ဟယ်ရီနော့စ်ကိုဖက်ခွင့်ပေးလိုက်တာကသူတို့နှစ်ယောက်ကြားကရင်းနှီးမှုကိုပြလိုက်တာပါ။ဒီကမ္ဘာရဲ့ကျိနင်းစရိုက်အရတခြားသူသာဆိုရင်အေးစက်စက်မျက်နှာနဲ့လက်ကိုဆွဲဖယ်လိုက်မှာပါ။ဒါပေမဲ့အခုချိန်မှာတော့ဟယ်ရီနော့စ်လုပ်ပေးထားတဲ့မှတ်ဉာဏ်အတိုင်းလိုက်လုပ်ဖို့လိုတယ်။မှတ်ဉာဏ်တုအတိုင်းဆိုသူက 'ရင်းနှီးတဲ့သူငယ်ချင်း' ကိုအဲ့လိုလုပ်မှာမဟုတ်ဘူး။
ကျိနင်းကအကူအညီမဲ့နေတဲ့မျက်နှာထားနဲ့ပုခုံးပေါ်ကဟယ်ရီနော့စ်လက်ကိုတွန်းလိုက်ရင်း "တခြားတစ်ယောက်ကြည့်နေတယ်လေ"
"စီနီယာ ဒီအမျိုးသားကဘယ်သူလဲ"
ကုချန်ကဟယ်ရီနော့စ်ကိုပြုံးပြီးနှုတ်ဆက်လိုက်တယ်။ကုချန်ကအရည်အချင်းရှိတဲ့သရုပ်ဆောင်တစ်ယောက်ဖြစ်ပြီးမျက်နှာအမူအယာတွေကိုထိန်းချုပ်တဲ့နေရာမှာသိပ်တော်တာကြောင့်သူ့အမူအရာကနေသူဘယ်လိုခံစားနေရမှန်းမပြောနိုင်ဘူး။
"ကျိနင်းသူငယ်ချင်းပါ"
ဟယ်ရီနော့စ်ကပေါ့ပေါ့ပါးပါးအမူအရာနဲ့လက်ဖယ်လိုက်ပြီးကုချန်ကိုလှမ်းကြည့်တယ်။ဒါပေမဲ့တိုက်ရိုက်တော့မပြောဘူး။အဲ့ဒီ့အစားကျိနင်းဘက်ကိုခေါင်းလှည့်လိုက်ပြီးအပြုံးလေးနဲ့ "ရှောင်နင်းသူကဘယ်သူလဲ"
"အတူအလုပ်လုပ်နေတဲ့သရုပ်ဆောင်ကုချန်ပါ ဆေးကူထည့်ပေးဖို့လာတာ"
ကုချန်ကိုကာကွယ်ဖို့အတွက်ကျိနင်းကဒဏ်ရာရထားတဲ့လက်မောင်းကိုဘယ်လိုဖြစ်ခဲ့တယ်မပြောဘဲမြှောက်ပြလိုက်တယ်။ ကုချန်ကိုတော့ဝါကျတစ်ကြောင်းနဲ့ပဲရှင်းပြလိုက်တယ်။ "ဒါကဟယ်ရီနော့စ်"
"ဟယ်လို မစ္စတာဟယ်ရီနော့စ်" ကုချန်ကရှက်မသွားဘဲအမှန်တိုင်းပြောလိုက်တယ် "စီနီယာပြောထားလားတော့မသိပေမဲ့ အဲ့ဒီ့ဒဏ်ရာကကျွန်တော့်ကိုကယ်ဖို့လုပ်ရင်းဖြစ်သွားတာပါ။ဒါကြောင့်စီနီယာဆေးထည့်တာကိုကူဖို့ကကျွန်တော့တာဝန်ဖြစ်သင့်တယ်"
"အဲ့ဒီ့တော့မင်းကြောင့်ပေါ့?"
ကုချန်ရဲ့စကားကိုကြားလိုက်တဲ့အချိန်မှာဟယ်ရီနော့စ်အပြုံးတွေကနည်းနည်းဖျော့သွားပြီးမျက်လုံးတွေကလေးနက်သွားတယ်။ သူကအေးစက်စက်နဲ့မေးလိုက်တယ်။ "ဆေးထည့်ပေးတာကတောင်းပန်ဖို့လုံလောက်တယ်လို့ထင်နေတာလား"
"ကျိန်းသေပေါက်မလုံလောက်ပါဘူး"
ကုချန်ကခေါင်းယမ်းပြီးအမှားရှာမရတဲ့နူးညံ့ပြီးစစ်မှန်တဲ့လေသံနဲ့ပြောလိုက်တယ်။ "ရိုက်ကူးရေးပြီးတဲ့အချိန်မှာစီနီယာ့ကိုထပ်ပြီးကျေးဇူးတင်မှာပါ အဲ့ဒါကြောင့်..."
သူကကျိနင်းကိုနူးညံ့တဲ့အပြုံးလေးနဲ့ကြည့်လိုက်ပြီးသူ့ခလုတ်ကိုညွှန်ပြကာ "စီနီယာစိတ်မရှိဘူးဆိုရင်ခလုတ်နံပါတ်ချင်းလဲချင်ပါတယ် အဲ့ဒါမှအနာဂတ်မှာဆက်သွယ်လို့ရမှာ"
"အဲ့ဒါကလိုအပ်တယ်လို့ငါမထင်ဘူး"
ဟယ်ရီနော့စ်ရဲ့မျက်လုံးတွေလှုပ်ရှားသွားတယ်။သူတို့ကလူသားအသွင်နဲ့ရှိနေပေမဲ့ကြောက်စရာကောင်းတဲ့အရှိန်အဝါရှိနေတုန်းပဲ။ "သူကမင်းကျေးဇူးတင်တာကိုမလိုအပ်ဘူး နောက်လဲမင်းဝင်ပါစရာမလိုတော့ဘူး"
"ခင်ဗျားသူငယ်ချင်းရဲ့ဒဏ်ရာကြောင့်စိတ်မကောင်းဖြစ်နေမှန်းသိပါတယ်" ကုချန်ကပြောတယ် "ဒါပေမဲ့တခြားသူတွေထက်စီနီယာ့ရဲ့သဘောထားကိုပဲသိချင်ပါတယ်"
"အိုး" စိတ်ဝင်စားစရာတစ်ခုကိုကြားလိုက်သလိုမျိုးဟယ်ရီနော့စ်ကရယ်တယ်။ "ဒါပေမဲ့ငါကလျစ်လျူရှုမခံရသလောက်ပဲ"
သူစကားပြောနေချိန်မျက်လုံးထဲမှာအနီရောင်အလင်းတန်းလေးလက်သွားပြီးသူ့ရဲ့အရှိန်အဝါကစွဲမက်ဖွယ်ကောင်းလာတယ်။
"အဲ့လိုလုပ်ရင်တောင်မှဘဲ လူတွေကနောက်ပိုင်းကျစိတ်ပြောင်းသွားပြီး"
"တော်လောက်ပြီ"
လေထုအခြေအနေကတင်းမာလာတာကြောင့်ကျိနင်းမတတ်သာဘဲဒဏ်ရာရထားတဲ့လက်မောင်းကိုမြှောက်လိုက်ပြီး "ဘယ်သူမှဆေးကူမထည့်ပေးတော့ဘူးလား"
"......."
ကျန်တဲ့နှစ်ယောက်ချက်ချင်းတိတ်သွားတယ်။
"....တောင်းပန်ပါတယ်"
"ကျွန်တော်တောင်းပန်ပါတယ်"
-----------------------------
နောက်ဆုံးရလဒ်ကတော့ကျိနင်းနဲ့ကုချန်ကခလုတ်နံပါတ်တွေလဲလိုက်ကြပြီးကုချန်ကထွက်သွားတယ်။ ဟယ်ရီနော့စ်ကတော့ဆေးကူထည့်ပေးတယ်။
ကျိနင်းကလက်မောင်းကိုဆန့်ပေးလိုက်ပြီးဟယ်ရီနော့စ်ကအင်္ကျီလက်ကိုဆွဲတင်ပေးတယ်။လက်တစ်ဖက်ကကျိနင်းလက်ချောင်းတွေကိုကိုင်ထားပြီးတစ်ဖက်ကဆေးပုလင်းကိုကိုင်ထားရင်းအနာဖေးတက်နေပြီဖြစ်တဲ့ရှည်လျားတဲ့အနာကိုဆေးထည့်ပေးနေတယ်။
ဟယ်ရီနော့စ်ကမူရင်းvampireပုံကိုပြောင်းလိုက်ပြီ။သူကခေါင်းငုံ့ထားပြီးရှည်လျားတဲ့အမည်းရောင်ဆံနွယ်တွေကသူ့မျက်နှာကိုနည်းနည်းကွယ်နေတယ်။သူ့ရဲ့ဖြူဖျော့ပြီးသွယ်လျတဲ့လက်ချောင်းတွေကအနာရဲ့အစွန်းတွေကိုပွတ်သပ်ပေးနေတယ်။ဒဏ်ရာကိုအာရုံစူးစိုက်ပြီးကြည့်နေတာကြောင့်ကိုက်များကိုက်ချင်နေတာလားလို့ကျိနင်းတွေးမိတယ်။
ဒါပေမဲ့vampireမင်းသားကသွေးဆာနေပုံမပေါ်ဘူး။ဆေးဖျန်းပေးပြီးကျိနင်းရဲ့အင်္ကျီလက်ကိုသေသပ်အောင်လုပ်ပေးကာဆေးတွေကိုပြန်ထားဖို့ထသွားတယ်။
"ကျေးဇူးတင်ပါတယ်"
ကျိနင်းကလက်မောင်းကိုဆွဲဆန့်ပြီးလှည့်ကြည့်တယ်။အနာဂတ်ကာလရဲ့ဆေးတွေကတကယ်ကိုထူးခြားတာဝန်ခံရမယ်။သူ့ကမ္ဘာမှာဆိုရင်ဒီလိုဆိုးရွားတဲ့အနာမျိုးကချုပ်ရလောက်ပေမဲ့ဒီမှာတော့ဆေးဖျန်းရုံနဲ့အနာကျက်လာတယ်။
သူ့စကားကိုကြားတော့ ဟယ်ရီနော့စ်က "ကိုယ့်ကိုယဉ်ကျေးနေဖို့လိုလို့လား"
"အခုလေးတင်ကုချန်ကိုတိုက်ခိုက်ချင်နေခဲ့တာလား"
ကျိနင်းသူ့ကိုယဉ်ယဉ်ကျေးကျေးပြုမူနေမှာမဟုတ်ဘူး။ ဟယ်ရီနော့စ်မျက်လုံးထဲကအနီရောင်အလင်းတန်းကိုမြင်ပြီးပြီ။လူသားပုံစံရှိနေချိန်မှာ၎င်းကသူ့စွမ်းအင်ကိုထုတ်သုံးဖို့ကြိုးစားနေတာလို့ဆိုလိုတာဖြစ်တယ်။
ဟယ်ရီနော့စ်ကတိတ်သွားတယ်။
"သူ့ကိုကယ်လိုက်တာကသူနဲ့မဆိုင်ဘူး တခြားသူဆိုလည်းကယ်မှာပဲ"
ဟယ်ရီနော့စ်မပျော်တာသိနေပေမဲ့တိကျတဲ့ရှင်းလင်းချက်ကိုပေးပြီးပြီဖြစ်တာကြောင့်ေနာက်ပိုင်းမှာကုချန်ကိုပစ်မှတ်ထားခဲ့ရင်တောင်မဆင်မခြင်လုပ်မှာမဟုတ်ဘူး။
ဒါကအကောင်းဆုံးဇာတ်ကွက်ပါ။အကယ်၍ကုချန်သေသွားတာဒါမှမဟုတ်ဟယ်ရီနော့စ်ကကုချန်ကိုသူ့ကိုမချစ်မိအောင်တားဆီးထားခဲ့ရင်မစ်ရှင်ပြီးဆုံးဖို့အိပ်မက်တောင်မက်နိုင်မှာမဟုတ်ဘူး။
"သူကသာမန်လူပါ သူ့အပေါ်မှာစွမ်းအင်တွေမသုံးပါနဲ့"
ကျိနင်းကထိုစကားတွေကိုခိုင်မာတဲ့လေသံနဲ့ပြောလိုက်တယ်။သူကကျိနင်းရဲ့မျက်လုံးထဲကိုကြည့်ပြီးလေးလေးနက်နက်ပြောလိုက်တယ် "ဟယ်ရီနော့စ် ငါ့ရဲ့သူငယ်ချင်းအနေနဲ့ဒါမျိုးမလုပ်စေချင်ဘူး"
"...ကောင်းပြီ"
ခဏလောက်တိတ်ဆိတ်သွားပြီးဟယ်ရီနော့စ်ကသက်ပြင်းချလိုက်ကာကျိနင်းရဲ့ဆံပင်တွေကိုပုတ်ပေးပြီးပြောလိုက်တယ် "မင်းကဒီလိုပြောလာမှတော့ သူ့အပေါ်မှာစွမ်းအင်တွေမသုံးဖို့ကိုယ်ကတိပေးပါတယ်" သူကထပ်ေပါင်းပြောတယ် "မင်းကိုထိခိုက်အောင်မလုပ်သရွေ့ပေါ့"
ကျိနင်းကပြုံးလိုက်ပြီး "ကျေးဇူးတင်ပါတယ် ဟယ်ရီနော့စ်"
ကျိနင်းသူ့ကိုပြုံးပြနေတာကဟယ်ရီနော့စ်ကိုအံ့ဩသွားစေတယ်။သူ့အမူအယာကနူးညံ့သွားပြီးကျိနင်းကိုဖက်ဖို့အနားတိုးလာတယ်။ကျိနင်းရဲ့ပုခုံးပေါ်ခေါင်းမှီထားရင်းမျက်လုံးတွေကိုမှိတ်ကာတိုးတိုးပြောလာတယ်။
"မင်းရှိနေသရွေ့လုံလောက်ပါပြီ"
"......."
သူအဲ့လိုပြောတာကြားတော့ကျိနင်းနည်းနည်းအပြစ်ရှိသလိုခံစားလိုက်ရတယ်။သူကဟယ်ရီနော့စ်ကိုလိမ်ထားပြီးဟောဝူလင်းစီကအသတ်ခံရမှာကိုရှောင်ရှားဖို့အတူနေနေတာသာဖြစ်တယ်။
ဒါပေမဲ့အခုချိန်မှာသူ့စွမ်းအားတွေကအပိတ်ခံထားရပြီးသူ့လုံခြုံရေးအတွက်အခြားနည်းလမ်းမရှိဘူး။အဲ့ဒါကြောင့်အပြစ်ရှိသလိုခံစားနေရရင်ေတာင်မှဟယ်ရီနော့စ်ရဲ့ပေါင်ကိုဖက်ထားဖို့ကလွဲပြီးမရှိဘူး။အနာဂတ်မှာတော့ဟယ်ရီနော့စ်ကိုရှင်းပြမှာပါ။
ကျိနင်းကဟောဝူလင်းနဲ့အစောပိုင်းမှာဘာဖြစ်ခဲ့တယ်ဆိုတာပြောမထားဘူး။အဲ့ဒီ့မှတ်ဉာဏ်တွေနဲ့systemကကူးပြောင်းခြင်းနဲ့သက်ဆိုင်နေတာမို့ဟယ်ရီနော့စ်ကမှတ်ဉာဏ်တွေကိုဝင်ဖတ်တဲ့အခါမှာဖုံးကွယ်ပေးထားလိမ့်မယ်။အကယ်၍သာသူပြောပြလိုက်ရင်ကျိန်းသေပေါက်သံသယဝင်လိမ့်မယ်။
အနာဂတ်မှာဟောဝူလင်းပေါ်လာတာကိုပဲစောင့်နေရုံပဲတတ်နိုင်လိမ့်မယ်။ဒီအကြောင်းတွေကိုတွေးနေပေမဲ့ character setting ကိုလိုက်နာပြီးတည်ငြိမ်တဲ့အမူအရာထားထားတယ်။ဒဏ်ရာရထားပေမဲ့ညနက်ထိသူပြောရမဲ့လိုင်းတွေကိုဇာတ်ညွှန်းထဲမှာပြန်ကြည့်နေတာကြောင့်ဟယ်ရီနော့စ်ကနားဖို့လာခေါ်တယ်။
သွေးမျိုးနွယ်ရဲ့vampireတစ်ယောက်ဖြစ်တာကြောင့်ဟယ်ရီနော့စ်ကအိပ်စရာမလိုပါဘူး။ဒါပေမဲ့ကျိနင်းနဲ့မတွေ့ရတာကြာပြီဖြစ်တာကြောင့်ကျိနင်းရဲ့အချိန်ဇယားနဲ့ကိုက်အောင်ဒီညအတူအိပ်ဖို့စီစဉ်ထားတယ်။
ဟိုတယ်ကလူကြီးနှစ်ယောက်သက်သောင့်သက်သာအိပ်လို့ရတဲ့ကုတင်ကိုပေးထားတယ်။ဟယ်ရီနော့စ်ဖန်တီးထားတဲ့မှတ်ဉာဏ်ထဲမှာသူတို့နှစ်ယောက်ကတစ်အိပ်ရာထဲအိပ်လေ့ရှိပြီးဟယ်ရီနော့စ်ဘေးမှာကျိနင်းကအချိန်ဖြုန်းလေ့ရှိတယ်။အဲ့ဒါကြောင့်ပုံမှန်အားဖြင့်သူမငြင်းသင့်ဘူး။
အနားယူဖို့လှဲလိုက်ချိန်မှာကျိနင်းရဲ့ဒဏ်ရာကပျောက်သလောက်ရှိနေပြီဖြစ်သောကြောင့်အိပ်စက်ရာမှာအနှောင့်အယှက်မဖြစ်ဘူး။
ကျိနင်းရဲ့ခန္ဓာကိုယ်ကတစ်နေ့လုံးလှုပ်ရှားမှုတွေကြောင့်ပင်ပန်းနေပေမဲ့သူကြုံတွေ့ခဲ့ရတဲ့စိတ်ပိုင်းဆိုင်ရာအံ့အားသင့်မှုတွေကြောင့်အကြာကြီးလှဲနေပေမဲ့အိပ်မပျော်ဘူး။
ဟယ်ရီနော့စ်ကလည်းအိပ်ပျော်မနေဘဲသူ့ကိုကြည့်နေကြောင်းသတိထားမိတယ်။အာရုံစိုက်ခံရတာကိုကျင့်သားရေနပြီဆိုပေမဲ့ဒီလိုအနီးကပ်ကနေအကြည့်ခံနေရေတာ့ဖိအားတစ်ခုကိုခံစားလာရတာကြောင့် အနာဂတ် ကို 'sleep mode' လုပ်ပေးဖို့ပြောလိုက်ရတယ်။
Sleep mode လုပ်ထားပေမဲ့ ကျိနင်းကောင်းကောင်းအိပ်မရဘူး။
သူ့အိပ်မက်တွေကဖရိုဖရဲဖြစ်နေတယ်။အကန့်အသတ်မဲ့အမှောင်ထဲမှာဖန်လိုအပိုင်းအစလေးတွေကလွင့်မျောနေပြီးအဖြစ်အပျက်အမျိုးမျိုးကိုဖော်ပြနေတယ်။အကုန်လုံးကကျိနင်းအရင်ကမ္ဘာတွေမှာကြုံတွေ့ခဲ့ရတာတွေဖြစ်တယ်။
သူက kaleidoscope ရဲ့အတွင်းပိုင်းထဲမှာရောက်နေသလိုမျိုးပဲ။ဆလင်ဒါလည်ပတ်မှုနဲ့အတူအပိုင်းအစတွေကသူတို့ရဲ့ပေါင်းစည်းမှုနဲ့ပုံစံတွေပြောင်းသွားကာမျက်နှာအမျိုးမျိုးနဲ့ပုံသဏ္ဌာန်အမျိုးမျိုးကရောင်ပြန်ဟပ်နေတယ်။ကျိနင်းကအမှောင်ထဲမှာရပ်နေရင်းပြောင်းနေတဲ့လူတွေကိုမိန်းမောတွေဝေစွာကြည့်နေတယ်။
အပိုင်းအစတွေကဖြေးဖြေးချင်းစုပေါင်းသွားပြီးမှုန်ဝါးဝါးအရိပ်နှစ်ခုနဲ့အတူပုံသဏ္ဌာန်နှစ်ခုပဲကျန်ခဲ့တယ်။
သရဲတွေရဲ့ဖောက်ထွင်းနိုင်တဲ့ခန္ဓာကိုယ်နဲ့အတူဟောဝူလင်းနဲ့ကျိနင်း။
ဒါက 'God Killing'ဆိုတဲ့ 'infinite stream novel'ဝတ္ထုထဲကကမ္ဘာပါ။ထိုကမ္ဘာမှာကျိနင်းကေမြေအာက်ကမ္ဘာကနေဟောဝူလင်းခေါ်ထုတ်ခဲ့တဲ့တစ္ဆေတစ်ကောင်ပါ။ပထမဆုံးတွေ့ချိန်မှာဟောဝူလင်းကတစ္ဆေတစ်ကောင်ပျိုးထောင်ဖို့စီစဉ်နေတာပါ။တစ်ကမ္ဘာလုံးကတစ္ဆေတွေအကျဉ်းချခံထားရတဲ့မြေအောက်ကမ္ဘာကိုဝင်ရောက်လာပြီးအများကြီးထဲကမှကျိနင်းကိုရွေးချယ်သွားတယ်။
အဲ့ဒီ့အချိန်မှာကျိနင်းက God killing ဝတ္ထုထဲဝင်ခါစဖြစ်ပြီးတစ္ဆေအုပ်စုကြီးထဲပိတ်မိနေတယ်။တခြားတစ္ဆေတွေကသူ့ခန္ဓာကိုယ်ကိုဆွဲဖြဲပြီးအရေပြားတွေကိုကုတ်ဖြဲဖို့လုပ်နေကြတယ်။အဲ့လိုငရဲခန်းထဲမှာသေသွားမှာကိုကြောက်ရွံ့နေခဲ့မိတယ်။
ဟောဝူလင်းပေါ်လာချိန်မှာ တစ္ဆေတွေအကုန်တိတ်သွားပြီးသူ့ကိုကြည့်နေကြတယ်။
အဲ့ဒီ့အချိန်မှာဟောဝူလင်းကဆယ်ကျော်သက်လေးပဲဖြစ်နေပြီးမြေအောက်ကမ္ဘာရဲ့ဝင်းအတွင်းမှာအေးဆေးစွာလမ်းလျှောက်နေတယ်။ရှပ်အင်္ကျီအဖြူလေးကသန့်ရှင်းနေပြီးခေါင်းမော့လိုက်ချိန်မှာအပြုံးတစ်ခုကိုသယ်ဆောင်ထားတဲ့နွေးထွေးပြီးချောမောတဲ့မျက်နှာလေးပေါ်လာတယ်။
အဲ့ဒီ့နေရာကသေဆုံးခြင်းနယ်မြေဖြစ်ပြီးတစ်နှစ်ပတ်လုံးအမှောင်ထုထဲနစ်မြုပ်နေပေမဲ့တစ္ဆေတွေအကုန်လုံးကိုဖမ်းစားသွားတဲ့အလင်းလေးကြောင့်လင်းလက်သွားတယ်။
သူကအလင်းရောင်တွေဖြာထွက်နေခဲ့တယ်။
သရဲတွေကသဘာဝရန်သူကိုတွေ့လိုက်ရသလိုမျိုးခံစားလိုက်ရပြီးအလွန်အမင်းကြောက်ရွံ့ကုန်ကြတယ်။ဒါပေမဲ့ရုပ်ထုကြီးတွေလိုနေရာမှာတင်အေးခဲသွားကြပြီးမလှုပ်ရဲကြဘူး။
ကျိနင်းတစ်ယောက်ပဲဟောဝူလင်းကိုမှတ်မိပြီးလက်တွေကိုသူ့စီဆန့်ထုတ်လိုက်ကာမျှော်လင့်ချက်ကြီးစွာငေးကြည့်နေခဲ့တယ်။
သူ့ရဲ့အေးစက်တဲ့လက်ချောင်းထိပ်တွေကိုနွေးထွေးတဲ့လက်တစ်စုံကဖမ်းဆုပ်လိုက်တယ်။
"မင်းငါ့ကိုရွေးလိုက်တာလား"
သောင်းနဲ့ချီနေတဲ့သရဲတွေရဲ့တိတ်ဆိတ်မှုထဲမှာသူတို့ကတစ်ယောက်ကိုတစ်ယောက်ကြည့်နေကြတယ်။ခဏလေးလည်းဖြစ်ချင်ဖြစ်မယ်။အကြာကြီးလည်းဖြစ်ချင်ဖြစ်မယ်။ထို့နောက်ဟောဝူလင်းကပေါ့ပေါ့ပါးပါးရယ်လိုက်ကာကျိနင်းကိုသရဲတွေကြားထဲကဆွဲထုတ်ပြီးသူ့ဘေးနားမှာရပ်ခိုင်းလိုက်တယ်။
"အဲ့ဒါဆို....လက်ဆောင်အနေနဲ့ငါလည်းမင်းကိုရွေးမယ်"
လူငယ်လေးကပြုံးနေပြီးတစ္ဆေလေးရဲ့လှပတဲ့မျက်နှာလေးကိုပွတ်သပ်နေတယ်။နဖူးလေးကိုနမ်းလိုက်ပြီးပြောလာတယ်။
"ကိုယ့်ကိုသစ္စာမဖောက်ဖူးလို့ကတိပေးပါ"
-----------------------------
Crack
နောက်တခဏမှာထပ်နေတဲ့အရိပ်နှစ်ခုကဖန်ခွက်လိုကွဲကြေသွားပြီးအမှောင်ထုကြီးပဲကျန်ခဲ့တယ်။အသက်ကြီးလာတဲ့ဟောဝူလင်းရဲ့ပုံရိပ်ကအမှောင်ထဲကနေထွက်လာတယ်။
သူ့ရဲ့နှင်းလိုဖြူတဲ့ရှပ်အင်္ကျီမှာရင်ဘတ်ကခွဲထုတ်ခံထားရတဲ့အပေါက်ကနေသွေးတွေထွက်နေတာကြောင့်စွန်းထင်းနေတယ်။တစက်စက်စီးကျနေပြီးသူ့ခြေထောက်အောက်မှာအိုင်နေတယ်။
ခေါင်းမော့လိုက်ချိန်မှာမျက်လုံးတွေကအသက်မဲ့နေပြီးကျိနင်းဘက်ကိုငေးကြည့်နေတယ်။သူ့ရဲ့သွေးမရှိတဲ့နှုတ်ခမ်းတွေဟလာပြီးကြားရရုံတမယ်နူးညံ့တဲ့အသံနဲ့ပြောလာတယ်။
"ဘာလို့လဲ"
"အဲ့ဒီ့အချိန်တုန်းကသစ္စာမဖောက်ဘူးဆိုပြီးကတိပေးခဲ့တယ်လေ"
"ကတိပေးခဲ့တယ်-"
ကျိနင်းကအိပ်မက်ကနေနိုးလာကာအသက်ပြင်းပြင်းရှုလိုက်ရတယ်။သူ့ဘေးမှာအိပ်နေတဲ့ဟယ်ရီနော့စ်လည်းဆူညံသံကြောင့်နိုးလာတယ်။သူ့ပုခုံးကိုကိုင်ပြီးမေးလာတယ် "အိပ်မက်ဆိုးမက်တာလား"
"....."
ကျိနင်းခေါင်းညိမ့်ပြလိုက်တယ်။သူဟောဟဲလိုက်နေတုန်းပဲ။ဟယ်ရီနော့စ်ကဖန်ခွက်ထဲရေထည့်ပြီးသူ့ကိုတိုက်တယ်။ပြီးတော့မေးလာတယ် "အရမ်းကြောက်နေတာပဲ ဘာတွေမက်လို့လဲ"
"သရဲတစ်ကောင်ကိုမက်တာ"ကျိနင်းချွေးအေးတွေနဲ့ရွှဲနေတယ်။ခဏလောက်တည်ငြိမ်အောင်လုပ်ပြီးစောင်ကိုမလိုက်တယ်။အိပ်ရာကထပြီးဟယ်ရီနော့စ်ကိုပြောလိုက်တယ် "ရေအရင်ချိုးလိုက်ဦးမယ် ပြီးမှပြောမယ်"
Sensorကတစ်ယောက်ယောက်လှုပ်ရှားမှုကိုသတိပြုမိပြီးမီးဖျော့ဖျော့လင်းလာတယ်။၎င်းနောက်လိုက်ပြီးကျိနင်းကရေချိုးခန်းထဲဝင်ကာတံခါးပိတ်လိုက်တယ်။
သူ့ရဲ့လှုပ်ရှားမှုကြောင့်ဘေစင်ရှေ့ကမှန်ကလင်းသွားပြီးမှန်မျက်နှာပြင်မှာအလင်းဖျော့ဖျော့ထင်နေတယ်။ဒါပေမဲ့အဲ့ဒါကကျိနင်းမဟုတ်ဘဲဟောဝူလင်းဖြစ်နေတယ်။
မှန်ထဲမှာဟောဝူလင်းကလက်ကိုဆန့်လိုက်ပြီးမှန်မျက်နှာပြင်ကိုဖြတ်ကာတကယ့်ကမ္ဘာထဲဝင်လာတယ်။သူကကျိနင်းရဲ့လက်ကောက်ဝတ်ကိုဆွဲကိုင်လိုက်ပြီး
"နင်းနင်း"
သူကရယ်တယ်။
"ကိုယ်မင်းကိုလာခေါ်ဖို့ရောက်လာပြီ"
Tbc 🐣
(ဖတ်ပေးကြသူတိုင်းကိုကျေးဇူးတင်ပါတယ်)
Zawgyi
ေဟာဝူလင္းေပၚလာခ်ိန္မွာ တေစၦေတြအကုန္တိတ္သြားၿပီးသူ႔ကိုၾကည့္ေနၾကတယ္။
အဲ့ဒီ့အခ်ိန္မွာေဟာဝူလင္းကဆယ္ေက်ာ္သက္ေလးပဲျဖစ္ေနၿပီးေျမေအာက္ကမာၻရဲ႕ဝင္းအတြင္းမွာေအးေဆးစြာလမ္းေလွ်ာက္ေနတယ္။ရွပ္အက်ႌအျဖဴေလးကသန႔္ရွင္းေနၿပီးေခါင္းေမာ့လိုက္ခ်ိန္မွာအၿပဳံးတစ္ခုကိုသယ္ေဆာင္ထားတဲ့ေႏြးေထြးၿပီးေခ်ာေမာတဲ့မ်က္ႏွာေလးေပၚလာတယ္။
အဲ့ဒီ့ေနရာကေသဆုံးျခင္းနယ္ေျမျဖစ္ၿပီးတစ္ႏွစ္ပတ္လုံးအေမွာင္ထုထဲနစ္ျမဳပ္ေနေပမဲ့တေစၦေတြအကုန္လုံးကိုဖမ္းစားသြားတဲ့အလင္းေလးေၾကာင့္လင္းလက္သြားတယ္။
သူကအလင္းေရာင္ေတြျဖာထြက္ေနခဲ့တယ္။
သရဲေတြကသဘာဝရန္သူကိုေတြ႕လိုက္ရသလိုမ်ိဳးခံစားလိုက္ရၿပီးအလြန္အမင္းေၾကာက္႐ြံ႕ကုန္ၾကတယ္။ဒါေပမဲ့႐ုပ္ထုႀကီးေတြလိုေနရာမွာတင္ေအးခဲသြားၾကၿပီးမလႈပ္ရဲၾကဘူး။
က်ိနင္းတစ္ေယာက္ပဲေဟာဝူလင္းကိုမွတ္မိၿပီးလက္ေတြကိုသူ႔စီဆန႔္ထုတ္လိုက္ကာေမွ်ာ္လင့္ခ်က္ႀကီးစြာေငးၾကည့္ေနခဲ့တယ္။
သူ႔ရဲ႕ေအးစက္တဲ့လက္ေခ်ာင္းထိပ္ေတြကိုေႏြးေထြးတဲ့လက္တစ္စုံကဖမ္းဆုပ္လိုက္တယ္။
"မင္းငါ့ကိုေ႐ြးလိုက္တာလား"
ေသာင္းနဲ႔ခ်ီေနတဲ့သရဲေတြရဲ႕တိတ္ဆိတ္မႈထဲမွာသူတို႔ကတစ္ေယာက္ကိုတစ္ေယာက္ၾကည့္ေနၾကတယ္။ခဏေလးလည္းျဖစ္ခ်င္ျဖစ္မယ္။အၾကာႀကီးလည္းျဖစ္ခ်င္ျဖစ္မယ္။ထို႔ေနာက္ေဟာဝူလင္းကေပါ့ေပါ့ပါးပါးရယ္လိုက္ကာက်ိနင္းကိုသရဲေတြၾကားထဲကဆြဲထုတ္ၿပီးသူ႔ေဘးနားမွာရပ္ခိုင္းလိုက္တယ္။
"အဲ့ဒါဆို....လက္ေဆာင္အေနနဲ႔ငါလည္းမင္းကိုေ႐ြးမယ္"
လူငယ္ေလးကၿပဳံးေနၿပီးတေစၦေလးရဲ႕လွပတဲ့မ်က္ႏွာေလးကိုပြတ္သပ္ေနတယ္။နဖူးေလးကိုနမ္းလိုက္ၿပီးေျပာလာတယ္။
"ကိုယ့္ကိုသစၥာမေဖာက္ဖူးလို႔ကတိေပးပါ"
-----------------------------
Crack
ေနာက္တခဏမွာထပ္ေနတဲ့အရိပ္ႏွစ္ခုကဖန္ခြက္လိုကြဲေၾကသြားၿပီးအေမွာင္ထုႀကီးပဲက်န္ခဲ့တယ္။အသက္ႀကီးလာတဲ့ေဟာဝူလင္းရဲ႕ပုံရိပ္ကအေမွာင္ထဲကေနထြက္လာတယ္။
သူ႔ရဲ႕ႏွင္းလိုျဖဴတဲ့ရွပ္အက်ႌမွာရင္ဘတ္ကခြဲထုတ္ခံထားရတဲ့အေပါက္ကေနေသြးေတြထြက္ေနတာေၾကာင့္စြန္းထင္းေနတယ္။တစက္စက္စီးက်ေနၿပီးသူ႔ေျခေထာက္ေအာက္မွာအိုင္ေနတယ္။
ေခါင္းေမာ့လိုက္ခ်ိန္မွာမ်က္လုံးေတြကအသက္မဲ့ေနၿပီးက်ိနင္းဘက္ကိုေငးၾကည့္ေနတယ္။သူ႔ရဲ႕ေသြးမရွိတဲ့ႏႈတ္ခမ္းေတြဟလာၿပီးၾကားရ႐ုံတမယ္ႏူးညံ့တဲ့အသံနဲ႔ေျပာလာတယ္။
"ဘာလို႔လဲ"
"အဲ့ဒီ့အခ်ိန္တုန္းကသစၥာမေဖာက္ဘူးဆိုၿပီးကတိေပးခဲ့တယ္ေလ"
"ကတိေပးခဲ့တယ္-"
က်ိနင္းကအိပ္မက္ကေနႏိုးလာကာအသက္ျပင္းျပင္းရႈလိုက္ရတယ္။သူ႔ေဘးမွာအိပ္ေနတဲ့ဟယ္ရီေနာ့စ္လည္းဆူညံသံေၾကာင့္ႏိုးလာတယ္။သူ႔ပုခုံးကိုကိုင္ၿပီးေမးလာတယ္ "အိပ္မက္ဆိုးမက္တာလား"
"....."
က်ိနင္းေခါင္းညိမ့္ျပလိုက္တယ္။သူေဟာဟဲလိုက္ေနတုန္းပဲ။ဟယ္ရီေနာ့စ္ကဖန္ခြက္ထဲေရထည့္ၿပီးသူ႔ကိုတိုက္တယ္။ၿပီးေတာ့ေမးလာတယ္ "အရမ္းေၾကာက္ေနတာပဲ ဘာေတြမက္လို႔လဲ"
"သရဲတစ္ေကာင္ကိုမက္တာ"က်ိနင္းေခြၽးေအးေတြနဲ႔႐ႊဲေနတယ္။ခဏေလာက္တည္ၿငိမ္ေအာင္လုပ္ၿပီးေစာင္ကိုမလိုက္တယ္။အိပ္ရာကထၿပီးဟယ္ရီေနာ့စ္ကိုေျပာလိုက္တယ္ "ေရအရင္ခ်ိဳးလိုက္ဦးမယ္ ၿပီးမွေျပာမယ္"
Sensorကတစ္ေယာက္ေယာက္လႈပ္ရွားမႈကိုသတိျပဳမိၿပီးမီးေဖ်ာ့ေဖ်ာ့လင္းလာတယ္။၎ေနာက္လိုက္ၿပီးက်ိနင္းကေရခ်ိဳးခန္းထဲဝင္ကာတံခါးပိတ္လိုက္တယ္။
သူ႔ရဲ႕လႈပ္ရွားမႈေၾကာင့္ေဘစင္ေရွ႕ကမွန္ကလင္းသြားၿပီးမွန္မ်က္ႏွာျပင္မွာအလင္းေဖ်ာ့ေဖ်ာ့ထင္ေနတယ္။ဒါေပမဲ့အဲ့ဒါကက်ိနင္းမဟုတ္ဘဲေဟာဝူလင္းျဖစ္ေနတယ္။
မွန္ထဲမွာေဟာဝူလင္းကလက္ကိုဆန႔္လိုက္ၿပီးမွန္မ်က္ႏွာျပင္ကိုျဖတ္ကာတကယ့္ကမာၻထဲဝင္လာတယ္။သူကက်ိနင္းရဲ႕လက္ေကာက္ဝတ္ကိုဆြဲကိုင္လိုက္ၿပီး
"နင္းနင္း"
သူကရယ္တယ္။
"ကိုယ္မင္းကိုလာေခၚဖို႔ေရာက္လာၿပီ"
Tbc 🐣
(ဖတ္ေပးၾကသူတိုင္းကိုေက်းဇူးတင္ပါတယ္)