167 01
အခန်း (၁၆၇)
ထိုမှတ်ချက်က လုဝူရွှမ်းကို တခဏခန့် တန့်သွားစေသည်။ မော့ရုန်ကျန်း၏စကားက သူမ၏နှလုံးသားကို ဓားဖြင့်ထိုးလိုက်သလို ဖြစ်သွားသည်။
လုယောင်ယောင်ကမူ ဖျားနေတဲ့ အဲ့ဒီမင်းသားငယ်ကို စောင့်ကြည့်ခိုင်းဖို့ ဟုတ်လား။ ဘာလို့ လုယောင်ယောင်မှလဲ။ ဒီမိန်းမက နန်းတော်က တော်ဝင်သမားတော်လည်း မဟုတ်ဘူးလေ။ ဧကရာဇ်မှာ အခြားစိတ်ဆန္ဒရှိနေတာ သေချာနေတာပဲ။
လုဝူရွှမ်းက စိတ်အချဉ်ပေါက်စွာတွေးသည်။
"အရှင်မင်းကြီး အရှင်မင်းကြီးက ဒီဝမ်ဖေးအပေါ် ငြီးငွေ့နေပြီလား။ ဒီကိစ္စအတွက်တော့ ဒီဝမ်ဖေးက ဘာမှမတက်နိုင်ပါ။ ဒါပေမဲ့ လုယောင်ယောင်က ဒီဝမ်ဖေးရဲ့ ဝမ်းကွဲပါ။ ဧကရာဇ်က ဒီဝမ်ဖေးအပေါ် အရှက်ခွဲချင်နေတာပါလား"
လုဝူရွှမ်း၏မျက်နှာက နူးညံ့သွားသည်။ သူမ၏ ယခင်အကျည်းတန်မှုဟာလည်း ပျောက်ကွယ်သွားပြီး မော့ရုန်ကျန်းကိုသာ ချစ်မြတ်နိုးစွာကြည့်သည်။
"ဒီဝမ်ဖေးတစ်ယောက်က မလုံလောက်တော့တာပါလား"
သူမက ကူကယ်ရာမဲ့စွာမေးသည်။
သံသယဝင်ရန် မလိုလောက်အောင် လုဝူရွှမ်းဟာ အနောက်နန်းဆောင်ကို တစ်ယောက်ထဲ အပိုင်သိမ်းချင်နေသည်။ ဧကရာဇ်ဟာ ဇနီးပေါင်းမြောက်များစွာရှိကြောင်း သိထားသည့်တိုင်အောင် ဝမ်ဖေးတစ်ယောက်အနေနှင့် ထိုအချက်ကို လက်ခံသင့်သည့်တိုင်အောင် သူမ၏စကားက အခြားသူများ၏ နားထဲတွင်မူ အရူးစကားများ ဖြစ်နေသည်။
"လုဝူရွှမ်း မင်းက ကိုယ့်အရှက်ကိုယ်ခွဲတာ"
ဧကရာဇ်၏ မှတ်ချက်က ထွက်လာပြီးနောက်တွင် သူမ၏လက်မောင်းကို ဖမ်းကိုင်ထားမှုကို လွှတ်ချလိုက်သည်။ သူ၏မျက်နှာက တည်တင်းသွားသည်။
အနားတွင်ရပ်ကာ စောင့်ကြည့်နေသေးသည့် ယဲ့ကျန်း၏ မျက်နှာကလည်း စိတ်ရှုပ်ထွေးသွားဟန်ရသည်။ ဒီအခြေအနေက သူမက တော်ဝင်နန်းတော်ထဲတွင် ပိတ်မိခဲ့သောအချိန်က ဝိညာဉ်တစ်ကောင်အဖြစ်နှင့် မြင်ခဲ့ရသော ဖြစ်စဉ်များနှင့် ကွာခြားလွန်းနေသည်။
သူမက ဝိညာဉ်မကူးပြောင်းချိန်ကဆိုလျှင် မော့ရုန်ကျန်းဟာ လုဝူရွှမ်းကို အလွန်ချစ်ခင်မြတ်နိုးကြောင်း သေချာမြင်ခဲ့ရသည်။ တော်ဝင်နန်းတော်ထဲရှိ အခြားသော ကိုယ်လုပ်တော်များကပင် မနာလိုဖြစ်လွန်းသဖြင့် သေသွားလောက်အောင် ချစ်ပြခဲ့ခြင်းဖြစ်သည်။ ဧကရာဇ်က အမြဲတစေ သူမကို နှလုံးသားထဲတွင် ထူးခြားသောနေရာတစ်ခု ပေးထားသည်။
ဒါပေမဲ့ ဘယ်လိုဖြစ်ပြီး ဒီတစ်ကြိမ်မှာ သူက လုဝူရွှမ်းကို စိတ်မရှည်တော့တာလဲ။ ဒါက အခြေအနေတွေ ပြောင်းလဲသွားတာကြောင့်လား။
ယဲ့ကျန်းက တွေးသည်။ ကိစ္စများက သူမမှတ်မိသော ကိစ္စများနှင့် မတူတော့ချေ။
ယဲ့ကျန်းက အတွေးနက်နေချိန်တွင် လုဝူရွှမ်းက ခပ်တိုးတိုး အော်နေပြန်သည်။ အခြားတစ်ဖက်တွင် မော့ရုန်ကျန်းဟာ သူမ၏ သနားစရာပုံစံကို ဆက်မကြည့်ချင်တော့ချေ။ ထိုမိန်းမဟာ သူ့အား လှည့်စားခဲ့သော မိန်းမဖြစ်သလို သူတစ်ချိန်က ချစ်မြတ်နိုးခဲ့ဖူးသူလည်းဖြစ်သည်။
ထို့နောက်သူက တစ်ဖက်လှည့်လိုက်ချိန်တွင် ယဲ့ကျန်းကို မြင်လိုက်ရသည်။ ထို့နောက် မထူးခြားသော လေသံဖြင့်ပြောသည်။
"မင်းကအဲ့ဒီမှာ ဘာလုပ်နေသေးတာလဲ"
ယဲ့ကျန်းကလည်း အသိပြန်ဝင်လာပြီး ခပ်မြန်မြန် ဂါရဝပြုလိုက်ကာ ဖြေလိုက်သည်။
"ခွင့်ပြုပါအရှင်မင်းကြီး ဒီအရာရှိရဲ့သမီးက ထွက်သွားပါတော့မယ်"
ယဲ့ကျန်းက တစ်ဖက်လှည့်လိုက်ချိန်တွင် ဧကရာဇ်က ဆက်ပြောလာသည့်စကားက သူမ၏ခြေလှမ်းကို ရပ်တန့်သွားစေသည်။
"ဖူသဲ့ တတိယသခင်မလေးလုကို ကြာပန်းလိမ်းဆေးဆီ နှစ်ပုလင်း ယူဆောင်ပေးလိုက်ပါ"
ယဲ့ကျန်းက မော့ကြည့်လိုက်သောအခါ သူမ၏ပါး၏ ယောင်ကိုင်းသည့် တစ်ဖက်ခြမ်းပေါ်တွင်ရှိသော လက်ဝါးရာအပေါ် စိတ်ပျက်လက်ပျက် ကြည့်သည့် သူ၏အကြည့်နှင့်တိုးသည်။
ဧကရာဇ်က အမိန့်ပေးလိုက်သဖြင့် တိတ်ဆိတ်စွာ ရပ်နေခဲ့သော ဖူသဲ့ကလည်း ချက်ချင်းလိုလို လှုပ်ရှားတော့သည်။
"ဟုတ် ဟုတ် ဟုတ်ကဲ့အရှင်မင်းကြီး"
သူ၏အသံက အနည်းငယ် တုန်နေသည်။ သူက ယဲ့ကျန်းကို မသိမသာ မော့ကြည့်သည်။ တစ်ချက်ကြည့်ရုံနဲ့တင် သူထိတ်လန့်လွန်းသဖြင့် လဲကျချင်သွားသည်။
167 02
တတိယသခင်မလေးလုက အရင်ဝမ်ဖေးနဲ့ တအားတူလွန်းနေတယ်။ မျက်ခုံးမျက်လုံးက နည်းနည်း ကွာခြားသွားတယ်ဆိုပေမဲ့ တော်တော်ကြီးကို တူနေသေးတယ်။
ဧကရာဇ်ဟာ ဝမ်ဖေးအသက်ရှိစဉ်က သူမ၏မျက်နှာကို ကြည့်ခဲသည်။ သို့သော် မိန်းမဆိုးတစ်ယောက် အနေနှင့် မကြာခဏ ကျော့ရှင်းကြည့်ကောင်းပြီး လှပလွန်းသော ပြောစမှတ်ပြုစရာ ဝမ်ဖေးကို မကြာခဏ မြင်ဖူးလေသည်။ လုယောင်ယောင်၏ ပြဇာတ်ဆန်ဆန် ပြောင်းလဲသွားသော ရုပ်ရည်ဟာ တဖြည်းဖြည်းချင်း သူတို့နှစ်ယောက်၏ တူညီမှုများကို ယှဉ်ပြနေသကဲ့သို့ ဖြစ်လာသည်။
လုယောင်ယောင်က အရင်ဝမ်ဖေး ယဲ့ကျန်းနဲ့ တူလွန်းတယ်။
ကံကြမ္မာ၏ လှည့်စားမှုအကြောင်း တွေးမိသည့်အခါ သူ၏စိတ်အခြေအနေက နောက်ကျိသွားရသည်။
တရှုံ့ရှုံ့ ငိုနေသေးသည့် လုဝူရွှမ်းဟာလည်း မော့ရုန်ကျန်းဟာ လုယောင်ယောင်အတွက် ကြာပန်းလိမ်းဆေးဆီ နှစ်ပုလင်းပေးခိုင်းကြောင်း ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။ ထိုကြာပန်းလိမ်းဆေးဆီဟာ တော်ဝင်နန်းတော် အတွင်းတွင်ပင် အလွန်ရှားပါးသော အဖိုးတန်ဆေးဖြစ်သည်။ ဝမ်ဖေးတစ်ယောက်အနေနဲ့ သူမဟာ တစ်ပုလင်းသာလျှင် ရရှိထားသည်။
ဒါကိုသူက ဘယ်လိုဖြစ်ပြီး လုယောင်ယောင်ကို နှစ်ပုလင်းတောင် ဒီတိုင်းပေးလိုက်ရတာလဲ။ ဒါတင်မဟုတ်သေးဘူး ကိုယ်တိုင်ကိုယ်ကျတောင် ပေးခိုင်းသေးတယ်။
ထိုအချိန်တွင် အံ့အားတကြီး တိတ်ဆိတ်စွာ ရပ်နေသည့် လုဝူရွှမ်း၏ အစေခံက အနားသို့ ချဉ်းကပ်မလာရဲဘဲ တုန့်တုန့်ဆိုင်းဆိုင်း ဖြစ်နေတော့သည်။ ဧကရာဇ်၏ လက်အမူအရာ ပြမှုအောက်တွင် သိုင့်ပင်းက သခင်မဖြစ်သူကို လာထူပေးသည်။
ထို့နောက် လုဝူရွှမ်းကို တစ်ချက်မျှပင် မကြည့်တော့ဘဲ မော့ရုန်ကျန်းက နောက်သို့လှည့်ကာ လမ်းလျှောက်ထွက်သွားသည်။ နှစ်ယောက်ကြားရှိ အကွာအဝေးက ဝေးသထက်ဝေးသွားခြင်းကို ကြည့်နေရသည့် လုဝူရွှမ်း၏ စိတ်အခြေအနေက မကောင်းတော့ချေ။
ယဲ့ကျန်းကလည်း ချက်ချင်းလိုလို လိုက်သွားသည်။ သူမက ခြေနှစ်လှမ်းပင် မလှမ်းနိုင်ခင်မှာတင် အထင်တသေး အသံက ထွက်လာသည်။
"ငါနင့်ကို သွားခိုင်းပြီလား"
ထိုဝမ်ဖေးက သူမကိုခေါ်ပြန်သည်။
ကြည့်ရတာ ကိစ္စက မပြီးသေးဘူးဘဲ။
"ဝမ်ဖေး တတိယသခင်မလေးလု"
ထိုအချိန်တွင် လုဝူရွှမ်းက ယဲ့ကျန်းကို ဆက်တိုက် အနိုင်ကျင့်တော့မည့် အချိန်တွင်ပင် ရုတ်တရက် ဒေါ်လေးချန်းက ရောက်လာသည်။ ဒေါ်လေးချန်းဟာ လုဝူရွှမ်း၏ မျက်ရည်များကိုလည်း မမြင်ဟန်ဖြင့် တောက်ပစွာပြုံးလျှက် အနားသို့ ကပ်လာသည်။ ယဲ့ကျန်းကလည်း စိတ်အေးသွားတော့သည်။
"မယ်တော်ကြီးက ဒီအစေခံကိုလွှတ်ပြီး တတိယသခင်မလေးလုကို လမ်းပျောက်မှာစိုးလို့ လာရောက် ခေါ်ဆောင်ခိုင်းလိုက်တာပါ"
ယဲ့ကျန်းကလည်း ပြန်ပြုံးပြသည်။
"ဒေါ်လေးချန်း အချိန်ကိုက် ရောက်လာတာပဲ။ ဒီသခင်မလေးက မယ်တော်ကြီးကို သွားတွေ့ချင်ပေမဲ့ စစ်နေနန်းဆောင်က နန်းတော်တွေက ခမ်းနားလွန်းတော့ အရပ်မျက်နှာကို မခွဲခြားတတ်တော့ဘူး ဖြစ်နေတာပါ"
ဒေါ်လေးချန်းကလည်း သူမ၏လက်ကို အသာကမ်းလှမ်းကာ ဖမ်းဆုပ်ကိုင်လိုက်ပြီး ရယ်လိုက်သည်။
"ဒီအစေခံက တတိယသခင်မလေးလုအတွက် လမ်းပြခွင့်ရတဲ့အတွက် ဝမ်းသာမိပါတယ်"
"ကျေးဇူးတင်ပါတယ် ဒေါ်လေးချန်း"
ယဲ့ကျန်းကလည်း စိတ်အေးသွားသည်။ သူမက ဒေါ်လေးချန်း ရောက်လာခြင်းကို အလွန်သဘောကျ ကျေနပ်မိသွားသည်။
"ဝမ်ဖေး ဒီအစေခံက တတိယသခင်မလေးလုကို မယ်တော်ကြီးဆီကို ခေါ်သွားပေးမှ ဖြစ်မှာပါ။ ဒီဝမ်ဖေးက မိန့်ကြားစရာများ မရှိတော့ဘူးဆိုရင် ဒီအစေခံနဲ့ တတိယသခင်မလေးလုကို အရင်ထွက်သွားခွင့်ပြုပါ"
လုဝူရွှမ်း၏ ဒေါသက မပြေသေးချေ။ သို့ရာတွင် ဒေါ်လေးချန်း၏ အနေအထားကိုလည်း သူမက ကောင်းကောင်း သိသည့်အတွက် နောက်ဆုံးတွင် အသိစိတ် အနည်းငယ်နှင့်အတူ အားတင်းကာ ပြုံးလိုက်ရသည်။
"ဒီဝမ်ဖေးက ဘာမှမိန့်စရာ မရှိတော့ပါဘူး။ မင်းတို့ သွားနိုင်ပြီ"
167 03
"ငါဒီနေ့ ဘာဖြစ်နေတာလဲ"
လုဝူရွှမ်းက သူမကိုယ်သူမ မေးသည်။ သူမမည်မျှပင် ဒေါသထွက်စေကာမူ မော့ရုန်ကျန်း၏ အရှေ့တွင် ထိုမျှအထိ သရုပ်ပျက်ခဲ့ဖူးခြင်း မရှိသေးချေ။ အများစုအနေနှင့် သူမ၏အရှေ့တွင် သူက မည်သည့် မိန်းမအတွက်နှင့်မျှလည်း ဝင်ရောက်ကာကွယ်ပေးခဲ့ဖူးခြင်း မရှိခဲ့ချေ။ လုယောင်ယောင်ကြောင့်သာ မဟုတ်လျှင် သူမ၏ နန်းတော်အတွင်းရှိ ပထမဦးဆုံး အရှက်ခွဲခံရခြင်း အခြေအနေမျိုး ကြုံရလိမ့်မည် မဟုတ်ချေ။
"ဝမ်ဖေး"
အနားရှိ အနီးကပ် ခစားသော အစေခံက ဖျော့တော့စွာဖြင့် ခေါ်လာသည်။
"သိုင့်ပင်း ငါဒီနေ့ အရမ်းလွန်သွားလား"
လုဝူရွှမ်းက ပျောက်ကွယ်သွားသော ယဲ့ကျန်းကိုကြည့်ကာ ခပ်တိုးတိုးမေးသည်။
"ဝမ်ဖေး ဧကရာဇ်က ဝမ်ဖေးကို အချစ်မြတ်နိုးဆုံးပါ။ သူက ဝမ်ဖေးကို ဒေါသမထွက်ပါဘူး။ မစိုးရိမ်ပါနဲ့"
လုဝူရွှမ်းက ခါးသီးစွာ ပြုံးနေသည်။ မော့ရုန်ကျန်းက သူမကို ခပ်ကြာကြာ လျစ်လျူမရှု့မှန်း သူမသည်လည်း သေချာနေသည်။ သူက သူမအား အသက်ကယ်တင်ရှင်အဖြစ် သတ်မှတ်ထားခြင်းဖြစ်သည်။
သို့ရာတွင် လုလင်ကျစ်က ဧကရာဇ်ဟာ ယဲ့ကျန်း၏ နာမည်ပြောင်အကြောင်း သိနေကြောင်း သူမအား ပြောပြလာပြီး သံသယဝင်နေသည့် အရိပ်အမြွတ် ပြောပြလာခဲ့သည့်အခါ သူမက ဧကရာဇ်အတွက် ဘာမှမဟုတ်တော့ဟန်ရသည်။ သူမ၏ နှလုံးသားက စတင်ပြီး မသက်မသာ ဖြစ်လာသည်။
သူ့ရဲ့အခုနောက်ပိုင်း အဲ့ဒီအေးစက်မှုတွေက ဒါနှင့်များ ပတ်သတ်နေလား။
မဖြစ်နိုင်ဘူး။
လုဝူရွှမ်း၏ မျက်လုံးက မည်းမှောင်လာသည်။ ဧကရာဇ်၏ မျက်နှာသာပေးမှုကို သူမဆီမှ မည်သူကမှ ယူသွားခွင့်မရသင့်ချေ။ မော့ရုန်ကျန်းက ယခု ဒေါသထွက်နေခြင်းသာ ဖြစ်လောက်သည်။ ထို့ကြောင့် လုဝူရွှမ်းအနေနှင့် အချိန်တစ်ခုကြာ စောင့်ဆိုင်းရန် ဆုံးဖြတ်လိုက်သည်။
သူဘယ်တော့မှ အမှန်သိလို့မရဘူး။
တကယ်လို့ သူကသာ ငါ့ကို မယုံကြည်တော့ဘူးဆိုရင် အပြစ်ပေးနှင့်မှာပေါ့။ ဒါပေမဲ့သူ အပြစ်မပေးခဲ့ဘူးလေ။
ကိုယ့်ကိုယ်ကို နှစ်သိမ့်ပြီးနောက်တွင် သူမ၏ စိတ်အတွင်းတွင် မျှော်လင့်ချက်က ပြည့်ဝလာသည်။
လုယောင်ယောင် အတွက်ကတော့ မော့ရုန်ကျန်းအနားကိုကပ်ဖို့ အခွင့်အရေး ရှိမယ်လို့မထင်နဲ့။
ထိုအခိုက် သူမကို ကူညီနိုင်သော တစ်ဦးတည်းသောလူကို သတိရလိုက်သည်။
"ရက်အနည်းငယ်နေရင် ငါ့ရဲ့အမေ လုမိသားစုရဲ့ အကြီးဆုံးသခင်မကို နန်းတော်ထဲကို ဆင့်ခေါ်လိုက်ပါ" သူမက အမိန့်ပေးလိုက်သည်။
Telegram မှာ အပိုင်း ၄၅၁အထိ ရောက်ပါပြီနော်။
Zawgyi
167 01
အခန္း(၁၆၇)
ထိုမွတ္ခ်က္က လုဝူ႐ႊမ္းကို တခဏခန႔္ တန႔္သြားေစသည္။ ေမာ့႐ုန္က်န္း၏စကားက သူမ၏ႏွလုံးသားကို ဓားျဖင့္ထိုးလိုက္သလို ျဖစ္သြားသည္။
လုေယာင္ေယာင္ကမူ ဖ်ားေနတဲ့ အဲ့ဒီမင္းသားငယ္ကို ေစာင့္ၾကည့္ခိုင္းဖို႔ ဟုတ္လား။ ဘာလို႔ လုေယာင္ေယာင္မွလဲ။ ဒီမိန္းမက နန္းေတာ္က ေတာ္ဝင္သမားေတာ္လည္း မဟုတ္ဘူးေလ။ ဧကရာဇ္မွာ အျခားစိတ္ဆႏၵရွိေနတာ ေသခ်ာေနတာပဲ။
လုဝူ႐ႊမ္းက စိတ္အခ်ဥ္ေပါက္စြာေတြးသည္။
"အရွင္မင္းႀကီး အရွင္မင္းႀကီးက ဒီဝမ္ေဖးအေပၚ ၿငီးေငြ႕ေနၿပီလား။ ဒီကိစၥအတြက္ေတာ့ ဒီဝမ္ေဖးက ဘာမွမတက္ႏိုင္ပါ။ ဒါေပမဲ့ လုေယာင္ေယာင္က ဒီဝမ္ေဖးရဲ႕ ဝမ္းကြဲပါ။ ဧကရာဇ္က ဒီဝမ္ေဖးအေပၚ အရွက္ခြဲခ်င္ေနတာပါလား"
လုဝူ႐ႊမ္း၏မ်က္ႏွာက ႏူးညံ့သြားသည္။ သူမ၏ ယခင္အက်ည္းတန္မႈဟာလည္း ေပ်ာက္ကြယ္သြားၿပီး ေမာ့႐ုန္က်န္းကိုသာ ခ်စ္ျမတ္ႏိုးစြာၾကည့္သည္။
"ဒီဝမ္ေဖးတစ္ေယာက္က မလုံေလာက္ေတာ့တာပါလား"
သူမက ကူကယ္ရာမဲ့စြာေမးသည္။
သံသယဝင္ရန္ မလိုေလာက္ေအာင္ လုဝူ႐ႊမ္းဟာ အေနာက္နန္းေဆာင္ကို တစ္ေယာက္ထဲ အပိုင္သိမ္းခ်င္ေနသည္။ ဧကရာဇ္ဟာ ဇနီးေပါင္းေျမာက္မ်ားစြာရွိေၾကာင္း သိထားသည့္တိုင္ေအာင္ ဝမ္ေဖးတစ္ေယာက္အေနႏွင့္ ထိုအခ်က္ကို လက္ခံသင့္သည့္တိုင္ေအာင္ သူမ၏စကားက အျခားသူမ်ား၏ နားထဲတြင္မူ အ႐ူးစကားမ်ား ျဖစ္ေနသည္။
"လုဝူ႐ႊမ္း မင္းက ကိုယ့္အရွက္ကိုယ္ခြဲတာ"
ဧကရာဇ္၏ မွတ္ခ်က္က ထြက္လာၿပီးေနာက္တြင္ သူမ၏လက္ေမာင္းကို ဖမ္းကိုင္ထားမႈကို လႊတ္ခ်လိုက္သည္။ သူ၏မ်က္ႏွာက တည္တင္းသြားသည္။
အနားတြင္ရပ္ကာ ေစာင့္ၾကည့္ေနေသးသည့္ ယဲ့က်န္း၏ မ်က္ႏွာကလည္း စိတ္ရႈပ္ေထြးသြားဟန္ရသည္။ ဒီအေျခအေနက သူမက ေတာ္ဝင္နန္းေတာ္ထဲတြင္ ပိတ္မိခဲ့ေသာအခ်ိန္က ဝိညာဥ္တစ္ေကာင္အျဖစ္ႏွင့္ ျမင္ခဲ့ရေသာ ျဖစ္စဥ္မ်ားႏွင့္ ကြာျခားလြန္းေနသည္။
သူမက ဝိညာဥ္မကူးေျပာင္းခ်ိန္ကဆိုလွ်င္ ေမာ့႐ုန္က်န္းဟာ လုဝူ႐ႊမ္းကို အလြန္ခ်စ္ခင္ျမတ္ႏိုးေၾကာင္း ေသခ်ာျမင္ခဲ့ရသည္။ ေတာ္ဝင္နန္းေတာ္ထဲရွိ အျခားေသာ ကိုယ္လုပ္ေတာ္မ်ားကပင္ မနာလိုျဖစ္လြန္းသျဖင့္ ေသသြားေလာက္ေအာင္ ခ်စ္ျပခဲ့ျခင္းျဖစ္သည္။ ဧကရာဇ္က အၿမဲတေစ သူမကို ႏွလုံးသားထဲတြင္ ထူးျခားေသာေနရာတစ္ခု ေပးထားသည္။
ဒါေပမဲ့ ဘယ္လိုျဖစ္ၿပီး ဒီတစ္ႀကိမ္မွာ သူက လုဝူ႐ႊမ္းကို စိတ္မရွည္ေတာ့တာလဲ။ ဒါက အေျခအေနေတြ ေျပာင္းလဲသြားတာေၾကာင့္လား။
ယဲ့က်န္းက ေတြးသည္။ ကိစၥမ်ားက သူမမွတ္မိေသာ ကိစၥမ်ားႏွင့္ မတူေတာ့ေခ်။
ယဲ့က်န္းက အေတြးနက္ေနခ်ိန္တြင္ လုဝူ႐ႊမ္းက ခပ္တိုးတိုး ေအာ္ေနျပန္သည္။ အျခားတစ္ဖက္တြင္ ေမာ့႐ုန္က်န္းဟာ သူမ၏ သနားစရာပုံစံကို ဆက္မၾကည့္ခ်င္ေတာ့ေခ်။ ထိုမိန္းမဟာ သူ႔အား လွည့္စားခဲ့ေသာ မိန္းမျဖစ္သလို သူတစ္ခ်ိန္က ခ်စ္ျမတ္ႏိုးခဲ့ဖူးသူလည္းျဖစ္သည္။
ထို႔ေနာက္သူက တစ္ဖက္လွည့္လိုက္ခ်ိန္တြင္ ယဲ့က်န္းကို ျမင္လိုက္ရသည္။ ထို႔ေနာက္ မထူးျခားေသာ ေလသံျဖင့္ေျပာသည္။
"မင္းကအဲ့ဒီမွာ ဘာလုပ္ေနေသးတာလဲ"
ယဲ့က်န္းကလည္း အသိျပန္ဝင္လာၿပီး ခပ္ျမန္ျမန္ ဂါရဝျပဳလိုက္ကာ ေျဖလိုက္သည္။
"ခြင့္ျပဳပါအရွင္မင္းႀကီး ဒီအရာရွိရဲ႕သမီးက ထြက္သြားပါေတာ့မယ္"
ယဲ့က်န္းက တစ္ဖက္လွည့္လိုက္ခ်ိန္တြင္ ဧကရာဇ္က ဆက္ေျပာလာသည့္စကားက သူမ၏ေျခလွမ္းကို ရပ္တန႔္သြားေစသည္။
"ဖူသဲ့ တတိယသခင္မေလးလုကို ၾကာပန္းလိမ္းေဆးဆီ ႏွစ္ပုလင္း ယူေဆာင္ေပးလိုက္ပါ"
ယဲ့က်န္းက ေမာ့ၾကည့္လိုက္ေသာအခါ သူမ၏ပါး၏ ေယာင္ကိုင္းသည့္ တစ္ဖက္ျခမ္းေပၚတြင္ရွိေသာ လက္ဝါးရာအေပၚ စိတ္ပ်က္လက္ပ်က္ ၾကည့္သည့္ သူ၏အၾကည့္ႏွင့္တိုးသည္။
ဧကရာဇ္က အမိန႔္ေပးလိုက္သျဖင့္ တိတ္ဆိတ္စြာ ရပ္ေနခဲ့ေသာ ဖူသဲ့ကလည္း ခ်က္ခ်င္းလိုလို လႈပ္ရွားေတာ့သည္။
"ဟုတ္ ဟုတ္ ဟုတ္ကဲ့အရွင္မင္းႀကီး"
သူ၏အသံက အနည္းငယ္ တုန္ေနသည္။ သူက ယဲ့က်န္းကို မသိမသာ ေမာ့ၾကည့္သည္။ တစ္ခ်က္ၾကည့္႐ုံနဲ႔တင္ သူထိတ္လန႔္လြန္းသျဖင့္ လဲက်ခ်င္သြားသည္။
167 02
တတိယသခင္မေလးလုက အရင္ဝမ္ေဖးနဲ႔ တအားတူလြန္းေနတယ္။ မ်က္ခုံးမ်က္လုံးက နည္းနည္း ကြာျခားသြားတယ္ဆိုေပမဲ့ ေတာ္ေတာ္ႀကီးကို တူေနေသးတယ္။
ဧကရာဇ္ဟာ ဝမ္ေဖးအသက္ရွိစဥ္က သူမ၏မ်က္ႏွာကို ၾကည့္ခဲသည္။ သို႔ေသာ္ မိန္းမဆိုးတစ္ေယာက္ အေနႏွင့္ မၾကာခဏ ေက်ာ့ရွင္းၾကည့္ေကာင္းၿပီး လွပလြန္းေသာ ေျပာစမွတ္ျပဳစရာ ဝမ္ေဖးကို မၾကာခဏ ျမင္ဖူးေလသည္။ လုေယာင္ေယာင္၏ ျပဇာတ္ဆန္ဆန္ ေျပာင္းလဲသြားေသာ ႐ုပ္ရည္ဟာ တျဖည္းျဖည္းခ်င္း သူတို႔ႏွစ္ေယာက္၏ တူညီမႈမ်ားကို ယွဥ္ျပေနသကဲ့သို႔ ျဖစ္လာသည္။
လုေယာင္ေယာင္က အရင္ဝမ္ေဖး ယဲ့က်န္းနဲ႔ တူလြန္းတယ္။
ကံၾကမၼာ၏ လွည့္စားမႈအေၾကာင္း ေတြးမိသည့္အခါ သူ၏စိတ္အေျခအေနက ေနာက္က်ိသြားရသည္။
တရႈံ႕ရႈံ႕ ငိုေနေသးသည့္ လုဝူ႐ႊမ္းဟာလည္း ေမာ့႐ုန္က်န္းဟာ လုေယာင္ေယာင္အတြက္ ၾကာပန္းလိမ္းေဆးဆီ ႏွစ္ပုလင္းေပးခိုင္းေၾကာင္း ရွင္းရွင္းလင္းလင္း ၾကားလိုက္ရသည္။ ထိုၾကာပန္းလိမ္းေဆးဆီဟာ ေတာ္ဝင္နန္းေတာ္ အတြင္းတြင္ပင္ အလြန္ရွားပါးေသာ အဖိုးတန္ေဆးျဖစ္သည္။ ဝမ္ေဖးတစ္ေယာက္အေနနဲ႔ သူမဟာ တစ္ပုလင္းသာလွ်င္ ရရွိထားသည္။
ဒါကိုသူက ဘယ္လိုျဖစ္ၿပီး လုေယာင္ေယာင္ကို ႏွစ္ပုလင္းေတာင္ ဒီတိုင္းေပးလိုက္ရတာလဲ။ ဒါတင္မဟုတ္ေသးဘူး ကိုယ္တိုင္ကိုယ္က်ေတာင္ ေပးခိုင္းေသးတယ္။
ထိုအခ်ိန္တြင္ အံ့အားတႀကီး တိတ္ဆိတ္စြာ ရပ္ေနသည့္ လုဝူ႐ႊမ္း၏ အေစခံက အနားသို႔ ခ်ဥ္းကပ္မလာရဲဘဲ တုန႔္တုန႔္ဆိုင္းဆိုင္း ျဖစ္ေနေတာ့သည္။ ဧကရာဇ္၏ လက္အမူအရာ ျပမႈေအာက္တြင္ သိုင့္ပင္းက သခင္မျဖစ္သူကို လာထူေပးသည္။
ထို႔ေနာက္ လုဝူ႐ႊမ္းကို တစ္ခ်က္မွ်ပင္ မၾကည့္ေတာ့ဘဲ ေမာ့႐ုန္က်န္းက ေနာက္သို႔လွည့္ကာ လမ္းေလွ်ာက္ထြက္သြားသည္။ ႏွစ္ေယာက္ၾကားရွိ အကြာအေဝးက ေဝးသထက္ေဝးသြားျခင္းကို ၾကည့္ေနရသည့္ လုဝူ႐ႊမ္း၏ စိတ္အေျခအေနက မေကာင္းေတာ့ေခ်။
ယဲ့က်န္းကလည္း ခ်က္ခ်င္းလိုလို လိုက္သြားသည္။ သူမက ေျခႏွစ္လွမ္းပင္ မလွမ္းႏိုင္ခင္မွာတင္ အထင္တေသး အသံက ထြက္လာသည္။
"ငါနင့္ကို သြားခိုင္းၿပီလား"
ထိုဝမ္ေဖးက သူမကိုေခၚျပန္သည္။
ၾကည့္ရတာ ကိစၥက မၿပီးေသးဘူးဘဲ။
"ဝမ္ေဖး တတိယသခင္မေလးလု"
ထိုအခ်ိန္တြင္ လုဝူ႐ႊမ္းက ယဲ့က်န္းကို ဆက္တိုက္ အႏိုင္က်င့္ေတာ့မည့္ အခ်ိန္တြင္ပင္ ႐ုတ္တရက္ ေဒၚေလးခ်န္းက ေရာက္လာသည္။ ေဒၚေလးခ်န္းဟာ လုဝူ႐ႊမ္း၏ မ်က္ရည္မ်ားကိုလည္း မျမင္ဟန္ျဖင့္ ေတာက္ပစြာၿပဳံးလွ်က္ အနားသို႔ ကပ္လာသည္။ ယဲ့က်န္းကလည္း စိတ္ေအးသြားေတာ့သည္။
"မယ္ေတာ္ႀကီးက ဒီအေစခံကိုလႊတ္ၿပီး တတိယသခင္မေလးလုကို လမ္းေပ်ာက္မွာစိုးလို႔ လာေရာက္ ေခၚေဆာင္ခိုင္းလိုက္တာပါ"
ယဲ့က်န္းကလည္း ျပန္ၿပဳံးျပသည္။
"ေဒၚေလးခ်န္း အခ်ိန္ကိုက္ ေရာက္လာတာပဲ။ ဒီသခင္မေလးက မယ္ေတာ္ႀကီးကို သြားေတြ႕ခ်င္ေပမဲ့ စစ္ေနနန္းေဆာင္က နန္းေတာ္ေတြက ခမ္းနားလြန္းေတာ့ အရပ္မ်က္ႏွာကို မခြဲျခားတတ္ေတာ့ဘူး ျဖစ္ေနတာပါ"
ေဒၚေလးခ်န္းကလည္း သူမ၏လက္ကို အသာကမ္းလွမ္းကာ ဖမ္းဆုပ္ကိုင္လိုက္ၿပီး ရယ္လိုက္သည္။
"ဒီအေစခံက တတိယသခင္မေလးလုအတြက္ လမ္းျပခြင့္ရတဲ့အတြက္ ဝမ္းသာမိပါတယ္"
"ေက်းဇူးတင္ပါတယ္ ေဒၚေလးခ်န္း"
ယဲ့က်န္းကလည္း စိတ္ေအးသြားသည္။ သူမက ေဒၚေလးခ်န္း ေရာက္လာျခင္းကို အလြန္သေဘာက် ေက်နပ္မိသြားသည္။
"ဝမ္ေဖး ဒီအေစခံက တတိယသခင္မေလးလုကို မယ္ေတာ္ႀကီးဆီကို ေခၚသြားေပးမွ ျဖစ္မွာပါ။ ဒီဝမ္ေဖးက မိန႔္ၾကားစရာမ်ား မရွိေတာ့ဘူးဆိုရင္ ဒီအေစခံနဲ႔ တတိယသခင္မေလးလုကို အရင္ထြက္သြားခြင့္ျပဳပါ"
လုဝူ႐ႊမ္း၏ ေဒါသက မေျပေသးေခ်။ သို႔ရာတြင္ ေဒၚေလးခ်န္း၏ အေနအထားကိုလည္း သူမက ေကာင္းေကာင္း သိသည့္အတြက္ ေနာက္ဆုံးတြင္ အသိစိတ္ အနည္းငယ္ႏွင့္အတူ အားတင္းကာ ၿပဳံးလိုက္ရသည္။
"ဒီဝမ္ေဖးက ဘာမွမိန႔္စရာ မရွိေတာ့ပါဘူး။ မင္းတို႔ သြားႏိုင္ၿပီ"
167 03
"ငါဒီေန႔ ဘာျဖစ္ေနတာလဲ"
လုဝူ႐ႊမ္းက သူမကိုယ္သူမ ေမးသည္။ သူမမည္မွ်ပင္ ေဒါသထြက္ေစကာမူ ေမာ့႐ုန္က်န္း၏ အေရွ႕တြင္ ထိုမွ်အထိ သ႐ုပ္ပ်က္ခဲ့ဖူးျခင္း မရွိေသးေခ်။ အမ်ားစုအေနႏွင့္ သူမ၏အေရွ႕တြင္ သူက မည္သည့္ မိန္းမအတြက္ႏွင့္မွ်လည္း ဝင္ေရာက္ကာကြယ္ေပးခဲ့ဖူးျခင္း မရွိခဲ့ေခ်။ လုေယာင္ေယာင္ေၾကာင့္သာ မဟုတ္လွ်င္ သူမ၏ နန္းေတာ္အတြင္းရွိ ပထမဦးဆုံး အရွက္ခြဲခံရျခင္း အေျခအေနမ်ိဳး ႀကဳံရလိမ့္မည္ မဟုတ္ေခ်။
"ဝမ္ေဖး"
အနားရွိ အနီးကပ္ ခစားေသာ အေစခံက ေဖ်ာ့ေတာ့စြာျဖင့္ ေခၚလာသည္။
"သိုင့္ပင္း ငါဒီေန႔ အရမ္းလြန္သြားလား"
လုဝူ႐ႊမ္းက ေပ်ာက္ကြယ္သြားေသာ ယဲ့က်န္းကိုၾကည့္ကာ ခပ္တိုးတိုးေမးသည္။
"ဝမ္ေဖး ဧကရာဇ္က ဝမ္ေဖးကို အခ်စ္ျမတ္ႏိုးဆုံးပါ။ သူက ဝမ္ေဖးကို ေဒါသမထြက္ပါဘူး။ မစိုးရိမ္ပါနဲ႔"
လုဝူ႐ႊမ္းက ခါးသီးစြာ ၿပဳံးေနသည္။ ေမာ့႐ုန္က်န္းက သူမကို ခပ္ၾကာၾကာ လ်စ္လ်ဴမရႈ႕မွန္း သူမသည္လည္း ေသခ်ာေနသည္။ သူက သူမအား အသက္ကယ္တင္ရွင္အျဖစ္ သတ္မွတ္ထားျခင္းျဖစ္သည္။
သို႔ရာတြင္ လုလင္က်စ္က ဧကရာဇ္ဟာ ယဲ့က်န္း၏ နာမည္ေျပာင္အေၾကာင္း သိေနေၾကာင္း သူမအား ေျပာျပလာၿပီး သံသယဝင္ေနသည့္ အရိပ္အႁမြတ္ ေျပာျပလာခဲ့သည့္အခါ သူမက ဧကရာဇ္အတြက္ ဘာမွမဟုတ္ေတာ့ဟန္ရသည္။ သူမ၏ ႏွလုံးသားက စတင္ၿပီး မသက္မသာ ျဖစ္လာသည္။
သူ႔ရဲ႕အခုေနာက္ပိုင္း အဲ့ဒီေအးစက္မႈေတြက ဒါႏွင့္မ်ား ပတ္သတ္ေနလား။
မျဖစ္ႏိုင္ဘူး။
လုဝူ႐ႊမ္း၏ မ်က္လုံးက မည္းေမွာင္လာသည္။ ဧကရာဇ္၏ မ်က္ႏွာသာေပးမႈကို သူမဆီမွ မည္သူကမွ ယူသြားခြင့္မရသင့္ေခ်။ ေမာ့႐ုန္က်န္းက ယခု ေဒါသထြက္ေနျခင္းသာ ျဖစ္ေလာက္သည္။ ထို႔ေၾကာင့္ လုဝူ႐ႊမ္းအေနႏွင့္ အခ်ိန္တစ္ခုၾကာ ေစာင့္ဆိုင္းရန္ ဆုံးျဖတ္လိုက္သည္။
သူဘယ္ေတာ့မွ အမွန္သိလို႔မရဘူး။
တကယ္လို႔ သူကသာ ငါ့ကို မယုံၾကည္ေတာ့ဘူးဆိုရင္ အျပစ္ေပးႏွင့္မွာေပါ့။ ဒါေပမဲ့သူ အျပစ္မေပးခဲ့ဘူးေလ။
ကိုယ့္ကိုယ္ကို ႏွစ္သိမ့္ၿပီးေနာက္တြင္ သူမ၏ စိတ္အတြင္းတြင္ ေမွ်ာ္လင့္ခ်က္က ျပည့္ဝလာသည္။
လုေယာင္ေယာင္ အတြက္ကေတာ့ ေမာ့႐ုန္က်န္းအနားကိုကပ္ဖို႔ အခြင့္အေရး ရွိမယ္လို႔မထင္နဲ႔။
ထိုအခိုက္ သူမကို ကူညီႏိုင္ေသာ တစ္ဦးတည္းေသာလူကို သတိရလိုက္သည္။
"ရက္အနည္းငယ္ေနရင္ ငါ့ရဲ႕အေမ လုမိသားစုရဲ႕ အႀကီးဆုံးသခင္မကို နန္းေတာ္ထဲကို ဆင့္ေခၚလိုက္ပါ" သူမက အမိန႔္ေပးလိုက္သည္။
Telegram မွာ အပိုင္း ၄၅၁အထိ ေရာက္ပါၿပီေနာ္။