Second life ( အချို့သောချစ်ခြ...

By moetharchel

120K 9.5K 1.4K

Hydrangeaတွေနဲ့အတူ အမြဲနောင်တရနေလိုက်ပါအစ်ကို။ နောင်တတရားတွေ အားနာစိတ်တွေနဲ့နာနာကျင်ကျင်ရှင်သန်နေလိုက်ပေါ့။ More

Intro
EP - 1
EP - 2
EP - 3
EP - 4
EP - 5
EP - 6
EP - 7
EP - 8
EP - 9
EP- 10
EP - 11
EP - 12
EP - 13
EP - 14
EP - 15
EP - 16
EP - 17
EP - 18
EP - 19
EP - 20
EP - 21
Attention please!!
EP - 22
EP - 23
EP - 24
EP - 25
EP - 26
EP - 27
EP - 28
EP - 29
EP - 30
EP - 31
EP - 32
EP - 33
Sorry for update
EP - 34
EP - 35
EP - 36
EP - 37
EP - 38
EP - 39
EP - 41
EP - 42
EP - 43
EP - 44
EP - 45
EP - 46
EP - 47
EP - 48
hello
EP - 49

EP - 40

1.5K 147 17
By moetharchel

Unicode


"ကို..ကိုကို့ရှေ့မှာမို့...တော်သေးတာပေါ့......မဟုတ်ရင်...ကျွန်..ကျွန်တော်ကကိုကို့စကားနားမထောင်ဘူးလို့ထင်...ထင်နေပါအုံးမယ်......"


ပြောရင်းနှင့်ပင်မျက်နှာဆီလက်လှမ်းလာတဲ့ထူးထက်စေကြောင့်လင်းလက်ကြောင်အမ်းအမ်းဖြင့်သာငေးကြည့်နေမိသည်။ သွေးစတစ်ချို့ကပ်ငြိနေတဲ့လက်ချောင်းရှည်တွေကပါးပြင်ပေါ်ခပ်ဖြေးဖြေးလာထိသည့်အခါအေးစက်မှုနဲ့အတူနွေးထွေးသည့်ခံစားချက်ကိုပါရလိုက်တယ်။


ဟင့်အင်း...ငါမင်းကို အဲ့ဒီ့လိုရည်ရွယ်ခဲ့တာမဟုတ်ဘူး။ ငါမင်းကိုဒီလိုမဖြစ်စေချင်ပါဘူး။ မဟုတ်ဘူး......ငါ‌ဆိုလိုချင်တာကဒီလိုဖြစ်သွားစေဖို့မဟုတ်ဘူး။


"ချစ်တယ်......"


အမှန်အတိုင်းပြောရရင်ကျွန်တော်ဒီ့ထက်ပိုတဲ့စကားတွေကိုပြောချင်တာကိုကို။ ဒါပေမယ့်ကျွန်တော်အခုအားမရှိတော့သလိုပဲ။ အသံကလည်းထွက်မလာတော့ဘူး။ ကျွန်တော်မျက်လုံးတွေလည်းပြာနေပြီ။ ဘယ်လိုလုပ်ရမလဲကိုကိုရယ်...ဒီကောင်ကနောင်သံသရာအဆက်ဆက်အထိကိုကို့ပုံရိပ်လေးကိုသိမ်းဆည်းသွားချင်မိတာကိုမှဗျာ......။


စကားဆုံးသည်နှင့်‌ဘေးကိုပစ်စလတ်ခတ်ကျသွားတဲ့လက်တစ်ဖက်ကြောင့်လူကလောကကြီးတစ်ခုလုံးပင်ချာချာလည်သွားရ၏။ ရင်ခွင်ထဲကကောင်လေးကိုကြည့်မိတော့မျက်စိစုံမှိတ်ကာငြိမ်သက်နေတာကတကယ့်ကိုမယုံနိုင်စရာပါ။
အမြဲတမ်းကပ်တွယ်နေတဲ့ချာတိတ်ကလေ...အမြဲတမ်းအကြောင်းအမျိုးမျိုးနဲ့အနားမှာရှိနေခဲ့တဲ့သူကလေ......ဟင့်အင်း မဟုတ်ဘူး မဖြစ်ရဘူး။


"ထူး...ထူးထက်စေ......ထူးထက်စေ ငါခေါ်နေတယ်လေ!!!......"


တစ်ချိန်ကလိုတုံ့ပြန်မှုရှိမလာတဲ့ချာတိတ်ကြောင့်လင်းလက်‌အတော်လေးတုန်လှုပ်နေမိတာတော့အမှန်။ အခုအချိန်မှာဘေးက‌ဆူညံသံပေါင်းစုံကိုရော ၊ လူတွေရဲ့တီးတိုးစကားသံတွေကိုရောဘာကိုမှသူမကြားနိုင်ပါ။ ထူးထက်စေကိုသာဆေးရုံပို့ဖို့အရေးကြီးတာမို့ ကိုယ့်စိတ်ကိုယ်မနည်းပြန်စုစည်းကာရင်ခွင်ထဲကခန္ဓာကိုယ်လေးကိုပွေ့ချီလိုက်တော့အရင်ကလိုမဟုတ်ဘဲလှစ်ခနဲပါလာတဲ့ခန္ဓာကိုယ်လေး။ လူတစ်ချို့ရဲ့ဆေးရုံကားခေါ်သံတွေကိုကြားပေမယ့်လျစ်လျူရှုကာသာချာတိတ်ကိုကားပေါ်တင်ပြီး‌ကိုယ့်ဆေးရုံဆီကိုသာအရှိန်တင်၍မောင်းနှင်လာလိုက်သည်။

မင်းဘာမှမဖြစ်ရဘူးနော်ချာတိတ်......အကယ်၍ မင်းသာတစ်ခုခုဖြစ်ရင်...ငါလည်းမင်းနဲ့အတူလိုက်လာမှာ......။



_____________________________________________



သားကိုမုန့်ခွံ့ကျွေးရင်းအလုပ်ရှုပ်နေသည့်ဒေါက်တာကသဝဏ့်ကိုတင်မကတစ်လောကလုံးကိုပါမေ့နေသည့်ပုံ။ သားကလည်းသူ့ပေါင်ပေါ်ထိုင်ရင်းပါးစပ်လေးဟကာငြိမ်ငြိမ်လေးထိုင်စားနေပုံကမသိရင်ကိုယ်ကထိုင်ခုံကြီးကျလို့။


"ဦးဦးဖေဖေ...သားသားကိုဟိုမုန့်လေးထပ်ကျွေးအုံး......"


"တော်ပြီနော်သား......အချိုတွေအရမ်းမစားရ‌ဘူးလေ သွားပိုးစားလိမ့်မယ်......"


"ဟုတ်ကဲ့...စကားနားထောင်ပါ့မယ်ခင်ဗျ......"


ချက်ချင်းဆိုသလိုခေါင်းလေးညိတ်ကာပြန်ဖြေလာတဲ့သားကိုဒေါက်တာကသဘောတကျနှင့်ပါးကိုဖွဖွလေးလှမ်းဆွဲရှာသည်။ ခပ်ငေးငေးလေးကြည့်ရင်းမှတစ်ဖက်ကလူဆီမသိမသာလှမ်းကြည့်မိတော့ ခေါင်းငုံ့ကာမျက်ရည်စတွေကိုခိုးသုတ်နေသည့်အစ်ကို။ ဒီလိုမြင်ကွင်းကိုမျှော်လင့်ထားတာမဟုတ်ပေမယ့် သဘောတကျပြုံးလိုက်မိတယ်။


နာကျင်ရတယ်မဟုတ်လား......။
ထုတ်ပြောခွင့်မရှိဘဲတခြားတစ်ယောက်နဲ့ကြည်နူးနေတာကိုမြင်ရတာရင်ထဲမှာစို့နင့်နေတယ်မဟုတ်လားအစ်ကို။
ဒီလိုပဲပေါ့...ဝဋ်ဆိုတာလည်တတ်တယ်......မလည်ရင်တောင်ကျွန်တော်ကရအောင်ပြန်လှည့်ပေးမှာ အဟက်!......။


"ကောင်လေး...ကိုယ်ဖုန်းသွားပြောလိုက်အုံးမယ်နော်......"


သဝဏ်အတွေးထဲတွင်နေမျောနေမိရင်းဒေါက်တာ့ဆီကစကားသံကြားမှသာသတိပြန်ကပ်မိသည်။ ပြုံးကာခေါင်းအသာညိတ်ပြလိုက်တော့တစ်ချက်ပြန်ပြုံးပြပြီးဆိုင်အပြင်ဘက်ထွက်သွားတဲ့ဒေါက်တာ။ ဒေါက်တာ့ကိုငေးရင်းကနေသူ့ကိုငေးနေတဲ့တစ်ချက်လူရဲ့အကြည့်တွေကိုမြင်လျှက်နှင့်မမြင်ယောင်ဆောင်ပစ်လိုက်သည်။ ထို့နောက်သားကိုမုန့်ဆက်ခွံ့ကျွေး‌နေလိုက်တော့ခပ်တိုးတိုးခေါ်သံနှင့်အတူစကားစလာတဲ့အစ်ကို။


"ငါ့ကိုမုန်းနေလား......"


"သားရှေ့မှာမလိုအပ်တဲ့စကားတွေမပြောရင်ကောင်းမယ်......"


"ဒါပေမယ့်ငါတောင်းပန်......"


မှိုင်းညှို့စကားဆုံးအောင်မပြောလိုက်ရ ၊ အနားကိုပျာပျာသလဲရောက်လာတဲ့ဒေါက်တာစဝ်ထည်ဝါကြောင့်ပြောမည့်စကားပင်‌အစအနပြတ်သွားခဲ့ရသည်။


"ဘာဖြစ်လာတာလဲဒေါက်တာ...ဘာဖြစ်လို့လဲ......"


စိုးရိမ်တကြီးမေးနေတဲ့သဝဏ်ကြောင့်မှိုင်းညှို့မျက်နှာလွှဲလိုက်မိသည်။ ကိုယ့်ကိုတစ်ချက်တောင်မကြည့်တဲ့သူကအခုတခြားသူနဲ့ကျတော့ပျာပျာသလဲနဲ့မေးမြန်းနေပါရောလား......။


"ကိုယ်တို့အခုသွားမှဖြစ်မယ်ကောင်လေး......"


"ဗျာ...ဘယ်ကိုလဲ......"


"ထူးထက်စေaccidentဖြစ်လို့...အခုကိုယ့်သူငယ်ချင်းရဲ့ဆေးရုံမှာရောက်နေတယ်......"


မလှုပ်မယှက်နှင့်ငြိမ်ကျသွားသည့်သဝဏ်ကခဏအကြာမှထည်ဝါ့လက်ကိုဆုပ်ကိုင်ကာအပြင်ဘက်သို့ဦးတည်သည်။ တစ်စုံတစ်ယောက်ရဲ့အားငယ်သည့်မျက်ဝန်းတွေကိုတော့ ထူးထက်စေအပေါ်စိုးရိမ်စိတ်များနေတဲ့ကောင်လေးကမမြင်ခဲ့ပေမယ့်ထည်ဝါကတော့မြင်ဖြစ်အောင်မြင်မိခဲ့ပါသေးတယ်။



_____________________________________________




("ကိုကိုက...ကျွန်တော့်ကိုသေစေချင်တာလား......")


ကြားယောင်မိတဲ့စကားတစ်ခွန်းနဲ့အတူမြင်‌ယောင်မိတာကမျက်ရည်စတစ်ချို့ဝေ့သီနေတဲ့မျက်ဝန်းတစ်စုံကိုပင်။ စိတ်ထဲမပါဘဲပြောလိုက်မိတဲ့စကားတစ်ခွန်းကချာတိတ်အတွက်တော်တော်လေးစိတ်ထိခိုက်သွားစရာဖြစ်ခဲ့မှာပါပဲ။


"ဟူး......"


မွမ်းကျပ်နေတဲ့စိတ်အစဉ်ကြောင့်သက်ပြင်းသဲ့သဲ့ချကာနံရံကိုမှီထိုင်လိုက်ရင်းမျက်စိစုံမှိတ်ချလိုက်တော့ပူနွေးနွေးမျက်ရည်စတွေကပါးပြင်ပေါ်အလျင်အမြန်ဆင်းသက်သည်။ စူးအောင့်သက်လာတဲ့ဝဲဘက်ရင်အုံကလည်းတစ်စုံတစ်ယောက်ရဲ့နာကျင်မှုအတွက်ပြစ်ဒဏ်ခတ်ခံရတာများလားလေ။


"လင်းလက်......"


ခပ်ကျယ်ကျယ်ခေါ်သံနဲ့အတူပခုံးကိုလာထိတဲ့အထိအတွေ့ကြောင့်မျက်လုံးဖွင့်ကြည့်မိတော့သူ့ကိုစိုးရိမ်တကြီးငေးကြည့်နေတဲ့ထည်ဝါ။


"ထည်ဝါ...ထည်ဝါ မင်းသူ့ကိုကယ်ပေးပါကွာ......မင်းကအင်္ဂလန်မှာအရမ်းတော်တဲ့ဆရာဝန်မဟုတ်လား...မင်းကယ်ပေးရင်ရမှာပါ ကျေးဇူးပြုပြီး......ငါ ငါတောင်းပန်ပါတယ်ကွာ သူ့ကိုကယ်ပေးပါနော်...ငါလေ ငါသူ့ကိုဘာမှမဖြစ်စေချင်ဘူး......ငါတကယ်သူ့ကိုသေစေချင်တာမဟုတ်ရပါဘူးကွာ......"


လက်ကိုဆုပ်ကိုင်ရင်းရှိုက်ငိုကာပြောဆိုနေတဲ့သူငယ်ချင်းဖြစ်သူကိုကြည့်ရင်းထည်ဝါစိတ်မကောင်းဖြစ်မိတာတော့အမှန်။ ရောင်ခြည်လင်းလက်ဆိုတဲ့သူ့သူငယ်ချင်းဖြစ်သူကဘယ်တုန်းကမှလူတစ်ယောက်အတွက်အလဲလဲအပြိုပြိုဖြစ်အောင်အထိခံစားပေးခဲ့ဖူးတာမှမဟုတ်ဘဲ။


"ငါအကောင်းဆုံးကြိုးစားပေးပါ့မယ်...အခုတော့မင်းအရင်စိတ်ထိန်းပါကွာ နော်......"


"အဟက်!......အခုမှကယ်ပေးပါတဲ့လား......"


ရုတ်တရက်ကြားလိုက်ရတဲ့ခနဲ့တဲ့တဲ့အသံကြောင့်ဘေးကိုကြည့်မိတော့နှုတ်ခမ်းထောင့်စွန်းတစ်ဖက်ကိုတွန့်ကွေးကာလက်အသာပိုက်ရင်းခပ်စူးစူးစိုက်ကြည့်နေသည့်သဝဏ်။


"အစကတည်းကဒီလိုမဖြစ်အောင်တားခဲ့ရင်ခင်ဗျားဒီလိုတောင်ပြောနေစရာမလိုဘူး......"


"ကောင်လေး......"


ဒေါက်တာ့ရဲ့တိုးဖွဖွအသံကြောင့်ဆက်မပြောမိပေမယ့်သဝဏ်စိတ်ထဲတော့သိပ်အခဲမကျေမိ။ ကားpackingရဲ့လမ်းတွေကဘယ်လောက်မှလည်းကျယ်လွန်းနေတာမဟုတ်တာကို ဒီလူကတစ်ချက်လေးတောင်လှမ်းဆွဲဖို့မမှီလိုက်ဘူးလား။
တကယ့်ကိုလျစ်လျူရှုထားခဲ့တယ်ဆိုတာအသိအသာကြီးပဲကို......။


"ငါတောင်းပန်ပါတယ်...ငါ့ကြောင့်ပါ......ငါ့ကြောင့်သူအခုလိုဖြစ်ရတာ......"


"ဟား...ခင်ဗျားတို့လိုလူတွေကနောက်ဆုံးတော့ဒီစကားပဲပြောတတ်ကြတာပဲ......"


"ကဲပါ တော်ကြတော့......ငါခွဲစိတ်ခန်းထဲဝင်တော့မယ်...ကောင်လေး လင်းလက်ကိုပိစိလေးဖြစ်ဖြစ်အလျှော့ပေးလိုက်ပါကွာ......နော်......"


ကောင်လေးမျက်နှာလေးကိုခပ်ဖွဖွထိကိုင်ရင်းပြောမိတော့စူပုတ်ပုတ်မျက်နှာထားလေးဖြင့်ခေါင်းညိတ်လာရှာသည်။ လင်းလက်ကစိတ်ထိခိုက်နေတာမို့ခုနကလိုစကားလုံးမျိုးတွေမပြောစေချင်မိတာမှန်ပေမယ့်ကောင်လေးကိုလည်းအတင်းဆူပူသလိုအော်ဟစ်ပြောဆိုလို့မဖြစ်။ ဒီကလေးထူးထက်စေကိုခင်တွယ်တယ်ဆိုတာထုတ်မပြောလာပေမယ့်ထည်ဝါအသိဆုံးပင်။ ပြီးတော့ကောင်လေးကသူခင်တွယ်တဲ့သူတွေသူ့ဘဝထဲကနေထွက်သွားမှာသိပ်ကြောက်တာ။


"ဒါဆိုကိုကိုခဏနေပြန်လာခဲ့မယ်နော်...ကိုကို့ကလေးလေးကဒီမှာပဲလိမ်လိမ်မာမာနဲ့စောင့်နေ ဟုတ်ပြီလား......"


မီးခိုးရောင်ဆံနွယ်စတွေကိုဖိသပ်ပေးရင်းပြုံးကာပြောလိုက်တော့မှကောင်လေးကအနည်းငယ်စိတ်သက်သာရာရသွားဟန်။ ဘေးလူတွေကိုရော လင်းလက်ကိုပါအားနာစိတ်ဝင်မိပေမယ့်လည်းမတတ်နိုင် ၊ ဒီကလေးစိတ်အဆင်ပြေဖို့ကသာအရေးကြီးသည်မဟုတ်လား။











################################


Zawgyi


"ကို..ကိုကို႔ေရွ႕မွာမို႔...ေတာ္ေသးတာေပါ့......မဟုတ္ရင္...ကြၽန္..ကြၽန္ေတာ္ကကိုကို႔စကားနားမေထာင္ဘူးလို႔ထင္...ထင္ေနပါအုံးမယ္......"


ေျပာရင္းႏွင့္ပင္မ်က္ႏွာဆီလက္လွမ္းလာတဲ့ထူးထက္ေစေၾကာင့္လင္းလက္ေၾကာင္အမ္းအမ္းျဖင့္သာေငးၾကည့္ေနမိသည္။ ေသြးစတစ္ခ်ိဳ႕ကပ္ၿငိေနတဲ့လက္ေခ်ာင္းရွည္ေတြကပါးျပင္ေပၚခပ္ေျဖးေျဖးလာထိသည့္အခါေအးစက္မႈနဲ႔အတူေႏြးေထြးသည့္ခံစားခ်က္ကိုပါရလိုက္တယ္။


ဟင့္အင္း...ငါမင္းကို အဲ့ဒီ့လိုရည္႐ြယ္ခဲ့တာမဟုတ္ဘူး။ ငါမင္းကိုဒီလိုမျဖစ္ေစခ်င္ပါဘူး။ မဟုတ္ဘူး......ငါ‌ဆိုလိုခ်င္တာကဒီလိုျဖစ္သြားေစဖို႔မဟုတ္ဘူး။


"ခ်စ္တယ္......"


အမွန္အတိုင္းေျပာရရင္ကြၽန္ေတာ္ဒီ့ထက္ပိုတဲ့စကားေတြကိုေျပာခ်င္တာကိုကို။ ဒါေပမယ့္ကြၽန္ေတာ္အခုအားမရွိေတာ့သလိုပဲ။ အသံကလည္းထြက္မလာေတာ့ဘူး။ ကြၽန္ေတာ္မ်က္လုံးေတြလည္းျပာေနၿပီ။ ဘယ္လိုလုပ္ရမလဲကိုကိုရယ္...ဒီေကာင္ကေနာင္သံသရာအဆက္ဆက္အထိကိုကို႔ပုံရိပ္ေလးကိုသိမ္းဆည္းသြားခ်င္မိတာကိုမွဗ်ာ......။


စကားဆုံးသည္ႏွင့္‌ေဘးကိုပစ္စလတ္ခတ္က်သြားတဲ့လက္တစ္ဖက္ေၾကာင့္လူကေလာကႀကီးတစ္ခုလုံးပင္ခ်ာခ်ာလည္သြားရ၏။ ရင္ခြင္ထဲကေကာင္ေလးကိုၾကည့္မိေတာ့မ်က္စိစုံမွိတ္ကာၿငိမ္သက္ေနတာကတကယ့္ကိုမယုံႏိုင္စရာပါ။
အၿမဲတမ္းကပ္တြယ္ေနတဲ့ခ်ာတိတ္ကေလ...အၿမဲတမ္းအေၾကာင္းအမ်ိဳးမ်ိဳးနဲ႔အနားမွာရွိေနခဲ့တဲ့သူကေလ......ဟင့္အင္း မဟုတ္ဘူး မျဖစ္ရဘူး။


"ထူး...ထူးထက္ေစ......ထူးထက္ေစ ငါေခၚေနတယ္ေလ!!!......"


တစ္ခ်ိန္ကလိုတုံ႔ျပန္မႈရွိမလာတဲ့ခ်ာတိတ္ေၾကာင့္လင္းလက္‌အေတာ္ေလးတုန္လႈပ္ေနမိတာေတာ့အမွန္။ အခုအခ်ိန္မွာေဘးက‌ဆူညံသံေပါင္းစုံကိုေရာ ၊ လူေတြရဲ႕တီးတိုးစကားသံေတြကိုေရာဘာကိုမွသူမၾကားႏိုင္ပါ။ ထူးထက္ေစကိုသာေဆး႐ုံပို႔ဖို႔အေရးႀကီးတာမို႔ ကိုယ့္စိတ္ကိုယ္မနည္းျပန္စုစည္းကာရင္ခြင္ထဲကခႏၶာကိုယ္ေလးကိုေပြ႕ခ်ီလိုက္ေတာ့အရင္ကလိုမဟုတ္ဘဲလွစ္ခနဲပါလာတဲ့ခႏၶာကိုယ္ေလး။ လူတစ္ခ်ိဳ႕ရဲ႕ေဆး႐ုံကားေခၚသံေတြကိုၾကားေပမယ့္လ်စ္လ်ဴရႈကာသာခ်ာတိတ္ကိုကားေပၚတင္ၿပီး‌ကိုယ့္ေဆး႐ုံဆီကိုသာအရွိန္တင္၍ေမာင္းႏွင္လာလိုက္သည္။

မင္းဘာမွမျဖစ္ရဘူးေနာ္ခ်ာတိတ္......အကယ္၍ မင္းသာတစ္ခုခုျဖစ္ရင္...ငါလည္းမင္းနဲ႔အတူလိုက္လာမွာ......။



_____________________________________________



သားကိုမုန႔္ခြံ႕ေကြၽးရင္းအလုပ္ရႈပ္ေနသည့္ေဒါက္တာကသဝဏ့္ကိုတင္မကတစ္ေလာကလုံးကိုပါေမ့ေနသည့္ပုံ။ သားကလည္းသူ႔ေပါင္ေပၚထိုင္ရင္းပါးစပ္ေလးဟကာၿငိမ္ၿငိမ္ေလးထိုင္စားေနပုံကမသိရင္ကိုယ္ကထိုင္ခုံႀကီးက်လို႔။


"ဦးဦးေဖေဖ...သားသားကိုဟိုမုန႔္ေလးထပ္ေကြၽးအုံး......"


"ေတာ္ၿပီေနာ္သား......အခ်ိဳေတြအရမ္းမစားရ‌ဘူးေလ သြားပိုးစားလိမ့္မယ္......"


"ဟုတ္ကဲ့...စကားနားေထာင္ပါ့မယ္ခင္ဗ်......"


ခ်က္ခ်င္းဆိုသလိုေခါင္းေလးညိတ္ကာျပန္ေျဖလာတဲ့သားကိုေဒါက္တာကသေဘာတက်ႏွင့္ပါးကိုဖြဖြေလးလွမ္းဆြဲရွာသည္။ ခပ္ေငးေငးေလးၾကည့္ရင္းမွတစ္ဖက္ကလူဆီမသိမသာလွမ္းၾကည့္မိေတာ့ ေခါင္းငုံ႔ကာမ်က္ရည္စေတြကိုခိုးသုတ္ေနသည့္အစ္ကို။ ဒီလိုျမင္ကြင္းကိုေမွ်ာ္လင့္ထားတာမဟုတ္ေပမယ့္ သေဘာတက်ၿပဳံးလိုက္မိတယ္။


နာက်င္ရတယ္မဟုတ္လား......။
ထုတ္ေျပာခြင့္မရွိဘဲတျခားတစ္ေယာက္နဲ႔ၾကည္ႏူးေနတာကိုျမင္ရတာရင္ထဲမွာစို႔နင့္ေနတယ္မဟုတ္လားအစ္ကို။
ဒီလိုပဲေပါ့...ဝဋ္ဆိုတာလည္တတ္တယ္......မလည္ရင္ေတာင္ကြၽန္ေတာ္ကရေအာင္ျပန္လွည့္ေပးမွာ အဟက္!......။


"ေကာင္ေလး...ကိုယ္ဖုန္းသြားေျပာလိုက္အုံးမယ္ေနာ္......"


သဝဏ္အေတြးထဲတြင္ေနေမ်ာေနမိရင္းေဒါက္တာ့ဆီကစကားသံၾကားမွသာသတိျပန္ကပ္မိသည္။ ၿပဳံးကာေခါင္းအသာညိတ္ျပလိုက္ေတာ့တစ္ခ်က္ျပန္ၿပဳံးျပၿပီးဆိုင္အျပင္ဘက္ထြက္သြားတဲ့ေဒါက္တာ။ ေဒါက္တာ့ကိုေငးရင္းကေနသူ႔ကိုေငးေနတဲ့တစ္ခ်က္လူရဲ႕အၾကည့္ေတြကိုျမင္လွ်က္ႏွင့္မျမင္ေယာင္ေဆာင္ပစ္လိုက္သည္။ ထို႔ေနာက္သားကိုမုန႔္ဆက္ခြံ႕ေကြၽး‌ေနလိုက္ေတာ့ခပ္တိုးတိုးေခၚသံႏွင့္အတူစကားစလာတဲ့အစ္ကို။


"ငါ့ကိုမုန္းေနလား......"


"သားေရွ႕မွာမလိုအပ္တဲ့စကားေတြမေျပာရင္ေကာင္းမယ္......"


"ဒါေပမယ့္ငါေတာင္းပန္......"


မႈိင္းညႇိဳ႕စကားဆုံးေအာင္မေျပာလိုက္ရ ၊ အနားကိုပ်ာပ်ာသလဲေရာက္လာတဲ့ေဒါက္တာစဝ္ထည္ဝါေၾကာင့္ေျပာမည့္စကားပင္‌အစအနျပတ္သြားခဲ့ရသည္။


"ဘာျဖစ္လာတာလဲေဒါက္တာ...ဘာျဖစ္လို႔လဲ......"


စိုးရိမ္တႀကီးေမးေနတဲ့သဝဏ္ေၾကာင့္မႈိင္းညႇိဳ႕မ်က္ႏွာလႊဲလိုက္မိသည္။ ကိုယ့္ကိုတစ္ခ်က္ေတာင္မၾကည့္တဲ့သူကအခုတျခားသူနဲ႔က်ေတာ့ပ်ာပ်ာသလဲနဲ႔ေမးျမန္းေနပါေရာလား......။


"ကိုယ္တို႔အခုသြားမွျဖစ္မယ္ေကာင္ေလး......"


"ဗ်ာ...ဘယ္ကိုလဲ......"


"ထူးထက္ေစaccidentျဖစ္လို႔...အခုကိုယ့္သူငယ္ခ်င္းရဲ႕ေဆး႐ုံမွာေရာက္ေနတယ္......"


မလႈပ္မယွက္ႏွင့္ၿငိမ္က်သြားသည့္သဝဏ္ကခဏအၾကာမွထည္ဝါ့လက္ကိုဆုပ္ကိုင္ကာအျပင္ဘက္သို႔ဦးတည္သည္။ တစ္စုံတစ္ေယာက္ရဲ႕အားငယ္သည့္မ်က္ဝန္းေတြကိုေတာ့ ထူးထက္ေစအေပၚစိုးရိမ္စိတ္မ်ားေနတဲ့ေကာင္ေလးကမျမင္ခဲ့ေပမယ့္ထည္ဝါကေတာ့ျမင္ျဖစ္ေအာင္ျမင္မိခဲ့ပါေသးတယ္။



_____________________________________________




("ကိုကိုက...ကြၽန္ေတာ့္ကိုေသေစခ်င္တာလား......")


ၾကားေယာင္မိတဲ့စကားတစ္ခြန္းနဲ႔အတူျမင္‌ေယာင္မိတာကမ်က္ရည္စတစ္ခ်ိဳ႕ေဝ့သီေနတဲ့မ်က္ဝန္းတစ္စုံကိုပင္။ စိတ္ထဲမပါဘဲေျပာလိုက္မိတဲ့စကားတစ္ခြန္းကခ်ာတိတ္အတြက္ေတာ္ေတာ္ေလးစိတ္ထိခိုက္သြားစရာျဖစ္ခဲ့မွာပါပဲ။


"ဟူး......"


မြမ္းက်ပ္ေနတဲ့စိတ္အစဥ္ေၾကာင့္သက္ျပင္းသဲ့သဲ့ခ်ကာနံရံကိုမွီထိုင္လိုက္ရင္းမ်က္စိစုံမွိတ္ခ်လိုက္ေတာ့ပူေႏြးေႏြးမ်က္ရည္စေတြကပါးျပင္ေပၚအလ်င္အျမန္ဆင္းသက္သည္။ စူးေအာင့္သက္လာတဲ့ဝဲဘက္ရင္အုံကလည္းတစ္စုံတစ္ေယာက္ရဲ႕နာက်င္မႈအတြက္ျပစ္ဒဏ္ခတ္ခံရတာမ်ားလားေလ။


"လင္းလက္......"


ခပ္က်ယ္က်ယ္ေခၚသံနဲ႔အတူပခုံးကိုလာထိတဲ့အထိအေတြ႕ေၾကာင့္မ်က္လုံးဖြင့္ၾကည့္မိေတာ့သူ႔ကိုစိုးရိမ္တႀကီးေငးၾကည့္ေနတဲ့ထည္ဝါ။


"ထည္ဝါ...ထည္ဝါ မင္းသူ႔ကိုကယ္ေပးပါကြာ......မင္းကအဂၤလန္မွာအရမ္းေတာ္တဲ့ဆရာဝန္မဟုတ္လား...မင္းကယ္ေပးရင္ရမွာပါ ေက်းဇူးျပဳၿပီး......ငါ ငါေတာင္းပန္ပါတယ္ကြာ သူ႔ကိုကယ္ေပးပါေနာ္...ငါေလ ငါသူ႔ကိုဘာမွမျဖစ္ေစခ်င္ဘူး......ငါတကယ္သူ႔ကိုေသေစခ်င္တာမဟုတ္ရပါဘူးကြာ......"


လက္ကိုဆုပ္ကိုင္ရင္းရႈိက္ငိုကာေျပာဆိုေနတဲ့သူငယ္ခ်င္းျဖစ္သူကိုၾကည့္ရင္းထည္ဝါစိတ္မေကာင္းျဖစ္မိတာေတာ့အမွန္။ ေရာင္ျခည္လင္းလက္ဆိုတဲ့သူ႔သူငယ္ခ်င္းျဖစ္သူကဘယ္တုန္းကမွလူတစ္ေယာက္အတြက္အလဲလဲအၿပိဳၿပိဳျဖစ္ေအာင္အထိခံစားေပးခဲ့ဖူးတာမွမဟုတ္ဘဲ။


"ငါအေကာင္းဆုံးႀကိဳးစားေပးပါ့မယ္...အခုေတာ့မင္းအရင္စိတ္ထိန္းပါကြာ ေနာ္......"


"အဟက္!......အခုမွကယ္ေပးပါတဲ့လား......"


႐ုတ္တရက္ၾကားလိုက္ရတဲ့ခနဲ႔တဲ့တဲ့အသံေၾကာင့္ေဘးကိုၾကည့္မိေတာ့ႏႈတ္ခမ္းေထာင့္စြန္းတစ္ဖက္ကိုတြန႔္ေကြးကာလက္အသာပိုက္ရင္းခပ္စူးစူးစိုက္ၾကည့္ေနသည့္သဝဏ္။


"အစကတည္းကဒီလိုမျဖစ္ေအာင္တားခဲ့ရင္ခင္ဗ်ားဒီလိုေတာင္ေျပာေနစရာမလိုဘူး......"


"ေကာင္ေလး......"


ေဒါက္တာ့ရဲ႕တိုးဖြဖြအသံေၾကာင့္ဆက္မေျပာမိေပမယ့္သဝဏ္စိတ္ထဲေတာ့သိပ္အခဲမေက်မိ။ ကားpackingရဲ႕လမ္းေတြကဘယ္ေလာက္မွလည္းက်ယ္လြန္းေနတာမဟုတ္တာကို ဒီလူကတစ္ခ်က္ေလးေတာင္လွမ္းဆြဲဖို႔မမွီလိုက္ဘူးလား။
တကယ့္ကိုလ်စ္လ်ဴရႈထားခဲ့တယ္ဆိုတာအသိအသာႀကီးပဲကို......။


"ငါေတာင္းပန္ပါတယ္...ငါ့ေၾကာင့္ပါ......ငါ့ေၾကာင့္သူအခုလိုျဖစ္ရတာ......"


"ဟား...ခင္ဗ်ားတို႔လိုလူေတြကေနာက္ဆုံးေတာ့ဒီစကားပဲေျပာတတ္ၾကတာပဲ......"


"ကဲပါ ေတာ္ၾကေတာ့......ငါခြဲစိတ္ခန္းထဲဝင္ေတာ့မယ္...ေကာင္ေလး လင္းလက္ကိုပိစိေလးျဖစ္ျဖစ္အေလွ်ာ့ေပးလိုက္ပါကြာ......ေနာ္......"


ေကာင္ေလးမ်က္ႏွာေလးကိုခပ္ဖြဖြထိကိုင္ရင္းေျပာမိေတာ့စူပုတ္ပုတ္မ်က္ႏွာထားေလးျဖင့္ေခါင္းညိတ္လာရွာသည္။ လင္းလက္ကစိတ္ထိခိုက္ေနတာမို႔ခုနကလိုစကားလုံးမ်ိဳးေတြမေျပာေစခ်င္မိတာမွန္ေပမယ့္ေကာင္ေလးကိုလည္းအတင္းဆူပူသလိုေအာ္ဟစ္ေျပာဆိုလို႔မျဖစ္။ ဒီကေလးထူးထက္ေစကိုခင္တြယ္တယ္ဆိုတာထုတ္မေျပာလာေပမယ့္ထည္ဝါအသိဆုံးပင္။ ၿပီးေတာ့ေကာင္ေလးကသူခင္တြယ္တဲ့သူေတြသူ႔ဘဝထဲကေနထြက္သြားမွာသိပ္ေၾကာက္တာ။


"ဒါဆိုကိုကိုခဏေနျပန္လာခဲ့မယ္ေနာ္...ကိုကို႔ကေလးေလးကဒီမွာပဲလိမ္လိမ္မာမာနဲ႔ေစာင့္ေန ဟုတ္ၿပီလား......"


မီးခိုးေရာင္ဆံႏြယ္စေတြကိုဖိသပ္ေပးရင္းၿပဳံးကာေျပာလိုက္ေတာ့မွေကာင္ေလးကအနည္းငယ္စိတ္သက္သာရာရသြားဟန္။ ေဘးလူေတြကိုေရာ လင္းလက္ကိုပါအားနာစိတ္ဝင္မိေပမယ့္လည္းမတတ္ႏိုင္ ၊ ဒီကေလးစိတ္အဆင္ေျပဖို႔ကသာအေရးႀကီးသည္မဟုတ္လား။











################################

Continue Reading

You'll Also Like

686K 1.1K 22
Smexy One shots😘 Got deleted twice 3rd times a charm🤦🏻‍♀️😭
65.5K 3.1K 30
Cover artist - Yeik Mine Za Min Yaung+Pone Yeik Che Hnaug မိုင်းဇမင်းရောင်+ပုံရိပ်ချည်နှောင်
268K 40.4K 103
ပြန်သူမရှိတော့ဘူးဆိုလို့ ယူပြန်လိုက်ပြီ ဟီးဟီး ဖတ်ပေးကြပါဦး
34.5K 1.3K 31
ပထမဆုံးအကောင်အထည်ဖော်ဖြစ်တဲ့ 5နှစ်ကွာတဲ့ blအတွဲလေးပါ။ ပေါ့ပေါ့ပါးပါးနဲ့ relax ဖြစ်စေဖို့ကိုပဲ ဦးတည်ရေးဖြစ်မှာမို့ drama အရမ်းမပါပါဘူးနော်။ cover ပုံက...