ကမ္ဘာဆယ်ခုကိုဖြတ်သန်းပြီးတဲ့န...

By Hannah_is_beautiful

29.7K 3.7K 119

This is not my work. This is a fan translation. All credit to original author and English translator. More

Synopsis
Ch1- နင်းနင်း ကိုယ်မင်းကိုနောက်ဆုံးတော့ရှာတွေ့ပြီ (1)
Ch1- နင္းနင္း ကိုယ္မင္းကိုေနာက္ဆုံးေတာ့ရွာေတြ႕ၿပီ (1)
Ch 1- နင်းနင်းကိုယ်မင်းကိုနောက်ဆုံးတော့ရှာတွေ့ခဲ့ပြီ (2)
Ch 2 - မင်းကိုယ့်ကိုထားခဲ့တယ်
Ch3 - "......ကျိနင်း"
Ch 5- ကိုယ်မင်းကိုလာခေါ်ဖို့ရောက်လာပြီ
Ch 6 - ဘယ်သူ့နှလုံးကိုလိုချင်လဲ?
Ch 7 - နောက်ဆုံးတော့မင်းကိုပိုင်ဆိုင်နိုင်ပြီ
Ch 8 - မူရင်းဇာတ်လမ်းထဲမှာနမ်းတဲ့အခန်းမပါဘူးလေ!
Ch 9- နှလုံးခုန်သံ
Ch 10 - ငါသူ့သူငယ်ချင်းမဖြစ်ချင်ဘူး
Ch 11- ဇနီးလောင်း
Ch 12 - သူ့ကိုနာကျင်အောင်မလုပ်ပါနဲ့
Ch 13 - ကိုယ်မင်းကိုဖျက်ဆီးပစ်မယ်
Ch 14- သူ့ရင်ခွင်ထဲခုန်ဝင်မိသွားတယ်
Ch 15- ဘယ်သူမှကိုယ့်မျက်လုံးထဲမဝင်ဘူး 1
Ch 15 ဘယ်သူမှကိုယ့်မျက်လုံးထဲမဝင်ဘူး 2
Ch 16 တစ်နေ့ထက်တစ်နေ့ပိုချစ်နေမယ် 1
Ch 16 တစ်နေ့ထက်တစ်နေ့ပိုချစ်နေမယ် 2
Ch 17 အနမ်းကစိတ်အားထက်သန်မှုလုံလုံလောက်လောက်မရှိပါ ကျေးဇူးပြု၍ထပ်နမ်းပါ
Ch 18 - ဒီတစ်ခါကိုယ်တို့ကိုဘယ်သူမှမခွဲနိုင်တော့ဘူး
Ch 19- ဆရာ
Ch 20 (1)
Ch 20 (2)
Ch 21 - ငါ့ကိုလာသတ်မှာကိုစောင့်နေမယ်
Ch 22 -သူပဲ
Ch 23- ဒီဂိမ်းကမဟုတ်သေးဘူး
Ch 24 - ကံမကောင်းစွာနဲ့ မင်းတို့ကသူမဟုတ်ဘူး
Ch 25 - Stockholm Syndrome
Ch 26 - သူ၏အမှောင်မိုက်ဆုံးလျှို့ဝှက်ချက်
Ch-27 သူ့ကိုနောက်တစ်ကြိမ်ထွက်သွားခွင့်ပေးမှာမဟုတ်ဘူး
Ch 28 - သဝန်တိုခြင်း
Chapter 29 - ရေအောက်ထဲမှအနမ်း
Ch-30 ငါသူ့ကိုလိုချင်တယ်
Ch 31 - မင်းရဲ့နှလုံးသားကို ငါ့အတွက်နာကျင်ပေးဖို့ မျှော်လင့်တယ်

Ch 4 - အထင်လွဲနေခဲ့တာလား

868 149 6
By Hannah_is_beautiful

လင်းနို့ကနေရုတ်တရက်ချောမောတဲ့လူငယ်တစ်ယောက်အဖြစ်ပြောင်းသွားတာကိုကြည့်ပြီးတဲ့နောက် ကျိနင်းကသူ့ခံစားချက်တွေကိုဖုံးကွယ်ဖို့မကြိုးစားပါဘူး။အနောက်ကိုသတိနဲ့ခြေလှမ်းအနည်းငယ်ဆုတ်လိုက်ပြီးမေးလိုက်တယ် "မင်းဘယ်သူလဲ"

"......"

တုန်လှုပ်သွားတဲ့ထိုလူကမေးခွန်းကိုချက်ချင်းမဖြေဘဲသူ့ကိုရှုပ်ထွေးနေတဲ့အကြည့်နဲ့ကြည့်လာတယ်။ထိုလူကအနီရောင်မျက်လုံးတွေကိုပိတ်လိုက်ပြီးတအောင့်ကြာတော့ပြန်ဖွင့်လိုက်ကာနူးနူးညံ့ညံ့ပြောလာတယ်။

"မင်းတကယ်ကိုယ့်ကိုမမှတ်မိဘူးလား"

ထို့နောက်ထိုလူကကျိနင်းရဲ့အင်္ကျီကသွေးအစွန်းတွေကိုကြည့်ပြီးးမျက်မှောင်ကြုံ့တယ်။သူ့အမူအယာကအေးစက်သွားပြီးအန္တရာယ်ရှိတဲ့အသံနဲ့ပြောလာတယ်။ "မင်းကိုဘယ်သူနာအောင်လုပ်တာလဲ"

"ကျေးဇူးပြုပြီးအခုချက်ချင်းငါ့အခန်းထဲကထွက်သွားပေးပါ"

ကျိနင်းကသူ့လက်ကောက်ဝတ်ကခလုတ်ကိုမြှောက်လိုက်ပြီး "အကယ်၍မထွက်သွားရင် ငါ........"

ကျိနင်းရပ်သွားပြီးအမူအရာကပြောင်းသွားတယ်။မျက်နှာမှာသွေးဆုတ်သွားပြီးနဖူးမှာချွေးသီးတွေထလာတယ်။သူအော်ညည်းလိုက်ပြီးရင်ဘတ်ကအင်္ကျီစကိုဆုပ်ကိုင်ကာရှေ့ကိုနာကျင်စွာလဲကျသွားတယ်။

"ကျိနင်း!"

ထိုလူကကျိနင်းဘေးမှာချက်ချင်းပေါ်လာတာကြောင့်လေထဲမှာဝတ်ရုံရှည်ကခါထွက်သွားတယ်။ပြီးတော့ကျိနင်းကိုသူ့လက်မောင်းထဲထည့်လိုက်တယ်။

သူ့နှုတ်ခမ်းတွေဖွင့်လိုက်ချိန်မှာနှင်းလိုဖြူတဲ့အစွယ်တွေထွက်လာပြီးလက်အိတ်ကိုသွားနဲ့ကိုက်ချွတ်လိုက်တယ်။သူ့လက်ကောက်ဝတ်ကိုကိုက်လိုက်ပြီးကျိနင်းပါးစပ်ထဲသွေးတွေစီးဝင်စေတယ်။

ကျိနင်းခန္ဓာကိုယ်နဲ့ဝိဉာဉ်အရှင်လတ်လတ်ဆွဲဖြဲခံနေရသလိုနာကျင်နေတယ်။သူ့ပါးစပ်ထဲသွေးတွေစီးဝင်လာမှပဲထိုသေမတတ်နာကျင်မှုကသက်သာလာတယ်။

ဒီအချိန်မှာနာကျင်မှုကြောင့်ကျိနင်းရဲ့အသိက‌ေဝဝါးနေတယ်။ထိုလူရဲ့လက်မောင်းတွေထဲအားနည်းစွာမှီထားရင်းအတွေးတစ်ခုကထပ်ခါထပ်ခါပေါ်လာနေတယ်။

သူတို့နှစ်ယောက်ကြားမှာသွေးစာချုပ်ကဘာလို့ရှိနေသေးတာလဲ?

ဒီနာကျင်မှုကဘယ်ကလာလဲသူသိတယ်။သွေးစာချုပ်ရဲ့အကျိုးသက်ရောက်မှုကြောင့်ဖြစ်တယ်။အရင်ကမ္ဘာတစ်ခုမှာသူ့‌ရှေ့ကလူနဲ့သွေးစာချုပ်ချုပ်ဖို့ဖိအားပေးခံခဲ့ရတယ်။အကယ်၍ထိုလူရဲ့သွေးကိုပုံမှန်မသောက်ရရင်သူ့စိတ်တွေလွတ်သွားတဲ့အထိနာကျင်ရလိမ့်မယ်။သူ့ကိုကယ်နိုင်မဲ့တစ်ခုတည်းသောသွေးကိုသေမတတ်သောက်ချင်နေလိမ့်မယ်။

ဟယ်ရီနော့စ်....

တကယ်တော့အဲ့ဒီ့လင်းနို့ကိုမြင်လိုက်ထဲကဘယ်သူလာနေမှန်းသိလိုက်ပြီးသားပါ။

ဟယ်ရီနော့စ် ကကျိနင်းရဲ့ပထမဆုံးကမ္ဘာကတော်ဝင်မင်းသားတစ်ပါးပါ။သူလင်းနို့ပုံပြောင်းသွားတာကိုခဏခဏမြင်ဖူးခဲ့တယ်။ဟောဝူလင်းကရုတ်တရက်ပေါ်လာ‌တာကြောင့် ဟယ်ရီနော့စ် လည်းပေါ်လာနိုင်တယ်ဆိုတာသံသယဝင်ခဲ့တယ်။

နောက်ထပ်ဇာတ်လိုက်တစ်ယောက်ဘာလို့ရောက်လာလဲစဉ်းစားဖို့နောက်ကျလွန်းနေပြီ။ဒီတစ်ခါမှာတော့ကျိနင်းရဲ့သရုပ်ဆောင်မှုကပြစ်ချက်မရှိဘူး။အတိတ်မေ့နေပြီး ဟယ်ရီနော့စ် ကိုမသိသလိုဟန်ဆောင်နေလိုက်တယ်။

သူအဲ့လိုလုပ်ရတဲ့အကြောင်းကအဲ့ဒီ့ကမ္ဘာမှာသူနဲ့ ဟယ်ရီနော့စ် ရဲ့ဆက်ဆံရေးကရှုပ်ထွေးတယ်။ကျိနင်းသရုပ်ဆောင်ခဲ့တဲ့ vampire hunter character က vampireတွေအကုန်လုံးကိုစက်ဆုပ်တယ်။နောက်ပိုင်းမှာ အဖမ်းခံလိုက်ရပြီး ဟယ်ရီနော့စ် စီမှာအသတ်ခံလိုက်ရတယ်။နောက်ဆုံးအချိန်ထိမုန်းနေရင်းပေါ့။

အဲ့လို ကာရိုက်တာမျိုးကိုဆက်သရုပ်ဆောင်နေတာက အဓိပ္ပာယ်မရှိဘဲ ဒုက္ခများတယ်။ အဲ့ဒါကြောင့်ဆက်သရုပ်မ‌ေဆာင်ဖို့ကျိနင်းဆုံးဖြတ်လိုက်တယ်။

အဲ့ဒီ့အပြင် ဟယ်ရီ‌နော့စ် ကိုမေ့ချင်ယောင်ဆောင်တာကတခြားအကျိုးကျေးဇူးတွေလည်းရှိသေးတယ်။ vampire ကမ္ဘာမှာ ပြန်လည်ဝင်စားခြင်းကိုယုံကြည်ကြတယ်။ ဟယ်ရီနော့စ် ကကျိနင်းသူ့လက်ထဲမှာသေသွားတာကိုစောင့်ကြည့်နေခဲ့တာမို့မမှတ်မိချင်ယောင်ဆောင်လိုက်ရင်ပြန်လည်ဝင်စားလာတယ်ဆိုပြီးယုံသွားလိမ့်မယ်။ ဟယ်ရီနော့စ် ကသူ့အပေါ်မှာနက်ရှိုင်းတဲ့အပြစ်ရှိစိတ်တွေခိုအောင်းနေတာမို့အန္တရာယ်ပေးမှာမဟုတ်တာသိနေတယ်။

ဒီလိုတွက်ချက်ထားပေမဲ့သူတို့နှစ်ယောက်ကြားသွေးစာချုပ်ရှိနေသေးပြီးပြန်တွေ့ချိန်မှာကျိနင်းကိုပြင်းထန်တဲ့နာကျင်မှုနဲ့တပ်မက်စိတ်တွေဖြစ်စေမယ်မှန်းမမျှော်လင့်ထားဘူး။

ဒီလိုစာချုပ်မျိုးကအဆင့်မြင့်vampireတွေအတွက်ထူးခြားတယ်။အရင်တုန်းက ဟယ်ရီနော့စ် ကကျိနင်းကိုသူ့သွေးတိုက်ခဲ့ပြီး ကျိနင်းလည်ပင်းကနေကျိနင်းသွေးကိုပြန်သောက်ခဲ့တယ်။ အဲ့လိုနဲ့ကျိနင်းရဲ့ခန္ဓာကိုယ်မှာသွေးစာချုပ်ပေါ်လာခဲ့တယ်။

အဲ့ဒီ့ချိန်ကစပြီးကျိနင်းကိုဟယ်ရီ‌ေနာ့စ်လုံးဝထိန်းချုပ်နိုင်ခဲ့တယ်။သွေးစာချုပ်အသက်ဝင်လာတိုင်းသူ့ရှေ့ကလူကနတ်ဘုရားတစ်ပါးလိုကျိနင်း ဟယ်ရီနော့စ် ကိုနာခံချင်လာမယ်။

အဲ့လိုဆက်ဆံရေးမျိုးကကျိနင်းအတွက်တကယ်ဆိုးပါတယ်။ Blood clan ဝတ္ထုကနေထွကိသွားဖို့အရမ်းပျှော်ရွှင်နေခဲ့ပြီးသွေးစာချုပ်ကလည်းတစ်ချိန်တည်းမှာပျောက်သွားမယ်လို့ထင်ခဲ့တယ်။ဟယ်ရီနော့စ် နဲ့ထပ်တွေ့ရလိမ့်မယ်လို့မမျှော်လင့်ထားတဲ့အပြင်သွေးစာချုပ်ကလည်းတခြားကမ္ဘာမှာအကျိုးသက်ရောက်နေဦးမယ်လို့မထင်ထားဘူး။

ကံမကောင်းလိုက်တာ ဟယ်ရီနော့စ် ကလည်းဒီကမ္ဘာမှာဘယ်လိုပေါ်လာပြန်တာလဲ။ ဟယ်ရီနော့စ် ရဲ့သွေးကိုမသောက်ရတာကြာပြီဖြစ်တာကြောင့်သွေးစာချုပ်ကကြီးမားတဲ့အပြစ်ဒဏ်အဖြစ်စုပြုံနေတယ်။ ဟယ်ရီနော့စ် ကသူ့သွေးကိုချက်ချင်းတိုက်ပေမဲ့ ကျိနင်းရဲ့ခန္ဓာကိုယ်ကဒီဖိအားကိုမခံနိုင်တာကြောင့်မကြာခင်မှာပဲမေ့လဲသွားတယ်။

-----------------------------

ကျိနင်းမျက်လုံးတွေကိုပြန်ဖွင့်လိုက်ချိန်မှာသူ့ရဲ့ဟိုတယ်ခန်းထဲကအိပ်ရာမှာလှဲနေတာကိုသိလိုက်ရတယ်။ကျိနင်းဖြေးဖြေးချင်ထထိုင်လိုက်တယ်။သွေးစာချုပ်ရဲ့သက်ရောက်မှုအကြွင်းအကျန်ကသူ့ကိုမူးဝေ‌စေနေတုန်းပဲ။သူ့ပါးစပ်ထဲမှာသွေးအကြွင်းအကျန်တွေရှိနေတုန်းပဲ။ဒါပေမဲ့အဲ့ဒီ့အရသာကိုမတောင့်တတော့ဘူး။သွေးစာချုပ်ကြောင့်သွေးရူးသွေးတန်းဖြစ်သွားရတာကပြီးသွားပုံပေါ်တယ်။

သူ့ကိုယ်ကိုငုံ့ကြည့်လိုက်တော့သွေးစွန်းနေတဲ့အဝတ်အစားတွေကိုလဲပေးထားပြီးလက်မောင်းကဒဏ်ရာကလည်းအတော်လေးသက်သာနေပြီ။ ဟယ်ရီနော့စ် လုပ်ပေးထားတာပဲဖြစ်ရမယ်။

ရေသံကသူ့အာရုံတွေကိုဖမ်းစားသွားကာသတိမထားမိဘဲရေချိုးခန်းဘက်ကိုသူ့မျက်လုံးတွေ‌ေရွှ့လိုက်မိတယ်။

ဟယ်ရီနော့စ် ကအခန်းထဲမှာရှိမနေတာကြောင့်ရေချိုးခန်းထဲမှာရှိနေမှာပေါ့။ဒါပေမဲ့ဘာလို့ရေချိုးနေတာလဲ။

ကျိနင်းကအကြောင်းအရင်းကိုမခန့်မှန်းနိုင်ပါဘူး။သူနဲ့မဆိုင်တဲ့သူ့ခေါင်းထဲကမှတ်ဉာဏ်တွေကိုရှာတွေ့လိုက်ချိန်မှာသူ့အမူအယာကရုတ်တရက်တွန့်လိမ်သွားတယ်။

သွေးမျိုးနွယ်မင်းသားတစ်ယောက်အနေနဲ့လူတွေရဲ့မှတ်ဉာဏ်ကိုပြုပြင်နိုင်တဲ့စွမ်းအင်ရှိတယ်။အခုမှတ်ဉာဏ်တွေကလည်းသူမေ့နေချိန်မှာ ဟယ်ရီနော့စ် ထည့်ပေးထားပုံပေါ်တယ်။

ကျိနင်းကကမ္ဘာတွေနဲ့မသက်ဆိုင်တဲ့ကူးသန်းသူတစ်ယောက်ဖြစ်တယ်။တာဝန်တွေနဲ့ပတ်သတ်တဲ့အရေးကြီးအချက်အလက်တွေပျောက်သွားတာမျိုးမဖြစ်ဖို့သူ့မှတ်ဉာဏ်ကိုsystemကကာကွယ်ပေးထားတယ်။တစ်ချိန်တည်းမှာပဲမှတ်ဉာဏ်တွေပြင်ဆင်ခံရခြင်းကလည်းကာကွယ်ပေးတယ်။အဲ့ဒါကြောင့်သူ့အပေါ်မှာ ဟယ်ရီနော့စ်ရဲ့စွမ်းအင်တွေကအသုံးမဝင်ဘူး။

ကျိုးကြောင်းဆီလျော်တဲ့မှတ်ဉာဏ်အသစ်တွေဖန်တီးဖို့ဟယ်ရီနော့စ်ကသူ့မှတ်ဉာဏ်ဟောင်းတွေကိုဝင်ဖတ်ကြည့်ခဲ့ပေမဲ့အဲ့ဒါတွေအကုန်လုံးကsystemကထည့်ပေးထားတဲ့မှတ်ဉာဏ်အတုတွေဖြစ်တယ်။

ဟယ်ရီနော့စ်ထည့်ပေးထားတဲ့မှတဲ့မှတ်ဉာဏ်တွေအရသူနဲ့ကျိနင်းကကောင်းမွန်တဲ့ဆက်ဆံရေးရှိတဲ့ရင်းနှီးတဲ့သူငယ်ချင်းတွေဖြစ်တယ်။ ဟယ်ရီနော့စ်ကလူဟန်ဆောင်ထားတဲ့vampireမှန်းကျိနင်းသိ‌နေပေမဲ့ဂရုမစိုက်ပါဘူး။ဟယ်ရီနော့စ်ကသူ့အတွက်ထူးခြားပြီးကျိနင်းကသူ့ရဲ့နူးညံ့တဲ့ဘက်ခြမ်းကိုဟယ်ရီနော့စ်တစ်ယောက်တည်းကိုပဲပြတယ်။

နှစ်တစ်ထောင်လောက်အသက်ရှင်နေတဲ့vampireတစ်ယောက်‌အနေနဲ့သူ့မျက်နှာကိုဘယ်လိုတောင်ပြရဲသေးတာလဲ.....

ကျိနင်းကရေချိုးခန်းထဲကိုငေးကြောင်ကြောင်ကြည့်နေမိတယ်။

မှတ်ဉာဏ်တုအရ ဟယ်ရီနော့စ်ကကျိနင်းဒဏ်ရာအကြောင်းကြားပြီးကျိနင်းနဲ့အတူနေဖို့တောင်းဆိုခဲ့တာကြောင့်ဒီကိုရောက်နေတာဖြစ်တယ်။

ကျိနင်းဟယ်ရီ‌ေနာ့စ်ဘာလုပ်နေလဲနားလည်တယ်။အနာဂတ်မှာကျိနင်းဘေးမှာနေချင်တာကြောင့်သူ့အတွက်identityအတုတစ်ခုဖန်တီးလိုက်တာဖြစ်တယ်။

အတိတ်မေ့နေချင်ယောင်ဆောင်နေခဲ့တာမို့ကျိနင်းကပြန်ဝင်စားလာတယ်လို့ဟယ်ရီနော့စ်ကဆုံးဖြတ်ချလိုက်တယ်။သူတို့အတိတ်ကပြီးသွားပြီမို့ဟယ်ရီနော့စ်အတွက်ဒုတိယအခွင့်‌အရေးရလာတယ်။သူလက်လွတ်ခံမှာမဟုတ်ဘူး။

ကံကောင်းစွာနဲ့ထိုလူကအောက်ဆုံးလိုင်းလေးချထားပြီးချစ်သူတွေပါဆိုတဲ့မှတ်ဉာဏ်‌တွေမဖန်တီးလိုက်လို့တော်သေးတယ်။

ကျိနင်းကအခြေအနေတစ်ခုလုံးကိုစဉ်းစားလိုက်ပြီးခြုံကြည့်ရင်တော့ကောင်းပါတယ်ဆိုပြီးဆုံးဖြတ်လိုက်တယ်။ဟယ်ရီနော့စ်သာသူ့ဘေးမှာရှိနေရင်ဟောဝူလင်းသူ့ကိုတိုက်ခိုက်ဖို့ခက်ခဲသွားမှာကြောင့်ပိုပြီးလုံခြုံလိမ့်မယ်။

အဲ့ဒီ့အပြင် ဟောဝူလင်းကဝတ္ထုတွေကိုကူးသန်းနိုင်တဲ့စွမ်းအင်ရသွားတာမို့စိတ်ပူနေခဲ့တာဖြစ်တယ်။ဒါပေမဲ့ ဟယ်ရီနော့စ်ပါရောက်လာမို့ ဒါက system operator ရဲ့အမှားဖြစ်သွားပြီ။ဒီအမှားကိုပြင်ပြီးရင်ဟောဝူလင်းရော ဟယ်ရီနော့စ်ရော သူတို့ဝတ္ထုထဲကိုပြန်ရောက်သွားလိမ့်မယ်။

အဲ့ဒါကြောင့်သူတို့တွေပြန်သွားရင်သွေးစာချုပ်ပြဿနာကလည်းပြေလည်သွားလိမ့်မယ်။ဟယ်ရီနော့စ်နဲ့သူသာကမ္ဘာတစ်ခုစီမှာရှိနေရင်စာချုပ်ကအကျိုးသက်ရောက်မှုရှိမှာမဟုတ်ဘူး။

ဒါပေမဲ့ပြဿနာမဖြေရှင်းရသေးခင်အထိကုချန်ကိုဖြားယောင်းတာကိုလျှော့ထားမှဖြစ်မယ်။ဟယ်ရီနော့စ်ရဲ့မျက်စိအောက်မှာတခြားယောကျာ်းနဲ့တတွဲတွဲဖြစ်နေရင်ဟောဝူလင်းတောင်မသတ်ရသေးခင်ဟယ်ရီနော့စ်ကအရင်သတ်သွားလိမ့်မယ်။

ရေချိုးခန်းထဲကရေကျသံရပ်သွားတယ်။တစ်ချိန်ထဲမှာပဲအပြင်ကတံခါးခေါက်သံထွက်လာတယ်။ကျိနင်းကလက်ကောက်ဝတ်ကခလုတ်ကိုကြည့်လိုက်ချိန်မှာသူအချိန်အကြာကြီးမေ့လဲနေတာမဟုတ်မှန်းသိလိုက်တယ်။ကုချန်ကဆေးထည့်ပေးဖို့ရောက်လာလောက်ပြီ။

"ဒီအချိန်မှလာရတယ်လို့....."

ကျိနင်းကစိတ်ထဲမှာရေရွတ်လိုက်ပေမဲ့အခန်းထဲက optical brain ကိုကုချန်ကိုဝင်လာခိုင်းဖို့ခွင့်ပြုလိုက်တယ်။

သူနဲ့ကုချန်မကြာသေးခင်ကမှတွေ့ထားလို့တော်သေးတယ်။ဟိုလိုလိုဒီလိုလိုဆက်ဆံရေးသာရှိနေမယ်ဆိုရင်သူကတော့လွတ်နိုင်လောက်ပေမဲ့ကုချန်ကတော့အန္တရာယ်ရှိ‌နိုင်တယ်။

"စီနီယာ"

ကုချန်ရဲ့မျက်နှာချောချောကတံခါးအပြင်ဘက်ကနေပေါ်ထွက်လာတယ်။ကျိနင်းကိုပြုံးပြပြီးအခန်းထဲကိုဝင်လာတယ်။စားပွဲပေါ်ကိုစပရေးကိုကောက်ကိုင်လိုက်ပြီး "ဘယ်လိုနေသေးလဲ သက်သာလာပြီလား"

ကျိနင်းကအိပ်ရာပေါ်ကထလာပြီးကုချန်ကိုခေါင်းညိမ့်ပြလိုက်တယ်။တအောင့်လောက်စဉ်းစားပြီးပြောလိုက်တယ် "ပြန်နားလိုက်တော့ တခြားတစ်ယောက်ကဆေးထည့်ဖို့ကူညီပေးလိမ့်မယ်"

ကုချန်နဲ့ကောင်းမွန်တဲ့ဆက်ဆံရေးတစ်ခုအမြန်တည်ဆောက်ချင်ပေမဲ့ဆေးထည့်ပေးရင်အထိအတွေ့ကရှောင်လွှဲလို့မရဘူး။ဟယ်ရီနော့စ်သာတွေ့သွားရင်ကုချန်ကိုအာရုံစိုက်မိသွားလိမ့်မယ်။ဘာပဲဖြစ်ဖြစ်သူကပိုင်ဆိုင်လိုစိတ်ကြီးမားတဲ့vampireတစ်ယောက်ပဲလေ။

ဒီစကားတွေကြားလိုက်တော့ကုချန်ရဲ့စပရေးဖျန်းပေးနေတဲ့လှုပ်ရှားမှုတွေရပ်သွားတယ်။ "စီနီယာ တခြားတစ်ယောက်ကိုကူညီပေးဖို့ပြောထားတာလား"

ကျိနင်းကခေါင်းခါလိုက်တယ်။သူမရှင်းပြနိုင်ခင်မှာပဲရေချိုးခန်းတံခါးကပွင့်သွားတယ်။သူ့ရင်ဘတ်တွေကိုအနည်းငယ်ဖော်ပြထားတဲ့အနီ‌ရင့်‌ေရာင်ရေချိုးဝတ်ရုံကိုဝတ်ပြီးထွက်လာတယ်။အခန်းထဲဝင်လာချိန်မှာသူ့ဆံပင်အဖျားတွေကစိုနေတုန်းပဲ။

သူကလူသားပုံစံနဲ့ပေါ်လာတာပါ။သူ့မျက်လုံးတွေကအမည်းရောင်ဖြစ်နေပြီးအသားအရေကလည်းဖြူဖျော့မနေတော့ဘူး။သူ့ရဲ့ပုခုံးထိတောင်ရှည်လျားနေတဲ့ဆံပင်တွေကခုချိန်မှာကြော့ကြော့မော့မော့နဲ့တိုနေတယ်။သူ့ရဲ့အင်မတန်‌လှပလွန်းတဲ့အရှိန်အဝါမရှိတော့ပေမဲ့ချောမောနေဆဲဖြစ်တယ်။

သူကကုချန်ကိုမြင်လိုက်ချိန်မှာမျက်ခုံးတွေကိုအရင်ပင့်လိုက်ပြီးကျိနင်းဘေးလျှောက်လာကာဒဏ်ရာမရထားတဲ့လက်ကနေကိုင်ပြီးသူ့အနားကိုဆွဲလိုက်တယ်။အပြုံးမပီသတဲ့အပြုံးနဲ့ပြောလာတယ် "ရှောင်နင်း သူကဘယ်သူလဲ"

"......"

ဟယ်ရီနော့စ်ကဖက်ထားတာကြောင့်ကုချန်ရဲ့အကြည့်တွေကကျိနင်းစီရောက်လာတယ်။တချိန်တည်းမှာပဲကျိနင်းကပြဿနာတစ်ခုကိုရုတ်တရက်သတိထားမိသွားတယ်။

အကယ်၍အတိတ်မေ့ရောဂါရှိမ‌ေန‌ေကြာင်းမဖော်ထုတ်ချင်ရင်သူကသူစိမ်းတွေဆိုအေးစက်စက်ဆက်ဆံတတ်ပြီးရင်းနှီးတဲ့သူငယ်ချင်းတွေကိုပဲနူးညံ့တတ်တယ်ဆိုတဲ့ဟယ်ရီနော့စ်ထည့်ပေးထားတဲ့မှတ်ဉာဏ်အတိုင်းလိုက်သရုပ်ဆောင်ရလိမ့်မယ်။

အဲ့ဒါဆိုရင်ဟယ်ရီနော့စ်အထင်လွဲမှာကိုစိတ်ပူစရာမလိုတော့ပေမဲ့ကုချန်ကတော့အထင်လွဲတော့မယ်။

Tbc 🐣

(ဖတ်ပေးကြသူတိုင်းကိုကျေးဇူးတင်ပါတယ်ရှင်)

Zawgyi

လင္းႏို႔ကေန႐ုတ္တရက္ေခ်ာေမာတဲ့လူငယ္တစ္ေယာက္အျဖစ္ေျပာင္းသြားတာကိုၾကည့္ၿပီးတဲ့ေနာက္ က်ိနင္းကသူ႔ခံစားခ်က္ေတြကိုဖုံးကြယ္ဖို႔မႀကိဳးစားပါဘူး။အေနာက္ကိုသတိနဲ႔ေျခလွမ္းအနည္းငယ္ဆုတ္လိုက္ၿပီးေမးလိုက္တယ္ "မင္းဘယ္သူလဲ"

"......"

တုန္လႈပ္သြားတဲ့ထိုလူကေမးခြန္းကိုခ်က္ခ်င္းမေျဖဘဲသူ႔ကိုရႈပ္ေထြးေနတဲ့အၾကည့္နဲ႔ၾကည့္လာတယ္။ထိုလူကအနီေရာင္မ်က္လုံးေတြကိုပိတ္လိုက္ၿပီးတေအာင့္ၾကာေတာ့ျပန္ဖြင့္လိုက္ကာႏူးႏူးညံ့ညံ့ေျပာလာတယ္။

"မင္းတကယ္ကိုယ့္ကိုမမွတ္မိဘူးလား"

ထို႔ေနာက္ထိုလူကက်ိနင္းရဲ႕အက်ႌကေသြးအစြန္းေတြကိုၾကည့္ၿပီးးမ်က္ေမွာင္ႀကဳံ႕တယ္။သူ႔အမူအယာကေအးစက္သြားၿပီးအႏၲရာယ္ရွိတဲ့အသံနဲ႔ေျပာလာတယ္။ "မင္းကိုဘယ္သူနာေအာင္လုပ္တာလဲ"

"ေက်းဇူးျပဳၿပီးအခုခ်က္ခ်င္းငါ့အခန္းထဲကထြက္သြားေပးပါ"

က်ိနင္းကသူ႔လက္ေကာက္ဝတ္ကခလုတ္ကိုေျမႇာက္လိုက္ၿပီး "အကယ္၍မထြက္သြားရင္ ငါ........"

က်ိနင္းရပ္သြားၿပီးအမူအရာကေျပာင္းသြားတယ္။မ်က္ႏွာမွာေသြးဆုတ္သြားၿပီးနဖူးမွာေခြၽးသီးေတြထလာတယ္။သူေအာ္ညည္းလိုက္ၿပီးရင္ဘတ္ကအက်ႌစကိုဆုပ္ကိုင္ကာေရွ႕ကိုနာက်င္စြာလဲက်သြားတယ္။

"က်ိနင္း!"

ထိုလူကက်ိနင္းေဘးမွာခ်က္ခ်င္းေပၚလာတာေၾကာင့္ေလထဲမွာဝတ္႐ုံရွည္ကခါထြက္သြားတယ္။ၿပီးေတာ့က်ိနင္းကိုသူ႔လက္ေမာင္းထဲထည့္လိုက္တယ္။

သူ႔ႏႈတ္ခမ္းေတြဖြင့္လိုက္ခ်ိန္မွာႏွင္းလိုျဖဴတဲ့အစြယ္ေတြထြက္လာၿပီးလက္အိတ္ကိုသြားနဲ႔ကိုက္ခြၽတ္လိုက္တယ္။သူ႔လက္ေကာက္ဝတ္ကိုကိုက္လိုက္ၿပီးက်ိနင္းပါးစပ္ထဲေသြးေတြစီးဝင္ေစတယ္။

က်ိနင္းခႏၶာကိုယ္နဲ႔ဝိဉာဥ္အရွင္လတ္လတ္ဆြဲၿဖဲခံေနရသလိုနာက်င္ေနတယ္။သူ႔ပါးစပ္ထဲေသြးေတြစီးဝင္လာမွပဲထိုေသမတတ္နာက်င္မႈကသက္သာလာတယ္။

ဒီအခ်ိန္မွာနာက်င္မႈေၾကာင့္က်ိနင္းရဲ႕အသိက‌ေဝဝါးေနတယ္။ထိုလူရဲ႕လက္ေမာင္းေတြထဲအားနည္းစြာမွီထားရင္းအေတြးတစ္ခုကထပ္ခါထပ္ခါေပၚလာေနတယ္။

သူတို႔ႏွစ္ေယာက္ၾကားမွာေသြးစာခ်ဳပ္ကဘာလို႔ရွိေနေသးတာလဲ?

ဒီနာက်င္မႈကဘယ္ကလာလဲသူသိတယ္။ေသြးစာခ်ဳပ္ရဲ႕အက်ိဳးသက္ေရာက္မႈေၾကာင့္ျဖစ္တယ္။အရင္ကမာၻတစ္ခုမွာသူ႔‌ေရွ႕ကလူနဲ႔ေသြးစာခ်ဳပ္ခ်ဳပ္ဖို႔ဖိအားေပးခံခဲ့ရတယ္။အကယ္၍ထိုလူရဲ႕ေသြးကိုပုံမွန္မေသာက္ရရင္သူ႔စိတ္ေတြလြတ္သြားတဲ့အထိနာက်င္ရလိမ့္မယ္။သူ႔ကိုကယ္ႏိုင္မဲ့တစ္ခုတည္းေသာေသြးကိုေသမတတ္ေသာက္ခ်င္ေနလိမ့္မယ္။

ဟယ္ရီေနာ့စ္....

တကယ္ေတာ့အဲ့ဒီ့လင္းႏို႔ကိုျမင္လိုက္ထဲကဘယ္သူလာေနမွန္းသိလိုက္ၿပီးသားပါ။

ဟယ္ရီေနာ့စ္ ကက်ိနင္းရဲ႕ပထမဆုံးကမာၻကေတာ္ဝင္မင္းသားတစ္ပါးပါ။သူလင္းႏို႔ပုံေျပာင္းသြားတာကိုခဏခဏျမင္ဖူးခဲ့တယ္။ေဟာဝူလင္းက႐ုတ္တရက္ေပၚလာ‌တာေၾကာင့္ ဟယ္ရီေနာ့စ္ လည္းေပၚလာႏိုင္တယ္ဆိုတာသံသယဝင္ခဲ့တယ္။

ေနာက္ထပ္ဇာတ္လိုက္တစ္ေယာက္ဘာလို႔ေရာက္လာလဲစဥ္းစားဖို႔ေနာက္က်လြန္းေနၿပီ။ဒီတစ္ခါမွာေတာ့က်ိနင္းရဲ႕သ႐ုပ္ေဆာင္မႈကျပစ္ခ်က္မရွိဘူး။အတိတ္ေမ့ေနၿပီး ဟယ္ရီေနာ့စ္ ကိုမသိသလိုဟန္ေဆာင္ေနလိုက္တယ္။

သူအဲ့လိုလုပ္ရတဲ့အေၾကာင္းကအဲ့ဒီ့ကမာၻမွာသူနဲ႔ ဟယ္ရီေနာ့စ္ ရဲ႕ဆက္ဆံေရးကရႈပ္ေထြးတယ္။က်ိနင္းသ႐ုပ္ေဆာင္ခဲ့တဲ့ vampire hunter character က vampireေတြအကုန္လုံးကိုစက္ဆုပ္တယ္။ေနာက္ပိုင္းမွာ အဖမ္းခံလိုက္ရၿပီး ဟယ္ရီေနာ့စ္ စီမွာအသတ္ခံလိုက္ရတယ္။ေနာက္ဆုံးအခ်ိန္ထိမုန္းေနရင္းေပါ့။

အဲ့လို ကာ႐ိုက္တာမ်ိဳးကိုဆက္သ႐ုပ္ေဆာင္ေနတာက အဓိပၸာယ္မရွိဘဲ ဒုကၡမ်ားတယ္။ အဲ့ဒါေၾကာင့္ဆက္သ႐ုပ္မ‌ေဆာင္ဖို႔က်ိနင္းဆုံးျဖတ္လိုက္တယ္။

အဲ့ဒီ့အျပင္ ဟယ္ရီ‌ေနာ့စ္ ကိုေမ့ခ်င္ေယာင္ေဆာင္တာကတျခားအက်ိဳးေက်းဇူးေတြလည္းရွိေသးတယ္။ vampire ကမာၻမွာ ျပန္လည္ဝင္စားျခင္းကိုယုံၾကည္ၾကတယ္။ ဟယ္ရီေနာ့စ္ ကက်ိနင္းသူ႔လက္ထဲမွာေသသြားတာကိုေစာင့္ၾကည့္ေနခဲ့တာမို႔မမွတ္မိခ်င္ေယာင္ေဆာင္လိုက္ရင္ျပန္လည္ဝင္စားလာတယ္ဆိုၿပီးယုံသြားလိမ့္မယ္။ ဟယ္ရီေနာ့စ္ ကသူ႔အေပၚမွာနက္ရႈိင္းတဲ့အျပစ္ရွိစိတ္ေတြခိုေအာင္းေနတာမို႔အႏၲရာယ္ေပးမွာမဟုတ္တာသိေနတယ္။

ဒီလိုတြက္ခ်က္ထားေပမဲ့သူတို႔ႏွစ္ေယာက္ၾကားေသြးစာခ်ဳပ္ရွိေနေသးၿပီးျပန္ေတြ႕ခ်ိန္မွာက်ိနင္းကိုျပင္းထန္တဲ့နာက်င္မႈနဲ႔တပ္မက္စိတ္ေတြျဖစ္ေစမယ္မွန္းမေမွ်ာ္လင့္ထားဘူး။

ဒီလိုစာခ်ဳပ္မ်ိဳးကအဆင့္ျမင့္vampireေတြအတြက္ထူးျခားတယ္။အရင္တုန္းက ဟယ္ရီေနာ့စ္ ကက်ိနင္းကိုသူ႔ေသြးတိုက္ခဲ့ၿပီး က်ိနင္းလည္ပင္းကေနက်ိနင္းေသြးကိုျပန္ေသာက္ခဲ့တယ္။ အဲ့လိုနဲ႔က်ိနင္းရဲ႕ခႏၶာကိုယ္မွာေသြးစာခ်ဳပ္ေပၚလာခဲ့တယ္။

အဲ့ဒီ့ခ်ိန္ကစၿပီးက်ိနင္းကိုဟယ္ရီ‌ေနာ့စ္လုံးဝထိန္းခ်ဳပ္ႏိုင္ခဲ့တယ္။ေသြးစာခ်ဳပ္အသက္ဝင္လာတိုင္းသူ႔ေရွ႕ကလူကနတ္ဘုရားတစ္ပါးလိုက်ိနင္း ဟယ္ရီေနာ့စ္ ကိုနာခံခ်င္လာမယ္။

အဲ့လိုဆက္ဆံေရးမ်ိဳးကက်ိနင္းအတြက္တကယ္ဆိုးပါတယ္။ Blood clan ဝတၳဳကေနထြကိသြားဖို႔အရမ္းေပွ်ာ္႐ႊင္ေနခဲ့ၿပီးေသြးစာခ်ဳပ္ကလည္းတစ္ခ်ိန္တည္းမွာေပ်ာက္သြားမယ္လို႔ထင္ခဲ့တယ္။ဟယ္ရီေနာ့စ္ နဲ႔ထပ္ေတြ႕ရလိမ့္မယ္လို႔မေမွ်ာ္လင့္ထားတဲ့အျပင္ေသြးစာခ်ဳပ္ကလည္းတျခားကမာၻမွာအက်ိဳးသက္ေရာက္ေနဦးမယ္လို႔မထင္ထားဘူး။

ကံမေကာင္းလိုက္တာ ဟယ္ရီေနာ့စ္ ကလည္းဒီကမာၻမွာဘယ္လိုေပၚလာျပန္တာလဲ။ ဟယ္ရီေနာ့စ္ ရဲ႕ေသြးကိုမေသာက္ရတာၾကာၿပီျဖစ္တာေၾကာင့္ေသြးစာခ်ဳပ္ကႀကီးမားတဲ့အျပစ္ဒဏ္အျဖစ္စုၿပဳံေနတယ္။ ဟယ္ရီေနာ့စ္ ကသူ႔ေသြးကိုခ်က္ခ်င္းတိုက္ေပမဲ့ က်ိနင္းရဲ႕ခႏၶာကိုယ္ကဒီဖိအားကိုမခံႏိုင္တာေၾကာင့္မၾကာခင္မွာပဲေမ့လဲသြားတယ္။

-----------------------------

က်ိနင္းမ်က္လုံးေတြကိုျပန္ဖြင့္လိုက္ခ်ိန္မွာသူ႔ရဲ႕ဟိုတယ္ခန္းထဲကအိပ္ရာမွာလွဲေနတာကိုသိလိုက္ရတယ္။က်ိနင္းေျဖးေျဖးခ်င္ထထိုင္လိုက္တယ္။ေသြးစာခ်ဳပ္ရဲ႕သက္ေရာက္မႈအႂကြင္းအက်န္ကသူ႔ကိုမူးေဝ‌ေစေနတုန္းပဲ။သူ႔ပါးစပ္ထဲမွာေသြးအႂကြင္းအက်န္ေတြရွိေနတုန္းပဲ။ဒါေပမဲ့အဲ့ဒီ့အရသာကိုမေတာင့္တေတာ့ဘူး။ေသြးစာခ်ဳပ္ေၾကာင့္ေသြး႐ူးေသြးတန္းျဖစ္သြားရတာကၿပီးသြားပုံေပၚတယ္။

သူ႔ကိုယ္ကိုငုံ႔ၾကည့္လိုက္ေတာ့ေသြးစြန္းေနတဲ့အဝတ္အစားေတြကိုလဲေပးထားၿပီးလက္ေမာင္းကဒဏ္ရာကလည္းအေတာ္ေလးသက္သာေနၿပီ။ ဟယ္ရီေနာ့စ္ လုပ္ေပးထားတာပဲျဖစ္ရမယ္။

ေရသံကသူ႔အာ႐ုံေတြကိုဖမ္းစားသြားကာသတိမထားမိဘဲေရခ်ိဳးခန္းဘက္ကိုသူ႔မ်က္လုံးေတြ‌ေ႐ႊ႕လိုက္မိတယ္။

ဟယ္ရီေနာ့စ္ ကအခန္းထဲမွာရွိမေနတာေၾကာင့္ေရခ်ိဳးခန္းထဲမွာရွိေနမွာေပါ့။ဒါေပမဲ့ဘာလို႔ေရခ်ိဳးေနတာလဲ။

က်ိနင္းကအေၾကာင္းအရင္းကိုမခန႔္မွန္းႏိုင္ပါဘူး။သူနဲ႔မဆိုင္တဲ့သူ႔ေခါင္းထဲကမွတ္ဉာဏ္ေတြကိုရွာေတြ႕လိုက္ခ်ိန္မွာသူ႔အမူအယာက႐ုတ္တရက္တြန႔္လိမ္သြားတယ္။

ေသြးမ်ိဳးႏြယ္မင္းသားတစ္ေယာက္အေနနဲ႔လူေတြရဲ႕မွတ္ဉာဏ္ကိုျပဳျပင္ႏိုင္တဲ့စြမ္းအင္ရွိတယ္။အခုမွတ္ဉာဏ္ေတြကလည္းသူေမ့ေနခ်ိန္မွာ ဟယ္ရီေနာ့စ္ ထည့္ေပးထားပုံေပၚတယ္။

က်ိနင္းကကမာၻေတြနဲ႔မသက္ဆိုင္တဲ့ကူးသန္းသူတစ္ေယာက္ျဖစ္တယ္။တာဝန္ေတြနဲ႔ပတ္သတ္တဲ့အေရးႀကီးအခ်က္အလက္ေတြေပ်ာက္သြားတာမ်ိဳးမျဖစ္ဖို႔သူ႔မွတ္ဉာဏ္ကိုsystemကကာကြယ္ေပးထားတယ္။တစ္ခ်ိန္တည္းမွာပဲမွတ္ဉာဏ္ေတြျပင္ဆင္ခံရျခင္းကလည္းကာကြယ္ေပးတယ္။အဲ့ဒါေၾကာင့္သူ႔အေပၚမွာ ဟယ္ရီေနာ့စ္ရဲ႕စြမ္းအင္ေတြကအသုံးမဝင္ဘူး။

က်ိဳးေၾကာင္းဆီေလ်ာ္တဲ့မွတ္ဉာဏ္အသစ္ေတြဖန္တီးဖို႔ဟယ္ရီေနာ့စ္ကသူ႔မွတ္ဉာဏ္ေဟာင္းေတြကိုဝင္ဖတ္ၾကည့္ခဲ့ေပမဲ့အဲ့ဒါေတြအကုန္လုံးကsystemကထည့္ေပးထားတဲ့မွတ္ဉာဏ္အတုေတြျဖစ္တယ္။

ဟယ္ရီေနာ့စ္ထည့္ေပးထားတဲ့မွတဲ့မွတ္ဉာဏ္ေတြအရသူနဲ႔က်ိနင္းကေကာင္းမြန္တဲ့ဆက္ဆံေရးရွိတဲ့ရင္းႏွီးတဲ့သူငယ္ခ်င္းေတြျဖစ္တယ္။ ဟယ္ရီေနာ့စ္ကလူဟန္ေဆာင္ထားတဲ့vampireမွန္းက်ိနင္းသိ‌ေနေပမဲ့ဂ႐ုမစိုက္ပါဘူး။ဟယ္ရီေနာ့စ္ကသူ႔အတြက္ထူးျခားၿပီးက်ိနင္းကသူ႔ရဲ႕ႏူးညံ့တဲ့ဘက္ျခမ္းကိုဟယ္ရီေနာ့စ္တစ္ေယာက္တည္းကိုပဲျပတယ္။

ႏွစ္တစ္ေထာင္ေလာက္အသက္ရွင္ေနတဲ့vampireတစ္ေယာက္‌အေနနဲ႔သူ႔မ်က္ႏွာကိုဘယ္လိုေတာင္ျပရဲေသးတာလဲ.....

က်ိနင္းကေရခ်ိဳးခန္းထဲကိုေငးေၾကာင္ေၾကာင္ၾကည့္ေနမိတယ္။

မွတ္ဉာဏ္တုအရ ဟယ္ရီေနာ့စ္ကက်ိနင္းဒဏ္ရာအေၾကာင္းၾကားၿပီးက်ိနင္းနဲ႔အတူေနဖို႔ေတာင္းဆိုခဲ့တာေၾကာင့္ဒီကိုေရာက္ေနတာျဖစ္တယ္။

က်ိနင္းဟယ္ရီ‌ေနာ့စ္ဘာလုပ္ေနလဲနားလည္တယ္။အနာဂတ္မွာက်ိနင္းေဘးမွာေနခ်င္တာေၾကာင့္သူ႔အတြက္identityအတုတစ္ခုဖန္တီးလိုက္တာျဖစ္တယ္။

အတိတ္ေမ့ေနခ်င္ေယာင္ေဆာင္ေနခဲ့တာမို႔က်ိနင္းကျပန္ဝင္စားလာတယ္လို႔ဟယ္ရီေနာ့စ္ကဆုံးျဖတ္ခ်လိုက္တယ္။သူတို႔အတိတ္ကၿပီးသြားၿပီမို႔ဟယ္ရီေနာ့စ္အတြက္ဒုတိယအခြင့္‌အေရးရလာတယ္။သူလက္လြတ္ခံမွာမဟုတ္ဘူး။

ကံေကာင္းစြာနဲ႔ထိုလူကေအာက္ဆုံးလိုင္းေလးခ်ထားၿပီးခ်စ္သူေတြပါဆိုတဲ့မွတ္ဉာဏ္‌ေတြမဖန္တီးလိုက္လို႔ေတာ္ေသးတယ္။

က်ိနင္းကအေျခအေနတစ္ခုလုံးကိုစဥ္းစားလိုက္ၿပီးၿခဳံၾကည့္ရင္ေတာ့ေကာင္းပါတယ္ဆိုၿပီးဆုံးျဖတ္လိုက္တယ္။ဟယ္ရီေနာ့စ္သာသူ႔ေဘးမွာရွိေနရင္ေဟာဝူလင္းသူ႔ကိုတိုက္ခိုက္ဖို႔ခက္ခဲသြားမွာေၾကာင့္ပိုၿပီးလုံၿခဳံလိမ့္မယ္။

အဲ့ဒီ့အျပင္ ေဟာဝူလင္းကဝတၳဳေတြကိုကူးသန္းႏိုင္တဲ့စြမ္းအင္ရသြားတာမို႔စိတ္ပူေနခဲ့တာျဖစ္တယ္။ဒါေပမဲ့ ဟယ္ရီေနာ့စ္ပါေရာက္လာမို႔ ဒါက system operator ရဲ႕အမွားျဖစ္သြားၿပီ။ဒီအမွားကိုျပင္ၿပီးရင္ေဟာဝူလင္းေရာ ဟယ္ရီေနာ့စ္ေရာ သူတို႔ဝတၳဳထဲကိုျပန္ေရာက္သြားလိမ့္မယ္။

အဲ့ဒါေၾကာင့္သူတို႔ေတြျပန္သြားရင္ေသြးစာခ်ဳပ္ျပႆနာကလည္းေျပလည္သြားလိမ့္မယ္။ဟယ္ရီေနာ့စ္နဲ႔သူသာကမာၻတစ္ခုစီမွာရွိေနရင္စာခ်ဳပ္ကအက်ိဳးသက္ေရာက္မႈရွိမွာမဟုတ္ဘူး။

ဒါေပမဲ့ျပႆနာမေျဖရွင္းရေသးခင္အထိကုခ်န္ကိုျဖားေယာင္းတာကိုေလွ်ာ့ထားမွျဖစ္မယ္။ဟယ္ရီေနာ့စ္ရဲ႕မ်က္စိေအာက္မွာတျခားေယာက်ာ္းနဲ႔တတြဲတြဲျဖစ္ေနရင္ေဟာဝူလင္းေတာင္မသတ္ရေသးခင္ဟယ္ရီေနာ့စ္ကအရင္သတ္သြားလိမ့္မယ္။

ေရခ်ိဳးခန္းထဲကေရက်သံရပ္သြားတယ္။တစ္ခ်ိန္ထဲမွာပဲအျပင္ကတံခါးေခါက္သံထြက္လာတယ္။က်ိနင္းကလက္ေကာက္ဝတ္ကခလုတ္ကိုၾကည့္လိုက္ခ်ိန္မွာသူအခ်ိန္အၾကာႀကီးေမ့လဲေနတာမဟုတ္မွန္းသိလိုက္တယ္။ကုခ်န္ကေဆးထည့္ေပးဖို႔ေရာက္လာေလာက္ၿပီ။

"ဒီအခ်ိန္မွလာရတယ္လို႔....."

က်ိနင္းကစိတ္ထဲမွာေရ႐ြတ္လိုက္ေပမဲ့အခန္းထဲက optical brain ကိုကုခ်န္ကိုဝင္လာခိုင္းဖို႔ခြင့္ျပဳလိုက္တယ္။

သူနဲ႔ကုခ်န္မၾကာေသးခင္ကမွေတြ႕ထားလို႔ေတာ္ေသးတယ္။ဟိုလိုလိုဒီလိုလိုဆက္ဆံေရးသာရွိေနမယ္ဆိုရင္သူကေတာ့လြတ္ႏိုင္ေလာက္ေပမဲ့ကုခ်န္ကေတာ့အႏၲရာယ္ရွိ‌ႏိုင္တယ္။

"စီနီယာ"

ကုခ်န္ရဲ႕မ်က္ႏွာေခ်ာေခ်ာကတံခါးအျပင္ဘက္ကေနေပၚထြက္လာတယ္။က်ိနင္းကိုၿပဳံးျပၿပီးအခန္းထဲကိုဝင္လာတယ္။စားပြဲေပၚကိုစပေရးကိုေကာက္ကိုင္လိုက္ၿပီး "ဘယ္လိုေနေသးလဲ သက္သာလာၿပီလား"

က်ိနင္းကအိပ္ရာေပၚကထလာၿပီးကုခ်န္ကိုေခါင္းညိမ့္ျပလိုက္တယ္။တေအာင့္ေလာက္စဥ္းစားၿပီးေျပာလိုက္တယ္ "ျပန္နားလိုက္ေတာ့ တျခားတစ္ေယာက္ကေဆးထည့္ဖို႔ကူညီေပးလိမ့္မယ္"

ကုခ်န္နဲ႔ေကာင္းမြန္တဲ့ဆက္ဆံေရးတစ္ခုအျမန္တည္ေဆာက္ခ်င္ေပမဲ့ေဆးထည့္ေပးရင္အထိအေတြ႕ကေရွာင္လႊဲလို႔မရဘူး။ဟယ္ရီေနာ့စ္သာေတြ႕သြားရင္ကုခ်န္ကိုအာ႐ုံစိုက္မိသြားလိမ့္မယ္။ဘာပဲျဖစ္ျဖစ္သူကပိုင္ဆိုင္လိုစိတ္ႀကီးမားတဲ့vampireတစ္ေယာက္ပဲေလ။

ဒီစကားေတြၾကားလိုက္ေတာ့ကုခ်န္ရဲ႕စပေရးဖ်န္းေပးေနတဲ့လႈပ္ရွားမႈေတြရပ္သြားတယ္။ "စီနီယာ တျခားတစ္ေယာက္ကိုကူညီေပးဖို႔ေျပာထားတာလား"

က်ိနင္းကေခါင္းခါလိုက္တယ္။သူမရွင္းျပႏိုင္ခင္မွာပဲေရခ်ိဳးခန္းတံခါးကပြင့္သြားတယ္။သူ႔ရင္ဘတ္ေတြကိုအနည္းငယ္ေဖာ္ျပထားတဲ့အနီ‌ရင့္‌ေရာင္ေရခ်ိဳးဝတ္႐ုံကိုဝတ္ၿပီးထြက္လာတယ္။အခန္းထဲဝင္လာခ်ိန္မွာသူ႔ဆံပင္အဖ်ားေတြကစိုေနတုန္းပဲ။

သူကလူသားပုံစံနဲ႔ေပၚလာတာပါ။သူ႔မ်က္လုံးေတြကအမည္းေရာင္ျဖစ္ေနၿပီးအသားအေရကလည္းျဖဴေဖ်ာ့မေနေတာ့ဘူး။သူ႔ရဲ႕ပုခုံးထိေတာင္ရွည္လ်ားေနတဲ့ဆံပင္ေတြကခုခ်ိန္မွာေၾကာ့ေၾကာ့ေမာ့ေမာ့နဲ႔တိုေနတယ္။သူ႔ရဲ႕အင္မတန္‌လွပလြန္းတဲ့အရွိန္အဝါမရွိေတာ့ေပမဲ့ေခ်ာေမာေနဆဲျဖစ္တယ္။

သူကကုခ်န္ကိုျမင္လိုက္ခ်ိန္မွာမ်က္ခုံးေတြကိုအရင္ပင့္လိုက္ၿပီးက်ိနင္းေဘးေလွ်ာက္လာကာဒဏ္ရာမရထားတဲ့လက္ကေနကိုင္ၿပီးသူ႔အနားကိုဆြဲလိုက္တယ္။အၿပဳံးမပီသတဲ့အၿပဳံးနဲ႔ေျပာလာတယ္ "ေရွာင္နင္း သူကဘယ္သူလဲ"

"......"

ဟယ္ရီေနာ့စ္ကဖက္ထားတာေၾကာင့္ကုခ်န္ရဲ႕အၾကည့္ေတြကက်ိနင္းစီေရာက္လာတယ္။တခ်ိန္တည္းမွာပဲက်ိနင္းကျပႆနာတစ္ခုကို႐ုတ္တရက္သတိထားမိသြားတယ္။

အကယ္၍အတိတ္ေမ့ေရာဂါရွိမ‌ေန‌ေၾကာင္းမေဖာ္ထုတ္ခ်င္ရင္သူကသူစိမ္းေတြဆိုေအးစက္စက္ဆက္ဆံတတ္ၿပီးရင္းႏွီးတဲ့သူငယ္ခ်င္းေတြကိုပဲႏူးညံ့တတ္တယ္ဆိုတဲ့ဟယ္ရီေနာ့စ္ထည့္ေပးထားတဲ့မွတ္ဉာဏ္အတိုင္းလိုက္သ႐ုပ္ေဆာင္ရလိမ့္မယ္။

အဲ့ဒါဆိုရင္ဟယ္ရီေနာ့စ္အထင္လြဲမွာကိုစိတ္ပူစရာမလိုေတာ့ေပမဲ့ကုခ်န္ကေတာ့အထင္လြဲေတာ့မယ္။

Tbc 🐣

(ဖတ္ေပးၾကသူတိုင္းကိုေက်းဇူးတင္ပါတယ္ရွင္)

Continue Reading

You'll Also Like

39.5K 4.9K 93
Nanpai Sanshu 盗墓笔记 (Daomu biji) Novel Myanmar translation Iron-trangle(Trickly bromance🚨 Not BL🚨)
286K 22.7K 55
What's going on with savage male empress Ru Ru from heaven ? MAHARVERSE SEASON 2|| START DATE - June 26 2023 END DATE - May 9 2024
92.7K 15.2K 154
💥New BL Coming Soon Title- Don't Discriminate Against Species Description ဖူလီက လောကကြီးကို မမြင်တွေ့ဖူးသော ကျေးလက်ဒေသမှ မိစ္ဆာလေးတစ်ယောက်ဖြစ်ခဲ့သ...
17.7K 1.3K 5
Author - 即墨遥 Status - 94 Chapters + 7 Extras (Completed) Eng tran - not complete Eng tran link - https://www.novelupdates.com/series/the-villains-all...