''စိတ်ကုန်နေပြီ.....ငါ မင်းကိုစိတ်ကုန်နေပြီ''
မနည်းအားတင်းကာ ပြောနေပါသော်လည်း ဖြူဖျော့နေသည့်ခန္ဓာကိုယ်က ဝိုင်ရဲ့ဒဏ်ရော ကြောက်ခြင်းရဲ့ဒဏ်ကိုမခံနိုင်တော့တာမို့ ခွေခေါက်သွားခဲ့သည်။
''ခင်များ... ...ဟာ...Jimin... Jimin''
ရင်ခွင်ထဲ ပြိုလဲသွားသူအား အသာထိန်းရင်း ဖက်ထားလိုက်မိသည်။
အခုပဲ စိတ်ကုန်တယ် ပြောနေတဲ့ သူက ဘာကြောင့် ပြိုလဲသွားရတာလဲ။
တကယ် ပြိုလဲရမယ့်သူက သူပါ ကိုကိုရယ်။
ကိုကို့ရဲ့မုန်းပါတယ်ဆိုတဲ့စကားလည်းကြားရပြီးပီ။ စိတ်ကုန်တယ် လို့လည်းကြားရပြီးပီ။
မောင့်မှာ ဘယ်ခံနိုင်ရည် ရှိပါ့တော့မလဲ။
သို့ပေမယ့် မောင့်ထပ်အရင် မောင့်ကိုကိုက ပြိုလဲသွားခဲ့ရခြင်း။
Jiminမေ့လဲသွားတဲ့နေရာကို လူစုပြုံပီးရောက်လာတော့ Jeonဟာ ခန္ဓာကိုယ်သေးသေးလေးအားပွေ့ကာ.. လူတွေနဲ့ဝေးရာသို့ ချီလာခဲ့သည်။
''ကိုကို...''
ချက်ချင်းကို ဖြူဖျော့ လာသော လက်ကလေးများ။Jeonဘာမှစဥ်းစားမနေတော့ပဲ ဆေးရုံသို့သာ ကားကိုမိုင်ကုန်မောင်းထွက်လာတော့သည်။
အနောက်မှHoseokတို့ လိုက်လာမှန်းသိသော်လည်း တင်ထားတဲ့အရှိန်ကို တစက်လေးမှ မလျှော့ပဲ ဆေးရုံဝင်းထဲ ကြမ်းတမ်းစွာ။
''ဖယ်...အကုန်...ဖယ် ချက်ချင်း ''
Jeonဒေါသ သံတို့သည် ကော်ရစ်တာတစ်လျှောက် ပေါက်ကွဲလျှက်။
''ဦးလေးJeon ကိုကို့ ကိုကယ်ပါ ကိုကိုမေ့သွားတာ''
''စိတ်အေးအေးထား ကူးငယ်လေး ဦးလေးတစ်ယောက်လုံးရှိတယ် အခုတော့ သူ့ကို ဒီကုတင်ပေါ် စိတ်ချလက်ချ တင်ပေးလိုက်ပါ''
ဦးလေးရဲတောင်းဆိုမှူကိုလက်ခံကာ အရေးပေါ်အခန်းထဲဝင်မည့် ကုတင်ပေါ်သို့ Jimin ကိုယ်ငယ်လေးအား ညှင်သာ စွာ တင်ပေးလိုက်သည်။
''စိတ်မပူပါနဲ့ ''
ဦးလေးက စိတ်မပူရန်ပြောသွားပါသော်လည်း မောင့်ရင်ထဲက အပူသည် တစ်စထက်တစ်စ ပိုကြီးမားလာသည်။
ဟုတ်တယ်။
သူမှားခဲ့တာ။
ကိုကို စိတ်ကုန်အောင်မလုပ်သင့်ဘူး။
ဒီမသန့်တဲ့လက်တွေနဲ့ ကိုကို့ကို မဖက်သင့်ဘူး။
ကိုကို ဘယ်လောက်တောင် ရွံရှာသွားရမလဲ။
ကတိပေးပါတယ် ဗျာ....
နောက်ဆို ကိုကို့တစ်ယောက်ထဲသာ မောင် ချစ်တော့မှာပါ။
Jeonဟာ တစ်ယောက်တည်းကတိတွေပေးရင်းနဲ့ အရေးပေါ်ရှေ့ခေါက်တုန်ခေါက်ပြန်။
''Jeon Jung Kook''
''Hoseok...Tae''
Jeonဟာ သူငယ်ချင်း နှစ်ယောက်ကိုတွေ့သည်နှင့် ဝမ်းနည်းစွာ ပြေးဖက်ငိုတော့သည်။
''သူ...ငါ့ကို စိတ်ကုန်သွားတယ်Tae....သူ...ကျွန်တော့်ကို...မုန်းသွားတာ...ဒီလက်တွေနဲ့သူ့ကို ဖက်မိလိုက်တယ်...ကျွန်တော် သိပ်လွန်သွားတယ်''
''မင်းအမှားမဟုတ်ပါဘူး...Jiminက နဂိုထဲက အကြောက်စိတ်လေးရှိနေလို့ပါJung Kookရယ်''
Hoseokကချော့မော့ပြောနေပေမယ့် Taeစိတ်တွေကတော့ ပူလောင်စွာ တစ်ယောက်ယောက်အား စိတ်ခံစားချက်တို့ ပြောင်းလဲသွားခဲ့ရသည်။
ချစ်တဲ့စိတ်တွေ မြင်နေခဲ့ရပေမယ့် Park Jiminက ဘာကို လိမ်နေတာလဲ။ Jeonကို ရူးစေချင်နေတာလား။ ဒါမှမဟုတ် Jeonကို သိပ်ချစ်တဲ့ ငါ့ကို သွက်သွက်ခါစေချင်တာလား။
သူသိပ်ချစ်ရတဲ့သူက သူ့ရှေ့မှာ နာကျင်ပြနေခြင်းက သူ့အတွက်အဆင်မပြေနေ။
Jeonရယ်...အကြောင်းအရာကို မင်းမသိတာလား။
မင်းကို....သူက မချစ်ပါဘူး လို့ ကိုယ်အတန်တန်ပြောခဲ့ရက်သားရယ်။
Park Jiminက Jeonရဲ့အဝေးမှာနေခဲ့ပေမယ့် Jeonကတော့ Park Jiminရဲ့ အနားကိုသာ ပိုလို့တိုးခဲ့သည်။
တစ်ခုပဲရှိပါသည်။
ဒါဟာ....Park Jiminကို Jeon သေချာပေါက် မုန်းရလိမ့်မည်။
Jeonဝမ်းနည်းတိူင်း လိုက်ငိုပေးတတ်သူTaeဟာ နာကျင်နေရသော Jeonအားကြည့်ကာ ရင်ထဲတစ်ဆစ်ဆစ်။
Jeonခံစားရသလို Park Jimin မင်း ပိုပီး ထပ်ခံစားရမယ်....Jeonလို...နာနာကျင်ကျင်ပေါ့။
ချစ်နေရက်သားနဲ့ မင်း.... ပိုဝေးစေရမယ် Park Jimin။
မျက်ရည်စတစ်ချို့ဖြင့် ဖန်တီးလိုက်သော ကျိန်စာ ဆူးဆူးသည် အရေးပေါ်အခန်းထဲမှ လူသားငယ်ရဲ့ ရင်ဝသို့ စူးဝင်လာကာ ပြန်သတိရလာခဲ့သည်။
သို့သော် ကောင်းသော သတိရခြင်းတွေ ဟုတ်မနေခဲ့။
"Hyungရေ....Hyungကို ခေါ်ပေးပါ.....Hyung ရော....Hyung ကြောက်လို့....လာခေါ်ပေးပါဦး....ဟင့်!''
သတိရရလာခြင်း ဝမ်းနည်းပက်လက်ငိုကြွေးကာ အစ်ကိုဖြစ်သူအား တောင်းတနေသော လူနာလေးကို ကြည့်ရင်း မှန်မှတဆင့်မြင်နေရတဲ့ ငိုကြွေးနေသူ ပုံရိပ်လေးအား ထပ်ကြည့်ရင်း Dr Jeonရဲ့စိတ်ထဲ တစ်စုံတစ်ယောက်ကို သနားသွားမိသည်။
အခန်းရှေ့မှ သုံးယောက်သားအား အသံပြုကာ
''သူ့အစ်ကိုကို ခေါ်ပေးလိုက်ပါ....သူအရမ်းငိုနေတယ်''
''ကျွန်တော် ဝင်မယ်...''
ငိုနေသည့်အသံကြားသည်နှင့်Jeonက အခန်းထဲဝင်ရန်အတင်းတောင်းဆိူတော့သည်။
''မင်းကို မလိုဘူး Jeon Jung Kook''
တစ်ဖက်မှ အသံလာရာသို့ကြည့်လိုက်တော့ တက္ကသိုလ်ကျန်းမာရေးစင်တာက Dr Kimနဲ့ Jimin ရဲ့အစ်ကိုဖြစ်သူJin။
''ထပ်ထပ်ပီး...နှောင့်မယှက်တော့ရင်ကောင်းမယ်''
Jeon ရဲ့မျက်နှာအားစေ့စေ့ကြည့်ကာပြောပီး အခန်းထဲဝင်သွားတော့သည်။
''ကလေးတို့လာကြ...Drတို့ တစ်ခုခုသွားစားပြီး စကားပြောရအောင်လေ''
''Jiminနားမှာ ကျွန်တော် ရှိဖို့လိုတယ်''
''ဟင့်အင်း....သူမင်းကိုမလိုကြောင်း ကိုယ်အေးဆေးပြောပြမယ်..လိုက်ခဲ့ကြ''
Jeonတစ်ယောက်ဟာ စကားကိုနားမလည်ပါပဲ Drနောက် မယောင်မလည်လိုက်သွားသည်။
ကျန်တဲ့နှစ်ယောက်ကလည်း Drစကားကို စိတ်ဝင်စားသည်မို့ သိချင်ဇောနဲ့လိုက်လာခဲ့သည်။
ဆေးရုံထဲက စားသောက်ဆိုင်တစ်ဆိုင်တွင် Drက ဧည့်ခံသည်။
''တစ်ခုခုမှာကြ ကိုယ်ရှင်းမှာ''
''စားဖို့လာတာမဟုတ်ဘူး...Jiminက အခု ဘာဖြစ်တာလဲ သိချင်တာ သူ ကျွန်တော်နဲ့ရှင်းတာမပြီးသေးဘူး''
''သူက မင်းနဲ့ ရှင်းစရာဘာရှိလို့လဲ''
''ဟ...ခင်များက ဘာလဲ သူနဲ့ဘာတော်လို့ဒီလောက်လာစစ်နေရတာလဲ ချစ်သူနှစ်ဦးကြားက ကိစ္စခင်များနဲ့မဆိုင်ဘူး''
Jeonရဲ့ နဂိုဗီဇသည် ဂျိုကြွသလို ကြွလာခဲ့သည်။
Jiminရဲ့အိပ်မက်ဆိုးထဲက ပုံစံဟာ ဒီပုံစံလေးအတိူင်းပဲဆိုတာDrဟာ ပြေးမကြည့်ပါပဲ သိလိုက်သည်။
ချစ်တတ်ခြင်းအရောင်တွေကို မြင်ရပေမယ့် ဒေါသရိပ်က ပိုကြီးစိုးနေတာမို့ Jiminလန့်လည်း လန့်ချင်စရာပါလား။
''ကိုယ်က Jimin Drမိူ့...ကိုယ်နဲ့ဆိုင်တယ်''
''Jimin ရဲ့Drက ကျန်းမာရေးနဲ့ပဲသက်ဆိုင်မှာပေါ့ အချစ်ရေးနဲ့နည်းနည်းလေးမှ မအပ်စက်ဘူး Bro''
''စိတ်ကလေးကိုလျှော့လိုက်ပါလား...အရင်ဆုံးကိုယ်တို့စားပြီးမှပြောကြရအောင်Jeon''
''ခင်များပါ ဘာဖြစ်ဖြစ် ကျုပ် ဂရုမစိုက်ဘူး ''
ပြုံးပြုံးကလေးပြောနေသူနှင့်ဒေါသတကြီးပြောဆိုနေသူတို့ကြား...တိုက်ပွဲသေးသေးလေးကအစပြုနေတော့သည်။
Jeonကသာ ဒေါသကြီးနေပါသော်လည်းDrကမူ အအေးတစ်ချို့ကိုအေးဆေးပင်မှာနေသည်။
နားမလည်နိုင်သောDrစကားနှင့် စိတ်မထိန်းနိုင်သောJeonတို့ကြား Taeနှင့်Hoseokဟာ ယောင်ချာချာ။
''Dr Jiminကဘာဖြစ်တာလဲ Taeသိလို့ရမလား''
''အင်း....အဲ့ကလေးက အကြောက်လွန်ရောဂါရှိတယ်''
''အဲ့တော့ အဲ့ရောဂါကိုအကြောင်းပြပီး ကျုပ်ကဝေးဝေးနေရမယ်ပေါ့...Sorryပဲနော် ဟာသတွေ''
''ဝေးဝေးမနေလည်းအဆင်ပြေပါတယ် သူ့ကိုစိတ်ဒဏ်ရာမပေးရင်ရပါပြီ''
Drဟာ ဟာသတွေလာပြောနေသလိုမျိုး သူ့စိတ်ထဲ အူလှိုက်သည်းလှိုက် ရယ်ချင်လာသည်။
''စိတ်ဒဏ်ရာ...သူ့ကို ကျုပ်မပေးမိပါဘူး''
''မင်းမသိလို့ပါ''
''ဟုတ်ပီ...ထားပါတော့ မသိလို့ပါ မသိလို့ပါ ဆိုပြီး အဲ့မသိရခြင်းကိုရော ရှင်းပြဖို့မကြိုးစားကြတော့ဘူးလား ကျုပ် က ဘာမှမသိရင် ပြဿနာကတက်နေမှာပဲ!''
''ရှင်းမပြချင်ဘူး''
''ထားတော့ ဘာလဲ သူ့ရဲ့စိတ်ဒဏ်ရာဆိုတာက ကျုပ်ရဲ့ကောင်မလေးတွေလား ...ဟ ရယ်ရသားပဲ....!!..အအေးတွေရပီလေ သောက်ကြတော့''
Jeonဟာ....ခပ်ရွဲ့ရွဲ့ပြောကာ ဆိုင်မှ ထွက်သွားတော့သည်။
Taeက အနောက်က လိုက်မည်ပြုပီးမှHoseokက လှမ်းဆွဲထားလိုက်သည်။
''တစ်ယောက်ထဲ နေပါစေ''
''သူအဆင်ပြေပါ့မလား''
''ပြေမှာပါ''
ဖြေလိုက်သူDrကိုနှစ်ယောက်သားပြိုင်တူကြည့်လိုက်မိသည်။
"Jiminကတကယ်ပဲJeonကိုကြောက်နေတာလားဟင်''
''ဘယ်လိုထင်လဲ''
''သူပြောတာတော့ သူJeonကို သိပ်ချစ်တာတဲ့''
Hoseok စကားကိုDrက ကျေနပ်စွာပြုံးသည်။
''ဟုတ်တယ် သူသိပ်ချစ်တာ... အရမ်းလည်းကြောက်တယ်...အရင်ကကူးငယ်ရဲ့ပုံစံတွေက သူ့ကိုအခုထိအရိပ်ထင်နေတုန်းပဲ...Jiminက ယောက်ျားလေးဆိူပေမယ့် ငယ်ငယ်လေးထဲက ပြဿနာမတတ်ခဲ့ဖူးဘူး သူအမြဲတမ်းအေးဆေးနေတယ် သူငယ်ချင်းလည်းမရှိဘူး သူက သိပ်ကြောက်တတ်တာ သူ့ကို ရန်ရှာမှာတွေ အသားနာအောင်သိပ်လုပ်မှာတွေ အရမ်းကြောက်တာ....ဒီလိုကြောက်တတ်တဲ့ကလေးက...အရမ်းဆိုးတဲ့ကူးငယ်နဲ့မှလာဆုံရတယ်လို့...ရေစက်ပဲလေ....သိပ်လှတဲ့ရေစက်ပဲဖြစ်ပါစေလို့ ကိုယ်မျှော်လင့်ထားတယ်''
Drရဲ့စကားအဆုံးနှစ်ယောက်သားသက်ပြင်းကိုယ်စီချရင်းငြိမ်သက်သွားကြသည်။
တစ်ဖက်မှာ စကားကောင်းနေကြပေမယ့် တစ်ဖက်မှာတော့ အမှောင်ထဲဝယ် ဆေးလိပ်ကိုခဲရင်း မျက်ရည်စီးဆင်းနေသည့်လူသားသည် အလဲလဲအပြိုပြို။
သိပ်ချစ်မိခဲ့တာပါကိုကိုရယ်။
ကိုကိုလည်းချစ်ခဲ့တာပါ...
ဘာရယ်ကြောင့် ကိုကိုက သူ့ကိုကြောက်ရမှာလဲ..
မဖြစ်နိုင်ပါ။
မျက်လုံးတို့ဝယ် ချစ်ခြင်းတရားတို့အား မြင်နေခဲ့ရပေမယ့် ရင်ထဲမှာတော့ ကြောက်စိတ်တို့ ကိန်းအောင်းနေခဲ့ခြင်းကိုတော့Jeonဟာ မရိပ်မိခဲ့။
တုန်လှုပ်လွန်းလို့ လန့်သွားတဲ့ခန္ဓာကိုယ်လေးကိုJeonဟာ မေ့လျောနေခဲ့သလား။
အမြဲတမ်းထွေးဖက်ထားပါလျက်နဲ့ အေးစက်နေခဲ့တဲ့ လက်တစ်စုံကိုရော Jeonသတိမထားခဲ့သလား။
Jeonကြောင့် ဖြစ်တည်လာရတဲ့ နှလုံးသားကိုတော့ Jeonဟာ ကောင်းကောင်းကြီးမှတ်မိနိုင်ခဲ့ပါသည်။
Jeonမသိခဲ့ရခြင်းရဲ့နောက်ကွယ်ကအမှန်တရားတွေက လက်တွေ့မှာ တကယ်ခြားနားစွာ။
ငိုလိုက်မှာပါ။
တစ်ညပါပဲ။
ပီးရင် ကိုကိုနဲ့ဝေးဝေးမှာ မနေရပါလို၏ လို့ ညတိူင်းဆုတောင်းတော့မှာ.....။
6.9.2023🤍
အချစ်ဦးလေးကတော့ဆက်မရေးဖြစ်သေး။