The rose အစောပိုင်းက ကားပါကင်သို့ ထွက်လာစဥ် ကားထဲမှ ထွက်လာသော မြန်မာဝမ်းဆက် အနက်ရောင်နှင့် လှပကော့ညွတ်နေသော ထို အမျိုးသမီးလေးကို တွေ့လိုက်ရတော့ ရင်ထဲပင် လှိုက်ဖိုသွားခဲ့သည်။
အမျိုးအမည်မသိသော အရာတစ်ခု
roseနှသုံးသားထဲ ဒုတ်ခနဲ ဖြစ်သန်းသွားလာနေသည်ကို ခံစားမိလိုက်သည်လေ။
ထိုအမျိုးသမီးလေး၏ ခြေလှမ်းသံ
များ ပျောက်ကွယ်သွားသည်အထိ
အသိစိတ်ကင်းမဲ့စွာ ငေးကြည့်နေခဲ့
မိသည်မှာ ကားထဲသို့ ဆေးလာယူသည်ကိုပင် မေ့နေသည်တဲ့။
"ထပ်ပြီး ချစ်မိလေခြင်းလား"
The roseငေးကြည့်နေမိစဥ် ကားပါကင်တွင် ဟီးဟီးဟားဟား ဟိန်းထွက်လာသော ယောကျားတစ်အုပ်၏ စကားသံကြောင့် အာရုံပျက်သွားခဲ့ရသည်။
"ဟျောင့်" ဒီနေ့ လေလံတင်မဲ့ ဆော်က စောက်ရမ်းလန်းတာလို့ ကြားတယ်"
"ငါတောင် လေလံဝင်ဆွဲကြည့်မလားလို့....ဟား..ဟားးဟား" နိုင်တော့လည်း အမြတ်ပေါ့"
"ဟာ "အဲဒီဆော်က အရိုင်းလေးလို့ကြားတယ်" တော်ကြာ အစားတစ်လုပ်နဲ့ ကုတ်ခြစ်ခံနေရအုံးမယ်...ဟား..ဟားး.."
"haaahaahaa...ဟျောင့် အဲလို အရိုင်းလေးကို စားရတာ ဘယ်
လောက်ထိ မြိန်လဲ မင်းမသိပါဘူးကွာ"
"သွားမယ်" စောက်စကားကြီးစကားကျယ်များမနေကြနဲ့လေလံနိုင်မှ ဆက်ပြော""...သွားမယ်...သွားမယ်... တော်ကြာ လေလံပွဲမမှီပဲနေမယ်"
The rose သူတို့ပြောစကားသံ ကြားတော့ ရင်ထဲ စူးခနဲ ဝမ်းနည်းသွားသလို တစ်စုံတစ်ခုကို ဆုံးရှုံးရတော့မည့် ခံစားချက်များ ဖြစ်ပေါ်လာသည်။ မသက်ဆိုင်ပဲ ပိုင်ဆိုင်လိုစိတ်တွေ တစ်ဖွားဖွား Roseရင်ထဲက ဖြစ်ပေါ်လာသည်။ ရင်ထဲမှာ ဘလောင်ဆူနေသည်ကို သူမကိုယ်တိုင်ပင် နားမလည်နိုင်တော့....
"ဘာလဲဟာ"...မိန်းမတစ်ယောက်ကိုများ...ငါဘယ်လိုတွေ ဖြစ်နေတာလဲ""
ကားထဲ ဝင်ထိုင်ကာ မိနစ်အနည်းငယ်ခန့် ငြိမ်သက်စွာ ထိုင်နေမိခဲ့သည်။ ပြီးနောက် မူးယဇ်ဆေးပါသည့် ဆေးလိပ်တစ်လိပ်ကို ဖွာရင်း
နေရာတစ်ခုစီသို့တုံ့ဆိုင်းမှုမရှိပဲ ဦးတည်ပြေးသွား မိသည်။
""မင်းက ငါ့မူပိုင်""
""ငါ့ပစ္စည်းပဲဖြစ်ရမယ်""
___________
လေလံခန်းထဲတွင် လူများမရှိတော့ပေ။ ဦးမင်းနိုင်ရယ် ခင်ရယ် မြရယ်
roseရယ်သာ ကျန်ခဲ့တော့သည်။
"ဦးမင်းနိုင် "
"ဒီနှစ်တွေမှာ ရှင့်လုပ်ငန်းတွေ တော်တော်မှ အဆင်ပြေရဲ့လား"
"ဟို...ဟုတ်ကဲ့...ပြေပါတယ် ခဗျ"
"ကျမ ဒီနေရာကို သဘောကျတယ် သိလား" ကြိုက်တယ်"
"ဗျာ"
The roseသည် သူမကြိုက်သည်ဟု
ပြောလိုက်သော အရာတိုင်းကို စျေးဘယ်လောက်ကြီးကြီး ဘယ့်သူဟာဖြစ်ဖြစ် ရအောင်ယူတတ်သည့် အကျင့်ရှိသည်။
ဦးမင်းနိုင် မျက်နှာကို ခင် ကြည့်ပြီး
အကဲခက်ကြည့်လိုက်တော့ တစ်ခုခုကို စိုးရိမ်နေသည့် မျက်နှာထားနှင့်။
"စကားတွေ ရှည်ရှည်ဝေးဝေးသိပ်မပြောချင်ဘူး""
"တို့.... ဒီအရိုင်းမလေးကို အပြီးပိုင် ဝယ်မယ်" စျေးဘယ်လောက်ထိ သတ်မှတ်ချင်သလဲ"
"ဗျာ"
"အချိန်ဆွဲတာ တို့မကြိုက်တာ သိတယ်နော်" တစ်မိနစ် အချိန်ပေးမယ်"
"ဟို... Lady roseအတွက် ကောင်လေးတစ်ယောက်ယောက်ရှာပေးရမလား"" သူက မိန်းကလေးလေ""
"ကျွတ်...ကျမက လင်ရှာပေးလို့ ပြောမိသလား"
"သူ့ကို ဘယ်လောက်နဲ့ရမှာလဲပဲ သိချင်တယ်"
"တစ်မိနစ် အချိန်ပေးမယ်" စဥ်းစား"
"ဒီမှာ ကျမက သက်ရှိလူနော်"
"ငါးစိမ်းတန်းက ငါးတစ်ကောင်မဟုတ်ဘူး"
ခင်ပြောသည်ကိုပင် roseက ဂရုမစိုက်။
"ဦးမင်းနိုင်" ၂၀စက္ကန့်"
"ခ...ခန...ခနလေး နေပါအုံး"
"rose ဘယ်လောက်ပေးမလဲ"
"စောနက လေလံအောင်တဲ့ သိန်းနှစ်သောင်း အပြင် ၁မီလီယံ ဆိုရင်
ကျေနပ်ရောင့်ရဲရဲ့လား"
"ဗျာ" တစ်....တစ်ကယ်လား"
"ဒီလောက်ငွေက ဒီက ကောင်မလေးတွေ တစ်လလုံးရှာရင်တောင် ရှင်မရနိုင်ဘူး"" သူနဲ့ ချုပ်ထားတဲ့ စာချုပ်ကျမ လိုချင်တယ်"""
"သဘောတူလား"
"ဦးမင်းနိုင်"
"ရှင်ဒါ လူကုန်ကူးမှုမြောက်တယ်နော်"ကျမ ဒီကို အလုပ်လုပ်ဖို့လာတာ"ကိုယ့်ကိုကိုယ် ရောင်းစားခံဖို့မဟုတ်ဘူး"
"မြ " မြဘာမှ ဝင်မပြောတော့ဘူးလား"
"ကျမတော့ သဘောမတူနိုင်ဘူး ကိုမင်းနိုင်" ခင့်ကို လေလံနေရာမှာတင်
ရပ်လိုက်ကြမယ်နော်"
"ဒါ လူတစ်ယောက်လုံးကို ရောင်းစားနေတာပဲ... မြလက်မခံနိုင်ဘူး"
"Relaxed baby" သားနဲ့ စကားမပြောချင်ဘူးလား"
ဦးမင်းနိုင် မြ နားရွက်နား ကပ်ပြီး အံကြိတ်ပြောလိုက်တော့ မြ ငြိမ်သက်သွားရသည်။
"ကဲ.. မြန်မြန်ဆုံးဖြတ်ကွယ်"
"တို့ အားယားမနေဘူး"
"အရောင်းအဝယ် ဖြစ်တယ်ပဲ သတ်မှတ်ကြတာပေါ့ဗျာ"
"Ok "
"ရော့ ဒီမှာ ချက်လက်မှတ်"
"ရှင်နဲ့ သူ " လုံးဝ မပတ်သတ်တော့ဘူးနော်" ကျမ ပစ္စည်းဖြစ်သွားပြီ""
The rose ချက်လက်မှတ်ချရေးပြီး
စက္ကူကို ဦးမင်းနိုင်ထံ ကမ်းပေးလိုက်သည်။
"ခေါ်သွားလို့ရပါပြီ"အူးးးမွ lucky girlရဲ့ lucky money" ဟုပြောရင်း
ဦးမင်းနိုင် ချက်လက်မှတ်ကို kissပေးလိုက်ပြီး ကျေနပ်နေသည့်
မျက်နှာထားနှင့်
"thank you khin"
"take care yourself "bye...bye"
"လူယုတ်မာ ခွေးကျင့်ခွေးကြံ ကြံတဲ့ ခွေးသူတောင်းစား" ရှင့်လို လူက
ဖာခေါင်း မလုပ်ပဲ" ပြိတ္တာဖြစ်ရမှာ"
"ထွီး "
ခင် ဒေါသထွက်စွာ ဦးမင်းနိုင်မျက်နှာကို တံတွေးထွေးလိုက်မိသည်။
"ကျေပြီလို့ပဲ ကိုယ်သဘောထားပေးလိုက်မယ်နော်"
"ကဲ"
"ကြောင်ရိုင်းလေးရေ တို့တွေသွားကြစို့"
"ကျမ မလိုက်နိုင်ဘူး" မမမြ" ဘာမှ မပြောတော့ဘူးလားဟင်"
"မြ တောင်းပန်ပါတယ် ခင်"
"ဘယ်လိုမြ" မမမြက ခင့်ကို စွန့်ပစ်လိုက်တာလား" ဟမ်"ပြောစမ်းပါအုံး"
"မြ တောင်းပန်ပါတယ် ခင်ရယ်"
"မြကို ခွင့်လွတ်ဖို့ မတောင်းဆိုတော့ပါဘူး"
"မြရယ် မင်းမို့လို့ ငါ့ကို ရက်ရက်စက်စက်လုပ်ရက်တယ်"
"ဒါနဲ့များ ငါ့ကို မနေ့ညက စိတ်ပူတယ် ဆိုတဲ့ စကားကို ပြောထွက်ခဲ့သေးတာနော်"
"နောက်ဆုံးတော့ မြလည်း ဒီပုပ်ထဲက ဒီပဲ ပါပဲ"
"ပြည့်တန်ဆာဆိုတော့လည်း သာရင်ကူးမယ်...အမ်းရင် ကုန်းတော့တာပဲ"
"ခင်ရယ် မြတောင်းပန်ပါတယ်"
"မြကိုတော့ သူများနဲ့ မတူဘူးထင်ခဲ့တာ"" လူရင်းက ထိုးတဲ့ ဓားက ပိုနာတယ်""ခင့် ရင်ထဲများ နင့်နေတာပဲ"
မြ သည် ငိုနေရုံကလွဲပြီး ဘာမျှမတတ်နိုင်ခဲ့ပါ။ ခင့် ကို ယနေ့ ယခုလို အဖြစ်အပျက်တွေ ဖြစ်လာမည်ဟု မထင်မိခဲ့။
မြ ဘာမှမတတ်နိုင်ခဲ့သည်မှာ မြ၏ အညှာကို ကိုင်ထားခံရသည် မဟုတ်လား။ ချိန်းခြောက်ခံနေရသည်။ အသုံးချခံနေရသည် မဟုတ်လား။
မြသည်လည်း ခင့်ကို သိပ်ချစ်ရသည် မဟုတ်ပါလား။
"Rose ရယ် ကျမတောင်းပန်ပါတယ်" ခင့်ကို အဲဒီလို မလုပ်ပါနဲ့"
"ကျမတောင်းပန်ပါတယ်ရှင်"
"မြ" ....လာစမ်း"
"အိုးကွယ်" သနားပါတယ်...ကျွတ်...ကျွတ်.ကျွတ်"
"Babyလေး သွားကြမယ်"
The rose လက်ဖျောက်တစ်ချက်တီးလိုက်တော့ လူနှစ်ယောက်ဝင်လာပြီးခင့်ကို ဆွဲခေါ်ကြသည်။
"ကျမ မလိုက်ဘူး" မလိုက်ဘူးလို့ ပြောနေတယ်လေ" လွှတ်စမ်း" လွှတ်ကြစမ်း" လွှတ်လို့ပြော....."
မေ့ဆေးပုဝါဖြင့် အုပ်လိုက်တော့ ခင် ငြိမ်ကျသွားသည်။ ထို့နောက် ပွေ့ချီ ခေါ်ဆောင်သွားကြသည်။
__________
"မြကို ခွင့်လွတ်ပါ ခင်ရယ်"
"မြမှာ မလွန်ဆန်နိုင်တဲ့ အကြောင်းတွေရှိလို့ပါကွယ်"
"တောင်းပန်ပါတယ် ခင်"
_________________
(happy ending (or) sad ending)
ဘယ်လိုဇာတ်သိမ်းရမလဲ
မသိသေးဘူးကွယ်😤😤