twenty three

187 21 16
                                    

အခုချိန်စက်ဘီးကလေးစီးတဲ့ သူတော်တော်ရှားပေးမယ့် သူကိုကို့ကို စက်ဘီးကလေးပေါ်တင်ကာ ‌ခေါ်လာသည်။ကန်ပတ်လမ်းကကိုကို့အဖေအိမ်မှာကားထားခဲ့ပြီး သူကန်ပတ်လမ်းတစ်လျှောက်ဘီးကလေးနင်းကာ ကိုကို့ကို စိတ်အပန်းဖြေစေတာ

သင်္ကြန်နားနီးတော့ မြေသင်းနံ့က နှာခေါင်းထဲတိုးဝေ့နေတာ ကန်တော်ကြီးဆီက ရေရိပ်အငွေ့ဟာလည်း လူဆီလာဟပ်၍ထင်သည်‌ အေးမြသည်။

နေပူနေပေမယ့် သူမမောပါ ချစ်ရသူရဲ့ ခါးထက်ဖက်ထားတဲ့ လက်သွယ်သွယ်လေးကြောင့် စက်ဘီးနင်းဖို့ အားရှိသလို လမ်းတစ်လျှောက် အပင်ကြီးတွေရှိ၍ အရိပ်ရသည်။

စိန်ပန်းနီတွေက လမ်းတစ်လျှောက်ရဲလို့ တကယ် မန္တလေး ကန်ပတ်လမ်းက တစ်ကယ်လှတာ

"မောင် ဒါပန်းလဲ"

"စိန်ပန်းနီတွေလေ"

သူတို့စက်ဘီးကလေးသည်ဒေါ်မြတ်လေး ဘုရားဝန်းထဲသို့ချိုးကွေ့လိုက်သည်။ဘုရားဝန်းထဲမှာ စက်ဘီးအပ်ကာ နှစ်ယောက်သားလက်ကလေးတွဲကာ ဘုရားရင်ပြင်ပေါ်တက်လာကြသည်။
ဝင်ဝင်ကြီး ဘုရားဆင်းတုတော်ကို မြင်ရ၍ ထယ်ယောင်းရင်ထဲ အေးမြသွားသည်။

"ဘုရားက အေးချမ်းလိုက်တာ"

ကန်ရေပြင်နဲ့နီး၍ ရေအငွေ့လေအဝေ့ကြောင့်ရော ဘုရားရိပ်တရားရိပ်ကြောင့်လည်းပါမည် ရင်ထဲတကယ်အေးချမ်းသည်။

နှစ်ယောက်သား ဘုရားဆင်းတုတော်အား လက်ဆယ်ဖျား နဖူးမှာမိုး၍ မျက်လုံးများမှိတ်ကာ ဘုရားဂုဏ် တရားဂုဏ်ရည်မှန်း၍ ရှစ်ဦး ဦးချလိုက်သည်။

ဘုရားဝန်းကြီးက အေးသည်။သစ်ပင်ကြီးတွေရှိ၍ အရိပ်ရကာ နေ့ခင်းဆို အအေးခိုကြသည့် အနီးနားပတ်ဝန်းကျင်က လူများ လာရောက်ဘုရားဖူးကြသည်။

သူနှင့်ကိုကို ‌ဘုရားဝန်းကို ဘယ်ဘက်ကနေပတ်သည်။သစ်ပင်ကြီးကိုဝိုင်းကာ ကွပ်ပစ်ကြီး တစ်ခု ထိုးထားသည့်အပေါ်‌တွင် ထမင်းချိုင့်တွေ ဖွင့်ကာ ဝိုင်းဖွဲ့စားသောက်နေသည့် မိသားစု သုံးယောက်‌ကိုတွေ့ရသည်။ထို သစ်ပင်ကြီးနားမသွားခင် မောင်က သူ့လက်ကလေး ကိုင်ကာ

you are coolWhere stories live. Discover now