သရဲစံအိမ်ရဲ့မူရင်းဇာတ်လမ်းတစ်ခုလုံးကခြုံကြည့်ရင်ကောင်းပါတယ်။ဒါပေမဲ့ဇာတ်ညွှန်းအစပိုင်းကတော့မြင်နေကျပုံစံအတိုင်းပါပဲ။စွန့်စားလူစုကတောအုပ်ထဲမှာလမ်းပျောက်သွားကြတယ်။အသံတစ်ခုကိုကြားရပြီးနောက်အဲ့ဒီ့အသံရှိရာနောက်ကိုလိုက်သွားကြရင်းသရဲစံအိမ်ထဲကိုဝင်သွားမိကြတယ်။သူတို့စီကိုမကောင်းတဲ့အရာတွေဖြစ်လာမှာကိုဘယ်အရာကမှမတားဆီးနိုင်တော့။
ဒါပေါ့ အမြင်အာရုံနဲ့ဆိုင်သောဗဟိုဦးနှောက်တွေ၊ခလုတ်တွေ ရှိနေတဲ့ဒီနေ့လိုခေတ်ကြီးမှာလမ်းပျောက်တယ်ဆိုတာဘယ်လိုမှမဖြစ်နိုင်ပါဘူး။ဒါကြောင့်ဒီရုပ်ရှင်ကိုအမြင်အာရုံနဲ့ဆိုင်သောဗဟိုဦးနှောက်မပေါ်ခင်ကာလမှာအခြေခံထားတယ်။
လက်ရှိဗဟိုဦးနှောက်ခေတ်ကာလမှာတော့ရိုက်ကူးရေးကိုရေးထားပြီးသားဇာတ်ညွှန်းနဲ့စတင်လိုက်ပေမဲ့တကယ်ရိုက်ကူးချိန်မှာတော့သရုပ်ဆောင်တွေကဇာတ်ညွှန်းကိုအထိုက်အလျောက်ပြောင်းနိုင်ပြီးတော့ဇာတ်လမ်းအသွားအလာနဲ့လိုက်ဖက်မယ်ထင်ပါကလုံးဝပြောင်းလဲတာမျိုးလည်းလုပ်နိုင်တယ်။တခါတလေမှာလည်းဒါရိုက်တာတွေကသရုပ်ဆောင်တွေစစ်မှန်တဲ့ခံစားချက်တွေ၊ တုံ့ပြန်ချက်တွေပြသနိုင်ဖို့အတွက်ရိုက်ကူးနေစဉ်အတွင်းမှာပဲဇာတ်ညွှန်းတွေကိုပြောင်းပစ်တတ်တယ်။
အဲ့လိုကိစ္စမျိုးတွေမှာဆိုရင်ဒါရိုက်တာရဲ့ညွှန်ကြားချက်တွေကိုသရုပ်ဆောင်တွေဝတ်ဆင်ထားတဲ့မမြင်နိုင်တဲ့နားကြပ်တွေကတဆင့်ပေးပို့ကြတယ်။အဲ့ဒီ့အပြင်သရုပ်ဆောင်ချက်တွေကိုလွတ်မသွားစေရန်ရိုက်ကွင်းတစ်ခုလုံးမှာလျို့ဝှက်ကင်မရာတွေတပ်ထားတယ်။
ဒါရိုက်တာရဲ့အမိန့်ကြောင့်ကျိနင်းနဲ့တခြားသူတွေကမုဒ်သွင်းလိုက်ပြီးစတင်သရုပ်ဆောင်ကြတယ်။
ဇာတ်ညွှန်းအရအစပိုင်းမှာသူတို့ကလမ်းပျောက်နေကြတယ်။အဲ့ဒီ့နောက်အမျိုးသမီးဇာတ်လိုက်ကထူးဆန်းတဲ့အသံကိုကြားလိုက်ရတဲ့အတွက်သူမသူငယ်ချင်းတွေကိုသစ်တောထဲဆွဲခေါ်သွားရင်းအိမ်အိုကြီးစီရောက်သွားတယ်။
စံအိမ်ကြီးကမည်းမှောင်နေတယ်။လူတိုင်းကအိမ်ကြီးထဲဝင်ဖို့မဝင်ဖို့နဲ့ပတ်သတ်ပြီးအမြင်အမျိုးမျိုးဖြစ်နေပေမဲ့မိုးရွာချလာတာကြောင့်အကုန်ဝင်လိုက်ရတယ်။
"ဝါး"
မိုးကသည်းထန်စွာရွာသွန်းနေပြီးအမျိုးသားဇာတ်လိုက်ဖြစ်တဲ့ကျိနင်းကရှေ့ဆုံးကလျှောက်သွားပြီးအိမ်တံခါးကိုတွန်းဖွင့်လိုက်တယ်။တံခါးပတ္တာသံကခြောက်ကပ်ကပ်ကြီးထွက်ပေါ်လာတယ်။
ကုချန်ကပရိဘောဂတွေကိုလိုက်ကြည့်ရင်း "ဒီမှာဘယ်သူမှမနေေလာက်ဘူး။အိမ်ကအလွတ်ကြီးဖြစ်မယ်" လို့ပြောလိုက်တယ်။နေရာတိုင်းမှာဖုန်တွေထူနေပြီးပြတင်းပေါက်တွေကလည်းညစ်ပတ်နေတယ်။မှောင်မည်းနေတာကြောင့်ဓာတ်မီးတွေကိုဖွင့်လိုက်ရတယ်။
"ကြည့်ရတာဒီညတော့ဒီမှာအိပ်ရမယ်နဲ့တူတယ် သန့်ရှင်းရေးလုပ်ရအောင် အနည်းဆုံးတော့သန့်သန့်ရှင်းရှင်းလေးနေကြတာပေါ့" ကျိနင်းကပြောတယ်။
ငြင်းတဲ့သူမရှိတဲ့အတွက်အဖွဲ့ခွဲပြီးသန့်ရှင်းရေးလုပ်နေတုန်းမှာပဲအမျိုးသမီးသူရဲေကာင်းရဲ့အော်သံကြောင့်ရပ်သွားကြတယ်။
"ဘာဖြစ်လို့လဲ" ကျိနင်းကမေးလိုက်တယ်။
"ကြည့်ပါဦး ကြမ်းပြင်မှာအစွန်းတွေ.." အမျိုးသမီးသူရဲကောင်းနေရာမှာသရုပ်ဆောင်နေတဲ့မင်းသမီးရဲ့မျက်နှာကမသက်မသာဖြစ်နေပြီးသူမခြေထောက်အောက်ကကြမ်းပြင်ကိုညွှန်ပြနေတယ်။ဖုန်တွေထူနေပေမဲ့ဓာတ်မီးရောင်အောက်မှာတော့မည်းညစ်ညစ်အစွန်းတွေကိုဖုံးကွယ်မထားနိုင်ပါဘူး။
အညိုရောင်ရင့်ရင့်တွေ။
သွေးအစွန်းေတွလိုမျိုး။
"....."
လူတိုင်းကလှုပ်ရှားနေတာတွေရပ်သွားပြီးထိုအစွန်းကိုစိုက်ကြည့်နေကြတယ်။ကျိနင်းကရှေ့ကိုတည်တည်ငြိမ်ငြိမ်နဲ့ထွက်လာပြီးခန္ဓာကိုယ်ကိုကိုင်းလိုက်ကာထိုအမည်းရောင်အစွန်းကိုလက်နဲ့ထိကြည့်လိုက်တယ်။
ကြမ်းပြင်ကိုလက်ညိုးထိပ်နဲ့ထိလိုက်ချင်းမှာပဲလေမတိုက်ပေမဲ့ကြမ်းပြင်ပေါ်ကဖုန်တွေကအဝေးကိုဖြေးဖြေးစီလွင့်သွားပြီးအစွန်းအထင်းကရုပ်လုံးပေါ်လာတယ်။
အဲ့ဒါကလူပုံသဏ္ဌာန်တစ်ခု။
၎င်းပတ်ပတ်လည်မှာတော့ထိုလူကတရွတ်တိုက်ဆွဲခေါ်ခံထားရတဲ့ခြေရာလက်ရာတွေရှိနေပြီးသွေးကွက်တွေရောသွေးစက်တွေပါရှိနေတယ်။
ကြောက်ရွံ့စရာသွေးအစွန်းကြီးပေါ်လာတာကြောင့်တစ်အုပ်စုလုံးရဲ့အမူအရာတွေပြောင်းကုန်တယ်။
ဒီအိမ်ထဲမှာဘာဖြစ်ခဲ့မှန်းမသိပေမဲ့သေချာတာကတော့ဒီအိမ်ထဲမှာဆက်မနေသင့်တော့ဘူး။
"သွား!"
ကျိနင်းကပစ္စည်းတွေကိုကောက်ပြီးတံခါးစီကိုထပြေးတယ်။ဝင်လာတုန်းကတံခါးမပိတ်ခဲ့ပေမဲ့အခုချိန်မှာတော့ကျိနင်းဘယ်လောက်တံခါးလက်ကိုင်ကိုဆွဲဖွင့်ဖွင့်မရတော့ဘူး။
"ပြတင်းပေါက်တွေလည်းဖွင့်မရဘူး"
တစ်ယောက်ယောက်ကပြတင်းပေါက်စီပြေးသွားပြီးတွန်းဖွင့်ပေမဲ့မရဘူး။
ထိတ်လန့်သွားတဲ့လူစုကလေးလံတဲ့ပစ္စည်းတွေကောက်ပြီးပြတင်းပေါက်ကိုရိုက်ခွဲဖို့လုပ်နေတုန်းမှာပဲရုတ်တရက်ကြားလိုက်ရတဲ့ရယ်သံကြောင့်အေးခဲသွားကြတယ်။
ဘယ်ကနေပေါ်လာမှန်းမသိတဲ့အလွန်သိမ်မွေ့နူးညံ့တဲ့ရယ်သံကြောင့်သူတို့နှလုံးတွေအပြင်ကိုခုန်ထွက်မလိုတောင်ဖြစ်သွားကြတယ်။
သူတို့တကယ်ကိုကြောက်နေကြပြီ။ဇာတ်ညွှန်းထဲမှာရယ်သံပေါ်လာမယ်ေပြာထားပေမဲ့ကျိန်းသေပေါက်မိန်းမအသံပါ။ပထမဆုံးပေါ်လာမဲ့သရဲကအရင်အိမ်ပိုင်ရှင်ရဲ့ဝိဉာဉ်ဖြစ်တယ်။အခုကဘယ်လိုလုပ်ယောင်္ကျားသံကြီးဖြစ်နေတာလဲ?။
ဒါရိုက်တာကဇာတ်ညွှန်းပြောင်းလိုက်တာလား?
ကျိနင်းလဲစိတ်ထဲမှာဒီမေးခွန်းကိုပဲတွေးနေမိတယ်။မူရင်းဝတ္ထုထဲမှာဒီလိုပြောင်းလဲမှုမျိုးမရှိပါဘူး။ဒါပေမဲ့သူ့နားကြပ်ကလည်းတိတ်ဆိတ်နေပြီးဘာညွှန်ကြားချက်မှပေးမထားဘူး။ဒါကြောင့်လူတိုင်းကမူလညွှန်ကြားချက်အတိုင်းဆက်သရုပ်ဆောင်လိုက်ကြတယ်။
Whoosh
အိမ်ထဲမှာပိတ်မိနေလို့ကြောက်ရွံ့နေကြစဉ်မှာပဲသတင်းစာဟောင်းတစ်ခုကအပေါ်ကနေကျလာပြီးကျိနင်းလက်ပေါ်လာတင်တယ်။
ကျိနင်းနည်းနည်းထိတ်လန့်သွားတယ်။သတင်းစာကိုကိုင်ကြည့်လိုက်ချိန်မှာသတင်းစာကဝါနေပြီးသွေးတွေလည်းစွန်းနေကာစာလုံးတွေကလည်းဝါးနေပြီ။အလယ်မှာရှိနေတဲ့နာရေးကြေညာစာကပဲရှင်းရှင်းလင်းလင်းရှိနေတယ်။
မျက်လုံးလှလှလေးတွေနဲ့လူငယ်တစ်ယောက်ရဲ့အဖြူအမည်းပုံတစ်ပုံ။
သူကရှေ့တည့်တည့်ကိုစိုက်ကြည့်နေပြီးမျက်လုံးလေးတွေကနူးညံ့ငြင်သာတဲ့အပြုံးလေးအဖြစ်ကွေးနေကြတယ်။ဒါပေမဲ့ကျိနင်းသူ့မျက်လုံးတွေထဲစိုက်ကြည့်လိုက်ချိန်မှာထိတ်လန့်မှုနဲ့အတူသတိထားလိုက်မိတာကထိုလူကကင်မရာကိုကြည့်နေတာမဟုတ်ပဲသတင်းစာကိုင်ထားတဲ့သူကိုကြည့်နေတာဖြစ်တယ်။
သူကကျိနင်းကိုကြည့်နေတာ။
ကျိနင်းရဲ့သူငယ်အိမ်တွေကျုံ့ဝင်သွားတယ်။
မဖြစ်နိုင်တာ ဘယ်လိုလုပ်ပြီးအဲ့ဒီ့လူရဲ့ပုံကဒီမှာလာပေါ်နေတာလဲ?
ကွဲအက်သံတစ်ခု။
လူငယ်လေးရဲ့ရင်ဘတ်ကနေသွေးတွေစီးကျလာပြီးသု့ရှပ်အင်္ကျီတစ်ခုလုံးကြက်သွေးရောင်ဖြစ်သွားတယ်။နာရေးကြေညာစာထဲကအဖြူအမည်းပုံကနေရဲရဲတောက်နေတဲ့သွေးတွေတစ်စက်ချင်းစီကျလာတယ်။
ပုံထဲကလူငယ်လေးကသွေးတွေထဲနစ်မြုပ်လာတာနဲ့အမျှဖြေးဖြေးချင်းစီအသက်ဝင်လာသလိုပဲ။သူဟာကျိနင်းကိုနူးညံ့ေသာအပြုံးလေးနဲ့ပြုံးပြလိုက်တာကြောင့်သူ့ရဲ့မျက်နှာအမူအရာကတောက်ပလာပြီးကြွကြွရွရွလေးဖြစ်လာတယ်။
ထိုလူကပြောတယ် "နင်းနင်း ကိုယ်မင်းကိုနောက်ဆုံးတော့ရှာတွေ့ခဲ့ပြီ"
နာရေးကြေညာစာထဲကစာတွေကအနီရောင်ပြောင်းသွားပြီးလူတစ်ယောက်ရဲ့နာမည်ကရေးရေးလေးပေါ်လာတယ်။
'ဟောဝူလင်း'
Tbc🐣
(ဖတ်ပေးကြတဲ့တစ်ဦးတစ်ယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင်💖)
Zawgyi
Ch1- နင္းနင္းကိုယ္မင္းကိုေနာက္ဆုံးေတာ့ရွာေတြ႕ခဲ့ၿပီ (2)
သရဲစံအိမ္ရဲ႕မူရင္းဇာတ္လမ္းတစ္ခုလုံးကၿခဳံၾကည့္ရင္ေကာင္းပါတယ္။ဒါေပမဲ့ဇာတ္ၫႊန္းအစပိုင္းကေတာ့ျမင္ေနက်ပုံစံအတိုင္းပါပဲ။စြန႔္စားလူစုကေတာအုပ္ထဲမွာလမ္းေပ်ာက္သြားၾကတယ္။အသံတစ္ခုကိုၾကားရၿပီးေနာက္အဲ့ဒီ့အသံရွိရာေနာက္ကိုလိုက္သြားၾကရင္းသရဲစံအိမ္ထဲကိုဝင္သြားမိၾကတယ္။သူတို႔စီကိုမေကာင္းတဲ့အရာေတြျဖစ္လာမွာကိုဘယ္အရာကမွမတားဆီးႏိုင္ေတာ့။
ဒါေပါ့ အျမင္အာ႐ုံနဲ႔ဆိုင္ေသာဗဟိုဦးေႏွာက္ေတြ၊ခလုတ္ေတြ ရွိေနတဲ့ဒီေန႔လိုေခတ္ႀကီးမွာလမ္းေပ်ာက္တယ္ဆိုတာဘယ္လိုမွမျဖစ္ႏိုင္ပါဘူး။ဒါေၾကာင့္ဒီ႐ုပ္ရွင္ကိုအျမင္အာ႐ုံနဲ႔ဆိုင္ေသာဗဟိုဦးေႏွာက္မေပၚခင္ကာလမွာအေျခခံထားတယ္။
လက္ရွိဗဟိုဦးေႏွာက္ေခတ္ကာလမွာေတာ့႐ိုက္ကူးေရးကိုေရးထားၿပီးသားဇာတ္ၫႊန္းနဲ႔စတင္လိုက္ေပမဲ့တကယ္႐ိုက္ကူးခ်ိန္မွာေတာ့သ႐ုပ္ေဆာင္ေတြကဇာတ္ၫႊန္းကိုအထိုက္အေလ်ာက္ေျပာင္းႏိုင္ၿပီးေတာ့ဇာတ္လမ္းအသြားအလာနဲ႔လိုက္ဖက္မယ္ထင္ပါကလုံးဝေျပာင္းလဲတာမ်ိဳးလည္းလုပ္ႏိုင္တယ္။တခါတေလမွာလည္းဒါ႐ိုက္တာေတြကသ႐ုပ္ေဆာင္ေတြစစ္မွန္တဲ့ခံစားခ်က္ေတြ၊ တုံ႔ျပန္ခ်က္ေတြျပသႏိုင္ဖို႔အတြက္႐ိုက္ကူးေနစဥ္အတြင္းမွာပဲဇာတ္ၫႊန္းေတြကိုေျပာင္းပစ္တတ္တယ္။
အဲ့လိုကိစၥမ်ိဳးေတြမွာဆိုရင္ဒါ႐ိုက္တာရဲ႕ၫႊန္ၾကားခ်က္ေတြကိုသ႐ုပ္ေဆာင္ေတြဝတ္ဆင္ထားတဲ့မျမင္ႏိုင္တဲ့နားၾကပ္ေတြကတဆင့္ေပးပို႔ၾကတယ္။အဲ့ဒီ့အျပင္သ႐ုပ္ေဆာင္ခ်က္ေတြကိုလြတ္မသြားေစရန္႐ိုက္ကြင္းတစ္ခုလုံးမွာလ်ိဳ႕ဝွက္ကင္မရာေတြတပ္ထားတယ္။
ဒါ႐ိုက္တာရဲ႕အမိန႔္ေၾကာင့္က်ိနင္းနဲ႔တျခားသူေတြကမုဒ္သြင္းလိုက္ၿပီးစတင္သ႐ုပ္ေဆာင္ၾကတယ္။
ဇာတ္ၫႊန္းအရအစပိုင္းမွာသူတို႔ကလမ္းေပ်ာက္ေနၾကတယ္။အဲ့ဒီ့ေနာက္အမ်ိဳးသမီးဇာတ္လိုက္ကထူးဆန္းတဲ့အသံကိုၾကားလိုက္ရတဲ့အတြက္သူမသူငယ္ခ်င္းေတြကိုသစ္ေတာထဲဆြဲေခၚသြားရင္းအိမ္အိုႀကီးစီေရာက္သြားတယ္။
စံအိမ္ႀကီးကမည္းေမွာင္ေနတယ္။လူတိုင္းကအိမ္ႀကီးထဲဝင္ဖို႔မဝင္ဖို႔နဲ႔ပတ္သတ္ၿပီးအျမင္အမ်ိဳးမ်ိဳးျဖစ္ေနေပမဲ့မိုး႐ြာခ်လာတာေၾကာင့္အကုန္ဝင္လိုက္ရတယ္။
"ဝါး"
မိုးကသည္းထန္စြာ႐ြာသြန္းေနၿပီးအမ်ိဳးသားဇာတ္လိုက္ျဖစ္တဲ့က်ိနင္းကေရွ႕ဆုံးကေလွ်ာက္သြားၿပီးအိမ္တံခါးကိုတြန္းဖြင့္လိုက္တယ္။တံခါးပတၱာသံကေျခာက္ကပ္ကပ္ႀကီးထြက္ေပၚလာတယ္။
ကုခ်န္ကပရိေဘာဂေတြကိုလိုက္ၾကည့္ရင္း "ဒီမွာဘယ္သူမွမေနေလာက္ဘူး။အိမ္ကအလြတ္ႀကီးျဖစ္မယ္" လို႔ေျပာလိုက္တယ္။ေနရာတိုင္းမွာဖုန္ေတြထူေနၿပီးျပတင္းေပါက္ေတြကလည္းညစ္ပတ္ေနတယ္။ေမွာင္မည္းေနတာေၾကာင့္ဓာတ္မီးေတြကိုဖြင့္လိုက္ရတယ္။
"ၾကည့္ရတာဒီညေတာ့ဒီမွာအိပ္ရမယ္နဲ႔တူတယ္ သန႔္ရွင္းေရးလုပ္ရေအာင္ အနည္းဆုံးေတာ့သန႔္သန႔္ရွင္းရွင္းေလးေနၾကတာေပါ့" က်ိနင္းကေျပာတယ္။
ျငင္းတဲ့သူမရွိတဲ့အတြက္အဖြဲ႕ခြဲၿပီးသန႔္ရွင္းေရးလုပ္ေနတုန္းမွာပဲအမ်ိဳးသမီးသူရဲေကာင္းရဲ႕ေအာ္သံေၾကာင့္ရပ္သြားၾကတယ္။
"ဘာျဖစ္လို႔လဲ" က်ိနင္းကေမးလိုက္တယ္။
"ၾကည့္ပါဦး ၾကမ္းျပင္မွာအစြန္းေတြ.." အမ်ိဳးသမီးသူရဲေကာင္းေနရာမွာသ႐ုပ္ေဆာင္ေနတဲ့မင္းသမီးရဲ႕မ်က္ႏွာကမသက္မသာျဖစ္ေနၿပီးသူမေျခေထာက္ေအာက္ကၾကမ္းျပင္ကိုၫႊန္ျပေနတယ္။ဖုန္ေတြထူေနေပမဲ့ဓာတ္မီးေရာင္ေအာက္မွာေတာ့မည္းညစ္ညစ္အစြန္းေတြကိုဖုံးကြယ္မထားႏိုင္ပါဘူး။
အညိဳေရာင္ရင့္ရင့္ေတြ။
ေသြးအစြန္းေတြလိုမ်ိဳး။
"....."
လူတိုင္းကလႈပ္ရွားေနတာေတြရပ္သြားၿပီးထိုအစြန္းကိုစိုက္ၾကည့္ေနၾကတယ္။က်ိနင္းကေရွ႕ကိုတည္တည္ၿငိမ္ၿငိမ္နဲ႔ထြက္လာၿပီးခႏၶာကိုယ္ကိုကိုင္းလိုက္ကာထိုအမည္းေရာင္အစြန္းကိုလက္နဲ႔ထိၾကည့္လိုက္တယ္။
ၾကမ္းျပင္ကိုလက္ညိဳးထိပ္နဲ႔ထိလိုက္ခ်င္းမွာပဲေလမတိုက္ေပမဲ့ၾကမ္းျပင္ေပၚကဖုန္ေတြကအေဝးကိုေျဖးေျဖးစီလြင့္သြားၿပီးအစြန္းအထင္းက႐ုပ္လုံးေပၚလာတယ္။
အဲ့ဒါကလူပုံသဏၭာန္တစ္ခု။
၎ပတ္ပတ္လည္မွာေတာ့ထိုလူကတ႐ြတ္တိုက္ဆြဲေခၚခံထားရတဲ့ေျခရာလက္ရာေတြရွိေနၿပီးေသြးကြက္ေတြေရာေသြးစက္ေတြပါရွိေနတယ္။
ေၾကာက္႐ြံ႕စရာေသြးအစြန္းႀကီးေပၚလာတာေၾကာင့္တစ္အုပ္စုလုံးရဲ႕အမူအရာေတြေျပာင္းကုန္တယ္။
ဒီအိမ္ထဲမွာဘာျဖစ္ခဲ့မွန္းမသိေပမဲ့ေသခ်ာတာကေတာ့ဒီအိမ္ထဲမွာဆက္မေနသင့္ေတာ့ဘူး။
"သြား!"
က်ိနင္းကပစၥည္းေတြကိုေကာက္ၿပီးတံခါးစီကိုထေျပးတယ္။ဝင္လာတုန္းကတံခါးမပိတ္ခဲ့ေပမဲ့အခုခ်ိန္မွာေတာ့က်ိနင္းဘယ္ေလာက္တံခါးလက္ကိုင္ကိုဆြဲဖြင့္ဖြင့္မရေတာ့ဘူး။
"ျပတင္းေပါက္ေတြလည္းဖြင့္မရဘူး"
တစ္ေယာက္ေယာက္ကျပတင္းေပါက္စီေျပးသြားၿပီးတြန္းဖြင့္ေပမဲ့မရဘူး။
ထိတ္လန႔္သြားတဲ့လူစုကေလးလံတဲ့ပစၥည္းေတြေကာက္ၿပီးျပတင္းေပါက္ကို႐ိုက္ခြဲဖို႔လုပ္ေနတုန္းမွာပဲ႐ုတ္တရက္ၾကားလိုက္ရတဲ့ရယ္သံေၾကာင့္ေအးခဲသြားၾကတယ္။
ဘယ္ကေနေပၚလာမွန္းမသိတဲ့အလြန္သိမ္ေမြ႕ႏူးညံ့တဲ့ရယ္သံေၾကာင့္သူတို႔ႏွလုံးေတြအျပင္ကိုခုန္ထြက္မလိုေတာင္ျဖစ္သြားၾကတယ္။
သူတို႔တကယ္ကိုေၾကာက္ေနၾကၿပီ။ဇာတ္ၫႊန္းထဲမွာရယ္သံေပၚလာမယ္ေျပာထားေပမဲ့က်ိန္းေသေပါက္မိန္းမအသံပါ။ပထမဆုံးေပၚလာမဲ့သရဲကအရင္အိမ္ပိုင္ရွင္ရဲ႕ဝိဉာဥ္ျဖစ္တယ္။အခုကဘယ္လိုလုပ္ေယာက်ၤားသံႀကီးျဖစ္ေနတာလဲ?။
ဒါ႐ိုက္တာကဇာတ္ၫႊန္းေျပာင္းလိုက္တာလား?
က်ိနင္းလဲစိတ္ထဲမွာဒီေမးခြန္းကိုပဲေတြးေနမိတယ္။မူရင္းဝတၳဳထဲမွာဒီလိုေျပာင္းလဲမႈမ်ိဳးမရွိပါဘူး။ဒါေပမဲ့သူ႔နားၾကပ္ကလည္းတိတ္ဆိတ္ေနၿပီးဘာၫႊန္ၾကားခ်က္မွေပးမထားဘူး။ဒါေၾကာင့္လူတိုင္းကမူလၫႊန္ၾကားခ်က္အတိုင္းဆက္သ႐ုပ္ေဆာင္လိုက္ၾကတယ္။
Whoosh
အိမ္ထဲမွာပိတ္မိေနလို႔ေၾကာက္႐ြံ႕ေနၾကစဥ္မွာပဲသတင္းစာေဟာင္းတစ္ခုကအေပၚကေနက်လာၿပီးက်ိနင္းလက္ေပၚလာတင္တယ္။
က်ိနင္းနည္းနည္းထိတ္လန႔္သြားတယ္။သတင္းစာကိုကိုင္ၾကည့္လိုက္ခ်ိန္မွာသတင္းစာကဝါေနၿပီးေသြးေတြလည္းစြန္းေနကာစာလုံးေတြကလည္းဝါးေနၿပီ။အလယ္မွာရွိေနတဲ့နာေရးေၾကညာစာကပဲရွင္းရွင္းလင္းလင္းရွိေနတယ္။
မ်က္လုံးလွလွေလးေတြနဲ႔လူငယ္တစ္ေယာက္ရဲ႕အျဖဴအမည္းပုံတစ္ပုံ။
သူကေရွ႕တည့္တည့္ကိုစိုက္ၾကည့္ေနၿပီးမ်က္လုံးေလးေတြကႏူးညံ့ျငင္သာတဲ့အၿပဳံးေလးအျဖစ္ေကြးေနၾကတယ္။ဒါေပမဲ့က်ိနင္းသူ႔မ်က္လုံးေတြထဲစိုက္ၾကည့္လိုက္ခ်ိန္မွာထိတ္လန႔္မႈနဲ႔အတူသတိထားလိုက္မိတာကထိုလူကကင္မရာကိုၾကည့္ေနတာမဟုတ္ပဲသတင္းစာကိုင္ထားတဲ့သူကိုၾကည့္ေနတာျဖစ္တယ္။
သူကက်ိနင္းကိုၾကည့္ေနတာ။
က်ိနင္းရဲ႕သူငယ္အိမ္ေတြက်ဳံ႕ဝင္သြားတယ္။
မျဖစ္ႏိုင္တာ ဘယ္လိုလုပ္ၿပီးအဲ့ဒီ့လူရဲ႕ပုံကဒီမွာလာေပၚေနတာလဲ?
ကြဲအက္သံတစ္ခု။
လူငယ္ေလးရဲ႕ရင္ဘတ္ကေနေသြးေတြစီးက်လာၿပီးသု႔ရွပ္အက်ႌတစ္ခုလုံးၾကက္ေသြးေရာင္ျဖစ္သြားတယ္။နာေရးေၾကညာစာထဲကအျဖဴအမည္းပုံကေနရဲရဲေတာက္ေနတဲ့ေသြးေတြတစ္စက္ခ်င္းစီက်လာတယ္။
ပုံထဲကလူငယ္ေလးကေသြးေတြထဲနစ္ျမဳပ္လာတာနဲ႔အမွ်ေျဖးေျဖးခ်င္းစီအသက္ဝင္လာသလိုပဲ။သူဟာက်ိနင္းကိုႏူးညံ့ေသာအၿပဳံးေလးနဲ႔ၿပဳံးျပလိုက္တာေၾကာင့္သူ႔ရဲ႕မ်က္ႏွာအမူအရာကေတာက္ပလာၿပီးႂကြႂကြ႐ြ႐ြေလးျဖစ္လာတယ္။
ထိုလူကေျပာတယ္ "နင္းနင္း ကိုယ္မင္းကိုေနာက္ဆုံးေတာ့ရွာေတြ႕ခဲ့ၿပီ"
နာေရးေၾကညာစာထဲကစာေတြကအနီေရာင္ေျပာင္းသြားၿပီးလူတစ္ေယာက္ရဲ႕နာမည္ကေရးေရးေလးေပၚလာတယ္။
'ေဟာဝူလင္း'
Tbc🐣
(ဖတ္ေပးၾကတဲ့တစ္ဦးတစ္ေယာက္ခ်င္းစီတိုင္းကိုေက်းဇူးတင္ပါတယ္ရွင္💖)