ဟောဝူလင်း
နာမည်ကိုမြင်မြင်လိုက်ချင်းမှာပဲကျိနင်းရဲ့လက်တွေတုန်ရီလာတယ်။ သူ့နှလုံးသားထဲကကြောက်ရွံ့မှုကိုမထိန်းချုပ်နိုင်တာကြောင့်အပူလောင်သွားသလိုမျိုးသတင်းစာကိုလွှင့်ပစ်လိုက်တယ်။
ဒါဟာသရုပ်ဆောင်နေတာမဟုတ်ဘဲစစ်မှန်တဲ့တုံ့ပြန်မှုပါ။ဒီဖြစ်ရပ်ကရုပ်ရှင်အဖွဲ့သားတွေဖန်တီးထားတဲ့သုံးဖက်မြင်ပုံရိပ်တွေမဟုတ်ဘဲတစ်စုံတစ်ခုလာနေပြီဖြစ်ကြောင်းသတိပေးချက်ဆိုတာသိနေတယ်။အဲ့ဒီ့ဟောဝူလင်းလာနေပြီ။
သူကကျိနင်းရဲ့အရင်ပစ်မှတ်တွေထဲကတစ်ယောက်ဖြစ်ပြီးအရမ်းနာမည်ကြီးတဲ့ 'God Killing' ဝတ္ထုထဲကအဓိကဇာတ်လိုက်ဖြစ်တယ်။အဲ့ဒီ့ကမ္ဘာမှာကျိနင်းကဟောဝူလင်းပျိုးထောင်ထားတဲ့သရဲအဖြစ်သုံးနှစ်တောင်ဖြတ်သန်းခဲ့ရတယ်။
ရလဒ်အနေနဲ့ကျိနင်းကဟောဝူလင်းရဲ့အကျင့်စရိုက်နဲ့အရမ်းရင်းနှီးနေပါတယ်။ဟောဝူလင်းရဲ့ချစ်ခင်နှစ်သက်ဖွယ်မျက်နှာလေးရဲ့အောက်မှာရက်စက်ကြမ်းတမ်းမှုတွေကိုဖုံးကွယ်ထားတယ်ဆိုတာသူသိနှင့်ပြီးဖြစ်တယ်။ဟောဝူလင်းကသစ္စာဖောက်တာတွေကိုဘယ်လောက်မုန်းတယ်ဆိုတာလည်းသူသိပြီးသားပါ။
ဒါပေမဲ့ကျိနင်းကဟောဝူလင်းကိုသစ္စာဖောက်ရင်းပဲအဲ့ကမ္ဘာမှာသေသွားတယ်။အကယ်၍သူသာဟောဝူလင်းလက်ထဲရောက်သွားရင်သူ့ကိုစောင့်နေမှာကသေခြင်းထက်ဆိုးတဲ့အဆုံးသတ်ပဲ။
ဒီအတွေးတွေကချက်ချင်းပဲခေါင်းထဲဝင်လာတယ်။ကျိနင်းကစိတ်ပိုင်းဆိုင်ရာအရမပြင်ဆင်ထားတဲ့အတွက်လွတ်မြောက်နိုင်မဲ့နည်းလမ်းကိုမစဉ်းစားနိုင်ဘူးဖြစ်နေတယ်။အခုရောက်နေတဲ့ဝတ္ထုကအန္တရာယ်နည်းတဲ့အနုပညာလုပ်ငန်းမှာအခြေခံထားတာဖြစ်တဲ့အတွက်သူအရင်ကရှိခဲ့တဲ့အစွမ်းတွေကလည်းပိတ်ဆို့ခံထားရတယ်။အဲ့ဒါကြောင့်ဟောဝူလင်းကိုပြန်ပြီးမတိုက်ခိုက်နိုင်တဲ့အပြင်ထွက်ပြေးဖို့ဆိုတာကလည်းဝေးကွာလွန်းတဲ့မျှော်လင့်ချက်သေးသေးလေးထက်မပိုပါဘူး။
ဒါပေမဲ့ဟောဝူလင်းကသူ့ကိုဘယ်လိုရှာတွေ့သွားတာလဲ။Lord Godကဟောဝူလင်းကို horror world တွေတော်တော်များများကိုသွားနိုင်တဲ့အစွမ်းပေးထားပေမဲ့ 'God Killing' နဲ့ 'Interstellar သရုပ်ဆောင်ပြန်လည်မွေးဖွားခြင်း' ဝတ္ထုနှစ်ခုကဘာမှမဆိုင်တာကြောင့်သက်သက်စီခွဲထားရမှာလေ။
ဘုတ်
သတင်းစာကအောက်ကိုဖြေးဖြေးလေးကျသွားတယ်။အဖြူအမည်းပုံထဲကနေပြိုးပြိုးပြက်ပြက်ဖြစ်နေတဲ့ကြက်သွေးရောင်တွေကနေရာအနှံ့ပျံ့ထွက်နေပြီးကြမ်းပြင်ပေါ်ကသွေးတွေကလည်းအနံ့အသက်ဆိုးဆိုးရွားရွားတွေထွက်နေတယ်။
ကျိနင်းတစ်ယောက်ပဲဒါဟာဘယ်လောက်ကြောက်စရာကောင်းနေမှန်းနားလည်တယ်။တခြားသူတွေကဒါရိုက်တာရဲ့ရွေးချယ်မှုလို့တွေးထားတာကြောင့်ထိတ်လန့်နေကြပေမဲ့ရုပ်ရှင်ရိုက်နေတာပဲဆိုပီးစိတ်တင်းထားကြတယ်။
ကုချန်ကသတင်းစာကိုကြည့်ရင်းမျက်မှောင်ကျုံ့လိုက်တယ်။သူ့စိတ်ထဲထူးဆန်းတယ်လို့ခံစားနေရတယ်။သတင်းစာမှာမကောင်းဆိုးဝါးအငွေ့အသက်တွေလွှမ်းမိုးနေသလိုမျိုးပဲ။
သူတို့အကုန်လုံးနောက်ကိုမြန်မြန်ဆုတ်လိုက်ပြီးသတင်းစာကိုစိုက်ကြည့်နေကြတယ်။ဓာတ်ပုံထဲကလူကအကုန်လုံးကိုတစ်ချက်ကြည့်ပြီးခပ်ဖွဖွရယ်တယ်။ပြီးနောက်ကျိနင်းစီကိုသူ့အကြည့်တွေပြန်ရောက်သွားတယ်။
ထို့နောက်နာရေးကြေညာစာထဲကနေသူပျောက်သွားတယ်။
"Zi.....ka-"
နားကြပ်ကနေစူးရှကျယ်လောင်တဲ့အသံထွက်လာတာကြောင့်သူတို့နားစည်တွေပေါက်ထွက်သွားတော့မလိုပဲ။အရမ်းနာလွန်းတာကြောင့်ရုပ်ရှင်ရိုက်နေတာကိုတောင်ဂရုမထားနိုင်တော့ဘဲနားကြပ်တွေကိုမြန်မြန်ဖြုတ်ပစ်လိုက်ကြတယ်။
ဘုန်း
ဘုန်း
ပစ္စည်းတွေတစ်ခုပြီးတစ်ခုပြုတ်ကျလာတယ်။တစ်ယောက်ယောက်ကပစ္စည်းတစ်ခုကိုကောက်ကိုင်လိုက်ချိန်မှာလေထဲကနေလျို့ဝှက်ကင်မရာတွေပြုတ်ကျလာခြင်းဖြစ်ကြောင်းသိလိုက်ရတယ်။
"ဘာတွေဖြစ်နေတာလဲ"
လိုင်းတွေလည်းဖြတ်တောက်ခံလိုက်ရတာကြောင့်အပြင်လောကနဲ့အဆက်အသွယ်မလုပ်နိုင်တော့ဘူး။သရုပ်ဆောင်တွေကအရမ်းကြောက်ရွံ့လာတာကြောင့်ဆက်ပြီးသရုပ်မဆောင်နိုင်ကြတော့ဘူး။
အခြေအနေတွေကပိုဆိုးလာပြီးဇာတ်လိုက်အမျိုးသမီးနေရာကနေသရုပ်ဆောင်တဲ့မင်းသမီးကဖြူဖျော့လာပြီးခပ်တိုးတိုးလေးပြောလာတယ် "မဟုတ်မှအဲ့ဒါကအမှန်ဖြစ်နေတာများလား......"
သူမအသံကရုတ်တရက်ရပ်သွားတယ်။
ဘာလို့ဆိုသူမရှေ့တည့်တည့်မှာအဖြူရောင်အရိပ်တစ်ခုပေါ်လာတာကြောင့်ပါ။
ထိုအရိပ်ကအမည်းရောင်ဆံနွယ်တွေနဲ့လူငယ်လေးတစ်ယောက်ဖြစ်တယ်။သူကအရပ်ရှည်ပြီးအသားအရေကပုံမှန်မဟုတ်တဲ့ပုံစံနဲ့ဖြူဖျော့နေတယ်။လှပတဲ့မျက်နှာအစိတ်အပိုင်းတွေရှိပြီးအဖြူရောင်ရှပ်အင်္ကျီလေးကိုလည်းသေသေသပ်သပ်ဝတ်ဆင်ထားတယ်။သူကသူမကိုပြုံးပြလိုက်ချိန်မှာသူမခေါင်းပေါ်ကိုရေခဲေရတစ်ပုံးလောင်းချလိုက်သလိုအေးခဲသွားတယ်။
ထိုလူကနာရေးကြေညာစာထဲကလူဖြစ်တယ်။
အဲ့ဒီ့အတွေးတစ်ခုပဲဝင်လာပြီးသူမမျက်လုံးတွေမှောင်မိုက်သွားကာကြမ်းပြင်ပေါ်မေ့လဲသွားတယ်။
တခြားသူတွေလည်းသူမလိုမျိုးမေ့လဲကုန်တယ်။ကုချန်ကမူးဝေလာတာကိုခုခံဖို့အတွက်နဖူးကိုဖိထားတယ်။ဆံပင်အနက်ရောင်နဲ့လူကိုအကြိမ်အနည်းငယ်လောက်ကြည့်ပြီးနောက်မှာတောင့်မခံနိုင်တော့ဘဲမျက်လုံးတွေမှိတ်ကျသွားတယ်။
စံအိမ်အိုကြီးထဲမှာကျိနင်းနဲ့ဆံပင်အနက်ရောင်နဲ့လူနှစ်ယောက်ပဲမတ်တပ်ရပ်ရင်းကျန်ခဲ့တယ်။
ထိုလူရဲ့မျက်လုံးတွေကပျော်နေသလိုမျိုးကွေးသွားတယ်။ထိုလူကနူးနူးညံ့လေးပြောတယ် "မတွေ့ရတာကြာပြီ နင်းနင်း"
ဟောဝူလင်း။ သူတစ်ကယ်ပေါ်လာခဲ့ပြီ။
တကယ့်လူအစစ်ကမျက်စိရှေ့ပေါ်လာတာကြောင့်ဓာတ်ပုံကိုကြည့်လိုက်ရတာထက်အားပြင်းတဲ့သက်ရောက်မှုကိုဖြစ်စေတယ်။ကျိနင်းကအကြောက်တရားကိုမထိန်းချုပ်နိုင်တာကြောင့်နှလုံးခုန်မြန်လာပြီးလက်ဖဝါးကနေလည်းချွေးတွေစိမ့်ထွက်လာတယ်။
အကယ်၍သူမူးဝေချင်ယောင်ဆောင်တာ၊ဟောဝူလင်းကိုမသိချင်ယောင်ဆောင်တာမျိုးလုပ်မယ်ဆိုရင်တောင်နောက်ကျသွားပြီ။ဟောဝူလင်းကတခြားသူတွေထက်ထူးခြားနေတဲ့သူ့ရဲ့တုံ့ပြန်မှုတွေကိုမြင်ပြီးသွားပြီ။
သူဒီမစ်ရှင်ကိုရှုံးနိမ့်ပြီးသေသွားတာမျိုးဖြစ်နိုင်တယ်။သူဒီလိုမျိုးလွယ်လွယ်ကူကူနဲ့မသေသွားချင်ဘူး။သူကသူ့ကိုယ်သူအတင်းတည်ငြိမ်အောင်လုပ်ပြီးဟောဝူလင်းကိုကြည့်လိုက်တယ်။သိပ်မကြာခင်မှာပဲဟောဝူလင်းရဲ့ပုံရိပ်ကခပ်ဖျော့ဖျော့ဖြစ်နေတာကိုသိလိုက်ရတယ်။ဒါသူ့ရဲ့ခန္ဓာကိုယ်အစစ်မဟုတ်လောက်ဘူး။
ဒါဟာဟောဝူလင်းရဲ့ပုံရိပ်ယောင်တစ်ခုပဲ။သူကိုယ်တိုင်ကတော့ဒီကမ္ဘာမှာမရှိဘူး။
ဒါကိုသိလိုက်ရချိန်မှာကျိလင်းစိတ်နည်းနည်းပေါ့သွားတယ်။သူဟောဝူလင်းရဲ့အစွမ်းတွေကိုသိပြီးသားပါ။ဒီပုံရိပ်ယောင်ကကြာကြာခံမှာမဟုတ်ဘူး။မကြာခင်မှာထိုပုံရိပ်ယောင်ပျောက်သွားလိမ့်မယ်။သူသာဟောဝူလင်းစီကအသတ်မခံရအောင်ကောင်းကောင်းစီမံနိုင်မယ်ဆိုရင်သူအသက်ရှင်နိုင်တယ်။
".....မတွေ့ရတာကြာပြီ မင်းငါ့ကိုဘယ်လိုရှာတွေ့တာလဲ"
ကျိနင်းကဟောဝူလင်းစိတ်အနှောင့်အယှက်ဖြစ်မသွားဖို့အသံကိုတည်ငြိမ်နေအောင်ကြိုးစားထားတယ်။
"လျှို့ဝှက်ချက်လေ ဒါပေမဲ့မင်းမှန်းဆနိုင်မှာပါ"
ဟောဝူလင်းရဲ့ပုံရိပ်ယောင်ကပိုပြီးဖျော့လာတယ်။ဒါပေမဲ့သူအလျင်မလိုပါဘူး။နောက်ပြီးသူ့မှာကျိနင်းကိုချက်ချင်းသတ်မဲ့အစီအစဉ်လည်းရှိပုံမရဘူး။အဲ့ဒီ့အစားသူကပြုံးလာပြီးကျိနင်းကိုဂရုတစိုက်ကြည့်ရင်းပြောတယ် "မင်းကတော့အဆင်ပြေနေပုံပဲ ဒါပေမဲ့...."
သူ့ရဲ့ညင်သာတဲ့အပြုံးလေးနဲ့ဆန့်ကျင်ဘက်အနေနဲ့သူ့ရဲ့မျက်လံုးေတွကညအချိန်မှာသမုဒ္ဒရာကြီးရဲ့လှိုင်းလုံးတွေလိုမည်းမှောင်ပြီးနက်ရှိုင်းနေတယ်။
"ကိုယ်ကတော့ဆိုးရွားတဲ့အချိန်တွေကိုဖြတ်သန်းခဲ့ရတာ အရမ်းဆိုးတယ်" သူကနူးနူးညံ့ညံ့ပြောလာတယ်။
ပုံရိပ်ယောင်ထဲကနေအေးစက်ဖြူဖျော့နေတဲ့လက်ချောင်းတွေထွက်လာပြီးသူ့ပါးကိုပွတ်သပ်လာတာကြောင့်ကျိနင်းကြောက်လာတယ်။
"မင်းမသေဘူးဆိုတာကိုယ်သိတယ် မင်းကကိုယ့်ကိုထားသွားပြီးထွက်ပြေးသွားရုံပါ ကိုယ့်ရဲ့နှလုံးသားတစ်ဝက်ကိုခွဲထုတ်သွားပြီးတော့လေ ပျော်နေရဲ့လားနင်းနင်း"
ဟောဝူလင်းရဲ့လက်တွေကအောက်ကိုတဖြေးဖြေးဆင်းလာပြီးကျိနင်းရဲ့လက်တွေကိုကိုင်ကာသူ့ရင်ဘတ်ပေါ်ဖိတင်ပေးလိုက်တယ်။
ကျိနင်းရဲ့လက်ထိပ်တွေကနေတကိုယ်လုံးအေးစက်လာတယ်။ဟောဝူလင်းကသေသွားပြီးတော့အခုကလမ်းလျှောက်နေတဲ့အလောင်းကြီးလိုမျိုးဟောဝူလင်းစီကဘာနှလုံးခုန်သံမှမခံစားမိဘူး။
"......"
ကျိနင်းကဘာမှပြန်မဖြေဘူး။ဟောဝူလင်းကသူ့ရဲ့အပူချိန်ကိုခံစားရင်းပြုံးပြီးသူ့လက်ကိုကိုင်ထားတုန်းပဲ။ပုံရိပ်ယောင်ပါးပါးလေးပဲကျန်တော့တဲ့အချိန်မှသာသူကရှေ့ကိုငုံ့လိုက်ပြီးကျိနင်းရဲ့နဖူးကိုနမ်းလိုက်တယ်။
"အချိန်စေ့ပြီ နင်းနင်းစီကိုနောက်တစ်ခေါက်ထပ်လာခဲ့မယ် နောက်မှတွေ့တာပေါ့"
လေပြင်းတချက်တိုက်လာပြီးသွေးစွန်းနေတဲ့သတင်းစာလေးကနှင်းတွေလိုမျိူမြေပြင်ပေါ်ကိုအစိတ်စိတ်အမြွှာမြွှာကျသွားတယ်။
ဟောဝူလင်းရဲ့ပုံရိပ်ယောင်ကလုံးဝပျောက်ကွယ်သွားပါပြီ။ကျိနင်းခေါင်းငုံ့လိုက်ချိန်မှာဟောဝူလင်းကိုင်သွားတဲ့သူ့လက်ကောက်ဝတ်မှာအမည်းရောင်လက်ဗွေရာတခုကျန်ခဲ့တာကိုတွေ့လိုက်ရတယ်။
"....."
သူဟာစက္ကန့်အနည်းငယ်လောက်ခေါင်းငုံ့ထားရင်းရပ်နေမိတယ်။ပြီးမှအသက်ပြင်းပြင်းရှူပြီးကြမ်းပြင်ပေါ်ကိုလှဲချလိုက်တယ်။သူ့နဖူးသူကိုင်ထားရင်းမပျောက်သွားသေးတဲ့ကြောက်ရွံ့မှုနဲ့အတူတိုးတိုးရေရွတ်လိုက်တယ်။
"ဘာတတ်နိုင်မှာလဲ"
ကမ္ဘာတွေအများကြီးဖြတ်သန်းပြီးတဲ့နောက်မှာဟောဝူလင်းကကျိနင်းမဆက်ဆံချင်တဲ့ဇာတ်လိုက်သုံးယောက်ထဲကတစ်ယောက်ဖြစ်တယ်။သူ့ရဲ့အကျင့်စရိုက်အရသူဟာသူကြိုက်တဲ့အရုပ်တွေကိုချက်ချင်းမသတ်ဘူး။တဖက်သားကိုနက်ရှိုင်းလွန်းတဲ့စိတ်ပျက်အားငယ်မှုထဲဆွဲချပစ်ပြီးသေသည်အထိဖြေးဖြေးချင်းစီနှိပ်စက်လိမ့်မယ်။
ပြီးတော့အခုချိန်မှာဟောဝူလင်းရဲ့ပစ်မှတ်ကသူဖြစ်နေပုံရတယ်။
ကျိနင်းကခါးသက်တဲ့အမူအရာနဲ့အတူဆံပင်တွေကိုဆွဲလိုက်တယ်။
အခုချိန်မှာတော့နောင်တရဖို့နောက်ကျသွားပြီ။သူလည်းဟောဝူလင်းကိုသစ္စာဖောက်ချင်တာမျိုးမဟုတ်ပါဘူး။အဲ့ဒီ့အချိန်မှာသူ့ရဲ့အာဏာအဆင့်ကမမြင့်သေးတဲ့အတွက်သူ့မှာရွေးချယ်စရာမရှိခဲ့ဘူး။သူကမူရင်းဇာတ်လမ်းအတိုင်းပြီးမြောက်အောင်လုပ်ရမယ်။အဲ့ဒါကြောင့်ပြာတွေအဖြစ်ပျောက်မသွားခင်မှာဟောဝူလင်းကိုသစ္စာဖောက်သွားဖို့ပဲတတ်နိုင်တယ်။
အခုချိန်မှာပြန်တွေ့လည်းဟောဝူလင်းကိုသစ္စာဖောက်ရတဲ့အကြောင်းရင်းကိုရှင်းပြလို့်မရဘူး။ဘာလို့ဆိုကူးပြောင်းသူတွေကမူရင်းဝတ္ထုထဲကဇာတ်ကောင်တွေကိုsystemနဲ့ပတ်သတ်ပြီးပြောပြလို့မရဘူးဆိုတဲ့ဥပဒေကြောင့်ဖြစ်တယ်။
ချစ်ရသူစီကသစ္စာဖောက်ခံရပြီးနှလုံးသားကိုတဝက်ခွဲထုတ်ခံလိုက်ရချိန်မှာဟောဝူလင်းခံစားခဲ့ရမဲ့ရူးသွပ်မှုနဲ့အမုန်းတရားကကျိနင်းတွေးမကြည့်နိုင်လောက်အောင်ပါပဲ။
အကယ်၍ဒီနေ့ကိုသာကြိုတင်ခန့်မှန်းနိုင်ခဲ့မယ်ဆိုရင်ရှင်းပြချက်တစ်ခုခုကိုကြိုလုပ်ထားမိမှာပါ။ဒါပေမဲ့အခုတော့အရမ်းနောက်ကျသွားပြီ။တခြားကမ္ဘာမှာဟောဝူလင်းကသူ့ကိုရှာတွေ့သွားမယ်လို့ဘယ်သူကမျှော်လင့်ထားမှာလဲ။ဒါကြီးကလုံးဝမဖြစ်နိုင်တဲ့အခြေနေလေ။
ကျိနင်းဒီအကြောင်းကိုတွေးလေပိုပြီးထူးဆန်းတယ်လို့ထင်လေပဲ။ဟောဝူလင်းကကမ္ဘာတွေကိုလျှောက်သွားနိုင်လောက်အောင်စွမ်းအားကြီးတဲ့ဇာတ်လိုက်ဖြစ်ပါစေဦး ပုံမှန်အခြေအနေမျိုးဆိုသူ့ရဲ့မူရင်းဝတ္ထုထဲမှာပဲကန့်သတ်ခံထားရမှာမဟုတ်ဖူးလား? ဒါပေမဲ့အခုတော့ကျိနင်းနောက်ကိုလိုက်နေတယ်။ သူဒါကိုဘယ်လိုလုပ်နိုင်တာလဲ။
အခုချိန်မှာတော့ပုံရိပ်ယောင်လေးပဲ။ နောက်အခါဆိုဟောဝူလင်းရဲ့ခန္ဓာကိုယ်အစစ်ပါပေါ်လာနိုင်တယ်။ဒီကမ္ဘာမှာဟောဝူလင်းစီကလွတ်မြောက်နိုင်တယ်ဆိုဦးတော့နောက်ကမ္ဘာကျရင်ရော?ဟောဝူလင်းသူ့ကိုရှာနိုင်ဦးမှာလား?
အဲ့ဒါတွေစဉ်စားမိတဲ့အချိန်မှာကျိနင်းရဲ့မျက်နှာကဖြူဖျော့သွားပြီးsystemနဲ့ဆက်သွယ်ပြီးဘာဖြစ်သွားတယ်ဆိုတာပြောဖို့ဆံုးဖြတ်လိုက်တယ်။အဲ့ဒါမှsystemကဘာမှားတယ်ဆိုတာအတည်ပြုနိုင်မှာ။
ဒါပေမဲ့အခုချိန်မှာကြမ်းပြင်ပေါ်မှာမေ့လဲနေတဲ့သူတွေကနိုးလာမဲ့အရိပ်အယောင်တွေပြလာပြီ။ကျိနင်းကသူ့ပုံစံကိုပြင်လိုက်ပြီးအခုမှနိုးလာတဲ့ပံုမျိုးဟန်ေဆာင်ရင်းနဲ့မျက်နှာမှာအံ့အားသင့်တဲ့ပုံစံလုပ်ထားတယ်။
ကုချန်ကသူ့မျက်လုံးတွေကိုအရင်ဖွင့်လိုက်ပြီးထထိုင်လိုက်ရင်းမျက်မှောင်နည်းနည်းကျုံ့ထားတယ်။သူကဘေးဘယ်ညာကိုကြည့်လိုက်တော့ကျိနင်းလည်းနိုးနေတာကိုတွေ့လိုက်တယ်။အဲ့ဒါကြောင့်ကွဲအက်နေတဲ့အသံနဲ့ပြောလိုက်တယ်။ "အခုလေးတင်ဘာဖြစ်သွားတာလဲ"
ကျိနင်းကမသိချင်ယောင်ဆောင်ရင်းနှာခေါင်းလေးကိုပွတ်ကာခေါင်းခါပြလိုက်တယ်။တခြားသူတွေလည်းဘာဖြစ်သွားမှန်းမသိဖြစ်နေကြတယ်။သူတို့မှတ်မိတာကသတိမလစ်သွားခင်မှာလိုင်းတွေဆိုးရွားနေတယ်ဆိုတာပဲ။
အခုချိန်မှာတော့သူတို့ခလုတ်တွေကိုစစ်ကြည့်လိုက်ချိန်မှာလိုင်းတွေလည်းပြန်ကောင်းနေပြီးသတိလစ်သွားတဲ့အချိန်ကလည်း7မိနစ်8မိနစ်လောက်ပဲဖြစ်တယ်။အဖွဲ့သားတွေဘက်ကလိုင်းကလည်းဖြတ်တောက်ခံလိုက်ရတယ်။ဒါရိုက်တာကအထဲမှာဘာတွေဖြစ်နေလဲဆိုတာဆက်တိုက်အော်မေးနေတယ်။
"အရမ်းထူးဆန်းတဲ့ဟာတစ်ခုဖြစ်သွားတယ်"
သရုပ်ဆောင်တစ်ယောက်ကမြေကြီးပေါ်ကနားကြပ်ကိုကောက်ကိုင်လိုက်ပြီးဒါရိုက်တာကိုအကျဉ်းချုပ်ရှင်းပြလိုက်တယ်။အဲ့ဒီ့အချိန်မှာသူတို့ရဲ့ခလုတ်ကနေရုတ်တရက်ဆူညံသံထွက်လာတယ်။
"ငလျင်လှုပ်တော့မယ့်လက္ခဏာပဲ!"
အဲ့ဒီ့အသံကိုကြားတဲ့အချိန်မှာသရုပ်ဆောင်တွေရဲ့အမူအရာကပြောင်းသွားပြီးအိမ်ပြင်ကိုပြေးထွက်ကြတယ်။ခုနကထူးဆန်းမှုကိုလည်းခဏတာမေ့သွားကြတယ်။
ဗဟိုဦးနှောက်ကသူတို့ရဲ့ခလုတ်တွေစီကိုသတိပေးချက်ပေးပို့ပြီးစက္ကန့်အနည်းငယ်အကြာမှာပဲမြေကြီးတွေနဲ့နံရံတွေကပြင်းထန်စွာတုန်ခါလာတယ်။
ဘုန်း! ဘုန်း!
ပရိဘောဂတွေကြမ်းပြင်ပေါ်ကိုတစ်ခုပြီးတစ်ခုကျလာတယ်။မှန်တွေလည်းကွဲထွက်ကုန်တယ်။မျက်နှာကြပ်ပေါ်ကမီးဆိုင်းကြီးစီကေနလည်းအက်ကွဲသံတွေကြားလာရတယ်။သူ့ကိုချိတ်ဆွဲထားတဲ့သံချေးတက်နေတဲ့ချိန်းကြီးကရုတ်တရက်ပြတ်ထွက်သွားပြီးအောက်မှာရပ်နေတဲ့ကုချန်ပေါ်ကိုကျလာတယ်။
"သတိထား!"
ကုချန်ကသူ့အပေါ်ကိုလေးလံတဲ့ပစ္စည်းတစ်ခုပြုတ်ကျလာကြောင်းသတိထားမိသွားတဲ့အချိန်မှာပဲမီးဆိုင်းကြီးရဲ့အရိပ်အောက်ကနေလွတ်သွားအောင်နောက်ကနေအားနဲ့တွန်းလိုက်ကြောင်းခံစားမိလိုက်တယ်။
ကုချန်အံ့အားသင့်စွာနဲ့နောက်လှည့်ကြည့်လိုက်ချိန်မှာမီးဆိုင်းကြီးကကျိနင်းရဲ့ဘေးမှာကြမ်းပြင်ပေါ်ကိုဘန်းဆိုတဲ့အသံနဲ့ပြုတ်ကျလာပြီးသံနဲ့လုပ်ထားတဲ့မီးအိမ်တိုင်ကသူ့(ကျိနင်း)လက်မောင်းကိုထိုးဖောက်သွားကာသွေးတွေပန်းထွက်လာတယ်။
Tbc 🐣
(ဖတ်ပေးကြတဲ့တစ်ဦးတစ်ယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင်)
Zawgyi
ေဟာဝူလင္း
နာမည္ကိုျမင္ျမင္လိုက္ခ်င္းမွာပဲက်ိနင္းရဲ႕လက္ေတြတုန္ရီလာတယ္။ သူ႔ႏွလုံးသားထဲကေၾကာက္႐ြံ႕မႈကိုမထိန္းခ်ဳပ္ႏိုင္တာေၾကာင့္အပူေလာင္သြားသလိုမ်ိဳးသတင္းစာကိုလႊင့္ပစ္လိုက္တယ္။
ဒါဟာသ႐ုပ္ေဆာင္ေနတာမဟုတ္ဘဲစစ္မွန္တဲ့တုံ႔ျပန္မႈပါ။ဒီျဖစ္ရပ္က႐ုပ္ရွင္အဖြဲ႕သားေတြဖန္တီးထားတဲ့သုံးဖက္ျမင္ပုံရိပ္ေတြမဟုတ္ဘဲတစ္စုံတစ္ခုလာေနၿပီျဖစ္ေၾကာင္းသတိေပးခ်က္ဆိုတာသိေနတယ္။အဲ့ဒီ့ေဟာဝူလင္းလာေနၿပီ။
သူကက်ိနင္းရဲ႕အရင္ပစ္မွတ္ေတြထဲကတစ္ေယာက္ျဖစ္ၿပီးအရမ္းနာမည္ႀကီးတဲ့ 'God Killing' ဝတၳဳထဲကအဓိကဇာတ္လိုက္ျဖစ္တယ္။အဲ့ဒီ့ကမာၻမွာက်ိနင္းကေဟာဝူလင္းပ်ိဳးေထာင္ထားတဲ့သရဲအျဖစ္သုံးႏွစ္ေတာင္ျဖတ္သန္းခဲ့ရတယ္။
ရလဒ္အေနနဲ႔က်ိနင္းကေဟာဝူလင္းရဲ႕အက်င့္စ႐ိုက္နဲ႔အရမ္းရင္းႏွီးေနပါတယ္။ေဟာဝူလင္းရဲ႕ခ်စ္ခင္ႏွစ္သက္ဖြယ္မ်က္ႏွာေလးရဲ႕ေအာက္မွာရက္စက္ၾကမ္းတမ္းမႈေတြကိုဖုံးကြယ္ထားတယ္ဆိုတာသူသိႏွင့္ၿပီးျဖစ္တယ္။ေဟာဝူလင္းကသစၥာေဖာက္တာေတြကိုဘယ္ေလာက္မုန္းတယ္ဆိုတာလည္းသူသိၿပီးသားပါ။
ဒါေပမဲ့က်ိနင္းကေဟာဝူလင္းကိုသစၥာေဖာက္ရင္းပဲအဲ့ကမာၻမွာေသသြားတယ္။အကယ္၍သူသာေဟာဝူလင္းလက္ထဲေရာက္သြားရင္သူ႔ကိုေစာင့္ေနမွာကေသျခင္းထက္ဆိုးတဲ့အဆုံးသတ္ပဲ။
ဒီအေတြးေတြကခ်က္ခ်င္းပဲေခါင္းထဲဝင္လာတယ္။က်ိနင္းကစိတ္ပိုင္းဆိုင္ရာအရမျပင္ဆင္ထားတဲ့အတြက္လြတ္ေျမာက္ႏိုင္မဲ့နည္းလမ္းကိုမစဥ္းစားႏိုင္ဘူးျဖစ္ေနတယ္။အခုေရာက္ေနတဲ့ဝတၳဳကအႏၲရာယ္နည္းတဲ့အႏုပညာလုပ္ငန္းမွာအေျခခံထားတာျဖစ္တဲ့အတြက္သူအရင္ကရွိခဲ့တဲ့အစြမ္းေတြကလည္းပိတ္ဆို႔ခံထားရတယ္။အဲ့ဒါေၾကာင့္ေဟာဝူလင္းကိုျပန္ၿပီးမတိုက္ခိုက္ႏိုင္တဲ့အျပင္ထြက္ေျပးဖို႔ဆိုတာကလည္းေဝးကြာလြန္းတဲ့ေမွ်ာ္လင့္ခ်က္ေသးေသးေလးထက္မပိုပါဘူး။
ဒါေပမဲ့ေဟာဝူလင္းကသူ႔ကိုဘယ္လိုရွာေတြ႕သြားတာလဲ။Lord Godကေဟာဝူလင္းကို horror world ေတြေတာ္ေတာ္မ်ားမ်ားကိုသြားႏိုင္တဲ့အစြမ္းေပးထားေပမဲ့ 'God Killing' နဲ႔ 'Interstellar သ႐ုပ္ေဆာင္ျပန္လည္ေမြးဖြားျခင္း' ဝတၳဳႏွစ္ခုကဘာမွမဆိုင္တာေၾကာင့္သက္သက္စီခြဲထားရမွာေလ။
ဘုတ္
သတင္းစာကေအာက္ကိုေျဖးေျဖးေလးက်သြားတယ္။အျဖဴအမည္းပုံထဲကေနၿပိဳးၿပိဳးျပက္ျပက္ျဖစ္ေနတဲ့ၾကက္ေသြးေရာင္ေတြကေနရာအႏွံ႔ပ်ံ႕ထြက္ေနၿပီးၾကမ္းျပင္ေပၚကေသြးေတြကလည္းအနံ႔အသက္ဆိုးဆိုး႐ြား႐ြားေတြထြက္ေနတယ္။
က်ိနင္းတစ္ေယာက္ပဲဒါဟာဘယ္ေလာက္ေၾကာက္စရာေကာင္းေနမွန္းနားလည္တယ္။တျခားသူေတြကဒါ႐ိုက္တာရဲ႕ေ႐ြးခ်ယ္မႈလို႔ေတြးထားတာေၾကာင့္ထိတ္လန္႔ေနၾကေပမဲ့႐ုပ္ရွင္႐ိုက္ေနတာပဲဆိုပီးစိတ္တင္းထားၾကတယ္။
ကုခ်န္ကသတင္းစာကိုၾကည့္ရင္းမ်က္ေမွာင္က်ဳံ႕လိုက္တယ္။သူ႔စိတ္ထဲထူးဆန္းတယ္လို႔ခံစားေနရတယ္။သတင္းစာမွာမေကာင္းဆိုးဝါးအေငြ႕အသက္ေတြလႊမ္းမိုးေနသလိုမ်ိဳးပဲ။
သူတို႔အကုန္လုံးေနာက္ကိုျမန္ျမန္ဆုတ္လိုက္ၿပီးသတင္းစာကိုစိုက္ၾကည့္ေနၾကတယ္။ဓာတ္ပုံထဲကလူကအကုန္လုံးကိုတစ္ခ်က္ၾကည့္ၿပီးခပ္ဖြဖြရယ္တယ္။ၿပီးေနာက္က်ိနင္းစီကိုသူ႔အၾကည့္ေတြျပန္ေရာက္သြားတယ္။
ထို႔ေနာက္နာေရးေၾကညာစာထဲကေနသူေပ်ာက္သြားတယ္။
"Zi.....ka-"
နားၾကပ္ကေနစူးရွက်ယ္ေလာင္တဲ့အသံထြက္လာတာေၾကာင့္သူတို႔နားစည္ေတြေပါက္ထြက္သြားေတာ့မလိုပဲ။အရမ္းနာလြန္းတာေၾကာင့္႐ုပ္ရွင္႐ိုက္ေနတာကိုေတာင္ဂ႐ုမထားႏိုင္ေတာ့ဘဲနားၾကပ္ေတြကိုျမန္ျမန္ျဖဳတ္ပစ္လိုက္ၾကတယ္။
ဘုန္း
ဘုန္း
ပစၥည္းေတြတစ္ခုၿပီးတစ္ခုျပဳတ္က်လာတယ္။တစ္ေယာက္ေယာက္ကပစၥည္းတစ္ခုကိုေကာက္ကိုင္လိုက္ခ်ိန္မွာေလထဲကေနလ်ိဳ႕ဝွက္ကင္မရာေတြျပဳတ္က်လာျခင္းျဖစ္ေၾကာင္းသိလိုက္ရတယ္။
"ဘာေတြျဖစ္ေနတာလဲ"
လိုင္းေတြလည္းျဖတ္ေတာက္ခံလိုက္ရတာေၾကာင့္အျပင္ေလာကနဲ႔အဆက္အသြယ္မလုပ္ႏိုင္ေတာ့ဘူး။သ႐ုပ္ေဆာင္ေတြကအရမ္းေၾကာက္႐ြံ႕လာတာေၾကာင့္ဆက္ၿပီးသ႐ုပ္မေဆာင္ႏိုင္ၾကေတာ့ဘူး။
အေျခအေနေတြကပိုဆိုးလာၿပီးဇာတ္လိုက္အမ်ိဳးသမီးေနရာကေနသ႐ုပ္ေဆာင္တဲ့မင္းသမီးကျဖဴေဖ်ာ့လာၿပီးခပ္တိုးတိုးေလးေျပာလာတယ္ "မဟုတ္မွအဲ့ဒါကအမွန္ျဖစ္ေနတာမ်ားလား......"
သူမအသံက႐ုတ္တရက္ရပ္သြားတယ္။
ဘာလို႔ဆိုသူမေရွ႕တည့္တည့္မွာအျဖဴေရာင္အရိပ္တစ္ခုေပၚလာတာေၾကာင့္ပါ။
ထိုအရိပ္ကအမည္းေရာင္ဆံႏြယ္ေတြနဲ႔လူငယ္ေလးတစ္ေယာက္ျဖစ္တယ္။သူကအရပ္ရွည္ၿပီးအသားအေရကပုံမွန္မဟုတ္တဲ့ပုံစံနဲ႔ျဖဴေဖ်ာ့ေနတယ္။လွပတဲ့မ်က္ႏွာအစိတ္အပိုင္းေတြရွိၿပီးအျဖဴေရာင္ရွပ္အက်ႌေလးကိုလည္းေသေသသပ္သပ္ဝတ္ဆင္ထားတယ္။သူကသူမကိုၿပဳံးျပလိုက္ခ်ိန္မွာသူမေခါင္းေပၚကိုေရခဲေရတစ္ပုံးေလာင္းခ်လိုက္သလိုေအးခဲသြားတယ္။
ထိုလူကနာေရးေၾကညာစာထဲကလူျဖစ္တယ္။
အဲ့ဒီ့အေတြးတစ္ခုပဲဝင္လာၿပီးသူမမ်က္လုံးေတြေမွာင္မိုက္သြားကာၾကမ္းျပင္ေပၚေမ့လဲသြားတယ္။
တျခားသူေတြလည္းသူမလိုမ်ိဳးေမ့လဲကုန္တယ္။ကုခ်န္ကမူးေဝလာတာကိုခုခံဖို႔အတြက္နဖူးကိုဖိထားတယ္။ဆံပင္အနက္ေရာင္နဲ႔လူကိုအႀကိမ္အနည္းငယ္ေလာက္ၾကည့္ၿပီးေနာက္မွာေတာင့္မခံႏိုင္ေတာ့ဘဲမ်က္လုံးေတြမွိတ္က်သြားတယ္။
စံအိမ္အိုႀကီးထဲမွာက်ိနင္းနဲ႔ဆံပင္အနက္ေရာင္နဲ႔လူႏွစ္ေယာက္ပဲမတ္တပ္ရပ္ရင္းက်န္ခဲ့တယ္။
ထိုလူရဲ႕မ်က္လုံးေတြကေပ်ာ္ေနသလိုမ်ိဳးေကြးသြားတယ္။ထိုလူကႏူးႏူးညံ့ေလးေျပာတယ္ "မေတြ႕ရတာၾကာၿပီ နင္းနင္း"
ေဟာဝူလင္း။ သူတစ္ကယ္ေပၚလာခဲ့ၿပီ။
တကယ့္လူအစစ္ကမ်က္စိေရွ႕ေပၚလာတာေၾကာင့္ဓာတ္ပုံကိုၾကည့္လိုက္ရတာထက္အားျပင္းတဲ့သက္ေရာက္မႈကိုျဖစ္ေစတယ္။က်ိနင္းကအေၾကာက္တရားကိုမထိန္းခ်ဳပ္ႏိုင္တာေၾကာင့္ႏွလုံးခုန္ျမန္လာၿပီးလက္ဖဝါးကေနလည္းေခြၽးေတြစိမ့္ထြက္လာတယ္။
အကယ္၍သူမူးေဝခ်င္ေယာင္ေဆာင္တာ၊ေဟာဝူလင္းကိုမသိခ်င္ေယာင္ေဆာင္တာမ်ိဳးလုပ္မယ္ဆိုရင္ေတာင္ေနာက္က်သြားၿပီ။ေဟာဝူလင္းကတျခားသူေတြထက္ထူးျခားေနတဲ့သူ႔ရဲ႕တုံ႔ျပန္မႈေတြကိုျမင္ၿပီးသြားၿပီ။
သူဒီမစ္ရွင္ကိုရႈံးနိမ့္ၿပီးေသသြားတာမ်ိဳးျဖစ္ႏိုင္တယ္။သူဒီလိုမ်ိဳးလြယ္လြယ္ကူကူနဲ႔မေသသြားခ်င္ဘူး။သူကသူ႔ကိုယ္သူအတင္းတည္ၿငိမ္ေအာင္လုပ္ၿပီးေဟာဝူလင္းကိုၾကည့္လိုက္တယ္။သိပ္မၾကာခင္မွာပဲေဟာဝူလင္းရဲ႕ပုံရိပ္ကခပ္ေဖ်ာ့ေဖ်ာ့ျဖစ္ေနတာကိုသိလိုက္ရတယ္။ဒါသူ႔ရဲ႕ခႏၶာကိုယ္အစစ္မဟုတ္ေလာက္ဘူး။
ဒါဟာေဟာဝူလင္းရဲ႕ပုံရိပ္ေယာင္တစ္ခုပဲ။သူကိုယ္တိုင္ကေတာ့ဒီကမာၻမွာမရွိဘူး။
ဒါကိုသိလိုက္ရခ်ိန္မွာက်ိလင္းစိတ္နည္းနည္းေပါ့သြားတယ္။သူေဟာဝူလင္းရဲ႕အစြမ္းေတြကိုသိၿပီးသားပါ။ဒီပုံရိပ္ေယာင္ကၾကာၾကာခံမွာမဟုတ္ဘူး။မၾကာခင္မွာထိုပုံရိပ္ေယာင္ေပ်ာက္သြားလိမ့္မယ္။သူသာေဟာဝူလင္းစီကအသတ္မခံရေအာင္ေကာင္းေကာင္းစီမံႏိုင္မယ္ဆိုရင္သူအသက္ရွင္ႏိုင္တယ္။
".....မေတြ႕ရတာၾကာၿပီ မင္းငါ့ကိုဘယ္လိုရွာေတြ႕တာလဲ"
က်ိနင္းကေဟာဝူလင္းစိတ္အေႏွာင့္အယွက္ျဖစ္မသြားဖို႔အသံကိုတည္ၿငိမ္ေနေအာင္ႀကိဳးစားထားတယ္။
"လွ်ိဳ႕ဝွက္ခ်က္ေလ ဒါေပမဲ့မင္းမွန္းဆႏိုင္မွာပါ"
ေဟာဝူလင္းရဲ႕ပုံရိပ္ေယာင္ကပိုၿပီးေဖ်ာ့လာတယ္။ဒါေပမဲ့သူအလ်င္မလိုပါဘူး။ေနာက္ၿပီးသူ႔မွာက်ိနင္းကိုခ်က္ခ်င္းသတ္မဲ့အစီအစဥ္လည္းရွိပုံမရဘူး။အဲ့ဒီ့အစားသူကၿပဳံးလာၿပီးက်ိနင္းကိုဂ႐ုတစိုက္ၾကည့္ရင္းေျပာတယ္ "မင္းကေတာ့အဆင္ေျပေနပုံပဲ ဒါေပမဲ့...."
သူ႔ရဲ႕ညင္သာတဲ့အၿပဳံးေလးနဲ႔ဆန္႔က်င္ဘက္အေနနဲ႔သူ႔ရဲ႕မ်က္လံုးေတြကညအခ်ိန္မွာသမုဒၵရာႀကီးရဲ႕လႈိင္းလုံးေတြလိုမည္းေမွာင္ၿပီးနက္ရႈိင္းေနတယ္။
"ကိုယ္ကေတာ့ဆိုး႐ြားတဲ့အခ်ိန္ေတြကိုျဖတ္သန္းခဲ့ရတာ အရမ္းဆိုးတယ္" သူကႏူးႏူးညံ့ညံ့ေျပာလာတယ္။
ပုံရိပ္ေယာင္ထဲကေနေအးစက္ျဖဴေဖ်ာ့ေနတဲ့လက္ေခ်ာင္းေတြထြက္လာၿပီးသူ႔ပါးကိုပြတ္သပ္လာတာေၾကာင့္က်ိနင္းေၾကာက္လာတယ္။
"မင္းမေသဘူးဆိုတာကိုယ္သိတယ္ မင္းကကိုယ့္ကိုထားသြားၿပီးထြက္ေျပးသြား႐ုံပါ ကိုယ့္ရဲ႕ႏွလုံးသားတစ္ဝက္ကိုခြဲထုတ္သြားၿပီးေတာ့ေလ ေပ်ာ္ေနရဲ႕လားနင္းနင္း"
ေဟာဝူလင္းရဲ႕လက္ေတြကေအာက္ကိုတေျဖးေျဖးဆင္းလာၿပီးက်ိနင္းရဲ႕လက္ေတြကိုကိုင္ကာသူ႔ရင္ဘတ္ေပၚဖိတင္ေပးလိုက္တယ္။
က်ိနင္းရဲ႕လက္ထိပ္ေတြကေနတကိုယ္လုံးေအးစက္လာတယ္။ေဟာဝူလင္းကေသသြားၿပီးေတာ့အခုကလမ္းေလွ်ာက္ေနတဲ့အေလာင္းႀကီးလိုမ်ိဳးေဟာဝူလင္းစီကဘာႏွလုံးခုန္သံမွမခံစားမိဘူး။
"......"
က်ိနင္းကဘာမွျပန္မေျဖဘူး။ေဟာဝူလင္းကသူ႔ရဲ႕အပူခ်ိန္ကိုခံစားရင္းၿပဳံးၿပီးသူ႔လက္ကိုကိုင္ထားတုန္းပဲ။ပုံရိပ္ေယာင္ပါးပါးေလးပဲက်န္ေတာ့တဲ့အခ်ိန္မွသာသူကေရွ႕ကိုငုံ႔လိုက္ၿပီးက်ိနင္းရဲ႕နဖူးကိုနမ္းလိုက္တယ္။
"အခ်ိန္ေစ့ၿပီ နင္းနင္းစီကိုေနာက္တစ္ေခါက္ထပ္လာခဲ့မယ္ ေနာက္မွေတြ႕တာေပါ့"
ေလျပင္းတခ်က္တိုက္လာၿပီးေသြးစြန္းေနတဲ့သတင္းစာေလးကႏွင္းေတြလိုမ်ိဴေျမျပင္ေပၚကိုအစိတ္စိတ္အႁမႊာႁမႊာက်သြားတယ္။
ေဟာဝူလင္းရဲ႕ပုံရိပ္ေယာင္ကလုံးဝေပ်ာက္ကြယ္သြားပါၿပီ။က်ိနင္းေခါင္းငုံ႔လိုက္ခ်ိန္မွာေဟာဝူလင္းကိုင္သြားတဲ့သူ႔လက္ေကာက္ဝတ္မွာအမည္းေရာင္လက္ေဗြရာတခုက်န္ခဲ့တာကိုေတြ႕လိုက္ရတယ္။
"....."
သူဟာစကၠန႔္အနည္းငယ္ေလာက္ေခါင္းငုံ႔ထားရင္းရပ္ေနမိတယ္။ၿပီးမွအသက္ျပင္းျပင္းရႉၿပီးၾကမ္းျပင္ေပၚကိုလွဲခ်လိုက္တယ္။သူ႔နဖူးသူကိုင္ထားရင္းမေပ်ာက္သြားေသးတဲ့ေၾကာက္႐ြံ႕မႈနဲ႔အတူတိုးတိုးေရ႐ြတ္လိုက္တယ္။
"ဘာတတ္ႏိုင္မွာလဲ"
ကမာၻေတြအမ်ားႀကီးျဖတ္သန္းၿပီးတဲ့ေနာက္မွာေဟာဝူလင္းကက်ိနင္းမဆက္ဆံခ်င္တဲ့ဇာတ္လိုက္သုံးေယာက္ထဲကတစ္ေယာက္ျဖစ္တယ္။သူ႔ရဲ႕အက်င့္စ႐ိုက္အရသူဟာသူႀကိဳက္တဲ့အ႐ုပ္ေတြကိုခ်က္ခ်င္းမသတ္ဘူး။တဖက္သားကိုနက္ရႈိင္းလြန္းတဲ့စိတ္ပ်က္အားငယ္မႈထဲဆြဲခ်ပစ္ၿပီးေသသည္အထိေျဖးေျဖးခ်င္းစီႏွိပ္စက္လိမ့္မယ္။
ၿပီးေတာ့အခုခ်ိန္မွာေဟာဝူလင္းရဲ႕ပစ္မွတ္ကသူျဖစ္ေနပုံရတယ္။
က်ိနင္းကခါးသက္တဲ့အမူအရာနဲ႔အတူဆံပင္ေတြကိုဆြဲလိုက္တယ္။
အခုခ်ိန္မွာေတာ့ေနာင္တရဖို႔ေနာက္က်သြားၿပီ။သူလည္းေဟာဝူလင္းကိုသစၥာေဖာက္ခ်င္တာမ်ိဳးမဟုတ္ပါဘူး။အဲ့ဒီ့အခ်ိန္မွာသူ႔ရဲ႕အာဏာအဆင့္ကမျမင့္ေသးတဲ့အတြက္သူ႔မွာေ႐ြးခ်ယ္စရာမရွိခဲ့ဘူး။သူကမူရင္းဇာတ္လမ္းအတိုင္းၿပီးေျမာက္ေအာင္လုပ္ရမယ္။အဲ့ဒါေၾကာင့္ျပာေတြအျဖစ္ေပ်ာက္မသြားခင္မွာေဟာဝူလင္းကိုသစၥာေဖာက္သြားဖို႔ပဲတတ္ႏိုင္တယ္။
အခုခ်ိန္မွာျပန္ေတြ႕လည္းေဟာဝူလင္းကိုသစၥာေဖာက္ရတဲ့အေၾကာင္းရင္းကိုရွင္းျပလို႔္မရဘူး။ဘာလို႔ဆိုကူးေျပာင္းသူေတြကမူရင္းဝတၳဳထဲကဇာတ္ေကာင္ေတြကိုsystemနဲ႔ပတ္သတ္ၿပီးေျပာျပလို႔မရဘူးဆိုတဲ့ဥပေဒေၾကာင့္ျဖစ္တယ္။
ခ်စ္ရသူစီကသစၥာေဖာက္ခံရၿပီးႏွလုံးသားကိုတဝက္ခြဲထုတ္ခံလိုက္ရခ်ိန္မွာေဟာဝူလင္းခံစားခဲ့ရမဲ့႐ူးသြပ္မႈနဲ႔အမုန္းတရားကက်ိနင္းေတြးမၾကည့္ႏိုင္ေလာက္ေအာင္ပါပဲ။
အကယ္၍ဒီေန႔ကိုသာႀကိဳတင္ခန႔္မွန္းႏိုင္ခဲ့မယ္ဆိုရင္ရွင္းျပခ်က္တစ္ခုခုကိုႀကိဳလုပ္ထားမိမွာပါ။ဒါေပမဲ့အခုေတာ့အရမ္းေနာက္က်သြားၿပီ။တျခားကမာၻမွာေဟာဝူလင္းကသူ႔ကိုရွာေတြ႕သြားမယ္လို႔ဘယ္သူကေမွ်ာ္လင့္ထားမွာလဲ။ဒါႀကီးကလုံးဝမျဖစ္ႏိုင္တဲ့အေျခေနေလ။
က်ိနင္းဒီအေၾကာင္းကိုေတြးေလပိုၿပီးထူးဆန္းတယ္လို႔ထင္ေလပဲ။ေဟာဝူလင္းကကမာၻေတြကိုေလွ်ာက္သြားႏိုင္ေလာက္ေအာင္စြမ္းအားႀကီးတဲ့ဇာတ္လိုက္ျဖစ္ပါေစဦး ပုံမွန္အေျခအေနမ်ိဳးဆိုသူ႔ရဲ႕မူရင္းဝတၳဳထဲမွာပဲကန႔္သတ္ခံထားရမွာမဟုတ္ဖူးလား? ဒါေပမဲ့အခုေတာ့က်ိနင္းေနာက္ကိုလိုက္ေနတယ္။ သူဒါကိုဘယ္လိုလုပ္ႏိုင္တာလဲ။
အခုခ်ိန္မွာေတာ့ပုံရိပ္ေယာင္ေလးပဲ။ ေနာက္အခါဆိုေဟာဝူလင္းရဲ႕ခႏၶာကိုယ္အစစ္ပါေပၚလာႏိုင္တယ္။ဒီကမာၻမွာေဟာဝူလင္းစီကလြတ္ေျမာက္ႏိုင္တယ္ဆိုဦးေတာ့ေနာက္ကမာၻက်ရင္ေရာ?ေဟာဝူလင္းသူ႔ကိုရွာႏိုင္ဦးမွာလား?
အဲ့ဒါေတြစဥ္စားမိတဲ့အခ်ိန္မွာက်ိနင္းရဲ႕မ်က္ႏွာကျဖဴေဖ်ာ့သြားၿပီးsystemနဲ႔ဆက္သြယ္ၿပီးဘာျဖစ္သြားတယ္ဆိုတာေျပာဖို႔ဆံုးျဖတ္လိုက္တယ္။အဲ့ဒါမွsystemကဘာမွားတယ္ဆိုတာအတည္ျပဳႏိုင္မွာ။
ဒါေပမဲ့အခုခ်ိန္မွာၾကမ္းျပင္ေပၚမွာေမ့လဲေနတဲ့သူေတြကႏိုးလာမဲ့အရိပ္အေယာင္ေတြျပလာၿပီ။က်ိနင္းကသူ႔ပုံစံကိုျပင္လိုက္ၿပီးအခုမွႏိုးလာတဲ့ပံုမ်ိဳးဟန္ေဆာင္ရင္းနဲ႔မ်က္ႏွာမွာအံ့အားသင့္တဲ့ပုံစံလုပ္ထားတယ္။
ကုခ်န္ကသူ႔မ်က္လုံးေတြကိုအရင္ဖြင့္လိုက္ၿပီးထထိုင္လိုက္ရင္းမ်က္ေမွာင္နည္းနည္းက်ဳံ႕ထားတယ္။သူကေဘးဘယ္ညာကိုၾကည့္လိုက္ေတာ့က်ိနင္းလည္းႏိုးေနတာကိုေတြ႕လိုက္တယ္။အဲ့ဒါေၾကာင့္ကြဲအက္ေနတဲ့အသံနဲ႔ေျပာလိုက္တယ္။ "အခုေလးတင္ဘာျဖစ္သြားတာလဲ"
က်ိနင္းကမသိခ်င္ေယာင္ေဆာင္ရင္းႏွာေခါင္းေလးကိုပြတ္ကာေခါင္းခါျပလိုက္တယ္။တျခားသူေတြလည္းဘာျဖစ္သြားမွန္းမသိျဖစ္ေနၾကတယ္။သူတို႔မွတ္မိတာကသတိမလစ္သြားခင္မွာလိုင္းေတြဆိုး႐ြားေနတယ္ဆိုတာပဲ။
အခုခ်ိန္မွာေတာ့သူတို႔ခလုတ္ေတြကိုစစ္ၾကည့္လိုက္ခ်ိန္မွာလိုင္းေတြလည္းျပန္ေကာင္းေနၿပီးသတိလစ္သြားတဲ့အခ်ိန္ကလည္း7မိနစ္8မိနစ္ေလာက္ပဲျဖစ္တယ္။အဖြဲ႕သားေတြဘက္ကလိုင္းကလည္းျဖတ္ေတာက္ခံလိုက္ရတယ္။ဒါ႐ိုက္တာကအထဲမွာဘာေတြျဖစ္ေနလဲဆိုတာဆက္တိုက္ေအာ္ေမးေနတယ္။
"အရမ္းထူးဆန္းတဲ့ဟာတစ္ခုျဖစ္သြားတယ္"
သ႐ုပ္ေဆာင္တစ္ေယာက္ကေျမႀကီးေပၚကနားၾကပ္ကိုေကာက္ကိုင္လိုက္ၿပီးဒါ႐ိုက္တာကိုအက်ဥ္းခ်ဳပ္ရွင္းျပလိုက္တယ္။အဲ့ဒီ့အခ်ိန္မွာသူတို႔ရဲ႕ခလုတ္ကေန႐ုတ္တရက္ဆူညံသံထြက္လာတယ္။
"ငလ်င္လႈပ္ေတာ့မယ့္လကၡဏာပဲ!"
အဲ့ဒီ့အသံကိုၾကားတဲ့အခ်ိန္မွာသ႐ုပ္ေဆာင္ေတြရဲ႕အမူအရာကေျပာင္းသြားၿပီးအိမ္ျပင္ကိုေျပးထြက္ၾကတယ္။ခုနကထူးဆန္းမႈကိုလည္းခဏတာေမ့သြားၾကတယ္။
ဗဟိုဦးေႏွာက္ကသူတို႔ရဲ႕ခလုတ္ေတြစီကိုသတိေပးခ်က္ေပးပို႔ၿပီးစကၠန႔္အနည္းငယ္အၾကာမွာပဲေျမႀကီးေတြနဲ႔နံရံေတြကျပင္းထန္စြာတုန္ခါလာတယ္။
ဘုန္း! ဘုန္း!
ပရိေဘာဂေတြၾကမ္းျပင္ေပၚကိုတစ္ခုၿပီးတစ္ခုက်လာတယ္။မွန္ေတြလည္းကြဲထြက္ကုန္တယ္။မ်က္ႏွာၾကပ္ေပၚကမီးဆိုင္းႀကီးစီကေနလည္းအက္ကြဲသံေတြၾကားလာရတယ္။သူ႔ကိုခ်ိတ္ဆြဲထားတဲ့သံေခ်းတက္ေနတဲ့ခ်ိန္းႀကီးက႐ုတ္တရက္ျပတ္ထြက္သြားၿပီးေအာက္မွာရပ္ေနတဲ့ကုခ်န္ေပၚကိုက်လာတယ္။
"သတိထား!"
ကုခ်န္ကသူ႔အေပၚကိုေလးလံတဲ့ပစၥည္းတစ္ခုျပဳတ္က်လာေၾကာင္းသတိထားမိသြားတဲ့အခ်ိန္မွာပဲမီးဆိုင္းႀကီးရဲ႕အရိပ္ေအာက္ကေနလြတ္သြားေအာင္ေနာက္ကေနအားနဲ႔တြန္းလိုက္ေၾကာင္းခံစားမိလိုက္တယ္။
ကုခ်န္အံ့အားသင့္စြာနဲ႔ေနာက္လွည့္ၾကည့္လိုက္ခ်ိန္မွာမီးဆိုင္းႀကီးကက်ိနင္းရဲ႕ေဘးမွာၾကမ္းျပင္ေပၚကိုဘန္းဆိုတဲ့အသံနဲ႔ျပဳတ္က်လာၿပီးသံနဲ႔လုပ္ထားတဲ့မီးအိမ္တိုင္ကသူ႔(က်ိနင္း)လက္ေမာင္းကိုထိုးေဖာက္သြားကာေသြးေတြပန္းထြက္လာတယ္။
Tbc 🐣
(ဖတ္ေပးၾကတဲ့တစ္ဦးတစ္ေယာက္ခ်င္းစီတိုင္းကိုေက်းဇူးတင္ပါတယ္ရွင္)