ဘုရင်ကြီးရဲ့အနောက်ဆောင်ကအန္တာ...

By MyaHninn5

53.3K 4.9K 248

ပန်ဒိုရာဟာနိုင်ငံအစိုးရကတောင်ဖူးဖူးမှုတ်ထားရတဲ့လက်နက်ရာဇာကြီးတစ်ယောက်ဖြစ်သည်။သူ့ဘဝမှာတစ်ဖက်သတ်ချစ်ရတဲ့အကိုကြီ... More

1
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36(Complete)
EXTRA

2

1.9K 152 10
By MyaHninn5

"ဟား..ဟား..ဟား.."

ဘုရင့်ရယ်သံကျယ်ကြီးကြောင့်အနီးအနားရှိသစ်ပင်ပေါ်မှငှက်ကလေးများပင်အလန့်တကြားထပျံကြကုန်သည်။

"အဲ့တော့သားတော်လေးကဆရာ့ကိုဒဏ်ရာရအောင်တိုက်ခိုင်လိုက်နိုင်တယ်ပေါ့"

ပန်ဒိုရာမှာဇာတ်ကြောင်းကိုအနည်းနားလည်လာပြီဖြစ်တာကြောင့်အနည်းငယ်လိုက်လျောညီထွေဖြစ်လာသည်။သူမှတ်မိသည့်ရုပ်ရှင်ထဲကအမြောက်စာဇာတ်ကောင်စရိုက်အတိုင်းမျက်နှာကိုအားငယ်ထိန့်လန့်နေသည့်ပုံဖမ်းရင်းတူတွေကိုထမင်းပုဂံထဲထိုးဆွပြီးခေါင်းအသာငြိမ့်ပြလိုက်သည်။

လျှစ်လျူရှုခံထားရသည့်မင်းသမီးလေးမှာမနာလိုမှုကြောင့်ဒေါသတကြီးဖြစ်လာသော်လည်းကြင်နာတတ်သည့်အမကြီးပုံရိပ်ကိုဖမ်းပြီး

"ခမည်းတော်မေးရင်တရိုတသေဖြေဆိုရမယ်လို့အမတော်ပြောထားတယ်လေဘယ်လိုကြောင့်ရိုင်းစိုင်းနေရတာတုန်း!"

ဘုရင်းကြီးကအနည်းငယ်မျက်နှာပျက်သွားသော်လည်းစိတ်ကိုထိန်းပြီးပြုံးထားဆဲပင်။ကုန်းကုန်းမှာတော့ဘုရင်ကြီးကိုအားကိုးလို့မရမှန်းသိသည့်နှင့်စိတ်ထဲကကျိန်ဆဲပြီးကိုယ့်အားကိုယ်ကိုးကာ

"မင်းသမီးလေးအရှင်ကြီးရှေ့မှာအသံမာတာကဘုရင်ကြီးကိုပုန်ကန်ရာရောက်ပါတယ်ပြန်လည်ဆင်ခြင်တော်မူပါ"

ဘုရင်ကြီးမှာမူလကပုံမှန်သာဖြစ်သော်လည်းကုန်းကုန်းစကားကြာသည်နှင့်မျက်နှာတည်တင်းကာဝတ်ရုံတော်ကိုခါပြီးထွက်သွားတော့သည်။

"ခမည်းတော်ဘုရားဒီအမိုက်မဲကိုခွင့်လွှတ်တော်မူပါ..ခွင့်လွှတ်ပေးတော်မူပါ"

သူမနဖူးနဲ့ကြမ်းပြင်ကိုသွေးထွက်မတတ်ထိခတ်ပြီးတောင်းပန်ပေမယ့်အရှင်မင်းကြီးရဲ့အရိပ်အယောင်ပင်မမြင်ရတော့။နောက်ဆုံးတော့သူမဟာပြာယာခတ်ပြီးတော်ဝင်ဖိဖုရားနန်းဆောင်သို့အန္ဒြေမထိန်းနိုင်စွာပြေးထွက်သွားတော့သည်။

တော်ဝင်စားသောက်ဆောင်မှာပန်ဒိုရာရယ်သူ့ရဲ့ကုန်းကုန်းဆိုသူရယ်နှစ်ယောက်သာကျန်ခဲ့ပြီးဟန်ဆောင်ဖို့မလိုတော့တာကြောင့်တူကိုမ,ပြီးအရသာရှိတာတွေကိုတစ်ခုပြီးတစ်ခုနှိက်စားတော့သည်။ပန်ဒိုရာအစကကုန်းကုန်းဆိုသူကတားဆီးလာမည်ဟုထင်ထားပေမယ့်ကုန်းကုန်းကတားဆီးမလာသည့်အပြင်အရသာရှိတာတွေကိုပါသူ့ပန်ကန်ထဲထည့်ပေးလာပြီးငါးရိုးများပင်နွှင်ပေးလာသည်။

ထိုလူကိုကြည့်ရသည်မှာအသက်လေးဆယ်ကျော်ငါးဆယ်နားနီးဖြစ်ပုံရပြီးမူရင်းလူကိုလွန်စွာမှမြတ်နိုးသည်။ရုပ်ရှင်ထဲမှသူမှတ်မိသလောက်ကတော့မူရင်းလူကိုကာကွယ်ရင်းကုန်းကုန်းရောအရှင်မင်းကြီးပါအသေဆိုးနှင့်သေခဲ့ရသည်။ထိုလူနှစ်ယောက်ကဘာကြောင့်မူရင်းလူကိုအသည်းအသန်ကာကွယ်ပေးခဲ့ကြပါသလဲ။

အမျိုးသမီးဇာတ်လိုက်သီတာဒေဝီငယ်စဥ်ကအင်အားကြီးသောတိုင်းတစ်ပါးကချစ်ကြည်ရေးအတွက်မင်းသားမင်းသမီးတစ်ယောက်ကိုစေလွှတ်ဖို့ဖိအားပေးခြင်းခံခဲ့ရသည်။အမြှောက်စာဇာတ်ကောင်လေးမူရင်းလူကိုဘုရင်ကြီးကအလွန်အင်မတန်ချစ်မြတ်နိုးလွန်းတာကြောင့်သမီးတော်ကိုသာစေလွှတ်လိုက်သည်။ဒီဖြစ်ကြောင့်ဘုရင်ကြီးအပေါ်ပြည်သူများနှင့်အမတ်များကမကျေမနပ်ဖြစ်လာကြပြီးအမြှောက်စာဇာတ်ကောင်လေးကိုလူတွေကပိုမုန်းတီးလာကြသည်။

အသက်၁၂အရွယ်မှာမင်းသမီးလေးဟာပြည်တော်ပြန်ခွင့်ရခဲ့ပြီးသူမမှာထိုဖြစ်ရပ်အတွက်ခမည်းတော်ကိုရောမောင်တော်ကိုပါအပြစ်မမြင်ခဲ့။သူမကငယ်ရွယ်ပေမယ့်အမြဲတမ်းတက်ကြွပြီးလိမ်မာယဥ်ကျေးသဖြင့်နန်းတော်ထဲတွင်လူချစ်လူခင်အတော်များလှသည်။

သူမဟာယောကျ်ားများနှင့်ရင်ဘောင်တန်းပြီးပညာရပ်များစွာကိုသင်ယူနိုင်သဖြင့်လူငယ်များစွာက,လေးစားကြသည်။ထိုလူငယ်များထဲတွင်အရည်အချင်းရှိသဖြင့်အရှင့်သားနှင့်တန်းတူပညာရပ်များစွာကိုသင်ယူခွင့်ရရှိကြသည့်လူငယ်များမှာအရှေ့အရပ်စစ်သူကြီး၏သား၊အနောက်အရပ်စစ်သူကြီး၏သား၊တောင်အရပ်စစ်သူကြီး၏သားနှင့်မြောက်အရမ်စစ်သူကြီး၏သားတို့ဖြစ်ကြသည်။

အရှင်မင်းကြီးဟာသားတော်ကိုကာကွယ်ချင်သည့်အတွက်ထိုအဖိုးတန်လူငယ်များနှင့်ရင်းနှီးခင်မင်စေရန်တန်းယူပညာသင်ခွင့်ပေးခဲ့ပေမယ့်ဘုရင်ကြီးရဲ့အတွက်အချက်ကလုံးဝမှားယွင်းသွားခဲ့သည်။သွေးအေးပြီးဖြောင့်မတ်တဲ့လူငယ်လေးယောက်ဟာအစကတည်းကမိန်းမဆန်ပြီးကြောက်တတ်လွန်းသည့်အိမ်ရှေ့စံအပေါ်ရွံ့ရှာခဲ့ကြသည်။ဘယ်တုန်းကမှသူငယ်ချင်းလို့သူတို့မမှတ်ယူခဲ့ကြ။အဲ့လို့အိမ်ရှေ့စံမျိုးထက်သီတာဒေဝီမင်းသမီးလိုလူမျိုးကိုသူတို့ပိုနှစ်ချိုက်ကြသည်။

တစ်နေ့မှာလူတိုင်းချစ်ရတဲ့သီတာဒေဝီမင်းသမီးလေးဟာပုရောဟိတ်ကြီးရဲ့သားအကြီးဆုံးသတိုးကျော်စွာကိုမြင်မြင်ချင်းချစ်ကျွမ်းဝင်ခဲ့ပြီးဂုဏ်သတင်းမွှေးသည့်သူမကိုသတိုးကျော်စွာကလည်းသဘောကျတာကြောင့်စေ့စပ်ပွဲကြီးတစ်ခုဖြစ်လာခဲ့သည်။မင်းကြီးကမင်းသမီးအင်းအားတောင့်တင်းလာမှာစိုးသည့်အတွက်စေ့စပ်ပွဲကိုဖျက်ဆီးချင်ခဲ့ပေမယ့်ငယ်စဥ်ကစွန့်ပြစ်ဖူးတဲ့အမှားကိုဖာထေးရန်အတွက်ခေါင်းငြိမ့်လက်ခံပေးလိုက်ရသည်။

မူရင်းလူနန်းတက်ဖို့ဖြစ်လာချိန်မှာသက်သေရှိသောသတင်းအချို့ပေါ်ထွက်လာခဲ့သည်။ထိုသတင်းမှာသူ့ရဲ့ယောက်ဖတော်ကိုသဘောကျနေခဲ့ချင်းပင်။ထိုသတင်းကြောင့်တစ်နိုင်ငံလုံးရုတ်ရုတ်သဲသဲဖြစ်သွားခဲ့ပြီးမြားလို့ဖြောင့်တန်းသောလူငယ်ငါးယောက်ဟာအိမ်ရှေ့စံကိုရွံရှာလွန်းလို့သတ်ပြစ်ဖို့ပင်မစောင့်နိုင်တော့။ထိုဖြစ်စဥ်မပြီးသေးခင်မှာအိမ်ရှေ့စံဟာ,သတိုးမဟာရဲ့ညီမတော်ကိုမဒိမ်းကျင့်ခဲ့ပြန်သေးသည်။အိမ်ရှေ့စံရဲ့သတင်းကကြားရသူတိုင်းကိုပျို့အန်စေခဲ့သည်။

သို့သော်လည်းမင်းကြီးရဲ့ရင်နှစ်သည်းခြာလေးဖြစ်တာကြောင့်သူဟာထီးနန်းတက်ခွင့်ရခဲ့သည်။သို့သော်လည်းဘုရင်သက်တမ်းဟာတစ်နှစ်ပင်မပြည့်ခဲ့ပါချေ။

မင်းသမီးကတိုင်းသူပြည်သားတွေရဲ့ရှေ့ရေးကိုရှေ့ရူးလို့အမတ်ကြီးတွေရဲ့သဘောအတိုင်းပုန်ကန်မှုပြုလုပ်ပြီးထီးနန်းကိုအုပ်ချုပ်ဖို့ဖြစ်လာခဲ့သည်။သူမရဲ့အမျိုးသားကိုထီးနန်းအပ်ပြီးသူမကတော့မြင့်မြတ်တဲ့မိဖုရားအဖြစ်တူယှဥ်တွဲကာအုပ်ချုပ်ခဲ့ကြသည်။သူမရဲ့ထီးနန်းလုပွဲမှာလူငယ်လေးယောက်ကအဓိကတံတိုင်းကြီးအဖြစ်ပါဝင်ပေးခဲ့ပြီးမင်းကြီး၊ကုန်းကုန်းနှင့်အိမ်ရှေ့စံအပြင်အခြားမင်းကြီးဘက်တော်သားတွေကိုပါရက်စက်စွာသုတ်သင်ရှင်းလင်းပေးခဲ့သည်။

အရာရာဦးဆောင်နိုင်သည့်အမျိုးသမီးဦးစားပေးဇာတ်ကားဖြစ်တာကြောင့်လူကြိုက်များခဲ့ပြီးပိုက်ဆံအများကြီးရှာပေးနိုင်ခဲ့သည့်ရုပ်ရှင်ဖြစ်သည်။သူကတော့ရုပ်ရှင်တွေကိုစိတ်ဝင်စားလေ့မရှိသော်လည်းထိုနေ့အကိုကြီးထံဖုန်းဆက်တော့သူ့ကောင်လေးတွေနှင့်ရုပ်ရှင်ကြည့်ဖို့ပြင်ဆင်နေသည်ဟုပြောတာကြောင့်ဘာရယ်မဟုတ်ရုပ်ရှင်ကြည့်ဖို့ထွက်လာခဲ့သည်။လူတွေဟာသေနေ့စေလျှင်သေကိုသေရမည်ဟူသောဆိုရိုးမှာတကယ်မှန်သည်။ကိုယ်ရံတော်ပေါင်းသောင်းခြောက်ထောင်နှင့်မှအပြင်ထွက်လေ့ရှိသည့်သူကဒီနေ့တော့သူ့လက်ထောက်နှစ်ယောက်ပင်မသိအောင်ခိုးထွက်ပြီးရုပ်ရှင်ရုံထဲဝင်လာခဲ့သည်။ရုပ်ရှင်ပြီးလို့အပြင်ထွက်လာတော့ဘယ်ကမှန်းမသိသည့်ကျည်ဆံကသူ့ဆီပျံဝဲလာခဲ့ပြီးသူရှောင်ချင်ပါသော်လည်းရုတ်တရက်မျက်စိရှေ့ပေါ်လာသည့်သွေးသံတရဲရဲဖြင့်လဲကျသေဆုံးနေသည့်ဘုရင်ကြီး၊ကုန်းကုန်းနှင့်အိမ်ရှေ့စံအလောင်းတို့ကြောင့်ကြောင်အနေစဥ်ကျည်ဆံကသူ့ရင်ဘတ်ကိုဖောက်ဝင်သွားခဲ့ပြီးလဲကျသွားတော့သည်။

အစကသူဒီတိုင်းထွက်သွားပြီးသူ၊မင်းကြီးနှင့်ကုန်းကုန်းတို့ရဲ့သေဆုံးမှုကိုကာကွယ်ချင်ပေမယ့်မူရင်းလူရဲ့အမတော်သီတာဒေဝင်မျက်လုံးတွေကထင်သလောက်မရိုးသားပေ။တွက်ချက်မှု၊အငြိုး၊မုန်းတီးမှုနှင့်လက်စားချေမှုတွေပြည့်နှက်နေတဲ့မျက်ဝန်းများကြောင့်သူရင်ဆိုင်ဖို့သာဆုံးဖြတ်လိုက်တော့သည်။ဒီပြသနာထဲမှာမရိုးသားမှုတွေပါနေလျှင်သူသေချာပေါက်မူလလူအတွက်လက်စားချေပေးမည်။အကိုကြီး,သူ့ကိုလုပ်ပေးခဲ့သလိုမျိုးပေါ့။သူကလူကောင်းတစ်ယောက်မဟုတ်သော်ငြားမတရားမှုကိုတော့တော်တော်မုန်းတီးလှသည်။မဟုတ်ရင်လည်းသူလုပ်စရာဘာမှမရှိတာကြောင့်အပျင်းပြေgameဟုသာမှတ်ယူလိုက်မည်။အကိုကြီးကိုတော့အတော်ကြီးလွှမ်းရအုန်းမည်။အကိုကြီးကသူ့ကိုယ်သူအပြစ်တင်နေမလားသို့မဟုတ်သူ့အတွက်စိတ်မကောင်းဖြစ်နေမလား။ခွင့်လွှတ်တာမို့စိတ်မကောင်းမဖြစ်ပါနဲ့အကိုကြီးရေ။အကိုကြီးပြန်မချစ်တဲ့ဘဝမှာသူကသေရမှာကိုလုံးဝကြောက်မနေပါဘူး။

ရုပ်ရှင်နဲ့လက်တွေ့ကအများကြီးကွာခြားသည်ဟုသူထင်မိသည်။ရုပ်ရှင်ထဲတွင်သေချာပေါက်နာမည်ကြီးသည့်အချောအလှများကိုသာသုံးထားပြီးအမြောက်စာဇာတ်ကောင်လေးကတော့အလွန်ရုပ်ဆိုးလှသည်။လက်တွေ့တွင်မူသတိုးကျော်စွာသာချောမောလွန်းနေပြီးကျန်လေးယောက်ကတော့သာမာန်ရုပ်ရည်နှင့်ယောကျ်ားပီသကြသူများသာဖြစ်ပြီးရုပ်ရှင်ထဲကထက်ပိုအေးစက်ကာကျက်သီးထဖွယ်ကောင်းသည်။သီတာဒေဝီကရုပ်ရှင်ထဲကအတိုင်းချောမောပေမယ့်မူရင်းလူကိုလုံးဝမမှီချေ။သူမှန်ကြည့်ကာစ,ကချောမောလွန်းတာကြောင့်ငါးမိနစ်ခန့်ငုတ်တုတ်မေ့သွားခဲ့ပြီးကိုယ့်ကိုယ်ကိုယ်ပြန်fuckချင်စိတ်ပင်ပေါက်ခဲ့သည်အထိ။မူရင်းလူကမပြင်မဆင်တတ်သည့်အပြင်ခေါင်းငုံးကာအမြဲတုန်ယင်နေတတ်တာကြောင့်လူတွေကသူ့ကိုရုပ်ဆိုးတယ်ထင်နေကြခြင်းပင်။

ယခုတော့သူရောက်လာပြီ။

'မူရင်းလူရေမင်းရဲ့ဂုဏ်ကိုငါသေချာပေါက်မြင့်တင်ပေးပါ့မယ်ကွာ'
______________________________________

614❤️
_____________________________________

Continue Reading

You'll Also Like

28.3K 3.8K 38
˚✧ Protagonist˚✧ Gemini Kleverron "ជេមមីណាយ ឃ្លេវវើរ៉នន៍" ♡ Fourth Sydenzverd "ហ្វូត សាយឌេនវើត" /////// •Hate to love💅🏻?????
94K 9.6K 49
Name: "𝙢𝙮 𝙘𝙤𝙢𝙢𝙖𝙣𝙙𝙚𝙧"🔞 - اگه این‌قدر علاقه به مردن داری... می‌تونم زودتر از این تمرین‌های کشنده دخلت رو بیارم! جونگ‌کوک که گونه و چونش توی...
40.5K 1.5K 34
"Come on, come on, don't leave me like this I thought I had you figured out Something's gone terribly wrong You're all I wanted Come on, come on, don...