ခြေအစုံက ဝါဝင်းလို့ ခြေထောက်တစ်ဖက်လှမ်းလိုက်တိုင်း အုတ်ခင်းကလေးပေါ်က ခရေပန်းလေးဆီရှပ်တိုက်သွားလေးက သူ့အတွက်အသဲယားစရာအတိ
ပုဆိုးစက ခြေမျက်စိဖုန်းလို့ စတစ်ကော်လာ နက်ပြာရောင်သည် လက်ထဲက ကြာပန်းတွေနဲ့ပနံသင့်နေလေ၏။လေအဝေ့မှာယိမ်းနွှဲ့သွားတဲ့ ဆံနွယ်ကွေးကွေးလေးတွေက သူ့ရင်ထဲတလှပ်လှပ်လှုပ်ရှား ရင်ခုန်သွားရပြန်ကာ သူ့အပြုံးကို ဖန်တီးပေးတဲ့ ဖန်တီးရှသ်အစစ်
"ကိုကို..."
မျက်ခုံးလေးပင့်ကာ ဘာလဲဟုအမူအယာနဲ့ပြန်မေးလိုက်လေသည်။
သူပြုံးကာ ကိုကို့အနားသွားရပ်ပစ်လိုက်သည်။
"မောင်တို့...ကျွန်တော်တို့ ဓာတ်ပုံအတူတူရိုက်ရအောင်"
ကိုကိုက သူမောင်လို့မှားထွက်မိတုန်းက မျက်ခုံးလေးတွေကြုတ်သွားသည်။မျက်နှာကလေးရဲကာ မိန်းမ မဆန်တဲ့ မျက်စောင်းကလေး ထိုးလာသည်။
"မုန်းနဲ့ရိုက်လေ"
သူအစ်မမုန်း ကိုကြည့်လိုက်တော့ အစ်မက ခေါင်းကလေးခါကာ
"လူမှန်နေရာမှန်ဘဲ ရိုက်ပါ လာကျွန်မက ရှင်တို့ကိုဓာတ်ပုံရိုက်ပေးမယ်"
ကိုကိုသူ့ကို တစ်ချက်ကြည့်ကာ
"မုန်းက ငါ့ကို စိတ်ဆိုးနေအုံးမယ် မင်းကောင်မလေးနဲ့အရင်ဓာတ်ပုံရိုက်လေ"
"စောဏကဘဲ ရိုက်ပြီးပြီ"
"ဟင်"
သူတို့နှစ်ယောက်နဲ့အတူ ရှိနေရဲ့နဲ့ ဘာလို့မသိရတာလဲ
ထယ်ယောင်းလက်ကလေး ဂျီမင်ဆွဲကာ ကုသိုလ် တော်ဘုရားစေတီကြီးရှေ့ နေရာယူလိုက်သည်။
ကိုကို့နားက ဆံနွယ်ကလေးသူတစ်ချက်သပ်ပေးလိုက်တော့ ကိုကိုက မျက်လုံးကလေးလှန်ကြည့်သည်။
"လှတယ်"
"ဟင်"
ဘာမှ အိုက်တင်မပေးရသေးဘူးကို လှတယ်တဲ့လား
"စောဏကပုံလေးရိုက်လိုက်တယ် ထယ်ယောင်း...ဂျီမင်က ထယ်ယောင်းနားကပ်လိုက်"
ဂျီမင် ထယ်ယောင်းနားကပ်လိုက်သည်။
ကိုကို့ကိုသူငေးနေပေမယ့် ကိုကိုက သူ့ဘက်မလှည့်ပေ။အနေကြပ်သလိုရုပ်လေးမို့ အသိမသာ ကိုယ်လေးပြန်ခွာလိုက်ရသည်။
မောင်က ငေးကြည့်နေရတဲ့သူပါကိုကို...
"ကျောက်စာတွေ ကြည့်ချင်တယ်"
"အာ...နေပူမှာပေါ့ မလိုက်ချင်ဘူး ငါဒီနားထိုင်နေမယ်"
မုန်းက အပင်ကြီးရဲ့အရိပ် ကြောင့်အေးနေသည့်ကျောက်စာနားထိုင်ကာသာ နေသည်။
"ကျွန်တော်လိုက်မယ်လေ"
ထယ်ယောင်း နှာခေါင်းတစ်ချက် လေမှုတ်ကာ
"နေခဲ့ မင်းချစ်သူနား"
သူပြုံးလိုက်ရသည်။ကလေးလိုဘဲ ကိုကိုက..
ကိုကိုစိတ်မကြည်မှာစိုး၍ သူအစ်မမုန်း နားထိုင်လိုက်ရသည်။
"တစ်ယောက်တည်းသွားမယ် ခဏနေ အပြင်ဘက်ထွက်ခဲ့ ငါစမူဆာဆိုင်က စောင့်နေမယ်"
ကိုကိုက ဘာမှသာ မမှတ်မိတာ လူ့ကျင့်ဝတ် စောင့်စည်းရမယ့် စည်းတွေသူအကုန်နားလည်သည်။အခုဆို သူက ကိုကို့ဘေးကပ်နေတာ ကိုကိုရိပ်မိနေ၍ ရှောင်ဖယ်ရှောင်ဖယ်လုပ်ရုံတင်မကဘူး အစ်မမုန်းနားပါအတင်းတွန်းပို့တတ်သည်။
"မင်း ဘယ်လိုခံစားရလဲ ဂျီမင်"
ကိုကို့ကို တမေ့တမော ငေးကျန်ရစ်နေသည့်သူ့အား အစ်မမုန်းက မေးငေါ့ကာမေးလာသည်။
"ကိုကို့ကို ဖက်ထားချင်တယ် လွမ်းကြောင်းတဖွဖွပြောပြီး သိပ်ချစ်ကြောင်းပြောချင်မိတယ်...အန်တီညို့စနက်ကြောင့် အစ်မနဲ့ကျွန်တော်က ကိုကို့ရှေ့ ချစ်သူအဖြစ်နေနေရတာလဲ အစ်မကို အားနာပါတယ်"
"ညဘက်တွေကြ ထယ်ခေါင်းတွေ တအားကိုက်တယ် ဂျီမင်...ငါအခု သူတို့အိမ်မှာတည်းတော့ အကြောင်းစုံသိရတယ် ခေါင်းတွေကိုက်လို့အော်ငိုတိုင်း မောင်ဆိုပြီး တစ်လုံးတစ်လေရွတ်တတ် သေးတာ ထယ်ယောင်းက နင့်ကိုသိပ်ချစ်တာမောင်လေး ငါ့လိုမိန်းကလေးတောင် သူမချစ်ခဲ့ဘူး နင့်ကြမှ သူတကယ်ချစ်သွားတာ"
"ကံကြမ္မာ ဆုံဆည်းခွင့်ပေးပြီး အခုတော့ပြန်ခွဲထားပြန်တယ် အစ်မရယ်"
ဂျီမင်မျက်လုံးထဲ မျက်ရည်တွေဝဲနေမိသည်။ချစ်ရက်နဲ့ နီးရက်နဲ့ဝေးနေရတဲ့ဘဝဟာ နည်းတဲ့ခံစားချက်လား
ဘယ်ဘဝက ဘာတွေလုပ်ခဲ့လို့လဲမသိပေမယ့် ခံရတာခက်တယ်
"ငါတို့ ထယ်ယောင်းကို ပြန်မှတ်မိအောင်လုပ်ဖို့ ရှမ်းပြည်ပြန်ရမယ် ခက်တာက အနတီညိုက မန္တလေးမှာဘဲ နေရမယ်တဲ့လေ"
"ကျွန်တော်ကြိုးစားမှာ မန္တလေးမှာလည်း အမှတ်တရတွေအများကြီးရှိတာမို့ ကိုကို့အတွက် မှတ်မိစရာ အခြေအနေတွေရှိပါတယ်"
"အင်း အစ်မလည်းဘေးကနေ ကူညီမယ်လေ Fighting မောင်လေး"
"ဟုတ်"
သူထလိုက်သည်။
"အစ်မ ဒီမှာခဏနေအုံးနော် နောက်၁၅မိနစ်လောက်မှ လိုက်ခဲ့ပေး ကျွန်တော်ကိုကို့နားသွားချင်လို့"
"အင်း သွားလေ"
သူအမြန် ကိုကို့နောက်လိုက်ခဲ့သည်။ဘုရားစောင်းတန်းကနေ ကျောက်စာတွေဘက် သူလှမ်းကြည့်ရသည်။အရှေ့ဘက်က ကျောက်စာတွေဘက်မှာ အခုလိုညနေချိန်နေအေးတော့ ဓာတ်ပုံရိုက်နေကြတဲ့သူ ပိုများသည်။
တွေ့ပါပြီ....
စောင်းတန်းအနောက်ဘက်က ကျောက်စာတွေဘက်မှာ
ကျောက်စာတစ်ချပ်ရှေ့က အုတ်ကလေးပေါ်ထိုင်ကာ ကောင်းကင်ကိုငေးနေတာ လက်ကလေးတွေကလည်း ကြာပန်းကလေးတွေကို ကျစ်နေအောင်ဆုပ်ထားလေရဲ့
အနားနီးလေ အသံကလေးက ပိုပီလာသလိုလို သူ့နားထဲဘဲ ကြားနေတယ်ထင်တာ..ကိုကို့နှုတ်ခမ်းလေးက လှုတ်နေတာမို့သူ နားကြားမှားတာမဟုတ်ပေ...
ကြာဖြူ ကြာနီ ကြာညိုရောလို့...
တောလယ်တောမှာ ပွင့်ကြတယ်
ကောက်စိုက်အပြန်ရေကန်ကြီး
ကြာတစ်စည်းလောက်ချိုးခဲ့ကွယ်...
သူ့ကိုမြင်သွားတော့ ကိုကိုက ချက်ချင်း သီချင်းသံရပ်ပစ်ကာ မတ်တပ်ကလေးရပ်ပစ်သည်။သူ့နှလုံးသားလေး အခုန်မြန်နေတာ ကိုကိုမသိ
ကိုကိုက သူ့နှုတ်ခမ်းသူ ရှက်ရှက်နဲ့ကိုက်ကာ သူ့ကိုမျက်ခုံးလေးတွန့်ချိတ်ကာ မကျေနပ်တဲ့ ရုပ်လေးနဲ့ကြည့်သည်။
"သူများသီချင်းဆိုနေတာကို"
"ဟင်"
"ဂျီမင်...ငါ့နားဘဲ လိုက်မနေနဲ့ သွားပြန်မုန်းဆီသွား"
ငေါက်လွှတ်နေတဲ့ ကလေးပေါက်လေးကြောင့် သူခေါင်းလေးငြိမ့်ကာ
"ဟုတ်ကဲ့"
သူပေကပ်ကာ ကိုကို့ကိုငေးနေတုန်းဘဲ ဒါကိုမကျေနပ်ကာ
"သွားလေ"
"မုန်းက ကိုကို့ကိုခေါ်ခိုင်းလို့"
ထိုအခါမှ ရုပ်ကလေးက ကြည်လာကာ သူ့နားရောက်လာသည်။
"ရော့"
ကိုကိုပေးတဲ့ကြာပန်းလေးလှမ်းယူလိုက်ရသည်။
"ကြာဆွဲကြိုး လုပ်ချင်လို့"
"ကျွန်တော့်ကို လုပ်ခိုင်းတာလား"
"အင်း"
ကိုကိုက ပြောချင်တာပြောပြီး ရှေ့က ထွက်သွားသည်။သူကြာပန်းကလေး ကိုင်ကာ ခပ်ခွာခွာက လိုက်လာရသည်။တော်ကြာ သူ့နားကပ်လို့စိတ်တိုနေမှ ဂျီမင်တို့ ကိုကိုပေါက်လေးနား နေခွင့်မရဘဲဖြစ်နေမှာ
"စမူဆာ သုပ်၃ပွဲပေးပါ"
ဂျီမင် လှမ်းမှာလိုက်တော့ ထယ်ယောင်းဖျော်ရည်ဆိုင်ဘက်လှမ်းကြည့်နေသည်။စမူဆာဆိုင်နဲ့ ဖျော်ရည်ဆိုင်က ကပ်လျက်မို့ ကိုကိုပေါက်လေး စတော်ဘယ်ရီလေးတွေငေးနေတာ သူသိသည်။
"စတော်ဘယ်ရီတစ်ခွက်ပေးပါ"
ဂျီမင် ဖျော်ရည်ဆိုင်ဘက်လှမ်းအော်ပြောလိုက်တာမို့ ထယ်ယောင်း မျက်လွှာကလေးချကာ ဖုန်းကလေးဆီ ကယောင်ကတမ်းနှိပ်နေသည်။
"ကိုကို...စတော်ဘယ်ရီရပြီ"
ဂျီမင် waiter လေးလာချပေးတဲ့ စတော်ဘယ်ရီခွက်လေး ကိုကို့ရှေ့တိုးပေးသည်။
စမူဆာထဲ ပူဆီနာပါတော့လည်း ဂျီမင်ကိုယ်တိုင် ဇွန်းအသန့်ကလေးနဲ့ခပ်ထုတ်ပေးသည်။
ထယ်ယောင်း မုန်းကို အားနာစွာကြည့်တော့ မုန်းက သူတို့နှစ်ယောက်ကိုပြုံးစိစိနဲ့ကြည့်နေတာ
ဟော်တော် သူ့ရည်းစားကသူများဂရုစိုက်နေတာ ဒါကိုသဘောကျနေတာလား
"ကိုကို...မောင်တို့ မန္တလေးတောင်ဘက်သွားဦးမလား"
ထယ်ယောင်းနှုတ်ခမ်းကလေးဆူလာသည်။ဂျီမင်နားမလည်ပေ။သူဘာလုပ်လို့လဲ
"ဘာမောင်လဲ ငါ့ကို မခန့်လေးစားနဲ့"
ဂျီမင်အခုမှ သတိရကာ သွားကလေးကြိတ်ကာ ဘာပြန်ပြောရမယ်မသိပေ။
"ငါ့ကိုပြောတာပါ ထယ်ရ မောင်ကငါ့ကိုအဲ့လိုပြောနေကြ အခုဟာက နင့်ကိုခေါ်ရင်း ငါ့လှမ်းပြောတာ နှော"
ဂျီမင် မြန်ခေါင်းငြိမ့်ကာ
"ဟုတ်တယ် ကိုကို အစ်မမုန်းကိုခေါ်တာပါ"
အခုလိုကြတော့လည်း ထယ်ယောင်း စိတ်ထဲက သိပ်မကျေနပ်ချင်ပေ။တစ်ခါတလေကြရင် လူမှုရေးဖောက်ပျက်တဲ့သူအဖြစ် သူဖြစ်တော့မလားတွေးကြောက်မိရပြန်သည်။
မောင်....ငါ့နှလုံးထဲ စွဲနေတဲ့ နာမ်စားလေးကရော ဘယ်ကမောင်လဲဟင်....
&&&
"ကိုကို့...."
"မောင့်ကလေးလေး..."
နားထဲပင့်တင်လာထပ်နေမိသည်။
ဒီပုံစံအတိုင်းဆို ငါဂျီမင်နဲ့မပတ်သတ်မှဖြစ်တော့မယ်နဲ့တူတယ် နားထဲကြားနေရတဲ့အသံတွေက ဂျီမင့်အသံတွေမို့ သူ့ဘာသူလည်း စိတ်ပျက်မိသည်။
ငါယောက်ျားလေးလေ ပြီးတော့သူငယ်ချင်းအရင်းကြီးဆိုတဲ့ မုန်းရဲ့ရည်းစားကို ငါရင်ခုန်သာယာနေမိတာ
မဖြစ်ပါဘူး ရှောင်နေရမယ်....
"သား အန်တီဝင်လာမယ်နော်"
ထယ်ယောင်း ကိုယ်ရှိန်သပ်ကာ ကုတင်ပေါ် တမင်ခွေကာထိုင် နေသည်။
ဒေါ်ဒေါ်က သူ့နားထိုင်သည်။
"နေရတာ သက်သာရဲ့လား"
"ဟုတ် မနက်ဖန်ဆေးရုံသွားရက်မို့ထင်ပါတယ် ခေါင်းထဲ ပုံရိပ်တွေမြင်နေသလိုလို နားထဲလည်း ခေါ်သံကလေးတွေကြားနေရပြန်တယ်"
သူမ တစ်ချက်အကဲခတ်ကာ ထယ်ယောင်း ပုခုံးသပ်ပေးလိုက်သည်။
"သားကိုပြောစရာရှိလို့ သတိပေးစရာဆိုပိုမှန်မယ်"
သူဒေါ်ဒေါ့်ကို တစ်ချက်ကြည့်လိုက်သည်။
"ဂျီမင်ဆိုတဲ့ကောင်လေးနဲ့ဝေးဝေးနေ သား သူကကောင်းတဲ့ကောင်မဟုတ်ဘူး မင်းချစ်တဲ့ မုန်းကို မင်းဆီက လုယူထားတာ"
"မုန်းကို သားက ချစ်ခဲ့တာလား"
သူမသဘောတကျကျပြုံးသည်။
"မုန်းကလည်းသားကိုချစ်တယ် ဂျီမင်ကမုန်းကိုသေချာချဉ်းကပ်ပြီး သားကိုအရှက်ခွဲချင်လို့ ခေါ်တာတောင်ကြည့် ကိုကိုတဲ့လေ သူကသားကို အရင်ကတည်းက အညှိုးနဲ့ အရှက်ခွဲချင်နေခဲ့တာ"
ထယ်ယောင်း နားထဲ ဂျီမင့်ရဲ့ကိုကိုဆိုတာလေးလွင့်ပျံလာသည်။
ဟင် ရိသဲ့သဲ့လာလုပ်နေတာ ဒါကြောင့်လား
"သူက သားကို မနာလိုခဲ့တာလေ သားဘယ်မှတ်မိပါ့မလဲ ဒေါ်ဒေါ်တော့ သားကိုစိတ်ပူတယ်"
ထယ်ယောင်း စိတ်တွေ နွမ်းဖက်သွားသည်။ပျင်းရိလေးလံစွာထိုင်နေမိတော့သည်။အစက အခုလိုမသိခင်ကတော့ ရင်ခုန်မိတော့မလိုလို အခုတော့ ဂျီမင့်ကို မုန်းချင်မိသည်။
"သားကို မုန်းကသိပ်ချစ်တာ အခုတောင် တောင်ကြီးကနေ မန္တလေးထိ လာနေနေတာကြည့်လေ"
သူခေါင်းထဲ တောင်ကြီးဆိုတာကြားတော့ စိန်ပန်းပြာပင်ကြီးဖြတ်ကနဲတွေးလိုက်မိသည်။အဲ့အပင်ကြီးအောက်နဲ့ သူကောင်လေးတစ်ယောက်ရင်ခွင်ထဲခိုလှုံထားတာ သူထိုကောင်လေးမျက်နှာကို ရိပ်ဖမ်းကြည့်တော့ ခေါင်းဟာ အဆက်မပြတ် ထိုးကိုက်ကာ မူးလာသည်။
"အာ့...."
နားထင်ဖိကာ နာကျင်နေတဲ့တူကိုသူမ ကြည့်ရတာ စိတ်ထဲမကောင်းပေမယ့် မတတ်နိုင်ပေ။
"အိပ်တော့ သားးး ဒေါ်ဒေါ်ဆေးယူပေးမယ်"
စားပွဲပေါ်က ဆေးနဲ့ရေဘူး တူဖြစ်သူနား လာပေးသည်။ထယ်ယောင်း အမြန်ယူကာ သောက်လိုက်ရသည်။
"ခေါင်းထဲ ထိုးကိုက်နေတာ နေလို့မကောင်းပြန်ဘူး ဒေါ်ဒေါ်"
"အိပ်လိုက်တော့ ဘာမှမစဉ်းစားဘဲနေ အရေးကြီးတာက သားကျန်းမာရေးဘဲ ဘာမဟုတ်တဲ့ လူအကြောင်းမတွေးမိစေနဲ့နော်"
သူခေါင်းအုံးပေါ်သာ လှဲချလိုက်ရတော့သည်။စိတ်ကိုငြိမ်ငြိမ်ထားကာ တရားရွတ်နေလိုက်မိသည်။
သူတရားစာရွတ်နေရင်းသတိထားမိတာက
အရင်ကတည်းက ပရိတ်ကြီး၁၁သုတ် ငါအလွတ်ရခဲ့တာလားးး အံ့ဩစရာ အခုငါ့နှုတ်က အလိုလို ရွတ်နိုင်တယ်...ဒါဆို ငါအရင်ကအကြောင်းတွေပြန်မှတ်မိနိုင်မှာလားးဟင်
တီ....
ဖုန်းလာတာမို့ သူလန့်သွားမိ၏။အတွေးလွန်နေစဉ် ဖုန်းသံက သူ့ကိုယ်လေးကိုတုန်ကာသွားသည်။
သူ့ဖုန်းကိုဆက်တဲ့သူဟာ ဂျီမင်တစ်ယောက်တည်းရှိတာမလား မုန်းပြောတာတော့ "နင့်ဖုန်းနံပါတ်ငါမသိဘူး နင်ဖုန်းအသစ်ဝယ်ထားတာလေ"တဲ့ ဒီကောင်က ဘာလို့သိ နေတာလဲ ဒေါ်ဒေါ်ပြောသလို နှောင့်ယှက်ချင်လို့လား
သူဖုန်းကို ချပစ်တဲ့ဘက်နှိပ်ပေးမယ့် လက်က အစိမ်းရောင်လေးဆွဲမိကာကိုင်လိုက်မိသည်။
"ကိုကို..."
ခေါင်းကိုက်နေတဲ့ အရှိန်ကြောင့် ဒေါသကလေးက ထွက်လာချင်နေပြီတူသည်။
"နေ ငါအရင်ပြောပါရစေ "
"ဟုတ်ကဲ့"
ဟိုဘက်က ဟုတ်ကဲ့လည်း ပြောတော့ သူ့နှုတ်က စကားရင့်သီးစွာပြောဖြစ်ဖို့ မရဲဘူးဖြစ်သွားသည်။အံကိုကြိတ်၍ အားတင်းပြောပြစ်လိုက်ရသည်။
ဂျီမင်ဘက်ကတော့ ဘာများလဲလို့ စောင့်စားနေမိရင်း စိတ်လှုပ်ရှားနေမိသည်။
"ငါ့ဆီ ဖုန်းမဆက်နဲ့ဂျီမင် အချိန်လည်းကြည့် ၈နာရီခွဲပြီ ငါ့ကိုအထင်သေးလို့လားဟင် ငါဘာမှ ပြန်မမှတ်မိဘူးဆိုတာနဲ့ဘဲ ငါ့ကို မင်းကစားချင်နေတာလား ဒီမှာဂျီမင် မင်းမုန်းဆီဘဲအဆက်အသွယ်လုပ်ပါ ငါ့ဆီလာမပတ်သတ်ပါနဲ့ ငါယောက်ျားလေးနော် Gayမဟုတ်ဘူး ဘာမှမမှတ်မိပေမယ့် ငါ့ကိုငါယုံကြည်တယ် ငါဟာ ဘယ်ယောက်ျားလေးတစ်ဦးတစ်ယောက်နဲ့မှ ပယောပရည်လုပ်မယ့်ကောင် မဟုတ်ဘူး ငါ့ကို အချောင်ရမယ်ထင်ပြီး ချဉ်းကပ်တာရပ်လိုက်"
ဂျီမင့်မေးရိုးပြုတ်မတတ် ပါးစပ်အဟောင်းသားဖြစ်ကျန်ခဲ့သည်။ကိုကိုက ညနေကထိ အကောင်း အခုသူ့ကို စွဲချက်များစွာနဲ့စွပ်စွဲနေပြီ ဘာတဲ့ ကိုကို့ကို ပရောပရည်လုပ်တယ်တဲ့လား ကိုကိုရယ်..
"ဒီမှာ ငါ့ကိုနှောင့်ယှက်ချင်လည်း နေကောင်းတဲ့အထိစောင့်ပါ ငါအခုခေါင်းကိုက်နေတယ် အဲ့တာမင်းကြောင့်"
"မဟုတ်ဘူး..."
"တော် ငါ့ဆီ ဘယ်တော့မှ အဆက်မသွယ်မလုပ်နဲ့"
သူဖုန်းချကာခေါင်းအုံးပါးကပ်ကာ ငိုလိုက်တော့သည်။
"ဟင့် ရင်ဘတ်ထဲက အောင့်လိုက်တာ မကောင်းတဲ့ကောင် ဟင့် ငါမုန်းချင်လိုက်တာ...."
ဂျီမင်ပျာယာခတ်သွား၏။ချက်ချင်း အစ်မမုန်းဆီ ဖုန်းဆက်ရသည်။
"အစ်မ ကိုကို့ကို ဘာ်သူကဘာပြောလိုက်သေးလဲဟင် ကိုကိုကျွန်တော့်ကို ဒေါသဖြစ်ပြီး ပြောဆိုနေတာများ စကားတွေက မတွေးတတ်တော့လောက်အောင် အထင်သေးနေတာ"
"စိတ်အေးအေး ထားပါအုံးဂျီမင်ရယ် အစ်မကိုသေချာပြန်ပြောပါအုံး"
ဂျီမင် ပြန်ပြော ပြလိုက်တော့ သူမ ဘာပြန်ပြောရမှန်းကိုမသိတော့ပေ။အန်တီညို့လက်ချက်ဆိုတာ သိပေမယ့် ဘာမှမတတ်နိုင်ပေ။
ဆေးရုံရှေ့ကနေ သူစောင့်နေမိသည်။ဒီနေ့ကိုကို့ ခေါင်းအတွက် check up လုပ်မယ့်နေ့မလား
အဘွားပေးထားတဲ့ ကားကိုမစီးဘဲ ဆိုင်ကယ်နဲ့ ကိုကို မမြင်အောင်လာလိုက်သည်။
ကိုကိုတို့ကားလေး ကားပါကင်ရောက်လာတော့ သူအမြန်ဆိုင်ကယ်ပေါ်ကနေဘဲ ဆိုင်ကယ်ဦးထုပ်ကမှန်ကိုချကာ ရုပ်ဖျက်ထားလိုက်ရသည်။
ကိုကိုက ကားပေါ်ကနေ နွမ်းနွမ်းလျလျလေးဆင်းလာသည်။ကိုကို့အမေနဲ့အဒေါ်ဘေးက ပါသည်။မုန်းတော့မပါပေ။
ထယ်ယောင်း BMWSW1000RRဆိုင်ကယ်ကိုမြင်ဖူးသလိုလိုရှိတာမို့ သေချာလိုက်ကြည့်နေသည်။ဂျီမင်အနေကြပ်ကာ ဘာလုပ်လို့ ဘာကိုင်ရမလဲ မသိတော့ပေ။
ကိုကိုက သူ့ကိုသေချာကြည့်နေသည်။သူ့ရင်ထဲ မွန်းကြပ်လာသလို ငိုချင်လာသည်။ချစ်ရသူက မမှတ်မိတဲ့အပြင် မုန်းနေ၍ သူအလိုလို မျက်ရည်တွေဝဲတက်လာသည်။
ကိုကိုက သူ့နားလှမ်းလာတာမို့ သူဆိုင်ကယ်မောင်းပြေးလည်းမရတော့ပေ။
"ဂျီမင်"
သူ့မျက်လုံးထဲက ငိုချင်နေတဲ့ မျက်ရည်ကလေးလည်း ပါးပေါ်လိမ့်ဆင်းသွားသည်။
"ဂျီမင်မလား ငါ့ကိုလာရှုပ်ပြန်ပြီလား"
ကိုကို့အသံက တုန်နေသည်။
"မဟုတ်ပါဘူး ဒေါ်လေးအတွက် ဆေးလာယူတာပါ"
ကိုကိုက သူ့ကိုစိမ်းစိမ်းကားကားကြည့်ကာ ဆေးရုံထဲ သူ့အဒေါ်နဲ့ ဝင်သွားသည်။
ထိုအခါမှ Heltmetချွတ်လိုက်မိတော့သည်။
"သားးး"
ငိုချင်နေတဲ့ ဂျီမင့်မျက်နှာထားကိုကြည့်ကာသူမ စိတ်မကောင်းဖြစ်မိသည်။
"အန်တီ..."
"အမေ အားနာပါတယ်"
ဂျီမင် ခေါင်းခါကာ သူ့လက်ဖဝါးနဲ့သူ ပါးပေါ်က မျက်ရည်တွေသုတ်ပစ်သည်။
"ရပါတယ် အန်တီရယ် ကိုကိုမှ မမှတ်မိတာ ကျွန်တော်နားလည်ပါတယ်"
"အမေ ထယ်ယောင်းလေး ဆေးစစ်ချက်ရတာနဲ့သားကိုလှမ်းပြောမယ်နော်"
သူမ ဂျီမင့်ပုခုံးကလေးပုတ်ကာ ပြောလေသည်။
"ဟုတ်ကဲ့ ကျွန်တော် သွားတော့မယ်"
"အေး"
သူမ ဆိုင်ကယ် မောင်းထွက်သွားတဲ့ ဂျီမင့်ကျောပြင်ကိုငေးကာ အတွေးများနှင့်ကျန်ခဲ့သည်။
&&
&&&
&&&