ကမ္ဘာဆယ်ခုကိုဖြတ်သန်းပြီးတဲ့န...
By Hannah_is_beautiful
29.9K 3.7K 119
This is not my work. This is a fan translation. All credit to original author and English translator. More
Synopsis
Ch1- နင်းနင်း ကိုယ်မင်းကိုနောက်ဆုံးတော့ရှာတွေ့ပြီ (1)
Ch 1- နင်းနင်းကိုယ်မင်းကိုနောက်ဆုံးတော့ရှာတွေ့ခဲ့ပြီ (2)
Ch 2 - မင်းကိုယ့်ကိုထားခဲ့တယ်
Ch3 - "......ကျိနင်း"
Ch 4 - အထင်လွဲနေခဲ့တာလား
Ch 5- ကိုယ်မင်းကိုလာခေါ်ဖို့ရောက်လာပြီ
Ch 6 - ဘယ်သူ့နှလုံးကိုလိုချင်လဲ?
Ch 7 - နောက်ဆုံးတော့မင်းကိုပိုင်ဆိုင်နိုင်ပြီ
Ch 9- နှလုံးခုန်သံ
Ch 10 - ငါသူ့သူငယ်ချင်းမဖြစ်ချင်ဘူး
Ch 11- ဇနီးလောင်း
Ch 12 - သူ့ကိုနာကျင်အောင်မလုပ်ပါနဲ့
Ch 13 - ကိုယ်မင်းကိုဖျက်ဆီးပစ်မယ်
Ch 14- သူ့ရင်ခွင်ထဲခုန်ဝင်မိသွားတယ်
Ch 15- ဘယ်သူမှကိုယ့်မျက်လုံးထဲမဝင်ဘူး 1
Ch 15 ဘယ်သူမှကိုယ့်မျက်လုံးထဲမဝင်ဘူး 2
Ch 16 တစ်နေ့ထက်တစ်နေ့ပိုချစ်နေမယ် 1
Ch 16 တစ်နေ့ထက်တစ်နေ့ပိုချစ်နေမယ် 2
Ch 17 အနမ်းကစိတ်အားထက်သန်မှုလုံလုံလောက်လောက်မရှိပါ ကျေးဇူးပြု၍ထပ်နမ်းပါ
Ch 18 - ဒီတစ်ခါကိုယ်တို့ကိုဘယ်သူမှမခွဲနိုင်တော့ဘူး
Ch 19- ဆရာ
Ch 20 (1)
Ch 20 (2)
Ch 21 - ငါ့ကိုလာသတ်မှာကိုစောင့်နေမယ်
Ch 22 -သူပဲ
Ch 23- ဒီဂိမ်းကမဟုတ်သေးဘူး
Ch 24 - ကံမကောင်းစွာနဲ့ မင်းတို့ကသူမဟုတ်ဘူး
Ch 25 - Stockholm Syndrome
Ch 26 - သူ၏အမှောင်မိုက်ဆုံးလျှို့ဝှက်ချက်
Ch-27 သူ့ကိုနောက်တစ်ကြိမ်ထွက်သွားခွင့်ပေးမှာမဟုတ်ဘူး
Ch 28 - သဝန်တိုခြင်း
Chapter 29 - ရေအောက်ထဲမှအနမ်း
Ch-30 ငါသူ့ကိုလိုချင်တယ်
Ch 31 - မင်းရဲ့နှလုံးသားကို ငါ့အတွက်နာကျင်ပေးဖို့ မျှော်လင့်တယ်
Ch 8 - မူရင်းဇာတ်လမ်းထဲမှာနမ်းတဲ့အခန်းမပါဘူးလေ!
754 132 3
By Hannah_is_beautiful
ကျိနင်းရဲ့ပထမဆုံးအတွေးကရုပ်ရှင်ဇာတ်ညွှန်းပြောင်းသွားတာမဟုတ်ပါဘူး။ဟောဝူလင်းသူ့နောက်ကိုထပ်လိုက်လာပြန်ပြီလား။သူ့တကိုယ်လုံးကြောက်ရွံ့မှုကြောင့်တောင့်တင်းသွားတယ်။
ဒါပေမဲ့နားကြပ်ကနေဒါရိုက်တာရဲ့ညွှန်ကြားချက်ကိုရုတ်တရက်ကြားလိုက်ရတယ်။ဇာတ်ညွှန်းပြောင်းသွားပြီဖြစ်ပြီးအမျိုးသမီးဇာတ်လိုက်ကိုဆိုးဆိုးရွားရွားထိခိုက်စေခဲ့တဲ့ လိကွေး ဇာတ်ကောင်နဲ့ပတ်သတ်ပြီးတစ်ခုခုမှားနေကြောင်းပြောလာတယ်။ကျိနင်းကိုကာရိုက်တာနဲ့လိုက်ဖက်နေသရွေ့စိတ်တိုင်းကျသရုပ်ဆောင်နိုင်ကြောင်းပြောတယ်။
ဒါရိုက်တာကအစားထိုးလိုက်တာလား?
သူ့ရဲ့လက်မှာအမျိုးသမီးဇာတ်လိုက်ရဲ့သွေးတွေစင်လာတာမို့လန့်သွားတယ်။တကယ့်သွေးအစစ်နဲ့တော့ကွာခြားပါတယ်။အပူချိန်ကအေးလွန်းပြီးသံချေးလိုအနံ့မျိုးရှိမနေပေ။
ကုချန်ခုလေးတင်ပြောလိုက်တဲ့ဝါကျကမူရင်းဝတ္ထု "interstellar သရုပ်ဆောင်ပြန်လည်မွေးဖွားခြင်း" ထဲကဖြစ်ကြောင်းရုတ်တရက်သတိရသွားတယ်။
ဝတ္ထုဇာတ်လမ်းထဲမှာ သရဲစံအိမ်ကိုရိုက်ကူးနေချိန်ဒါရိုက်တာကကုချန်ကိုသရဲဝင်ပူးခံထားရတဲ့ final boss အဖြစ်သရုပ်ဆောင်ခိုင်းရန်ဇာတ်ညွှန်းကိုပြောင်းလိုက်သည်။
ထိုသရဲကအိမ်အိုကြီးထဲတွင်ပိတ်မိနေသည့်ဝိဉာဥ်မဟုတ်ဘဲအမျိုးသမီးဇာတ်လိုက်နောက်ကိုအချိန်အကြာကြီးလိုက်နေသည့်သူဖြစ်သည်။ထိုသူကသူမကိုနက်ရှိုင်းစွာချစ်မိနေပေမဲ့သူမကတော့သူ့ရဲ့တည်ရှိမှုကိုတောင်မသိပေ။
သရဲစံအိမ်ထဲမရေမတွက်နိုင်တဲ့နာကြည်းခြင်းစွမ်းအင်တွေရရှိသွားပြီးနောက်ပထမဆုံးအကြိမ်အဖြစ်ခန္ဓာကိုယ်ဖြစ်ပေါ်လာတယ်။စံအိမ်ထဲကသရဲတွေကိုလူသားတွေအားတစ်ယောက်ပြီးတစ်ယောက်သတ်ဖြတ်ရန်ထောင်ချောက်ဆင်ခဲ့တယ်။အမျိုးသားဇာတ်လိုက်သေဆုံးသွားရင်ရှင်သန်ခြင်းနဲ့သေဆုံးခြင်းကိုလဲလှယ်ကာအမျိုးသားဇာတ်လိုက်၏ခန္ဓာကိုယ်ကိုအသုံးပြုပြီးတိတ်တိတ်လေးချစ်ခဲ့ရသည့်မိန်းကလေးနှင့်ထာဝရအတူရှိနိုင်မည်ဖြစ်သည်။
မူရင်းဝတ္ထုထဲမှာထိုသို့သောအပြောင်းအလဲမျိုးရှိခဲ့သည့်အတွက်ကျိနင်းကကုချန်သူ့ကိုဓားနဲ့ထိုးမှာကိုမသိဟန်ဆောင်ကာအသင့်ပြင်ထားခဲ့သည်။ဒါပေမဲ့အထိုးခံလိုက်ရသူကအမျိုးသမီးဇာတ်လိုက်ဖြစ်နေကာကုချန်ကသူပြောရမဲ့စကားကိုသူ့ကိုပြောလာသည်။
နိဂုံးချုပ်ကသိသာလွန်းသည်။‌အကြောင်းအရင်းမသိပေမဲ့heroineဇာတ်ကောင်ကသူ့စီရောက်လာပြီ။ဆိုလိုတာကကုချန်ရဲ့သရဲချစ်မိ‌နေသူကသူပင်ဖြစ်သည်။
ကုချန်ကကျိနင်းရဲ့မျက်နှာကိုပွတ်သပ်ကာနှုတ်ခမ်းတွေကနည်းနည်းလေးမြင့်တက်သွားတယ်။သူ့ရဲ့အရှိန်အဝါကတစ်ဖက်လူကိုယုံကြည်မှုတွေပျောက်ဆုံးသွားစေသည်။သူကပြုံးနေပေမဲ့မျက်လုံးတွေကအေးစက်ပြီးမှောင်မိုက်နေကာလူသားနဲ့မတူတဲ့အေးစက်စက်အမူအယာတစ်ခုရှိနေသည်။
ဟောဝူလင်းမဟုတ်သရွေ့တော့ကျိနင်းစိတ်သက်သာရာရသွားသည်။
အတွေးတွေကစိတ်ထဲချက်ချင်းပေါ်လာကာအမျိုးသမီးဇာတ်လိုက်သရုပ်ဆောင်ရမဲ့အခန်းတွေကိုမူရင်းဝတ္ထုအတိုင်းလိုက်ပြီးသရုပ်ဆောင်လိုက်သည်။
ကုချန်လက်ကိုဘာကိုမှဂရုမစိုက်သလိုတွန်းပစ်လိုက်ကာဒဏ်ရာရနေတဲ့အမျိုးသမီးကိုသူ့နားဆွဲပြီးထွက်ပြေးဖို့လုပ်သည်။မင်းသမီးကဒါရိုက်တာရဲ့ညွှန်ကြားချက်ကိုရရှိပြီးသားလားမသိပေမဲ့သူနဲ့အတူကောင်းကောင်းပူးပေါင်းသည်။ကျိနင်းသူမကိုမလိုက်ချိန်မှာသူမရဲ့ဝိတ်တွေအကုန်ကျိနင်းစီမရောက်သွားအောင်ခွန်အားအချို့ကိုသုံးလိုက်သည်။
ကျိနင်းကတွေဝေမှုနဲ့ထိတ်လန့်မှုကိုပြထားပေမဲ့ထိန်းချုပ်ထားတယ်။အဲ့ဒါမှလိုအပ်တာထက်ပိုမနေမှာဖြစ်တယ်။
သူအမျိုးသမီးဇာတ်လိုက်နဲ့အတူထွက်ပြေးသွားတယ်။ကုချန်ကစက္ကန့်အနည်းငယ်လောက်ကြည့်နေပြီးမှနောက်ကဖြေးဖြေးလိုက်လာတယ်။
သူကသက်ရှိလူသားရဲ့ခန္ဓာကိုယ်ကိုအသုံးပြုရတာအသားမကျသေးသလိုမျိုးလှုပ်ရှားတယ်။စစချင်းလှုပ်ရှားမှုတွေကသံချေးတက်နေတဲ့ဂီယာတွေလိုရပ်လိုက်သွားလိုက်ဖြစ်နေပေမဲ့တဖြေးဖြေးချောမွေ့လာပြီးအရှိန်မြင့်လာကာကျိနင်းနဲ့အမျိုးသမီးဇာတ်လိုက်နောက်ကိုလိုက်လာတယ်။
ကျိနင်းနဲ့မင်းသမီးထွက်ပြေးသွားချိန်မှာအိမ်ထဲမှာရှိတဲ့သရဲတွေကကုချန်ရဲ့တည်ရှိမှုကိုသတိထားမိသွားကြတယ်။အပြင်လူရဲ့တည်ရှိမှုကြောင့်ဒေါသဖြစ်သွားပြီးထိုဝိဉာဉ်ကိုသတ်ဖို့တစ်နေရာတည်းမှာစုရုံးလိုက်ကြပေမဲ့ကုချန်ရဲ့စွမ်းအားကိုဘယ်သူမှမယှဉ်ပြိုင်နိုင်ပေ။အမှောင်ထဲကိုတစ်ယောက်ပြီးတစ်ယောက်အော်ဟစ်ကာပျောက်ကွယ်သွားကြတယ်။
နှစ်ယောက်သားကအသက်လုရှူနေရတယ်။ကျိနင်းကအမျိုးသမီးဇာတ်လိုက်ရဲ့ဒဏ်ရာကိုပတ်တီးစည်းပေးထားပေမဲ့ပြင်းထန်စွာဒဏ်ရာရထားတာမို့သတိလစ်တော့မတတ်ဖြစ်နေပြီးတချိန်လုံးသွေးတွေထွက်နေတယ်။
သေခြင်းနဲ့ရှင်ခြင်းရဲ့အစွန်းကိုရောက်သွားတဲ့အခါသူမကဝိဉာဥ်အခြေအနေကိုရောက်သွားပြီးဒီစံအိမ်ကြီးထဲဘယ်လိုရက်စက်ယုတ်မာမှုတွေဖြစ်ခဲ့လဲဆိုတာသိသွားတယ်။နောက်ဆုံးမှာစံအိမ်ကြီးရဲ့အတိတ်ကိုသိလိုက်ရခြင်းကြောင့်သရဲတွေကိုဘယ်လိုသတ်ရမလဲဆိုတာသိသွားတယ်။
အိပ်ခန်းထဲကပုံတူပန်းချီရဲ့နောက်မှာဓားမြောင်တစ်ချောင်းဖွက်ထားတယ်။‌၎င်းကိုဖယ်လိုက်ရင်အိမ်ကြီးရဲ့ရက်စက်တဲ့စွမ်းအင်တွေကွဲပြားသွားပြီးသရဲရဲ့ခန္ဓာကိုယ်ကိုထိုးလိုက်ရင်တော့ထိုသရဲကိုဖျက်ဆီးနိုင်တယ်။
ကျိနင်းနဲ့အမျိုးသမီးဇာတ်လိုက်ကဓားမြောင်ကိုယူဖို့သွားတယ်။ကုချန်ကသူတို့နောက်ကိုလိုက်ပြီးညင်သာတဲ့အသံနဲ့ကျိနင်းအပေါ်သူ့အချစ်တွေကိုဖွင့်ပြောနေတယ်။တစ်ချိန်တည်းမှာဘဲအပိုင်းပိုင်းဖြစ်နေတဲ့အလောင်းကိုဆွဲလာတာမို့သွေးစီးကြောင်းကြီးကျန်ခဲ့တယ်။
"ထွက်ပြေးနေတာရပ်လိုက်တော့"
ကျိနင်းရဲ့နောက်ကျောကိုကြည့်ရင်းပြုံးတယ်။သူ့မျက်နှာကမဲမှောင်လာပြီး "မင်းကကိုယ်နဲ့ပဲအတူရှိရမှာ"
Bang
ကျိနင်းက‌ကျောပေါ်မှာအမျိုးသမီးဇာတ်လိုက်ကိုတင်ထားရင်းအိပ်ခန်းတံခါးကိုဆွဲဖွင့်လိုက်တယ်။အမျိုးသမီးဇာတ်လိုက်ကိုဂရုတစိုက်ချလိုက်ပြီးပန်းချီကိုဆွဲချကာရိုက်ခွဲပြီးဓားမြောင်ကိုထုတ်ယူလိုက်တယ်။
တစ်ချိန်တည်းမှာပဲကုချန်ကသူသယ်လာတဲ့အလောင်းကိုဝရန်တာဘက်ကိုပစ်လိုက်တယ်။သူ့အစီအစဉ်ရဲ့နောက်ဆုံးအဆင့်ကိုရောက်ပြီဖြစ်တဲ့အတွက်ကျိနင်းရဲ့နာမည်ကိုအပြုံးလေးနဲ့ခေါ်လိုက်တယ်။ကျိနင်းလှည့်လာပြီးဓားမြောင်ကိုနောက်ကျော၌ဖွက်ကာအိပ်ရာအောက်ထဲဖွက်လိုက်တယ်။သူ့မျက်နှာကပျာယာခတ်နေပေမဲ့ကုချန်သူ့‌နားကိုတစ်လှမ်းချင်းလျှောက်လာချိန်မှာတည်ငြိမ်နေတယ်။
"ဒီနေ့ကိုအကြာကြီးစောင့်နေခဲ့ရတာ"
ကုချန်ကအရိုးဖြစ်ခဲ့ဖူးတဲ့အရာနှစ်ခုကိုကိုင်လိုက်တယ်။အထဲကရိုးတွင်းခြင်ဆီတွေကဖောက်ထုတ်ခံထားရပြီးလိမ်‌နေတဲ့လက်စွပ်နှစ်ကွင်းလိုဖြစ်နေတယ်။ကျိနင်းရဲ့လက်ကိုကိုင်ကာတစ်ခုကိုယူလိုက်ပြီးပြံုးလျက်ဝတ်ပေးဖို့ပြင်တယ်။
"ဇွက်"
ချွန်ထက်တဲ့ဓားမြောင်ကကုချန်ရဲ့ရင်ဘတ်တည့်တည့်ကိုဦးတည်သွားတယ်။
ကျိနင်းကဓားကိုသုံးဖို့တွန့်ဆုတ်မနေခဲ့ပါဘူး။သူ့သူငယ်ချင်းအစစ်ကသေသွားပြီဖြစ်ကာ‌လမ်းလျှောက်‌နေတဲ့အလောင်းကြီးကသူ့ကိုလှည့်စားခဲ့တဲ့ဝိဉာဉ်သက်သက်သာဖြစ်တယ်။
ဓားမြောင်ကအသားကိုဖြတ်ဝင်သွားပေမဲ့၎င်းကကုချန်ရဲ့ရင်ဘတ်မဟုတ်ဘဲလက်ထဲမှာတင်းကြပ်စွာချုပ်ကိုင်ထားတာကိုသိလိုက်ရချိန်မှာမျက်နှာမှာအကြောက်တရားတွေဖုံးလွှမ်းသွားတယ်။
သွေးတွေကဓားကနေစီးကျလာတယ်။လက်နက်ကထက်တယ်ထင်ရပေမဲ့သွေးတွေကသုံးဖက်မြင်နဲ့ဖန်တီးထားတာဖြစ်တယ်။ဒါပေမဲ့တူညီတဲ့နာကျင်မှုမျိုးကိုပြုလုပ်ပေးမှာဖြစ်တယ်။အပူးခံထားရတဲ့ကိုယ်ကဘာခံစားမှုမှမရှိမှာဖြစ်တဲ့အတွက်နာကျင်မှုကိုဖိနိုပ်ထားတယ်။
သူ့ခွန်အားကပုံမှန်မဟုတ်ပေ။ကျိနင်းကဓားလက်ကိုင်ကိုဆွဲလိုက်ပေမဲ့ကုချန်ကအသွားကိုတင်းကြပ်စွာဆုပ်ကိုင်ထားပြီးလွှတ်ပေးဖို့ရည်ရွယ်ချက်မရှိပေ။
ကလင်
ကုချန်ကဓားမြောင်ကိုဆွဲလိုက်ပြီးကြမ်းပြင်ပေါ်ပစ်ချလိုက်တယ်။
ဓားမြောင်ကြောင့်ဖြစ်သွားတဲ့ဒဏ်ရာကနေအန္တရာယ်ရှိတဲ့အမည်းရောင်အငွေ့တွေထွက်နေပြီးလိကွေးရဲ့ဝိဉာဉ်ကိုထိခိုက်သွားပေမဲ့သူကဒဏ်ရာကိုတစ်ချက်တောင်မကြည့်ဘဲကျိနင်းရဲ့ပုခုံးကိုသွေးထွက်နေ‌တဲ့လက်နဲ့အားနဲ့ဆုပ်ကိုင်လိုက်ချိန်မှာလက်သည်းတွေကအသားထဲဖောက်ဝင်သွားတယ်။
"မင်းကကိုယ့်ကိုသတ်ချင်တာလား"
လိကွေးရဲ့အမူအယာကဖြေးဖြေးချင်းပြောင်းလဲလာတယ်။ဝင်ပူးပြီးနောက်မှာသက်ရှိလူသားနဲ့တူအောင်အမူအယာတွေလှုပ်ရှားမှုတွေကိုလုပ်နိုင်ခဲ့ပေမဲ့ကျိနင်းသူ့ကိုထိခိုက်အောင်လုပ်ပြီးတဲ့နောက်မှာအလောင်းလိုမျိုးတောင့်တောင့်ကြီးပြန်ဖြစ်သွားတယ်။
"ဘာလို့လဲ ဒီမျက်နှာကိုမကြိုက်လို့လား"
သူ့အသံကအက်ကွဲနေပြီးဆို့နင့်နေကာမျက်လုံး‌ေတွရဲနေပေမဲ့ဘယ်လိုငိုရမယ်ဆိုတာမေ့သွားပုံပဲ။ကျိနင်းရဲ့ပုခုံးကိုဆုပ်ကိုင်ကာထပ်ကာထပ်ကာတိုးတိုးပြောတယ်။
"ဒါမှမဟုတ် ကိုယ်ကသရဲဖြစ်နေလို့လား။သရဲဖြစ်နေတာလေးကြောင့်နဲ့လား"
ဝိဉာဉ်ပူးခံထားရတဲ့ထိုလူကငိုရင်းရယ်နေတယ်။အပြင်ဘက်ကိုပစ်ထုတ်လိုက်တဲ့အလောင်းကိုညွှန်ပြကာဖြေးဖြေးချင်းပြောတယ်။
"သူကထွက်ပြေးဖို့အတွက်မင်းကိုသတ်ချင်နေတာ။ကိုယ်မင်းကိုကယ်ခဲ့တယ်။ကိုယ်နဲ့သူဘယ်သူပိုကြောက်စရာကောင်းတယ်လို့ထင်လဲ"
သူကကျိနင်းကိုမြေကြီးပေါ်အားကုန်တွန်းလိုက်ပြီးနှစ်ပေါင်းများစွာချစ်လာရတဲ့ထိုလူကိုငုံ့ကြည့်တယ်။မျက်လုံးထောင့်စွန်းတွေကရဲနေကာမျက်နှာကဖြူဖျော့နေပြီးဆံပင်တွေကကြမ်းပြင်ပေါ်မှာရှုပ်ထွေးစွာပြန့်ကျဲနေတယ်။ကျိနင်းကအချိန်မရွေးပျောက်ကွယ်သွားနိုင်တဲ့သရဲတစ်ကောင်လိုမျိုး။
မျက်လုံးကနေအေးစက်တဲ့မျက်ရည်တွေကျလာပြီးကျိနင်းရဲ့မျက်နှာပေါ်ကျလာတယ်။
ကျိနင်းကစက္ကန့်အနည်းငယ်လောက်ဆွံ့အသွားပြီးနှုတ်ခမ်းတွေကိုဟကာအသံတိုးတိုးထွက်လာတယ်။
"မင်း..."
ဓားမြောင်ကရုတ်တရက်ကုချန်လည်ပင်းကိုဖောက်ဝင်သွားတယ်။
မျက်လုံးတွေကနာကျင်မှုကြောင့်ပြူးကျယ်သွားပြီးလည်ပင်းကိုဆုပ်ကိုင်ကာလှည့်ကြည့်လိုက်ချိန်မှာဓားမြောင်ကိုလက်နှစ်ဖက်လုံးနဲ့ဆုပ်ကိုင်ထားတဲ့ဒဏ်ရာရထားတဲ့မိန်းကလေးကိုတေွ့လိုက်ရတယ်။သူမကအမုန်းတရားတွေနဲ့အတူစိုက်ကြည့်နေကာမောဟိုက်နေတယ်။သူကြမ်းပြင်ပေါ်လဲကျသွားပုံကသူမမျက်လုံးတွေထဲထင်ဟပ်သွားတယ်။
သူဟာကျိနင်းပေါ်ပြုတ်ကျသွားပြီးဘေးဘက်ကိုသွေးတွေစင်သွားတယ်။
ကျိနင်းမျက်နှာပေါ်မှာမသေချာမှုတွေဖြတ်ပြေးသွားတယ်။ဒါပေမဲ့အမျိုးသမီးဇာတ်လိုက်လည်းလဲကျသွားချိန်မှာလိကွေးကိုမေ့သွားပြီးသူမကိုလက်မောင်းတွေထဲထည့်ကာသူမနာမည်ကိုအော်ခေါ်နေမိတယ်။
လဲကျနေတဲ့ထိုအမျိုးသားကမိန်းကလေးကိုဖက်ထားတဲ့ကျိနင်းရဲ့နောက်ကျောကိုကြည့်ကာရင်ဘတ်တွေကအနည်းငယ်တုန်ရင်သွားပြီးရုတ်တရက်ရယ်လိုက်တယ်။ထို့နောက်ကြမ်းပြင်ကမည်းမှောင်သွားပြီးသူတို့သုံးယောက်လုံးထိုအထဲနစ်မြုပ်လာကြတယ်။
ကျိနင်းအံ့အားသင့်သွားတယ်။ကောင်မလေးကိုကိုင်ထားရင်းသူ့ခြေထောက်နစ်မြုပ်နေတာကြောင့်လှုပ်မရဘူး။သွေးထွက်နေတဲ့လည်ပင်းကိုကိုင်ကာထိုဝိဉာဉ်ကမယုံကြည်နိုင်လောက်အောင်ထလာပြီးထိုမိန်းကလေးကိုမြေကြီးပေါ်တွန်းပစ်ကာကျိနင်းရဲ့လက်ကောက်ဝတ်ကိုဆွဲကိုင်လိုက်တယ်။
သူပိုင်ဆိုင်ထားတဲ့ခန္ဓာကိုယ်ကအကြာကြီးခံမှာမဟုတ်ဘူး။သူသေတော့မဲ့အချိန်မှာလိကွေးကလက်ထဲမှာဆုပ်ကိုင်ထားတဲ့အရိုးလက်စွပ်ကိုထုတ်လိုက်ပြီးကျိနင်းရဲ့လက်ချောင်းကိုထိုအက်ကွဲနေတဲ့လက်စွပ်ကိုခေါင်းမာစွာစွပ်ပေးတယ်။
"...ကိုယ်မင်းကိုချစ်တယ်"
အပြုံးလေးနဲ့တိုးတိုးပြောလိုက်ပေမဲ့မျက်ရည်တွေစီးကျနေဆဲပဲ။
"ငရဲမှာတွေ့ကြတာပေါ့"
ကျိနင်းရဲ့နှုတ်ခမ်းတွေကိုနမ်းလိုက်တယ်။
ကျိနင်းရဲ့မျက်လုံးတွေကအံ့ဩမှုကြောင့်ပြူးကျယ်သွားပြီးသူ့အံ့အားသင့်မှုကိုလုံးဝဖုံးကွယ်ဖို့မကြိုးစားဘူး။
နေဦးကုချန်ဘာလုပ်နေတာလဲ။မူရင်းဝတ္ထုထဲမှာနမ်းတဲ့အခန်းမပါဘူးလေ??
ဘုန်း ဘုန်း ဘုန်း
ဝှက်ထားတဲ့ကင်မရာတွေပြုတ်ကျလာတယ်။တဆက်တည်းမှာပဲနားကြပ်ထဲကနေအေးစက်တဲ့အမျိုးသားအသံထွက်လာတယ်။
"ရပ်တော့"
သုံးဖက်မြင်effectတွေကပျောက်သွားပြီးမည်းမှောင်နေတဲ့ကြမ်းပြင်၊သွေးအိုင်တွေ၊မင်းသမီးရဲ့ကိုယ်ကိုစိုက်နေတဲ့ဓားတွေကတစ်ခုပြီးတစ်ခုပျောက်သွားတယ်။သရုပ်ဆောင်တွေကမြေကြီးပေါ်ကထလိုက်ပြီးတိတ်ဆိတ်စွာရပ်နေကြတယ်။သူတို့မျက်လုံးတွေကရုပ်သေးတွေလိုအာရုံစူးစိုက်မှုမရှိဘဲအသက်မဲ့နေတယ်။
ရုန်းကုန်မှုတွေအပြီးမှာတော့ကုချန်လဲအဲ့လိုပုံစံဖြစ်သွားတယ်။ကျိနင်းတစ်ယောက်ပဲအခန်းထဲမှာနိုးကြားနေတယ်။ဒါကဟယ်ရီနော့စ်ရဲ့စွမ်းအင်ဖြစ်တဲ့လူတွေကိုရုပ်သေးအဖြစ်ပြောင်းပစ်တာ။
ကျိနင်းရှေ့မှာဟယ်ရီနော့စ်ပေါ်လာဖို့အချိန်သိပ်မကြာလိုက်ပါဘူး။
သူကvampireပုံသဏ္ဌာန်ရှိနေပြီးအမည်းရောင်ဆံနွယ်ရှည်တွေကဝတ်ရုံရှည်နဲ့အတူလွင့်မျောနေတယ်။သူ့ရဲ့အနီရောင်မျက်ဝန်းတွေကဒေါသနဲ့ပြည့်နေတယ်။
Oops သူဒေါသထွက်နေတာပဲ
ဒါပေါ့ကျိနင်းဟယ်ရီနော့စ်ဘာကြောင့်အဲ့လောက်ဒေါသထွက်နေမှန်းသိပါတယ်။ဒါပေမဲ့သူကရှုပ်ထွေးနေတဲ့အမူအယာနဲ့မေးလိုက်တယ်။ "ဟယ်ရီနော့စ်? မင်းက....."
"...."
ဟယ်ရီနော့စ်ကဘာမှမပြောဘဲနက်ရှိုင်းတဲ့အကြည့်နဲ့ကြည့်နေတယ်။
တအောင့်ကြာပြီးနောက်ရှေ့တိုးလာကာကျိနင်းရဲ့ခါးကိုပွေ့ဖက်ကာကျိနင်းနာကျင်လာသည်အထိနှုတ်ခမ်းတွေကိုပွတ်လာတယ်။နောက်တော့ရပ်သွားပြီးလက်မနေရာမှာသူ့ရဲ့နှုတ်ခမ်းတွေကိုအစားထိုးလိုက်တယ်။
Tbc 🐣
(ဖတ်ပေးကြသူတိုင်းကျေးဇူးပါရှင်)
Zawgyi
Bang
"ဇွက်"
ကလင်
"မင်း..."
"...ကိုယ်မင်းကိုချစ်တယ်"
"ငရဲမှာတွေ့ကြတာပေါ့"
ဘုန်း ဘုန်း ဘုန်း
"ရပ်တော့"
"...."
Tbc 🐣
Continue Reading
You'll Also Like
801K 32K 50
ဒုတိယအကြိမ် ပြန်တင်ခြင်း....
15.8K 1.6K 15
The demon venerable's wishful desire Author - Mo Xi Ke 112 chapters+ 3 extras Start date- 27.2.2022 I don't own this novel.Just fun translation. Full...
294K 23K 55
What's going on with savage male empress Ru Ru from heaven ? MAHARVERSE SEASON 2|| START DATE - June 26 2023 END DATE - May 9 2024
2.7M 75.2K 20
"ညိုလဲ လူတွေထဲက လူသားတစ်ယောက်ပါ ညို့ရဲ့ ဖြစ်တည်မှုက ဘယ်သူတွေကို ထိခိုက်နေလို့လဲ..မေမေ" "ညို မရှင်သန်ချင်တော့ဘူး... ဒီလောကကြီးမှာ ညိုတို့လိုလူတွေအတွက်...