twenty five

243 18 8
                                    

သူ့မျက်လုံးနှစ်လုံး ပွင့်လိုက်သည်နှင့် နှာခေါင်းထဲ နှင်းဆီပန်းရနံ့လေး ပျံ့လာသည်။မနက်ခင်းအိပ်ယာထသည့်အချိန် ပန်းရနံ့နဲ့နိုးထလာရ၍  လူက စိတ်လက်ပေါ့ပါးသည်။အိပ်ယာထက် ထလိုက်ချိန် မောင်သူ့ဘေးမှာ ရှိ‌မနေပေ။စားပွဲပေါ်က နှင်းဆီရဲရဲလေး ကြည့်ကာ ပြုံးလိုက်မိသေးသည်။

သူထကာ ရေချိုးခန်းထဲဝင်တော့လည်း မောင်က သွားတိုက်ဆေး သွားတိုက်တံအဆင်သင့်ပြင်ထားပေးသည်။

မောင့်အဖွားတို့ လက်ဖွဲ့ပေးထားသည့် တိုက်ကလေးက ရှေ့တွင် နှင်းဆီခင်းကြီးရှ်သည်။သေချာတယ် မောင်နှင်းဆီခင်းထဲ အခုချိန်ရောက်နှင့်နေပြီ

"မောင်...."

မောင်တစ်ယောက်ထင်သည့် အတိုင်းပင်

ခြံထဲမှာ လည်တံရှည်ဖိနပ်ကြီးစီးပြီး ခမောက်စောင်းထားသည်။ဘောင်းဘီကို ဒူးထိလိပ်တင်ထားသေးတာ နေမပူပေမယ့် မိုးစက်ကလေးတွေ တဖြောက်ဖြောက်ကျနေတယ်မလား

"ကိုကို နေနေ ချော်မယ် မောင်လာမယ်"

သူတစ်ထပ်တိုက်မြင့်ပေါ်ကနေ အမြန်‌ဆင်းလာကာ ထောင့်ကပ်ထားသည့် လည်တံရှည်ဖိနပ်အမြန်စီးချလိုက်ပြီ စားပွဲပုလေးပေါ်က အဆင်သင့်ရှိနေသည့် ခမောက်ကိုစောင်းကာ မောင့်ဆီပြေးလာလိုက်သည်။

"ကိုကို ချော်မယ်..."

မောင်က သူ့‌နားအရင်ရောက်သည်။သူလုပ်ချင်တာလုပ်ရ၍ လျှာကလေးထုတ်ပြလိုက်မိသည်။

"ကလေးလား ဟမ် မောင့်ကလေးလေးက"

သူပြုံးကာ မောင့် ရင်ခွင်ထဲ ခိုဝင်ပစ်လိုက်သည်။

"မနက်အစောကြီး မောင်ဘာလုပ်နေတာလဲ"

"ပန်းတွေ တအားပွင့်နေတာ ကိုကိုရ မောင်ခူးပြီး ဘုရားပန်း ကပ်ပြီးပြီ အခုက ခဏနေ ဘုရားသွားရင် လှူဖို့လေ "

သူမောင့်နောက်ဘက်က ခြင်းတောင်းကြီးဆီ လှမ်းကြည့်မိသည်။နှင်း‌ဆီတွေ အပြည့်ဘဲ

"မောင်"

"‌ဗျာ"

သူမောင့်လက်မောင်းလေးခိုတွဲကာ ထိုခြင်းတောင်းကြီးလျှောက်သွားလိုက်သည်။

you are coolDonde viven las historias. Descúbrelo ahora