ကမ္ဘာဆယ်ခုကိုဖြတ်သန်းပြီးတဲ့န...

By Hannah_is_beautiful

29.9K 3.7K 119

This is not my work. This is a fan translation. All credit to original author and English translator. More

Synopsis
Ch1- နင်းနင်း ကိုယ်မင်းကိုနောက်ဆုံးတော့ရှာတွေ့ပြီ (1)
Ch1- နင္းနင္း ကိုယ္မင္းကိုေနာက္ဆုံးေတာ့ရွာေတြ႕ၿပီ (1)
Ch 1- နင်းနင်းကိုယ်မင်းကိုနောက်ဆုံးတော့ရှာတွေ့ခဲ့ပြီ (2)
Ch 2 - မင်းကိုယ့်ကိုထားခဲ့တယ်
Ch3 - "......ကျိနင်း"
Ch 4 - အထင်လွဲနေခဲ့တာလား
Ch 5- ကိုယ်မင်းကိုလာခေါ်ဖို့ရောက်လာပြီ
Ch 6 - ဘယ်သူ့နှလုံးကိုလိုချင်လဲ?
Ch 7 - နောက်ဆုံးတော့မင်းကိုပိုင်ဆိုင်နိုင်ပြီ
Ch 8 - မူရင်းဇာတ်လမ်းထဲမှာနမ်းတဲ့အခန်းမပါဘူးလေ!
Ch 9- နှလုံးခုန်သံ
Ch 10 - ငါသူ့သူငယ်ချင်းမဖြစ်ချင်ဘူး
Ch 12 - သူ့ကိုနာကျင်အောင်မလုပ်ပါနဲ့
Ch 13 - ကိုယ်မင်းကိုဖျက်ဆီးပစ်မယ်
Ch 14- သူ့ရင်ခွင်ထဲခုန်ဝင်မိသွားတယ်
Ch 15- ဘယ်သူမှကိုယ့်မျက်လုံးထဲမဝင်ဘူး 1
Ch 15 ဘယ်သူမှကိုယ့်မျက်လုံးထဲမဝင်ဘူး 2
Ch 16 တစ်နေ့ထက်တစ်နေ့ပိုချစ်နေမယ် 1
Ch 16 တစ်နေ့ထက်တစ်နေ့ပိုချစ်နေမယ် 2
Ch 17 အနမ်းကစိတ်အားထက်သန်မှုလုံလုံလောက်လောက်မရှိပါ ကျေးဇူးပြု၍ထပ်နမ်းပါ
Ch 18 - ဒီတစ်ခါကိုယ်တို့ကိုဘယ်သူမှမခွဲနိုင်တော့ဘူး
Ch 19- ဆရာ
Ch 20 (1)
Ch 20 (2)
Ch 21 - ငါ့ကိုလာသတ်မှာကိုစောင့်နေမယ်
Ch 22 -သူပဲ
Ch 23- ဒီဂိမ်းကမဟုတ်သေးဘူး
Ch 24 - ကံမကောင်းစွာနဲ့ မင်းတို့ကသူမဟုတ်ဘူး
Ch 25 - Stockholm Syndrome
Ch 26 - သူ၏အမှောင်မိုက်ဆုံးလျှို့ဝှက်ချက်
Ch-27 သူ့ကိုနောက်တစ်ကြိမ်ထွက်သွားခွင့်ပေးမှာမဟုတ်ဘူး
Ch 28 - သဝန်တိုခြင်း
Chapter 29 - ရေအောက်ထဲမှအနမ်း
Ch-30 ငါသူ့ကိုလိုချင်တယ်
Ch 31 - မင်းရဲ့နှလုံးသားကို ငါ့အတွက်နာကျင်ပေးဖို့ မျှော်လင့်တယ်

Ch 11- ဇနီးလောင်း

708 91 4
By Hannah_is_beautiful

ထိုအမည်းရောင်ဖိနပ်သူ့မျက်စိရှေ့ပေါ်လာသည့်အချိန်၌ကျိနင်းအေးစက်ပြီးထိုင်းမှိုင်းတဲ့အရှိန်အဝါတစ်ခုကျရောက်လာတာကိုခံစားမိလိုက်တယ်။ ၎င်းကသူ့အားအလိုလျောက်တုန်ယင်သွားစေတယ်။သူ့အမြီးလေးကိုဖမ်းဆုပ်လိုက်ပြီးတုန်ယင်နေတဲ့အမွှေးလုံးလေးအဖြစ်သူ့ကိုယ်သူကျုံ့လိုက်တယ်။

ရင်ချွမ်းချုံများလား...

သူ့ရှေ့ကလူကိုမော့မကြည့်ရဲတာကြောင့်ရင်ချွမ်းချုံဟုတ်မဟုတ်မပြောနိုင်ပေ။သူကအလွန်ပြောင်းလဲသွားပြီးရင်းနှီးခဲ့ဖူးသောလူငယ်လေးမဟုတ်တော့ပေ။

"ဟေး ဒီမှာအသက်ရှင်နေတဲ့သူရှိသေးတာလား?"

ဂူထဲမှာအမျိုးသမီးတစ်ယောက်အသံပေါ်လာပြီးဂုတ်ကနေရုတ်တရက်ဆွဲမခံလိုက်ရတာကိုကျိနင်းခံစားလိုက်ရကာလှပတဲ့မျက်နှာတစ်ခုကိုမြင်လိုက်ရတယ်။

ကျိနင်းကိုကောက်မလိုက်သူကလှပတဲ့မိန်းကလေးတစ်ယောက်ဖြစ်ပြီးခေါင်းမှာအမွေးပွပွနားရွက်တစ်စုံရှိနေတယ်။သူမကအမည်းရောင်ပိတ်ကျဲဝတ်စုံကိုဝတ်ထားကာရင်ဘတ်ပိုင်းကိုဖော်ပြထားတယ်။သူမရဲ့ခြေထောက်တွေကဘာမှဝတ်မထားဘဲမြေပြင်ပေါ်ကိုအနည်းငယ်မြင့်တက်နေတယ်။

သူမရဲ့နောက်မှာအမြီးလေးကယမ်းနေပြီးစိတ်ကောင်းဝင်နေကြောင်းဖော်ပြနေတယ်။သားပေါက်သေးသေးလေးဖြစ်နေတဲ့ကျိနင်းကိုလက်ထဲမှာကိုင်ထားပြီးစူးစမ်းစွာကြည့်နေတယ်။သူမရဲ့လှုပ်ရှားမှုနဲ့အတူလက်ကောက်ဝတ်မှာချည်ထားတဲ့ငွေ‌ရောင်ခေါင်းလောင်းလေးတွေကလည်းတချွင်ချွင်မည်နေတယ်။

နားရွတ်တွေနဲ့ခေါင်းလောင်းတွေ။ယွင်သောင့်များလား။

ရှေးဟောင်းငွေရောင်ခေါင်းလောင်းကြိုးတွေကိုမြင်လိုက်ရတော့ကျိနင်းမသိစိတ်ကမျက်လုံးဖွင့်လိုက်မိပြီးဆူညံသံသေးသေး‌လေးလုပ်လိုက်မိတယ်။ဒါပေမဲ့မိန်းကလေးရဲ့မျက်လုံးထဲမှာတော့သားပေါက်လေးကကြောက်နေပြီးအမြီးကအမွေးလေးတွေတောင်ပွလာတယ်။

"သွေးပူဇော်ပွဲလုပ်ထားတာတောင်မှမင်းကအက်ရှင်နေသေးတာပဲ။ကောင်လေး မင်းကံကောင်းတယ်"

ကောင်မလေးသားပေါက်လေးရဲ့နှာခေါင်းထိပ်လေးကိုထိလိုက်ပြီးငွေ‌ရောင်ဆံနွယ်နဲ့လူကိုလက်နှစ်ဖက်နဲ့မြှောက်ပြလိုက်တယ်။ "ချွမ်းချုံ, နှင်းသားရဲပေါက်လေးကမသေသေးဘူး။သူကကျွန်မမျိုးနွယ်ဝင်ဖြစ်တာကြောင့်တာဝန်ရှိသလိုခံစားနေရတယ်သူ့ကိုမွေးလိုက်လို့ရမလား"

အမည်းရောင်ဝတ်စုံဝတ်ထားတဲ့ငွေရောင်ဆံနွယ်နဲ့လူရဲ့မျက်လုံးထဲမှာအချိန်အကြာကြီးအရည်မပျော်နိုင်သေးတဲ့ရေခဲအလွှာကြီးရှိနေသလိုပဲ။သူမရဲ့စကားတွေကိုကြားပေမဲ့အမူအရာကပြောင်းမသွားဘူး။သူကလှည့်လာပြီးဂူရဲ့အနက်ပိုင်းကိုဆင်းလာကာရိုးရိုးရှင်းရှင်းပဲပြောလိုက်တယ် "သဘောပဲ"

"ကောင်းတယ်"

သူမကသူ့ကိုလေထဲကိုစိတ်လှုပ်ရှားစွာမြှောက်လိုက်တာကြောင့်သားပေါက်လေးရဲ့နားရွတ်လေးတွေကတုန်သွားတယ်။သူမကဖမ်းလိုက်ပြီးနောက်သားရဲဘာသာစကားနဲ့ပြောတယ်။

"ချွမ်းချုံကမင်းကိုမွေးဖို့ခွင့်ပြုလိုက်ပြီ။မမစကားကိုနားထောင်မယ်ဆိုရင်နောက်ပိုင်းကျပြောင်းလဲနိုင်တဲ့ဆေးတိုက်မယ်။အဲ့အခါကျမမလိုမျိုးဖြစ်သွားလိမ့်မယ်။မကောင်းဘူးလား"

ကျိနင်းရဲ့ဝိဥာဥ်ကအားနည်းနေပြီးသားပေါက်လေးရဲ့ကိုယ်ထဲဝင်ပြီးပြီးချင်းမှာပဲရင်ချွမ်းချုံရဲ့စွမ်းအင်တွေသက်ရောက်ခံလိုက်ရတာကြောင့်မောပန်းနေတယ်။ထိုစကားတွေကိုကြားပေမဲ့ပြန်ဖြေဖို့အားမရှိတာကြောင့်အမြီးလေးကိုပင်ပန်းစွာပဲယမ်းလိုက်တယ်။

သူ့ရဲ့သနားဖွယ်တုံ့ပြန်ချက်ကြောင့်ကောင်မလေးကနှုတ်ခမ်းဆူလိုက်ပြီးသားပေါက်လေးရဲ့ခေါင်းကိုပုတ်လိုက်တယ်။ "ငါ့နာမည်ကယွမ်သောင့်။မင်းနာမည်ကဘာလဲ။နာမည်မရှိရင်မမကတစ်ခုပေးမယ်။အားနင်းမမကိုတစ်ခုပေးခဲ့သလိုမျိုး..."

သူမရဲ့အသံကရပ်သွားတယ်။သူမမျက်နှာပေါ်ကအထီးကျန်မှုကိုတွေ့တဲ့အခါကျိနင်းမခံစားနိုင်တော့ဘဲသူမရဲ့လက်ဖမိုးကိုသူ့လက်သေးသေးလေးနဲ့ညင်သာစွာပုတ်ပေးလိုက်တယ်။

သူဒီကမ္ဘာမှာနေခဲ့စဥ်ကယွင်သောင့်ကသူနဲ့ရင်ချွမ်းချုံအတူပျိုးထောင်ခဲ့တဲ့မကောင်းဆိုးဝါးလေးတစ်ကောင်ပါ။အဲ့ဒီ့အချိန်ကသူမကအခုသူ့လိုမျိုးသားပေါက်ဘဝမှာပဲရှိနေခဲ့သေးတာပါ။ယွင်သောင့်အတွက်တော့သူနဲ့ရင်ချွမ်းချုံကမိဘတွေလိုမျိုးပါပဲ။

သူဖုန်မှုန့်တွေအဖြစ်ကြိတ်ချေခံလိုက်ရချိန်မှာသူမဘယ်လိုခံစားရမလဲဆိုတာတွေးတောင်မကြည့်နိုင်ပေ။

"အိုကေ စကားပြောတာရပ်လိုက်ရအောင် အားနင်းကိုတွေ့ဖို့ခေါ်သွားပေးမယ်"

ကောင်မလေးကပြုံးပြီးသားပေါက်လေးကိုလက်မောင်းထဲထည့်သယ်သွားတယ်။ပေါ့ပါးတဲ့ခြေလှမ်းတွေနဲ့ရင်ချွန်းချုံးပျောက်သွားတဲ့နေရာကိုလိုက်သွားတယ်။ဂူအနက်ပိုင်းကနေလျှောက်လာလိုက်တာပလ္လင်စီကိုရောက်လာတယ်။

ကောင်းကင်ဘုံနဲ့မြေပြင်ကမရေမတွက်နိုင်တဲ့အဖိုးတန်ရတနာတွေနဲ့ပြုလုပ်ထားတဲ့ကောင်လေးရဲ့ကိုယ်ကအလယ်မှာတိတ်ဆိတ်စွာလဲလျောင်းနေတယ်။သားပေါက်လေးကိုတင်းကြပ်စွာဖက်ထားပြီးယွင်သောင့်ကရင်ချွမ်းချုံနောက်ကိုလိုက်သွားတယ်။ရင်းနှီးနေတဲ့မျက်နှာကိုမြင်တော့သူမရင်ထဲတင်းကြပ်လာတယ်။

နှစ်တွေဘယ်လောက်ပဲကြာသွားပါစေထိုသူဟာသူမကိုဘယ်တော့မှမပြုံးပြတော့ဘူး၊သူမခေါင်းလေးကိုညင်သာစွာမပွတ်ပေးတော့ဘူးဆိုတာကိုတွေးမိတိုင်းသူမနှလုံးသားလေးဆွဲဖြဲခံရသလိုမျိုးနာကျင်နေမိတယ်။

သူမတောင်ဒီလိုခံစားနေရရင်ချွမ်းချုံဘယ်လိုခံစားရမယ်တွေးမကြည့်နိုင်ပေ။အားနင်းသေဆုံးသွားပြီးနောက်ချွမ်းချုံကမကောင်းဆိုးဝါးလမ်းစဥ်ထဲကျရောက်သွားတာကိုသူမမျက်စိနဲ့မြင်ခဲ့ရတယ်။အတိတ်ကတိတ်ဆိတ်ပြီးသီးသန့်နေတတ်တဲ့ကောင်လေးကနေအဓိကနယ်မြေတစ်ခုလုံးကြောက်ရတဲ့နတ်ဆိုးဘုရင်အဖြစ်ကိုပြောင်းလဲသွားတယ်။နတ်ဆိုးနယ်မြေကလူတွေတောင်သူ့ကိုကြောက်ရတယ်။

လူတိုင်းကရင်ချွမ်းချုံရဲ့ရက်စက်ကြမ်းတမ်းမှုတွေကိုသိကြတယ်။သူဘယ်ပဲသွားသွားကြောက်မက်ဖွယ်သတ်ဖြတ်ခြင်းတွေကအတူပါနေတယ်။ဂိုဏ်းကိုးဂိုဏ်းလုံးကအမြစ်ပြတ်သုတ်သင်ခြင်းခံလိုက်ရပြီးဂိုဏ်းသားတွေကသွေးပူဇော်ပွဲအတွက်သတ်ဖြတ်ခံလိုက်ရကာဝိဥာဥ်တစ်ခုမှကျန်မနေခဲ့ဘူး။ရက်ပေါင်းများစွာမြို့ဟာသွေးချင်းချင်းနီသွားပြီးအော်ဟစ်သံတွေနဲ့ဆူညံနေခဲ့တယ်။

ဒါပေမဲ့သူမတစ်ယောက်ပဲချမ်းချုံရဲ့ကလဲ့စားချေမှုကကျိနင်းကိုပြန်ရှင်သန်အောင်လုပ်ဖို့မှန်းသိတယ်။ထိုအချိန်ကထိုဂိုဏ်း၁၂ဂိုဏ်းဟာသူတို့ကိုသူတို့အားကြီးလာအောင်လုပ်ဖို့အားနင်းရဲ့ဂိုဏ်းကိုသတ်ရန်ပေါင်းစည်းခဲ့ကြတယ်။အားနင်းဟာအသတ်ခံခဲ့ရပြီးအလောင်းတောင်မှမကျန်ခဲ့ဘူး။

သူမတစ်ယောက်ပဲချွမ်းချုံရဲ့နှလုံးသားထဲကနက်ရှိုင်းသောချစ်ခြင်းတရားဟာဘယ်သောအခါမှမသေဆုံးခဲ့မှန်းသိခဲ့တယ်။

ရင်ချွမ်းချုံကပလ္လင်နားကိုလျှောက်သွားပြီးကောင်လေးရဲ့ကိုယ်နားမှာထိုင်လိုက်ချိန်၌သူ့ရဲ့အနက်ရောင်ဝတ်ရုံဟာတဖျပ်ဖျပ်လွင့်နေတယ်။တွေဝေခြင်းမရှိဘဲသူ့ရဲ့လက်ကောက်ဝတ်ကိုလှီးဖြတ်ကာထွက်လာသောသွေးတွေကိုကောင်လေးရဲ့အနည်းငယ်ပွင့်ဟနေသောနှုတ်ခမ်းထဲကိုလောင်းထည့်လိုက်တယ်။

ယွင်သောင့်ကသားပေါက်လေးကိုဖက်ထားကာရင်ချွမ်းချုံသွေးတွေကောင်လေးထဲစီးဝင်သွားတာကိုဘေးကနေရပ်ကြည့်နေတယ်။ဒါပေမဲ့သူ့ရဲ့ကိုယ်ကအဆုံးမရှိသောတွင်းနက်ကြီးလိုသွေးတွေဘယ်လောက်ပဲဝင်နေပါစေတုံ့ပြန်ချက်မရှိဘူး။

သွေးစီးဆင်းမှုနည်းလာချိန်မှာကောင်မလေးကဆက်မကြည့်နေနိုင်တော့ဘဲပြေးသွားပြီးရင်ချွမ်းချုံရဲ့လက်ကိုကိုင်ကာဝမ်းနည်းစွာပြောတယ်"ကျေးဇူးပြုပြီးရပ်လိုက်ပါတော့ချွမ်းချုံ,ဒီတစ်ခါလည်း...ကျွန်မတို့ထပ်ရှုံးနိမ့်ပြန်ပါပြီ"

ရင်ချွမ်းချုံကတိတ်ဆိတ်နေတယ်။သူ့ရဲ့သွေးမရှိတဲ့လက်တွေဟာရေခဲတမျှအေးစက်နေပြီးလက်ချောင်းထိပ်ကသွေးစက်တွေဟာကောင်လေးရဲ့မင်္ဂလာဝတ်စုံပေါ်ကိုစီးကျသွားတယ်။

"ကိစ္စမရှိပါဘူး..မိသားစု၁၂စုမှာသုံးစုကျန်သေးတာပဲ,အခွင့်အရေးရှိပါသေးတယ်"

ကောင်မလေးကရင်ချွမ်းချုံရြ့အကျီလက်ကိုဆွဲကာနီရဲနေတဲံမျက်လုံးတွေနဲ့"အားနင်းသေချာပေါက်ပြန်လာမှာပါ..သူကျွန်မတို့ကိုထားသွားမှာမဟုတ်ပါဘူး"

'..."

ကျိနင်းသူ့အမြီးလေးကိုပိုက်ကာဘောလုံးသေးသေးလိုဖြစ်အောင်ကျုံ့လိုက်တယ်။သူ့နှလုံးသားထဲမှာအပြစ်ရှိစိတ်တွေဖုံးလွှမ်းနေတာကြောင့်သူ့ရဲ့တည်ရှိမှုကိုလျော့ချဖို့ကြိုးစားနေမိတယ်။

သူဒီမှာရှိနေကြောင်းပြောချင်ပေမဲ့လက်ရှိကမ္ဘာကအမှားကိုပြင်ပြီးရင်နောက်ကမ္ဘာတွေကိုဆက်သွားကာအဆုံးမရှိတဲ့မစ်ရှင်တွေကိုလုပ်ဆောင်ရဦးမယ်။သူတို့နဲ့ဘယ်တော့မ့မှထပ်တွေ့ဖြစ်မမဟုတ်ဘူး။

မျှော်လင့်ချက်တွေကိုပြန်ရိုက်ချိုးပစ်မှာဆိုရင်ပေးလို့ဘယ်ဖြစ်ပါ့မလဲ။

ဒါကြောင့်သူ့ကိုသတိထားမိသွားမှာစိုးလို့အသံတစ်ချက်တောင်မထွက်ရဲဘူး။

ရင်ချွမ်းချုံရြ့ဖြူလျော်နေသောလက်တွေဟာလက်ကောက်ဝတ်ကမညီမညာဖြစ်နေတဲ့ဒဏ်ရာကိုကုသလိုက်ချိန်မှာအနီရောင်အမှတ်ဖျော့ဖျော့လေးပဲကျန်ခဲ့တယ်။

သူ့မျက်နှာဟာဖြူဖျော့နေပြီးကောင်လေးရြ့ကိုယ်ကိုငုံ့ကြည့်လိုက်တယ်။အချိန်အကြာကြီးနေမှတိုးတိုးလေးပြောလာတယ်။

"ရှောင်းရှောင်း.."

ကျိနင်းရဲ့မိသားစုကသူဟာအငယ်ဆုံးဖြစ်တာကြောင့်အဲ့လိုခေါ်ခဲ့ကြတယ်။

စစချင်းမှာရင်ချွမ်းချုံကကျိနင်းကိုဒီလိုမခေါ်ရဲခဲ့ပါဘူး။သူ့မိသားစုကသူတို့ကိုအချိန်အကကြာကြီးငြင်းဆန်နေခဲ့ကြပြီးလက်ထပ်စာချုပ်ရှိ နေပေမဲ့နာမည်ခံသာဖြစ်တယ်။ကျိမိသားစုထဲဝင်ရောက်ခဲ့စဥ်ကသူဟာကျိနင်းရဲ့ပါတနာဖြစ်ပေမဲ့သူ့မှာဘာရာထူးမှမရှိခဲ့ဘူး။

သူ့ရြ့အခြေအနေကိုသတိပြုမိတာကြောင့်ဘာကိုမှမတောင်းဆိုခဲ့သလိုဘယ်စည်းမျက်းကိုမှလည်းမချိုးဖောက်ခဲ့ဘူး။သူနဲ့မတူပဲကျိနင်းကတော့ဂိုဏ်းတစ်ခုလုံးရဲ့ဂုဏ်ဆောင်ဖြစ်ကာတစ်သက်မှာတစ်ခါပဲပွင့်တဲ့ကျင့်ကြံရေးပညာရှင်ဖြစ်တယ်။သူကျိနင်းကိုပထမဆုံးစစတွေ့ချိန်ကသူ့မျက်နှာကိုတောင်မကြည့်ရဲခဲ့ဘူး။

"ဘာလို့ငါ့ကိုမကြည့်တာလဲ?ကြောက်နေတာလား"

အဲ့ဒီ့အချိန်မှာသူကဦးညွှတ်ထားပြီးရေခဲတောင်ကြီးလိုတောင့်တောင့်ကြီးရပ်နေတယ်။ကောင်လေးရဲ့မကျေမနေပ်ဖြစ်‌နေတဲ့ဆူသံကိုကြားလိုက်ရပြီး‌နောက်သူ့မေးစေ့ကိုအပင့်ခံလိုက်ရပြီးနောက်သူ့အမြင်အာရုံမှာရဲရဲတောက်နေတဲ့အနီရောင်နဲ့ပြည့်သွားတယ်။

အနီရောင်ဝတ်ထားတဲ့ကောင်လေးဟာပျော်ရွင်နေပြီးဂုဏ်ယူဝင့်ကြွား‌နေတယ်။မာနထောင်လွှားမှုဟာသူ့ရဲ့မွေးရာပါအခွင့်အရေးလိုမျိုးလှပပြီးမာနထောင်လွှား‌သောအမူအရာဖြင့်သူ့ကိုစွေကြည့်သည်။

ထိုအချိန်ကရင်ချွမ်းချုံဟာငယ်ရွယ်သေးတာမို့လှပလွန်းသောဇနီးလောင်း‌နဲ့တွေ့လိုက်ရချိန်မှာသူ့နှလုံးသားလေးဟာရှုပ်ထွေးသွားခဲ့တယ်။အနည်းငယ်ရှက်ရွံ့နေခဲ့သော်လည်းအအပေါ်ယံတွင်တော့ကျင့်ဝတ်များကိုလိုက်နာကာရိုသေစွာဦးညွတ်ပြောလိုက်သည်။

"မလုပ်ရဲပါဘူး"

"ဘာကိုမလုပ်ရဲတာလဲ?ငါ့ကိုမကြည့်ရဲတာလား ငါ့ကိုမကြောက်တာလား"

ဒီလိုသတိထားနေမှုမျိုးနဲ့တွေ့ရတော့ကောင်လေးကစိတ်တိုသွားကာလှည့်ထွက်သွားပြီး"ငါကအဲ့လောက်တောင်ကြောက်စရာကောင်းတာလား? တခြားကလေးတွေကငါ့ကိုစိတ်တိုးအောင်လုပ်မိမှာကြောက်လို့အနားတောင်မကပ်ရဲကြဘူး အခုမင်းကပါဒီလိုဆက်ဆံနေတယ်"

"မဟုတ်ဘူး..."

လူငယ်လေးလှည့်ထွက်သွားတဲ့အခါယွင်ချွမ်းချုံဟာထိတ်လန့်သွားပြီးသူ့အင်္ကျီလက်ကိုမစဉ်းစားဘဲဆွဲကိုင်လိုက်မိသည်။ထိုကဲ့သို့ရိုင်းစိုင်သောလုပ်ရပ်ကိုလုပ်မိခြင်းကြောင့်သူ့နှလုံးသားလေးရပ်တန့်သွားသလိုခံစားလိုက်ရတယ်။

သို့သော်မထင်မှတ်ဘဲကောင်လေးကဒေါသမထွက်ဘဲယွင်ချွမ်းချုံကိုကွေးညွတ်သောမျက်လုံးများဖြင့်လှည့်ကြည့်လာသည်။

"မှန်တယ်မင်းငါ့ရှေ့မှာထိန်းးချုပ်နေစရာမလိုဘူးပြီးတော့အနိုင်ကျင့်ခံရမှာကိုလည်းကြောက်စရာမလိုဘူး မင်းကိုကာကွယ်ပေးမယ်"

လန့်ဖျန့်သွားတဲ့ရင်ချွမ်းချုံကကောင်လေးပြောတာကိုကြားလိုက်တယ် "ငါ့မိသားစုကရှောင်းရှောင်းလို့ခေါ်တယ်တခြားသူတွေကတော့နင်းလျန်ကျွမ်းလို့ခေါ်တယ်မင်းကတော့ငါ့ကိုရှောင်းရှောင်းလို့ခေါ်နိုင်ပါတယ်"

—----------------------------------------

ဒါပေမဲ့သူတစ်ချိန်ကရှောင်းရှောင်းလို့ခေါ်ခဲ့သူဟာအခုမရှိတော့ပေ။

ငွေရောင်ဆံနွယ်နဲ့လူရဲ့မျက်လုံးတွေဟာဗလာဖြစ်နေပြီးကောင်လေးရဲ့ကိုယ်ကိုပလ္လင်ပေါ်ကနေမလိုက်တယ်။ယွင်သောင့်ကဂူထဲကို‌ပြန်နဲ့လမ်းတလျှောက်သားပေါက်လေးကိုပိုက်ကာလိုက်လာတယ်။

ကောင်မလေးရဲ့လက်မောင်းထဲမှာလဲလျောင်းရင်းမှောင်မဲနေတဲ့လှိုဏ်ဂူထဲမှာအချိန်အကြာကြီးဖြတ်သန်းပြီးနောက်ကျိနင်းနေရောင်ကိုပြန်တွေ့‌နိုင်ပြီဖြစ်တယ်။လင်းထိန်လွန်းသောအလင်းရောင်ကြောင့်မျက်လုံးတွေကိုထိခိုက်မှာစိုးတာကြောင့်မှိတ်ပစ်ဖို့လုပ်နေချိန်မှာပဲအပြင်ကကောင်းကင်ကလည်းမှောင်နေကာသွေးမှုန်တွေနဲ့ဖုံးလွှမ်းနေတာကိုမြင်လိုက်ရတယ်။

ထိုကဲ့သို့သောထိတ်လန့်ဖွယ်မြင်ကွင်းအတွက်အသင့်မပြင်ရသေးတာကြောင့်ကျိနင်းမျက်လုံးတွေပြူးကျယ်သွားတယ်။သူတို့ကတောင်ကြီးရဲ့အစွန်းနှာရပ်နေကြပြီးမြို့က‌သူတို့အောက်ခြေမှာရှိနေတယ်။သူမျှော်လင့်ထားသောစည်ကားနေမည့်မြင်ကွင်းအစားသေခြင်းတရားရဲ့အရှိန်အဝါတွေဖုံးလွှမိးနေပြီးမြို့နံရံတွေဟာသွေးချင်းချင်းနီနေတယ်။

ဂူထဲကအရိုးတွေဟာပျက်စီးမှုရဲ့အနည်းငယ်သောပမာဏသာဖြစ်တယ်။တောင်တစ်ခုလုံးသည်လူသားများနှင့်တိရစ္ဆာန်များ၏အကြွင်းအကျန်များဖြင့်‌မြင့်မားစွာစုပုံထားတယ်။သစ်ပင်တွေဟာလည်းခြောက်သွေ့နေပြီးသေနေကြတယ်။

အချို့နေရာများတွင်အသက်ရှင်ရုံမျှသာကျန်ခဲ့သောတိရစ္ဆာန်များဟာအလောင်းပုံထဲကရုန်းထွက်ပြီးထိတ်လန့်စွာထွက်ပြေးကြတယ်။ရင်ချွမ်းချုံနဲ့ယွင်သောင့်ကသူတို့ကိုတားဖို့မကြိုးစားပါဘူး။

"နောက်တစ်နေရာကိုဆက်သွားရအောင်"

ကောင်မလေးကတိုးတိုးလေးပြောပြီးဘေးပတ်ဝန်းကျင်ကအပျက်အစီးတွေကိုငေးကြည့်တယ်။

အဲ့ဒီ့အချိန်၌ကျိနင်းမသက်မသာမှုကိုခံစားလိုက်ရပြီးသတိလစ်သွားပြန်တယ်။

မျက်လုံးတွေကိုဖွင့်ကြည့်လိုက်တော့ကုချန်ရဲ့ကမ္ဘာကဟိုတယ်ခန်းထဲကိုရောက်နေပြီဖြစ်ကြောင်းတွေ့လိုက်ရတယ်။

—----------------------------------------

"နိုးပြီလား"

ဟယ်ရီနော့စ်ကပြုံးပြီးသူ့ဘေးမှာထိုင်နေတယ်။ကျိနင်းဝေဝါးနေပြီးနောက်ဆုံးသူမှတ်မိတာကအခမ်းအနားမှာမူးနေခဲ့တာပင်။သူအက်ကွဲနေတဲ့အသံနဲ့မေးလိုက်တယ် "ငါ...?"

"မနေ့ညကမူးနေပြီးပြန်နိုးမလာဘူး ကိုယ်မင်းကိုဒီကိုခေါ်လာခဲ့ရတယ် မွန်းတည့်ချိန်ထိအိပ်နေမယ်လို့ဘယ်သူထင်မှာလဲ"

ဟယ်ရီနော့စ်ကသူ့ဆံပင်တွေကိုပွတ်သပ်ပြီးညင်သာစွာပြောတယ် "ဒီရက်ပိုင်းအရမ်းကြိုးစားနေခဲ့တာ ခုလိုနားလိုက်တော့ကောင်းပါတယ် နေ့လည်စာစားဖို့ခေါ်လိုက်မယ် ဘာစားချင်လဲ"

"...ဘာဖြစ်ဖြစ်"

ကျိနင်းကတခြားကမ္ဘာကပြန်လာခဲ့တာမို့ဘာတွေဖြစ်နေမှန်း‌သေချာမသိသေးသဖြင့်သူ့တုံ့ပြန်မှုတွေကနှေးကွေးနေတယ်။ကုတင်ပေါ်မှဂရုတစိုက်ထကာ"အရင်ဆေးကြောလိုက်ဦးမယ်" လို့ပြောတယ်။

ကျိနင်းရေချိုးခန်းစီတရွေ့တရွေ့လျောက်သွားတယ်။ဟောဝူလင်းရဲ့‌နောက်ဆုံးအကြိမ်ကသင်ခန်းစာကြောင့်တံခါးကိုမပိတ်ရဲဘဲအကျယ်ကြီးဖွင့်ထားတယ်။

မှန်မှာမူမမှန်တာတစ်ခုခုရှိမနေတာသေချာအောင်စစ်ဆေးပြီးမှမြန်မြန်မျက်နှာသစ်လိုက်တယ်။မျက်နှာသုတ်နေတုန်းမှာပဲခလုတ်ကမီးလင်းလာတာကြောင့်သူ့ကိုတစ်ယောက်ယောက်စာပို့လိုက်တာဖြစ်မယ်။

ကျိနင်းခလုတ်ကိုကြည့်လိုက်‌တော့ဂိမ်းကြော်ငြာတစ်ခုဖြစ်နေတယ် ပုံမှန်အားဖြင့်ဒီလိုအရာမျိုးကိုAIကဖယ်ထုတ်ပစ်လိုက်မှာဖြစ်တယ်။ကုမ္ပဏီကိုကြော်ငြာတွေမပိတ်အောင်ပိုက်ဆံပေးထားတာများလား။

သူ့မှာဂိမ်းဆော့နေဖို့အချိန်မရှိသဖြင့်ပိတ်လိုက်တဲ့အခါပိတ်မသွားတဲ့အပြင်သူ့အလိုလိုပွင့်သွားတယ်။

သူ့ရဲ့ခလုတ်ကလေထဲမှာဂိမ်းနာမည်ကိုသေသပ်‌တဲ့လက်ရေးလှနဲ့လေထဲမှာဖော်ပြလာတယ်။

"အမှောင်ခေတ်"

အဲ့ဒီ့နာမည်ကသူတစ်ချိန်ကကုးပြောင်းခဲ့ဖူးတဲ့အနောက်တိုင်းစိတ်ကူးယဉ်ဝတ္ထုရဲ့နာမည်မဟုတ်ဘူးလား။

ကျိနင်းနှလုံးခုန်လာကာခလုတ်ကိုပိတ်ဖို့လုပ်ပေမဲ့အသုံးမဝင်ပါဘူး။

[ချမ်းသာကြွယ်ဝသောဤ‌ေဒသထဲ၌...]

[မရေမတွက်နိုင်တဲ့အသက်တွေရှင်သန်ခဲ့ဖူးတယ်...]

နတ်ဆိုးမျိုးနွယ်၊ကောင်းကင်ဘုံမျိုးနွယ်၊နတ်သူငယ်မျိုးနွယ်၊လူပုမျိုးနွယ်၊ဘီလူးမျိုးနွယ်၊နဂါးမျိုးနွယ်နှင့်လူသားမျိုးနွယ်]

[ထိုမျိုးနွယ်တွေဟာသူတို့ရဲ့ကိုယ်ပိုင်‌နယ်မြေအတိုင်းတစ်ယောက်ကိုတစ်ယောက်မကျူးကျော်ဘဲနေထိုင်ခဲ့ကြတယ်။တစ်နေ့မှာတော့နတ်ဆိုးဘုရင်ဟာသွေးထွက်သံယိုစစ်ပွဲကိုစတင်ခဲ့ပြီးဤဒေသကိုအဆုံးမဲ့ပဋိပက္ခတွေထဲထိုးသွင်းခဲ့သည်]

[မရေမတွက်နိုင်သောအလောင်းတွေဖြစ်ပေါ်လာပြီးမှော်ပညာပေါ်ထွန်းလာခဲ့သည်။ဝိဉာဉ်မှော်ပညာအရာ၌ကျွမ်းကျင်သောသင်သည်စစ်ပွဲအတွင်းမှော်နက်ပညာသုံးစွဲသူတစ်ယောက်ဖြစ်လာခဲ့သည်။နှစ်ပေါင်းများစွာဤဒေသ၌ခရီးသွားခဲ့ပြီးကြီးကျယ်သောဂုဏ်သိက္ခာကိုထူထောင်နိုင်ခဲ့သည်]

[ဒါပေမဲ့အ‌ဆုံးမဲ့သတ်ဖြတ်မှုတွေကြောင့်စိတ်မသက်မသာဖြစ်ခဲ့ရတယ်။မင်းမှာစွမ်းအင်တွေရှိနေပေမဲ့တစ်နေ့မှာသေရမယ်ဆိုတာကိုသိ‌နေတာကြောင့်မင်းမရှိတော့တဲ့အချိန်မှာမင်းနေရာကိုဆက်ခံမဲ့တပည့်တစ်ယောက်ကိုမွေးမြူရန်စိတ်ကူးပေါ်ခဲ့သည်

[အလင်းဘုရားကျောင်းကငယ်ရွယ်သောစစ်သားတစ်ဦး လိုင် ကိုသဘောကျခဲ့သည်]

လေထဲ၌စာတန်းတွေပေါ်လာပြီးနောက်အမျိုးသားတစ်ဦးရဲ့ပုံရိပ်ပေါ်ပေါက်လာသည်။

ကောင်လေးဟာရဲရင့်မှုကိုဖော်ပြတဲ့အဖြူရောင်စစ်သားဝတ်စုံကိုတတ်ဆင်ထားပြီးတိုတိုညှပ်ထားတဲ့ရွှေရောင်ဆံပင်တွေနဲ့အတူကျောက်မျက်ရတနာတွေလိုတောက်ပနေတဲ့အပြာရောင်မျက်လုံးလေးတွေရှိတယ်။ချောမောသောမျက်နှာနဲ့အတူအရပ်ရှည်ရှည်ထိုသူဟာအရှေ့ဘက်ကိုနူးညံ့စွာပြုံးပြနေတယ်။

[သူဟာမင်းမြင်ဖူးသမျှထဲပါရမီအ

ပါဆုံးမှော်စွမ်းအင်အသုံးပြုသူဖြစ်ပြီးမင်းထက်တောင်တော်သေးတယ်]

[ဘယ်နည်းနဲ့မဆိုဘုရားကျောင်းကနေသူ့ကိုလုယူဖို့တိတ်တိတ်လေးဆုံးဖြတ်ချက်ချလိုက်တယ်]

[ဒီတစ်ခါမှာရောမင်းဘာလုပ်ဖို့ရွေးချယ်မှာလဲ?]

Tbc 🐣

(ဖတ်ပေးကြသူတိုင်းကိုကျေးဇူးတင်ပါတယ်)

Zawgyi

ထိုအမည္းေရာင္ဖိနပ္သူ႔မ်က္စိေရွ႕ေပၚလာသည့္အခ်ိန္၌က်ိနင္းေအးစက္ၿပီးထိုင္းမႈိင္းတဲ့အရွိန္အဝါတစ္ခုက်ေရာက္လာတာကိုခံစားမိလိုက္တယ္။ ၎ကသူ႔အားအလိုေလ်ာက္တုန္ယင္သြားေစတယ္။သူ႔အၿမီးေလးကိုဖမ္းဆုပ္လိုက္ၿပီးတုန္ယင္ေနတဲ့အေမႊးလုံးေလးအျဖစ္သူ႔ကိုယ္သူက်ဳံ႕လိုက္တယ္။

ရင္ခြၽမ္းခ်ဳံမ်ားလား...

သူ႔ေရွ႕ကလူကိုေမာ့မၾကည့္ရဲတာေၾကာင့္ရင္ခြၽမ္းခ်ဳံဟုတ္မဟုတ္မေျပာႏိုင္ေပ။သူကအလြန္ေျပာင္းလဲသြားၿပီးရင္းႏွီးခဲ့ဖူးေသာလူငယ္ေလးမဟုတ္ေတာ့ေပ။

"ေဟး ဒီမွာအသက္ရွင္ေနတဲ့သူရွိေသးတာလား?"

ဂူထဲမွာအမ်ိဳးသမီးတစ္ေယာက္အသံေပၚလာၿပီးဂုတ္ကေန႐ုတ္တရက္ဆြဲမခံလိုက္ရတာကိုက်ိနင္းခံစားလိုက္ရကာလွပတဲ့မ်က္ႏွာတစ္ခုကိုျမင္လိုက္ရတယ္။

က်ိနင္းကိုေကာက္မလိုက္သူကလွပတဲ့မိန္းကေလးတစ္ေယာက္ျဖစ္ၿပီးေခါင္းမွာအေမြးပြပြနား႐ြက္တစ္စုံရွိေနတယ္။သူမကအမည္းေရာင္ပိတ္က်ဲဝတ္စုံကိုဝတ္ထားကာရင္ဘတ္ပိုင္းကိုေဖာ္ျပထားတယ္။သူမရဲ႕ေျခေထာက္ေတြကဘာမွဝတ္မထားဘဲေျမျပင္ေပၚကိုအနည္းငယ္ျမင့္တက္ေနတယ္။

သူမရဲ႕ေနာက္မွာအၿမီးေလးကယမ္းေနၿပီးစိတ္ေကာင္းဝင္ေနေၾကာင္းေဖာ္ျပေနတယ္။သားေပါက္ေသးေသးေလးျဖစ္ေနတဲ့က်ိနင္းကိုလက္ထဲမွာကိုင္ထားၿပီးစူးစမ္းစြာၾကည့္ေနတယ္။သူမရဲ႕လႈပ္ရွားမႈနဲ႔အတူလက္ေကာက္ဝတ္မွာခ်ည္ထားတဲ့ေငြ‌ေရာင္ေခါင္းေလာင္းေလးေတြကလည္းတခြၽင္ခြၽင္မည္ေနတယ္။

နား႐ြတ္ေတြနဲ႔ေခါင္းေလာင္းေတြ။ယြင္ေသာင့္မ်ားလား။

ေရွးေဟာင္းေငြေရာင္ေခါင္းေလာင္းႀကိဳးေတြကိုျမင္လိုက္ရေတာ့က်ိနင္းမသိစိတ္ကမ်က္လုံးဖြင့္လိုက္မိၿပီးဆူညံသံေသးေသး‌ေလးလုပ္လိုက္မိတယ္။ဒါေပမဲ့မိန္းကေလးရဲ႕မ်က္လုံးထဲမွာေတာ့သားေပါက္ေလးကေၾကာက္ေနၿပီးအၿမီးကအေမြးေလးေတြေတာင္ပြလာတယ္။

"ေသြးပူေဇာ္ပြဲလုပ္ထားတာေတာင္မွမင္းကအက္ရွင္ေနေသးတာပဲ။ေကာင္ေလး မင္းကံေကာင္းတယ္"

ေကာင္မေလးသားေပါက္ေလးရဲ႕ႏွာေခါင္းထိပ္ေလးကိုထိလိုက္ၿပီးေငြ‌ေရာင္ဆံႏြယ္နဲ႔လူကိုလက္ႏွစ္ဖက္နဲ႔ေျမႇာက္ျပလိုက္တယ္။ "ခြၽမ္းခ်ဳံ, ႏွင္းသားရဲေပါက္ေလးကမေသေသးဘူး။သူကကြၽန္မမ်ိဳးႏြယ္ဝင္ျဖစ္တာေၾကာင့္တာဝန္ရွိသလိုခံစားေနရတယ္သူ႔ကိုေမြးလိုက္လို႔ရမလား"

အမည္းေရာင္ဝတ္စုံဝတ္ထားတဲ့ေငြေရာင္ဆံႏြယ္နဲ႔လူရဲ႕မ်က္လုံးထဲမွာအခ်ိန္အၾကာႀကီးအရည္မေပ်ာ္ႏိုင္ေသးတဲ့ေရခဲအလႊာႀကီးရွိေနသလိုပဲ။သူမရဲ႕စကားေတြကိုၾကားေပမဲ့အမူအရာကေျပာင္းမသြားဘူး။သူကလွည့္လာၿပီးဂူရဲ႕အနက္ပိုင္းကိုဆင္းလာကာ႐ိုး႐ိုးရွင္းရွင္းပဲေျပာလိုက္တယ္ "သေဘာပဲ"

"ေကာင္းတယ္"

သူမကသူ႔ကိုေလထဲကိုစိတ္လႈပ္ရွားစြာေျမႇာက္လိုက္တာေၾကာင့္သားေပါက္ေလးရဲ႕နား႐ြတ္ေလးေတြကတုန္သြားတယ္။သူမကဖမ္းလိုက္ၿပီးေနာက္သားရဲဘာသာစကားနဲ႔ေျပာတယ္။

"ခြၽမ္းခ်ဳံကမင္းကိုေမြးဖို႔ခြင့္ျပဳလိုက္ၿပီ။မမစကားကိုနားေထာင္မယ္ဆိုရင္ေနာက္ပိုင္းက်ေျပာင္းလဲႏိုင္တဲ့ေဆးတိုက္မယ္။အဲ့အခါက်မမလိုမ်ိဳးျဖစ္သြားလိမ့္မယ္။မေကာင္းဘူးလား"

က်ိနင္းရဲ႕ဝိဥာဥ္ကအားနည္းေနၿပီးသားေပါက္ေလးရဲ႕ကိုယ္ထဲဝင္ၿပီးၿပီးခ်င္းမွာပဲရင္ခြၽမ္းခ်ဳံရဲ႕စြမ္းအင္ေတြသက္ေရာက္ခံလိုက္ရတာေၾကာင့္ေမာပန္းေနတယ္။ထိုစကားေတြကိုၾကားေပမဲ့ျပန္ေျဖဖို႔အားမရွိတာေၾကာင့္အၿမီးေလးကိုပင္ပန္းစြာပဲယမ္းလိုက္တယ္။

သူ႔ရဲ႕သနားဖြယ္တုံ႔ျပန္ခ်က္ေၾကာင့္ေကာင္မေလးကႏႈတ္ခမ္းဆူလိုက္ၿပီးသားေပါက္ေလးရဲ႕ေခါင္းကိုပုတ္လိုက္တယ္။ "ငါ့နာမည္ကယြမ္ေသာင့္။မင္းနာမည္ကဘာလဲ။နာမည္မရွိရင္မမကတစ္ခုေပးမယ္။အားနင္းမမကိုတစ္ခုေပးခဲ့သလိုမ်ိဳး..."

သူမရဲ႕အသံကရပ္သြားတယ္။သူမမ်က္ႏွာေပၚကအထီးက်န္မႈကိုေတြ႕တဲ့အခါက်ိနင္းမခံစားႏိုင္ေတာ့ဘဲသူမရဲ႕လက္ဖမိုးကိုသူ႔လက္ေသးေသးေလးနဲ႔ညင္သာစြာပုတ္ေပးလိုက္တယ္။

သူဒီကမာၻမွာေနခဲ့စဥ္ကယြင္ေသာင့္ကသူနဲ႔ရင္ခြၽမ္းခ်ဳံအတူပ်ိဳးေထာင္ခဲ့တဲ့မေကာင္းဆိုးဝါးေလးတစ္ေကာင္ပါ။အဲ့ဒီ့အခ်ိန္ကသူမကအခုသူ႔လိုမ်ိဳးသားေပါက္ဘဝမွာပဲရွိေနခဲ့ေသးတာပါ။ယြင္ေသာင့္အတြက္ေတာ့သူနဲ႔ရင္ခြၽမ္းခ်ဳံကမိဘေတြလိုမ်ိဳးပါပဲ။

သူဖုန္မႈန႔္ေတြအျဖစ္ႀကိတ္ေခ်ခံလိုက္ရခ်ိန္မွာသူမဘယ္လိုခံစားရမလဲဆိုတာေတြးေတာင္မၾကည့္ႏိုင္ေပ။

"အိုေက စကားေျပာတာရပ္လိုက္ရေအာင္ အားနင္းကိုေတြ႕ဖို႔ေခၚသြားေပးမယ္"

ေကာင္မေလးကၿပဳံးၿပီးသားေပါက္ေလးကိုလက္ေမာင္းထဲထည့္သယ္သြားတယ္။ေပါ့ပါးတဲ့ေျခလွမ္းေတြနဲ႔ရင္ခြၽန္းခ်ဳံးေပ်ာက္သြားတဲ့ေနရာကိုလိုက္သြားတယ္။ဂူအနက္ပိုင္းကေနေလွ်ာက္လာလိုက္တာပလႅင္စီကိုေရာက္လာတယ္။

ေကာင္းကင္ဘုံနဲ႔ေျမျပင္ကမေရမတြက္ႏိုင္တဲ့အဖိုးတန္ရတနာေတြနဲ႔ျပဳလုပ္ထားတဲ့ေကာင္ေလးရဲ႕ကိုယ္ကအလယ္မွာတိတ္ဆိတ္စြာလဲေလ်ာင္းေနတယ္။သားေပါက္ေလးကိုတင္းၾကပ္စြာဖက္ထားၿပီးယြင္ေသာင့္ကရင္ခြၽမ္းခ်ဳံေနာက္ကိုလိုက္သြားတယ္။ရင္းႏွီးေနတဲ့မ်က္ႏွာကိုျမင္ေတာ့သူမရင္ထဲတင္းၾကပ္လာတယ္။

ႏွစ္ေတြဘယ္ေလာက္ပဲၾကာသြားပါေစထိုသူဟာသူမကိုဘယ္ေတာ့မွမၿပဳံးျပေတာ့ဘူး၊သူမေခါင္းေလးကိုညင္သာစြာမပြတ္ေပးေတာ့ဘူးဆိုတာကိုေတြးမိတိုင္းသူမႏွလုံးသားေလးဆြဲၿဖဲခံရသလိုမ်ိဳးနာက်င္ေနမိတယ္။

သူမေတာင္ဒီလိုခံစားေနရရင္ခြၽမ္းခ်ဳံဘယ္လိုခံစားရမယ္ေတြးမၾကည့္ႏိုင္ေပ။အားနင္းေသဆုံးသြားၿပီးေနာက္ခြၽမ္းခ်ဳံကမေကာင္းဆိုးဝါးလမ္းစဥ္ထဲက်ေရာက္သြားတာကိုသူမမ်က္စိနဲ႔ျမင္ခဲ့ရတယ္။အတိတ္ကတိတ္ဆိတ္ၿပီးသီးသန႔္ေနတတ္တဲ့ေကာင္ေလးကေနအဓိကနယ္ေျမတစ္ခုလုံးေၾကာက္ရတဲ့နတ္ဆိုးဘုရင္အျဖစ္ကိုေျပာင္းလဲသြားတယ္။နတ္ဆိုးနယ္ေျမကလူေတြေတာင္သူ႔ကိုေၾကာက္ရတယ္။

လူတိုင္းကရင္ခြၽမ္းခ်ဳံရဲ႕ရက္စက္ၾကမ္းတမ္းမႈေတြကိုသိၾကတယ္။သူဘယ္ပဲသြားသြားေၾကာက္မက္ဖြယ္သတ္ျဖတ္ျခင္းေတြကအတူပါေနတယ္။ဂိုဏ္းကိုးဂိုဏ္းလုံးကအျမစ္ျပတ္သုတ္သင္ျခင္းခံလိုက္ရၿပီးဂိုဏ္းသားေတြကေသြးပူေဇာ္ပြဲအတြက္သတ္ျဖတ္ခံလိုက္ရကာဝိဥာဥ္တစ္ခုမွက်န္မေနခဲ့ဘူး။ရက္ေပါင္းမ်ားစြာၿမိဳ႕ဟာေသြးခ်င္းခ်င္းနီသြားၿပီးေအာ္ဟစ္သံေတြနဲ႔ဆူညံေနခဲ့တယ္။

ဒါေပမဲ့သူမတစ္ေယာက္ပဲခ်မ္းခ်ဳံရဲ႕ကလဲ့စားေခ်မႈကက်ိနင္းကိုျပန္ရွင္သန္ေအာင္လုပ္ဖို႔မွန္းသိတယ္။ထိုအခ်ိန္ကထိုဂိုဏ္း၁၂ဂိုဏ္းဟာသူတို႔ကိုသူတို႔အားႀကီးလာေအာင္လုပ္ဖို႔အားနင္းရဲ႕ဂိုဏ္းကိုသတ္ရန္ေပါင္းစည္းခဲ့ၾကတယ္။အားနင္းဟာအသတ္ခံခဲ့ရၿပီးအေလာင္းေတာင္မွမက်န္ခဲ့ဘူး။

သူမတစ္ေယာက္ပဲခြၽမ္းခ်ဳံရဲ႕ႏွလုံးသားထဲကနက္ရႈိင္းေသာခ်စ္ျခင္းတရားဟာဘယ္ေသာအခါမွမေသဆုံးခဲ့မွန္းသိခဲ့တယ္။

ရင္ခြၽမ္းခ်ဳံကပလႅင္နားကိုေလွ်ာက္သြားၿပီးေကာင္ေလးရဲ႕ကိုယ္နားမွာထိုင္လိုက္ခ်ိန္၌သူ႔ရဲ႕အနက္ေရာင္ဝတ္႐ုံဟာတဖ်ပ္ဖ်ပ္လြင့္ေနတယ္။ေတြေဝျခင္းမရွိဘဲသူ႔ရဲ႕လက္ေကာက္ဝတ္ကိုလွီးျဖတ္ကာထြက္လာေသာေသြးေတြကိုေကာင္ေလးရဲ႕အနည္းငယ္ပြင့္ဟေနေသာႏႈတ္ခမ္းထဲကိုေလာင္းထည့္လိုက္တယ္။

ယြင္ေသာင့္ကသားေပါက္ေလးကိုဖက္ထားကာရင္ခြၽမ္းခ်ဳံေသြးေတြေကာင္ေလးထဲစီးဝင္သြားတာကိုေဘးကေနရပ္ၾကည့္ေနတယ္။ဒါေပမဲ့သူ႔ရဲ႕ကိုယ္ကအဆုံးမရွိေသာတြင္းနက္ႀကီးလိုေသြးေတြဘယ္ေလာက္ပဲဝင္ေနပါေစတုံ႔ျပန္ခ်က္မရွိဘူး။

ေသြးစီးဆင္းမႈနည္းလာခ်ိန္မွာေကာင္မေလးကဆက္မၾကည့္ေနႏိုင္ေတာ့ဘဲေျပးသြားၿပီးရင္ခြၽမ္းခ်ဳံရဲ႕လက္ကိုကိုင္ကာဝမ္းနည္းစြာေျပာတယ္"ေက်းဇူးျပဳၿပီးရပ္လိုက္ပါေတာ့ခြၽမ္းခ်ဳံ,ဒီတစ္ခါလည္း...ကြၽန္မတို႔ထပ္ရႈံးနိမ့္ျပန္ပါၿပီ"

ရင္ခြၽမ္းခ်ဳံကတိတ္ဆိတ္ေနတယ္။သူ႔ရဲ႕ေသြးမရွိတဲ့လက္ေတြဟာေရခဲတမွ်ေအးစက္ေနၿပီးလက္ေခ်ာင္းထိပ္ကေသြးစက္ေတြဟာေကာင္ေလးရဲ႕မဂၤလာဝတ္စုံေပၚကိုစီးက်သြားတယ္။

"ကိစၥမရွိပါဘူး..မိသားစု၁၂စုမွာသုံးစုက်န္ေသးတာပဲ,အခြင့္အေရးရွိပါေသးတယ္"

ေကာင္မေလးကရင္ခြၽမ္းခ်ဳံျရ႕အက်ီလက္ကိုဆြဲကာနီရဲေနတဲံမ်က္လုံးေတြနဲ႔"အားနင္းေသခ်ာေပါက္ျပန္လာမွာပါ..သူကြၽန္မတို႔ကိုထားသြားမွာမဟုတ္ပါဘူး"

'..."

က်ိနင္းသူ႔အၿမီးေလးကိုပိုက္ကာေဘာလုံးေသးေသးလိုျဖစ္ေအာင္က်ဳံ႕လိုက္တယ္။သူ႔ႏွလုံးသားထဲမွာအျပစ္ရွိစိတ္ေတြဖုံးလႊမ္းေနတာေၾကာင့္သူ႔ရဲ႕တည္ရွိမႈကိုေလ်ာ့ခ်ဖို႔ႀကိဳးစားေနမိတယ္။

သူဒီမွာရွိေနေၾကာင္းေျပာခ်င္ေပမဲ့လက္ရွိကမာၻကအမွားကိုျပင္ၿပီးရင္ေနာက္ကမာၻေတြကိုဆက္သြားကာအဆုံးမရွိတဲ့မစ္ရွင္ေတြကိုလုပ္ေဆာင္ရဦးမယ္။သူတို႔နဲ႔ဘယ္ေတာ့မ့မွထပ္ေတြ႕ျဖစ္မမဟုတ္ဘူး။

ေမွ်ာ္လင့္ခ်က္ေတြကိုျပန္႐ိုက္ခ်ိဳးပစ္မွာဆိုရင္ေပးလို႔ဘယ္ျဖစ္ပါ့မလဲ။

ဒါေၾကာင့္သူ႔ကိုသတိထားမိသြားမွာစိုးလို႔အသံတစ္ခ်က္ေတာင္မထြက္ရဲဘူး။

ရင္ခြၽမ္းခ်ဳံျရ႕ျဖဴေလ်ာ္ေနေသာလက္ေတြဟာလက္ေကာက္ဝတ္ကမညီမညာျဖစ္ေနတဲ့ဒဏ္ရာကိုကုသလိုက္ခ်ိန္မွာအနီေရာင္အမွတ္ေဖ်ာ့ေဖ်ာ့ေလးပဲက်န္ခဲ့တယ္။

သူ႔မ်က္ႏွာဟာျဖဴေဖ်ာ့ေနၿပီးေကာင္ေလးျရ႕ကိုယ္ကိုငုံ႔ၾကည့္လိုက္တယ္။အခ်ိန္အၾကာႀကီးေနမွတိုးတိုးေလးေျပာလာတယ္။

"ေရွာင္းေရွာင္း.."

က်ိနင္းရဲ႕မိသားစုကသူဟာအငယ္ဆုံးျဖစ္တာေၾကာင့္အဲ့လိုေခၚခဲ့ၾကတယ္။

စစခ်င္းမွာရင္ခြၽမ္းခ်ဳံကက်ိနင္းကိုဒီလိုမေခၚရဲခဲ့ပါဘူး။သူ႔မိသားစုကသူတို႔ကိုအခ်ိန္အကၾကာႀကီးျငင္းဆန္ေနခဲ့ၾကၿပီးလက္ထပ္စာခ်ဳပ္ရွိ ေနေပမဲ့နာမည္ခံသာျဖစ္တယ္။က်ိမိသားစုထဲဝင္ေရာက္ခဲ့စဥ္ကသူဟာက်ိနင္းရဲ႕ပါတနာျဖစ္ေပမဲ့သူ႔မွာဘာရာထူးမွမရွိခဲ့ဘူး။

သူ႔ျရ႕အေျခအေနကိုသတိျပဳမိတာေၾကာင့္ဘာကိုမွမေတာင္းဆိုခဲ့သလိုဘယ္စည္းမ်က္းကိုမွလည္းမခ်ိဳးေဖာက္ခဲ့ဘူး။သူနဲ႔မတူပဲက်ိနင္းကေတာ့ဂိုဏ္းတစ္ခုလုံးရဲ႕ဂုဏ္ေဆာင္ျဖစ္ကာတစ္သက္မွာတစ္ခါပဲပြင့္တဲ့က်င့္ႀကံေရးပညာရွင္ျဖစ္တယ္။သူက်ိနင္းကိုပထမဆုံးစစေတြ႕ခ်ိန္ကသူ႔မ်က္ႏွာကိုေတာင္မၾကည့္ရဲခဲ့ဘူး။

"ဘာလို႔ငါ့ကိုမၾကည့္တာလဲ?ေၾကာက္ေနတာလား"

အဲ့ဒီ့အခ်ိန္မွာသူကဦးၫႊတ္ထားၿပီးေရခဲေတာင္ႀကီးလိုေတာင့္ေတာင့္ႀကီးရပ္ေနတယ္။ေကာင္ေလးရဲ႕မေက်မေနပ္ျဖစ္‌ေနတဲ့ဆူသံကိုၾကားလိုက္ရၿပီး‌ေနာက္သူ႔ေမးေစ့ကိုအပင့္ခံလိုက္ရၿပီးေနာက္သူ႔အျမင္အာ႐ုံမွာရဲရဲေတာက္ေနတဲ့အနီေရာင္နဲ႔ျပည့္သြားတယ္။

အနီေရာင္ဝတ္ထားတဲ့ေကာင္ေလးဟာေပ်ာ္႐ြင္ေနၿပီးဂုဏ္ယူဝင့္ႂကြား‌ေနတယ္။မာနေထာင္လႊားမႈဟာသူ႔ရဲ႕ေမြးရာပါအခြင့္အေရးလိုမ်ိဳးလွပၿပီးမာနေထာင္လႊား‌ေသာအမူအရာျဖင့္သူ႔ကိုေစြၾကည့္သည္။

ထိုအခ်ိန္ကရင္ခြၽမ္းခ်ဳံဟာငယ္႐ြယ္ေသးတာမို႔လွပလြန္းေသာဇနီးေလာင္း‌နဲ႔ေတြ႕လိုက္ရခ်ိန္မွာသူ႔ႏွလုံးသားေလးဟာရႈပ္ေထြးသြားခဲ့တယ္။အနည္းငယ္ရွက္႐ြံ႕ေနခဲ့ေသာ္လည္းအအေပၚယံတြင္ေတာ့က်င့္ဝတ္မ်ားကိုလိုက္နာကာ႐ိုေသစြာဦးၫြတ္ေျပာလိုက္သည္။

"မလုပ္ရဲပါဘူး"

"ဘာကိုမလုပ္ရဲတာလဲ?ငါ့ကိုမၾကည့္ရဲတာလား ငါ့ကိုမေၾကာက္တာလား"

ဒီလိုသတိထားေနမႈမ်ိဳးနဲ႔ေတြ႕ရေတာ့ေကာင္ေလးကစိတ္တိုသြားကာလွည့္ထြက္သြားၿပီး"ငါကအဲ့ေလာက္ေတာင္ေၾကာက္စရာေကာင္းတာလား? တျခားကေလးေတြကငါ့ကိုစိတ္တိုးေအာင္လုပ္မိမွာေၾကာက္လို႔အနားေတာင္မကပ္ရဲၾကဘူး အခုမင္းကပါဒီလိုဆက္ဆံေနတယ္"

"မဟုတ္ဘူး..."

လူငယ္ေလးလွည့္ထြက္သြားတဲ့အခါယြင္ခြၽမ္းခ်ဳံဟာထိတ္လန႔္သြားၿပီးသူ႔အက်ႌလက္ကိုမစဥ္းစားဘဲဆြဲကိုင္လိုက္မိသည္။ထိုကဲ့သို႔႐ိုင္းစိုင္ေသာလုပ္ရပ္ကိုလုပ္မိျခင္းေၾကာင့္သူ႔ႏွလုံးသားေလးရပ္တန႔္သြားသလိုခံစားလိုက္ရတယ္။

သို႔ေသာ္မထင္မွတ္ဘဲေကာင္ေလးကေဒါသမထြက္ဘဲယြင္ခြၽမ္းခ်ဳံကိုေကြးၫြတ္ေသာမ်က္လုံးမ်ားျဖင့္လွည့္ၾကည့္လာသည္။

"မွန္တယ္မင္းငါ့ေရွ႕မွာထိန္းးခ်ဳပ္ေနစရာမလိုဘူးၿပီးေတာ့အႏိုင္က်င့္ခံရမွာကိုလည္းေၾကာက္စရာမလိုဘူး မင္းကိုကာကြယ္ေပးမယ္"

လန႔္ဖ်န႔္သြားတဲ့ရင္ခြၽမ္းခ်ဳံကေကာင္ေလးေျပာတာကိုၾကားလိုက္တယ္ "ငါ့မိသားစုကေရွာင္းေရွာင္းလို႔ေခၚတယ္တျခားသူေတြကေတာ့နင္းလ်န္ကြၽမ္းလို႔ေခၚတယ္မင္းကေတာ့ငါ့ကိုေရွာင္းေရွာင္းလို႔ေခၚႏိုင္ပါတယ္"

—----------------------------------------

ဒါေပမဲ့သူတစ္ခ်ိန္ကေရွာင္းေရွာင္းလို႔ေခၚခဲ့သူဟာအခုမရွိေတာ့ေပ။

ေငြေရာင္ဆံႏြယ္နဲ႔လူရဲ႕မ်က္လုံးေတြဟာဗလာျဖစ္ေနၿပီးေကာင္ေလးရဲ႕ကိုယ္ကိုပလႅင္ေပၚကေနမလိုက္တယ္။ယြင္ေသာင့္ကဂူထဲကို‌ျပန္နဲ႔လမ္းတေလွ်ာက္သားေပါက္ေလးကိုပိုက္ကာလိုက္လာတယ္။

ေကာင္မေလးရဲ႕လက္ေမာင္းထဲမွာလဲေလ်ာင္းရင္းေမွာင္မဲေနတဲ့လႈိဏ္ဂူထဲမွာအခ်ိန္အၾကာႀကီးျဖတ္သန္းၿပီးေနာက္က်ိနင္းေနေရာင္ကိုျပန္ေတြ႕‌ႏိုင္ၿပီျဖစ္တယ္။လင္းထိန္လြန္းေသာအလင္းေရာင္ေၾကာင့္မ်က္လုံးေတြကိုထိခိုက္မွာစိုးတာေၾကာင့္မွိတ္ပစ္ဖို႔လုပ္ေနခ်ိန္မွာပဲအျပင္ကေကာင္းကင္ကလည္းေမွာင္ေနကာေသြးမႈန္ေတြနဲ႔ဖုံးလႊမ္းေနတာကိုျမင္လိုက္ရတယ္။

ထိုကဲ့သို႔ေသာထိတ္လန႔္ဖြယ္ျမင္ကြင္းအတြက္အသင့္မျပင္ရေသးတာေၾကာင့္က်ိနင္းမ်က္လုံးေတြျပဴးက်ယ္သြားတယ္။သူတို႔ကေတာင္ႀကီးရဲ႕အစြန္းႏွာရပ္ေနၾကၿပီးၿမိဳ႕က‌သူတို႔ေအာက္ေျခမွာရွိေနတယ္။သူေမွ်ာ္လင့္ထားေသာစည္ကားေနမည့္ျမင္ကြင္းအစားေသျခင္းတရားရဲ႕အရွိန္အဝါေတြဖုံးလႊမိးေနၿပီးၿမိဳ႕နံရံေတြဟာေသြးခ်င္းခ်င္းနီေနတယ္။

ဂူထဲကအ႐ိုးေတြဟာပ်က္စီးမႈရဲ႕အနည္းငယ္ေသာပမာဏသာျဖစ္တယ္။ေတာင္တစ္ခုလုံးသည္လူသားမ်ားႏွင့္တိရစာၦန္မ်ား၏အႂကြင္းအက်န္မ်ားျဖင့္‌ျမင့္မားစြာစုပုံထားတယ္။သစ္ပင္ေတြဟာလည္းေျခာက္ေသြ႕ေနၿပီးေသေနၾကတယ္။

အခ်ိဳ႕ေနရာမ်ားတြင္အသက္ရွင္႐ုံမွ်သာက်န္ခဲ့ေသာတိရစာၦန္မ်ားဟာအေလာင္းပုံထဲက႐ုန္းထြက္ၿပီးထိတ္လန႔္စြာထြက္ေျပးၾကတယ္။ရင္ခြၽမ္းခ်ဳံနဲ႔ယြင္ေသာင့္ကသူတို႔ကိုတားဖို႔မႀကိဳးစားပါဘူး။

"ေနာက္တစ္ေနရာကိုဆက္သြားရေအာင္"

ေကာင္မေလးကတိုးတိုးေလးေျပာၿပီးေဘးပတ္ဝန္းက်င္ကအပ်က္အစီးေတြကိုေငးၾကည့္တယ္။

အဲ့ဒီ့အခ်ိန္၌က်ိနင္းမသက္မသာမႈကိုခံစားလိုက္ရၿပီးသတိလစ္သြားျပန္တယ္။

မ်က္လုံးေတြကိုဖြင့္ၾကည့္လိုက္ေတာ့ကုခ်န္ရဲ႕ကမာၻကဟိုတယ္ခန္းထဲကိုေရာက္ေနၿပီျဖစ္ေၾကာင္းေတြ႕လိုက္ရတယ္။

—----------------------------------------

"ႏိုးၿပီလား"

ဟယ္ရီေနာ့စ္ကၿပဳံးၿပီးသူ႔ေဘးမွာထိုင္ေနတယ္။က်ိနင္းေဝဝါးေနၿပီးေနာက္ဆုံးသူမွတ္မိတာကအခမ္းအနားမွာမူးေနခဲ့တာပင္။သူအက္ကြဲေနတဲ့အသံနဲ႔ေမးလိုက္တယ္ "ငါ...?"

"မေန႔ညကမူးေနၿပီးျပန္ႏိုးမလာဘူး ကိုယ္မင္းကိုဒီကိုေခၚလာခဲ့ရတယ္ မြန္းတည့္ခ်ိန္ထိအိပ္ေနမယ္လို႔ဘယ္သူထင္မွာလဲ"

ဟယ္ရီေနာ့စ္ကသူ႔ဆံပင္ေတြကိုပြတ္သပ္ၿပီးညင္သာစြာေျပာတယ္ "ဒီရက္ပိုင္းအရမ္းႀကိဳးစားေနခဲ့တာ ခုလိုနားလိုက္ေတာ့ေကာင္းပါတယ္ ေန႔လည္စာစားဖို႔ေခၚလိုက္မယ္ ဘာစားခ်င္လဲ"

"...ဘာျဖစ္ျဖစ္"

က်ိနင္းကတျခားကမာၻကျပန္လာခဲ့တာမို႔ဘာေတြျဖစ္ေနမွန္း‌ေသခ်ာမသိေသးသျဖင့္သူ႔တုံ႔ျပန္မႈေတြကေႏွးေကြးေနတယ္။ကုတင္ေပၚမွဂ႐ုတစိုက္ထကာ"အရင္ေဆးေၾကာလိုက္ဦးမယ္" လို႔ေျပာတယ္။

က်ိနင္းေရခ်ိဳးခန္းစီတေ႐ြ႕တေ႐ြ႕ေလ်ာက္သြားတယ္။ေဟာဝူလင္းရဲ႕‌ေနာက္ဆုံးအႀကိမ္ကသင္ခန္းစာေၾကာင့္တံခါးကိုမပိတ္ရဲဘဲအက်ယ္ႀကီးဖြင့္ထားတယ္။

မွန္မွာမူမမွန္တာတစ္ခုခုရွိမေနတာေသခ်ာေအာင္စစ္ေဆးၿပီးမွျမန္ျမန္မ်က္ႏွာသစ္လိုက္တယ္။မ်က္ႏွာသုတ္ေနတုန္းမွာပဲခလုတ္ကမီးလင္းလာတာေၾကာင့္သူ႔ကိုတစ္ေယာက္ေယာက္စာပို႔လိုက္တာျဖစ္မယ္။

က်ိနင္းခလုတ္ကိုၾကည့္လိုက္‌ေတာ့ဂိမ္းေၾကာ္ျငာတစ္ခုျဖစ္ေနတယ္ ပုံမွန္အားျဖင့္ဒီလိုအရာမ်ိဳးကိုAIကဖယ္ထုတ္ပစ္လိုက္မွာျဖစ္တယ္။ကုမၸဏီကိုေၾကာ္ျငာေတြမပိတ္ေအာင္ပိုက္ဆံေပးထားတာမ်ားလား။

သူ႔မွာဂိမ္းေဆာ့ေနဖို႔အခ်ိန္မရွိသျဖင့္ပိတ္လိုက္တဲ့အခါပိတ္မသြားတဲ့အျပင္သူ႔အလိုလိုပြင့္သြားတယ္။

သူ႔ရဲ႕ခလုတ္ကေလထဲမွာဂိမ္းနာမည္ကိုေသသပ္‌တဲ့လက္ေရးလွနဲ႔ေလထဲမွာေဖာ္ျပလာတယ္။

"အေမွာင္ေခတ္"

အဲ့ဒီ့နာမည္ကသူတစ္ခ်ိန္ကကုးေျပာင္းခဲ့ဖူးတဲ့အေနာက္တိုင္းစိတ္ကူးယဥ္ဝတၳဳရဲ႕နာမည္မဟုတ္ဘူးလား။

က်ိနင္းႏွလုံးခုန္လာကာခလုတ္ကိုပိတ္ဖို႔လုပ္ေပမဲ့အသုံးမဝင္ပါဘူး။

[ခ်မ္းသာႂကြယ္ဝေသာဤ‌ေဒသထဲ၌...]

[မေရမတြက္ႏိုင္တဲ့အသက္ေတြရွင္သန္ခဲ့ဖူးတယ္...]

နတ္ဆိုးမ်ိဳးႏြယ္၊ေကာင္းကင္ဘုံမ်ိဳးႏြယ္၊နတ္သူငယ္မ်ိဳးႏြယ္၊လူပုမ်ိဳးႏြယ္၊ဘီလူးမ်ိဳးႏြယ္၊နဂါးမ်ိဳးႏြယ္ႏွင့္လူသားမ်ိဳးႏြယ္]

[ထိုမ်ိဳးႏြယ္ေတြဟာသူတို႔ရဲ႕ကိုယ္ပိုင္‌နယ္ေျမအတိုင္းတစ္ေယာက္ကိုတစ္ေယာက္မက်ဴးေက်ာ္ဘဲေနထိုင္ခဲ့ၾကတယ္။တစ္ေန႔မွာေတာ့နတ္ဆိုးဘုရင္ဟာေသြးထြက္သံယိုစစ္ပြဲကိုစတင္ခဲ့ၿပီးဤေဒသကိုအဆုံးမဲ့ပဋိပကၡေတြထဲထိုးသြင္းခဲ့သည္]

[မေရမတြက္ႏိုင္ေသာအေလာင္းေတြျဖစ္ေပၚလာၿပီးေမွာ္ပညာေပၚထြန္းလာခဲ့သည္။ဝိဉာဥ္ေမွာ္ပညာအရာ၌ကြၽမ္းက်င္ေသာသင္သည္စစ္ပြဲအတြင္းေမွာ္နက္ပညာသုံးစြဲသူတစ္ေယာက္ျဖစ္လာခဲ့သည္။ႏွစ္ေပါင္းမ်ားစြာဤေဒသ၌ခရီးသြားခဲ့ၿပီးႀကီးက်ယ္ေသာဂုဏ္သိကၡာကိုထူေထာင္ႏိုင္ခဲ့သည္]

[ဒါေပမဲ့အ‌ဆုံးမဲ့သတ္ျဖတ္မႈေတြေၾကာင့္စိတ္မသက္မသာျဖစ္ခဲ့ရတယ္။မင္းမွာစြမ္းအင္ေတြရွိေနေပမဲ့တစ္ေန႔မွာေသရမယ္ဆိုတာကိုသိ‌ေနတာေၾကာင့္မင္းမရွိေတာ့တဲ့အခ်ိန္မွာမင္းေနရာကိုဆက္ခံမဲ့တပည့္တစ္ေယာက္ကိုေမြးျမဴရန္စိတ္ကူးေပၚခဲ့သည္

[အလင္းဘုရားေက်ာင္းကငယ္႐ြယ္ေသာစစ္သားတစ္ဦး လိုင္ ကိုသေဘာက်ခဲ့သည္]

ေလထဲ၌စာတန္းေတြေပၚလာၿပီးေနာက္အမ်ိဳးသားတစ္ဦးရဲ႕ပုံရိပ္ေပၚေပါက္လာသည္။

ေကာင္ေလးဟာရဲရင့္မႈကိုေဖာ္ျပတဲ့အျဖဴေရာင္စစ္သားဝတ္စုံကိုတတ္ဆင္ထားၿပီးတိုတိုညႇပ္ထားတဲ့ေ႐ႊေရာင္ဆံပင္ေတြနဲ႔အတူေက်ာက္မ်က္ရတနာေတြလိုေတာက္ပေနတဲ့အျပာေရာင္မ်က္လုံးေလးေတြရွိတယ္။ေခ်ာေမာေသာမ်က္ႏွာနဲ႔အတူအရပ္ရွည္ရွည္ထိုသူဟာအေရွ႕ဘက္ကိုႏူးညံ့စြာၿပဳံးျပေနတယ္။

[သူဟာမင္းျမင္ဖူးသမွ်ထဲပါရမီအ

ပါဆုံးေမွာ္စြမ္းအင္အသုံးျပဳသူျဖစ္ၿပီးမင္းထက္ေတာင္ေတာ္ေသးတယ္]

[ဘယ္နည္းနဲ႔မဆိုဘုရားေက်ာင္းကေနသူ႔ကိုလုယူဖို႔တိတ္တိတ္ေလးဆုံးျဖတ္ခ်က္ခ်လိုက္တယ္]

[ဒီတစ္ခါမွာေရာမင္းဘာလုပ္ဖို႔ေ႐ြးခ်ယ္မွာလဲ?]

Tbc 🐣

(ဖတ္ေပးၾကသူတိုင္းကိုေက်းဇူးတင္ပါတယ္)

Zawgyi

Continue Reading

You'll Also Like

801K 32K 50
ဒုတိယအကြိမ် ပြန်တင်ခြင်း....
138K 5.8K 64
အချစ်က အဆိပ်တစ်ခွက်ဖြစ်နေခဲ့ရင်တောင် ပျားရည်အမှတ်နဲ့ကျွန်တော်ကတော့ သောက်သုံးနေမိအုံးမှာဘဲ။
296K 23.1K 55
What's going on with savage male empress Ru Ru from heaven ? MAHARVERSE SEASON 2|| START DATE - June 26 2023 END DATE - May 9 2024
90.8K 15.6K 53
Original Author -狩心( ShòuXīn) Status -Completed Total episodes -51+Extra5 Start Date -31.8.2022 End Date - Update- Three episodes per week This nov...