twenty one

145 21 15
                                    

"ဘာလိုလိုနဲ့နွေတစ်ကျော့ရောက်လာတော့မယ်နော်"

သူပြုံးလိုက်သည်။မန္တလေးနွေက တအားပူပါသည်။မန္တလေးနွေထက် သူ့ရင်ထဲက ပိုပူနေတာ သူသာသိသည်။ကျုံးရေပြင်ကျယ်ကြီးကြည့်ပြီး ငုဝါပင်အောက်က ထိုင်ခုံကလေး‌မှာထိုင်နေရတဲ့ခံစားချက်ဟာ တစ်ကယ်ဆို လတ်ဆဲကြည်လင်နေရမှာလေ အခုကတော့ မြင်ချင်တွေ့ချင်တိုင်းတွေ့ခဲ့မရတဲ့ မင်းသားလေးကြောင့် သူ့ရင်ဘတ်တွေ အောင့်သက်ကာ အချစ်ဝေဒနာကြီး ခံစားနေရတာနဲ့လူက မလန်းပေ။

"ဂျီမင်"

"ဗျာ ဟုတ်ကဲ့ အစ်မ"

မုန်းက သူ့ကို သေချာအကဲခတ်ကာ ထယ်ယောင်း vudeoလေးတွေ ပြသည်။

"ငါသူမသိအောင် ရိုက်ခဲ့တာ ကြည့်"

သူအစ်မ ဖုန်းယူလိုက်သည်။ဖုန်းထဲမှာ သနပ်ခါးရေကြဲလေးနဲ့ အင်္ကျီအဖြူစွပ်ကျယ်သားလေးကို ပုဆိုးလေးနဲ့တွဲဝတ်ထားတာ နဖူးကလေးဖော်ထားပြီး လက်ထဲမှာ စာအုပ်လေးကိုင်ထားတာ
ကံ့ကော်ပင်ကြီးမှာ နူးညံ့စွာ ကိုကို ထိုင်ကာစာဖတ်နေတာ

"ကိုကို လှတယ် ကျော့ရှင်းတယ် ချစ်ဖို့ကောင်းတယ်နော်အစ်မ"

"မင်းချစ်သူဘဲ မင်းချစ်တာဆန်းသလား"

"ဘာစာအုပ်တွေဖတ်နေလဲဟင် မမ"

"ဆရာချစ်ဦးညိုစာအုပ်တွေဖတ်နေတယ် ဆရာဝန်ကလည်း ဖုန်းသုံးတာထက် စာအုပ်ဖတ်တာ အားပေးတယ်လေ"

"ကိုကိုနဲ့တွေ့ချင်လို့ ကူညီပေးလို့မရဘူးလားအစ်မ"

သူမ သက်ပြင်း‌တိုးတိုးလေးချသည်။ဒါကိုသူ ကြားဖြစ်အောင်ကြားလိုက်သည်။

"ကိုကို့ကို ငေးကြည့်ရုံပါဘဲ အစ်မရယ် အမှန်တိုင်းပြောရရင် နောင်တရတယ် ကျွန်တော့်စိတ်တွေလေး‌
နေရက်နဲ့ ကိုကို့ကို သူ့အိမ်ထားလိုက်တာ ယူကျုံးမရအောင်ဘဲ"

ဂျီမင့် မျက်ဝန်းထဲ မျက်ရည်တွေဝိုင်းသွားသည်။

"ဘယ်တတ်နိုင်မလဲ ကံတရားပေါ့ အစ်မကူညီနိုင်တာရှိရင်တော့ ကူညီပေးမယ်"

"ကိုကို့မျက်နှာလေးတောင် မမြင်ရတဲ့အဖြစ်က ဆိုးပါတယ်ဗျာ အဖွားကသူကိုယ်တိုင် လိုက်ခဲ့မယ်ပြောပေမယ့် အသက်ကြီးတဲ့အဖွားကို မပင်ပန်းစေချင်ဘူး ပြီးတော့ ကိုကို့စိတ်ထဲ သူ့အဒေါ်ပြောသမျှ အဟုတ်ထင်နေတာ အခုချိန်သွားဖြေရှင်းရင် ကိုကို့အခြေအနေ ဆိုးသွားမှာကြောက်တယ်"

you are coolWhere stories live. Discover now