165 01
အပိုင်း ၁၆၅
ယဲ့ကျန်း ထွက်သွားပြီးနောက် လုဝူရွှမ်းဟာ မယ်တော်ကြီးနှင့် ရိုးသားစွာ စကားပြောနေခဲ့ပြီး သူမအား သဘောကျနှစ်ခြိုက်လာစေရန် မျှော်လင့်နေသည်။ သို့ရာတွင် အချိန်တစ်ခု ကြာပြီးနောက်တွင် တော်ဝင်မင်းသမီးနှင့် လျိုဟွားတို့က တွေ့ခွင့်တောင်းလာသည်။
ထိုသို့ ရုတ်တရက် ဝင်လာခြင်းက လုဝူရွှမ်း၏မျက်နှာမှ အပြုံးကို တောင့်တင်းသွားစေပြီး မယ်တော်ကြီးကိုသာ လေးနက်သော မျက်နှာမျိုးဖြင့် ကြည့်လိုက်သည်။ သို့ရာတွင် မယ်တော်ကြီးက သူမ၏အထင်သေးမှုကို သတိထားမိဟန် မရဘဲ ပျော်ရွှင်စွာဖြင့် မမျှော်လင့်ဘဲ ရောက်လာသော ဧည့်သည်များကို ဖိတ်ခေါ်လိုက်သည်။
တော်ဝင်မင်းသမီးက ယဲ့ကျန်းကြောင့် ဒေါသထွက်ခဲ့ရပြီး ဤစစ်နင်နန်းဆောင်သို့ ရောက်လာချိန်တွင် လုမိသားစုဝင်များကို မြင်လိုက်သောအခါ သူမ၏မကျေနပ်မှုက ပို၍ မြင့်တက်သွားတော့သည်။ သူမက မယ်တော်ကြီးကို ဖြစ်သလို ဂါရဝပြုလိုက်သည်။ သူမ၏အမူအရာက မရိုသေဟန် ရောက်နေသေးသည်။ အခြားတစ်ဖက်တွင် သူမ၏မိခင်နှင့် မတူစွာ လျိုဟွားဟာ မယ်တော်ကြီးထံ အနီးကပ်သွားပြီး ယဉ်ကျေးစွာ ဂါရဝပြုလိုက်သည်။ သူမကသာ ကိုယ်လုပ်တော် ရာထူးနှင့် နန်းတော်ထဲသို့ ဝင်လိုလျှင် မယ်တော်ကြီးကို အားကိုးရမည်ဖြစ်ကြောင်း ကောင်းကောင်း နားလည်ထားသည်။ ထို့ကြောင့် အသိအမှတ်ပြုခြင်းကို လက်ခံရရှိထားခြင်းက အကောင်းဆုံး ဖြစ်သည်။
သို့တိုင်အောင် သူတို့က မည်မျှပင် ဖုံးကွယ်ထားစေကာမူ သူတို့၏မျက်နှာတွင် ပျော်ရွှင်မှုကို သိသာစွာ မြင်နေရလေသည်။ မယ်တော်ကြီးက စတင်ပြီး သံသယဝင်လာတော့သည်။
"တော်ဝင်မင်းသမီး ကျေးဇူးပြုပြီး ထိုင်ပါ။ တို့တွေ နန်းဆောင်ကို ရောက်ရင် ယဉ်ကျေးနေဖို့ မလိုပါဘူး"
သခင်မကြီးလုကလည်း မတ်တပ်ထရပ်ပြီး ဧည့်သည်များကို ရိုကျိုးစွာ ဂါရဝပြုလိုက်သည်။ သို့တိုင်အောင် အထင်တသေး ကြည့်သော အမူအရာမျိုးသာ ပြန်လည်လက်ခံရရှိသည်။
"လုမိသားစုဝင်တွေ နားမှာ တို့မရပ်နိုင်ဘူး"
တော်ဝင်မင်းသမီးက ဘေးသို့ပင် လှည့်မကြည့်ဘဲ အတွန့်တက်သည်။
မယ်တော်ကြီးက မျက်မှောင်ကြုတ်ကာ ပြောသည်။
"တော်ဝင်မင်းသမီး ဘာဖြစ်တာပါလဲ။ သခင်မကြီးလုက မင်းကို ဘာများ ရန်စမိလို့လဲ"
သူမက သခင်မကြီးလုကို တောင်းပန်သလို ကြည့်သည်။
"မယ်တော်ကြီး မယ်တော်ကြီး သိထားမှ ဖြစ်ပါမယ်။ ဒီမင်းသမီးတို့ ဒီကို လာတဲ့လမ်းမှာ လုယောင်ယောင်နဲ့ ဆုံခဲ့တယ်။ လုယောင်ယောင်က ဒီမင်းသမီးကို မြေပေါ်ကျအောင် တွန်းလဲခဲ့ပြီး ဒီမင်းသမီးရဲ့မယ်တော်ကိုလည်း မရိုအသေ ပြုမူခဲ့ပါတယ်"
လျိုဟွားက ခါးသီးသောလေသံဖြင့် ပြောသည်။ သူမ၏ရင်ထဲတွင်မူ ဧကရာဇ်က လုယောင်ယောင်နှင့် တော်ဝင်ဥယျာဉ်ထဲတွင် နှစ်ယောက်တည်း ကျန်ခဲ့သည်ဆိုသော ဖြစ်စဉ်ကို ပြန်တွေးရုံဖြင့်ပင် မနာလိုစိတ်က ပြင်းထန်လာသည်။
"မင်းတို့တွေက ယောင်ယောင်နဲ့ ဆုံခဲ့တာလား"
မယ်တော်ကြီးက မေးပြီးနောက်တွင် သူမ၏မျက်နှာတွင် ပျော်ရွှင်သည့်အပြုံးက ဖြစ်လာသည်။
"ယောင်ယောင် ဒီကလေးက အရမ်းဉာဏ်ကောင်းတာ။ အရမ်းလည်း ရိုသေကိုင်းရှိုင်းတတ်သေးတယ်။ ဘယ်လိုများ မင်းတို့ကို မရိုမသေ ပြုရမှာလဲ"
တော်ဝင်မင်းသမီးက တခစ်ခစ် ရယ်လိုက်ပြီး လုဝူရွှမ်းကို ကြည့်ကာ ပြောသည်။
"လုမိသားစုက သခင်မလေးက အပြစ်မရှိသလို ဟန်ဆောင်ကောင်းတာ ဖြစ်နိုင်တာပဲ။ မင်းသားငယ်က အဒေါ်ကိုတောင် ပြန်ခံပြောပြီး သူမဘက်က ရပ်တည်ပေးတဲ့အပြင် ဧကရာဇ်တောင်မှ ကိုယ်တိုင်ကိုယ်ကျ ဝင်ပါခဲ့ပါသေးတယ်"
ဧကရာဇ်အကြောင်း ထည့်ပြောလိုက်သည်နှင့် လုဝူရွှမ်း၏ မျက်နှာက မည်းမှောင်လာသည်။ သူမက ပြောသည်။
"တော်ဝင်မင်းသမီး ဧကရာဇ်က တော်ဝင်စာကြည့်ဆောင်မှာ ရှိနေမှာပါ။ ဘယ်လိုများ ယောင်ယောင်နဲ့ တွေ့သွားတာပါလဲ"
သူမက တော်ဝင်မင်းသမီးကို တောက်ပသော မျက်လုံးများဖြင့် ကြည့်သည်။ စိတ်ထဲတွင်လည်း သံသယဝင်နေသည်။
"ကြည့်ရတာ ဝမ်ဖေးလုက ညီမဖြစ်သူအကြောင်း သေချာမသိသေးဘူး ထင်ပါတယ်။ တတိယသခင်မလေးလုက အရမ်းကျွမ်းကျင်တာ ဧကရာဇ်က အပြင်မှာရောက်နေမှန်း သိထားလို့ ဖြစ်မယ်။ ဒါကြောင့် ကိုယ်တိုင်ကိုယ်ကျ အနီးနားက ကြာပန်းကန်ထဲကို ကျချင်ယောင်ဆောင်ပြီး ဧကရာဇ်လို စိတ်ထားကောင်းတဲ့လူမျိုးက ကယ်တင်အောင် လုပ်ခဲ့တာပေါ့"
165 02
ထိုသတင်းကို ရသောအခါ လုဝူရွှမ်း၏ နှလုံးသားထဲတွင် ကြောက်လန့်မှုနှင့် ဒေါသများက ပြည့်လာသည်။
"ဒီကိစ္စအတွက်တော့ တို့တကယ်ပဲ စိတ်မကောင်းဖြစ်မိပါတယ်။ ဒါပေမဲ့ ဝမ်ဖေး သိသင့်တယ် ထင်လို့ တို့က ပြောပြတာပါ"
တော်ဝင်မင်းသမီးက ထိုသို့ထည့်ပြောလိုက်သေးသည်။
လုယောင်ယောင်က အဝေးတွင် ရှိနေချိန်တွင် သူမအနေနှင့် လုဝူရွှမ်း၏ခံစားချက်များကို နိုးဆွပေးရမည် ဖြစ်သည်။ ဤနည်းအားဖြင့် အနာဂတ်တွင် သူမ၏သမီးလျိုဟွား နန်းတော်ထဲသို့ ဝင်သည့်အခါ ကံကြမ္မာကောင်းပိုင်ဆိုင်ရမည် ဖြစ်သည်။
တည်ငြိမ်စွာ နားထောင်နေသော မယ်တော်ကြီးက တော်ဝင်မင်းသမီး၏စကားကို မယုံချေ။ သူမက လူများကို ကောင်းကောင်းအကဲခတ် တတ်သည်။ လုယောင်ယောင်က အဆင့်အတန်းတစ်ခု ရရန်အတွက် ဧကရာဇ်ကို ဆွဲဆောင်မည့် မိန်းကလေးမျိုး မဟုတ်ပေ။ သို့သော် တော်ဝင်မင်းသမီးနှင့် သမီးဖြစ်သူက ဝမ်းနည်းနေကြောင်း မြင်သောအခါ သူမကလည်း ပြန်လည်တွေးဆမိသွားသည်။
ငါ ဒီမိန်းကလေးနဲ့ တစ်ကြိမ်ပဲ ဆုံခဲ့ဖူးတာပဲ။
သို့ရာတွင် လုဝူရွှမ်းကမူ မယ်တော်ကြီးကဲ့သို့ မတည်ငြိမ်ချေ။ သူမဟာ တော်ဝင်မင်းသမီး၏ ယခင်က ရန်စမှုကိုလည်း ခံစားခဲ့ဖူးပြီးသား ဖြစ်သည့်အပြင် တစ်ခုကမှ မှားယွင်းခဲ့ခြင်း မရှိခဲ့ချေ။ ထို့ကြောင့် လုယောင်ယောင်ဟာ သူမ၏နောက်ကွယ်တွင် ဧကရာဇ်ကို သွေးဆောင်နေသည်ဟု ယုံကြည်သွားသည်။ ထို့ကြောင့် ချက်ချင်းလိုလို မတ်တပ်ထရပ်ကာ ပြောသည်။
"မယ်တော်ကြီး ဒီကိုယ်လုပ်တော်က ကျေးဇူးပြုပြီး ထွက်သွားခွင့်ပြုပါအုံး"
မယ်တော်ကြီးကလည်း တော်ဝင်မင်းသမီး၏စကားကို ယုံကြည်ပြီး ဒုက္ခသွားရှာတော့မည်မှန်း သိလိုက်သည်။ ထို့ကြောင့် ချက်ချင်းလိုလို ဆက်နေရန် အလောတကြီး ပြောရန် ပြင်လိုက်၏။
မင်း အလျင်စလို မလုပ်ပါနဲ့။ မင်း လှည့်စားခံရလိမ့်မယ်။ ထိုစကားများကို ပြောလိုသော်လည်း အနားတွင် တော်ဝင်မင်းသမီးက ရှိနေပြန်သည်။
"တို့တွေရဲ့ကိစ္စထက် ဘယ်လို အရာကများ အရေးကြီးနေလို့လဲ နောက်မှ လုပ်တာက မကောင်းဘူးလား ဝမ်ဖေး.."
လုဝူရွှမ်းက လုယောင်ယောင်ကို ချက်ချင်း သွားရှာရန် မစောင့်နိုင်တော့ချေ။ လုယောင်ယောင်က ဧကရာဇ်နှင့် ဆုံနေပြီး ဖျားယောင်းနေကြောင်း တွေးမိရုံဖြင့်ပင် စစ်နင်နန်းဆောင်တွင် ကြာကြာမထိုင်နိုင်တော့ချေ။
"မယ်တော်ကြီး အဘွား.. တော်ဝင်မင်းသမီး ကိစ္စက အရေးကြီးနေလို့ပါ။ ဒီကိုယ်လုပ်တော်က ပြီးတာနဲ့ ချက်ချင်း ပြန်လာပါ့မယ်"
လုဝူရွှမ်းက သခင်မကြီးလုကို ထိုသို့ ပြောလိုက်ပြီးနောက်တွင် မတ်တပ်ထရပ်ကာ အလျင်စလို ထွက်သွားသည်။ သခင်မကြီးလုဟာ သူမ၏မြေးဖြစ်သူ မည်သည့်နေရာသို့ သွားမည်ဖြစ်ကြောင်း မသိချေ။ သို့သော် လုယောင်ယောင်ဟာ ထိုကဲ့သို့သော အရာမျိုးကို မလုပ်ကြောင်း ယုံကြည်သည်။ သို့ရာတွင် ဝမ်ဖေးက အလျင်စလို ထွက်သွားခဲ့ပြီး လုယောင်ယောင်က ဘာမှမလုပ်လျှင်ပင် အခြားလူများက ထိုသို့တွေးတော့မည် မဟုတ်ချေ။
လုဝူရွှမ်းဟာ စစ်နင်နန်းဆောင်မှ ဒေါသအပြည့်ဖြင့် ထွက်လာပြီး အရာအားလုံးကို ဆင်ခြင်တွေးတောနိုင်စွမ်း မရှိတော့ချေ။ သခင်မကြီးလုဟာ သူမအချိန်မရွေး နှလုံးရောဂါရတော့မလို ခံစားလိုက်ရသည်။
မယ်တော်ကြီးကလည်း ဒေါ်လေးချန်းကို အမူအရာပြလိုက်လျက် တစ်ဖက်ကလည်း ချက်ချင်းလိုလို နားလည်ကာ အလျင်စလိုဖြင့် လုဝူရွှမ်း၏အနောက်မှ လိုက်ပါသွားသည်။
ရင်ထဲတွင် ဂုဏ်ယူသွားသော တော်ဝင်မင်းသမီးက ထိုမြင်ကွင်းကို ကြည့်နေပြီး နှုတ်ခမ်းထောင့်စွန်းများက ကော့တက်နေသည်။
ဟမ့်.. လုယောင်ယောင်က ငါ့လက်ထဲက အခုလေးတင် လွှတ်သွားခဲ့ပေမဲ့ ဒီဝမ်းကွဲညီအစ်မနှစ်ယောက်ကြားကို ငါက လောင်စာ တိုက်ပေးလိုက်ပြီ။
Telegram မှာ အပိုင်း ၄၅၀အထိ ရောက်ပါပြီနော်။
Zawgyi
165 01
အပိုင္း ၁၆၅
ယဲ့က်န္း ထြက္သြားၿပီးေနာက္ လုဝူ႐ႊမ္းဟာ မယ္ေတာ္ႀကီးႏွင့္ ႐ိုးသားစြာ စကားေျပာေနခဲ့ၿပီး သူမအား သေဘာက်ႏွစ္ၿခိဳက္လာေစရန္ ေမွ်ာ္လင့္ေနသည္။ သို႔ရာတြင္ အခ်ိန္တစ္ခု ၾကာၿပီးေနာက္တြင္ ေတာ္ဝင္မင္းသမီးႏွင့္ လ်ိဳဟြားတို႔က ေတြ႕ခြင့္ေတာင္းလာသည္။
ထိုသို႔ ႐ုတ္တရက္ ဝင္လာျခင္းက လုဝူ႐ႊမ္း၏မ်က္ႏွာမွ အၿပဳံးကို ေတာင့္တင္းသြားေစၿပီး မယ္ေတာ္ႀကီးကိုသာ ေလးနက္ေသာ မ်က္ႏွာမ်ိဳးျဖင့္ ၾကည့္လိုက္သည္။ သို႔ရာတြင္ မယ္ေတာ္ႀကီးက သူမ၏အထင္ေသးမႈကို သတိထားမိဟန္ မရဘဲ ေပ်ာ္႐ႊင္စြာျဖင့္ မေမွ်ာ္လင့္ဘဲ ေရာက္လာေသာ ဧည့္သည္မ်ားကို ဖိတ္ေခၚလိုက္သည္။
ေတာ္ဝင္မင္းသမီးက ယဲ့က်န္းေၾကာင့္ ေဒါသထြက္ခဲ့ရၿပီး ဤစစ္နင္နန္းေဆာင္သို႔ ေရာက္လာခ်ိန္တြင္ လုမိသားစုဝင္မ်ားကို ျမင္လိုက္ေသာအခါ သူမ၏မေက်နပ္မႈက ပို၍ ျမင့္တက္သြားေတာ့သည္။ သူမက မယ္ေတာ္ႀကီးကို ျဖစ္သလို ဂါရဝျပဳလိုက္သည္။ သူမ၏အမူအရာက မ႐ိုေသဟန္ ေရာက္ေနေသးသည္။ အျခားတစ္ဖက္တြင္ သူမ၏မိခင္ႏွင့္ မတူစြာ လ်ိဳဟြားဟာ မယ္ေတာ္ႀကီးထံ အနီးကပ္သြားၿပီး ယဥ္ေက်းစြာ ဂါရဝျပဳလိုက္သည္။ သူမကသာ ကိုယ္လုပ္ေတာ္ ရာထူးႏွင့္ နန္းေတာ္ထဲသို႔ ဝင္လိုလွ်င္ မယ္ေတာ္ႀကီးကို အားကိုးရမည္ျဖစ္ေၾကာင္း ေကာင္းေကာင္း နားလည္ထားသည္။ ထို႔ေၾကာင့္ အသိအမွတ္ျပဳျခင္းကို လက္ခံရရွိထားျခင္းက အေကာင္းဆုံး ျဖစ္သည္။
သို႔တိုင္ေအာင္ သူတို႔က မည္မွ်ပင္ ဖုံးကြယ္ထားေစကာမူ သူတို႔၏မ်က္ႏွာတြင္ ေပ်ာ္႐ႊင္မႈကို သိသာစြာ ျမင္ေနရေလသည္။ မယ္ေတာ္ႀကီးက စတင္ၿပီး သံသယဝင္လာေတာ့သည္။
"ေတာ္ဝင္မင္းသမီး ေက်းဇူးျပဳၿပီး ထိုင္ပါ။ တို႔ေတြ နန္းေဆာင္ကို ေရာက္ရင္ ယဥ္ေက်းေနဖို႔ မလိုပါဘူး"
သခင္မႀကီးလုကလည္း မတ္တပ္ထရပ္ၿပီး ဧည့္သည္မ်ားကို ႐ိုက်ိဳးစြာ ဂါရဝျပဳလိုက္သည္။ သို႔တိုင္ေအာင္ အထင္တေသး ၾကည့္ေသာ အမူအရာမ်ိဳးသာ ျပန္လည္လက္ခံရရွိသည္။
"လုမိသားစုဝင္ေတြ နားမွာ တို႔မရပ္ႏိုင္ဘူး"
ေတာ္ဝင္မင္းသမီးက ေဘးသို႔ပင္ လွည့္မၾကည့္ဘဲ အတြန႔္တက္သည္။
မယ္ေတာ္ႀကီးက မ်က္ေမွာင္ၾကဳတ္ကာ ေျပာသည္။
"ေတာ္ဝင္မင္းသမီး ဘာျဖစ္တာပါလဲ။ သခင္မႀကီးလုက မင္းကို ဘာမ်ား ရန္စမိလို႔လဲ"
သူမက သခင္မႀကီးလုကို ေတာင္းပန္သလို ၾကည့္သည္။
"မယ္ေတာ္ႀကီး မယ္ေတာ္ႀကီး သိထားမွ ျဖစ္ပါမယ္။ ဒီမင္းသမီးတို႔ ဒီကို လာတဲ့လမ္းမွာ လုေယာင္ေယာင္နဲ႔ ဆုံခဲ့တယ္။ လုေယာင္ေယာင္က ဒီမင္းသမီးကို ေျမေပၚက်ေအာင္ တြန္းလဲခဲ့ၿပီး ဒီမင္းသမီးရဲ႕မယ္ေတာ္ကိုလည္း မ႐ိုအေသ ျပဳမူခဲ့ပါတယ္"
လ်ိဳဟြားက ခါးသီးေသာေလသံျဖင့္ ေျပာသည္။ သူမ၏ရင္ထဲတြင္မူ ဧကရာဇ္က လုေယာင္ေယာင္ႏွင့္ ေတာ္ဝင္ဥယ်ာဥ္ထဲတြင္ ႏွစ္ေယာက္တည္း က်န္ခဲ့သည္ဆိုေသာ ျဖစ္စဥ္ကို ျပန္ေတြး႐ုံျဖင့္ပင္ မနာလိုစိတ္က ျပင္းထန္လာသည္။
"မင္းတို႔ေတြက ေယာင္ေယာင္နဲ႔ ဆုံခဲ့တာလား"
မယ္ေတာ္ႀကီးက ေမးၿပီးေနာက္တြင္ သူမ၏မ်က္ႏွာတြင္ ေပ်ာ္႐ႊင္သည့္အၿပဳံးက ျဖစ္လာသည္။
"ေယာင္ေယာင္ ဒီကေလးက အရမ္းဉာဏ္ေကာင္းတာ။ အရမ္းလည္း ႐ိုေသကိုင္းရႈိင္းတတ္ေသးတယ္။ ဘယ္လိုမ်ား မင္းတို႔ကို မ႐ိုမေသ ျပဳရမွာလဲ"
ေတာ္ဝင္မင္းသမီးက တခစ္ခစ္ ရယ္လိုက္ၿပီး လုဝူ႐ႊမ္းကို ၾကည့္ကာ ေျပာသည္။
"လုမိသားစုက သခင္မေလးက အျပစ္မရွိသလို ဟန္ေဆာင္ေကာင္းတာ ျဖစ္ႏိုင္တာပဲ။ မင္းသားငယ္က အေဒၚကိုေတာင္ ျပန္ခံေျပာၿပီး သူမဘက္က ရပ္တည္ေပးတဲ့အျပင္ ဧကရာဇ္ေတာင္မွ ကိုယ္တိုင္ကိုယ္က် ဝင္ပါခဲ့ပါေသးတယ္"
ဧကရာဇ္အေၾကာင္း ထည့္ေျပာလိုက္သည္ႏွင့္ လုဝူ႐ႊမ္း၏ မ်က္ႏွာက မည္းေမွာင္လာသည္။ သူမက ေျပာသည္။
"ေတာ္ဝင္မင္းသမီး ဧကရာဇ္က ေတာ္ဝင္စာၾကည့္ေဆာင္မွာ ရွိေနမွာပါ။ ဘယ္လိုမ်ား ေယာင္ေယာင္နဲ႔ ေတြ႕သြားတာပါလဲ"
သူမက ေတာ္ဝင္မင္းသမီးကို ေတာက္ပေသာ မ်က္လုံးမ်ားျဖင့္ ၾကည့္သည္။ စိတ္ထဲတြင္လည္း သံသယဝင္ေနသည္။
"ၾကည့္ရတာ ဝမ္ေဖးလုက ညီမျဖစ္သူအေၾကာင္း ေသခ်ာမသိေသးဘူး ထင္ပါတယ္။ တတိယသခင္မေလးလုက အရမ္းကြၽမ္းက်င္တာ ဧကရာဇ္က အျပင္မွာေရာက္ေနမွန္း သိထားလို႔ ျဖစ္မယ္။ ဒါေၾကာင့္ ကိုယ္တိုင္ကိုယ္က် အနီးနားက ၾကာပန္းကန္ထဲကို က်ခ်င္ေယာင္ေဆာင္ၿပီး ဧကရာဇ္လို စိတ္ထားေကာင္းတဲ့လူမ်ိဳးက ကယ္တင္ေအာင္ လုပ္ခဲ့တာေပါ့"
165 02
ထိုသတင္းကို ရေသာအခါ လုဝူ႐ႊမ္း၏ ႏွလုံးသားထဲတြင္ ေၾကာက္လန႔္မႈႏွင့္ ေဒါသမ်ားက ျပည့္လာသည္။
"ဒီကိစၥအတြက္ေတာ့ တို႔တကယ္ပဲ စိတ္မေကာင္းျဖစ္မိပါတယ္။ ဒါေပမဲ့ ဝမ္ေဖး သိသင့္တယ္ ထင္လို႔ တို႔က ေျပာျပတာပါ"
ေတာ္ဝင္မင္းသမီးက ထိုသို႔ထည့္ေျပာလိုက္ေသးသည္။
လုေယာင္ေယာင္က အေဝးတြင္ ရွိေနခ်ိန္တြင္ သူမအေနႏွင့္ လုဝူ႐ႊမ္း၏ခံစားခ်က္မ်ားကို ႏိုးဆြေပးရမည္ ျဖစ္သည္။ ဤနည္းအားျဖင့္ အနာဂတ္တြင္ သူမ၏သမီးလ်ိဳဟြား နန္းေတာ္ထဲသို႔ ဝင္သည့္အခါ ကံၾကမၼာေကာင္းပိုင္ဆိုင္ရမည္ ျဖစ္သည္။
တည္ၿငိမ္စြာ နားေထာင္ေနေသာ မယ္ေတာ္ႀကီးက ေတာ္ဝင္မင္းသမီး၏စကားကို မယုံေခ်။ သူမက လူမ်ားကို ေကာင္းေကာင္းအကဲခတ္ တတ္သည္။ လုေယာင္ေယာင္က အဆင့္အတန္းတစ္ခု ရရန္အတြက္ ဧကရာဇ္ကို ဆြဲေဆာင္မည့္ မိန္းကေလးမ်ိဳး မဟုတ္ေပ။ သို႔ေသာ္ ေတာ္ဝင္မင္းသမီးႏွင့္ သမီးျဖစ္သူက ဝမ္းနည္းေနေၾကာင္း ျမင္ေသာအခါ သူမကလည္း ျပန္လည္ေတြးဆမိသြားသည္။
ငါ ဒီမိန္းကေလးနဲ႔ တစ္ႀကိမ္ပဲ ဆုံခဲ့ဖူးတာပဲ။
သို႔ရာတြင္ လုဝူ႐ႊမ္းကမူ မယ္ေတာ္ႀကီးကဲ့သို႔ မတည္ၿငိမ္ေခ်။ သူမဟာ ေတာ္ဝင္မင္းသမီး၏ ယခင္က ရန္စမႈကိုလည္း ခံစားခဲ့ဖူးၿပီးသား ျဖစ္သည့္အျပင္ တစ္ခုကမွ မွားယြင္းခဲ့ျခင္း မရွိခဲ့ေခ်။ ထို႔ေၾကာင့္ လုေယာင္ေယာင္ဟာ သူမ၏ေနာက္ကြယ္တြင္ ဧကရာဇ္ကို ေသြးေဆာင္ေနသည္ဟု ယုံၾကည္သြားသည္။ ထို႔ေၾကာင့္ ခ်က္ခ်င္းလိုလို မတ္တပ္ထရပ္ကာ ေျပာသည္။
"မယ္ေတာ္ႀကီး ဒီကိုယ္လုပ္ေတာ္က ေက်းဇူးျပဳၿပီး ထြက္သြားခြင့္ျပဳပါအုံး"
မယ္ေတာ္ႀကီးကလည္း ေတာ္ဝင္မင္းသမီး၏စကားကို ယုံၾကည္ၿပီး ဒုကၡသြားရွာေတာ့မည္မွန္း သိလိုက္သည္။ ထို႔ေၾကာင့္ ခ်က္ခ်င္းလိုလို ဆက္ေနရန္ အေလာတႀကီး ေျပာရန္ ျပင္လိုက္၏။
မင္း အလ်င္စလို မလုပ္ပါနဲ႔။ မင္း လွည့္စားခံရလိမ့္မယ္။ ထိုစကားမ်ားကို ေျပာလိုေသာ္လည္း အနားတြင္ ေတာ္ဝင္မင္းသမီးက ရွိေနျပန္သည္။
"တို႔ေတြရဲ႕ကိစၥထက္ ဘယ္လို အရာကမ်ား အေရးႀကီးေနလို႔လဲ ေနာက္မွ လုပ္တာက မေကာင္းဘူးလား ဝမ္ေဖး.."
လုဝူ႐ႊမ္းက လုေယာင္ေယာင္ကို ခ်က္ခ်င္း သြားရွာရန္ မေစာင့္ႏိုင္ေတာ့ေခ်။ လုေယာင္ေယာင္က ဧကရာဇ္ႏွင့္ ဆုံေနၿပီး ဖ်ားေယာင္းေနေၾကာင္း ေတြးမိ႐ုံျဖင့္ပင္ စစ္နင္နန္းေဆာင္တြင္ ၾကာၾကာမထိုင္ႏိုင္ေတာ့ေခ်။
"မယ္ေတာ္ႀကီး အဘြား.. ေတာ္ဝင္မင္းသမီး ကိစၥက အေရးႀကီးေနလို႔ပါ။ ဒီကိုယ္လုပ္ေတာ္က ၿပီးတာနဲ႔ ခ်က္ခ်င္း ျပန္လာပါ့မယ္"
လုဝူ႐ႊမ္းက သခင္မႀကီးလုကို ထိုသို႔ ေျပာလိုက္ၿပီးေနာက္တြင္ မတ္တပ္ထရပ္ကာ အလ်င္စလို ထြက္သြားသည္။ သခင္မႀကီးလုဟာ သူမ၏ေျမးျဖစ္သူ မည္သည့္ေနရာသို႔ သြားမည္ျဖစ္ေၾကာင္း မသိေခ်။ သို႔ေသာ္ လုေယာင္ေယာင္ဟာ ထိုကဲ့သို႔ေသာ အရာမ်ိဳးကို မလုပ္ေၾကာင္း ယုံၾကည္သည္။ သို႔ရာတြင္ ဝမ္ေဖးက အလ်င္စလို ထြက္သြားခဲ့ၿပီး လုေယာင္ေယာင္က ဘာမွမလုပ္လွ်င္ပင္ အျခားလူမ်ားက ထိုသို႔ေတြးေတာ့မည္ မဟုတ္ေခ်။
လုဝူ႐ႊမ္းဟာ စစ္နင္နန္းေဆာင္မွ ေဒါသအျပည့္ျဖင့္ ထြက္လာၿပီး အရာအားလုံးကို ဆင္ျခင္ေတြးေတာႏိုင္စြမ္း မရွိေတာ့ေခ်။ သခင္မႀကီးလုဟာ သူမအခ်ိန္မေ႐ြး ႏွလုံးေရာဂါရေတာ့မလို ခံစားလိုက္ရသည္။
မယ္ေတာ္ႀကီးကလည္း ေဒၚေလးခ်န္းကို အမူအရာျပလိုက္လ်က္ တစ္ဖက္ကလည္း ခ်က္ခ်င္းလိုလို နားလည္ကာ အလ်င္စလိုျဖင့္ လုဝူ႐ႊမ္း၏အေနာက္မွ လိုက္ပါသြားသည္။
ရင္ထဲတြင္ ဂုဏ္ယူသြားေသာ ေတာ္ဝင္မင္းသမီးက ထိုျမင္ကြင္းကို ၾကည့္ေနၿပီး ႏႈတ္ခမ္းေထာင့္စြန္းမ်ားက ေကာ့တက္ေနသည္။
ဟမ့္.. လုေယာင္ေယာင္က ငါ့လက္ထဲက အခုေလးတင္ လႊတ္သြားခဲ့ေပမဲ့ ဒီဝမ္းကြဲညီအစ္မႏွစ္ေယာက္ၾကားကို ငါက ေလာင္စာ တိုက္ေပးလိုက္ၿပီ။
Telegram မွာ အပိုင္း ၄၅၀အထိ ေရာက္ပါၿပီေနာ္။