သူဟာ ကိုကို့အနား ကပ်ဖို့ကြိုးစားရင်းနှင့်ပင် ကိုကိုနဲ့ဝေးရာကိုရောက်မှန်းမသိရောက်သွားခဲ့သည်။
ကိုကိုဟာ သူ့အားရှောင်နေတာ ရက်ပေါင်း ၄၀။
အတွေ့မခံခဲ့တဲ့ကောင်လေးက ခံစားချက်တွေကို ပြန်ဆန်းစစ်နေတာပါတဲ့လေ။
ကိုကိုနဲ့တွေ့ခွင့်မရတဲ့နေ့ရက်တွေမှာ သူဟာ ဘယ်မိန်းမနဲ့မှလည်းမတွေ့ဆုံတော့။
တစ်ဦးတစ်ယောက်ထဲကိုပဲ လိုချင်တပ်မက်မိတာမို့ အများကို စွန့်လွှတ်ခဲ့ရသည်။
ကိုကို့ဆီက အချစ်ကို တဖန် ပြန်ရဖို့ နည်းပေါင်းစုံနဲ့ ကြိုးစားရဦးမည်ပေါ့။
နူးညံ့တတ်သူလေးက စိမ်းကားသွားတဲ့အခါ မောင့် ကမ္ဘာဟာ ပျက်လုလု။
အဝေးကနေ လှမ်းမြင်ရတတ်တဲ့ပုံရိပ်လေးကိုပဲ သိမ်းဆည်းရင်း မောင့်ရဲ့ညတွေဟာလည်း မူးကာယစ်ကာဖြင့်။တစ်ခါတစ်လေပျောက်ရှသွားတဲ့ပုံရိပ်လေးကိုမောင်ဟာ တစ်ကျောင်းလုံးမြေလှန်ရှာခဲ့ပါသေးသည်။
အသံလေးတွေများကြားချင်ပါရဲ့။
နှုတ်ခမ်းဖူးဖူးလေးအား နမ်းချင်မိပါရဲ့ ဆိုပြီး အရက်ပုလင်းတွေကြား မောင်တစ်ယောက် ငြီးငြူမိနေခဲ့သည်။
Park Jiminနှုတ်ခမ်းလောက်မှ ယစ်မူးစရာမကောင်းတဲ့ ဝိုင်တွေဟာ မောင့်အတွက် အသုံးမဝင်။
လှပတဲ့မီးရောင်စုံကြားက ကောင်မလေးတွေအားလည်း မောင် မျက်စိမကျ။
မောင့်ကောင်လေးလှလှလောက် ဘယ်သူမှ မမှီခဲ့ပါဘူးကွယ်။
တစ်ဖက်မှာ.....
မုန်းချင်မေ့ချင်ပါရဲ့ဆိုတဲ့လူတစ်ယောက်အားအကြိမ်ကြိမ်သတိရနေမိတဲ့အခါDr. Kimကိုဖုန်းလှမ်းဆက်ရသည်။
Drရဲ့ဆေးတွေဟာ မေ့ပျောက်နိုင်စွမ်း မထိရောက်ပေမယ့် လေးငါးနာရီလောက်အိပ်ပျော်စေတာမို့ ခဏတာတော့ သူမေ့နိုင်ခဲ့လေသည်။
အရမ်းဆိုးတဲ့သူ။
အရမ်းပွေရှုပ်တဲ့သူကိုမှ ဘဝထဲ ခေါ်လာမိခဲ့ပီး ပြန်ဆွဲထုတ်လိုက်တဲ့အခါ နာရတဲ့အနာတရက ဆူးနေတဲ့သံတစ်ချောင်းကိုပြန်ဆွဲနှုတ်လိုက်ရသလိုသွေးစိမ်းရှင်ရှင်ထွက်ခဲ့သည်။
စချစ်ခဲ့တာက မောင် လို့ ဆိုခဲ့ပေမယ့် ကြိတ်ချစ်ခဲ့ရတာက ကိုကို ဖြစ်နေခဲ့သည်။
အခန်းရဲ့ပြတင်းပေါက်လေးမှတဆင့် ကောင်းကင်ကြီးကို ကြေကွဲစွာကြည့်မိသည်။
တစ်စုံတစ်ယောက်ကို သတိရမိတဲ့အခါ ကောင်းကင်ကြီးကိုကြည့်ခြင်းက အကောင်းဆုံးဖြစ်နေခဲ့သည်။
စိတ်ရဲ့အလိုအတိုင်းပြောင်းထားတဲ့ခန်းစည်းစအညိုမှိုင်းမှိုင်းတွေဟာ သူ့စိတ်တွေကိုလည်းမှိုင်းစေခဲ့သည်။
ဝေခွဲမရခဲ့တဲ့ဆုံးဖြတ်ချက်တွေအကြား ရူးမိုက်မှုရဲ့အဖြေက အချစ် လို့ထွက်လာတော့ ကြွေးကြော်ခဲ့ရတဲ့ကြောက်လန့်မှုနဲ့အမုန်းတွေက သူ့အားတိတ်တိတ်လေးလှောင်နေသလိုမျိုး။
ချစ်မိလောက်အောင် သိပ်မုန်းခဲ့ရပါသည် ကူးငယ်လေးရယ်။
မိုးသားတွေက တဖြည်းဖြည်း ရွေ့လျားနေရင်းမှ ပျောက်ကွယ်သွားကာ အမှောင်ရိပ်တို့သန်းလာသည်။ပြတင်းတံခါးလေးအသာပိတ်ကာ ထမင်းစားရန် အောက်ထပ်သို့ဆင်းလာလိုက်သည်။
ဧည့်ခန်းထဲတွင် ဘယ်အချိန်က ရောက်နေမှန်းမသိသော Drနှင့် Hyungတို့က စကားလက်ဆုံကျနေကြသည်။
''Jiminလေး နေကောင်းရဲ့လား ''
''ကောင်းပါတယ် Dr နောက်ရက်ကျ အိပ်ဆေးလေးထပ်ဖြည့်ပေးပါဦးနော်''
''အလွန်အကျွံတော့မဖြစ်စေနဲ့နော်''
''ကျွန်တော်သိပါတယ်Dr ထမင်းစားရအောင်လေ Hyung Drလည်း တစ်ခါထဲဝင်စားသွားပါ''
ခပ်ပြုံးပြုံးလေးပြောကာ မီးဖိုထဲဝင်သွားတဲ့လူသားငယ်လေးရဲ့ မျက်ဝန်းတွေထဲမှာ ဝေခွဲရခက်နေတဲ့တစ်ချို့သော အရိပ်အယောင်တွေအား နှစ်ယောက်သားမြင်ခဲ့လေသည်။
Jin Hyungက ခေါင်းခါပြကာ ထမင်းပြင်ဆင်ပေးရန်လိုက်သွားတော့သည်။Drလည်း ထမင်းစားရင်း အခြေအနေကိုကြည့်ရန် မီးဖိုခန်းထဲသို့ နောက်မှလိုက်ဝင်သွားတော့သည်။
စားပွဲဝိုင်းထိပ်ဘက်မှာ ထိုင်နေသာ ကလေးငယ်သည် သူတို့ဝင်လာတာတောင် သတိမထားမိပဲ ငေးငေးငိုင်ငိုင်လေး။
Jimin လေးရဲ့ မလှုပ်မယှက် အနေအထားကြောင့်Hyungက ပုခုံးလေးအား ထိလိုက်သည်မို့ တုန်တက်သွားရခြင်းသည် Jiminအဆင်မပြေတဲ့ လက္ခဏာတွေ။
"Jimin ဘာလုပ်မယ်စဥ်းစားထားလဲ''
''ကျွန်တော် အဆက်သွယ် ဖျက်လိုက်ပါပီ''
''မုန်းတယ်ဆိုပြီး ဖျက်လိုက်တာ ကို ဘာလို့ မပျော်ရတာလဲ ကလေးရယ်''
''ကျွန်တော်....ကျွန်တော်...သူ့ကို မုန်းလွန်းလို့ မမေ့နိုင်ခဲ့တာပါ''
မျက်ရည်စတစ်ချို့က ပါးပြင်ပေါ်မှ တဆင့် ထမင်းဝိုင်းပေါ်သို့ တစ်စက်ချင်းကျရောက်လာသည်။
ကျန်နှစ်ယောက်မှာလည်းမတ်တပ်ရပ်နေပင် ရင်မှနင့်အောင်ခံစားလိုက်ရသည်။
>>>>>>>>>>>>>>>>>>>>>>>>>>
စိတ်အဆင်ပြေပြေရှိလှသော မနက်ခင်းတစ်ခုဝယ် Jiminဟာ ကျောင်းသွားဖို့ပြင်ဆင်တော့သည်။
စိတ်ခံစားချက်တစ်ခုကြောင့် အလုပ်ရောကျောင်းပါ ပျက်ကွက်ခဲ့ရသည်ကို သူသိပ်ပြီးသဘောမတွေ့။
ကိစ္စတွေအားရောနှောကာ အဓိပ္ပါယ်မဲ့ခဲ့တဲ့နေ့ရက်တွေကိုသူသိပ်မုန်းလှပါသည်။
အနွေးထည်ခပ်ပါးပါးကိုဝတ်ဆင်လိုက်သည်။
စားပွဲပေါ် အသင့်တင်ထားတော့ ကျောင်းသွားရန်အိတ်နှင့်ကားသော့အား ကောက်ယူကာ အောက်ထပ်သို့ဆင်းလာခဲ့သည်။
''Morning Hyung Morning အန်တီဆွိ''
မနက်စာစားနေကြသူ နှစ်ယောက်အားနှုတ်ဆက်ရင်း သူလည်းမနက်စာစားရန်ဝင်ထိုင်လိုက်သည်။
''Morning ကလေးလေး''
''Morning သားရေ ဒီနေ့ အန်တီက သားအကြိုက် ကော်ဖီခါးခါးလေးဖျော်ထားပေးတယ် ကျောင်းကိုပါယူသွားလို့ရအောင်ဒီမှာ''
ကော်ဖီဘူးလေးကိုသူ့နားချပေးကာ သူသောက်ရန်ကော်ဖီကိုလည်း ငှဲ့ပေးနေသည်။
သူငိုရင်လိုက်ငိုပေးပါသော လူသားနှစ်ယောက်သည် သူပျော်ရင်လိုက်ပြုံးပေးပါသောကြောင့် ဒီမနက်ခင်းသည် အရာအားလုံးအတွက် စိတ်အေးနေရသလို အေးချမ်းစေတော့သည်။
မနက်စာ စားသောက်ပီးသည်နှင့် အနက်ရောင်ကားလေးကိုစီးကာ ကျောင်းသို့မောင်းထွက်လာခဲ့သည်။
မေ့ချင်ယောင်ဆောင်ထားပေမယ့် အနီရောင်ကားလေးနေရာကို တစ်ချက်ဝေ့ကြည့်တော့ တခြားကားတစ်စီးကနေရာယူထားသည်မို့ ပွဲကြမ်းတော့မည်ကို စိတ်ပူပေးနေမိသေးသည်။
အဓိပတိလမ်းအတိုင်းလျှောက်လာစဥ် အနောက်မှခြေသံကြား၍လှမ်းကြည့်မိသော်လည်း အဆိုးအဆာလေး ဟုတ်မနေခဲ့ချေ။
အဆိုးလေးရဲ့အတန်းဆောင်ရှေ့က ဖြတ်လျှောက်မိတော့ Taeကိုတွေ့လိုက်ပါသော်လည်း အရိပ်ကလေးကဖြင့် တဖန်ပြန်ပုန်းရှောင်နေသလို မတွေ့ရခဲ့။
ကြောက်နေခဲ့ပေမယ့်လည်း မျက်နှာလေးများတော့ မြင်ချင်ခဲ့ပါသေးသည်။ကူးငယ်ရဲ့အတန်းဆောင်ကို မျက်နှာလွှဲကာ သူ့အတန်းရှိရာသို့သာ ခပ်သွက်သွက်လေး လျှောက်လာလိုက်သည်။
အတန်းရဲ့ပြတင်းပေါက်မှတဆင့်မြင်လိုက်ရတဲ့ မျက်နှာလေး။
Hoseok နဲ့ အတူတူ စကားပြောကာ ရယ်မောလျက်။
ဒီလို အပြုံးလေးများမြင်ရရင် စိတ်ထဲအေးရပါသည်။
''Jiminနေကောင်းပြီလား''
Hoseokရဲ့အမေးကိုမဖြေနိုင်ပါသေးပဲ ဘေးမှာအရိပ်လေးအား လွမ်းနေခဲ့မိတာမို့ ငေးကြည့်နေမိသည်။
''Jimin အဆင်ပြေရဲ့လား ''
''အင်း....အဆင်ပြေပါတယ်''
ကူးငယ်ကသူ့ရဲ့နေရာမှ ဖယ်ပေးပီး သူ့အားထိုင်ရန် မေးငေါ့ပြသည်။
''ပိန်သွားလိုက်တာ''
ကူးငယ်ထံမှ အသံတိုးတိုးလေးအားသူကြားဖြစ်အောင်ကြားလိုက်ရပါသည်။
မတွေ့တာကြာ၍လွမ်းနေချိန် မျက်နှာလှလှလေးနဲ့ လူသားအား ပြန်မြင်ရချိန် မောင့်ကမ္ဘာမှာ ပန်းတွေပွင့်ခဲ့သည်။
သို့သော် မောင့်ရဲ့ကိုကို သည် တော်တော်လေးပိန်ကျသွားသည်။ဘယ်လောက်တောင်များ ကိုကိုက နေမကောင်းဖြစ်ရလို့ပါလဲ။
သူတို့ နှစ်ယောက်က လမ်းခွဲထားတာမို့ စကားတစ်ခွန်းလေးပြောဖို့ကိုပင် အစမပြုကြ။
ကြားမှ Hoseokသည် နေရခက်လှသည်။
တစ်ယောက်က ခပ်ဆွေးဆွေးမျက်နှာထားဖြင့် တခြားတစ်ဖက်ကိုလွှဲထားသော်လည်း မြင်လိုက်ရသည်က ရင်ထဲကအလွမ်းတွေ။
တစ်ယောက်ကလည်း မျက်နှာလှလှအား ငေးကြည့်ကာ အလွမ်းဖြေနေပေမယ့် တစ်ယောက်မှ လွမ်းတယ် ဟု ဖွင့်ဟ ဝန်မခံခဲ့ကြ။
နှစ်ယောက်လုံးက နာကျင်ရသူတွေပါပဲ။
''ငါတို့ ဒီည အသစ်အဆန်းလေးဖြစ်အောင် Clubသွားမလားလို့ Jiminမင်းလည်း သက်သာပြီဆို လိုက်ခဲ့လေ ပျော်ကြတာပေါ့''
''ပျော်ကြတာပေါ့ ဟုတ်လား Hoseok ပြီးခဲ့တဲ့မင်းမွေးနေ့ကငါမပျော်ခဲ့ရဘူး''
တဖက်ကိုလွှဲထားပါသော်လည်း သူပြောချင်တဲ့စကားလေးများကို အကျအနလေးပြောနေပုံက သိပ်အသဲယားစရာ။
ဟုတ်တာပေါ့ ကိုကို က မောင့် ကြောင့် စိတ်ဒဏ်ရာလှလှလေးရသွားခဲ့တာလေ။
''ကိုကို...''
အရဲစွန့်ကာခေါ်လိုက်လေခြင်း။
''Park Jimin ကိုယ့်နာမည်က Park Jimin''
ရင့်သီးစွာပြန်ကြားလိုက်ရတဲ့စကား။
''တောင်းပန်ပါတယ် ''
''တောင်းပန်ပါတယ် ဆိုတဲ့စကားကို အသေကျက်ထားတိုင်း ကိုယ့်ရှေ့မှာ လာမရွတ်ပြပါနဲ့တော့''
ကိုကို့ရဲ့မျက်နှာလေးလှည့်လာသည်။မျက်ရည်စတစ်ချို့နဲ့တဲ့လေ။တုန်ရီနေတဲ့လက်ကလေးများကိုဆုပ်ကိုင်ပီးချော့မြူဖို့တောင်မောင့်မှာအားအင်တို့ကုန်ဆုံးနေခဲ့သည်။
''ငါ့အတွက် ကောင်မလေးရှိတယ်ဆိုငါလိုက်မယ် ငါယောက်ျားတွေစိတ်မဝင်စားဘူး''
''အေးပါကွာ အေးပါ''
Jiminသည် မျက်ရည်စတစ်ချို့ကို သုတ်လျက် အတန်းပြင်သို့ထွက်သွားတော့သည်။
''ငါတစ်ခုပြောမယ်Jung Kook''
''ပြောပါ ရပါတယ် ''
''မင်းထပ်ပီးမဆိုးတော့ရင်သူနဲ့အဆင်ပြေလာမှာ ငါပြောချင်တာက ရန်ဖြစ်တာရယ်ကောင်မလေးတွေကိစ္စရယ်''
''ကျွန်တော် သိပါတယ်''
''သိရင် ဆင်ခြင်လိုက်ပါ သူက မင်းကိုချစ်ပါတယ် ဒါပေမယ့်လေ သူက မင်းနားမှာနေရမှာ သိပ်ကြောက်နေတာ''
''ကိုကိုက...ဗျာ''
Clubတက်ရန်Hoseokအိမ်၌လူစုနေကြချိန် နောက်ကျဆုံးဖြစ်သော လှုပ်စိကောင်လေး Park Jiminကို စောင့်နေရသည်။
လာပါပီ။အနက်ရောင်ပြိုင်ကားလေးနဲ့။
ကားပေါ်မှဆင်းလာသော အပြာနုရောင်ကောင်လေးကိုကြည့်ကာJeonမှာ မျက်တောင်တောင်မခပ်မိ။
သိပ်လှလိုက်တာ Park Jiminရယ်။
သို့ပေမယ့် အနောက်ပါးဆီမှ ထပ်ဆင်းလာသော ကောင်မလေးတစ်ယောက်ကြောင့် မှင်သေနေရာမှJeonအသက်ပြန်ဝင်သွားခဲ့သည်။
သေချာသိပါသည်။အဲ့ကောင်မလေးက ဆိုရာ။
အရင်ကသူ့ရဲ့အဆက်ဟောင်းကိုမှ Park Jiminကရွေးချယ်ခဲ့တာလား။
ဆိုရာကသူ့ကိူမြင်တော့ ပုံစံမပျက်ပြုံးပြသည်။
Jiminကတော့ တစ်ချက်မှပင်မကြည့်ပဲ မျက်နှာလွှဲထားဆဲ။
''သွားကြမယ်လေ နောက်တောင်ကျနေပြီ''
Hoseokရဲ့စကားကြောင့် အကြည့်တို့ပြန်ခွာကာ သွားရန်ပြင်ဆင်ကြသည်။
သူရယ်Taeရယ်Hoseokရယ်ကတစ်ကားဖြစ်ကာ Park Jiminနှင့်ဆိုရာကတစ်ကား အသီးသီးမောင်းကာ အနီးစပ်ဆုံးClubတစ်ခုသို့။
စိတ်မပါလက်မပါပဲတမင်ရွဲ့ချင်၍သာ Hoseokရွေးထားပေးတဲ့ကောင်မလေးကို ခေါ်လာပေမယ့် အံ့သြသွားရတဲ့ ကူးငယ်မျက်နှာကိုမြင်တော့ အကြည့်တို့က လွှဲမိရက်သား။
မရင်းနှီးတဲ့ မီးရောင်မှိန်မှိန်ကြား သူတစ်ယောက်ထဲအသက်မဲ့နေသလို။
Taeနဲ့Jeonကတော့ အစွမ်းကုန်မော့နေကြပြီး Hoseokနဲ့ဆိုရာက တစ်ကမ္ဘာတည်ဆောက်နေကြသည်။
ခေါ်လာသူကသူပေမယ့်ဆိုရာကHoseokကိုပိုသဘောကျပုံပေါ်သည်။အတင်းလိုက်ကပ်နေတဲ့သူမကိုသူကမနေတတ်၍ရှောင်သည်မို့ အလိုက်သင့်ဆက်ဆံတတ်သည်မို့ သူမက ကပ်သွားလေသည်။
ကူးငယ်တစ်ယောက်ကတော့ မြူးကြွတဲ့တီးလုံးတွေကြားလွင့်မျောရင်း သူ့ကို တစ်ချက်တစ်ချက်လှည့်လှည့်ကြည့်သည်။
သူကသာတစ်ခွက်ပီးတစ်ခွက် မော့ချနေပါသော်လည်း အလှလေးကတော့ဖြင့်ဝိုင်တစ်ခွက်ကိုင်ကာ ငြိမ်နေသည်။
သူ့မျက်ဝန်းတို့က တစ်ခုခုကိုစဥ်းစားနေဟန်ပေါ်ကာ ဝိုင်ကိုစိမ်ပြေနပြေသောက်နေခြင်း။
''ကိုကို''
''ဗျာ''
ဟော...ကိုကို က ''ဗျာ''တဲ့။
ထူးသံလေးကိုက ကမ္ဘာတခြမ်းလုံး နူးညံ့သွားသလို။
သေချာကြည့်မှ ကိုကိုက ဝိုင်တစ်ပုလင်းကို တစ်ဝက်ကျော်မျှပင် သောက်ပီးနေသည်။
ကိုကိုက တကယ်ရီဝေဝေနှင့် ထူးလိုက်ခြင်း။
ထူးသံတွေမှာ ကြောက်ခြင်းတရားတွေ
အမုန်းတရားတွေကင်းစင်ကာ ချစ်ခြင်းမေတ္တာသက်သက်သာပါဝင်နေသည်။
''ကိုကို ဒီနေ့သိပ်လှတယ်''
''Thank Youကူးငယ် လှတယ် ဆိုတာထပ် မိုက်တယ်လို့ပြောပေးရင် သိပ်ကောင်းမှာ ကိုယ်က ယောက်ျားလေးဆိုတော့လေ လှတယ်ဆိုတဲ့စကားနဲ့မလိုက်ဖက်ဘူး''
''လိုက်ပါတယ် ကိုကိုက နူးညံ့တဲ့ဘယ်စကားနဲ့မဆိုလိုက်တယ်''
''မြှောက်ပင့်လွန်းနေပါပီ''
''ကိုယ့်ကောင်လေးပဲလေမြှောက်ရမှာပေါ့''
''ကိုယ်တို့လမ်းခွဲထားပြီးသားလေ ကလေးငယ်ရယ်''
ကိုကိုဟာ ဝိုင်တစ်ခွက်လုံးအားမော့ချကာ ပြောလာသည်။
သူတကယ်ပင်ပျော်နေလက်စများပျောက်ဆုံးသွားရသည်။ ကိုကိုဟာ တစ်ခုခုကို လွမ်းဆွေးနေသလိုပုံစံမျိုးနဲ့ပြောလာတာ။ရီဝေနေတဲ့ကိုကို့မျက်ဝန်းတွေဟာ တစ်စုံတစ်ယောက်ကိုကြောက်နေသလို။
''တောင်းပန်ပါတယ် ကလေးငယ် ကိုယ်မင်းအနားရှိနေလို့မဖြစ်ဘူး''
''ဘာကြောင့်လဲပြောမှ သိမှာပေါ့ လွယ်လွယ်နဲ့လမ်းခွဲရအောင် မင်းကို လွယ်လွယ်လေးချစ်ခဲ့တာမဟုတ်ဘူး''
''ကိုယ့်အချစ်ကိုရဖို့မင်းဘာတွေများခက်ခဲခဲ့လို့လဲ''
''သိပ်ခက်တာပေါ့ ကိုကိုရယ် ရင်ခုန်သံဟာ ကိုကိုနဲ့မှစခဲ့သလို ကိုကို့ကို မှ ပထမဆုံး မြတ်နိူးခဲ့မိလို့ ကျွန်တော့်အတွက် အရာရာ သိပ်ခက်ခဲ့တာ''
''ကိုယ့်စိတ်ထင်တော့ ကိုယ့်ကို ချိန်းခြောက်ရုံနဲ့ချစ်တယ်ဆိုတဲ့အဖြေကိုရလိမ့်မယ်ထင်တယ်''
ကိုကို ဘာကို ပြောမှန်းသူတကယ်နားမလည်။
''ကျွန်တော် နားမလည်ဘူး''
''နားမလည်တာပဲကောင်းပါတယ်''
''ခင်များ စကားကို ရှင်းရှင်းပြော!!!"
ရုတ်တရက်Jeonအော်လိုက်ခြင်းတွင်Jiminဟာ တုန်ခနဲ။
မေ့ပျောက်ခဲ့ပီထင်ရသော ပုံရိပ်ဆိုးတို့သည် Jeonထံပြန်ပေါ်လာသည်။
Jiminရင်ထဲ ချစ်ခြင်းတရားတို့ လွင့်စင်သွားကာ နဂိုအကြောက်တရားက ကိန်းအောင်လာသည်။
''ပြောလေ ခင်များ ရှင်းရှင်းပြောလေ ခင်များကို ဘာတွေများ ချိန်းခြောက်ခဲ့လို့ ဒီလိုတွေ ပြောနေရတာလဲ ခင်များကို လက်ကလေးနဲ့တောင် ဒီလို မထိခဲ့ဖူးဘူး''
ပုခုံးနှစ်ဖက်အား ဆွဲခါ သက်သေပြလိုက်ခြင်းတွင် အားတွေပါသည်မို့ Jiminက မျက်လုံးကလေးဝိုင်းသွားသည်။ ဒါဟာ Jeonရဲ့ ဥပမာပြလိုက်တဲ့ ပုံစံရယ်ပါ။ တကယ်သာဆို....သူ...သူ ကြေညက်သွားမှာ။
အမူးရှိန်လေးရှိနေတော့ မပွင့်လင်းသူအား လေသံလေးများကြမ်းလာရသည်။
သို့ပေမယ့် Jiminရဲ့ အရိပ်အရောင်တွေဟာ တဖြည်းဖြည်းပြောင်းလာကာ တုန်လှုပ်နေသူလို။
Jiminဟာ ခေါင်းကို ငုံ့ချသွားကာ ပြန်မော့မလာခဲ့။
''ပြောလို့....ခင်များ ဖြေ ဖြေလေ!!!"
''ငါ့နားမလာနဲ့ ထွက်သွား...အခုထွက်သွား''
နှင်ထုတ်နေသည့်စကားသံတွေက လေသံလေးပင်ထွက်လာခဲ့သည်။
''မင်းမသွားရင်... ငါ.....ငါသွားမယ်''
ထိုင်ခုံလေးပေါ်မှ ဆင်းရန်ပြုနေသူအား ရင်ခွင်ထဲ ထည့်ဖက်လိုက်တော့ တွန်းပယ်လာတဲ့လက်ကလေးတွေ။
''တခြား မိန်းမတွေနဲ့ထွေးဖက်ထားတဲ့လက်နဲ့ ငါ့ကို လာမထိနဲ့ မကြိုက်ဘူး''
ဖက်ထားသော လက်များသည် ပြေလျော့သွားလေတော့သည်။Jiminပြောထွက်လာသောစကားများတွင်Jeonသိက္ခာတွေနဲ့မာနတရားတွေပါသည်။တော်ရုံတန်ရုံစကားမပြောတတ်တဲ့ကလေးကပြောချလိုက်တော့လည်း ထိရှသည့်စကားများ။
''မင်း...မင်း..ဘယ်လို ပြောထွက်လိုက်တာလဲ''
''ငါ...ရန်မဖြစ်ချင်ဘူး ငါနဲ့ဝေးဝေးမှာနေပေးပါလား''
''ရန်ကမင်းဖန်တီးလို့အခုဖြစ်ရတော့မှာ.... ငါ့ရဲ့သိက္ခာကို မင်း ထိပါးလိုက်တာပဲ''
''ငါ အမှန်ပြောတာ''
ကြောက်နေသည့်ကြားက မရဲတရဲထွက်လာတဲ့ ကိုယ့်စကားကို ကိုယ်ပင်မုန်းလှသည်။
နှုတ်ပိတ်နေလိုက်စမ်းပါ...Park Jimin ရယ်။
''အေး...အဲ့တာ ဘာဖြစ်လဲ ဖက်တော့ ဘာဖြစ်လဲ
တခြားသူလည်းလူ မင်းလည်းလူပဲ မင်းဘာကြီးကျယ်နေတာလဲ အနည်းဆုံးတော့ သူတို့ကို လုပ်သလို ငါမင်းကို ဘာမှမလုပ်ရသေးဘူး''
မုန်းဖို့ကောင်းလိုက်တဲ့စကားလုံးတွေ။
မသိမသာ တုန်ယင်လာတဲ့ လက်နှစ်ဖက်ကို အားတင်းကာ နားတွင်ပိတ်ထားလိုက်သည်။
မကြားချင်ပါ။
ကြမ်းတမ်းတဲ့စကားတွေကို သူ့မှာ ခံနိုင်ရည်မရှိ။
နူးညံ့လာတဲ့ဖြစ်တည်မှုမှာ အနမ်းဖွဖွလေးကိုတောင် သူက အရှက်သည်းတတ်သူ။
နားနှစ်ဖက်ပိတ် မျက်စိမှိတ်ကာ စိတ်ထဲကိန်းအောင်းနေတဲ့ စကားတစ်ခွန်းအား အားတင်းကာ သူပြောချလိုက်သည်။
''မင်းကိုသိပ်မုန်းတယ်!!!!.....ကြောက်တယ်''
1.9.2023
Happy Birthday Koo Nge🌷