရလား"
"ဆေးရုံတင်ဖို့လိုအပ်လား"
"စိတ်ပူစရာတော့ သိပ်မလိုပါဘူး"
အအေးပတ်သွားတာဖြစ်လိမ့်မယ်"
"လောလောဆယ်တော့ ဆန်ပြုတ်ပူပူလေးပဲ တိုက်ပေးပါ"
"ကျွန်တော် ညနေကျမှ တစ်ခေါက်ထပ်လာခဲ့ပါ့မယ်"
"ကြီးတင်ရေ ကိုစိုင်းကိုလိုက်ပို့လိုက်"
"နှင်း "
"ကျွန်တော်ပြန်ပြီနော်"
"အင်း"
The roseနှင့် ဆရာဝန်ကိုစိုင်းသည်
ငယ်သူငယ်ချင်းများဖြစ်ကြပြီး
နှင်းကို တစ်ဖက်သတ်ကြိုက်ခဲ့ဖူးသော သူလည်းဖြစ်သည်။
ယခုမှာ ကိုစိုင်းလည်း သူ့အိမ်ထောင်နှင့် သူဖြစ်နေလေပြီ။
Roseပြောင်းလဲသွားသည့်နေမှစပြီး
စကားသိပ်မပြောဖြစ်ခဲ့ကြ။
သူငယ်ချင်းဆက်ဆံရေးများပင် အေးစက်ခဲ့သည်။
The rose ဆရာဝန်ပြန်သွားသည်နှင့်
"ကြီးတင်ရေ "
ကျမကို နိုင်းကို ခေါ်ပေးပါအုံး" မြန်မြန်လေး"
"အင်း..အင်း"
Roseဆေးလိုနေပြီ ၊ အသက်ရှူရပင်ကြပ်လာပြီး ခင့် အခန်းထဲမှ ထွက်သွားသည်ပင် ခြေလှမ်းမမှန်ချင်တော့။ ယိုင်နေပြီး လက်များလည်းတုန်ယင်လို့နေသည်။
အခန်းထဲတွင် roseတစ်ယောက်
ဆေးသုံးပြီးတစ်ရေးအိပ်ကာ နိုးလာတော့ ရေမိုးချိုးကာ ခင့် အခန်းထဲ ပြန်ဝင်လာပြီး ခင့်ကိုထိုင်ကြည့်နေမိသည်။
"တို့ မင်းကို ဝယ်ခဲ့တဲ့ ရည်ရွယ်ချက်ကို သိပြီ"
"တို့က မင်းကို ချစ်နေမိတာပဲ"
-----------
"ကြီးတင် မိအေးပြောသားပဲ ညက....
"မိအေး" ညည်းပြောပြန်ပြီလား"
"ကိုယ်နဲ့ မဆိုင်သလိုနေစမ်း"
"ဒါဖြင့် မမကြီးက ဟိုအစ်မကို ကြိုက်နေတာပေါ့နော်""
"မိအေး" ငါလုပ်လိုက်ရင် နာတော့မယ်""
"ဟီး" သိချင်လို့ကို"
ညက ပြန်မလာဘူးဟု ပြောသွားသော မိအေး၏ မမကြီးသည် အိမ်ရှေ့တွင် ကားကို အရှိန်ပြင်းစွာဘရိတ်အုပ်လိုက်ပြီး ခြံစောင့် တံခါးဖွင့်ပေးသည်ကိုပင် မစောင့်တော့ပဲ ဘေးတံခါး လူဝင်ပေါက်မှ ဝင်လာသည်မှာ အမဲဖျက်တော့မည့် ကျားတစ်ကောင်လိုပင်။အပေါ်ထပ်သို့ ပြေးတတ်သွားပြီး ခင့်အခန်းထဲဝင်သွားသော မမကြီးကို မိအေး စပ်စပ်စုစုလိုက်ချောင်းသည်။
စကားပြောသံ တစ်အားအားညည်းညူသံ ရေချိုးသံများကို ကြား
ရ၍ တစ်မနက်လုံး ကြီးတင်ကို ဖောက်သည်ချကာ စပ်စုနေခြင်း....။