''ဝိုင် တစ် ခွက်ပေးပါ သူ့ကိုမေ့နိုင်ခြင်းနဲ့စပ်ပေးနော် ရီဝေဝေလေးပေါ့''
Taeက bar ရဲ့ကောင်တာကိုမှီကာ ခပ်ဆွေးဆွေးမျက်နှာထားဖြင့် မေ့လျော့ခြင်းဝိုင်တစ်ခွက်အား အမှာပြုနေသည်။
ချစ်ခဲ့လေခြင်းအစဟာ Jeonဆိုရင်
လွမ်းဆွေးခြင်းရဲ့အဆုံးဟာလည်း Jeonပါပဲ
မေ့လျော့ဖို့အတွက် မူးယစ်စေတဲ့ ဝိုင်တွေကို နေ့စဥ်မပျက်သုံးဆောင်လာပါသော်လည်း ပိုသတိရစေခြင်းတွေကအနာတရတွေပါပဲ။
မေ့နိုင်ခြင်းတွေရောစပ်ပါဆိုကာမှ တမ်းတခြင်းတွေနဲ့မှားပီးစပ်ခဲ့လေသလား Waiter မင်းသိပ်ရက်စက်တာပဲကွာ....။
မူးခါစလေးရှိပါသေးသည် အလိုက်မသိဝင်လာတဲ့ဖုန်းCallလေးတစ်ခုကြောင့် အရှိန်တက်နေရင်းမှပင် ကိုင်လိုက်မိသည်။
''Tae မင်း ဘယ်မှာလဲ ''
''ငါ...Barမှာ''
''မင်းကိုဂရုမစိူက်မိတာနဲ့ပဲ ညဘက်တွေအပြင်သိပ်ထွက်နေတယ်နော် ငါမပြောချင်ဘူး ''
Jeonဘက်က ငြိုငြင်သလား ဆူသလား မမည်တဲ့အသံတစ်ချို့ကြောင့် ဝိုင်ခွက်မော့နေရင်းမှပင်ပြုံးမိသေးသည်။အချစ်ကဆန်းကြယ်လိုက်တာ။မေ့ပစ်ဖို့ကြိုးစားကာမှပင် နာနာကျင်ကျင် မျောပါမိတုန်း...။
''ငါလာကြိုမယ် စောင့်နေ''
တစ်ဖက်မှTaeသည် မူးပုံပေါ်နေတာကြောင့် ဖုန်းကိုခပ်မြန်မြန်ချကာ ကားသော့ဆွဲရင်းထတော့ ရှေ့တည့်တည့်ကအရုပ်ကလေးသည် မျက်ဝန်းမှေးမှေးလေးတွေဖြင့်စိုက်ကြည့်လာသည်။
''မောင် ပြန်လာခဲ့မယ် ကိုကို''
''ကြာမှာလား နောက်ကျနေပြီဆိုတော့လေ''
''မကြာဘူး ခဏပဲ ''
အပြေးထွက်သွားသူအားကြည့်ကာ စားသောက်ဆိုင်အလယ်ဝိုင်းတွင်တစ်ယောက်ထဲ ကျန်ခဲ့လေသည်။
အိမ်မှာထမင်းစားရတာအဆင်မပြေဟုဂျစ်ဆွဲလာသူကြောင့် ညမိုးချုပ်လည်းကြောက်လန့်နေရင်းမှပင်အဖော်ပြုကာလိုက်လာပေးပါသော်လည်း ထိုသူကတော့ ထားခဲ့ချေသည်။
လူသွားလူလာတဖြေးဖြေး ရှင်းသွားသော လမ်းမထပ်ကိုငေးကြည့်ရင်း နာရီလက်တံသည်လည်းတရွေ့ရွေ့ဖြတ်သန်းနေတော့သည်။
သူ့စိတ်နဲ့သူသာဆို တက္ကစီငှားကာ ပြန်ရန်ရပါသော်လည်း လူဆိုးကောင်က အိမ်ထိလာပြဿနာရှာမှာလည်းကြောက်ရသေးသည်။
ဆိုင်ထဲလူရှင်းသွားပီဖြစ်ကာ သူတစ်ယောက်ထဲ ကျန်ခဲ့တော့သည်။ အချိန်အားဖြင့် ညဆယ်နာရီပတ်ဝန်းကျင်။
ဆိုင်ပိတ်ချိန်ရောက်သည်ထင်ပါသည်။
ဆိုင်မှဝန်ထမ်းကလေးများ ကိုယ်စီကိုယ်စီအလုပ်ရှုပ်လာကြသည်။
မှန်တံခါးများပိတ်သူကပိတ်။
စားပွဲရွှေ့သူကရွှေ့နှင့်အသီးသီး ရှိကြသည်။
ကျောက်ရုပ်ပမာထိုင်နေသူကသူတစ်ယောက်တည်း။
''အကို...ဆိုင်ပိတ်တော့မှာမို့...အားတော့နာပါတယ်ရှင့်''
ဝန်ထမ်းကောင်မလေး၏အပြောကြောင့် စားပွဲပေါ် မှ ပိုက်ဆံအိတ်ကိုကောက်ကာ စကားတစ်ခွန်းမှပင်မဆိုမိပဲ ထွက်လာခဲ့လိုက်သည်။
ဆိုင်အပြင်ရောက်တော့ ဖျန်းခနဲလေပြေအေးများက သူ့ခန္ဓာကိုယ်ကို ဖြတ်တိုက်သွားတော့ စိမ့်ခနဲအေးသွားသည်။
လက်ရှည်ပါးပါးလေးကိုသာ အလွယ်တကူ ဝတ်ဆင်ခဲ့တာမို့ ညဦးပိုင်းလေအေးအေးရဲဲ့ဒဏ်ကိုသူမခံနိုင်။
အေးစိမ့်လွန်းလှပါသည်။
ဆိုင်ရဲ့နံဘေးနားက ခုံတန်းလေးမှာထိုင်ရင်း သူစောင့်မိနေသည်။
သေချာလာမှဖြစ်မှာပါ.... မဟုတ်ရင် ဒီလိုပုံစံနဲ့ သူရပ်တည်၍ရမည်မဟုတ်ပါ။
''Taeကိုယ် ဒီနားထိပဲ ပြန်ပို့ပေးမယ်နော် ဆိုင်မှာကိုကိုတစ်ယောက်ထဲ ကျန်ခဲ့လို့''
''ကိုကိုဆိုတာက''
''Jiminလေ Taeရာ ''
''မသွားလို့မရဘူးလား''
''မရစ်ပါနဲ့Taeရယ် အိမ်ကရှေ့ဆိုရောက်ပီ ကိုယ်ကားပြန်ကွေ့ဖို့အဆင်မပြေလောက်ဘူး ဒီကကြည့်နေပေးမယ်''
''Jeon''
''ဟင်''
ကားမီးမှိန်မှိန်ရဲ့အောက်မှာ Taeဟာ တောက်ပတဲ့မျက်ဝန်းတစ်စုံနှင့် အကြည့်တို့စူးရှလွန်းလှသည်။
''ပြောစရာရှိရင်နောက်မှပြော ဟိုမှာ တစ်ယောက် ထဲ ဆိုင်ကဝေးတယ်Taeရာ ကိုယ်ဟိုရောက်ဖို့ကြာဦးမှာ''
ဖွင့်ဟခွင့်တောင်မရခဲ့တဲ့နှုတ်ခမ်းတစ်စုံဟာ အလိုလိုပဲ ပြန်ပိတ်သွားခဲ့သည်။
ခေါင်းလေးညိတ်ပြရုံသာ တတ်နိုင်ခဲ့ပီး ကားတံခါးလေးဖွင့်ကာ အသာတကြည်ဆင်းပေးလိုက်ရသည်။
Jeonဟာ သူနဲ့အတူရှိနေပါသော်လည်း စိတ်အာရုံအထွေထွေသည်Park Jiminဆီမှာသာ။
လက်ပြနှုတ်ဆက်ကာ ထွက်လာခဲ့လိုက်သည်။
ဝိုင်ရဲ့အရှိန်တွေဟာ ယစ်မူးမနေတော့ပဲ Jeonအသိစိတ်ကတခြားတစ်ယောက်ဆီမှာဆိုတာသိလိုက်ရတာကြောင့် ပြေလျော့ခဲ့ရပြန်သည်။
မေ့ဖို့ဖြစ်နိုင်ပါ့မလား....။
နီးစပ်ဖို့ရော ပိုလို့တောင်မလွယ်ကူခဲ့ချေ။
သန်းခေါင်ယံအချိန်သို့တဖြည်းဖြည်းနီးကပ်လာသည်နှင့်အမျှတုန်ယင်လာတဲ့လက်တစ်စုံသည် အေးနေသည့်ကြားကပင်ပိုအေးစက်လာသည်။
မှိတ်တုတ်မှိတ်တုတ်ဖြစ်လာသောလမ်းမီးတိုင်တွေက အလုံးစုံမှိတ်ကျသွားတော့သည်။
''ဟာ...မီးပျက်သွားပီ ''
နှုတ်ခမ်းလေးလှုပ်ရုံသာရေရွတ်လိုက်ခြင်း။
အမှောင်ထုကြီးစိုးသွားတဲ့လောကမှာ လမ်းဘေးတစ်နေရာဝယ် သူဟာ တစ်ယောက်တည်း။
မဖြစ်ချင်ခဲ့ မမက်ချင်ခဲ့သော အိပ်မက်ဆိုးတွေလို မွန်းကြပ်လာရသည်။
တသိမ့်သိမ့်တုန်လာသော ရင်ခွင်ကို လက်ကလေးဖြင့်ဖိရင်း ကိုးကွယ်ရာ ဘာသာကို အားကိုးအားထားပြုရတော့သည်။
တစ်ယောက်တည်းရှိနေရခြင်းတွေကိုမုန်းပါသည်။
မီးပျက်ရခြင်းတွေကိုသိပ်မုန်းပါသည်။
မီးပျက်ရခြင်းညတွေမှာတစ်ယောက်တည်းရှိနေခြင်းကိုပိုမုန်းလှပါသည်။
Hyungဆီကိုဖုန်းစက်ရန်သတိရပါသော်လည်း လှုပ်မလာသောလက်တွေနှင့်ရွှေ့မရတော့သော ခန္ဓာကိုယ်။
တဖြည်းဖြည်းအေးစက်လာတာကိုရိပ်မိပေမယ့်လည်း လှုပ်မရအောင်ကျင်ရသည်အထိက ပိုမွန်းကြပ်ရပါသည်။
လှုပ်နိုင်အောင်ကြိုးစားရင်းမှ ရုတ်တရက်အသက်ရှူခက်လာသည်။
သူ အေးစက်ပြီး သေ သွားမှာတော့ မဟုတ်လောက်ပါဘူးနော်။
ထားခဲ့သူကိုသွားသတိရမိနေပါသေးသည်။
ပြန်လာမှာဟုယုံကြည်သော သူ့ကိုယ်သူလည်းမုန်းမိပြန်သည်။
အိမ်ပြန်လာတာစောင့်နေမည်ဖြစ်သောHyungမျက်နှာကိုပြန်မြင်ယောင်လာတော့ပိုဝမ်းနည်းလာခဲ့သည်။
မျက်ရည်စတွေက တစ်စတစ်စမှတဆင့် တသွင်သွင်စီးဆင်းလာတော့သည်။
သိပ်ကြောက်တယ်...Hyungရယ်....။
ကားမောင်းနေရင်းမှ ပိတ်ကျသွားသော လမ်းမီးတိုင်တွေစီသတိထားမိသည်။
ဆိုင်လည်းဒီအချိန်ဆိုပိတ်လောက်ရောပေါ့။
အမှောင်ထုကြားကနေ ကားကို ဂရုစိုက်မောင်းရင်း ကိုကိုရှိရာ ဆိုင်လေးသို့ ။
ဆိုင်လေးက မီးတွေပိတ်ထားကာ Closedဆိုတဲ့စာတန်းလေးပင်ချိတ်ဆွဲထားလေပြီ။
ဒါဆိုကိုကိုကရော။ပြန်သွားတာများလား...
ကားထဲမှဖုန်းကိုယူကာ ကိုကို့ဆီဆက်တော့ နားထဲ ခပ်သဲ့သဲ့ကြားလိုက်ရသော ဖုန်းမြည်သံလေးနှင့်အရှေ့မှမီးမှိန်မှိန်လေး။
ကားမီးထိုးကြည့်လိုက်တော့ ခုံတန်းလေးအောက်မှခွေကျနေသော လူတစ်ယောက်။
ကိုကိုများလား....။
ခေါ်ဆိုထားသော ဖုန်းကိုမချသေးပဲ ရှေ့မှလဲကျနေသော သူဆီသို့ ကိုကိုမဖြစ်စေရန်ဆုတောင်းပီးသွားပါသော်လည်း....
မြင်လိုက်ရတဲ့ မျက်နှာလှလှလေးက သွေးရောင်မရှိတော့သည့်အလားဖြူစုပ်နေသည်။
ကိုင်ထားသော ဖုန်းကိုလွှတ်ချကာ ကိုကို့အားပွေ့ချီလိုက်သည်။
အေးစက်တောင့်တင်းနေသော ခန္ဓာကိုယ်ငယ်လေး။
သူ့ကိုယ်ပေါ်မှ အနွေးထည်ကိုချွတ်ကာ ကိုကို့အားလွှမ်းခြုံပေးလိုက်သည်။
ကားထဲပွေ့ချီကာ အသာယာလှုပ်နှိုးကြည့်မိတော့ ကိုကို့ဆီမှ ဘာမှတုံ့ပြန်မလာခဲ့။
သူ့လက်နှစ်ဖက်အားပွတ်တိုက်ကာအနွေးဓာတ်ရအောင်ယူပီး ကိုကို့ပါးလေးအားကပ်ကာအပူပေးရသည်။
ကားမှHeaterကိုလည်းအမြင့်ဆုံးထားကာ သူကတော့ချွေးပျံနေပြီး ကိုကိုကတော့ လက်ကလေးတွေနွေးလာသလိုခံစားရသည်။
သူထွေးပွေ့ထားလိုက်သည်။
အတတ်နိုင်ဆုံးရင်ငွေ့နွေးနွေးပေးခဲ့ပေမယ့်ကိုကိုဟာသတိပြန်လည်မလာခဲ့။
ထိုအချိန် လမ်းမီးတိုင်များ ပြန်လင်းလာခဲ့သည်။
သူလည်းသတိရကာ နီးစပ်ရာဆေးရုံသို့ ကားကိုမိုင်ကုန်မောင်းနှင်ခဲ့တော့သည်။
အရေးပေါ်ကားများအားလုံးကိုကျော်တက်ကာမောင်းလာသော ပြိုင်ကားအနီရဲရဲလေးသည် ဆေးရုံဝန်းထဲဝယ်ထင်းနေသည်။
လူနာကြိုနေသည်သူများအားလည်းဂရုမစိုက်နိုင်တော့ပဲ သတိမေ့နေသူအား ပွေ့ချီကာ အရေးပေါ်အခန်းရှိရာသို့ပြေးလာခဲ့သည်။
''Uncle Jeonရော Dr Jeonရောလို့...ခင်များတို့ကိုမေးနေတယ်လေ''
''Drကခွဲစိပ်ခန်းဝင်နေပါတယ်ဒီကလူကြီးမင်းက''
''ငါ သူ့တူ ငါ့ကောင်လေး သတိလစ်လာတယ် အရင်ကယ်ပေး မဟုတ်ရင် ဆေးရုံတစ်ခုလုံးမီးရှို့ပစ်မယ်''
ရင်ခွင်ထဲမှအကောင်ပေါက်လေးအားပွေ့ကာ ဆေးရုံထဲသောင်းကျန်းနေသူသည်ဒေါသဟုန်းဟုန်းတောက်လောင်လျက်။
ဆေးရုံအုပ်ရဲ့တူက အကူညီတောင်းလာသည်ကတကြောင်း ဆေးရုံမီးလောင်မှာ ကြောက်ရသည်က တစ်ကြောင်းမို့ လုပ်လက်စအလုပ်များပစ်ချကာ ဆရာဝန်တွေ သူနာပြုတွေအကုန် အလုပ်ရှုပ်ကုန်ကြသည်။
အရေးပေါ်Roomထဲကို ပွေ့လျက်သား သူပါ လိုက်လာသည်မို့ အတင်းချော့ကာ အပြင်ဆွဲထုတ်ရသေးသည်။
သူက သတိရလာတာ ကြည့်ချင်ပါတယ်တဲ့လေ။
မှန်ပြတင်းကနေတဆင့် ကိုကို့အသက်အားကယ်တင်နေသူတွေကိုမြင်ရသော်လည်း သူအားမရခဲ့။
နောက်ဆုံးစိတ်မထိန်းနိုင်ကာတံခါးအားကန်ကာ ဝင်လာခဲ့မိသည်။
''ခင်များတို့ဘယ်လိုလုပ်ရလဲ ပြော ကျုပ်ကိုယ်တိုင်လုပ်မယ်''
''ဒါပေမယ့်''
''စကားတွေရစ်မနေနဲ့ ပြောသာပြော''
''ဟုတ်''
သတိပြန်လည်လာနည်းကိုဘေးကနေတတွတ်တွတ်ပြောနေသော ဆရာဝန်ရဲ့စကားကိုသေချာနားထောင်ကာ သူဂရုတစိုက်ပြုလုပ်ပေးခဲ့သည်။
ရင်ဘက်အစုံသည် သူ့ရဲ့လက်ဖဝါးအောက်မှာ နိမ့်လိုက်မြင့်လိုက်ဖြင့်။
သတိပြန်လည်အောင်လုပ်နေရင်းမှသတိမေ့ချင်လာသည်။
အရမ်းကြီးဆွဲဆောင်မနေပါနဲ့ကိုကိုရယ်။
သူကြိုးစားပန်စားပြုလုပ်ခဲ့တကျိုးရလာဒ်သည်နောက်ဆုံးတော့....။
''သတိရလာပြီ.... တော်ပါတော့''
သူနာပြုမလေးက သူ့လက်ကိုတားကာ အသံကျယ်ကျယ်ဖြင့်ပြောသည်။
''ကိုကို...ကိုကို သတိရလာပြီ....မောင် တောင်းပန်ပါတယ် မောင့်ကြောင့်ကိုကိုအခုလိုအေးစက်သွားရတာ''
20.8.2023🤍