ဆေးရုံတစ်ခု၏ VVIP လူနာခန်းလေးထဲတွင်ဖြစ်သည်။
"အဲဒါဘဲ ကိုယ်ပြောရင် ကိုယ်ဘဲလူဆိုးကြီးဖြစ်အုံးမယ်"
"ဘာတွေတစ်ယောက်တည်း အဘိုးကြီးလို
ပွစိပွစိ ရေရွက်နေတာလဲ ကိုကို"
မနက်ကတည်းက တစ်ယောက်တည်းစကားများနေတာ ဆေးရုံရောက်လာသည်အထိပင်။
ဒီနေ့ မင်ဟီး ဆေးရုံဆင်းမှာမို့ သူတိူ့နှစ်ဦး ရောက်လာခြင်းဖြစ်သည်။
"တစ်ယောက်တည်း မပြောပါဘူး မင်ဟီးကိုပြောနေတာ"
ကိုကို့အပြောကြောင့် မင်ဟီးဘက်ကြည့်လိုက် တော့ ဆေးရုံကုတင်ပေါ်တွင် သူတို့ကိုကျောပေးလျက်အိပ်ပျော်နေဟန်ရှိသည်မို့
"ကိုကိုက မလိမ်တတ်ဘဲလိမ်ပြန်ပြီ"
ကြာလာတာနဲ့အမျှ အဘိုးကြီးပုံစံတူတူလာတဲ့ ကိုကိုပါပင်။
ကိုယ်တိုင်လဲသိနေလိမ့်မည် တစ်ခါတစ်ခါဆို
"ကိုယ်က အသက်တွေတစ်နှစ်ထက်တစ်နှစ်ကြီး ကြီးလာတော့ ကလေးက ကိုယ့်ကိုစိတ်ပျက်သွားမှာ ကိုယ်သိပ်ကြောက်တယ်"ဟု ကလေးလိုထထရစ်တတ်သေး၏။
ကလေးဆန်သည့်အဘိုးကြီးပေါက်စလေးပေါ့..။
ချစ်ခြင်းမေတ္တာတွင် အသက်အရွယ် ရုပ်ရည်အပိုင်းအခြား ဘာတစ်ခုမှအကန့်အသတ်မရှိကြောင်း ထိုလူကြီး မသိလေရော့သလား။
ယခုလဲ မနက် အိမ်ကထွက်လာတည်းက
ဒူးဖုံးဘောင်းဘီတို ဝတ်ခဲ့မိတဲ့ သူ့ကြောင့် တစ်လမ်းလုံး တစ်ယောက်တည်း မကျေမနပ်ဖြစ်နေခြင်းပင်။
အခုချိန်ထိ ကိုကိုဟာ အလိုမကျဖြစ်နေတုန်းပါဘဲ။
"မင်ဟီးကိုမေးလိုက်ပါအုံး ကိုကိုပြောတာကြားရဲ့လားလို့"
"မင်ဟီး ကိုကြီးပြောတာကြားတယ်မလား အခုခေတ်ကလေးတွေက တကယ်ကိုမနိုင်စိန်တွေ ဒူးပေါ်တွေဘာကြောင့် ဝတ်တတ်ကြလဲ စဥ်းစားမရဘူး မင်ဟီး တောင်မှ အဲလိုတွေမဝတ်တတ်ဘူးနော် ဟုတ်တယ်မလား"
ကိုကို့စကားကို မင်ဟီးက အိမ်မက်ကမ္ဘာထဲရောက်နေသည်မို့ မထောက်ခံနိုင်။
ဒါကိုလဲ ကိုကိုက ဂရုမပြုစွာ ဆက်ပြောနေပြန်၏။
"တစ်ချို့တစ်ချို့တွေများ မသိချင်ယောင်ဆောင်ကြတယ် သိလား လူကြီးက ကောင်းစေချင်လို့ပြောတာမှန်းမသိ အဟမ်း သဝန်တိုလို့ပြောတာမှန်းမသိနဲ့ ကလေးတွေများ သိပ်ခက်ပါဘိ"
ယူဂျင်း ကိုကို့စကားကြောင့် ရယ်ချင်သည့်စိတ်ကို မနည်းထိန်းထားရ၏။
"ရား! ဟန်ယူဂျင်း ကိုကြီး အဲလောက်စိတ်မချမှန်းသိနေရင် ဘာလို့ အဲလိုတွေဝတ်လာတာလဲ!"
ရုတ်တရက်ကြီး ထအော်လာတဲ့ မင်ဟီးအသံကြောင့် ယူဂျင်း မျက်လုံးလေးတွေပင်ဝိုင်းသွားရသည်။
မင်ဟီးးက အိပ်ပျော်နေတာမဟုတ်ဘူးလား ..
"ကြည့်အုံး အခုလဲ ခြေသလုံးလေးတွေပေါ်နေပြီ ငါ့ကိုကြီး သဝန်တိုတာ အပြစ်မဟုတ်ဘူး မင်းကကို ဘာဝတ်ဝတ် ချစ်စရာကောင်းနေတာကို ဟွန်း"
တစ်ယောက်တည်းပြောချင်ရာပြောပြီး သူတို့ကိုကျောပေးသွားပြန်တဲ့မင်ဟီး။
"ဟုတ်လား ကိုကို အခုက သဝန်တိုနေတာလား"
ယူဂျင်းက မသိနားမလည်သလို ပုံစံလေးဖြင့်မေးတော့ ကိုကို့နားရွက်ဖျားလေးတွေနီရဲလို့လာ၏။
"ကိုကို ရှက်နေတဲ့ပုံစံက ချစ်စရာကြီး အဟီး"
ယူဂျင်းစကားကြောင့်ထင် ကိုကို့မျက်နှာမှာ ပြုံးယောင်သန်းလာသည်ကို ယူဂျင်းမြင်နေရသည်။
"အဲလိုအပြောလေးတွေကြောင့် ကိုယ်ကအလျော့ပေးမယ်ထင်နေလား နောက်တစ်ခါထပ်မဝတ်နဲ့ ကိုယ်မကြိုက်ဘူး လုံးဝ"
"ယူဂျင်းဝတ်ချင်လို့ ဝတ်လာတာမဟုတ်ပါဘူး ကိုကိုရယ် ပါပါး ဆင်ပေးလိုက်လို့ ဝတ်လာတာပါ မကြိုက်ဘူးငြင်းလိုက်ရင် ပါပါးစိတ်မကောင်းဖြစ်သွားမှာ ကိုကိုလဲသိသားနဲ့..နော်"
သူ့ကို ဘေးထား၍ ရန်ဖြစ်သလိုလိုနှင့်ချစ်ကြည်နူးနေကြတဲ့ နှစ်ယောက်အား မသိသလို မကြားသလို မမြင်ဟန်ဆောင်နေပေမယ့် ယူဂျင်းစကားတွေထဲမှ"ပါပါး" ဆိုသောနာမ်စားကြောင့် မင်ဟီး အနည်းငယ်စိတ်ဝင်စားသွား၏။
ယူဂျင်း ငယ်ငယ်လေးတည်းက မိဘနှစ်ဦးလုံးကိုဆုံးရှုံးထားခဲ့သည်ဟု သူသိထားသည်မလား...။
သူသတိမေ့နေစဥ် ဘာတွေဘယ်လို ဖြစ်သွားသည်လဲ..
"ပါပါး ဆိုတာ ပါပါးမတ်ချူးကိုပြောတာလား ယူဂျင်း"
မင်ဟီးစကားအား ယူဂျင်းက မျက်နှာခပ်ပြုံးပြုံးလေးဖြင့်
"မဟုတ်ဘူး ငါ့ရဲ့ပါပါး ဟာအိုကိုပြောတာပါ မင်ဟီးကတော့ ပါပါးတို့ကို မသိလောက်သေးဘူး နောက်မှ သေချာမိတ်ဆက်ပေးမယ်နော်"
ယူဂျင်းစကားကို သေချာနားမလည်သေးတဲ့ မင်ဟီးဟာ ခေါင်းအနည်းငယ်ရှုပ်လို့သွားသည်။
ဘာတွေလဲ ဘာတွေဖြစ်နေတာလဲ ဟူသည့်မေးခွန်းတွေသာ ဦးနှောက်ထဲဝဲလည်နေ၏။
"ကိုယ်တို့ မင်ဟီးကိုလဲ ပြောပြသင့်ပြီမလား.."
"အွန်း ကိုကိုဘဲ ပြောပြပေးလိုက်ပါ ယူဂျင်း မင်ဟီးအတွက် ကောင်တာမှာ ဆေးသွားဝယ်လိုက်အုံးမယ်နော်"
ယူဂျင်း ကိုကို့အား ပြောပြီးနောက် ဆေးကောင်တာဆီသို့ ထွက်လာခဲ့တော့သည်။
ကောင်းမွန်တဲ့အရာတွေချည်းမဟုတ်ခဲ့တဲ့ နာကျင်မှုတွေများပြားလှတဲ့အတိတ်ကို သူဘယ်လို ခံနိုင်ရည်မျိုးနဲ့ ပြောပြနိုင်မှာတဲ့လဲ..။
သူ့ဘဝက ဒီအချိန် ဒီလိုဖြစ်လာဖို့ ကံကြမ္မာက သတ်မှတ်ပေးထားပြီးသားမလား..
ဒီတိုင်း သူက အလိုက်သင့်လေး ရှင်သန်သွားရုံကလွဲလို့ ဘာများ တတ်နိုင်မှာလဲ..။
...........
ထွက်သွားတဲ့ကျောပြင်ငယ်လေးဟာ ဂယူ့အတွက် အမြဲထွေးပွေ့ပေးရန်လိုအပ်သည်ဟု မှတ်ယူထားသည်။
အပြောင်းအလဲ အလှည့်အပြောင်း အားလုံးကိုကြုံတွေ့ခဲ့ရတာတောင် ပြိုလဲမသွားအောင် ဘေးမှ သူကမှီခိုရာ အဖြစ်ရှိနေပေးဖို့ လိုသည် ယူဂျင်းအတွက် သူဟာ ထာဝရထက် ပိုလိုအပ်နေလျှင် ပို၍ကောင်းပါလိမ့်မည်။
"ကိုကြီး ဘာတွေဘယ်လိုဖြစ်တာလဲ ကျွန်တော်နားလည်အောင်ရှင်းပြပါအုံး"
မင်ဟီးအမေးအား သူရှင်းပြဖို့လုပ်ရသည်။
ဒီအကြောင်းအရာတွေမှာ ယူဂျင်း မေ့ပျောက်ချင်နေတဲ့မှတ်ဉာဏ်တစ်ချို့လဲ ပါဝင်နေပါလိမ့်မည်။
အဖြစ်အပျက်တွေဟာ ဂယူ Daddyဆီမှ အကြောင်းစုံသိရပြီးတဲ့နောက်တွင် စသည်။
ထိုရက်ပြီး သိပ်မကြာလိုက် ယူဂျင်း၏ မိဘအရင်းများဖြစ်ကြတဲ့ ဆောင်းဟန်ဘင်းနှင့်ကျန်းဟာအို အမည်ရှိ အမျိုးသားနှစ်ဦး ရောက်လာကြသည်။ထိုသူတို့တင်မက ကျန်းဟာအို မိဘအသိုင်းအဝိုင်းများကပါ ပါဝင်နေသည်။
ထိုသူတို့ရောက်တဲ့အချိန်တွင် ယူဂျင်းအား အကြောင်းစုံရှင်းပြကြတော့ မျက်ရည်တွေနှင့်ခေါင်းတွင်တွင်ခါကာ ငြင်းဆိုနေခဲ့တဲ့ကလေးငယ်အား ဂယူ့ရင်ခွင်တွင်ခိုလှုံစေခဲ့သည်။
စစချင်းတော့ ယူဂျင်းဟာ မည်သူ့ကိုမှအသိအမှတ်မပြုခဲ့ပါ။
16နှစ်ဆိုတဲ့ အချိန်ကာလတစ်ခုတွင် အသံလေးတောင်ကြားခွင့်မရ သူ့တွင် ဒီလိုမိဘတွေရှိမှန်း ယောင်ယောင်လေးမျှပင် မသိခဲ့ရပါဘဲ ယခုလိုအချိန်မှ ရုတ်တရက်ကြီး သူ့ရှေ့ရောက်လာသည်အား မည်သူမဆို ချက်ခြင်းတော့ လက်ခံနိုင်လိမ့်မည်မဟုတ်။
နောက်ဆုံး Daddyက ယူဂျင်းမိဘတွေဟာ အဝေးတစ်နေရာမှ သူ့အားဖုန်းအဆက်အသွယ်လုပ်ကာ ယူဂျင်းအကြောင်း အမြဲ စုံစမ်းခဲ့ကြကြောင်း
ယူဂျင်း ဆီရောက်မလာနိုင်ကြသည်မှာ ကျန်းဟာအို မိဘတွေ၏အန္ဒာရယ်မှ ယူဂျင်း ရှောင်ဖယ်နိုင်ရန်ဖြစ်ကြောင်း
ဆောင်းဟန်ဘင်းမှာ ယူဂျင်း အနားကိုရောက်မလာပေမယ့် အမြဲ ယူဂျင်းအား အဝေးမှ စောင့်ကြည့်နေခဲ့ကြောင်း..ရှင်းပြခဲ့သည်။
ထို့ပြင် ကျန်းဟာအိုမှာ ယူဂျင်းသာ သူ့ကိုစိတ်နာလျှင် ဟူသည့်အတွေးတွေဖြင့် ကြောက်ရွံ့နေခဲ့မိကာ အိပ်မရသည့်ည များလာသည်မို့ အိပ်ဆေးတွေသောက်နေခဲ့ရကြောင်း ထပ်သိလိုက်ရသည့်အချိန်တွင်တော့ ယူဂျင်းမှာ ရူးမတတ်ပင်ဖြစ်ရသည်။
ဘာတွေ ဘယ်လိုမှားယွင်းခဲ့လဲမသိပေမယ့် ဟန်ယူဂျင်း၏ ဘဝမှာ အမြဲခက်ခဲပင်ပန်းနေခဲ့ရသည်။
ကံကြမ္မာ၏ စီမံရာ အတိုင်း မိဘများအား အသိအမှတ်ပြုရန် ကြိုးစားမိတဲ့အချိန် သူ၏ မိဘများဖြစ်တဲ့ ဆောင်းဟန်ဘင်းနှင့်ကျန်းဟာအိုမှာ နေ့ရက်တိုင်းလိုလို ကတောက်ကဆဖြစ်နေကြဆဲပင်။
အဓိက အကြောင်းအရင်းမှာတော့ ကျန်းဟာအို မိဘများကြောင့်ဟု ပြောလို့ရသည်ပေါ့...။
ဂယူ၏ ရှင်းပြချက်အဆုံး မင်ဟီးဟာ ခဏတော့ ငြိမ်ကျသွားရသည်။
ပျော်စေချင်လို့ လက်လွှတ်ပေးခဲ့တာမို့ ဘယ်လိုကြောင့်ဘဲဖြစ်ဖြစ် မပင်ပန်းစေချင်တော့တာ သူမသေဆုံးခင် အဖြစ်ချင်ဆုံးဆန္ဒလေးတစ်ခုဖြစ်သည်။
"ကျေးဇူးတင်ပါတယ်ကိုကြီး..."
"ဘာအတွက်များလဲ မင်ဟီး ကိုကြီး နားမလည်ဘူး"
"အမြဲအနားမှာရှိနေပေးခဲ့တဲ့အတွက် ယူဂျင်း ပင်ပန်းခက်ခဲချိန်တိုင်း ကိုကြီးကအနားမှာအမြဲရှိနေခဲ့လို့ ကျွန်တော်က ကျေးဇူးတင်ပါတယ်.."
ကိုကြီးက သူ့စကားအား ပြုံးရုံသာတုံ့ပြန်၏။
နားလည်ပြုံးဟု ဆိုလေမလား..
"ဒါနဲ့ ယူဂျင်းမိဘတွေက အခုချိန်ထိရန်ဖြစ်စကား များနေကြတုန်းဘဲလား ကိုကြီး"
"အွန်း သူတို့နှစ်ယောက်က ချစ်တာတော့ တော်တော်လေးချစ်ကြတာ ဒါပေမယ့် ဘယ်အရာတွေကများ သူတို့နှစ်ဦးကို အခုလိုအခြေအနေဖြစ်အောင် တွန်းအားပေးခဲ့လဲမသိဘူး အဆင်ပြေတဲ့ရက်ဆိုတာ မရှိသလောက်ပါဘဲ.."
"ပင်ပန်းနေမှာဘဲ.."
မင်ဟီး အတော်လေး စိတ်အဆင်မပြေတော့ပါ။
ထိုအမျိုးသားနှစ်ဦးလဲ နေ့ရက်တိုင်း ပင်ပန်း နေလောက်သလို ယူဂျင်းလဲ စိတ်အတော်လေး ပင်ပန်းနေလိမ့်မည်။
"ဆေးရုံဆင်းခါစ စိတ်ညစ်စရာတွေ ဘာမှမတွေးနဲ့မင်ဟီး ယူဂျင်းပြန်ရောက်လာရင်လဲ ဘာမေးခွန်းမှမမေးနဲ့နော် သူဖြေချင်မှာမဟုတ်သေးဘူး"
မင်ဟီးက ဂယူ့စကားအားလက်ခံ၏။
သိပ်မကြာလိုက် ဆေးသွားဝယ်တဲ့ ယူဂျင်း ပြန်ရောက်လာတော့သည်။
မျက်နှာကြည်ကြည်လင်လင်လေးပေါ်တွင် အပြုံးရေးရေးလေးထင်စေ၍ သူအဆင်ပြေနေကြောင်း သူ့အခြေအနေအား အကဲခတ်နေကြတဲ့ ကောင်လေးနှစ်ဦးအား သိစေချင်ခဲ့ပုံပေါ်သည်။
ဆေးရုံအခန်းငယ်လေးထဲတွင် ကောင်လေး ၃ယောက်ရှိနေသည်။
ပန်လေးတစ်ပွင့်အား မြတ်နိုးမှုတွေနဲ့ပျိုးထောင်ခဲ့တဲ့ ကောင်လေးတစ်ယောက်ရယ်၊
ထိုပန်းကလေးအားခူးစွတ်ဖို့မတတ်နိုင်စွာ ဒီတိုင်းငေးကြည့်ရုံနဲ့ လုံလောက်ပါသည်ဟု မှတ်ယူကာ အငေးရပ်ဝန်းလေးထဲ ပျော်ရွှင်နိုင်ဖို့ကြိုးစားနေတဲ့ကောင်လေးတစ်ယောက်ရယ်၊
ချစ်ခြင်းမေတ္တာတွေကြား လှပစွာ ဖူးပွင့်လာမယ့် ပန်းလှလှလေးလို ကောင်လေးတစ်ယောက်ရယ်...
အချစ်ဆိုတဲ့အရာအား လက်ခံတတ်လျှင် နူးညံ့ကြင်နာမှုတွေသာရှိပြီးတန်ဖိုးကြီးသည်။
လက်မခံတတ်သည့်သူတွေအတွက်တော့ အချစ်ဟာ နာကျင်ရပြီး ထိခိုက်မှုတွေပါ ဖြစ်လာတတ်သည်။
ထို့ကြောင့် လူတိုင်း အချစ်ဆိုတဲ့အရာအား မှန်ကန်စွာ လက်ခံတတ်ပါစေဟု မျှော်လင့်လျက်...
____________THE END________
Words_1917
အဆုံးသတ်လိုက်ပါပြီ~~~
နောက်မှာ ကျေးဇူးတင်လွှာလေးရှိလို့ သေချာပေါက် ဝင်ဖတ်ပေးကြပါအုံးနော် ဒီFicလေးနဲ့သက်ဆိုင်တာလေးတွေလဲပါလို့ ဖတ်ပေးကြပါရှင်><