အပိုင်း ၃
ငြိမ်သက်နေတဲ့ မြေပြင်က တမူတော့
ထူးနေလေရဲ့။ မျက်စိရှေ့တင် ပြောင်ရှင်းနေ
တဲ့ မြေပြင်မှာ စိမ်းစိုသွားလေသော မြက်ခင်း။
မြက်ခင်း ပျောက်တော့ ကြည်လင်တဲ့ရေက
အတိ ပေါ်ပေါက်လို့ လာလေရဲ့။
တဖြည်းဖြည်း ဇောက်နက်တဲ့ အုတ်ကန်ရိုးက
မြင့်လို့တက်ကာ ပေါ်လာချိန် ဦးကျော်ရင်
မြင်နေရတာက ကန်တွင်းက ထူးခြားသော
ဖြစ်စဥ်။
ကန်ကြီး နှုတ်ခမ်းမှာ နဂါးကြီးတစ်ကောင်
မေးတင်နေသလို အနောက်မှာက ဆင့်လို့
ဆင့်လို့ မြင်ရလေသော ရောင်စုံ နဂါးကောင်
ကြီးတွေ။ အားလုံး ခြောက်ကောင်။ မျက်လုံး
တွေက ရဲရဲတောက်လို့ ကြည့်လေလေ
ကြက်သီးမွေးညင်း ထလောက်စရာ။ လန့်စရာ။
ဦးကျော်ရင် ကျောတော့ ချမ်းလာတာအမှန်။
ဒါပေမဲ့လည်း တမဟုတ်ချင်း
နဂါးအသွင်ပျောက်လို့ လူအသွင်ရောက်ကာ
ကန်ဘောင်ရိုးမှာ ရပ်နေသူတွေ။ ယောက်ျားကြီး
က သုံးယောက်၊ မိန်းမကြီးက သုံးယောက်။
''နောင်တော် ပြန်မလာသေးဘူးလား
တော်ရောပေါ့ နောင်တော်ရယ်
လူ့ပြည်လူ့လောကက လောဘဒေါသမောဟ
တွေ ပွေမှ ပွေလှပေရဲ့ သိုက်နန်းကို ပြန်လိုက်ခဲ့
ပါတော့''
''ဟုတ်ပါတယ် အစ်ကိုတော်
နှမတော်တို့ စိတ်ဘဝင်မကျလှဘူး
မတော် အဆက်မဖြတ်နိုင်လို့ ပြန်မလာ
တော့ရင် ဘယ်နှယ့်လုပ်မလဲ''
''ကျုပ်ကို ပြောနေကြသလား
ကျုပ် ပြန်မလာချင်သေးဘူး''
''ဒါဆို ကတိတော့ပေးလိုက်ပါ နောင်တော်
ပြန်မလာလို့တော့ လုံးဝမဖြစ်လေဘူးလေ''
''ကလေး ကလေးတွေရရင် ပြန်လာပါ့မယ်
ဒါမှန်ကန်တဲ့ သစ္စာကတိစကားပါ''
''ကောင်းပြီ နောင်တော် ကလေးနှစ်ယောက်
ရတဲ့အခါ ဆက်ဆက် ပြန်လာပေးရမယ်''
''ကတိပေးပါတယ်''
တရွေ့ရွေ့နှင်နေတဲ့ ဘီးနောက် ထိုင်လိုက်ရင်း
ဦးကျော်ရင် ခါးကို ကျစ်ကျစ်ပါအောင် ဖက်
ထားမိခဲ့တာက လှလေးပို။
''အိပ်မက်က အဲ့လိုပဲ လှလေးပို
ဦးဟာ သိုက်ကလာတဲ့သူပဲ ဒါဟာ
လှလေးပို စိတ်လုံအောင်၊ ဦးချစ်ရတဲ့သူ
မို့ မသိုဝှက်ချင်တာလည်း ပါလို့''
''ကြက်သီးထတယ်တော့ လန့်စရာကြီး''
''တစ်ခါတစ်လေတော့လည်း သိပ်စိတ်ဝင်စား
ဖို့ အရမ်းကောင်းတယ်''
''နောက်ထပ် အိပ်မက်တွေ
မက်သေးလို့လား ဦးကျော်ရင်''
''လှလေးပို ထပ်သိချင်သေးရင်
ပြောပြမယ်လေ နှုတ်တော့လုံပေါ့ကွယ်''
''အို လင်ယောက်ျားမျက်နှာ တစ်ကမ္ဘာမှတ်ပြီး
လိုက်လာခဲ့ရသူပါ လှလေးပို ဦးကျော်ရင်အပေါ်
သစ္စာရှိသွားမှာ စိတ်သာချ''
''ဒီလို ရိုးသားပွင့်လင်းလို့ပဲ ဦး လှလေးပိုကို
သိပ်သဘောကျတယ်''
''အို လက်ကို လွှတ်ပါ သူလက်ကဖြင့်
သန်သန်ကြီး သူများလက်လေး နာသွားပြီ''
''ဖွ ဖွ''
''နောက်ထပ် ထူးဆန်းတာတွေ ကြုံသေးလား
ဦးကျော်ရင် ၊ ဖြစ်နိုင်ရင် ထပ်ပြောပြပါ့လား
တကယ်ဆို အမေက နတ်ကတော် တစ်ပိုင်းလေ
စိတ်ဝင်စားလို့ပါ လှလေးပိုက နတ်ကိုလည်း
ယုံတယ်လေ ဟို ပေါ်တော်မူဘုရားနားက
သိုက်ကိုပဲ ကြည့်''
''နွားစောင့်တဲ့ သိုက်လား''
''ဟုတ်တယ် ဦးကျော်ရင် သိုက်နန်းရှေ့မှာ
နွားရုပ်ထုတွေရှိတယ် အခုဆို အမဲသားသည်
တွေတောင် မသွားရဲတော့ဘူး''
''ဟေ ဘာလို့တုန်းကွဲ''
''တစ်နည်းမဟုတ် တစ်နည်း ဒုက္ခတွေ့ပြီး
သေတာလေ၊ ပြီးတော့ တလောက ဇာတ်
အပျိုတော်ထွက်တာ ငှက်ပျော်ပွဲ မ ကပေမဲ့
ပြုတ်ကြပါလေရော ကြားမိသလောက်တော့
အမဲသားစားလာခဲ့တာမို့တဲ့လေ အဲ့တာ လူစားလဲ
ပြန်ထွက်ကရတယ်''
''ထူးဆန်းလေသား ဖြစ်နိုင်ပါတယ်''
''ပြီးတော့ အဖေပြောရသလောက်တော့
ဒီဘက်က နွားသိုက်နဲ့ အဲ့ကနေ ဟိုးရှေ့ဘက်က
နဂါးသိုက်တို့ကြား ဆက်သွယ်ထားတဲ့ လမ်း
ရှိသတဲ့''
''ဟေ ပြောလေစမ်း ကိုယ့်မြေ ကိုယ့်ရေ
ဘက်တွေ အထူးတဆန်းတော့ ရှိတတ်
ရန်ကော''
လင်မယားနှစ်ယောက် စကားတပြောပြော
နှင့် ခရီးဆက်နေကြဆဲ။
''တစ်ရက်က မြစ်ထဲ ငါးဖမ်းတဲ့ ငါးဖမ်း
သမား အဖိုးတစ်ယောက်ပေါ့
ပေါ်တော်မူဘုရားအနီးမှာက မြစ်ရှိတယ်လေ
ငါးဖမ်းရင်း လှေမြောရာက နွားသိုက်စောင့်
တဲ့ သိုက်နန်းအောက်မှာ ဂလိုင်ပေါက်ကြီး
တွေ့လေသတဲ့လေ''
''ဟေ''
''အွန်း လှော်ရင်း လှော်ရင်း လမ်းက
နဂါးသိုက်စောင့်တဲ့ နန်းအောက်ဘက်
လောက်ကနေ ပြန်ထွက်လာရသတဲ့''
''အေး ဆန်းလေသား''
''အင်း.... ဒါနဲ့ ဦးကျော်ရင်က ဒီလိုသာဆို
နဂါးသိုက်က လာသူပေါ့နော်''
''ဒါတော့ မပြောတတ်ဘူးကွဲ့
ပြောပြရရင် ဘဝင်တော့ ပြုံးချင်စရာပဲ''
''အို ဘာလို့လဲ တော့''
''ဒီလို လှလေးပိုရဲ့ အိပ်မက်တော့ အိပ်မက်ပဲ
တစ်ညက အိပ်မက်ထဲ ဦးလေ တောလမ်းလေး
မှာ လျှောက်မိတယ် သိတယ်မလား နဘူးခြုံ
တွေတစ်ဖက်တစ်ချက်နဲ့ တောလမ်းကလေး''
''အော် သိတယ် သိတယ်''
''အေး အဲ့ဒီတောလမ်းမျိုးမှာ လျှောက်နေရင်း
အလိုလေး အဲ့ခြုံတွေပေါ်မှာဆိုတာက
ရွှေငွေရတနာ ကျောက်သံပတ္တမြားတွေ မနည်းပါကောလား သွားရင်းနဲ့ လက်ကနေ ဆွဲကိုင်
ထားတဲ့ ခြင်းနဲ့ ယူလိုက်ရင်း ယူလိုက်ရင်း
လျှောက်ရင်း မြွေကြီးတွေရစ်နွယ်ထားတဲ့
ဂူကြီးတစ်ဂူရှေ့ရောက်တယ်''
''ကျောချမ်းလာပြီတော်''
''အဟား အဲ့လိုနဲ့လေ ဂူထဲရောက်တော့
အော် ပြောဖို့ကျန်သေးရဲ့ ဦး နောက်မှာက
လျှောက်ရင်း လျှောက်ရင်း အနောက်မှ
အခြွေအရံအမျိုးသမီးတွေ ပါလေသေးရဲ့''
''နန်းဆောင်မင်းသားပေါ့နော်''
''ထင်ရဲ့ကွယ် ပလ္လင်ထက်မှာ ထိုင်နေတော့
နံဘေးမှာ ရွှေယပ်တောင်တွေနဲ့ ခပ်ပေးနေကြ
လေရဲ့ အဲ့ဒီညက ကိုယ့်ကိုယ်ကိုယ်တောင်
ဘုရင်လိုလို ထင်မိသွားလေသေး''
''ဦးကျော်ရင်''
''ဟေ ပြောလေ လှလေးပို''
''ဒီလိုသာဆို လှလေးပို ဦးကျော်ရင်ကို
မချစ်မိတာ အကောင်းဆုံးပေါ့နော်''
''လှလေးပို ဒီမယ် ဦးပြောမယ်
ဦးလေ လှလေးပိုကို ချစ်တယ်ဆိုတာက
ဦးဘက်ကပဲ ချစ်နေရတာနဲ့ ကျေနပ်နိုင်လို့
ချစ်တာ ၊ လှလေးပို ပြန်ချစ်ကို ချစ်ရမယ်လို့
ဦး လှလေးပိုကို အတင်းကာရော တိုက်တွန်း
မှာမဟုတ်ဘူး ချစ်လာအောင်တော့ ကြိုးစား
မယ်''
''ဒီလိုသာ လုပ်နေရင်တော့
ဒီက ငယ်ရွယ်သူနှလုံးသားက ဘယ်လိုများ
ခံနိုင်ရည်ရှိတော့မလဲ''
''ချစ်တော့လည်း ချစ်ပေါ့ကွယ်
လူဆိုတာ တစ်နေ့ သေရမှာပဲ မဟုတ်လား''
''လာပြန်ပါပြီ ဒီသေစကား''
''အေးလေ ဒီပါးစပ်က လွှတ်ခနဲ
ထွက် ထွက်နိုင်လွန်းတယ်''
''ဟော မြလိပ်တောင်ဆိုတာ အဲ့တာလား''
''ဟုတ်ပေရဲ့ အိမ်ကို အရင်သွားတာပေါ့
ပြီးမှ တောကို ပြန်ကြမယ်''
''ဟုတ်ကဲ့ပါ ဦးကျော်ရင်
ဟိုလေ လှလေးပို သိပ်ကြောက်တယ်တော့''
''ဘယ် ဦး အနားသာနေ ယက္ခဘီလူးတောင်
လက်ပြန်ချ တွယ်ပေးလိုက်မယ်''
''အလိုတော် အခု ထိပ်တိုက်တွေ့ရမှာ
ယောက္ခမတော့ ဘယ်ရာဇဝင်ကြည့်ကြည့်
ယောက္ခမဆိုတာ တစ်ရာမှာတစ်ယောက်
ကောင်းသူ ရှာရန်ပါကော မဟုတ်ဘူးလား
ဦးကျော်ရင်''
''သေချာတာကတော့ ဦးမိဘတွေက
အဲ့အယောက်တစ်ရာထဲက တစ်ယောက်
မဖြစ်နိုင်ဘူးထင်တာပဲ''
ယောက္ခမအိမ်ရောက်တော့ ကြာကြာမနေ
ချင်။ အရေးထဲ မကြည်သလို ကြိုဆိုလေ
တဲ့ ဟာလီ။ ဦးအဖေ ယောက္ခမကြီးကလည်း
ကြောက်စရာ။ မျက်နှာမှာ ကျောက်ပေါက်မာ
တွေနဲ့။ စကားပြောရင် ညွှန့်တက်တက်။
ဦးကျော်ရင်အမေကတော့ မဆိုးပေါင်။
''သားတို့ တောမှာ သွားနေမယ် အဖေ
တော်နေ ဖိုပေါက်တဲ့အခါ အဆင်ပြေအောင်''
''အေးလေ အခုဆို မင်း မိန်းမပါ
ရှိနေတော့ အားကိုးရတာပေါ့ ပြန်ကြ ပြန်ကြ
ဒါနဲ့ ဖိုက တစ်ရက်တစ်ညတော့ အိပ်ပြီးပြီမလား
နက်ဖြန်ကော''
''နက်ဖြန်မနက်မှ ရမယ် အဖေ
မနက်မှ အစော ဖော်တော့မယ်
လာ မေမေတို့ကို ကန်တော့ပြီး
ပြန်ရအောင် လှလေးပို''
''ဟုတ်ကဲ့''
ယောက္ခမအိမ်က ထွက်လာတော့
ကောင်းကင်ယံက တိမ်ယံပေါ် ခုန်ပေါက်
ဆော့ကစားရသလို စိတ်ကို ရွှင်လန်း
သွားတော့သည်။
တောကိုရောက်တော့.....
''ဟင့် ဒီမြေအပုံကြီးက မီးတောက်နေသလိုပဲ
မီးခိုးငွေ့တွေ နော် နော်''
''အဲ့တာ မရသေးလို့''
''ဟင်''
''ဒါက မီးသွေးဖုတ်တာလို့ ခေါ်တယ်
လှလေးပိုရဲ့၊ မြင်လား လိပ်ခုံးလို မြေအပုံကြီး''
''ဒါတွေက ကောက်ရိုးတွေမလား တော့''
''ဟုတ်တယ် လှလေးပို အောက်မှာ
ထင်းတွေ စနစ်တကျစီပြီးတာနဲ့
ကောက်ရိုးအုပ် မြေဖုံးလိုက်တာလေ''
''စနစ်တကျစီတယ်ဆိုတာ ဘယ်လိုမျိုးလဲဟင်''
''ဦး မိန်းမလေး စပ်စုလှချည်လား
မပင်ပန်းဘူးလားကွယ် လာလာ ဒီလောက်
တောင် သိချင်မှတော့ ရေနွေးချမ်းသောက်ရင်း
ပြောပြပေးပါ့မယ်''
''တကယ်သိချင်တာပါ ရွာဘက်တော့
မရှိဘူးလေ၊ လှလေးပို ထင်တာက
သစ်သားတုံးမီးရှို့၊ ရတဲ့ မီးသွေးကို
ရောင်းတာလားလို့''
''ထိုင် လှလေးပို ၊ အခုပြောသလိုတော့
ဘယ်လွယ်မလဲ မတော် ကုလားကျန်ရင်
သိပ်တောင် တွက်ချေမကိုက်''
''ကုလားကျန်တယ် ကုလားတွေလည်း
လာလုပ်ကြတာမျိုးလား တော်''
''ဘယ်ကသာ
ကုလားတုံးလို့ခေါ်တာ''
''ကုလားတုံး ဟုတ်လား''
''ဟုတ်တယ် လှလေးပို ကုလားတုံးဆိုတာ
က မီးသွေးရရင် အချို့အတုံးတွေကြ
မီးကောင်းကောင်းမလောင်ပဲ ကျန်တာမျိုး
ကျန်တာတော့ ကျန်ပေမဲ့ များများကျန်တော့
မကောင်းဘူးပေါ့ကွယ်''
''အဲ့လူက ထင်းတွေ ဖြတ်နေတာ
ထင်းကော ရောင်းတာလား မို့လို့လား ဟင်''
''မဟုတ်ဘူး လှလေးပို ထင်းက အရန်သင့်
ရှိထားတော့ နက်ဖြန်လောက်ပဲ ဖိုအသစ်
ပြန်တည် ဖြစ်မှာလေ''
''လှလေးပို ကြည့်ရသလောက်တော့
ထင်းချောင်းတွေက အရွယ်အစားမတိမ်း
မယိမ်းပဲ''
''တစ်တောင်သာသာ အတုံးတွေ၊
တစ်ထွာစာ အတုံးတွေ ပြီးတော့
တုံးကြီးတွေ လိုတယ် လှလေးပို
ထည့်ချင်တိုင်းလည်း ထည့်မရဘူး''
''အမလေး သေချာမသိတောင် စဥ်းစားကြည့်
ရတာ မလွယ်လိုက်တာနော်''
''အသေအချာ စီရရီလေး ချ ကောက်ရိုးအုပ်
မြေဖုံးရတယ် ''
''တန်း မရဘူးပေါ့နော်''
''အမ်း နှစ်ညသုံးညအိပ်တာ ပိုကောင်းတယ်
မဟုတ်ရင် ကောက်ရိုးလွှာကို အပေါက်ကြီး
ကြီးဖောက်ရင် တစ်ရက်နဲ့ မီးသွေးဖော်လို့
ရပေမဲ့ မီးမညီတော့ ကုလားကျန်တာများတယ် လှလေးပိုရဲ့''
''အဟင်း မောနေရော့မယ် မဟုတ်လည်း
နက်ဖြန်ဆို ဖိုအသစ်တည်မှာ မဟုတ်လား
အဲ့ကြမှ မေးတော့မယ်''
''လှလေးပို ဦးနဲ့ မီးသွေးဖုတ်တာ ကူရုံပါ
ထင်းရှာ ထင်းခုတ်ကတော့ ဟာလီလုပ်တာ
ဆိုတော့ ဦး အနား နေရုံ''
ဦးကျော်ရင် အနားက ထသွားလေသည်။
စိတ်က ခုန်နေတာအမှန်။ တောပေါက်ဝ
ဝင်သည်နှင့် အချိန်မြန်မြန်ကုန်ဖို့ အရေး
ကြံဖန်နေမိသည်။
စူးစမ်းတတ်သော အကျင့်ကြောင့်လား
တော့ မသိပေမဲ့ မေးချင်တာ နည်းနည်း
မေးပြီးတော့ နေက စောင်းလေပြီ။ ရေနွှင်
ကူကာ အတူတူ ရေချိုးမိတော့ အခုညက
ဦးကျော်ရင်နဲ့ သူ့ရဲ့ မင်္ဂလာဦးည။
တွေးမိတိုင်း ကြောက်မိတာ အမှန်။
မမစောရင် မေးကြည့်မိတုန်းကတော့
မမစောရင်က အဟိ အဟိ အဟိလို့
သုံးခါရယ်ပြသည်။
တောမှာက အစောင့်လူလည်း ပြန်သွားပြီ
ဖြစ်သလို ဘယ်သူမှ ရှိတော့တာ မဟုတ်။
ထမင်းဟင်းချက်ကာ ချက်ပြုတ်စားပြီး
ဆေးကြောနေတော့ လက်တုန် ရင်ခုန်နေ
လေပြီ။
ဦးကျော်ရင်ကတော့ မီးသွေးဖုတ်ထားတဲ့
ဖိုကို စစ်ဆေးနေလေရဲ့။ တစ်စတစ်စ
မှောင်လာတော့ မီးခွက်မှာ တောက်လောင်
နေတဲ့ မီးတောက်လို အပျိုဖြန်းလေးရဲ့
အချစ်ရမ္မက်တွေကလည်း နိမ့်ချည်မြင့်ချည်။
''လှလေးပို''
''ရှင်''
''လှလေးပို ပါးကို အဘယ်သူများ
နမ်းဖူးလေသလဲ''
''ရှင် အို လှလေးပိုက ငယ်ငယ်လေးပါ
ပြီးတော့ လိမ္မာသူပါနော်''
''ဦး ယုံကြည်ပါတယ် လာပါကွ ဒီနား
အဲ့ထောင့်ကပ်နေ ပိုးကောင်မွှားကောင်
တွေနဲ့''
''အို အို လှလေးပို ဦးကျော်ရင်ကို
ပိုကြောက်တယ်တော့၊ ဦးကျော်ရင်
ကိုယ်ကြီးက ကျွဲရိုင်းလိုကြီး
လှလေးပိုတော့ အို မပြောရဲတော့ဘူး
ရှက်လာပြီတော့''
''လှလေးပို ဦးကို ကြောက်ရင်
ဦး ဘာမှမလုပ်တော့ပါဘူး အိပ်တော့မယ်
ပင်ပန်းလာတယ်ကွဲ့''
ဝါးကြမ်းခင်းထက်က စောင်ပါးလေးပေါ်
ကျောလှဲနေလေသော ဦးကျော်ရင်။
လူကို ကျောပေးကာ အိပ်နေတော့ စိတ်က
နည်းနည်း ပြေလာသည်။ ငိုက်လည်း
ငိုက်လာသည်။
မတတ်နိုင်သည့်အဆုံး ဦးကျော်ရင်အနား
အသာအယာ ကျောလှဲလိုက်သည်။
အိပ်ပျော်သွားခါနီး ပူငွေ့ငွေ့ အသက်ရူရှိုက်သံ
က လှလေးပို ပါးကလေးအထက် တစ်ခဏ
အကြာထိ ပြင်းရှရှ ထိတွေ့နေခိုက်။
အိပ်ချင်ယောင်သာ ဆောင်နေမိရင်း
နူးညံ့သော အနမ်းတစ်ချက်က ပါးအိအိလေး
အထက် တံဆိပ်ခတ်နှိပ်သွားလေသည်။
တောတောင်ယာခင်းက လေရူးကလည်း
ထန်းရွက်တဲကလေးဆီ ဆော့ကစား
ပြေးဝင်လာကာ မီးခွက်လေးအထက်က
မီးအလင်းရောင်ကို ခိုးယူသွားတော့သည်။
မီးရောင်ပျောက်တော့ ယာခင်း
သရက်ပင်အောက်က တဲအိမ်လေးခမြာ
လှုပ်ခါရမ်းခါသာ။
''လှလေးပို ဦးကို မကြောက်ပါနဲ့နော်''တဲ့။
မျက်ရည်လေးတော့ ဝဲမိသား။
🖤....အပိုင်း ၄ မျှော်ရန်
#ဦးငယ်
(အိပ်မက်အကြောင်းပြောပြပေးသော အမေနဲ့
မီးသွေးဖုတ်ပုံကို စိတ်ရှည်စွာ ရှင်းပြပေး
ကြသော ဦးထွန်းဝင်းနဲ့ ဦးမြင့်သန်းတို့ကို ကျေးဇူးများစွာတင်ပါသည်။ နောက်အပိုင်းတွေမှာ မသိသေးသူတွေအတွက် ရည်ရွယ်ပြီး မီးသွေးဖုတ်ပုံအဆင့်ဆင့်ကို
တတ်စွမ်းသလောက်လေး ပုံဖော်တင်ပြ
ရေးသားပြသသွားပါရစေ စာဖတ်သူတို့ခင်ဗျ။
ကလောင်စမ်းစ အကျွန်ုပ် ဒီဇာတ်လမ်းလေး
ကို အားပေးကြသူ တစ်ဦးချင်းစီတိုင်းကို
🙏 ကျေးဇူးတင်လေးစားလျက်ပါခင်ဗျ။
7:11PM...Mar9.2023...Thu)