you are cool
By tuminkoe
7.9K 709 360
မောင်.....မောင်က ငါ့ကို အဲ့လောက်ထိရူးသွပ်စေတယ်....... ကိုကို......ကိုကိုထက်ကျွန်တော်က ပိုချစ်တယ် ဘာလို့ဆို မြ... More
Ⓘⓝⓣⓡⓞ
Ⓞⓝⓔ
Ⓣⓦⓞ
Ⓣⓗⓡⓔⓔ
Ⓕⓞⓤⓡ
Ⓕⓘⓥⓔ
Ⓢⓘⓧ
Ⓢⓔⓥⓔⓝ
Ⓔⓘⓖⓗⓣ
Ⓝⓘⓝⓔ
Ⓣⓔⓝ
Ⓔⓛⓔⓥⓔⓝ
Ⓣⓦⓔⓛⓥⓔ
Ⓣⓗⓘⓡⓣⓔⓔⓝ
Ⓕⓞⓤⓡⓣⓔⓔⓝ
Ⓕⓘⓕⓣⓔⓔⓝ
Ⓢⓘⓧⓣⓔⓔⓝ
Ⓔⓘⓖⓗⓣⓔⓔⓝ
Ⓝⓘⓝⓔⓣⓔⓔⓝ
ⓣⓦⓔⓝⓣⓨ
twenty one
twenty two
twenty three
twenty four
twenty five
twenty six
twenty seven
မောင့်အတွက်
twenty-eight
Missing
twenty-nine
seventeen
131 21 7
By tuminkoe
"မောင်"
တောင်ကြီးကို ‌လိုင်းကားနဲ့တက်လာလည်း ‌သူနဲ့မောင်မမောပေ။မောင်က သူ့လက်ကလေးဆွဲကာ ရွှေဆိုင်ကို ခေါ်သွားတာမို့ သူမေးရမြန်းရမည်။
"ဘာလုပ်ဖို့လဲ"
ဂျီမင် ထယ်ယောင်းလက်ကလေး ကိုင်ထားလျက်ဘဲ ကောင်တာမှာ ရပ်လိုက်သည်။
ထယ်ယောင်းလက်ကလေး ကောင်တာပေါ်တင်ကာ
"အစ်မ ဒီအစ်ကို့လက်သန်းကြွယ်နဲ့ တော်မယ့် လက်စွပ်ကလေးပြပါအုံး"
အခုမှ သူသဘောပေါက်တော့သည်။
"မောင် လက်ထပ်လက်စွပ်လား"
ဆိုင်က ကောင်မလေးက ပြုံးလျက်ကြည့်နေသည်။
"ဟုတ်တယ်လေ ကိုကို့အတွက် မောင်ပိုက်ဆံစုထားတာကြာပြီ"
ထယ်ယောင်းမောင့်မျက်ဝန်းကို အမိအရလိုက်ကြည့်မိသည်။လေးနက်စွာ ယုယစွာ မောင်ပြောနေတာ
"အစ်ကိုတို့ ရွှေက ဘယ်‌ဈေးလောက်ထိ တတ်နိုင်လဲရှင့်"
"၁၀သိန်းလောက်ထိရတယ်"
"အို မောင်ကလည်း များကြီးဘဲ"
ကောင်မလေးက အခေါက်ရွှေ လက်စွပ်ကလေး ထုတ်ပေးသည်။မောင်ကိုယ်တိုင် သူ့လက်ကလေးဝတ်ပေးတာမို့ သူပြုံးလိုက်ရသည်။
"မောင်...ဒါလေး ငါကြိုက်တယ်"
"ကိုကို့ လက်ကလေးက လှတာကို"
"အဲဒါလေး ယူမလား"
ထယ်ယောင်းခေါင်းငြိမ့်လိုက်သည်။မောင်ကသူပြုံးနေတာ ကြည့်ပြီး ကျေနပ်နေတာ
"ဒါလေးက ၁၅ပဲရည်ကိုမှ ရွှေသားတော်တော်များတယ် ၈သိန်းခွဲပါ"
ဂျီမင် သူ့အိတ်ကပ်ကလေးထဲက ပိုက်ဆံထုတ်ပေးလိုက်သည်။
သူ‌နဲ့မောင် ရွှေဆိုင်က ထွက်ကာ တောင်ကြီးဈေးဝင်လိုက်ကြသေးသည်။
"ကိုကို တို့ဟူးနွေး စားချင်လား ဈေးထဲ‌မှာ ရပါအုံးမလားမသိဘူး အချိန်က နေ့လည်တောင်ရောက်နေပြီ"
ထယ်ယောင်း ရည်းစားစဖြစ်ခဲ့တဲ့ Fst dateတောင်သတိရမိသည်။ အဲ့တုန်းက မောင့်ကိုသူ မူမနေနိုင်ဘဲ အဖြေပြန်ပေးခဲ့တာ ဒီဈေးထဲမှာလေ
"မောင် ငါ တို့ဟူးကြော် စားချင်တယ် မင်းနဲ့ အရင်က စားခဲ့တဲ့ ဆိုင်လေး ဝင်စားရအောင်"
မောင်က ခေါင်းကလေးငြိမ့်ပြသည်။အခုထိ မောင်က တစ်လမ်းလုံး သူ့လက်ကလေး ကိုင်ထားတာဘဲ
မောင်နဲ့သူ အရင်က စားခဲ့တဲ့ တို့ဟူးကြော်ဆိုင်ကလေးမှာ ထိုင်လိုက်ကြသည်။
မောင်က သူ့ကိုရေနွေးငှဲ့ပေးရင်း
"ကိုကို အစ်မမုန်းကို မတွေ့ချင်ဘူးလား"
ထယ်ယောင်း စားလက်စ တို့ဟူးကလေး ပန်းကန်ထဲ ဘေးကပ်ချကာ
"အားနာတယ် မောင်ရဲ့ ငါက မောင့်နောက်ကို လိုက်ခဲ့တုန်းက သူ့ကို သတိတောင်ရတဲ့သူမှမဟုတ်ဘဲ အခုနေ သွားတွေ့ရင် ငါမျက်နှာပူတယ်"
မောင်ခေါင်းကလေးငြိမ့်သည်။
"ငါဒီကနေ ပြန်ရင် အိမ်ကိုဝင်ချင်တယ်မောင်"
ဂျီမင့်စိတ်ထဲ လစ်ဟာ သွားသလို ခံစားရသည်။ကိုကို့အိမ်က ကိုကို့ကို သူ့ဆီ ပြန်မလွှတ်ရင် သူဘယ်လိုလုပ်ရပါ့
"သွားပေါ့ ကိုယ့်မိဘကို ကိုယ်လွမ်းတာဘဲ မောင့်ကိုစိတ်မပူနဲ့ ကိုကိုပျော်ရင် ရပြီ"
"ငါအစွမ်းကုန် မင်းကို ငါ့အိမ်က လက်ခံအောင်ကြိုးစားမှာ"
ကိုကိုက ပြုံးပြုံးကလေးပြောတော့ သူကျောက်ရုပ်ကြီးအလားငေးကြည့်နေမိသည်။အတွေးတွေရောနေတာရော ပါမည်။
"မောင် ဒီမှာ မေမေ့သူငယ်ချင်းရဲ့ လက်ဖက်ခြောက်ဆိုင်တို့ ပဲပုပ်ခြောက်ဆိုင်တို့ရှိတယ် ခဏနေ ငါအားပေးချင်တယ်"
"အင်း ကိုကို့သဘောလေ မောင် ညက ကိုကိုကိုကြိုက်တာသုံးဖို့ ၃သိန်းပေးထားတာဘဲ မောင့်ဆီက ခွင့်တောင်းတာတွေ မကြိုက်ပါဘူး ကိုကို့အပိုင်ဘဲလေ ကြိုက်တာဝယ်ပါ"
ကိုကို ဟိကနဲသွားကလေးစိပြကာ
"အိမ်ထောင်ဦးစီးကို အသိပေးတာပါနော်"
ကိုကိုအတတ်ကလေးကြောင့် သူ့စိတ်ကလေး နူးညံ့ကျေနပ်မိပြန်သည်။
"ပိုက်ဆံကို ချွေတာသုံးရမယ်လေမောင်ရဲ့ ငါမှ ဖုန်းမလိုတာ"
"ကိုကိုရယ် ကိုကိုလည်း လူငယ်ဘဲ မောင်ရှာနိုင်ပါတယ် တောင်ကြီးကိုလာတယ်ဆိုတာ ကိုကို့အတွက်ရွှေနဲ့ ဖုန်းဝယ်ချင်တာကြောင့်လည်းပါတယ်"
တောင်ကြီးဈေးရဲ့ တစ်ဖက်က ဈေးဝယ်Center
မှာသူနဲ့မောင် ဖုန်းဝယ်ဖို့ ညှိနေရသည်။
"ကိုကိုရယ် မောင်က ကိုကို့ကို ပြည့်စုံအောင်ထားချင်တာမို့ မငြင်းပါနဲ့ဗျာ"
မောင်က ဗျာဆိုတာလေး ထည့်ပြောတဲ့အခါတိုင်း သူအသဲမယားဘဲ မနေနိုင်ပေ။မောင်ကို ပေစောင်းစောင်းလေး ကြည့်လိုက်ပြီး သူစကား‌ပြန်ပြောပစ်လိုက်သည်။
"ဖုန်းကို မောင်က ယူ‌စေချင်လို့ပေးတာဆို‌တော့ ယူရမှာပေါ့ တစ်ခုတော့ရှိတယ် ဈေးကြီးတာ မဝယ်ပေးရဘူး မောင်ဘယ်လောက်ပင်ပန်းလဲ ငါအသိဆုံး စိုက်ခင်းစိုက်တာ လွယ်တာမှမဟုတ်တာ နေပူကြီးထဲ ပေါင်းနုတ်ရ ‌ရေလောင်းရနဲ့ ငါမောင့်ချွေးနဲ့ရထားတဲ့ငွေတွေ အသုံးမကြီးရက်ဘူး"
ဂျီမင် ‌စကားတတ်တဲ့ကိုကို့နဖူးလေး အသာလေးတောက်ကာ
"နားလည်ရင် မောင့်ကို ပိုချစ်ရမယ်နော် မောင့်ကလေးလေး"
"ဟုတ်"
နှစ်ယောက်သား ပြုံးလိုက်ကြသည်။
ဆိုင်ထဲရောက်တော့ မုန်းနဲ့တန်းတွေ့တော့တာဘဲ သူအားနာစွာနဲ့ ပြုံးပြလိုက်တော့ မုန်းက ချိုမြစွာ ပြန်ပြုံးပြသည်။
"ဈေးလာတယ်တာလား ထယ် ဂျီမင်ရော နေကောင်းလား"
"ကောင်းတယ် အစ်မ"
မောင်က ပြန်ဖြေနိုင်ပေမယ့် သူမုန်းကို ပြောဖို့အသံက ထွက်မလာပေ။
"နင်တို့ လက်ထပ်လိုက်တာ ကြားတယ် ဝမ်းသာပါတယ် ငါ့ကို မဖိတ်လို့စိတ်ဆိုးတယ် ထယ်ရယ် ငါက နင့်သူငယ်ချင်း အရင်းကြီးဘဲကို"
"ကိုကိုက ဖုန်းပါသူ့အိမ်ထားခဲ့တာမလို့ အစ်မတို့ နံပါတ်တွေ မသိတော့ဘူးလေ အဲ့တာမို့ မပြောဖြစ်လိုက်တာ"
ထယ်ယောင်း ပြုံးနေရုံသာ အသံက ပြောဖို့ ထွက်မလာတာမို့ ငြိမ်နေရသည်။မောင်က သူ့ကိုကြည့်ကာ အခြေအနေနားလည်တယ်ထင်သည်။မောင်က ပြန်ဖြေဖြေပေးသည်။
"အခုကရော အလည်လာကြတာလား"
"ဟုတ်တယ် ဘဘုန်းကို လာကန်တော့ရင်းလေ"
သူနဲ့မောင် တောင်ကြီးကို လာပုံက ရိုးရှင်းသည်။မောင်က ခရမ်းရောင်စတစ်ကော်လာ ခရမ်းနဲ့အနက်ဖောက်ထားတဲ့ ပုဆိုးကလေးဝတ်ထားပြီး ကျောပိုးအိတ်တစ်လုံးလွယ်ထားသည်။သူကတော့ ဘောင်းဘီ ဒူးပေါ်အဖြူ‌ ရောင်အတိုကလေးကိုမှ Hoddiအနက်ကလေးသာဝတ်ထားသည်။ဘာပကာသနမှ မပါဘဲရိုးရှင်းသည်။မြင်ရသူလည်း သူတို့နှစ်ယောက်အိမ်ထောင်ရေး စိုပြေပြီးအဆင်ပြေနေတာ ကြွားဝါမှုမပါဘဲ ရိုးရှင်းတဲ့ဝတ်စားဆင်ယင်မှုကနေ ဖမ်းကြည့်နိုင်သည်။
မောင်ဟာ ငါ့ကိုတင့်တောင့်တင့်တယ် ထားနိုင်တာ မုန်းမြင်ပါလိမ့်မည်။မုန်းကနေတစ်ဆင့် အိမ်ကို သတင်းပေါက်ကြားနိုင်ပါရဲ့
"ထယ်ယောင်း ငါ့ကို စကားပြောပါအုံး"
"ဟင် အေး"
ထယ်ယောင် ထိုစကား နှစ်လုံးသာ ထွက်လာတာမို့ မောင်က ပြုံးရယ်သည်။
"ကိုကိုက အားနာပြီးပြောစရာ စကားသံ ထွက်မလာတာ အစ်မ"
"ဪ အားနာစရာလား ထယ်ရာ"
သူမပြုံးသည်။အပြုံးက ခပ်ဆွေးဆွေးရယ်....
____
"ဘဘုန်း စိတ်မဆိုးဘူးထင်ပါတယ်"
ဘုန်းဘုန်းက သူတို့နှစ်ယောက်ကိုကြည့်‌ကာ ခေါင်းခါသည်။
"စိတ်ဆိုးစရာ အကြောင်းမရှိပါဘူး ဂျီမင်ပိုပြီး ရင့်ကျက်လာလို့ ဘုန်းဘုန်းဝမ်းသာရပါတယ် ဒီက ထယ်ယောင်းကလည်း ဘဘုန်းရဲ့ တူတော်မောင်ကို လိမ္မာရေးခြားရှိအောင် ဘေးကနေ အားပေးဖေးမပေးပေါ့"
"တင်ပါ့ဘုရား"
ကိုကို က လက်အုပ်ကလေး ချီကာ ပြန်လျှောက်သည်။
ဂျီမင်လည်း လက်အုပ်လေးချီထားလျက်
"ဒီည ဒီမှာ ခိုလုံခွင့်ပြုပါဘုရား"
ဘဘုန်းက နံရံက နာရီကိုတစ်ချင်လှမ်းကြည့်ပြီး ကုလားထိုင်ခုံပေါ်ကနေ ထလိုက်သည်။
"ကဲ နားလို့ရပါတယ် ဂျီမင်နေနေကြ နေရာမှာ ခိုကြပေါ့ ဘုန်းဘုန်း ပုတီးစိပ်ချိန်ရောက်ပြီမို့ နှစ်ယောက်သား သွားနားချည်"
"တင်ပါ့ဘုရား"
သူနှင့်ကိုကို ဘဘုန်းကို ကန်တော့ပြီး ဘဘုန်းရဲ့ ကျောင်းဆောင်ထဲကထွက်လာလိုက်သည်။
"ကိုကို အဆင်ပြေလား အခန်းက နှစ်ယောက်ဆိုတော့ နည်းနည်းကြပ်တယ်"
ကိုကိုက သူ့ကို ပြုံးပြကာ
"ရတယ် မောင် ငါအဆင်ပြေပါတယ်"
"ကိုကို ဒီအခန်းရဲ့ နောက်မှာရေကန်ကြီးရှိတယ် ရေချိုးချင် ချိုးရတယ်နော်ကိုကို"
"အင်းးး"
သူတို့ နှစ်ယောက်လုံး ရေမိုးချိုးပြီးသည်နှင့် မောင်က သူ့ကို ဘုရားကျောင်းဆောင်ရှိရာ ခေါ်လာသည်။
သူနှင့်မောင် ဦးသုံးကြိမ်ချပြီးသည်နှင့် ကြမ်းခင်းပေါ် ဖင်ထိုင်ချလိုက်ကြသည်။ကျောင်းဆောင်ကြီးက အကျယ်ကြီးဘဲ ပန်ကာလေများတိုက်နေ၍ အေးချမ်းလှသည်။
ထယ်ယောင်းပါးပေါ်‌ရှိ သနပ်ခါးရေကြဲကြဲကို မောင်က ငေးကာ ကြည့်နေပြန်သည်။
"မောင်...ဘာလို့ ကြည့်နေတာလဲ ဘုရားကန်တော့ပြီးငေးမနေနဲ့လေ"
"အေးချမ်းလို့ပါ ဘုရားရိပ်တရားရိပ်က အေးချမ်းကြည်လင်သလို ကိုကို့မျက်နှာကလေးကလည်းကျွန်တော့်အတွက် အေးချမ်းတယ်"
သူရယ်လိုက်မိသေးသည်။ဒီကလေးက သူ့ကိုဆို ပြောလိုက်ရင် အမြဲစိတ်ချမ်းသာအောင် ပြောပေးတတ်သည်။
"မောင် ဘုန်းကြီးကျောင်းသားလေးဆိုတော့ တရားစာတွေရလား"
"ရတယ်ကိုကို မောင် ပရိတ်ကြီး၁၁သုတ်နဲ့ဓမ္မစကြာကို နှုတ်တိုက်မကြည့်ဘဲ ရွတ်ဖတ်နိုင်တယ်"
ဒီတစ်ခါ အေးချမ်းသူက သူပေါ့ မောင်က တကယ့်လေးစရာ ကောင်းကလေး
"ကိုကို ဓမ္မစကြာရွတ်သံလေး ကြားချင်မိပါရဲ့"
မောင်က သဘောပေါက်ကာ
"ကိုကို ပါရွတ်လေ မောင်တို့ အတူတူ ဘုရားစာရွတ်ရအောင် မောင်ညကြ ဆုချမယ်"
"ဘာဆုလဲ"
"မောင် ဆရာကြီးတက္ကသိုလ်ဘုန်းနိုင်စာအုပ် ပိတောက်ပွင့်ဆဲလသာဆဲဝယ် ဖတ်ပြမယ်"
"တကယ်နော်"
"ကတိ"
သူနှင့်မောင် ဘုရားရုပ်ပွားတော်၏ ရှေ့တွင် ဓမ္မစကြာ တရားတော် အတူရွတ်ဖတ်ပူဇော်လိုက်ကြသည်။
မောင့်ဘုရားစာရွတ်ဖတ်သံဟာ သူ့စိတ်နှလုံးကို အေးချမ်းရွှင်လန်းစေသည်....
သူသည်မောင့် ပေါင်ပေါ်ပါးအပ်ကာ နားစွင့်နေသည်။မောင်သည် စာအုပ်ကိုကိုင်လျက် အသံနေအသံထားနှင့် စာဖတ်ပြနေလေရဲ့
စာဖတ်ရမှာ ပျင်းတဲ့ သူဟာမောင့်ကြောင့် စာအုပ်တွေကို ချစ်တတ်လာသလို မြတ်နိုးတန်ဖိုးထားတတ်လာခဲ့တယ်လေ....
စာအုပ်တစ်ဝက်ကျိုးသွားတာ သူသတိထားမိတော့ မောင့်ပေါင်‌ပေါ်က သူခေါင်းကလေဖယ်လိုက်ပြီး ထထိုင်လိုက်သည်။ဘေးမှာအသင့်ရှိနေတဲ့ ရေဘူးကလေးထဲက ရေကိုရေခွက်ထဲ ထည့်ပြီးမောင့်ဆီ ကမ်းပေးလိုက်သည်။
မောင်က ရေကိုသောက်ပြီး
"အာ...အရသာရှိလိုက်တာတဲ့"
သူမောင့်ရင်ဘတ်ကို အသာရိုက်လိုက်သည်။
"ရေက အရသာရှိသလားမောင်"
"ရှိတာပေါ့ ကိုကို့မေတ္တာတွေနဲ့ မောင်သောက်ရ‌တာဘဲ"
မောင်က ရေခွက်ကလေး တစ်ဖက်ဘေးချလိုက်သည်နှင့် သူမောင့်ရင်ခွင်ထဲ တိုးဝင်လိုက်သည်။
"ငါသိပ်ကံကောင်းတယ်မောင် မင်းလိုယောက်ျားမျိုးငါရထား မေမေသိလို့ကတော့ ဘယ်လောက်ချီးကျူးနေမလဲ မင်းသိလား"
ဂျီမင် ကိုကို့ပုခုံးကလေးပြန်ဖက်ထားလိုက်ပြီး
"ကိုကို့မေမေ လက်ခံနိုင်တယ်ဆိုတောင် ကိုကို့အဒေါ်တွေ ရှိသေးတယ်လေ သိပ်စိတ်ကူးမယဉ်မိစေနဲ့ကိုကို မောင်အကြောက်ဆုံးကဘာလဲ ကိုကိုသိလား"
သူမောင့်ကို မော့ကြည့်တော့ မောင့်မျက်ဝန်းကလေးတွေမှာ မျက်ရည်စလေးတွေ
"ဟင့်အင်း"
"ဒီစာအုပ်ထဲကလို ဖြစ်မှာ မောင်သိပ်ဆိုးတယ် ကိုကို"
ကိုကိုတွေဝေသွား၏။
ဇာတ်လမ်းက အခုမှ မင်းသားနဲ့မင်းသမီး အတူထွက်ပြေးပြီး တစ်အိုးတစ်အိမ်ထူတုန်းရှိသေးတာမို့ သူဘာဆက်ဖြစ်မလဲ မသိပေ။
"ဘာဆက်ဖြစ်မလဲမောင်"
မောင် ခေါင်းခါသည်။
"နောက်ရက်မှ ဆက်ဖတ်ပြမယ်ကိုကို အိပ်တော့ ည၁၁နာရီတောင်ခွဲနေပြီ
သူစိတ်ထဲ မတင်မကျဖြစ်နေမိ၏။
"မောင်အိပ်နှင့်လေ ကိုကို စာဆက်ဖတ်မယ်"
မောင်က စာအုပ်ကို ပိတ်ကာ သူ့ကျောပိုးအိတ်ထဲထည့်လိုက်သည်။
"ညနက်ရင် မျက်ကွင်းတွေညိုမယ်ကိုကို ကျန်းမာရေးကို ဂရုစိုက်ပါ တစ်ခုသိထား မောင်က ဆရာကြီးဝတ္ထုကို ဖတ်ပြီးသားဖြစ်တဲ့အတွက်ဇာတ်ကောင်နှစ်ယောက်လို မောင်နဲ့ ကိုကို့ကို လွဲပေးစရာ မလို‌အောင် လုပ်လို့ရတာမို့ စိတ်မပူနဲ့"
သူခေါင်းငြိမ့်လိုက်သည်။ဟုတ်တယ်လေ မောင်ပြောတာ သဘာဝကျပါတယ် မောင်က ဇာတ်လမ်းသိပြီးသားမို့ ဝေးရမယ့် အခြေအနေတွေသိတာမို့ မောင် ရှောင်သင့်တာ ရှောင်မည်။
"မောင် ဒီဝတ္ထုကိုသိပ်ကြိုက်တာလား"
"မကြိုက်ဘူး မောင်က ဇာတ်ကောင်တွေ မပေါင်းရရင် မကြိုက်ဘူး ဒါပေမယ့် ဆရာကြီးတက္ကသိုလ်ဘုန်းနိုင်စာအုပ်တွေကို ဖတ်တာဟာ ဆရာကြီးနဲ့ဆရာကြီးအရေးအသား အတွေးအခေါ် ဇာတ်လမ်းဇာတ်အိမ်တွေကို သိပ်သ‌ဘောကျလို့ ယုတ္တိရှိလို့"
သူမောင့်လက်မောင်းပေါ်လဲချလိုက်သည်။မောင်းက သူ့ပါးပြင်ကို ရွှတ်ကနဲ နမ်းကာ စောင်ခြုံပေးလိုက်သည်။
"မောင်....ငါလည်းဝတ္ထုရေးချင်စိတ်တောင်ပေါက်လာတယ်"
မောင်ကမျက်ခုံးကလေးပင့်လိုက်တော့ သူရှက်ရယ်ကာ
"ငါတို့နှစ်ယောက်အကြောင်းလေ စာပေချစ်တဲ့ကောင်လေးနဲ့ရှုခင်းတောတောင်တွေ ဓာတ်ပုံရိုက်ရတာကြိုက်တဲ့ကောင်လေးအကြောင်းလေ"
မောင် က သူပြောတာကို အသေအချာတွေးပြီးမှ
"ဒါဆို မောင်က ပိုချစ်ကြောင်း ဝတ္ထုမှာပါလိမ့်မယ်"
"ဘာလို့လဲ"
"ပုန်းတလုတ်ကန်ရှေ့မှာ အညိုရောင် ကုတ်ကလေးနဲ့ ဝက်ဝံလုံးကို မြင်မြင်ချင်း မောင်သဘောကျခဲ့မိလို့ပေါ့"
သူနားမလည်ပေ။
"ဘယ်တုန်းကလဲ ငါတို့တွေ့တာ မန္တလေးက ဝေယံတို့တိုက်ပေါ်မှာမလား"
မောင်ခေါင်းကလေးခါကာ
"မနက်ခင်းမြူတွေဆိုင်းနေတဲ့အချိန် မောင်ပုန်းတလုတ်ကန်‌ရဲ့ အရှေ့မြောက်ဘက်က ဆိုင်းဘုတ်နားကထိုင်ခုံပေါ်ထိုင်နေစဉ်ကပေါ့ ကိုကို့ဘေးမှာ အမျိုးသမီးတစ်ဦးပါတယ် မောင်ထင်တာ မမှားရင်အဲ့တာ အစ်မမုန်းဘဲ"
သူမှတ်မိပြီ...အဲ့နေ့က သူကန်ဘေးမှာ ထိုင်နေတဲ့လူတစ်ယောက်ပုံ ဓာတ်ပုံရိုက်ခဲ့သေးတာဘဲ
"အဲ့တာမောင်လား"
"ကိုကိုသိလား"
"သိတာပေါ့ ငါ့ကင်မရာထဲမှာ မောင့်ထိုင်နေတဲ့ပုံလေးရှိတယ်မောင်..."
မောင့်မျက်နှာက ကျေနပ်သွားပုံရသည်။
သူ့ကိုဖက်ထားကာ
"‌ကျေးဇူးတင်ပါတယ် မောင့်လို ဘဝသမားကို ကိုကို့ဘဝတစ်ခုလုံး အပ်နှံခဲ့လို့"
"ချစ်တယ်မောင်"
"မောင်လည်း ချစ်တယ် ထယ်..."
&&&&
Spoilကဖတ်ရင်းနဲ့တွေ့မယ်ထင်ပါတယ်😗