အခြေ‌အနေပေါ်မူတည်ပြီး ကွာရှင်...

By eithethmue

40.5K 3.6K 119

Title - Divorce is the condition Divorce is the condition More

Description
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36.1
Chapter 36.2
Chapter 37.2
Chapter 38
Chapter 39.1
Chapter 39.2
Chapter 40
Chapter 41.1
Chapter 41.2
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73
Chapter 74
Chapter 75
Chapter 76
Chapter 77
Chapter 78
Chapter 79
Chapter 80
Chapter 81
Chapter 82

Chapter 37.1

366 35 1
By eithethmue

Chapter 37.1

ရိုစီနာ သည် နံရံတွင် ချိတ်ဆွဲထားသည့် မီးအိမ်ကို ဆွဲကာ အခန်းထဲသို့ လျှောက်သွားကြည့်သည်။ အချိန်တွေ ရပ်တန့်သွားသလိုပင်၊ခေတ်မမီတော့သည့် ပစ္စည်းတွေက မပျက်မစီးဘဲ ကျန်ရှိနေသည်။ သစ်သားစားပွဲဘေးတွင် စာအုပ်စင်တစ်ခုရှိပြီး တင်းကျပ်စွာ ထုပ်ပိုးထားသော စာအုပ်များသည် စာရွက်ဟောင်းနံ့ တသောသောနှင့် စီရီထားသည်။ အခန်းက သိပ်မကျယ်တာကြောင့် ပရိဘောဂကလည်း နည်းပါးသည်။

သူမသည် အဖေဖြစ်သူ ဘ၀တစ်လျှောက်လုံး အသုံးပြုခဲ့သော အရာများကို ကြည့်ရင်း လက်နှင့်ပွတ်ကြည့်လိုက်သည်။ထိုအခါ ဖုန်တွေ ထူထပ်နေတာကို တွေ့ရသဖြင့် သူမ ဖုန်ကို အရင်ဆုံး ရှင်းရတော့မည် ဖြစ်သည်။

ထို့နောက် သူမသည် ပြတင်းပေါက်ကိုဖွင့်ပြီး ဖုန်တွေကို သုတ်လိုက်၏။အတန်ကြာ သန့်ရှင်းရေးလုပ်ပြီးသည့်အခါ ကုလားထိုင်ကို ဆွဲထုတ်ပြီး ထိုင်လိုက်သည်။သူမ ထိုင်ခုံပေါ်မှာ ထိုင်နေရင်းက အဖေဖြစ်သူ၏ အသံကို ကြားလိုက်ရသလိုပင်။ သူတစ်ပါးအပေါ် သဘောထားကြီးပြီး ချိုမြိန်လွန်းလှသော ဖခင်၏ ပုံစံသည် သူမ မျက်စိထဲ ပေါ်လာတော့သည်။

သူသည် ရာနီယာ နှင့် သူမကိုခွဲခြားမှုမရှိဘဲ အတူတူ ချစ်ခဲ့သည်။ သူ ဘယ်လောက်ပင် အလုပ်များများ၊သူမနှင့် အတူတူလမ်းလျှောက်ပေးတတ်သည်။ ဖခင်ဖြစ်သူနှင့် သူမ၏ အမှတ်တရများအကြောင်းတွေးနေရင်း ပိတ်ထားသော အံဆွဲတစ်ခုကို သတိထားမိသွားရသည်။သူမလည်း အံဆွဲကို ဖွင့်ကြည့်လိုက်ရာ ဒိုင်ယာရီစာအုပ်ဟောင်း၊ စာအိတ်တစ်ခုနှင့် မှိန်ဖျော့နေသော ပုံတူပန်းချီကား တစ်ချပ်ကို တွေ့ရသည်။

ရိုစီနာ သည် ပုံတူကို ပထမဆုံး ကြည့်လိုက်ရာ သူမ နှင့် တူသော အမျိုးသမီးတစ်ဦးသည် အနည်းငယ် ပြုံးထားပုံကို တွေ့ရ၏။

"ဒါ ဘယ်သူလဲ..."

သူမ အရင်က ထိုအမျိုးသမီးကို မမြင်ဖူးပေ။သူမသည် ထိုအမျိုးသမီး၏ ကောက်နေသော အနီရောင်ဖျော့ဖျော့ဆံပင်နှင့် နီညိုရောင် မျက်လုံးများကို စိုက်ကြည့်ရင်း ဒိုင်ယာရီကို တစ်ချက် ကြည့်လိုက်ပြန်သည်။ ဒိုင်ယာရီ၏ မျက်နှာဖုံးတွင် 'ဖီလီယန် အက်စတာရော့' ဟူသော အမည်ကို ရေးသားထားသည်။

သူမ အဖေရဲ့ ဒိုင်ယာရီကို မဆင်မခြင် ဖတ်လို့ရပါ့မလား…

ထိုအကြောင်းကို စဉ်းစားကြည့်ရင်း၊ ဖခင်ဖြစ်သူက အကြောင်းပြချက် တစ်ခုကြောင့် သော့ပေးခဲ့ခြင်း ဖြစ်ရမည်ဟု တွေးကာ ဒိုင်ယာရီ၏ ပထမစာမျက်နှာကို သူမ ဖွင့်လိုက်ရာ စက္ကူသံနှင့်အတူ ဒိုင်ယာရီထဲမှ နှင်းဆီပန်းခြောက်တစ်ပွင့် ချောက်ကနဲ ပြုတ်ကျသွားသည်။ သူမလည်း နှင်းဆီပန်းကို သေချာ ဘေးဖယ်ထားပြီး ဒိုင်ယာရီ၏ ပထမစာမျက်နှာကို ဖတ်ကြည့်သည်။စာမျက်နှာ ထိပ်တွင် သူမ မမွေးမီက ရက်စွဲတစ်ခု တပ်ထားသည်။

[ငါ့ဘဝရဲ့ကောင်းချီး…ငါ့ဘဝရဲ့ အလင်း… ရိုစီနာ… ငါ သူမကိုတွေ့ခွင့်ရတာ သိပ်ကို ကံကောင်းတယ်]

သူမလည်း ဒိုင်ယာရီမှာ ရေးထားသည့် နာမည်ကို သေချာပြန်ဖတ်လိုက်သေးသည်။ထပ်ခါတလဲလဲ ဖတ်ပြီးနောက်တွင် ဤဒိုင်ယာရီတွင် ရေးထားသော ရိုစီနာ ဆိုသည့်အမည်သည် သူမအကြောင်း မဟုတ်နိုင်ဟု ယူဆလိုက်မိသည်။ထို့အပြင် ရက်စွဲသည် သူမ မမွေးမီ ကတည်းက ဖြစ်နေသည်။ ရိုစီနာ သည် ဒိုင်ယာရီ၏ နောက်တစ်မျက်နှာကို ဖြည်းညှင်းစွာလှန်ကြည့်လိုက်ပြန်သည်။

ဒိုင်ယာရီထဲတွင် ဖော်ပြထားသော အမျိုးသမီးမှာ သူမနှင့် မျိုးရိုးတူနေသော ဖလိုဝီ ရိုစီနာ ဖြစ်သည်။ထိုအမျိုးသမီးသည် သူမ၏ အမေ မက်စယ်လာ နှင့် မဆုံခင်က ဖြစ်ခဲ့ကြသည့် ချစ်သူ ဖြစ်နိုင်၏။ထို့နောက် ဆက်ဖတ်လိုက်ရာ သူမ၏ ဖခင်ဖြစ်သူနှင့် ဖလိုဝီ အမည်ရှိ အမျိုးသမီးကြားက ဆက်ဆံရေးအကြောင်းကို ဆက်ပြီးသိခွင့်ရလာလေသည်။

[ဖလိုဝီမှာ ငါ့ကလေးရှိတယ်]

သူမ စာကို ဆက်မဖတ်တော့ပေ။

ဖလိုဝီ မှာ ကလေးရှိတယ်ဆိုရင်…

ဒါဆို သူမမှာ ဖအေတူမအေကွဲ မွေးချင်း တစ်ယောက် ထပ်ရှိနေသေးတယ်လို့ ဆိုလိုတာလား…

ရိုစီနာ သည် သူမ၏ နှလုံးခုန်သံတဒိန်းဒိန်းကို ပြန်နားထောင်ရင်း စာသားကို အထပ်ထပ်အခါခါ ဖတ်ကြည့်လိုက်ပြန်သည်။ထို့နောက် အသက်ပြင်းပြင်းရှူပြီး နောက်တစ်မျက်နှာကို ဆက်ဖတ်လိုက်၏။

[သူမက ကလေးကို ရိုစီနာ ဆိုတဲ့ နာမည်နဲ့ပဲ ပေးပါလို့ ပြောခဲ့တယ်]



ရိုစီနာ ၏ မျက်လုံးများ တုန်လှုပ်သွားပြီး အောက်က စာသားကို မယုံနိုင်စွာဖြင့် ဆက်ဖတ်ကြည့်လိုက်သည်။

[ရိုစီနာ အက်စတာရော့…လို့ ပေးလိုက်ကြတယ်…သိပ်ကို ချစ်စရာကောင်းတဲ့ နာမည်လေးပဲ...]

ရိုစီနာ တုန်လှုပ်သွားကာ သူမ နှလုံးသားတစ်ခုလုံး ပြိုလဲသွားသည်။

“……”

သူမသည် ကတုန်ကယင်ဖြင့် ဒိုင်ယာရီကို ချထားလိုက်သည်။ အကြိမ်ပေါင်းများစွာ ဖတ်ပြီးသည့်တိုင် ဒိုင်ယာရီပေါ်ရှိ နာမည်က မပြောင်းလဲသေး၊ ရိုစီနာအက်စတာရော့ ပင်။သူမလည်း ထိုစာမျက်နှာပေါ်က ရက်စွဲကို ကြည့်လိုက်ရာ သူမ မွေးနေ့နှင့် တစ်ထပ်တည်း တူနေတော့သည်။

“!”

သူမ၏ နှလုံးသားက ပေါက်ထွက်တော့မည်ဖြစ်၍ ရင်ဘတ်ကို ဖိထားရသည်။ ဒိုင်ယာရီမှာ ရေးထားသည့် အကြောင်းအရာတွေက အမှန်ဆိုလျှင် သူမ၏ အမေက မက်စယ်လာ မဟုတ်ဘဲ ဖလိုဝီရိုစီနာ ဟု ခေါ်သည့် အမျိုးသမီး ဖြစ်နေလေသည်။သို့သော်လည်း သူမသည် ဤအကြောင်းကို ယခုမှ ပထမဆုံး သိရခြင်းဖြစ်သည်။ သူမ အဖေရော မက်စယ်လာ ပါ၊ သူမကို တစ်ခါမှ မပြောဖူးပေ။သူမ စိတ်ရှုပ်လာရကာ တုန်ရီနေသော နှုတ်ခမ်းများကို ကိုက်ထားလိုက်သည်။ တုန်လှုပ်နေသော သူမ နှလုံးသားကို ငြိမ်သက်အောင် ခဏနေပြီးနောက် နောက်တစ်ရွက်ကို လှန်လိုက်ပြန်သည်။

[ဖလိုဝီက ဘေးကင်းကင်းနဲ့ပဲ သူမကို မွေးဖွားနိုင်ခဲ့တယ်…ကလေးလေးကလည်း ဖလိုဝီနဲ့ အရမ်းတူတော့ သိပ်ချစ်စရာကောင်းတယ်]

ထို စာမျက်နှာနောက်မှာတော့ သူမက ဘယ်လိုပုံလဲ၊ ဒီနေ့ သူမ ဘာလုပ်ခဲ့လဲ... သူမ ဘယ်လိုကြီးပြင်းလာလဲ...စသည်ဖြင့် အဆုံးမသတ်နိုင်သော သူမ(ရိုစီနာ) အကြောင်းတွေ ရှိနေကြ၏။

ရိုစီနာသည် စာကို ဖတ်ရင်း ငိုလိုက်မိသည်။

ကွယ်လွန်သူ ဖခင်ဖြစ်သူက သူမကို ဘယ်လောက်တောင် ချစ်ခဲ့သလဲ…

ဒိုင်ယာရီ၏ အခန်းအချို့ကို ဖတ်ပြီးသွားသောအခါ ဖလိုဝီ ၏ကလေးသည် သူမ ဖြစ်ကြောင်း အခိုင်အမာယုံကြည်သွားရသည်။

[ငါတို့ဖလိုဝီ ကို သင်္ဂြိုဟ်ခဲ့ကြတယ်...]

ဤအခန်းအတွက် စာရွက်တစ်ရွက်မှာ တစ်ပိုင်းတစ်စ စုတ်ပြဲနေသည်။ စာလုံးတွေလည်း စွန်းထင်းကာ မင်ပျံ့နေတာကြောင့် မျက်ရည်တွေကြောင့် ဖြစ်နိုင်၏။

[ဖလိုဝီ မသေခင် ရိုစီနာ မိသားစုရဲ့ လျှို့ဝှက်ချက်ကို ပြောပြခဲ့တယ်…ငါ မယုံနိုင်ခဲ့ဘူး]

ရိုစီနာ မိသားစု၏ လျှို့ဝှက်ချက်…

သို့သော်လည်း ထိုလျှို့ဝှက်ချက်ကို  ဒိုင်ယာရီမှာ မရေးထားပေ။ဖလိုဝီ နှင့် ပတ်သက်သော ဒိုင်ယာရီသည် ထိုနေရာတွင်သာ အဆုံးသတ်ခဲ့သည်။စာမျက်နှာ အနည်းငယ်ကြာပြီးနောက် ရက်စွဲတို့က တစ်စတစ်စ ပြောင်းလဲသွားကြသည်။

ဆွေမျိုးနီးစပ်တစ်ဦးက ဖလိုဝီအား မေ့မရနိုင်သော မြို့စားမင်းအတွက် မက်စယ်လာကို မိတ်ဆက်ပေးခဲ့ပြီး နောက်ဆုံးတွင် သူတို့နှစ်ဦးလက်ထပ်လိုက်ကြကြောင်း ရေးသားထား၏။ရိုစီနာ သည် မိခင်တစ်ယောက်နှင့် အတူရှိနေရန် လိုအပ်ပေသည်။ မြို့စားမင်းက မက်စယ်လာကို ဖလိုဝီ လောက် မချစ်သော်လည်း သူမကို လေးစားပြီး သူ့မိသားစုဝင်လိုသာ သဘောထားခဲ့သည်။

သူမ ဒိုင်ယာရီကို သိပ်မဖတ်ဘဲ အမြန်ကျော်ကြည့်လိုက်သည်။ တစ်နေရာအရောက်တွင် သူမ ၇နှစ်ပြည့်တုန်းက ရေးထားသည့် ရက်စွဲတစ်ခုကို တွေ့သွားသည်။

[ငါ ဒီနေ့ ရိုစီနာ ကို အင်ပါယာနန်းတော်ဆီ ခေါ်သွားတယ်]

[ဖလိုဝီ ပြောတာမှန်တယ်…ရိုစီနာ ဟာ တော်ဝင်မိသားစုနဲ့ ဘယ်တော့မှ မပတ်သတ်စေရဘူး]

သူမ အရင်တုန်းက တော်ဝင်နန်းတော် ကို ရောက်ဖူးလား…

သို့သော် မည်မျှပင် ပြန်တွေးကြည့်နေပါစေ၊ အတိတ်က အဖြစ်အပျက်ဟောင်း ဖြစ်သောကြောင့် တွေး၍မရပေ။ထို့နောက် တစ်ဆက်တည်းပင် သူမသည် ဖခင် အမြဲပြောခဲ့သောစကားကို အတိုချုံး သတိရမိသည်။

-သမီး တော်ဝင်မိသားစုနဲ့တွေ့ရင် ထွက်ပြေးပါ…

အဲ့ဒီနေ့က တစ်ခုခုဖြစ်ခဲ့တာလား…

သို့သော် ဒိုင်ယာရီကို သူမဘယ်လောက်ပဲ ရှာဖွေဖတ်ကြည့်ပါစေ၊ ထိုအကြောင်းကို နောက်ထပ် ရေးသားမထားပေ။နောက်ဆုံးတွင် ဒိုင်ယာရီသည် မြို့စားမင်း၏ ရပ်တည်ချက်၊သဘောထား၊ခံယူချက် စကားလုံးများဖြင့် အဆုံးသတ်ခဲ့သည်။

ရိုစီနာ သည် ဒိုင်ယာရီကို ဖုံးအုပ်ထားပြီး ဘေးဖယ်ထားသော ပုံတူပန်းချီကို ကြည့်လိုက်သည်။ သူမနှင့်တူသော အမျိုးသမီးတစ်ဦးသည် နူးညံ့သောအပြုံးဖြင့် ရှေ့တည့်တည့်ကို ကြည့်နေသည်။

"သူမက... ငါ့အမေလား..."

သူမ ငိုချင်လာပြန်သည်။ ယခုအချိန်အထိ သူမ ယုံကြည်ထားခဲ့သော အမှန်တရားတို့သည် ပြိုလဲသွားခဲ့ပြီ ဖြစ်သည်။ သူမ၏ ချစ်ခြင်းမေတ္တာကို တောင့်တနေခဲ့ရသော မိခင်သည် မိခင်အစစ်မဟုတ်ပေ။ ဤအမျိုးသမီးကသာ သူမ၏ မိခင်အစစ်ဖြစ်ကြောင်း ယနေ့မှပင် သိလိုက်ရသည်။ သူမရင်ဘတ်မှာ အပေါက်ကြီး တစ်ခုရှိနေသလို ခံစားရသည်။ သူမသည် ငယ်စဉ်ကလေးဘဝကတည်းက မက်စယ်လာ ၏ ခွဲခြားဆက်ဆံမှုကို ခံခဲ့ရသည်။ သူညီမငယ်ကို အမေဖြစ်သူက ပိုပိုချစ်ခဲ့သည်။သို့သော်လည်း ‌ယခုလို ဖအေတူ၊မအေကွဲ ညီမ တစ်ယောက်ဖြစ်နေမည်ဟု မမျှော်လင့်ထားပေ။ထို့အပြင် အရာအားလုံးကို သိထားသော မက်စယ်လာ သည် သူမကို မိသားစုဝင်တစ်ဦးအဖြစ်တောင် မသတ်မှတ်ခဲ့ပေ။

- ရိုစီနာ၊ နင်က အရမ်းသနားစရာကောင်းတဲ့ ကလေးပဲ

- နင့်ညီမကိုတောင် အလျှော့မပေးနိုင်ဘူးလား

- သမီးကို ဘယ်သူက ဒီလိုလုပ်တာလဲ…ရိုစီနာ လုပ်တာလား

သူမကို အမြဲဒေါသထွက်နေသော မက်စယ်လာ ၏ မျက်နှာကို သတိရသွားမိသည်။ထို့နောက်တွင်၊ သူမ၏ဖခင်သေဆုံးပြီး မက်စယ်လာ သည် တစ်ခါမှ မပြောဖူးသောအရာများကို မကြာခဏပြောခဲ့လေသည်။

- အလုပ်ပိုကြိုးစားရင် နင့်မိသားစုကလည်း ပျော်ပျော်ရွှင်ရွှင် နေနိုင်မှာပါ…

- အမေ နင့်ကိုယုံတယ်…

ထိုမျှော်လင့်ချက်အတိုင်း အသက်ရှင်ရန် ရိုစီနာ သည် နေ့ရောညပါ အလုပ်ကြိုးစားခဲ့သည်။ ထိုအချိန်တွင် သူမသည် ဖခင်ဖြစ်သူကို ဆုံးရှုံးလိုက်ရသော ကလေးမလေး တစ်ယောက်သာဖြစ်သည်။ သို့သော် မိသားစုကို ကာကွယ်ရန် အရာအားလုံးကို စွန့်လွှတ်ဖို့မှလွဲ၍ ရွေးချယ်စရာမရှိပေ။ထိုအမှတ်တရတွေက ကြမ်းပြင်ပေါ်ကျလာသည့် ပဟေဠိအပိုင်းအစတွေလို ပြန့်ကျဲနေကြသည်။ ထို့နောက် သူမလည်း ထိုင်ခုံကနေ ထခုန်မိမတတ် တုန်လှုပ်သွားရတာကြောင့် ဆက်မတွေးချင်တော့ပေ။ပြီးလျှင်၊ သူမသည် ဒိုင်ယာရီကို အံဆွဲထဲပြန်ထည့်လိုက်ပြီး တံခါးကိုဖွင့်လိုက်သည်။ ထိုအခါ စင်္ကြံ၌ရပ်နေသော အိုင်းဆက်သည် သူမဆီ  တည့်တည့် လျှောက်လာ၏။

"မင်းသမီး…အဆင်ပြေရဲ့လား..."

ရိုစီနာ ၏ ဖြူဖျော့သော မျက်နှာကိုမြင်သွားသော အိုင်းဆက် သည် စိုးရိမ်တကြီး မေးလိုက်သည်။ ရိုစီနာ က သူပြောတာကိုတောင် နားမလည်နိုင်ဘဲ ခေါင်းညိတ်ပြလိုက်သည်။ သူမ ဤနေရာမှ အမြန်ဆုံး ထွက်သွားချင်နေသဖြင့် အမြန်ပင် ရထားပေါ်တက်ခဲ့သည်။ ထိုအချိန်တွင်၊ အိုင်းဆက် သည်  စကားဆက်ပြောနေသော်လည်း သူမ မကြားနိုင်တော့ပေ။ ရထားလုံးက ဖြည်းဖြည်းချင်း လှိမ့်ဆင်းလာပြီး ပန်းခြံ၏ ရှုခင်းတွေကြားထဲကို ဖြတ်မောင်းသွားသည်။

ရိုစီနာ သည် ပြတင်းပေါက်ဘက်သို့ မျက်နှာမူကာ အိမ်ကြီးကို လှမ်းကြည့်လိုက်သည်။ သူမနှင့် ရင်းနှီးခဲ့သော အိမ်ကြီးသည် အရင်ကလိုမဟုတ်ဘဲ တစ်ကယ့်ကို ထူးဆန်းနေသည်။ထို‌့နေညတွင်တော့ အတော်လေး ပင်ပန်းနေပြီဖြစ်၍ မျက်လုံးကို ဖြည်းညှင်းစွာ မှိတ်ထားလိုက်သည်။

***

လူတိုင်း အိပ်ပျော်နေသော ညနက်သန်းခေါင်တွင် ရိုစီနာ ၏ ရထားလုံးသည်  နန်းတော်သို့ ရောက်ရှိလာသည်။ ရထားလုံးသည် တတိယမင်းသား၏ နန်းတော်ရှေ့တွင် ရပ်သွားပြီး အိုင်းဆက် က တံခါးကိုဖွင့်လိုက်သည်။

"ရောက်ပါပြီ..."

ထိုအခါမှ သူမလည်း သတိပြန်ဝင်လာပြီး ရထားပေါ်က ဆင်းလာသည်။

"သွားတော့မယ်..."

အိုင်းဆက်က ပြုံးပြနှုတ်ဆက်‌နေရင်း   စောစောက သူမ တစ်ယောက်တည်း အခန်းထဲမှာ ဖြစ်ခဲ့တာတွေကို မေးချင်သော်လည်း မမေးဖြစ်လိုက်ချေ။ 

"နောက်တစ်ခေါက်မှ တွေ့မယ်ဗျ..."

သူက ယဉ်ယဉ်ကျေးကျေး နှုတ်ဆက်လိုက်ပြီး သူမလည်း အိမ်ကြီးဆီ နီးကပ်လာသည်နှင့်အမျှ ခြေလှမ်းကိုမြန်မြန် လျှောက်လိုက်သည်။ အချို့သော မီးပုံးများသည် ပန်းခြံထဲတွင် တန်းစီပြီး ထွန်းညှိထား၏။ တိတ်ဆိတ်နေသော ပန်းခြံထဲတွင် သူမ လျှောက်လာရင်း ကောင်းကင်ကို မော့ကြည့်လိုက်ရာ တိမ်တွေဖုံးလွှမ်းနေသည့် လမင်းကြီးကို  ကြည့်ပြီး ငိုချင်သလို ခံစားရသည်။ 



xxxxx

ချစ်တို့ရေ...

ဆောင်းနှင်းဓါးထက်ချယ်ရီဝေ sttory လေးပြီးဆုံးသွားပါပြီ ရှင်

အစဆုံး ၁၉၈ပိုင်းကို ၃၁.၈.၂၀၂၃ နေ့ထိ ငွေလွှဲ ၃၀၀၀ ဘေလွှဲ ၄၀၀၀ နဲ့ရဦးမှာပါရှင်

၁.၉.၂၀၂၃ ဆိုရင်တော့ ငွေလွှဲ ၄၀၀၀ ဘေလွှဲ ၅၀၀၀ ပါနော် 😘

အားပေးဖတ်ရှုသူတိုင်းကိုကျေးဇူးတင်ပါတယ်ရှင့်

Continue Reading

You'll Also Like

65K 3.6K 57
ထုံးစံတိုင်းပါဘဲ 18+ပါ ကြိုက်မှလာဖတ်ကြပါရှင်။
270K 47.5K 59
ඩේ අම්මු.... නා උන්නෙයි කාදිලික්කිරේන් ❤ (පරිනත අන්තර්ගතයකි...)
20.8K 3.4K 25
"ហង្សមែនទេ?​ត្រឹមតែមួយប៉ប្រិចភ្នែកយើងនឹងធ្វើអោយហង្សមួយនោះបាក់ស្លាប ហើយហង្សដ៍ស្រស់ស្អាតនោះត្រូវស្ថិតក្នុងកម្មសិទ្ធយើងម្នាក់គត់"ជុងហ្គុក "យើងដឹងពីអ្វីទ...
1.6M 102K 49
" ရေစက်မပြတ်လို့ တစ်ပတ်ပြန်လည်လာတဲ့ သံသရာဟာ သံသယနဲ့ အစပြုရတာမျိုးတော့ ဘယ်တော့မှမဖြစ်စေချင်ပါ ။ ချစ်ခြင်းအားဖြင့် တစ်ခါလောက်တော့ ငြိမ်းချမ်းချင်မိပါ...