ငလျင်ကြောင့်ဖြစ်သွားတဲ့အပျက်အစီးတွေကြောင့်စက္ကန့်ပိုင်းအတွင်းမှာပဲစံအိမ်ကြီးကမမှတ်မိနိုင်လောက်အောင်ဖြစ်သွားတယ်။ဒါပေမဲ့ငလျင်ကမြန်မြန်ဖြစ်ပြီးမြန်မြန်ပြီးသွားတယ်။သရုပ်ဆောင်တော်တော်များများတံခါးအပြင်ဘက်ကိုရောက်သွားပြီးချိန်မှာငလျင်ကရပ်သွားတယ်။
"Huh , huh...."
လူအချို့ကထိတ်လန့်နေတုန်းပဲ။တံခါးအပြင်ဘက်ကိုဖရိုဖရဲထွက်လာပြီးအသက်ပြင်းပြင်းရှူနေကြတယ်။အဲ့ဒီ့အချိန်မှလူနှစ်ယောက်ပျောက်နေတာကိုသတိထားမိသွားတယ်။ကျိနင်းနဲ့ကုချန်မထွက်လာသေးဘူး။
သူတို့ဘာဖြစ်သွားကြတာလဲ။
လူအချို့ကတံခါးထဲကိုစိတ်လှုပ်ရှားစွာနဲ့ကြည့်လိုက်ချိန်မှာကုချန်ကသွေးတွေစွန်းနေတဲ့ကျိနင်းကိုခေါ်ထုတ်လာတာတွေ့လိုက်ရတယ်။တစ်ယောက်ကအံ့ဩသွားပြီးထစ်ထစ်ငေါ့ငေါ့နဲ့ "စီနီယာ....မင်း..မင်း"
"စီနီယာကကျွန်တော့်ကိုကယ်ဖို့လုပ်ရင်းမီးဆိုင်းနဲ့ခိုက်မိသွားတယ်"
ကုချန်ကနှုတ်ခမ်းကိုစေ့လိုက်ပြီးသူ့ရဲ့ချောမောတဲ့မျက်နှာကတိမ်မည်းတွေနဲ့ဖုံးအုပ်နေတယ်။သူ့ကိုယ်သူအပြစ်တင်ရင်းနဲ့ပဲမျက်လုံးတွေကိုငုံ့လိုက်ပြီးကျိနင်းကိုေတာင်းပန်လိုက်တယ်။ "တောင်းပန်ပါတယ် ပြဿနာတွေဖြစ်စေမိပြီ"
"ရှမိရုံလေးပါ ငါသေတော့မဲ့အတိုင်းကြည့်နေစရာမလိုပါဘူး"
ကျိနင်းကသွေးထွက်ေနတဲ့လက်မောင်းကိုတင်းတင်းကိုင်ထားတယ်။မျက်နှာအမူအယာကပြောင်းလဲမှုမရှိဘဲအသံကလည်းတည်ငြိမ်နေတယ်။အမှန်တော့နာလွန်းလို့ငိုချင်နေတာပါ။ကာရိုက်တာကိုချိုးဖောက်မိမှာစိုးလို့သွားတွေကိုကြိတ်ပြီးတောင့်ခံနေဖို့ပဲတတ်နိုင်တယ်။
ကာရိုက်တာကိုထိန်းသိမ်းတာနဲ့မစ်ရှင်အောင်မြင်တာရဲ့ကြားမှာဆက်နွယ်မှုရှိတယ်။ကာရိုက်တာကိုချိုးဖောက်မိရင်မစ်ရှင်ရှုံးနိမ့်သွားလိမ့်မယ်။ကျိနင်းအဲ့လိုအဖြစ်မခံနိုင်ဘူး။
ပုံမှန်အားဖြင့်သူ့ရဲ့မစ်ရှင်ကြောင့်မူရင်းဝတ္ထုထဲမှာမပါတဲ့အရာတွေကိုလုပ်ရတတ်တယ်။ဥပမာဆိုရင် 'interstellarသရုပ်ဆောင်ပြန်လည်မွေးဖွားခြင်း'မူရင်းဝတ္ထုထဲမှာကုချန်ကိုဘယ်တုန်းကမှမကယ်ခဲ့ပါဘူး။ဒါပေမဲ့အဲ့ဒါကထိန်းချုပ်နိုင်တဲ့အပြောင်းအလဲလေးဖြစ်တယ်။မကြာခင်မှာသူ့ရဲ့လုပ်ရပ်တွေကိုကျိုးကြောင်းဆီလျော်အောင်လုပ်မယ်။ပြီးရင်ရလာတဲ့ရလဒ်ကသူ့ကိုအကျိုးပြုလိမ့်မယ်။
ဒါပေမဲ့လည်းတကယ်ကြီးအတော်နာနေတုန်းပဲ.....
လက်မောင်းကိုကိုင်ထားတဲ့ကျိနင်းလက်တွေနည်းနည်းတင်းကြပ်သွားတယ်။ခုနငလျင်အကြောင်းပြန်တွေးမိတော့စိတ်တွေလေးလံလာတယ်။
မူရင်းဝတ္ထုထဲမှာဘာငလျင်မှမရှိဘူး။မူရင်းထဲမှာကုချန်ကဘာအခက်အခဲမှမရှိဘဲအောင်အောင်မြင်မြင်ရိုက်ကူးပြီးစီးသွားတယ်။အဲ့ဒါကြောင့်ငလျင်ကဟောဝူလင်းပေါ်လာတာကြောင့်များလားလို့သံသယဝင်မိတယ်။
ကံကောင်းစွာနဲ့အချိန်မှီတုံ့ပြန်နိုင်လိုက်ပြီးကုချန်ကိုတွန်းထုတ်နိုင်လိုက်တယ်။ထိခိုက်သွားပေမဲ့ 'တခြားသူေတွကိုကယ်တင်ဖို့ကိုယ့်အသက်ကိုပေးဆပ်ခြင်း' ဆိုတဲ့အခြေအနေထဲကိုသူ့ကိုယ်သူတွန်းပို့နိုင်လိုက်တာကြောင့်ကုချန်ရဲ့သူ့အပေါ်နှစ်သက်မှုတွေကကျိန်းသေပေါက်တိုးလာမှာပဲ။
ကုချန်ကိုကယ်လိုက်တာကကာရိုက်တာကိုချိုးဖောက်မိမှာစိတ်မပူပါဘူး။မူရင်းဝတ္ထုထဲမှာသခင်လေးကျိနင်းကမာနကြီးပေမဲ့တစ်ယောက်ယောက်ကိုသေတဲ့အထိပစ်ထားရလောက်အောင်မဆိုးရွားပါဘူး။
"တကယ်ပဲရှမိရုံလေးလား"
ကျိနင်းရဲ့ပြောပြချက်ကိုကြားပြီးတဲ့နောက်သရုပ်ဆောင်တွေကဖြူဖျော့နေတဲ့မျက်နှာနဲ့သွေးတွေရွဲနေတဲ့သူ့ကိုယ်ကိုကြည့်နေကြတယ်။ဒဏ်ရာတွေကမဆိုးရွားဘူးဆိုတာယုံကြည်ဖို့ခက်တယ်။ဒါပေမဲ့သူ့ရဲ့ထူးခြားမှုမပြတဲ့မျက်နှာကလည်းဟန်ဆောင်နေပုံမပေါ်ဘူး။
"အခုတော့ဒီလောက်ပဲ ဒါမဲ့ဒီမှာကြာကြာဆက်နေရင်တော့ဆိုးလာလိမ့်မယ်"
ကျိနင်းကသူတို့ကိုကြည့်လိုက်ပြီးအေးစက်စက်ပြောလာတယ်။"ဒဏ်ရာကိုကုဖို့အဖွဲ့သားတွေစီသွားတော့မယ် အန္တရာယ်များတဲ့ဒီနေရာမှာနေချင်လည်းဆက်နေကြ ငါတော့အတူမနေနိုင်ဘူး"
သူကသူ့ရဲ့ဒဏ်ရာမရထားတဲ့လက်ကိုမြှောက်လိုက်ပြီးကုချန်ကိုပုတ်လိုက်တယ်။အေးအေးဆေးဆေးပဲပြောလိုက်တယ် "ငါ့ကိုပြန်ပို့ပေးဦး "
ကုချန်ကနာခံစွာပဲခေါင်းငြိမ့်ပြီးရုပ်ရှင်အဖွဲ့သားတွေစီကျိနင်းကိုကူတွဲပေးလိုက်တယ်။
ကျန်တဲ့သူတွေလည်းနောက်ကလိုက်သွားကြတယ်။
ဖြစ်သွားတဲ့ကိစ္စတွေအပေါ်ကြောက်နေရင်းပဲရှေ့ကကျိနင်းရဲ့ကျောကိုကြည့်မိတဲ့အခါကျိနင်းအပေါ်သူတို့အမြင်တွေပြောင်းသွားကြတယ်။"မယုံနိုင်စရာပဲ"သူတို့ကတွေးတယ်"ကျိနင်းလိုလူမျိုးကတောင်လူတွေကိုကယ်နိုင်တယ်!"သူကလူတိုင်းကိုအထင်အမြင်သေးတတ်တယ်လို့ပဲထင်ထားတာ။
အဖွဲ့သားတွေကသူတို့ကိုလာကြိုဖို့လေယာဉ်တစ်စီးမြန်မြန်လွှတ်ပေးလိုက်တယ်။ကျိနင်းကဒဏ်ရာရထားပြီးသွေးထွက်နေတာကိုတွေ့လိုက်ရတဲ့အခါမှာတစ်ဖွဲ့သားလုံးပျာယာခတ်သွားတယ်။ဒဏ်ရာကိုဆေးထည့်ပေးရင်းထပ်တလဲလဲတောင်းပန်နေကြတယ်။ပြင်ဆင်မှုပိုင်းမှာသူတို့ရဲ့လစ်ဟာသွားမှုကြောင့်ဖြစ်လာတာမို့သူတို့တာဝန်ယူရမယ်။ရိုက်ကွင်းမှာငလျင်လှုပ်သွားတာကြောင့်ရိုက်ကူးရေးကိုတစ်ရက်နားလိုက်တယ်။
ဒါရိုက်တာကရာဝန်ကိုဆက်သွယ်လိုက်တယ်။သူမရောက်လာတဲ့အခါမှာဆေးကုပေးဖို့အတွက်ကျိနင်းရဲ့သွေးစွန်းနေတဲ့အင်္ကျီလက်ကိုဂရုတစိုက်ဖြဲလိုက်တယ်။အဲ့ဒီ့အခါမှာပုန်းကွယ်နေတဲ့ရှည်လျားတဲ့အပေါက်ကြီးပေါ်ထွက်လာတယ်။
"Hiss..."
သွေးထွက်နေတဲ့ဒဏ်ရာကိုမြင်လိုက်တော့လူတိုင်းရဲ့ဦးခေါင်းတွေကျင်တက်သွားပြီးသူတို့လက်မောင်းတွေပါနာလာသလိုပဲ။
ဆန့်ကျင်ဘက်အနေနဲ့ကျိနင်းကတော့ဒဏ်ရာကသူနဲ့မဆိုင်သလိုပေါ့ပေါ့ပါးပါးပဲပြောလိုက်တယ်။ "အတတ်နိုင်ဆုံးမြန်မြန်သက်သာလာအောင်လုပ်ပေးပါ ကျေးဇူးတင်ပါတယ်"
"စိတ်ချပါ"
ကြယ်တာရာခေတ်မှာဆေးဝါးတွေကအသုံးတည့်ပြီးသုံးရလဲအဆင်ပြေတယ်။ကျိနင်းကအကြိမ်အနည်းငယ်လောက်ဆေးထိုးခံလိုက်ရတယ်။ပြီးနောက်ပိုးသတ်ထားတဲ့အနာပေါ်ကိုစပရေးနဲ့ဖျန်းလိုက်တဲ့အခါမှာဆေးအလွှာလေးတစ်ခုဖြစ်လာပြီးအနာကစကျက်လာတယ်။
"ဒါကိုနောက်သုံးနာရီအထိတစ်နာရီတစ်ခါဖျန်းပေးရမှာပါ အခုတစ်ခေါက်ကိုထည့်မတွက်ပါနဲ့"ဒေါက်တာကအလေးအနက်ပြောတယ်။
"ကံကောင်းလို့အရေးကြီးတဲ့နေရာတွေထိမသွားဘူး တစ်ညလောက်နားပြီးရင်နောက်နေ့ကျကောင်းသွားမှာပါ" ဒေါက်တာကအဆုံးသတ်လိုက်တယ်။
လူတိုင်းကသူမစကားကြောင့်စိတ်သက်သာရာသက်ပြင်းချလိုက်ကြတယ်။
"ဟိုတယ်ကိုမိနစ်နှစ်ဆယ်အတွင်းရောက်မယ်" ဝန်ထမ်းကကျိနင်းက်ုမမေးခင်ခလုတ်ကိုကြည့်လိုက်တယ်။"မစ္စတာကျိနင်း ဆေးထည့်ပေးဖို့အကူအညီလိုသေးလား"
"ဖြစ်နိုင်မယ်ဆိုရင်ကျွန်တော်ကူပေးပါရစေ"ကုချန်ကပြောလာတယ်။"စီနီယာကကျွန်တော့်ကိုကယ်ရင်းဒဏ်ရာရသွားတာ စီနီယာ့ကိုကျေးဇူးတင်ပြီးတောင်းပန်ဖို့အချိန်မရလိုက်ဘူး ကျွန်တော့်ကိုအခွင့်အရေးပေးဖို့မျှော်လင့်ပါတယ်"
ဒီနေရာမှာတခြားသူဆိုရင်ကိုယ့်ဘာသာလုပ်လိုက်မယ်လို့ကျိနင်းကပြောလိုက်မှာပါ။"ဒါလေးကဖျန်းရုံပဲလေ။ဒါပေမဲ့ကုချန်ကိုယ်တိုင်တောင်းဆိုမှတော့သဘောမတူစရာမရှိပါဘူး။ဒါကြောင့်ဘေးဘက်ကိုတချက်ကြည့်လိုက်ပြီးမထူးခြားတဲ့လေသံနဲ့ပြောလိုက်တယ်"မင်းသဘောပဲ"
"ကျေးဇူးတင်ပါတယ်"
ကျိနင်းရဲ့သဘောထားကအေးစက်နေပေမဲ့ကုချန်ကစိတ်ထဲအထားပါဘူး။အဲ့ဒီ့အစားနှုတ်ခမ်းထောင့်မှာအပြုံးလေးဖြစ်လာပြီးခန့်ညားတဲ့မျက်လုံးတွေကနူးညံ့လာတယ်။
ကျိနင်းကသူ့ကိုမကယ်ခဲ့ရင်တောင်မှသူကျိနင်းကိုမမုန်းနိုင်ပါဘူး။ကျိနင်းရဲ့ကောင်းမွန်တဲ့စိတ်သဘောထားလေးကိုမြင်ပြီးပါပြီ။သူ့စိတ်နဲ့အပြောနဲ့ကမလိုက်ဖက်ရုံလေးပါ။
ပြန်မွေးဖွားလာပြီးတဲ့နောက်သူရထားတဲ့ခန္ဓာကိုယ်ကတခြားသူတွေရဲ့ပစ်ပယ်ခြင်းကိုခံထားရတယ်။တခြားသူတွေရဲ့အမြင်တွေကိုလိုက်ပြီးဂရုမစိုက်နေပေမဲ့ကျိနင်းဘက်ကအရင်စကားစပြောလာတာကြောင့်သူ့ကိုနည်းနည်းလေးဘက်လိုက်မိသလိုခံစားရတယ်။
အဲ့ဒီ့နောက်ကျိနင်းသူ့ကိုကယ်လိုက်တယ်။ကျိနင်းရဲ့သွေးစွန်းနေတဲ့ကိုယ်ကိုမြင်လိုက်မှပဲဘာဖြစ်သွားမှန်းသိလိုက်ရတယ်။သူ့နှလုံးသားလေးဆွဲညှစ်ခံလိုက်ရသလိုပဲ။
ကျိနင်းကဒဏ်ရာကိုဖုံးကွယ်ဖို့အေးရာအေးကြောင်းဖြစ်သလိုဟန်ဆောင်နေပေမဲ့သူ့လက်ချောင်းထိပ်ကလေးတွေတုန်ရင်နေတာကိုကုချန်သေချာသတိထားမိပါတယ်။နာကျင်တာကြောင့်လဲဖြစ်နိုင်သလိုထိတ်လန့်သွားတာကြောင့်လည်းဖြစ်နိုင်တယ်။ဘာကြောင့်ပဲဖြစ်ဖြစ်ကုချန်နားလည်လိုက်တာကကျိနင်းကအပြင်မှာမြင်ရသလိုခံစားချက်မရှိတာမဟုတ်ပါဘူး။သူ့ခံစားချက်တွေကိုနက်နက်ရှိုင်းရှိုင်းဖုံးကွယ်ထားရုံပါ။
သရုပ်ဆောင်တွေကိုဂရုမစိုက်ဖူးဆိုတာပြောလိုက်တာကိုကသူတို့အဲ့နေရာမှာဆက်နေနေရင်အန္တရာယ်ရှိကြောင်းသွယ်ဝိုက်တဲ့နည်းနဲ့သတိပေးလိုက်တာပါ။
ဒါကိုတွေးမိတဲ့အခါကုချန်ခေါင်းကိုဖြေးဖြေးလေးရမ်းလိုက်မိတယ်။အပြုအမူနဲ့စကားနဲ့တခြားစီဖြစ်နေတဲ့သူမျိုးတွေတွေ့ဖူးပြီးသားပါ။ဒါပေမဲ့သူတို့အကုန်လုံးကနူးညံ့တဲ့မျက်နှာလေးတွေနဲ့အပြုံးတွေထဲမှာဓားတွေဝှက်ထားတတ်တဲ့သူမျိုးတွေပါ။ကျိနင်းလိုအေးစက်စက်ပြုမူပေမဲ့ကြင်နာမှုတွေကိုဝှက်ထားတတ်တဲ့သူမျိုးကတော့ရှားပါတယ်။
တကယ်ကိုချစ်စရာကောင်းတာပဲဒါပေမဲ့သူထုတ်ပြောလိုက်ရင်သေချာပေါက်စိတ်ဆိုးသွားလိမ့်မယ်။
ကျိနင်းရဲ့ထူးခြားမှုမရှိတဲ့အမူအယာကိုတွေးမိတော့ကုချန်ရဲ့နှုတ်ခမ်းတွေကမြင့်တက်လာသလိုဖြစ်သွားတယ်။ကျိနင်းကဆက်ပြီးနှောင့်ယှက်ခံချင်ပုံမပေါ်တာကြောင့်ကုချန်နဲ့တခြားသူတွေကလေယာဉ်ရဲ့တခြားဧည့်ခန်းကိုကျိနင်းေအးေဆးနားလို့ရေအာင်ထွက်သွားကြတယ်။
ကျိနင်းရဲ့ကြင်နာမှုတွေကိုပြန်ပေးဆပ်ဖို့အလျင်လိုမနေပါဘူး။သူတို့တွေဂျပန်မှာအကြာကြီးရှိနေကြတာဖြစ်ပြီးအခွင့်အရေးတစ်ခုတော့ရနိုင်မှာပါ။ကျိနင်းနဲ့သူငယ်ချင်းတွေဖြစ်လာတဲ့အထိနက်ရှိုင်းတဲ့ဆက်ဆံရေးတစ်ခုတည်ဆောက်ချင်မိတယ်။ပြန်လည်မွေးဖွားလာပြီးကတည်းကတစ်ယောက်ယောက်နဲ့ရင်းနှီးချင်မိတာဒါပထမဆုံးအကြိမ်ပါ။
သူ့ဧည့်ခန်းတိတ်ဆိတ်သွားတာနဲ့ကျိနင်းကဆိုဖာပေါ်မှီလိုက်ပြီးမျက်လုံးတွေမှိတ်လိုက်တယ်။အနားယူနေတယ်ထင်ရပေမဲ့ဟောဝူလင်းပြဿနာကိုပြောဖို့systemကိုဆက်သွယ်နေတာပါ။
{ဟယ်လို ကျိနင်း ဒီတစ်ခေါက်ဘာများလိုအပ်ပါသလဲ}
သတ္တုပဲ့တင်သံသဲ့သဲ့နဲ့အတူအေးစက်စက်အမျိုးသားအသံထွက်ပေါ်လာတယ်။ဒါကတော့ကျိနင်းကမ္ဘာအမျိုးမျိုးမှာမစ်ရှင်တွေအောင်မြင်ဖို့ကူညီပေးရတဲ့သူ့ရဲ့သီးသန့်system 'အနာဂတ်' ပါ။ကျိနင်းကမခေါ်ဘဲသူ့ဘာသာအရင်ပေါ်လာလေ့မရှိပါဘူး။
{အခုလေးတင်ဟောဝူလင်းပေါ်လာတယ် သူငါ့ကိုလာရှာတာ ငါအသတ်ခံရနိုင်တယ်!}ကျိနင်းကပြောတယ်။
{သူကအရင်ကမ္ဘာရဲ့ဇာတ်လိုက်လေ ဒီမှာပေါ်မလာသင့်ဘူး မင်းတို့ဘက်မှာerrorတက်နေတာလား အဲ့လိုဆိုရင်errorကိုမြန်မြန်ပြင်ပြီးအခုလောလောဆယ်မှာငါ့အစွမ်းတွေပြန်ပေးထားပါ အဲ့ဒါမှကိုယ့်ကိုယ်ကိုကာကွယ်နိုင်မှာ}
{နားလည်ပါပြီ အထက်ကိုတင်ပြပြီးဒီပုံမှန်မဟုတ်တဲ့အခြေအနေကိုအတတ်နိုင်ဆုံးမြန်မြန်ဖြေရှင်းနိုင်အောင်စစ်ဆေးလိုက်ပါ့မယ်} အနာဂတ်ကပြောတယ် {ဒါပေမဲ့အခုအခြေအနေကသိပ်မဆိုးပါဘူး ပြီးတော့မင်းရဲ့စွမ်းအင်အတားအဆီးကလည်းပျက်မသွားဘူးလေ မဟုတ်ရင်ဒီကမ္ဘာရဲ့လည်ပတ်ပုံကိုအကျိုးသက်ရောက်မှုရှိစေလိမ့်မယ် }
ဟောဝူလင်းပေါ်လာကတည်းကဒီကမ္ဘာမှာအကျိုးသက်ရောက်မှုတွေဖြစ်သွားပြီမဟုတ်ဘူးလား။မဟုတ်ရင်ငလျင်ကဘာလို့လှုပ်မှာလဲ။
ကျိနင်းကတွေးလိုက်ပြီးစိတ်ရှည်ရှည်နဲ့မေးလိုက်တယ်။ {ဒါကိုဖြေရှင်းဖို့အချိန်ဘယ်လောက်ကြာမလဲ}
{အချိန်ကတော့မသေချာပါဘူး လောလောဆယ်တော့တစ်ပတ်လို့ခန့်မှန်းထားပါတယ်}
{တစ်ပတ်! မရဘူး ကြာလွန်းတယ်! }
ကျိနင်းကအဲ့ဒါကိုကြားတဲ့အခါမှာမျက်လုံးတွေကိုဖွင့်လိုက်မိတယ်။တစ်ပတ်? တစ်ပတ်ပြည့်ရင်သူ့အလောင်းတောင်အေးစက်နေလောက်ပြီ။ဒါတောင်ဟောဝူလင်းကအလောင်းကိုထားခဲ့ဦးမှ။
{...} အနာဂတ်ကစက္ကန့်အနည်းငယ်လောက်တိတ်သွားတယ်။ ပြီးမှ {မင်းရဲ့စွမ်းအင်အတားအဆီးကိုဖျက်ပေးဖို့တင်ပြပေးပါ့မယ် ဒါပေမဲ့ဖြစ်နိုင်ချေကသုညလောက်ပဲရှိတယ် ဘာလို့ဆိုဒါကကျွန်ုပ်တို့ဘက်ကပြဿနာဖြစ်ကြောင်းသက်သေမရှိဘူး}
ကျိနင်းကရှေ့လျှောက်စွမ်းအင်အတားအဆီးအကြောင်းပြောဖို့တောင်မထိုက်တန်ကြောင်းနားလည်ထားပါတယ်။ဒါပေမဲ့သူကအနည်းငယ်လက်မခံချင်ဖြစ်နေပြီးမေးလိုက်တယ် {ဒါပေမဲ့မင်းတို့အမှားဖြစ်နေတယ်ဆိုရင် ငါသာဟောဝူလင်းလက်ထဲသေသွားရင်မတရားလွန်းဘူးလား}
{သူပေါ်ထွက်လာမှုကမမျှော်လင့်ထားတဲ့အပြောင်းအလဲပါ။အကယ်၍အသတ်ခံခဲ့ရရင်ပြန်ရှင်သန်အောင်လုပ်ပေးဖို့အထက်ကိုတင်ပြနိုင်တဲ့အခွင့်အရေးရှိပါတယ်။ အနာဂတ်ကပြောတယ် {ဂရုစိုက်ပါကျိနင်း}
သေဆုံးပြီးနောက်ပြန်ရှင်သန်အောင်လုပ်မယ်?ဘယ်မှာလုပ်မှာလဲ?ဟောဝူလင်းရဲ့ရှေ့တည့်တည့်မှာပဲပြန်ရှင်သန်လာပြီးထပ်ခါထပ်ခါသေနေမှာမဟုတ်ဘူးလား?
အနာဂတ်ပြောတာကြားပြီးတော့ကျိနင်းအကူအညီမဲ့သလိုခံစားလိုက်ရတယ်။ဒါပေမဲ့တခြားရွေးချယ်စရာမရှိမှန်းလဲသိပါတယ်။အနာဂတ်နဲ့ပြောနေတာကိုဖြတ်လိုက်တယ်။
အခုသူ့ရဲ့တစ်ခုတည်းသောမျှော်လင့်ချက်ကsystem operator ကဒီပြဿနာကိုအတတ်နိုင်ဆုံးမြန်မြန်ဖြေရှင်းနိုင်ဖို့ပါ။ဒါမှမဟုတ်လည်းစွမ်းအင်အတားအဆီးကိုဖယ်ဖို့ခွင့်ပြုချက်ရတာဖြစ်ဖြစ်။အဲ့လိုမှမဟုတ်ရင်သူ့အသက်ကတကယ်ကိုခြိမ်းခြောက်ခံနေရပြီ။
အဲ့ဒီ့အချိန်မှာတံခါးခေါက်သံပေါ်လာတယ်။ကုချန်ကသူကိုယ်တိုင်လာပြီးထုတ်လုပ်ရေးအဖွဲ့နေနေတဲ့ဟိုတယ်ကိုရောက်ပြီဖြစ်ကြောင်းလာအသိပေးတာပါ။သူကကျိနင်းကိုလေယာဉ်ပေါ်ကကူတွဲပေးပြီးအခန်းထိလိုက်ပို့ပေးတယ်။
"မကြာခင်မှာဆေးထည့်ပေးဖို့ပြန်လာခဲ့ပါမယ် အရင်ဆုံးကောင်းကောင်းနားနေလိုက်ပါ"
ကုချန်ကနူးနူးညံ့ညံ့လေးပြုံးပြပြီးအခန်းကထွက်သွားတယ်။
ကျိနင်းကအခန်းထဲမှာရပ်ရင်းသွေးစွန်းနေတဲ့အဝတ်တွေကိုဆွဲလိုက်တယ်။သူကအဝတ်လဲဖို့တွေးနေရင်းရုတ်တရက်နေကာကသူ့ဘာသာသူပွင့်လာတဲ့အသံကြောင့်တန့်သွားတယ်။
ဟောဝူလင်းပြန်ရောက်လာတာများလား?
ပြတင်းပေါက်ကနေသူ့စီကိုအတောင်ပံခတ်ရင်းပျံလာတဲ့လင်းနို့လေးကိုကြည့်ရင်းကျိနင်းရဲ့အမူအယာပြောင်းသွားတယ်။
ဒီလင်းနို့လေးကိုရင်းနှီးနေသလိုပဲ။ခန့်မှန်းချက်တစ်ခုပေါ်လာချိန်မှာပဲ၎င်းကသူ့ရှေ့ကိုရောက်နှင့်နေပြီ။
Whoosh
လေတချက်တိုက်သွားပြီးလင်းနို့လည်းလေထဲမှာပျောက်သွားတယ်။သူ့နေရာမှာအမည်းရောင်အရိပ်တစ်ခုအစားထိုးပေါ်လာတယ်။
ဝတ်ရုံရှည်ထဲကနေအမည်းရောင်လက်အိတ်ဝတ်ထားတဲ့လက်တစ်စုံထွက်လာပြီးကျိနင်းရဲ့လက်တွေကိုခပ်ဖွဖွကိုင်လာတယ်။
အဲ့ဒါကလူငယ်လေးတစ်ယောက်။ခေါင်းငုံ့လိုက်ချိန်မှာရှည်လျားတဲ့အမည်းရောင်ဆံနွယ်တွေကပုခုံးပေါ်ကျလာတယ်။ဆံပင်လိပ်လေးတွေကတစ်ခုပြီးတစ်ခုမြန်မြန်ပဲကျလာတယ်။သူ့ရဲ့လက်ဖမိုးပေါ်အေးစက်စက်အနမ်းတစ်ခုဖိကပ်လိုက်တာကိုကျိနင်းခံစားမိလိုက်တယ်။
ထိုအမျိုးသားခေါင်းမော့လိုက်ချိန်မှာကျောက်မျက်ရတနာတွေလိုတလက်လက်တောက်နေတဲ့အနီရင့်ရင့်မျက်ဝန်းတစ်စုံနဲ့အတူချောမောတဲ့မျက်နှာပေါ်ထွက်လာတယ်။သူ့မျက်ဝန်းတွေကဝမ်းနည်းမှုနာကျင်မှုတွေကိုဖော်ပြနေပေမဲ့ပြင်းထန်တဲ့ပျော်ရွှင်မှုနဲ့အတူတုန်ယင်နေတဲ့အသံနဲ့တိုးတိုးပြောလာတယ်။
".....ကျိနင်း"
Tbc 🐣
(ဖတ်ပေးကြတဲ့တစ်ဦးတစ်ယောက်စီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင်)
Zawgyi
ငလ်င္ေၾကာင့္ျဖစ္သြားတဲ့အပ်က္အစီးေတြေၾကာင့္စကၠန႔္ပိုင္းအတြင္းမွာပဲစံအိမ္ႀကီးကမမွတ္မိႏိုင္ေလာက္ေအာင္ျဖစ္သြားတယ္။ဒါေပမဲ့ငလ်င္ကျမန္ျမန္ျဖစ္ၿပီးျမန္ျမန္ၿပီးသြားတယ္။သ႐ုပ္ေဆာင္ေတာ္ေတာ္မ်ားမ်ားတံခါးအျပင္ဘက္ကိုေရာက္သြားၿပီးခ်ိန္မွာငလ်င္ကရပ္သြားတယ္။
"Huh , huh...."
လူအခ်ိဳ႕ကထိတ္လန႔္ေနတုန္းပဲ။တံခါးအျပင္ဘက္ကိုဖ႐ိုဖရဲထြက္လာၿပီးအသက္ျပင္းျပင္းရႉေနၾကတယ္။အဲ့ဒီ့အခ်ိန္မွလူႏွစ္ေယာက္ေပ်ာက္ေနတာကိုသတိထားမိသြားတယ္။က်ိနင္းနဲ႔ကုခ်န္မထြက္လာေသးဘူး။
သူတို႔ဘာျဖစ္သြားၾကတာလဲ။
လူအခ်ိဳ႕ကတံခါးထဲကိုစိတ္လႈပ္ရွားစြာနဲ႔ၾကည့္လိုက္ခ်ိန္မွာကုခ်န္ကေသြးေတြစြန္းေနတဲ့က်ိနင္းကိုေခၚထုတ္လာတာေတြ႕လိုက္ရတယ္။တစ္ေယာက္ကအံ့ဩသြားၿပီးထစ္ထစ္ေငါ့ေငါ့နဲ႔ "စီနီယာ....မင္း..မင္း"
"စီနီယာကကြၽန္ေတာ့္ကိုကယ္ဖို႔လုပ္ရင္းမီးဆိုင္းနဲ႔ခိုက္မိသြားတယ္"
ကုခ်န္ကႏႈတ္ခမ္းကိုေစ့လိုက္ၿပီးသူ႔ရဲ႕ေခ်ာေမာတဲ့မ်က္ႏွာကတိမ္မည္းေတြနဲ႔ဖုံးအုပ္ေနတယ္။သူ႔ကိုယ္သူအျပစ္တင္ရင္းနဲ႔ပဲမ်က္လုံးေတြကိုငုံ႔လိုက္ၿပီးက်ိနင္းကိုေတာင္းပန္လိုက္တယ္။ "ေတာင္းပန္ပါတယ္ ျပႆနာေတြျဖစ္ေစမိၿပီ"
"ရွမိ႐ုံေလးပါ ငါေသေတာ့မဲ့အတိုင္းၾကည့္ေနစရာမလိုပါဘူး"
က်ိနင္းကေသြးထြက္ေနတဲ့လက္ေမာင္းကိုတင္းတင္းကိုင္ထားတယ္။မ်က္ႏွာအမူအယာကေျပာင္းလဲမႈမရွိဘဲအသံကလည္းတည္ၿငိမ္ေနတယ္။အမွန္ေတာ့နာလြန္းလို႔ငိုခ်င္ေနတာပါ။ကာ႐ိုက္တာကိုခ်ိဳးေဖာက္မိမွာစိုးလို႔သြားေတြကိုႀကိတ္ၿပီးေတာင့္ခံေနဖို႔ပဲတတ္ႏိုင္တယ္။
ကာ႐ိုက္တာကိုထိန္းသိမ္းတာနဲ႔မစ္ရွင္ေအာင္ျမင္တာရဲ႕ၾကားမွာဆက္ႏြယ္မႈရွိတယ္။ကာ႐ိုက္တာကိုခ်ိဳးေဖာက္မိရင္မစ္ရွင္ရႈံးနိမ့္သြားလိမ့္မယ္။က်ိနင္းအဲ့လိုအျဖစ္မခံႏိုင္ဘူး။
ပုံမွန္အားျဖင့္သူ႔ရဲ႕မစ္ရွင္ေၾကာင့္မူရင္းဝတၳဳထဲမွာမပါတဲ့အရာေတြကိုလုပ္ရတတ္တယ္။ဥပမာဆိုရင္ 'interstellarသ႐ုပ္ေဆာင္ျပန္လည္ေမြးဖြားျခင္း'မူရင္းဝတၳဳထဲမွာကုခ်န္ကိုဘယ္တုန္းကမွမကယ္ခဲ့ပါဘူး။ဒါေပမဲ့အဲ့ဒါကထိန္းခ်ဳပ္ႏိုင္တဲ့အေျပာင္းအလဲေလးျဖစ္တယ္။မၾကာခင္မွာသူ႔ရဲ႕လုပ္ရပ္ေတြကိုက်ိဳးေၾကာင္းဆီေလ်ာ္ေအာင္လုပ္မယ္။ၿပီးရင္ရလာတဲ့ရလဒ္ကသူ႔ကိုအက်ိဳးျပဳလိမ့္မယ္။
ဒါေပမဲ့လည္းတကယ္ႀကီးအေတာ္နာေနတုန္းပဲ.....
လက္ေမာင္းကိုကိုင္ထားတဲ့က်ိနင္းလက္ေတြနည္းနည္းတင္းၾကပ္သြားတယ္။ခုနငလ်င္အေၾကာင္းျပန္ေတြးမိေတာ့စိတ္ေတြေလးလံလာတယ္။
မူရင္းဝတၳဳထဲမွာဘာငလ်င္မွမရွိဘူး။မူရင္းထဲမွာကုခ်န္ကဘာအခက္အခဲမွမရွိဘဲေအာင္ေအာင္ျမင္ျမင္႐ိုက္ကူးၿပီးစီးသြားတယ္။အဲ့ဒါေၾကာင့္ငလ်င္ကေဟာဝူလင္းေပၚလာတာေၾကာင့္မ်ားလားလို႔သံသယဝင္မိတယ္။
ကံေကာင္းစြာနဲ႔အခ်ိန္မွီတုံ႔ျပန္ႏိုင္လိုက္ၿပီးကုခ်န္ကိုတြန္းထုတ္ႏိုင္လိုက္တယ္။ထိခိုက္သြားေပမဲ့ 'တျခားသူေတြကိုကယ္တင္ဖို႔ကိုယ့္အသက္ကိုေပးဆပ္ျခင္း' ဆိုတဲ့အေျခအေနထဲကိုသူ႔ကိုယ္သူတြန္းပို႔ႏိုင္လိုက္တာေၾကာင့္ကုခ်န္ရဲ႕သူ႔အေပၚႏွစ္သက္မႈေတြကက်ိန္းေသေပါက္တိုးလာမွာပဲ။
ကုခ်န္ကိုကယ္လိုက္တာကကာ႐ိုက္တာကိုခ်ိဳးေဖာက္မိမွာစိတ္မပူပါဘူး။မူရင္းဝတၳဳထဲမွာသခင္ေလးက်ိနင္းကမာနႀကီးေပမဲ့တစ္ေယာက္ေယာက္ကိုေသတဲ့အထိပစ္ထားရေလာက္ေအာင္မဆိုး႐ြားပါဘူး။
"တကယ္ပဲရွမိ႐ုံေလးလား"
က်ိနင္းရဲ႕ေျပာျပခ်က္ကိုၾကားၿပီးတဲ့ေနာက္သ႐ုပ္ေဆာင္ေတြကျဖဴေဖ်ာ့ေနတဲ့မ်က္ႏွာနဲ႔ေသြးေတြ႐ြဲေနတဲ့သူ႔ကိုယ္ကိုၾကည့္ေနၾကတယ္။ဒဏ္ရာေတြကမဆိုး႐ြားဘူးဆိုတာယုံၾကည္ဖို႔ခက္တယ္။ဒါေပမဲ့သူ႔ရဲ႕ထူးျခားမႈမျပတဲ့မ်က္ႏွာကလည္းဟန္ေဆာင္ေနပုံမေပၚဘူး။
"အခုေတာ့ဒီေလာက္ပဲ ဒါမဲ့ဒီမွာၾကာၾကာဆက္ေနရင္ေတာ့ဆိုးလာလိမ့္မယ္"
က်ိနင္းကသူတို႔ကိုၾကည့္လိုက္ၿပီးေအးစက္စက္ေျပာလာတယ္။"ဒဏ္ရာကိုကုဖို႔အဖြဲ႕သားေတြစီသြားေတာ့မယ္ အႏၲရာယ္မ်ားတဲ့ဒီေနရာမွာေနခ်င္လည္းဆက္ေနၾက ငါေတာ့အတူမေနႏိုင္ဘူး"
သူကသူ႔ရဲ႕ဒဏ္ရာမရထားတဲ့လက္ကိုေျမႇာက္လိုက္ၿပီးကုခ်န္ကိုပုတ္လိုက္တယ္။ေအးေအးေဆးေဆးပဲေျပာလိုက္တယ္ "ငါ့ကိုျပန္ပို႔ေပးဦး "
ကုခ်န္ကနာခံစြာပဲေခါင္းၿငိမ့္ၿပီး႐ုပ္ရွင္အဖြဲ႕သားေတြစီက်ိနင္းကိုကူတြဲေပးလိုက္တယ္။
က်န္တဲ့သူေတြလည္းေနာက္ကလိုက္သြားၾကတယ္။
ျဖစ္သြားတဲ့ကိစၥေတြအေပၚေၾကာက္ေနရင္းပဲေရွ႕ကက်ိနင္းရဲ႕ေက်ာကိုၾကည့္မိတဲ့အခါက်ိနင္းအေပၚသူတို႔အျမင္ေတြေျပာင္းသြားၾကတယ္။"မယုံႏိုင္စရာပဲ"သူတို႔ကေတြးတယ္"က်ိနင္းလိုလူမ်ိဳးကေတာင္လူေတြကိုကယ္ႏိုင္တယ္!"သူကလူတိုင္းကိုအထင္အျမင္ေသးတတ္တယ္လို႔ပဲထင္ထားတာ။
အဖြဲ႕သားေတြကသူတို႔ကိုလာႀကိဳဖို႔ေလယာဥ္တစ္စီးျမန္ျမန္လႊတ္ေပးလိုက္တယ္။က်ိနင္းကဒဏ္ရာရထားၿပီးေသြးထြက္ေနတာကိုေတြ႕လိုက္ရတဲ့အခါမွာတစ္ဖြဲ႕သားလုံးပ်ာယာခတ္သြားတယ္။ဒဏ္ရာကိုေဆးထည့္ေပးရင္းထပ္တလဲလဲေတာင္းပန္ေနၾကတယ္။ျပင္ဆင္မႈပိုင္းမွာသူတို႔ရဲ႕လစ္ဟာသြားမႈေၾကာင့္ျဖစ္လာတာမို႔သူတို႔တာဝန္ယူရမယ္။႐ိုက္ကြင္းမွာငလ်င္လႈပ္သြားတာေၾကာင့္႐ိုက္ကူးေရးကိုတစ္ရက္နားလိုက္တယ္။
ဒါ႐ိုက္တာကရာဝန္ကိုဆက္သြယ္လိုက္တယ္။သူမေရာက္လာတဲ့အခါမွာေဆးကုေပးဖို႔အတြက္က်ိနင္းရဲ႕ေသြးစြန္းေနတဲ့အက်ႌလက္ကိုဂ႐ုတစိုက္ၿဖဲလိုက္တယ္။အဲ့ဒီ့အခါမွာပုန္းကြယ္ေနတဲ့ရွည္လ်ားတဲ့အေပါက္ႀကီးေပၚထြက္လာတယ္။
"Hiss..."
ေသြးထြက္ေနတဲ့ဒဏ္ရာကိုျမင္လိုက္ေတာ့လူတိုင္းရဲ႕ဦးေခါင္းေတြက်င္တက္သြားၿပီးသူတို႔လက္ေမာင္းေတြပါနာလာသလိုပဲ။
ဆန႔္က်င္ဘက္အေနနဲ႔က်ိနင္းကေတာ့ဒဏ္ရာကသူနဲ႔မဆိုင္သလိုေပါ့ေပါ့ပါးပါးပဲေျပာလိုက္တယ္။ "အတတ္ႏိုင္ဆုံးျမန္ျမန္သက္သာလာေအာင္လုပ္ေပးပါ ေက်းဇူးတင္ပါတယ္"
"စိတ္ခ်ပါ"
ၾကယ္တာရာေခတ္မွာေဆးဝါးေတြကအသုံးတည့္ၿပီးသုံးရလဲအဆင္ေျပတယ္။က်ိနင္းကအႀကိမ္အနည္းငယ္ေလာက္ေဆးထိုးခံလိုက္ရတယ္။ၿပီးေနာက္ပိုးသတ္ထားတဲ့အနာေပၚကိုစပေရးနဲ႔ဖ်န္းလိုက္တဲ့အခါမွာေဆးအလႊာေလးတစ္ခုျဖစ္လာၿပီးအနာကစက်က္လာတယ္။
"ဒါကိုေနာက္သုံးနာရီအထိတစ္နာရီတစ္ခါဖ်န္းေပးရမွာပါ အခုတစ္ေခါက္ကိုထည့္မတြက္ပါနဲ႔"ေဒါက္တာကအေလးအနက္ေျပာတယ္။
"ကံေကာင္းလို႔အေရးႀကီးတဲ့ေနရာေတြထိမသြားဘူး တစ္ညေလာက္နားၿပီးရင္ေနာက္ေန႔က်ေကာင္းသြားမွာပါ" ေဒါက္တာကအဆုံးသတ္လိုက္တယ္။
လူတိုင္းကသူမစကားေၾကာင့္စိတ္သက္သာရာသက္ျပင္းခ်လိုက္ၾကတယ္။
"ဟိုတယ္ကိုမိနစ္ႏွစ္ဆယ္အတြင္းေရာက္မယ္" ဝန္ထမ္းကက်ိနင္းက္ုမေမးခင္ခလုတ္ကိုၾကည့္လိုက္တယ္။"မစၥတာက်ိနင္း ေဆးထည့္ေပးဖို႔အကူအညီလိုေသးလား"
"ျဖစ္ႏိုင္မယ္ဆိုရင္ကြၽန္ေတာ္ကူေပးပါရေစ"ကုခ်န္ကေျပာလာတယ္။"စီနီယာကကြၽန္ေတာ့္ကိုကယ္ရင္းဒဏ္ရာရသြားတာ စီနီယာ့ကိုေက်းဇူးတင္ၿပီးေတာင္းပန္ဖို႔အခ်ိန္မရလိုက္ဘူး ကြၽန္ေတာ့္ကိုအခြင့္အေရးေပးဖို႔ေမွ်ာ္လင့္ပါတယ္"
ဒီေနရာမွာတျခားသူဆိုရင္ကိုယ့္ဘာသာလုပ္လိုက္မယ္လို႔က်ိနင္းကေျပာလိုက္မွာပါ။"ဒါေလးကဖ်န္း႐ုံပဲေလ။ဒါေပမဲ့ကုခ်န္ကိုယ္တိုင္ေတာင္းဆိုမွေတာ့သေဘာမတူစရာမရွိပါဘူး။ဒါေၾကာင့္ေဘးဘက္ကိုတခ်က္ၾကည့္လိုက္ၿပီးမထူးျခားတဲ့ေလသံနဲ႔ေျပာလိုက္တယ္"မင္းသေဘာပဲ"
"ေက်းဇူးတင္ပါတယ္"
က်ိနင္းရဲ႕သေဘာထားကေအးစက္ေနေပမဲ့ကုခ်န္ကစိတ္ထဲအထားပါဘူး။အဲ့ဒီ့အစားႏႈတ္ခမ္းေထာင့္မွာအၿပဳံးေလးျဖစ္လာၿပီးခန႔္ညားတဲ့မ်က္လုံးေတြကႏူးညံ့လာတယ္။
က်ိနင္းကသူ႔ကိုမကယ္ခဲ့ရင္ေတာင္မွသူက်ိနင္းကိုမမုန္းႏိုင္ပါဘူး။က်ိနင္းရဲ႕ေကာင္းမြန္တဲ့စိတ္သေဘာထားေလးကိုျမင္ၿပီးပါၿပီ။သူ႔စိတ္နဲ႔အေျပာနဲ႔ကမလိုက္ဖက္႐ုံေလးပါ။
ျပန္ေမြးဖြားလာၿပီးတဲ့ေနာက္သူရထားတဲ့ခႏၶာကိုယ္ကတျခားသူေတြရဲ႕ပစ္ပယ္ျခင္းကိုခံထားရတယ္။တျခားသူေတြရဲ႕အျမင္ေတြကိုလိုက္ၿပီးဂ႐ုမစိုက္ေနေပမဲ့က်ိနင္းဘက္ကအရင္စကားစေျပာလာတာေၾကာင့္သူ႔ကိုနည္းနည္းေလးဘက္လိုက္မိသလိုခံစားရတယ္။
အဲ့ဒီ့ေနာက္က်ိနင္းသူ႔ကိုကယ္လိုက္တယ္။က်ိနင္းရဲ႕ေသြးစြန္းေနတဲ့ကိုယ္ကိုျမင္လိုက္မွပဲဘာျဖစ္သြားမွန္းသိလိုက္ရတယ္။သူ႔ႏွလုံးသားေလးဆြဲညႇစ္ခံလိုက္ရသလိုပဲ။
က်ိနင္းကဒဏ္ရာကိုဖုံးကြယ္ဖို႔ေအးရာေအးေၾကာင္းျဖစ္သလိုဟန္ေဆာင္ေနေပမဲ့သူ႔လက္ေခ်ာင္းထိပ္ကေလးေတြတုန္ရင္ေနတာကိုကုခ်န္ေသခ်ာသတိထားမိပါတယ္။နာက်င္တာေၾကာင့္လဲျဖစ္ႏိုင္သလိုထိတ္လန္႔သြားတာေၾကာင့္လည္းျဖစ္ႏိုင္တယ္။ဘာေၾကာင့္ပဲျဖစ္ျဖစ္ကုခ်န္နားလည္လိုက္တာကက်ိနင္းကအျပင္မွာျမင္ရသလိုခံစားခ်က္မရွိတာမဟုတ္ပါဘူး။သူ႔ခံစားခ်က္ေတြကိုနက္နက္ရႈိင္းရႈိင္းဖုံးကြယ္ထား႐ုံပါ။
သ႐ုပ္ေဆာင္ေတြကိုဂ႐ုမစိုက္ဖူးဆိုတာေျပာလိုက္တာကိုကသူတို႔အဲ့ေနရာမွာဆက္ေနေနရင္အႏၲရာယ္ရွိေၾကာင္းသြယ္ဝိုက္တဲ့နည္းနဲ႔သတိေပးလိုက္တာပါ။
ဒါကိုေတြးမိတဲ့အခါကုခ်န္ေခါင္းကိုေျဖးေျဖးေလးရမ္းလိုက္မိတယ္။အျပဳအမူနဲ႔စကားနဲ႔တျခားစီျဖစ္ေနတဲ့သူမ်ိဳးေတြေတြ႕ဖူးၿပီးသားပါ။ဒါေပမဲ့သူတို႔အကုန္လုံးကႏူးညံ့တဲ့မ်က္ႏွာေလးေတြနဲ႔အၿပဳံးေတြထဲမွာဓားေတြဝွက္ထားတတ္တဲ့သူမ်ိဳးေတြပါ။က်ိနင္းလိုေအးစက္စက္ျပဳမူေပမဲ့ၾကင္နာမႈေတြကိုဝွက္ထားတတ္တဲ့သူမ်ိဳးကေတာ့ရွားပါတယ္။
တကယ္ကိုခ်စ္စရာေကာင္းတာပဲဒါေပမဲ့သူထုတ္ေျပာလိုက္ရင္ေသခ်ာေပါက္စိတ္ဆိုးသြားလိမ့္မယ္။
က်ိနင္းရဲ႕ထူးျခားမႈမရွိတဲ့အမူအယာကိုေတြးမိေတာ့ကုခ်န္ရဲ႕ႏႈတ္ခမ္းေတြကျမင့္တက္လာသလိုျဖစ္သြားတယ္။က်ိနင္းကဆက္ၿပီးေႏွာင့္ယွက္ခံခ်င္ပုံမေပၚတာေၾကာင့္ကုခ်န္နဲ႔တျခားသူေတြကေလယာဥ္ရဲ႕တျခားဧည့္ခန္းကိုက်ိနင္းေအးေဆးနားလို႔ရေအာင္ထြက္သြားၾကတယ္။
က်ိနင္းရဲ႕ၾကင္နာမႈေတြကိုျပန္ေပးဆပ္ဖို႔အလ်င္လိုမေနပါဘူး။သူတို႔ေတြဂ်ပန္မွာအၾကာႀကီးရွိေနၾကတာျဖစ္ၿပီးအခြင့္အေရးတစ္ခုေတာ့ရႏိုင္မွာပါ။က်ိနင္းနဲ႔သူငယ္ခ်င္းေတြျဖစ္လာတဲ့အထိနက္ရႈိင္းတဲ့ဆက္ဆံေရးတစ္ခုတည္ေဆာက္ခ်င္မိတယ္။ျပန္လည္ေမြးဖြားလာၿပီးကတည္းကတစ္ေယာက္ေယာက္နဲ႔ရင္းႏွီးခ်င္မိတာဒါပထမဆုံးအႀကိမ္ပါ။
သူ႔ဧည့္ခန္းတိတ္ဆိတ္သြားတာနဲ႔က်ိနင္းကဆိုဖာေပၚမွီလိုက္ၿပီးမ်က္လုံးေတြမွိတ္လိုက္တယ္။အနားယူေနတယ္ထင္ရေပမဲ့ေဟာဝူလင္းျပႆနာကိုေျပာဖို႔systemကိုဆက္သြယ္ေနတာပါ။
{ဟယ္လို က်ိနင္း ဒီတစ္ေခါက္ဘာမ်ားလိုအပ္ပါသလဲ}
သတၱဳပဲ့တင္သံသဲ့သဲ့နဲ႔အတူေအးစက္စက္အမ်ိဳးသားအသံထြက္ေပၚလာတယ္။ဒါကေတာ့က်ိနင္းကမာၻအမ်ိဳးမ်ိဳးမွာမစ္ရွင္ေတြေအာင္ျမင္ဖို႔ကူညီေပးရတဲ့သူ႔ရဲ႕သီးသန႔္system 'အနာဂတ္' ပါ။က်ိနင္းကမေခၚဘဲသူ႔ဘာသာအရင္ေပၚလာေလ့မရွိပါဘူး။
{အခုေလးတင္ေဟာဝူလင္းေပၚလာတယ္ သူငါ့ကိုလာရွာတာ ငါအသတ္ခံရႏိုင္တယ္!}က်ိနင္းကေျပာတယ္။
{သူကအရင္ကမာၻရဲ႕ဇာတ္လိုက္ေလ ဒီမွာေပၚမလာသင့္ဘူး မင္းတို႔ဘက္မွာerrorတက္ေနတာလား အဲ့လိုဆိုရင္errorကိုျမန္ျမန္ျပင္ၿပီးအခုေလာေလာဆယ္မွာငါ့အစြမ္းေတြျပန္ေပးထားပါ အဲ့ဒါမွကိုယ့္ကိုယ္ကိုကာကြယ္ႏိုင္မွာ}
{နားလည္ပါၿပီ အထက္ကိုတင္ျပၿပီးဒီပုံမွန္မဟုတ္တဲ့အေျခအေနကိုအတတ္ႏိုင္ဆုံးျမန္ျမန္ေျဖရွင္းႏိုင္ေအာင္စစ္ေဆးလိုက္ပါ့မယ္} အနာဂတ္ကေျပာတယ္ {ဒါေပမဲ့အခုအေျခအေနကသိပ္မဆိုးပါဘူး ၿပီးေတာ့မင္းရဲ႕စြမ္းအင္အတားအဆီးကလည္းပ်က္မသြားဘူးေလ မဟုတ္ရင္ဒီကမာၻရဲ႕လည္ပတ္ပုံကိုအက်ိဳးသက္ေရာက္မႈရွိေစလိမ့္မယ္ }
ေဟာဝူလင္းေပၚလာကတည္းကဒီကမာၻမွာအက်ိဳးသက္ေရာက္မႈေတြျဖစ္သြားၿပီမဟုတ္ဘူးလား။မဟုတ္ရင္ငလ်င္ကဘာလို႔လႈပ္မွာလဲ။
က်ိနင္းကေတြးလိုက္ၿပီးစိတ္ရွည္ရွည္နဲ႔ေမးလိုက္တယ္။ {ဒါကိုေျဖရွင္းဖို႔အခ်ိန္ဘယ္ေလာက္ၾကာမလဲ}
{အခ်ိန္ကေတာ့မေသခ်ာပါဘူး ေလာေလာဆယ္ေတာ့တစ္ပတ္လို႔ခန႔္မွန္းထားပါတယ္}
{တစ္ပတ္! မရဘူး ၾကာလြန္းတယ္! }
က်ိနင္းကအဲ့ဒါကိုၾကားတဲ့အခါမွာမ်က္လုံးေတြကိုဖြင့္လိုက္မိတယ္။တစ္ပတ္? တစ္ပတ္ျပည့္ရင္သူ႔အေလာင္းေတာင္ေအးစက္ေနေလာက္ၿပီ။ဒါေတာင္ေဟာဝူလင္းကအေလာင္းကိုထားခဲ့ဦးမွ။
{...} အနာဂတ္ကစကၠန႔္အနည္းငယ္ေလာက္တိတ္သြားတယ္။ ၿပီးမွ {မင္းရဲ႕စြမ္းအင္အတားအဆီးကိုဖ်က္ေပးဖို႔တင္ျပေပးပါ့မယ္ ဒါေပမဲ့ျဖစ္ႏိုင္ေခ်ကသုညေလာက္ပဲရွိတယ္ ဘာလို႔ဆိုဒါကကြၽႏ္ုပ္တို႔ဘက္ကျပႆနာျဖစ္ေၾကာင္းသက္ေသမရွိဘူး}
က်ိနင္းကေရွ႕ေလွ်ာက္စြမ္းအင္အတားအဆီးအေၾကာင္းေျပာဖို႔ေတာင္မထိုက္တန္ေၾကာင္းနားလည္ထားပါတယ္။ဒါေပမဲ့သူကအနည္းငယ္လက္မခံခ်င္ျဖစ္ေနၿပီးေမးလိုက္တယ္ {ဒါေပမဲ့မင္းတို႔အမွားျဖစ္ေနတယ္ဆိုရင္ ငါသာေဟာဝူလင္းလက္ထဲေသသြားရင္မတရားလြန္းဘူးလား}
{သူေပၚထြက္လာမႈကမေမွ်ာ္လင့္ထားတဲ့အေျပာင္းအလဲပါ။အကယ္၍အသတ္ခံခဲ့ရရင္ျပန္ရွင္သန္ေအာင္လုပ္ေပးဖို႔အထက္ကိုတင္ျပႏိုင္တဲ့အခြင့္အေရးရွိပါတယ္။ အနာဂတ္ကေျပာတယ္ {ဂ႐ုစိုက္ပါက်ိနင္း}
ေသဆုံးၿပီးေနာက္ျပန္ရွင္သန္ေအာင္လုပ္မယ္?ဘယ္မွာလုပ္မွာလဲ?ေဟာဝူလင္းရဲ႕ေရွ႕တည့္တည့္မွာပဲျပန္ရွင္သန္လာၿပီးထပ္ခါထပ္ခါေသေနမွာမဟုတ္ဘူးလား?
အနာဂတ္ေျပာတာၾကားၿပီးေတာ့က်ိနင္းအကူအညီမဲ့သလိုခံစားလိုက္ရတယ္။ဒါေပမဲ့တျခားေ႐ြးခ်ယ္စရာမရွိမွန္းလဲသိပါတယ္။အနာဂတ္နဲ႔ေျပာေနတာကိုျဖတ္လိုက္တယ္။
အခုသူ႔ရဲ႕တစ္ခုတည္းေသာေမွ်ာ္လင့္ခ်က္ကsystem operator ကဒီျပႆနာကိုအတတ္ႏိုင္ဆုံးျမန္ျမန္ေျဖရွင္းႏိုင္ဖို႔ပါ။ဒါမွမဟုတ္လည္းစြမ္းအင္အတားအဆီးကိုဖယ္ဖို႔ခြင့္ျပဳခ်က္ရတာျဖစ္ျဖစ္။အဲ့လိုမွမဟုတ္ရင္သူ႔အသက္ကတကယ္ကိုၿခိမ္းေျခာက္ခံေနရၿပီ။
အဲ့ဒီ့အခ်ိန္မွာတံခါးေခါက္သံေပၚလာတယ္။ကုခ်န္ကသူကိုယ္တိုင္လာၿပီးထုတ္လုပ္ေရးအဖြဲ႕ေနေနတဲ့ဟိုတယ္ကိုေရာက္ၿပီျဖစ္ေၾကာင္းလာအသိေပးတာပါ။သူကက်ိနင္းကိုေလယာဥ္ေပၚကကူတြဲေပးၿပီးအခန္းထိလိုက္ပို႔ေပးတယ္။
"မၾကာခင္မွာေဆးထည့္ေပးဖို႔ျပန္လာခဲ့ပါမယ္ အရင္ဆုံးေကာင္းေကာင္းနားေနလိုက္ပါ"
ကုခ်န္ကႏူးႏူးညံ့ညံ့ေလးၿပဳံးျပၿပီးအခန္းကထြက္သြားတယ္။
က်ိနင္းကအခန္းထဲမွာရပ္ရင္းေသြးစြန္းေနတဲ့အဝတ္ေတြကိုဆြဲလိုက္တယ္။သူကအဝတ္လဲဖို႔ေတြးေနရင္း႐ုတ္တရက္ေနကာကသူ႔ဘာသာသူပြင့္လာတဲ့အသံေၾကာင့္တန႔္သြားတယ္။
ေဟာဝူလင္းျပန္ေရာက္လာတာမ်ားလား?
ျပတင္းေပါက္ကေနသူ႔စီကိုအေတာင္ပံခတ္ရင္းပ်ံလာတဲ့လင္းႏို႔ေလးကိုၾကည့္ရင္းက်ိနင္းရဲ႕အမူအယာေျပာင္းသြားတယ္။
ဒီလင္းႏို႔ေလးကိုရင္းႏွီးေနသလိုပဲ။ခန႔္မွန္းခ်က္တစ္ခုေပၚလာခ်ိန္မွာပဲ၎ကသူ႔ေရွ႕ကိုေရာက္ႏွင့္ေနၿပီ။
Whoosh
ေလတခ်က္တိုက္သြားၿပီးလင္းႏို႔လည္းေလထဲမွာေပ်ာက္သြားတယ္။သူ႔ေနရာမွာအမည္းေရာင္အရိပ္တစ္ခုအစားထိုးေပၚလာတယ္။
ဝတ္႐ုံရွည္ထဲကေနအမည္းေရာင္လက္အိတ္ဝတ္ထားတဲ့လက္တစ္စုံထြက္လာၿပီးက်ိနင္းရဲ႕လက္ေတြကိုခပ္ဖြဖြကိုင္လာတယ္။
အဲ့ဒါကလူငယ္ေလးတစ္ေယာက္။ေခါင္းငုံ႔လိုက္ခ်ိန္မွာရွည္လ်ားတဲ့အမည္းေရာင္ဆံႏြယ္ေတြကပုခုံးေပၚက်လာတယ္။ဆံပင္လိပ္ေလးေတြကတစ္ခုၿပီးတစ္ခုျမန္ျမန္ပဲက်လာတယ္။သူ႔ရဲ႕လက္ဖမိုးေပၚေအးစက္စက္အနမ္းတစ္ခုဖိကပ္လိုက္တာကိုက်ိနင္းခံစားမိလိုက္တယ္။
ထိုအမ်ိဳးသားေခါင္းေမာ့လိုက္ခ်ိန္မွာေက်ာက္မ်က္ရတနာေတြလိုတလက္လက္ေတာက္ေနတဲ့အနီရင့္ရင့္မ်က္ဝန္းတစ္စုံနဲ႔အတူေခ်ာေမာတဲ့မ်က္ႏွာေပၚထြက္လာတယ္။သူ႔မ်က္ဝန္းေတြကဝမ္းနည္းမႈနာက်င္မႈေတြကိုေဖာ္ျပေနေပမဲ့ျပင္းထန္တဲ့ေပ်ာ္႐ႊင္မႈနဲ႔အတူတုန္ယင္ေနတဲ့အသံနဲ႔တိုးတိုးေျပာလာတယ္။
".....က်ိနင္း"
Tbc 🐣
(ဖတ္ေပးၾကတဲ့တစ္ဦးတစ္ေယာက္စီတိုင္းကိုေက်းဇူးတင္ပါတယ္ရွင္)