ပုဂံမြေကိုတိုင်တည်၍

By Yeolmae3133

38.9K 517 38

ဘယ်သူထင်မိမှာလဲကိုယ်အရမ်းရွံရတဲ့မိထွေးရဲ့သားကိုဒီလောက်တမ်းတမ်းစွဲချစ်မိသွားလိမ့်မယ်လို့ ကွန်းအသခ... More

Intro Part
အပိုင်း ၁
အပိုင်း ၂
အပိုင်း ၃
အပိုင်း ၄
အပိုင်း ၅
အပိုင်း ၆
အပိုင်း ၇
အပိုင်း ၈
အပိုင်း ၉
အပိုင်း ၁၀
အပိုင်း ၁၁
အပိုင်း ၁၂
အပိုင်း ၁၃
အပိုင်း ၁၄
အပိုင်း ၁၅
အပိုင်း ၁၆
အပိုင်း ၁၇
တောင်းပန်လွှာ
အပိုင်း ၁၈
အပိုင်း ၁၉
အပိုင်း ၂၁
အပိုင်း ၂၂
အပိုင်း ၂၃
အပိုင်း ၂၄
အပိုင်း ၂၅
အပိုင်း ၂၆
အပိုင်း ၂၇
အပိုင်း ၂၈
အပိုင်း ၂၉
အပိုင်း ၃၀
အပိုင်း ၃၁
အပိုင်း ၃၂
အပိုင်း ၃၃
View
အပိုင်း ၃၄
အပိုင်း ၃၅
အပိုင်း ၃၆
အပိုင်း ၃၇
Request
အပိုင်း ၃၈
အပိုင်း ၃၉
အပိုင်း ၄၀
အပိုင်း ၄၁
အပိုင်း ၄၂
အပိုင်း ၄၃
အပိုင်း ၄၄
အပိုင်း ၄၅
အပိုင်း ၄၆
အပိုင်း ၄၇
အပိုင်း ၄၈
အပိုင်း ၄၉
အပိုင်း ၅၀
အပိုင်း ၅၁
အပိုင်း ၅၂
အပိုင်း ၅၃
အပိုင်း ၅၄
အပိုင်း ၅၅
အပိုင်း ၅၆
အပိုင်း ၅၇
အပိုင်း ၅၈
အပိုင်း ၅၉
အပိုင်း ၆၀
အပိုင်း ၆၁
အပိုင်း ၆၂
အပိုင်း ၆၃
EXTRA
view
Extra 2

အပိုင်း ၂၀

469 6 0
By Yeolmae3133

:ချလပ်
:ချလပ်
;Ring..... Ring
"ဟလို"သွေးသစ်ဓာတ်ပုံရိုက်နေတုန်းဖုန်းဝင်လာသည်။

"ဪ ဟိန်းမြတ်ပြောလေ"
ဟိန်းမြတ်ဆီကဖုန်းဖြစ်သည်။ဘာကိစ္စရှိလို့ပါလိမ့်ထူးထူးဆန်းဆန်း

"ဟုတ် ကိုသွေးသစ်အားလားဟင်"

"အားပါတယ်ဟိန်းမြတ်ရဲ့ဘာပြောစရာရှိလို့လဲဟင်"

"ဪ ထွေထူးမဟုတ်ပါဘူးဟို ကိုသူခန့်နဲ့တွေ့ဖြစ်လားလို့ပါဟိုတယ်မှာလဲမတွေ့မိလို့"

"ဪ အကိုလဲမသိဘူးငါ့ညီရဟိုနေ့ထဲကအကို‌တို့မတွေ့ဖြစ်ကြသေးတာ အကို့ဆီလဲဖုန်းမဆက်ဘူးဒီကောင်ပျောက်ချက်သားကောင်းနေတာ"

"ဪ ဟုတ်ကဲ့"

"ဘာဖြစ်လို့လဲဟင်ဟိန်းမြတ် ပြဿနာတက်ထားကြလို့လား"

"မဟုတ်ပါဘူးကိုသွေးသစ်"

"ဪ တွေ့ဖြစ်ရင်ညီလေးကမေးတယ်လို့ပြောလိုက်မယ်လေ"

"ဟုတ် ကျေးဇူးပါဗျ"

"ရပါတယ်ဟိန်းမြတ်ရယ် မလိုပါဘူး"

"ဟုတ် ဒါဆိုဒါပဲနော်ကိုသွေးသစ်"

"ဟုတ်ပြီညီလေး"

"ဟူးးးး"ဟိန်းမြတ်လေပူတွေကိုမှုတ်ထုတ်မိသည်။စိတ်မဆိုးဘူးပြောပေမယ့်အနည်းနဲ့အများတော့စိတ်ခုသွားမှာပဲလေ ငါဘာလုပ်ရပါ့မလဲပြန်ခါနီးခါမှ

"ဟူးးးး"
"အမလေးးး"ဟူးခနဲလုပ်ရင်းအနောက်လှည့်လိုက်ရာအနောက်ကနေမျက်ထောင့်နီနဲ့သူ့ကိုစိုက်ကြည့်နေတဲ့ကွန်း

"မင်းကလဲလန့်လိုက်တာကွာ အသံလေးတော့ပေးပါဟရောက်နေရင်လဲ"

"မဟုတ်တာလုပ်ထားတော့လန့်မှာပေါ့မထူးဆန်းပါဘူး မင်းဘာမင်းမမြင်တာလေ"

"ဟ မင်းကလဲငါ့အပူနဲ့ငါကွစိတ်တွေလွင့်နေတာစိတ်နဲ့ကိုယ်နဲ့ကကပ်နေတာမဟုတ်ဘူး ပြောလိုက်ရင်ရက်ရက်နဲ့မှစက်စက်ပဲမင်းကလဲ"

"ပြောစမ်းပါဦး ပယင်းနဲ့ဘာဆိုင်လို့သူ့ဆီဆက်တာလဲ"

"အမယ် ပြောစရာလားငါ့ကိစ္စနဲ့ငါ မင်းကရောဘယ်ချိန်ကစပ်စုတတ်သွားတာလဲ"

"အေး ငါ့ဘာငါကတော့မစပ်စုတတ်ဘူးကွပယင်းနဲ့ပတ်သတ်ပြီးစပ်စုတတ်သွားတာ ငါမေးတာသာဖြေစမ်းပါ"

"မင်းဘယ်ချိန်ထဲကရောက်နေတာလဲ"

"မင်း ပယင်းဆီဟလိုလုပ်ထဲကရောက်နေတာ"

"အဲတာဆိုလဲဘာလို့မေးနေသေးလဲ"

"ငါမေးနေတာသူနဲ့ဘာဆိုင်လို့ဆက်တာလဲမေးတာကွ"

"ဟော မင်းကလေတုံးချင်ရင်လဲဝယ်ကိုတုံးတာ"

"....."

"ကိုသွေးသစ်နဲ့ကိုသူခန့်နဲ့ကဘာတွေလဲ"

"သူငယ်ချင်းတွေလေ"

"အေးလေအဲတော့ကိုသူခန့်ကပျောက်နေတော့သူ့ဆီဆက်မေးရတာပေါ့ကွ"

"အဲတော့ဘာပြန်ပြောလဲဟိုက"

"သူနဲ့လဲမတွေ့ဖြစ်ဘူးတဲ့ဖုန်းလဲမဆက်ဘူးတဲ့ တွေ့ရင်ပြောပေးမယ်တဲ့"

"ဪ"

"ရပြီလားအဖေ"

"အေး ရပြီ"

"မင်းအဲလောက်သဲသဲလှုပ်နေလဲငါ့လိုဖွင့်ပြောလိုက်လေ ကြိတ်ပုန်းလုပ်မနေနဲ့ယောကျာ်းပီပီသသဖွင့်ပြောလိုက်စမ်းပါကွ"

"အမယ် လက်တွေအေးပြီးဒူးတွေတုန်နေတာဘယ်ကောင်တဲ့လဲငါ့ကိုများပြောနေတာ"

"မင်းကလဲနိုင်ငံရေးတွေပါမလာနဲ့လေ အဲ့တာတဒင်္ဂဖြစ်သွားတာကွအခုလာစမ်းကြည့်ပါလားနွေးလို့"

"တော်စမ်းပါ မစမ်းချင်ပါဘူး ပြီးတော့ငါအဲလိုဖွင့်ပြောရအောင်လဲကိုယ့်ဘာကိုယ်မသေချာသေးပဲနဲ့မပြောချင်ဘူး"

"...."

"ငါကသူ့အ‌ေပါ်ခနတာစိတ်ကစားတာဆိုရင်သူပဲခံစားရမှာမရေရာပဲနဲ့မပြောချင်ဘူးသေချာပြီဆိုမှပြောချင်တာအခုလိုကတော့နှစ်ဖက်လုံးအတွက်အဆင်မပြေဘူးကွ"

"ဟုတ်ပါပြီကိုယ်တော်ချောရာ ငါကတော့ကိုသူခန့်အပေါ်သေချာတယ်ကိုသူခန့်ဆီကလိုချင်တဲ့အဖြေမရရင်တောင်သူ့ကိုပဲဆက်ချစ်နေမှာငါက"

"ကြားရတာဝမ်းသာပါတယ်ကွာကိုသူခန့်အတွက်"

"ဟဲဟဲ"

"ဟေ့ကောင်တွေငါမနက်ဖြန်ပြန်ဖို့စီစဉ်ပြီးပြီ ဒါနဲ့မင်းတို့ဘာတွေပြောနေကြတာလဲ"ရတုကအပြင်ကရောက်လာပြီးမေးလေသည်။

"မင်းမကောင်းကြောင်း"
"မင်းအတင်း"နှစ်ယောက်သားပြိုင်တူဖြေကြရာအပြင်ကပြန်လာတဲ့ရတုအမောဆို့သွားလေသည်။
_____________________________
"ဦးလေး"

"ဪ သွေးသစ်သားလာလေ"

"ဟုတ်ဦးလေး သူခန့်ရှိလားဗျ"

"ဪ ရှိတယ်သား"

"ဟုတ် မတွေ့တာကြာလို့ပါနေမကောင်းဘူးလားလို့လာမေးတာ"

"ဪ နေကောင်းတယ်သားဦးလေးလဲအဲတာပြောမလို့ဒီကောင်အခန်းထဲကအခန်းပြင်ကိုမထွက်ဘူးထမင်းစားချိန်လောက်ပဲထွက်လာတယ်ဘာဖြစ်တာလဲမေးမရဘူး ဘာမှမဖြစ်ဘူးလို့ပဲပြောနေတာသားရယ် အဲတာသားတို့သူငယ်ချင်းအချင်းချင်းမေးကြည့်ပါဦးပြဿနာတွေဘာတွေများဖြစ်လာသလားလို့ရှင်းစရာရှိရင်လဲရှင်းရအောင်လေ"

"ဟုတ်ကောင်းပါပြီဦးလေးသားမေးကြည့်ပါ့မယ် သူခန့်ကပြဿနာရှာတတ်တဲ့သူတော့မဟုတ်ပါဘူး သားမေးကြည့်လိုက်ပါ့မယ်"

"လုပ်ပါဦးသားရယ်မင်းမေးရင်တော့ဖြေမှာပါ"

"ဟုတ်ဒါဆိုသားသွားလိုက်ဦးမယ်နော်ဦးလေး"

"အေးအေး"

:ဒေါက်
:ဒေါက်

"ဝင်ခဲ့ပါ"

"သူခန့်ငါပါ"

"ဪ သွေးသစ်လာလေ"

"အေး မင်းဘာဖြစ်နေတာလဲဟိုတယ်လဲမလာဘူးငါ့အိမ်လဲမလာဘူးဘာဖြစ်နေတာလဲ ဟိန်းမြတ်ကလဲငါ့ဆီဖုန်းဆက်မေးလို့မင်းကို မင်းတို့ရန်သတ်ထားကြတာလား"

"ဟာ မဟုတ်ပါဘူးကွာ သူမင်းကိုဘာမှမပြောဘူးလား"

"ဘာပြောရမှာလဲကွမင်းကလဲ"

"ငါ့ကိုသူဖွင့်ပြောထားတယ်ကွ"

"ဟေ ဟိန်းမြတ်ကမင်းကို"

"အေး အဲတာငါသေချာအောင်စဉ်းစားနေတာ"

"ဘာကိုလဲ သူ့ဘက်ကသေချာပြီလား စိတ်ကစားတာလားရှင်းအောင်မေးဦးလေ"

"အင်း သူကိုယ်တိုင်ဖွင့်ပြောတယ်စိတ်ကစားတာမဟုတ်ရပါဘူးတဲ့သေချာပြီဆိုမှပြောတာပါတဲ့"

"ဪ ဒါဆိုမင်းကရောသူ့ကိုစိတ်ဝင်စားလား‌ဘယ်လိုလဲမင်းသဘောက"

"အေးငါလဲအဲ့တာပဲစဉ်းစားနေတာကွ သူ့ကိုစိတ်ကလက်မခံချင်တာတော့လဲမဟုတ်ဘူး ငါ့ကိုယ်ငါကိုသေချာမသိသေးတာပါကွာစိတ်တွေလဲရှုပ်ပါတယ်"

"စိတ်အေးအေးထားငါ့ကောင် စိတ်ရှုပ်နေလို့နှစ်ဖက်လုံးအတွက်ကောင်းတဲ့အဖြေရလာမှာမဟုတ်ဘူးကွ"

"အေးပါကွာ ငါအဲတာကြောင့်ဘာမှကိုလုပ်ချင်စိတ်မရှိဘူး"

"အေးပါ မင်းကလဲငါ့ကိုမပြောဘူးလုပ်လိုက်ရင်သေဦးမယ်"

"ဟဲဟဲ ပူထူသွားလို့ပါကွာ"

"ဖြစ်ရမယ်မင်းကတော့"

Continue Reading

You'll Also Like

8.1K 285 44
မိန်းကလေးတစ်ယောက်ကို နှလုံးသားတစ်ခုလုံးနဲ့ချစ်နေတာကို သိနေတဲ့ကျွန်တော်က ကျွန်တော် ကိုကို့ ကို ချစ်မိနေ ပါတယ်လို့ ဘယ်လိုပြောထွက်မှာလည်း။
21.7K 736 30
Don't know how to put description on this one so just read it
1.4M 34.1K 46
When young Diovanna is framed for something she didn't do and is sent off to a "boarding school" she feels abandoned and betrayed. But one thing was...
6.7K 160 6
ps I didn't make the cover art but idk who made it, sorry!!! :[ (my cousin sent me it saying "gay men")