Love Behind The Complexity
By Sunday_27
33.6K 1.5K 143
"ငါတို့ကယောက်ျားအချင်းချင်းလေ...ပတ်ဝန်းကျင်အမြင်မှာ..." "ပတ်ဝန်းကျင်ကိုဂရုမစိုက်ဘူး။အဓိက က ကျွန်တော်တို့တစ်ယေ... More
Part 1
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Character art
Part 10
Part 11
Part 12
Part 13
Update!
Part 2
3.2K 190 10
By Sunday_27
"ကနေဒါက ကိုယ်စားလှယ်က ၁၄ရက်နေ့လာမှာ။ဒီတစ်ပတ်ထဲတော့ မင်း အလုပ်သိပ်မရှုပ်ဘူး။ပြီးတော့ ဒီနေ့နေ့လည် ၂နာရီလောက် မင်းအသင်းဝင်ထားတဲ့ဂေဟာရဲ့နှစ်ပတ်လည်အတွက်သွားရမယ်။ငါ ပြောတာတွေကြား...ဗာမာန်ရာစု!"
"ဟေ...ဘာလဲကွာ"
"ငါ ပြောတာတွေအကုန်မှတ်မိလား"
"ဘာလဲ"
ဟန်လင်းသန့် မိမိရှေ့မှကောင်အားဆွဲဆွဲပြေးထိုးချင်မိ။ကိုယ်ကတော့ မတ်တပ်ရပ်ပြီး tablet ထဲကနေအချိန်စာရင်းတွေကြည့်ရင်းပြောပြရတယ်။အဆင်ပြေအောင်လဲညှိနေရတယ်။ဒါကို ဒင်းကအဖက်မလုပ်။ဆုံလည်ခုံမှာ မှီထိုင်ရင်း လက်မနဲ့လက်ညှိုးသုံးကာမေးစေ့အောက်ကိုပွတ်နေပြီး တစ်ခုခုကိုအတွေးလွန်နေတဲ့ပုံ။
ပြောလိုက်တော့ သူကပဲစိတ်မရှည်တဲ့ပုံနဲ့မျက်မှောင်ကုတ်ကြည့်လာပြန်တယ်။
"နေ့လည် ၂ နာရီပွဲတစ်ခုသွားရအုံးမှာ"
"အင်း"
ရာစု လက်ပတ်နာရီကိုငုံ့ကြည့်တော့ ၁၁ခွဲသာရှိသေးတယ်။
"ဟန်လင်း"
"ပြော"
ရာစုက ထိုင်ခုံမှာ မမှီတော့ပဲကိုယ်ကိုရှေ့ကိုင်းချ၊အားရပါးရနဲ့လက်နှစ်ဖက်စလုံးကို စားပွဲပေါ်တင်၍ အရှေ့မှာမတ်တပ်ရပ်ပြီး tablet ကြည့်နေတဲ့ဟန်လင်းသန့်ကိုခေါ်တယ်။
"ငါ စဉ်းစားနေတာ"
"ဘာကိုလဲ"
"မနေ့က ကိစ္စ"
"အဲ့လူတွေရဲ့နောက်ကြောင်းအခုထိမသိရသေးဘူး။ဒါပေမဲ့သေချာတာတစ်ခုက သူတို့ကအခြားတစ်ဖွဲ့ဖြစ်နိုင်တယ်။"
"ငါလဲအဲ့လိုစဉ်းစားမိတယ်။ပြီးတော့ ငါသိချင်တဲ့အဖြေမရမချင်း ငါဘာမှဖြစ်သွားလို့မရဘူး"
ထိုအခါမှ ဟန်လင်းသန့်ရဲ့အကြည့်ကရာစုဆီရောက်လာတယ်။
ဟန်လင်းသန့်မှရယ်သံစွက်ကာ
"သေတမ်းစာ ကြိုပြင်ပေးရမလား။"
"အမွေတွေကိုဆက်ထိန်းချင်လို့သာ လုပ်နေရတာ။ငါ့လိုအသက် အရွယ်ကအခုချိန် အပြင်မှာလွတ်လွတ်လပ်လပ်နေရမှာ မင်းသိလား"
စိတ်ပျက်စွာ လေပူတွေကိုမှုတ်ထုတ်မိသည်။မိဘတွေရဲ့ကုမ္ပဏီကိုဆက်လက်ဉီးစီးဖို့တာဝန်ကသူ့အပေါ်ပုံကျလာလို့သာ ထမ်းဆောင်နေရခြင်း။တကယ်ဆို စီးပွားရေးကိစ္စတွေကို ရာစု စိတ်မဝင်စား။
နေရာတစ်ခုရဖို့ အချင်းချင်းသစ္စာဖောက်၊နောက်ကျောဓားနဲ့ထိုး၊မလုပ်သင့်တာတွေလုပ်၊အာဏာတစ်ခုရဖို့ မရင်းနှီးသင့်တာတွေရင်းနှီး၊ရပြီးရင် ထပ်ပြီးရင်းထပ်လိုချင်နေတဲ့အတ္တ၊လောဘတွေအကြား အလုပ်လုပ်ရသည်ကိုမနှစ်သက်။ရာစု ရဲ့ဆန္ဒက အေးချမ်းတဲ့နယ်မြို့လေးတစ်ခု သို့မဟုတ် တောင်ပေါ်နေရာလေးမှာ ဘဝကိုရိုးရိုးရှင်းရှင်းဖြတ်သန်းချင်တာမျိုး။ဝါသနာနဲ့အလုပ်နဲ့ထပ်တူမကျတော့အခက်သား။
"ငါသိချင်တဲ့ကိစ္စတွေသာ အကုန်ပြီးစီးပြီးရင် ငါ ဒီအလုပ်တွေကိုစွန့်လွှတ်မှာ"
"မင်း ဒီစကားပြောနေတာဘယ်နှစ်နှစ်ရှိပြီလဲ"
"မင်းကလဲကွာ..."
ဟန်လင်းသန့်က မျက်ခုံးတစ်ဖက်ပင့်ပြပြီးပြောတော့ အနာပေါ်တုတ်ကျသွားတဲ့ ရာစုကရှက်ကိုးရှက်ကန်းနဲ့မတ်တပ်ထရပ်တယ်။ပြီးတော့ ကုတ် ကိုတစ်ချက်ဆွဲဆန့်ပြီး ဟန်ပါပါနဲ့
"နေ့လည်စာသွားစားရအောင်"
"ဟုတ်ကဲ့ သူဌေး"
ရာစု အရှေ့ကနေ ဟန်လင်းသန့်ကကျော်တက်ပြီး တံခါးကိုအရင်သွားဖွင့်ပေးတယ်။ရာစုထွက်ပြီဆိုမှတံခါးကိုအသာပိတ်ပြီး သူလဲအနောက်ကနေလိုက်သွားတယ်။ထမင်းစား နားဖို့ပြင်နေကြတဲ့ဝန်ထမ်းတွေက ဗာမာန်ရာစု ကိုဖင်တုန်အောင်ကြောက်ကြသည်။ရာစုကလဲသူတို့ရှေ့ဆိုမျက်နှာထားတင်းတင်းနဲ့နေတာများသည်။ရာစုအသက်  အလွန်ဆုံးရှိ 22လောက်ပင်။ငယ်ငယ်ရွယ်ရွယ်နဲ့‌တစ်ယောက်ထဲ ကုမ္ပဏီကိုဉီးစီးနေရသည်မို့ အတိုက်အခိုက်ကပေါများလွန်းသည်။ရုပ်ပိုင်းဆိုင်ရာအရရော၊စိတ်ပိုင်းဆိုင်ရာအရရော အမျိုးမျိုးထိခိုက်အောင်ပြုကြသည်။
ရာစု ဒီနွံထဲကရုန်းထွက်ချင်သည်။သူ့ဘဝကိုသက်တောင့်သက်သာနဲ့ လူမသိသူမသိအေးအေးချမ်းချမ်းဖြတ်သန်းချင်သည်။လောကကြီးကလိုတာဆုကိုသာပြည့်အောင်ဖြည့်ပေးမယ်ဆို သည်ကမ္ဘာတွင်အပျော်ဆုံးလူသားမှာ ဗာမာန်ရာစုသာဖြစ်ပေလိမ့်မည်။
>>
"မန်ကျည်းရေ၊လိမ္မော် အစုံရမယ်နော်။ရွှေရင်းအေးလား ဘာသောက်မလဲ။အရသာစုံစုံလင်လင်နဲ့ရမယ်"
"သင်တိုင်းရှင်းဟန် သား အအေးဝင်သောက်အုံး"
"တော်ပြီ ကြီးဒေါ်...အိမ်ကကြာနေလို့ပြောလိမ့်မယ်"
"အေးအေး...မင်းနဲ့လဲ ရဲအုပ်ကျလို့ ဟိုပြေးလိုက်၊ဒီပြေးလိုက်နဲ့"
"ဒါတော့ ဒါပေါ့ဗျာ...သွားပြီဗျို့"
ရပ်ကွက်ထဲကသင်တိုင်းရှင်းဟန် ကိုမသိသူရှားတယ်။သင်တိုင်းရှင်းဟန််က ရပ်ကွက်ရဲ့အားထားရာ၊အချစ်ခံလဲဖြစ်တယ်။ကျားဖမ်းဖမ်း၊သူခိုးဖမ်းဖမ်း စွန့်စွန့်စားစားဖြစ်တဲ့နေရာမှန်သမျှသွားကြည့် ရှင်းဟန် မပါရင်ပွဲမပြီးဘူး။အင်းး ရှည်တာမဟုတ်ဘဲ သူ့ကိုအားကိုးကြတာကိုး။
"ပြန်လာပြီလား လာထိုင်ပါအုံး"
ရှင်းဟန် အိမ်ထဲဝင်လာတော့ဧည့်ခန်းထဲကနေ ခေါ်သံကြားလိုက်တယ်။ကြည့်လိုက်တော့ ခုံပေါ်မှာ ဖုန်းကြည့်နေတဲ့သူ့ရဲ့အဖေ။အဖေ့အနားသွားထိုင်တော့
"တစ်နေ့တစ်နေ့ ယားယားယားယားနဲ့ပဲအချိန်ကုန်နေ။ရပ်ကွက်ထဲကလူတွေနဲ့သိပ်မရောပါနဲ့လို့ ခနခနပြောလဲမရဘူး"
"ကျွန်တော် ကူညီပေးချင်ရုံပါ"
"မင်း အကူအညီကိုဘယ်သူလက်သင့်ခံလဲ"
"ရှိပါတယ်"
"ပြန်မပြောနဲ့! မိဘကပြောနေတာမှန်မှန်မှားမှား နားထောင်ရမှာမင်းတို့သားသမီးတွေတာဝန်"
"အမှားကိုလဲနားထောင်ရမှာလားဗျ"
ရှင်းဟန် စိတ်ညစ်တာတွေထဲယခုလိုကိစ္စတွေပါသည်။သူဟာမိဘစကားကိုနားထောင်ပါတယ်။သူ့ဝါသနာပါတဲ့အရာကို ပိတ်ပင်တာတွေတော့နားမထောင်ပါ။
"ကရာတေးတက်ချင်တယ်ဆိုလဲတက်ပြီးပြီ။နောက်ထပ် လက်ဝှေ့..မင်း တက်ချင်တာမှန်သမျှအကုန်ဖြည့်ဆည်းပေးပြီးပြီ။မင်း ဘက်ကရောမိဘတွေအပေါ်ဘာတွေဖြည့်ဆည်းပေးလဲ"
အဖေ့ရဲ့အသံမှာ တဖြည်းဖြည်းမာလာသည်။သူ ဒီကနေထွက်ဖို့ကြိုးစားကြည့်တော့ မီးဖိုခန်းဝကနေ မျက်နှာရိပ်၊မျက်နှာကဲလှမ်းပြနေသည့် အမေ့ကြောင့် သူငြိမ်နေလိုက်ရတယ်။
"ဆေးမှတ်မှီရဲ့သားနဲ့ မိဘကငွေလိုက်နိုင်ရဲ့သားနဲ့ အခြေကျမဲ့အလုပ်ကိုမရွေးဘူး။မင်း ကိုမွေးထားတာဂုဏ်ရှိရှိနဲ့ကွ...အခုလိုကလေကချေ၊ဖြစ်တာမျိုးလက်မခံနိုင်ဘူး"
"ကျွန်တော်လဲ သူငယ်ချင်းနဲ့စီးပွားရေးစပ်တူလုပ်ဖို့စီစဉ်နေပါတယ်"
"လောကကြီးက ဘယ်လောက်တောင်စိန်ခေါ်မှုတွေများလဲမင်း သိလား။ဖြုတ်ဉီးနှောက်ဉာဏ်နဲ့ဘယ်နေရာသွားသုံးစားမှာလဲ။တစ်လအချိန်ပေးမယ်။ဂုဏ်သရေရှိရှိ၊အဆင့်ရှိရှိလူပ်နိုင်မဲ့အလုပ်ကိုရှာ။မရှာနိုင်ရင် နယ်ဘက်ကိုသွားပြီးလယ်ထွန်စား။အလကား မင်းကိုတင်ကျွေးမထားနိုင်ဘူး....တောက်စ်!"
ဒေါသထွက်ကာ ရှင်းဟန် အားတစ်ချက်စိုက်ကြည့်၍ ဉီးပညာဟန် အိမ်ပေါ်သို့တက်သွားသည်။ရှင်းဟန် မျက်လုံးကိုစုံမှိတ်ကာ ထိုင်ခုံပေါ်မှီချလိုက်သည်။တစ်ပါးသူကိုကူညီချင်တယ်။တိုက်ရည်ခိုက်ရည်နေရာတွေမှာ သူဝါသနာပါပြီးစွမ်းဆောင်ချင်တယ်။ဒါကို ဒါကို မိဘတွေကဘာလို့နားလည်မပေးနိုင်ရတာလဲ။
"သား"
မီးဖိုခန်းအဝမှာ ရပ်နေသောအမေက အဖေအပေါ်တက်သွားတော့မှ ရှင်းဟန် ဆီလာတယ်။
"သားအဖေပြောတာတွေကို စိတ်ထဲမှတ်သင့်တာမှတ်၊မမှတ်သင့်တာကို မထားနဲ့။အမုန်းခံပြီးပြောသွားတာတွေက သားကိုကောင်းစေချင်လို့။"
"သား အရမ်းဆိုးနေလို့လား။အိမ်မှာမထားချင်တော့လောက်အောင် အရမ်းဆိုးသွမ်းနေလို့လား"
မျက်လုံးများနီကာ ပြောလာသောသားဖြစ်သူကို ပခုံးကနေဖက်တွယ်၍နှစ်သိမ့်ပေးနေသည်။ဝမ်းနည်းနေတာ။
"အမေပြောသလိုပဲ...အမုန်းခံပြီးပြောသွားတာ။သား ငယ်တော့တဲ့အရွယ်မဟုတ်ဘူး။ကိုယ်ပိုင်အခြေကျကျနဲ့ဆုံးဖြတ်ချက်ချရမဲ့ အရွယ်ရောက်နေပြီ။သား လွတ်လွတ်လပ်လပ်ဖြတ်သန်းလာခဲ့တဲ့ငယ်ဘဝကို မတမ်းတနဲ့။အခုက ဘဝစာမေးပွဲတွေကိုဖြေဆိုရမဲ့အရွယ်ရောက်နေပြီလေ သားရယ်"
"ငယ်ငယ်တုန်းက သား အသက်အရမ်းကြီးချင်ခဲ့တာ။ဒါမှ ကိုယ်လုပ်ချင်တာတွေလုပ်ရမယ်ထင်တာ။အခု အသက်ကြီးမှ အဲ့အယူအဆကမှားမှန်းသိလာပြီ။ရွေးချယ်စရာတွေကလဲ ခပ်နည်းနည်း"
ပြောရင်းတိုးဝင်သွားသောအသံကိုနားထောင်ရသလောက် ရှင်းဟန် အတော်စိတ်ထိခိုက်နေလေပြီ။
"အဖေပြောသလို သား ဒီတစ်လအတွင်းကြိုးစားပါ့မယ်"
"ငါ့သားလေး လိမ္မာတာအမေသိပြီးသား။သိပြီးသား။မင်း အဖေကို ရိုက်အုံးမယ်"
"အဟား"
ကျွန်တော့်သာပြောတာ အမေလဲငယ်ဘဝကိုတမ်းတနေတယ်ထင်ပါရဲ့။ကျွန်တော့်ကို ငယ်သေးတယ်ထင်ပြီး ငယ်ငယ်က အဖေကျွန်တော့်ကိုဆူတိုင်း မင်းအဖေကိုရိုက်အုံးမယ် ဆိုတဲ့စကားက အခုထိသုံးနှုန်းနေတုန်းပါပဲ။
အိမ်ပေါ်ထပ်နားက လှေကားရမ်းကွယ်ရမှာ ရပ်နားထောင်နေတဲ့ဉီးပညာဟန်ကတော့ ပီတိအပြုံးဝေဖြာလို့နေပေသည်။
ကောင်းစေချင်လို့ဆုံးမတာက တစ်ခါတစ်လေမှာ သားသမီးတွေအတွက်အကြပ်ရိုက်တာမျိုးဖြစ်သွားနိုင်တယ်။ဒါပေမဲ့ ဆုံးမမှရမဲ့အရာမျိုးတွေမှာ သားသမီးတွေကနားလည်ပေးရင် မိဘတွေအဆိုးမဟုတ်ဘူးပေါ့။နားမလည်ပေးရင်တော့ အမုန်းခံ၊ဗီလိန်ဇာတ်သွင်းပြီး ရတဲ့နည်းနဲ့ဆုံးမမှရတော့မယ်။
"အမေ့ သား ရေချိုးပြီးအပြင်ခနသွားအုံးမယ်"
"အခုမှပြန်လာတာကို ဘယ်လဲ"
"အောင်ကြီးအမေက သူ့အိမ်ကိုထမင်းစားခေါ်ထားတာ။သား မသွားရင်မကောင်းလို့။နော် အမေ"
"ဟင်းးး နောက်မကျစေနဲ့။ပြီးတော့ ဘာပွဲမှလဲပါမလာခဲ့နဲ့အုံး"
"ဒါကတော့ မသေချာဘူး။ရေချိုးသွားပြီဗျို့..."
"ကဲ ဒီကောင်လေးနဲ့ မင်း အဖေကိုထမင်းစားဖို့လွှတ်လိုက်အုံး"
ဒေါ်မူနွယ် အိမ်‌အပေါ်ပြေးတက်သွားတဲ့ ခန့်ရှင်းဟန်ကိုလှမ်းအော်ပြောတော့ ပြန်ပြောလာတဲ့စကားက
"အမေ့ယောက်ျားကို အမေပဲချော့ခေါ်"တဲ့။ငြင်ငြင်သာသာပြုံးပြီး မီးဖိုခန်းထဲသာဝင်ခဲ့လိုက်တော့တယ်။
>>
"ငါတို့ ဒီကိုလာမှာဘယ်သူမှမရိပ်မိဘူးမလား"
ရာစု ကားနောက်ခန်းထဲကနေ ကားမောင်းနေတဲ့ဟန်လင်းသန့်ကိုလှမ်းမေးတော့ ဟန်လင်းသန့်ကနောက်ကြည့်မှန်ကနေလှမ်းကြည့်၍
"အေး..သတင်းကိုသေချာဖိထားတယ်။ငါ့စိတ်ထင်တာပြောလို့ရမလား"
"ပြော"
ရာစု macbook ကြည့်နေရာမှရပ်၍ ဟန်လင်းသန့်ပြောမဲ့စကားကို နားထောင်ဖိူ့ပြင်လိုက်တယ်။
"ဒီကိစ္စတွေနဲ့ မင်းအဒေါ်နဲ့ပတ်သတ်နေမလားလို့"
"အဟက်!"
"ဟို အခုလိုပြောလို့လဲစိတ်မခုနဲ့။ငါက စိတ်ထဲကမတင်မကျဖြစ်နေတဲ့ကိစ္စကိုပြောလိုက်ရမှကျေနပ်လို့"
ဟန်လင်းသန့် မဝံ့မရဲနဲ့နောက်ကြည့်မှန်ကနေ ရာစုကိုလှမ်းကြည့်တော့ ရာစုက ဟပ်ဟပ်ပက်ပက်ရယ်နေလေသည်။
"မင်းကွာ.."
"ဘာလဲ"
"နေပါအုံး...အခုမှစိတ်ထင်တာလား"
"ဟမ်"
"ဟန်လင်း မင်းကို ငါ့ရဲ့secretary ဆိုပြီး လည်မယ်ထင်တာ။နလပိန်းတုံးပဲ"
"ဘာ!"
"ငါ့အဒေါ်မှန်း မင်းအခုမှခန့်မှန်းမိတာလား"
"ကြာတော့ကြာပါပြီ။ပြောမကောင်းလို့...မင်းကရော သိရဲ့သားနဲ့ဘာလို့ငြိမ်နေတာလဲ"
"အကောင်းဆုံးကိုလိုချင်ရင် အချိန်တစ်ခုကိုစောင့်ရတယ်။ငါက အဲ့အချိန်တစ်ခုကိုစောင့်နေတာ။"
ဘယ်ဘက်မျက်ခုံးကို လက်ညှိုးနဲ့ကုတ်၍ မျက်ခုံးပင့်ပြောလာသူမှာ ဟန်ပါပါ။ဒါဟာ သူ့မှာစီစဉ်ထားတဲ့ကိစ္စတွေရှိပါတယ်ဆိုတဲ့သဘော။ဟန်လင်းသန့် ခေါင်းငြိမ့်ပြလိုက်ပြီး
ဂေဟာ ဆီကိုသာတစိုက်မက်မက်မောင်းခဲ့လိုက်တယ်။
ဂေဟာဆီရောက်တော့ ဂေဟာမှုးတွေနဲ့ security နှစ်ရောက်၊သုံးရောက်က ရာစု တို့ကိုထွက်ကြိုကြတယ်။security တွေကဘေးပတ်ဝန်းကျင်ကိုတစ်ချက်ကြည့်ပြီး အခြေအနေကောင်းမှ ရာစု တို့ကိုကားထဲကထွက်ဖို့ဟန်ပြတယ်။
ထိုအခါမှ ရာစုတို့လဲလုံခြုံစွာဂေဟာထဲဝင်ခဲ့ပြီး ဧည့်ခံသောအစားအစာများကိုစားရင်း ကလေးတွေရဲ့ချစ်စဖွယ်ဖျောဖြေမှုများကိုလဲအားပေးကာ ဆုချခဲ့သည်။အချိန်က ၃နာရီထိုးခါနီး။အလုပ်တွေလဲရှိသေးတာကြောင့် ရင်းနှီးတဲ့တစ်ချို့အသင်းဝင်တွေကိုနှုတ်ဆက်တယ်။ရာစုက တော်ရုံဆိုလူလုံးမပြတဲ့အတွက် ရာစု ဘယ်သူဘယ်ဝါမှန်းမသိတဲ့သူကအများ။သိတဲ့သူအနည်းငယ်ကလဲ ရေငုံနှုတ်ပိတ်နေကြတယ်။
ဂေဟာမှူးတို့နဲ့ security တွေကဂိတ်ပေါက်ဝထိလိုက်ပို့ခဲ့တယ်။ကျေးဇူးတင်ကြောင်းတွေပြောနေရင်း ရုတ်တရတ်
"အားလုံး နေရာအကွယ်ယူ" ဟူသောအသံနဲ့အတူ သေနတ်ပစ်သံကိုလဲတစ်ဆက်တည်းကြားလိုက်ရတယ်။အသံလာရာကို ကြည့်ဖကြိုးစားသော်လည်း ရာစုကို ဂုတ်ကနေဆွဲသွားကာ နီးစပ်ရာအကွယ်ထဲဝင်ကာသူ။
ရုတ်တရတ်မို့ဘာတွေဖြစ်သွားလဲနားမလည်ပေမဲ့ သေနတ်ပစ်သံတွေနဲ့ လူတစ်ချို့ရဲ့အော်သံတွေကိုကြားလိုက်ရတယ်။ကားမောင်းရင်း လှမ်းပစ်ကြသူများမှာ မည်သူမျှမရှိကြတော့ ကားပေါ်ကဆင်းကာ ရှာကြတယ်။
ရာစု လဲမြေကြီးပါ်လက်ထောက်ရက်သား ကွယ်နေရတယ်။ရာစု ရဲ့ဘေးမှာလဲရာစုနည်းတူ ကွယ်နေတဲ့သူတစ်ဉီးလဲရှိခဲ့တယ်။နေပါအုံး သူ့ကိုရင်းရင်းနှီးနှီးမြင်ဖူးတယ်။ရာစုနဲ့မတိမ်းမယိမ်း၊ရာစု နည်းတူ ရင်အုပ်ကျယ်ကျယ်၊သိပ်တော့မကျယ်၊အရပ်အမောင်းကောင်းတဲ့ထိုလူ၊စူးစမ်းနေတဲ့မျက်ဝန်းတွေက နှစ်ခါစဉ်းစားစရာမလို..သူ့ကိုလက်သီးနဲ့ထိုသွားတဲ့သူပဲ။
"ဒီနေရာကမလုံခြုံဘူး..လာ အမြန်ထ"
"ဘယ်သွားမလို့လဲ"
ကုန်းကွထကာ နေရာပြောင်းဖို့ပြင်နေတဲ့သူကို ရာစု ကြည့်ကာ မေးလိုက်တော့ ကုန်းထနေတဲ့သူက ပြန်ထိုင်ပြီး ရာစုကိုစိုက်ကြည့်ကာ
"မင်း အမေလင်တွေကဒီနားကိုလာတော့မှာ။သေချင်လို့လား..."
"ကျွန်တော့်အမေလင်..?"
"မင်း အဖေကိုပြောတာဟေ့။လီးပဲ...ထ အမြန်"
ရာစု ကိုပါဆွဲခေါ်ပြီး နေရာကထတော့ သေနတ်ကိုင်ပြီးလိုက်ရှာနေတဲ့သူကတွေ့သွားတယ်။
"ချီးပဲ...ချေကုန်သုတ်ပြေးတော့ ဟေ့ကောင်"
ရာစုရော သူရော အချိန်မနှောင်းစွာပြေးတော့ မြင်သွားတဲ့သူနှစ်ယောက် သုံးယောက်ကအနောက်ကနေလိုက်လာတယ်။ပြေးချင်ရာတွေပြေးရင်း နေရာအကွယ်လဲယူရင်းနဲ့ ရာစုတို့လဲအတော်မောနေလေပြီ။
ရာစု ဘေးနားကပြေးနေတဲ့လူကိုတစ်ချက်လှမ်းကြည့်တော့ မောနေတာတောင်မမောတဲ့ပုံစံပေါက်နေသည်။ရာစုလို မေးရိုးထင်းထင်းတွေတော့မရှိ။ထိုလူကတစ်မျိုး။
ဒိုင်း....
သံရေကန်ပိုင်းကြီးအနောက်သို့ ဝင်ကာနေလိုက်တယ်။မျက်ခြေဖျက်ထားတဲ့အတွက် ဟိုလူရမ်းကားတွေ ရှာနေရတုန်း။ရှင်းဟန် လောက်လမ်းကျွမ်းတာရှင်းဟန်ပဲရှိတယ်။ဒါမျိုးတွေ သူ့ကိုမလှိမ့်တစ်ပတ်လုပ်လို့မရ။
ခနလောက်နေတော့ လူရမ်းကားတွေလဲလက်လျော့သွားကြဟန်။ထိုအခါမှ ရာစုရော ရှင်းဟန်ရော ရေကန်ကိုမှီကာ ခြေဆင်းထိုင်အမောဖြေလိုက်ရတယ်။ပြေးရတာ မောတယ်လေ။
"မင်းကိုတွေ့လိုက်ရင် အမြဲအရာရာနဲ့အကြောင်းကြောင်း။ငါပါ သေတွင်းထဲခနခနရောက်တယ်"
ရှင်းဟန် အောင်ကြီးဆီကထမင်းစားပြီးပြန်လာတော့ ဂေဟာဂိတ်ပေါက်မှာ စုရုံး၊စုရုံးကိုတွေ့တော့အရေးမလုပ်ဘဲ ကိုယ့်လမ်းကိုယ်သွားဖို့ပြင်ခါမှ ကားတစ်စီးကအရှိန်နဲ့လာပြီး ထိုကားထဲကနေခေါင်းထွက်ကာ သေနတ်ကိုင်ထားတဲ့လူရဲ့ ချိန်ချက်က grey suit အပြည့်နဲ့ခန့်ညားတဲ့လူဆီကို။ရှင်းဟန် အခြေအနေကိုအမြန်သဘောပေါက်ကာ ကယ်ထုတ်လာရခြင်း။
"ခင်ဗျား ဘာသာကယ်လာပြီး"
"ဘာကွ! မင်းမှန်းသိရင် သေသေရှင်ရှင်ပစ်ထားလိုက်တယ်။စေတနာနဲ့မတန်တဲ့အကောင်"
နဖူးထက်ကချွေးဒီးဒီးပြန်ကာကျနေပေမဲ့ ပေါက်ပေါက်ဖောက်နိုင်တဲ့လူကိုကြည့်ပြီး ရာစု အိတ်ကပ်ထဲက အနက်ရောင်ပုဝါကိုထုတ်ပေးလိုက်သည်။
"ဘာလဲ.."
"သုတ်လိုက်အုံး"
နဖူးထက်ကိုတစ်ချက်မျက်ခုံးပင့်ပြလိုက်ပြီးပြောတော့
"မလိုဘူး.."
ပြောပြီး သူ့ရဲ့အကျီလက်ရှည်နဲ့သာသူ့ဘာသာပြန်သုတ်နေသည်။ငြင်းလိုက်တာပေါ့။အခု မြန်မာနိုင်ငံရဲ့ top 10ဝင် ကုမ္ပဏီရဲ့ CEO ကိုသူငြင်းလိုက်တာပေါ့လေ။ဘာလဲ ဗာမာန်ရာစုဆိုတဲ့ကောင်က ငြင်းခံလိုက်ရတာပေါ့။ရာစု အနည်းငယ်ရှူးရှူးရှားရှားဖြစ်သွားသည်။ထို့ကြောင့် မျက်နှာမှာချက်ချင်းရဲတက်လာသည်။
"သူတို့သွားပြီလား"
"ထင်တာပဲ...ခနတော့စောင့်ကြည့်လိုက်"
ရေကန်အနောက်ဘက်ကနေ အရှေ့ကိုလှမ်းချောင်းတော့ လူရိပ်လူခြေမတွေ့။
"အခု ဘယ်ရောက်နေတာလဲ"
ပြေးသာပြေးလာတာ။ဘယ်တွေပြေးလာမှန်းမသိ။ဟန်လင်းသန့်ရော ဘယ်ရောက်နေမှန်းမသိ။ပတ်ဝန်းကျင်ကို လှမ်းကြည့်တော့ အဆောက်အဉီးဆောက်လုပ်ဆဲနေရာထင်တယ်။
"ပစ်ထားတဲ့အဆောက်အအုံ"
"ဟမ်"
ရှင်းဟန် နဲ့လဲဒီကောင်နဲ့တွေ့တိုင်း သေဘေးနဲ့ချည်း။တစ်ခါကလဲ အုပ်စုလိုက်ရိုက်ခံရ၊အခုတစ်ခါကပိုဆိုး သေနတ်တွေဘာတွေနဲ့ ဒီကောင် ဘာတွေလုပ်လို့အဲ့လောက်ရန်များနေရတာလဲ။
**
3.3.2024
Zawgyi
"ဟေ...ဘာလဲကွာ"
"ဘာလဲ"
"အင်း"
"ဟန်လင်း"
"ပြော"
"ငါ စဉ်းစားနေတာ"
"ဘာကိုလဲ"
"မနေ့က ကိစ္စ"
"မင်းကလဲကွာ..."
"ဟုတ်ကဲ့ သူဌေး"
>>
"ရှိပါတယ်"
"သား"
"အဟား"
"ဒါကတော့ မသေချာဘူး။ရေချိုးသွားပြီဗျို့..."
>>
"ပြော"
ရာစု macbook ကြည့်နေရာမှရပ်၍ ဟန်လင်းသန့်ပြောမဲ့စကားကို နားထောင်ဖို့ပြင်လိုက်တယ်။
"အဟက်!"
"မင်းကွာ.."
"ဘာလဲ"
"ဟမ်"
"ဘာ!"
"ဘယ်သွားမလို့လဲ"
"ကျွန်တော့်အမေလင်..?"
"မင်း အဖေကိုပြောတာဟေ့။လီးပဲ...ထ အမြန်"
ဒိုင်း....
"ဘာလဲ.."
"သုတ်လိုက်အုံး"
"မလိုဘူး.."
"သူတို့သွားပြီလား"
"အခု ဘယ်ရောက်နေတာလဲ"
"ပစ်ထားတဲ့အဆောက်အအုံ"
"ဟမ်"
**
3.3.2024
Continue Reading
You'll Also Like
643 104 17
"မုန်းလားတဲ့..သိပ်မုန်းတာပေါ့..သေလောက်အောင်ချစ်ပေးခဲ့ပါရက်နဲ့...လိမ်လည်လှည့်ဖျားရက်တဲ့မင်း ကို မုန်းတာထက် ပိုတဲ့စကားလုံးများရှိ‌သေးရင် ပြောပလိုက်ချင်...
1.4M 34.8K 47
When young Diovanna is framed for something she didn't do and is sent off to a "boarding school" she feels abandoned and betrayed. But one thing was...
2M 112K 96
Daksh singh chauhan - the crowned prince and future king of Jodhpur is a multi billionaire and the CEO of Ratore group. He is highly honored and resp...
3K 63 4
This is the story of Luffy reincarnated as izuku Afo and OFA do not exist