In Love With An Old Mafia(Com...

By seinyadanawin

155K 9.6K 1.3K

****** Start Date-Mar.31.2023 End Date-Nov.17.2023 ***** More

Intro
Part-1
Part-2
Part-3
part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-10+11
Part-12
Part-13
Part-14
Part-15
Part-16
Part-17
Part-18
Part-19
Part-20
Part-21
Part-22
Part-23
Part-24
Part-25
Part-27
Part-28
Part-29
Part-30
Part-31+32
Part-33
Part-34
Part-35
Part-36
Part-37
Part-38
The End
Characters' Art
New Fiction Promote

Part-26

2.8K 190 8
By seinyadanawin

ကော်ဖီခွက်မှ ထွက်လာသော အခိုးအငွေ့လေးများဟာ မြူခိုးလေးများသကဲ့သို့။

အနည်းငယ်လာသော ရာသီဥတုနှင့်အတူ မေပယ်ရွက်ဝါတို့ဟာလည်း ဆောင်းဦးကိုကြိုဆိုဖို့ အသင့်ဖြစ်နေကြဟန်။
တိမ်ကင်းစင်တဲ့ကောင်းကင်ကြီးဟာ ယနေ့တော့ စိတ်အခြေအနေသာယာနေပုံပေါ်၏။

ယနေ့နှင့်ဆို သူ မြန်မာနိုင်ငံမှထွက်လာတာ နှစ်ပတ်ပင်ပြည့်ခဲ့ပြီပင်။
သက်ပိုင်ကတော့ အမြဲတစေ နေ့ရောညမပြတ် ဖုန်းဆက်ဆဲ။
ဆက်ရာတွင်လည်း တခေါက်တစ်လေမျှမလွှတ်စေအောင် ယင်းစကားလုံးနှစ်လုံးကို မမေ့မလျော့ပြောတတ်ပါသေးသည်။

စိုင်း  ကော်ဖီတငုံသောက်ရင်း
ဆန်းဒဝစ်အား တလုတ်ကိုက်လိုက်သည်။
မနက်စာ စားနေရင်းမှာပဲ သူ၏ဖုန်းအား အဝင်ကောလ် တစ်ခုက ရောက်ရှိလာပြီး မည်သူမှန်းသိသောကြောင့် ချက်ချင်းကိုင်လိုက်၏။

"Good Morning လေးလေးငယ်"

ဖုန်းကိုင်လိုက်ချင်းချင်းမှာပဲ တဖက်မှ သူ၏ တစ်ဦးတည်းသော အသက်၏ အသံချိုချိုက နားထဲသို့ဝင်ရောက်လာသည်။

"Good Morning အသက်"

"ဘာလုပ်နေတာလဲ အခု မနက်စာ စားပြီးပြီလား"

"အခုစားနေတာ မင်းကော"

"စားပြီးပြီရယ် ခုနကတင် ကုမ္ပဏီကလူတွေကခေါ်လို့ လက်ဖက်ရည်ဆိုင်ထိုင်လာတာ"

"မိန်းကလေးပါလား"

လေးလေးငယ်၏ အမေးကြောင့် သက်ပိုင် ပြုံးစိစိဖြစ်သွားသည်မှာငြင်းမရ။
လေးလေးငယ်အား ထပ်မံ စချင်သေးသဖြင့် ချောင်းတချက်ဟန့်လိုက်ရင်း
အလိမ်လေးအား စတင်လိုက်သည်။

"နှစ်ယောက်ပါတယ် လေးလေးငယ်
ဘာလို့လဲ"

"ဘာမှမဟုတ်ပါဘူး မေးကြည့်တာ"

"လေးလေးငယ် သဝန်တိုနေတာလား"

"မင်းဘယ်လိုထင်လဲ"

"ဒီတိုင်း လက်ဖက်ရည်ဆိုင်ထိုင်ပြီးစကားစမြည်းပြောယုံရယ်ပါ"

"မင်းက အရမ်းပြီး
ပြည့်စုံတယ်လို့ ငါပြောဖူးတယ်မလား အသက်၊မင်းလို လူတစ်ယောက်ကို လိုချင်တဲ့သူတွေအများကြီးပဲ...
ပြီးတော့ ငါကအဝေးရောက်နေတာ မင်းအနားမှာရှိမနေပေးနိုင်ဘူး..
လေးလေးငယ်က မင်းကိုမယုံတာမဟုတ်ဘူးကွာ သိလား...
ဒီတိုင်း စိတ်ပူတာ ပြီးတော့ မင်းကငါ့ချစ်သူလေ ငါသဝန်တိုပိုင်ခွင့်ရှိတယ်မလား"

'မင်းက ငါ့ချစ်သူလေ'ဆိုတဲ့စကားအား သက်ပိုင် အသံသွင်း၍သာ ထပ်ခါထပ်ခါနားထောင်ချင်မိသည်အထိ ကျေနပ်
သွားရသည်ဆိုလျှင်
မမှား။
ထို့ကြောင့် ခေါင်းအားအဆက်မပြတ်
ငြိမ့်ရင်း အားကြိုးမာန်တက်နှင့် ဖုန်းမှတဆင့် ထောက်ခံလိုက်တော့သည်။

"အင်း ကျွန်တော်က လေးလေးငယ်ရဲ့ချစ်သူ... ဒါကြောင့်လေးလေးငယ်က သဝန်တိုပိုင်ခွင့်ရှိတယ် လေးလေးငယ်မှန်တယ်"

"ပြီးတော့
ကျွန်တော်က လေးလေးငယ်တစ်ယောက်တည်းကိုပဲ ချစ်တာပါဗျာ။
နှလုံးသားထဲလည်း လေးလေးငယ်တစ်ယောက်တည်း ရှိတာ
မျက်လုံးထဲလည်း လေးလေးငယ်တစ်ယောက်တည်း မြင်တာ"

".....ရှုပ်ရှုပ်ယှက်ယှက်တွေငါမကြိုက်ဘူးနော် အသက်"

"လေးလေးငယ် မကြိုက်တာကျွန်တော်မလုပ်ပါဘူး"

"လိမ္မာတယ် ပေါက်စ"

လေးလေးငယ်၏ ချီးကျူးစကားကြောင့်သက်ပိုင် ပြုံးလိုက်မိသည်။
လေးလေးငယ်သာဘေးမှာရှိရင် သူ့ခေါင်းလေးကိုပုတ်ပေးမှာအသေအချာ။
သူ လေးလေးငယ်ကို သိပ်ကိုလွမ်းနေပြီးဖြစ်သည်။

"လေးလေးငယ် ဘယ်တော့ပြန်လာမှာလဲဟင်...ကျွန်တော်လွမ်းလှပြီ"

"....."

"ဖြစ်နိုင်ရင် ကျွန်တော်ကိုယ်တိုင်ပြေးပြီးလာတွေ့ချင်မိတဲ့အထိ၊
လာလို့ရမလားဟင် လေးလေးငယ်"

ထိုအခါ လေးလေးငယ်ဘက်မှာ ဖုန်းအား တီကနဲချသွားသဖြင့် သက်ပိုင်အနည်းငယ်ဝမ်းနည်းသွားသည်။
ဒါက မလာနဲ့ဆိုတဲ့သဘောလား...။

စက္ကန့်ပိုင်းအကြာတွင်တော့ ဗီဒီယိုကောလ်တစ်ခုဝင်လာပြီး လေးလေးငယ်ဆီမှဖြစ်သည်။
သက်ပိုင် ဖုန်းအားပြန်လည်ဖြေကြားလိုက်တော့ ဖုန်းစခရင်ပေါ်၌ လိမ္မော်နီရောင်
မေပယ်လ်ရွက်တွေကိုမြင်တွေ့လိုက်ရသည်။

ထို့နောက် ကင်မရာအား ပြန်လည် လှည့်လိုက်သည့်အတွက် သူ၏လေးလေးငယ်၏မျက်နှာလေးက မေပယ်လ်ရွက်များနေရာ၌အစားထိုး ပေါ်ထွက်လာ၏။

"မေပယ်လ်ရွက်တွေကိုမြင်လား သက်ပိုင်"

သက်ပိုင် ခေါင်းငြိမ့်ပြလိုက်သည်။

"မေပယ်လ်ရွက်တွေရဲ့အဓိပ္ပါယ်က ဆောင်းဦးကိုကြိုဆိုခြင်းတဲ့...
ရာသီဥတုက အေးလာပြီ
နှင်းက မကြာခင်ကျတော့မှာ...
နှင်းကျတဲ့အချိန်ကျရင် မေပယ်လ်ရွက်တွေကို နှင်းဖုံးသွားလိမ့်မယ်။
အဲ့အချိန်မတိုင်ခင်
လိမ္မော်နီရောင်မေပယ်လ်ရွက်တွေကြားထဲ ငါမင်းနဲ့အတူ လမ်းလျှောက်ချင်သေးတယ်"

"ဆိုလိုတာက...."

"ငါမင်းကိုစောင့်နေမယ် အသက်...
တကယ်လို့ ကံကောင်းရင် ပထမဆုံးနှင်းစကျတာကို ငါတို့အတူတူကြည့်လို့ရတယ်။
ကိုးရီးယားမှာ ဆောင်းတွင်းရဲ့ပထမဆုံးနှင်းစကျတာကိုအတူတူကြည့်ခဲ့မယ်ဆိုရင် သူတို့တွေက ထာဝရအတူနေသွားကြရတယ်တဲ့..."

"လေးလေးငယ်က အဲ့လိုတွေကိုယုံမယ်လို့ကျွန်တော်မထင်ထားဘူး"

သက်ပိုင် သဘောတကျပြုံးလျက်ပြောလိုက်တော့ လေးလေးငယ်က ရယ်သည်။

"ဦးပိန်တံတားကိုတောင် အတူအဆုံးလျှောက်ခဲ့ပြီးပြီမဟုတ်လား...
အဲ့ယုံတမ်းကိုမင်းအရင်စပြောခဲ့တာလေ။
ဘာလို့လဲ မကြိုက်လို့လား"

"ကြိုက်တာပေါ့ဗျာ...အရမ်းကိုကြိုက်ပါတယ်"

"ချစ်တယ်အသက်"

"ကျွန်တော်က ပိုချစ်ပါတယ်ဗျာ"

"ငါမင်းကိုစောင့်နေမယ်"

"မကြာခင်တွေ့ကြမယ် လေးလေးငယ်"

*နောက်တစ်နေ့*

နေရောင်ခြည်ဖျဖျလေးဟာ ဦးခေါင်းထက်သို့ဖြာကျလျက်။
လေပြေအေးများ တချက်တချက်တိုးဝှေ့တိုက်ခက်သွားသည်နှင့်အမျှ သစ်ရွက်ကလေးများဟာလည်း လေထဲ၌ တလွှင့်တလူး။

ကြွေကျလာတဲ့သစ်ရွက်ကလေး
တွေကိုလက်နှင့်ဖမ်းကြည့်မိတော့ သစ်ရွက်ခြောက်ကလေးတရွက်က လက်ဝါးထဲသို့ ကျရောက်လာ၏။

နေ့လယ်ခင်းရောက်ပြီဖြစ်သော်ငှား
သက်ပိုင်၏အဆက်အသွယ်အား အခုထိမရသေး။
အဝင်ကောလ်များလည်းမရှိသလို Messageပို့ထားသည်လည်းမရှိ။

အခုချိန် မြန်မာမှာပဲလား
ဒါမှမဟုတ် လေယာဥ်ပေါ်မှာပဲလား....
ဒါမှမဟုတ်သေးရင် ဒီကိုများရောက်နှင့်နေပြီများလား။

ဤနှစ်ပတ်အတွင်း၌ စိုင်းအချိန်အနည်းငယ် ယူကာစဥ်းစားခဲ့သည်။
အခြားတော့မဟုတ် သူနှင့်သက်ပိုင်၏အနာဂတ်ကိုပင်ဖြစ်သည်။

ဒီကိုရောက်လျှင် သေချာပေါက် လက်ထပ်ခွင့်တောင်းလိမ့်မည်ဆိုတာစိုင်းသိသည်။
ထို့ကြောင့်လည်း အဖြေကိုစဥ်းစားထားခဲ့တာပင်။
အမှန်တကယ်ကတော့ အချိန်ယူပြီးမစဥ်းစားခဲ့တောင် အဖြေဟာ ဘယ်ရှုထောင့်ကနေပဲပြောပြော "Yes"သာပင်ဖြစ်သည်။

သူ သက်ပိုင်၏အနားမှာနေချင်သည်။
သက်ပိုင်နှင့်အတူ အသက်ကြီးသွားကာ
သေသည့်အချိန်တွင်လည်း သက်ပိုင်၏ဘေး၌သာ သူသေဆုံးချင်သည်။

ဥစ္စာသည်မမြဲသော်လည်း
သစ္စာသည်မြဲသည်။
ဤသို့မြဲရခြင်းမှာ မေတ္တာနှင့်ချည်နှောင်သည့်သူဟာ သက်ပိုင်ဖြစ်နေသောကြောင့်သာပင်ဖြစ်၏။

စိုင်း ရောက်တတ်ရာရာ အတွေးစတို့နှင့်လမ်းလျှောက်လာရင်း မေပယ်လ်ပင်များ များစွာရှိသည့်လမ်းတစ်ခုဆီသို့ရောက်လာခဲ့၏။
လမ်းပေါ်၌ လူပေါင်းများစွာက ပြန့်ကျဲနေတဲ့မေပယ်လ်ရွက်တွေကြား ဖြတ်သန်းသွားလာနေကြကာ အချို့တလေကလည်း အမှတ်တရ ဓာတ်ပုံရိုက်ခြင်းများနှင့် အပြေးလေ့ကျင့်နေကြသည့်သူများပင်ရှိကြသေးသည်။

သူ့အလုပ် ကိုယ့်အလုပ်ကိုယ်စီနှင့် လူများကိုကြည့်ရင်း စိုင်း မေပယ်လ်ပင်တပင်၏အောက်ရှိ ခုံတန်းရှည်လေးဘေးတွင် ရပ်လိုက်မိ၏။
သစ်သားခုံတန်းရှည်ရှည်လေးပေါ်မှာ လိမ္မော်နီရောင် မေပယ်လ်အချို့က တင်လို့။

တချက်တချက် တိုက်ခက်လာတဲ့လေပြေနုနုက ဆောင်းဦးလေမို့အနည်းငယ်တော့အေးစိမ့်စိမ့်ရယ်။

အင်္ကျီအိတ်ထောင်ထဲအား လက်နှစ်ဖက်ကိုထည့်လိုက်ရင်း သက်ပြင်းခပ်ဖျော့ဖျော့ကိုမှုတ်ထုတ်လိုက်မိသည်နှင့်တပြိုင်နက် နံဘေးမှ ခြေသံငယ်လေးတစ်ခုအားကြားလိုက်ရသည်။

ယင်းခြေသံက စိုင်းဆီသို့ ဦးတည်လာသည့်ခြေသံဖြစ်၍ သူ၏အနားသို့ရောက်သည့်အခါတွင် ရပ်တန့်သွား၏။
စိုင်း ဘေးသို့အနည်းငယ်စောင်းကာငဲ့ကြည့်လိုက်တော့ အရင်းနှီးဆုံးပယင်းရောင်မျက်ဝန်းတစ်စုံနှင့် အကြည့်သွားစုံသည်။

ဒုတ်ကနဲ ခုန်လာသောနှလုံးသားဟာ
သူ၏ပိုင်ရှင်မှန်းမှတ်မိနေသည်ထင်ပါ၏။
ဒီမျက်ဝန်းကိုမြင်တိုင်း နှလုံးသားဟာခဏခဏ ခလုတ်တိုက်ရသည်မှာတော့ဧကန်။

"လေးလေးငယ် ကျွန်တော့်ကိုလွမ်းနေရဲ့လား"

သူနှင့်မီတာအနည်းငယ်အကွာမှ သက်ပိုင်ဟာသွားဖြူဖြူလေးများပေါ်အောင်ရယ်ပြလာသည်။
တကယ့်ကို သက်ပိုင်အစစ်ပင်။
အသက်သည် သူ၏အရှေ့တွင်ရောက်နေပြီဖြစ်သည်။

ဘာကြောင့်ရယ်မသိ စူးတက်လာသောနှာခေါင်းနှင့်အတူ မျက်ရည်စအနည်းငယ်တို့က မျက်လုံးအိမ်အတွင်း၌နေရာယူကုန်ကြသည်။

သက်ပိုင်ကို ပြန်လည်တွေ့ဆုံလိုက်ရချိန်တွင် ဆုံးဖြတ်ထားသည့်အရာတစ်ခုမှာ ပိုမိုခိုင်မာသွားရသည်။
သူဒီကောင်လေးဆီမှ တကယ့်ကိုရုန်းမထွက်နိုင်ပေ။

"အသက်"

စိုင်း ချက်ချင်း သက်ပိုင်ဆီသို့အမြန်လျှောက်သွားလိုက်ရင်း သက်ပိုင်၏ရင်ခွင်အတွင်းသို့တိုးဝင်လိုက်မိသည်။
ထိုအခါ ကောင်လေးငယ်က အလိုက်သင့်စွာဖြင့် စိုင်းအားပြန်လည်ထွေးဖက်လာရင်း ဆံနွယ်များအား တဝကြီးနမ်းရှိုက်လာ၏။

"လွမ်းနေခဲ့တာ ကျွန်တော် လေးလေးငယ်ကိုသိပ်လွမ်းနေခဲ့တာဗျ...
ပြေးတွေ့ချင်စိတ်ကိုဘယ်လောက်ထိန်းထားခဲ့ရသလဲ..."

ရက်အနည်းငယ်သာကြာခဲ့သော်လည်း သက်ပိုင်အတွက်တော့ တသက်လောက်ကြာသွားသလိုခံစားနေရကာ
ယခုမှသာ ဒီလူသားအား နမ်းရှိုက်ခွင့်ရတော့သည်။

"ငါလည်းမင်းကိုအရမ်းလွမ်းနေခဲ့တာအသက်..."

"ဟင့်အင် မယုံဘူး"

"ဆိုးလိုက်တာ..."

စိုင်း ထိုကဲ့သို့ပြောရင်း သက်ပိုင်၏နှုတ်ခမ်းများအား သူ၏နှုတ်ခမ်းတို့နှင့်ဖိကပ်လိုက်ရင်း အနမ်းတပွင့်အားစွန့်ကြဲလိုက်သည်။

"အခုကော"

"နည်းနည်းလားပဲယုံသေးတယ်"

သက်ပိုင်ကပြောရင်းဆိုရင်း သူ၏နှုတ်ခမ်းသားများကို တဖန်စုပ်ယူနမ်းရှိုက်လာသည်။
နူးညံလှသည့်အထိအတွေ့က နှလုံးသားထဲ၌ ကြည်နူးဖွယ်အတိ။

နှုတ်ခမ်းများအား ဖိကပ်နေရာမှာ ဖယ်ခွာလိုက်သည့်အချိန်တွင်တော့ အနှီပေါက်စက သူ့အား ညဏ်နီညဏ်နက်များသည့်မြေခွေးလေးတစ်ကောင်ကဲ့သို့မျက်လုံးများနှင့်ကြည့်လာရင်း..

"အခုယုံသွားပြီ..."

ဒီမြေခွေးလေးနှင့် သူ၏ဇာတ်လမ်းဟာယခုမှစမည်ဖြစ်ပါ၏။
ညဏ်နီညဏ်နက်များသည့်အနှီမြေခွေးလေးအား အနာဂတ်တွင် မည်သို့ထိန်းကျောင်းရမည်ဖြစ်ကြောင်း ယခုကတည်းမှ စတင်စဥ်းစားထားရမည်ဟု စိုင်းထင်မိသည်။

(Note*အောက်၌အချပ်ပိုရှိပါသေး၏)

******
Alexander_AN
23.Aug.2023
******

အချပ်ပို(1)

"လေးလေးငယ်"

"အင်း"

"ကျွန်တော်ဒီသက်သေပြနည်းကို သဘောကျတယ်..."

"........."

"လေးလေးငယ် ကျွန်တော်ကိုမယုံရင် လေးလေးငယ်ကျွန်တော့်ကိုနမ်း၊
ကျွန်တော်လေးလေးငယ်ကို မယုံရင်
ကျွန်တော်လေးလေးငယ်ကိုနမ်းမယ်"

"မင်းက မြေခွေးလေးဆိုတဲ့နာမည်နဲ့တကယ်လိုက်တာပဲ"

*****

အချပ်ပို(2)

အပြင်ပိုင်းရှိလေးလေးငယ်-မင်းဆိုတဲ့မြေခွေးလေးက
တကယ့်ကိုညဏ်နီညဏ်နက်များတာပဲ။

တကယ်တမ်းလေးလေးငယ်-ဒါပေမဲ့ ငါကြိုက်တယ်။

-သူ့ရဲ့မြေခွေးလေးက နည်းနည်းဆိုးပေမဲ့ ချစ်စရာကောင်းတာတော့သေချာပါ
တယ်လေ

_________________

(A/N-အကြောင်းအရင်းပေါင်းသောင်းခြောက်ထောင်ကြောင့်updateကြာသွားပါတယ်အချစ်တို့😭)

_________________







"Good Morning အသက်"


"အခုစားနေတာ မင်းကော"


"မိန်းကလေးပါလား"


ဘာလို့လဲ"



"မင်းဘယ်လိုထင်လဲ"


"မင်းက အရမ်းပြီး

သွားရသည်ဆိုလျှင်
မမှား။


"ပြီးတော့



"လိမ္မာတယ် ပေါက်စ"



"....."







ရာသီဥတုက အေးလာပြီ
အဲ့အချိန်မတိုင်ခင်

"ဆိုလိုတာက...."






"ချစ်တယ်အသက်"




*နောက်တစ်နေ့*








သစ္စာသည်မြဲသည်။











"အသက်"





"ဟင့်အင် မယုံဘူး"

"ဆိုးလိုက်တာ..."


"အခုကော"




"အခုယုံသွားပြီ..."



******
Alexander_AN
23.Aug.2023
******

အချပ်ပို(1)

"လေးလေးငယ်"

"အင်း"


"........."



*****

အချပ်ပို(2)



တယ်လေ

******


Continue Reading

You'll Also Like

762K 46.4K 49
𝐈𝐧 𝐭𝐡𝐞 𝐓𝐚𝐧𝐠𝐥𝐞𝐝 𝐰𝐞𝐛𝐬 𝐨𝐟 𝐇𝐞𝐚𝐫𝐭𝐬, 𝐚𝐧𝐝 𝐩𝐮𝐫𝐬𝐮𝐢𝐭 𝐨𝐟 𝐓𝐫𝐮𝐭𝐡𝐬, 𝐋𝐨𝐯𝐞 𝐰𝐞𝐚𝐯𝐞𝐬 𝐢𝐭𝐬 𝐦𝐞𝐬𝐦𝐞𝐫𝐢𝐳𝐢𝐧𝐠 �...
616K 17.9K 23
Beau HATES Oliver Fowler. But Oliver doesn't hate Beau.. quite the opposite actually. Oliver is the univeristies 'Golden Boy', adored and admired by...
417K 25.3K 20
𝐒𝐡𝐢𝐯𝐚𝐧𝐲𝐚 𝐑𝐚𝐣𝐩𝐮𝐭 𝐱 𝐑𝐮𝐝𝐫𝐚𝐤𝐬𝐡 𝐑𝐚𝐣𝐩𝐮𝐭 ~By 𝐊𝐚𝐣𝐮ꨄ︎...
672K 26.1K 74
Lilly found an egg on a hiking trip. Nothing abnormal on that, right? Except the egg was four times bigger than supposedly the biggest egg in the wor...