160 01
အပိုင်း ၁၆၀
"ပေါက်ကရတွေ"
မော့ရုန်ရီက နှာခေါင်းရှုံ့ကာ နားကြားမှားသည်ဟု ထင်သွားသည်။
"ဒါဆိုရင် မင်းသားငယ် ဝမ်းဗိုက်ကို ဖိကြည့်ပြီး ခံစားကြည့်ပါ။ အောင့်တာမျိုး ရှိပါသလား"
ယဲ့ကျန်းက မော့ရုန်ရီ၏ ဝမ်းဗိုက်ကို ညွှန်ပြလိုက်သည်။ အနည်းငယ် တုံ့ဆိုင်းမှုနှင့်အတူ မော့ရုန်ရီဟာ ညွှန်ပြသည့်နေရာသို့ ဖိကြည့်လိုက်သည်။ ကြည့်ရသည်မှာ ထိုနေရာတွင် ခပ်မာမာ ဖုနေသည့် တစ်စုံတစ်ရာ ရှိနေလောက်လေသည်။ သို့ရာတွင် ဆားမှုန်များလောက် သေးငယ်လွန်းလှလေရာ သိသိသာသာ ခံစားမိခြင်းလည်း မရှိပေ။
သူ၏နှုတ်ခမ်းက အနည်းငယ် မဲ့သွားသည်။
"ပျင်းစရာ ကောင်းလိုက်တာ"
"မင်းသားငယ်က ဒီသခင်မလေးကို မယုံတာပါလား"
"တိုက်ဆိုင်တာလည်း ဖြစ်နိုင်တာပဲလေ"
မော့ရုန်ရီက ခိုင်မြဲစွာ ပြောသည်။
"ဒါဆိုရင်လည်း မင်းသားငယ်ကို ထပ်ပြီး မနှောင့်ယှက်တော့ပါဘူး"
ယဲ့ကျန်းက လက်ဝေ့ယမ်းလိုက်သည်။
"မင်းသားငယ် ဆေးတွေ အားလုံး သောက်ပြီးသွားပြီ။ ဒီတော့ မယ်တော်ကြီးဆီကို သွားဖို့ လိုအပ်ပါတယ်။ ကျေးဇူးပြုပြီး ဒီသခင်မလေးကို ခွင့်ပြုပါအုံး"
မော့ရုန်ရီက သတိလက်လွတ်ဖြင့် ဝမ်းဗိုက်ကို ထပ်ဖိထားပြီးနောက် ကျန်သည့်လက်ဖြင့် လက်ရမ်းပြလိုက်သည်။
"မင်းသွားလို့ ရပြီ"
ယဲ့ကျန်းက သူမအသင့်ဖော်စပ်ထားသော ဆေးကို သူ့အား ပေးချင်ခဲ့သည်။ ထိုဆေးလုံးသည် ခန္ဓာကိုယ်ကို အားဖြည့်စေခြင်းသာ လုပ်ပေးနိုင်သော်လည်း လင်းချွမ်တစ်စက် ထပ်ထည့်ထားခဲ့သည့်အတွက် သူ၏ဒဏ်ရာကို အပြည့်အဝ မကုသနိုင်သည့်တိုင်အောင် သူ၏နာကျင်မှုကို သက်သာစေနိုင်လောက်လေသည်။ နောက်ပိုင်းတွင် သူက မှန်ကန်သည့်ဆေးနှင့် ကြုံတွေ့ရပေလိမ့်မည်။ သို့ရာတွင် ထိုမင်းသားငယ်က ခေါင်းမာလွန်းသည်။ သူမက သူ့အား ဆေးပေးလိုက်နိုင်သည့်တိုင်အောင် သူက မသောက်မည်မှာ သေချာနေသည်။ ထိုသို့ဆိုလျှင် အလကား ဖြစ်သွားပေလိမ့်မည်။
ယဲ့ကျန်းက မင်းသားငယ်၏ အဆောင်တော်မှ ထွက်လာသောအခါ မော့ရုန်ရီက အပြင်သို့ ထွက်ပြီး သူ၏ဝမ်းကွဲ လျိုဟွားက ငွေပြားများ ပြန်ပေးရန်အတွက် ယဲ့ကျန်း ပြောသော နည်းလမ်းအတိုင်း လုပ်ရန် ပြင်ဆင်လိုက်သည်။ ရုတ်တရက် သူ၏မိန်းမစိုးဖူပင်းက အခန်းထဲသို့ အလောတကြီး ဝင်လာပြီး ပြောသည်။
"မင်းသားငယ် တော်ဝင်မင်းသမီးနဲ့ သမီးတော်လျိုဟွားတို့က တော်ဝင်နန်းတော်ထဲကို ဝင်လာပါတယ်"
မော့ရုန်ရီ၏ မျက်လုံးက တောက်ပသွားသည်။
"တကယ်လား"
"သူတို့အားလုံးက အခု စစ်နင်နန်းဆောင်ကို သွားနေကြပါတယ်။ ကျွန်တော် သူတို့ကို တွေ့တော့ ဒီကို အပြေးအလွှားလာပြီး လျှောက်တင်တာပါ"
ဖူပင်းက ဂုဏ်ယူစွာ ပြုံးလိုက်သည်။
"အချိန်ကိုက်ပဲ။ ဒီမင်းသားကလည်း လျိုဟွားကို ရှာနေတာ"
မော့ရုန်ရီက ရယ်ရင်းနောက်မှ စိတ်ထဲသို့ အတွေးတစ်ခုက ဝင်ရောက်လာသည်။ ထို့နောက် ဖူပင်းကို ကြည့်လိုက်သည်။
160 02
"မိန်းကလေးလုက အခုလေးတင် ထွက်သွားတာ ဆိုတော့ သူတို့နဲ့ မတွေ့လောက်ပါဘူးနော်။ သူတို့ကသာ လုယောင်ယောင်ကို တွေ့သွားရင် ဒီနှစ်ယောက်က တစ်ခုခု လုပ်လိမ့်မယ်"
ယဲ့ကျန်းက စစ်နင်နန်းတော်သို့ ပြန်ရာလမ်းတွင် တော်ဝင်မင်းသမီးနှင့် မင်းသမီးလျိုဟွားတို့နှင့် တိုးတော့သည်။
"ရပ်လိုက်စမ်း မိန်းကလေး လုယောင်ယောင်"
မော့ရုန်ရီက အော်ဟစ်ပြီး အပြေးထွက်လာသည်။
ရန်သူများသည် လမ်းတွင် ဆုံတွေ့တတ်သည်ဟူသည့် ဆိုရိုးစကားရှိသေးသည်။ ယဲ့ကျန်းဟာလည်း တော်ဝင်မင်းသမီး၊ မင်းသမီးလျိုဟွားတို့နှင့် တွေ့ရမည်ဟု မထင်ထားမိပေ။ ကောလာဟလအရ တော်ဝင်မင်းသမီးက ခေါင်းမာပြီး အာဏာပြလွန်းသည်ဟု ဆိုကြသည်။ သူမက ဧကရာဇ်ကို အာဏာရအောင် ကူညီပေးသည့် အထဲတွင် ပါဝင်ခဲ့သောကြောင့် သူမ၏သမီးကို သူ၏ကိုယ်လုပ်တော်အဖြစ် အတင်းပို့ပေးချင်နေသည်။ သူမက သူမကိုယ်သူမ အလွန်အထင်ကြီးနေဟန် ရပြီး မယ်တော်ကြီးကိုပင် လျစ်လျူရှုထားချင်ဟန် ရလေသည်။
သူမက မယ်တော်ကြီးကိုပင် ဂရုစိုက်ဟန် မရပေ။ ထို့ကြောင့် လုယောင်ယောင်လို ဘာမှမဟုတ်သော လူတစ်ယောက်ကို ပို၍ပင် ဂရုမစိုက်လောက်ချေ။
ယဲ့ကျန်းက သူတို့ကို မြင်သောအခါ လှည့်ပြေးရန် နောက်ကျသွားပြီဖြစ်သည်။
ဒေါသအပြည့်နှင့်အတူ မင်းသားငယ်၏ ရောဂါအပေါ်သာ အတွေးများသွားသည့် ကိုယ့်ကိုယ်ကိုယ်သာ အပြစ်တင်လိုက်သည်။ ထို့ကြောင့် တစ်ဖက်မှလူများကို သတိမထားမိခဲ့ခြင်း ဖြစ်သည်။
မင်းသမီးလျိုဟွားဟာလည်း အနားတွင် ရှိသော အစေခံ၏ သတင်းပေးပို့မှုအရ ယဲ့ကျန်းက အနောက်တွင် ပါလာကြောင်း သိထားပြီးဖြစ်သည်။ ထို့ကြောင့် သူမက ရည်ရွယ်ချက်ရှိရှိ ယဲ့ကျန်း နီးကပ်လာအောင် ခြေလှမ်းများကို ရပ်တန့်လိုက်သည်။ ထို့နောက် တစ်စုံတစ်ယောက်က တွန်းလိုက်သည့်အလား မြေပြင်ပေါ်သို့ လဲကျဟန် လုပ်ပြီး ယဲ့ကျန်းကို လက်ညှိုးထိုးကာ အော်တော့သည်။
"မင်း.. မင်း မျက်လုံး မပါဘူးလား။ အသုံးမကျတဲ့ နှိမ့်ကျတဲ့ အစေခံ.. ဒီမင်းသမီးကို ဘယ်လိုတောင် ရိုက်ရဲတာလဲ"
"မင်းသမီး.. ဒီသခင်မလေးက မင်းသမီးကို ထိတောင် မထိရသေးပါဘူး"
ယဲ့ကျန်းက စိတ်ထဲတွင် နှာခေါင်းရှုံ့လိုက်သည်။ လျိုဟွားကို မြင်သောအခါ ပြဿနာဖြစ်လိမ့်မည်မှန်း သိထားသည်။ သို့သော် မျှော်လင့်ထားစွာဖြင့် လျိုဟွားက ပြဿနာအလွန်ရှာပြီး ကလေးဆန်စွာ အရှက်ခွဲရန် ကြိုးစားလာသည်။
"မင်းက လုယောင်ယောင်လား"
အလွန်ကြည့်ကောင်းသော ခရမ်းရောင်ဝတ်စုံနှင့် အမျိုးသမီးတစ်ယောက်က ယဲ့ကျန်းကို မောက်မာစွာ ကြည့်လာပြီးနောက် အေးစက်ဂုဏ်ယူသော လေသံဖြင့် ပြောသည်။ ယဲ့ကျန်းဟာလည်း ထိုအမျိုးသမီးသည် တစ်ချက် ကြည့်ရုံဖြင့်ပင် တော်ဝင်မင်းသမီးဖြစ်ကြောင်း သိလိုက်သည်။ မင်းသမီးလျိုဟွားနှင့် တူညီသော မျက်ခုံးများကိုလည်း ပိုင်ဆိုင်ထားသည်။
"တော်ဝင်မင်းသမီးကို ပြန်ဖြေပါတယ်။ ဒီသခင်မလေးက လုယောင်ယောင်လို့ ခေါ်ပါတယ်"
ယဲ့ကျန်းက ဂါရဝပြုလိုက်သည်။
"မျှော်လင့်ထားတဲ့အတိုင်းပဲ ရုပ်ကိုက မြေခွေးမလို ရုပ်နဲ့.."
တော်ဝင်မင်းသမီးက တခစ်ခစ် ရယ်သည်။
"မင်းက မင်းသားငယ်ကို နှစ်သိမ့်လိုက်ပြီး အလောင်းအစား လုပ်ခိုင်းတာ မဟုတ်လား"
သူမက ယဲ့ကျန်းကို အေးစက်စွာ ကြည့်ပြီး ယနေ့ မညှာတာပေးရန် ဆုံးဖြတ်ထားပုံရသည်။
လှောင်ပြောင်အရှက်ခွဲခံနေရခြင်းကို သတိမထားမိသည့်အလား ယဲ့ကျန်းက ယဉ်ကျေးစွာသာ ဖြေသည်။
"တော်ဝင်မင်းသမီး ရှေးခေတ်အချိန်ကတည်းက မြေခွေးမလို့ ခေါ်တဲ့ ဘယ်အမျိုးသမီးကမဆို တိုင်းပြည်ကို သွန်လိုသွန် မှောက်လိုမှောက် ဖျက်ဆီးနိုင်စွမ်း ရှိတဲ့လူတွေကို ခေါ်တာပါ။ ဒီသခင်မလေးမှာ အဲဒီလို ရည်မှန်းချက် မရှိပါဘူး"
"အိုး.. တယ်ထက်လိုက်တဲ့ လျှာပဲ"
တော်ဝင်မင်းသမီးက အထင်တသေး နှာခေါင်းရှုံ့ပြီးနောက် အနားရှိအစေခံများကို ပြောသည်။
"ဒီကောင်မကို တို့ရဲ့နန်းဆောင်ထဲကို ခေါ်လာခဲ့။ ဒီနေ့ တို့ရဲ့နန်းဆောင်က လုမိသားစုကို သတိပေးတဲ့အနေနဲ့ ဒီကောင်မကို သင်ခန်းစာပေးရမယ်"
တော်ဝင်မင်းသမီးက မောက်မာစွာ ပြောသည်။ သူမက စစ်နင်နန်းဆောင်ဟာ သူ၏အပိုင်အလား ထင်နေပုံရသည်။
မင်းသမီးလျိုဟွားကမူ မိခင်ဖြစ်သူ အနားတွင် ရပ်လျက် တူညီသော ဂုဏ်ယူနေသည့် မျက်နှာထားဖြင့် ပြောသည်။
"မယ်တော်.. ဒီဈေးပေါ့တဲ့ကျွန်က သမီးကို မြေပြင်ကို တွန်းလဲရဲမှတော့ အသတ်ခံရဖို့ ထိုက်တန်နေပြီ"
Telegramမှာ အပိုင်း ၄၄၆အထိ ရောက်ပါပြီနော်။
Zawgyi
160 01
အပိုင္း ၁၆၀
"ေပါက္ကရေတြ"
ေမာ့႐ုန္ရီက ႏွာေခါင္းရႈံ႕ကာ နားၾကားမွားသည္ဟု ထင္သြားသည္။
"ဒါဆိုရင္ မင္းသားငယ္ ဝမ္းဗိုက္ကို ဖိၾကည့္ၿပီး ခံစားၾကည့္ပါ။ ေအာင့္တာမ်ိဳး ရွိပါသလား"
ယဲ့က်န္းက ေမာ့႐ုန္ရီ၏ ဝမ္းဗိုက္ကို ၫႊန္ျပလိုက္သည္။ အနည္းငယ္ တုံ႔ဆိုင္းမႈႏွင့္အတူ ေမာ့႐ုန္ရီဟာ ၫႊန္ျပသည့္ေနရာသို႔ ဖိၾကည့္လိုက္သည္။ ၾကည့္ရသည္မွာ ထိုေနရာတြင္ ခပ္မာမာ ဖုေနသည့္ တစ္စုံတစ္ရာ ရွိေနေလာက္ေလသည္။ သို႔ရာတြင္ ဆားမႈန္မ်ားေလာက္ ေသးငယ္လြန္းလွေလရာ သိသိသာသာ ခံစားမိျခင္းလည္း မရွိေပ။
သူ၏ႏႈတ္ခမ္းက အနည္းငယ္ မဲ့သြားသည္။
"ပ်င္းစရာ ေကာင္းလိုက္တာ"
"မင္းသားငယ္က ဒီသခင္မေလးကို မယုံတာပါလား"
"တိုက္ဆိုင္တာလည္း ျဖစ္ႏိုင္တာပဲေလ"
ေမာ့႐ုန္ရီက ခိုင္ၿမဲစြာ ေျပာသည္။
"ဒါဆိုရင္လည္း မင္းသားငယ္ကို ထပ္ၿပီး မေႏွာင့္ယွက္ေတာ့ပါဘူး"
ယဲ့က်န္းက လက္ေဝ့ယမ္းလိုက္သည္။
"မင္းသားငယ္ ေဆးေတြ အားလုံး ေသာက္ၿပီးသြားၿပီ။ ဒီေတာ့ မယ္ေတာ္ႀကီးဆီကို သြားဖို႔ လိုအပ္ပါတယ္။ ေက်းဇူးျပဳၿပီး ဒီသခင္မေလးကို ခြင့္ျပဳပါအုံး"
ေမာ့႐ုန္ရီက သတိလက္လြတ္ျဖင့္ ဝမ္းဗိုက္ကို ထပ္ဖိထားၿပီးေနာက္ က်န္သည့္လက္ျဖင့္ လက္ရမ္းျပလိုက္သည္။
"မင္းသြားလို႔ ရၿပီ"
ယဲ့က်န္းက သူမအသင့္ေဖာ္စပ္ထားေသာ ေဆးကို သူ႔အား ေပးခ်င္ခဲ့သည္။ ထိုေဆးလုံးသည္ ခႏၶာကိုယ္ကို အားျဖည့္ေစျခင္းသာ လုပ္ေပးႏိုင္ေသာ္လည္း လင္းခြၽမ္တစ္စက္ ထပ္ထည့္ထားခဲ့သည့္အတြက္ သူ၏ဒဏ္ရာကို အျပည့္အဝ မကုသႏိုင္သည့္တိုင္ေအာင္ သူ၏နာက်င္မႈကို သက္သာေစႏိုင္ေလာက္ေလသည္။ ေနာက္ပိုင္းတြင္ သူက မွန္ကန္သည့္ေဆးႏွင့္ ႀကဳံေတြ႕ရေပလိမ့္မည္။ သို႔ရာတြင္ ထိုမင္းသားငယ္က ေခါင္းမာလြန္းသည္။ သူမက သူ႔အား ေဆးေပးလိုက္ႏိုင္သည့္တိုင္ေအာင္ သူက မေသာက္မည္မွာ ေသခ်ာေနသည္။ ထိုသို႔ဆိုလွ်င္ အလကား ျဖစ္သြားေပလိမ့္မည္။
ယဲ့က်န္းက မင္းသားငယ္၏ အေဆာင္ေတာ္မွ ထြက္လာေသာအခါ ေမာ့႐ုန္ရီက အျပင္သို႔ ထြက္ၿပီး သူ၏ဝမ္းကြဲ လ်ိဳဟြားက ေငြျပားမ်ား ျပန္ေပးရန္အတြက္ ယဲ့က်န္း ေျပာေသာ နည္းလမ္းအတိုင္း လုပ္ရန္ ျပင္ဆင္လိုက္သည္။ ႐ုတ္တရက္ သူ၏မိန္းမစိုးဖူပင္းက အခန္းထဲသို႔ အေလာတႀကီး ဝင္လာၿပီး ေျပာသည္။
"မင္းသားငယ္ ေတာ္ဝင္မင္းသမီးနဲ႔ သမီးေတာ္လ်ိဳဟြားတို႔က ေတာ္ဝင္နန္းေတာ္ထဲကို ဝင္လာပါတယ္"
ေမာ့႐ုန္ရီ၏ မ်က္လုံးက ေတာက္ပသြားသည္။
"တကယ္လား"
"သူတို႔အားလုံးက အခု စစ္နင္နန္းေဆာင္ကို သြားေနၾကပါတယ္။ ကြၽန္ေတာ္ သူတို႔ကို ေတြ႕ေတာ့ ဒီကို အေျပးအလႊားလာၿပီး ေလွ်ာက္တင္တာပါ"
ဖူပင္းက ဂုဏ္ယူစြာ ၿပဳံးလိုက္သည္။
"အခ်ိန္ကိုက္ပဲ။ ဒီမင္းသားကလည္း လ်ိဳဟြားကို ရွာေနတာ"
ေမာ့႐ုန္ရီက ရယ္ရင္းေနာက္မွ စိတ္ထဲသို႔ အေတြးတစ္ခုက ဝင္ေရာက္လာသည္။ ထို႔ေနာက္ ဖူပင္းကို ၾကည့္လိုက္သည္။
160 02
"မိန္းကေလးလုက အခုေလးတင္ ထြက္သြားတာ ဆိုေတာ့ သူတို႔နဲ႔ မေတြ႕ေလာက္ပါဘူးေနာ္။ သူတို႔ကသာ လုေယာင္ေယာင္ကို ေတြ႕သြားရင္ ဒီႏွစ္ေယာက္က တစ္ခုခု လုပ္လိမ့္မယ္"
ယဲ့က်န္းက စစ္နင္နန္းေတာ္သို႔ ျပန္ရာလမ္းတြင္ ေတာ္ဝင္မင္းသမီးႏွင့္ မင္းသမီးလ်ိဳဟြားတို႔ႏွင့္ တိုးေတာ့သည္။
"ရပ္လိုက္စမ္း မိန္းကေလး လုေယာင္ေယာင္"
ေမာ့႐ုန္ရီက ေအာ္ဟစ္ၿပီး အေျပးထြက္လာသည္။
ရန္သူမ်ားသည္ လမ္းတြင္ ဆုံေတြ႕တတ္သည္ဟူသည့္ ဆို႐ိုးစကားရွိေသးသည္။ ယဲ့က်န္းဟာလည္း ေတာ္ဝင္မင္းသမီး၊ မင္းသမီးလ်ိဳဟြားတို႔ႏွင့္ ေတြ႕ရမည္ဟု မထင္ထားမိေပ။ ေကာလာဟလအရ ေတာ္ဝင္မင္းသမီးက ေခါင္းမာၿပီး အာဏာျပလြန္းသည္ဟု ဆိုၾကသည္။ သူမက ဧကရာဇ္ကို အာဏာရေအာင္ ကူညီေပးသည့္ အထဲတြင္ ပါဝင္ခဲ့ေသာေၾကာင့္ သူမ၏သမီးကို သူ၏ကိုယ္လုပ္ေတာ္အျဖစ္ အတင္းပို႔ေပးခ်င္ေနသည္။ သူမက သူမကိုယ္သူမ အလြန္အထင္ႀကီးေနဟန္ ရၿပီး မယ္ေတာ္ႀကီးကိုပင္ လ်စ္လ်ဴရႈထားခ်င္ဟန္ ရေလသည္။
သူမက မယ္ေတာ္ႀကီးကိုပင္ ဂ႐ုစိုက္ဟန္ မရေပ။ ထို႔ေၾကာင့္ လုေယာင္ေယာင္လို ဘာမွမဟုတ္ေသာ လူတစ္ေယာက္ကို ပို၍ပင္ ဂ႐ုမစိုက္ေလာက္ေခ်။
ယဲ့က်န္းက သူတို႔ကို ျမင္ေသာအခါ လွည့္ေျပးရန္ ေနာက္က်သြားၿပီျဖစ္သည္။
ေဒါသအျပည့္ႏွင့္အတူ မင္းသားငယ္၏ ေရာဂါအေပၚသာ အေတြးမ်ားသြားသည့္ ကိုယ့္ကိုယ္ကိုယ္သာ အျပစ္တင္လိုက္သည္။ ထို႔ေၾကာင့္ တစ္ဖက္မွလူမ်ားကို သတိမထားမိခဲ့ျခင္း ျဖစ္သည္။
မင္းသမီးလ်ိဳဟြားဟာလည္း အနားတြင္ ရွိေသာ အေစခံ၏ သတင္းေပးပို႔မႈအရ ယဲ့က်န္းက အေနာက္တြင္ ပါလာေၾကာင္း သိထားၿပီးျဖစ္သည္။ ထို႔ေၾကာင့္ သူမက ရည္႐ြယ္ခ်က္ရွိရွိ ယဲ့က်န္း နီးကပ္လာေအာင္ ေျခလွမ္းမ်ားကို ရပ္တန႔္လိုက္သည္။ ထို႔ေနာက္ တစ္စုံတစ္ေယာက္က တြန္းလိုက္သည့္အလား ေျမျပင္ေပၚသို႔ လဲက်ဟန္ လုပ္ၿပီး ယဲ့က်န္းကို လက္ညႇိဳးထိုးကာ ေအာ္ေတာ့သည္။
"မင္း.. မင္း မ်က္လုံး မပါဘူးလား။ အသုံးမက်တဲ့ ႏွိမ့္က်တဲ့ အေစခံ.. ဒီမင္းသမီးကို ဘယ္လိုေတာင္ ႐ိုက္ရဲတာလဲ"
"မင္းသမီး.. ဒီသခင္မေလးက မင္းသမီးကို ထိေတာင္ မထိရေသးပါဘူး"
ယဲ့က်န္းက စိတ္ထဲတြင္ ႏွာေခါင္းရႈံ႕လိုက္သည္။ လ်ိဳဟြားကို ျမင္ေသာအခါ ျပႆနာျဖစ္လိမ့္မည္မွန္း သိထားသည္။ သို႔ေသာ္ ေမွ်ာ္လင့္ထားစြာျဖင့္ လ်ိဳဟြားက ျပႆနာအလြန္ရွာၿပီး ကေလးဆန္စြာ အရွက္ခြဲရန္ ႀကိဳးစားလာသည္။
"မင္းက လုေယာင္ေယာင္လား"
အလြန္ၾကည့္ေကာင္းေသာ ခရမ္းေရာင္ဝတ္စုံႏွင့္ အမ်ိဳးသမီးတစ္ေယာက္က ယဲ့က်န္းကို ေမာက္မာစြာ ၾကည့္လာၿပီးေနာက္ ေအးစက္ဂုဏ္ယူေသာ ေလသံျဖင့္ ေျပာသည္။ ယဲ့က်န္းဟာလည္း ထိုအမ်ိဳးသမီးသည္ တစ္ခ်က္ ၾကည့္႐ုံျဖင့္ပင္ ေတာ္ဝင္မင္းသမီးျဖစ္ေၾကာင္း သိလိုက္သည္။ မင္းသမီးလ်ိဳဟြားႏွင့္ တူညီေသာ မ်က္ခုံးမ်ားကိုလည္း ပိုင္ဆိုင္ထားသည္။
"ေတာ္ဝင္မင္းသမီးကို ျပန္ေျဖပါတယ္။ ဒီသခင္မေလးက လုေယာင္ေယာင္လို႔ ေခၚပါတယ္"
ယဲ့က်န္းက ဂါရဝျပဳလိုက္သည္။
"ေမွ်ာ္လင့္ထားတဲ့အတိုင္းပဲ ႐ုပ္ကိုက ေျမေခြးမလို ႐ုပ္နဲ႔.."
ေတာ္ဝင္မင္းသမီးက တခစ္ခစ္ ရယ္သည္။
"မင္းက မင္းသားငယ္ကို ႏွစ္သိမ့္လိုက္ၿပီး အေလာင္းအစား လုပ္ခိုင္းတာ မဟုတ္လား"
သူမက ယဲ့က်န္းကို ေအးစက္စြာ ၾကည့္ၿပီး ယေန႔ မညႇာတာေပးရန္ ဆုံးျဖတ္ထားပုံရသည္။
ေလွာင္ေျပာင္အရွက္ခြဲခံေနရျခင္းကို သတိမထားမိသည့္အလား ယဲ့က်န္းက ယဥ္ေက်းစြာသာ ေျဖသည္။
"ေတာ္ဝင္မင္းသမီး ေရွးေခတ္အခ်ိန္ကတည္းက ေျမေခြးမလို႔ ေခၚတဲ့ ဘယ္အမ်ိဳးသမီးကမဆို တိုင္းျပည္ကို သြန္လိုသြန္ ေမွာက္လိုေမွာက္ ဖ်က္ဆီးႏိုင္စြမ္း ရွိတဲ့လူေတြကို ေခၚတာပါ။ ဒီသခင္မေလးမွာ အဲဒီလို ရည္မွန္းခ်က္ မရွိပါဘူး"
"အိုး.. တယ္ထက္လိုက္တဲ့ လွ်ာပဲ"
ေတာ္ဝင္မင္းသမီးက အထင္တေသး ႏွာေခါင္းရႈံ႕ၿပီးေနာက္ အနားရွိအေစခံမ်ားကို ေျပာသည္။
"ဒီေကာင္မကို တို႔ရဲ႕နန္းေဆာင္ထဲကို ေခၚလာခဲ့။ ဒီေန႔ တို႔ရဲ႕နန္းေဆာင္က လုမိသားစုကို သတိေပးတဲ့အေနနဲ႔ ဒီေကာင္မကို သင္ခန္းစာေပးရမယ္"
ေတာ္ဝင္မင္းသမီးက ေမာက္မာစြာ ေျပာသည္။ သူမက စစ္နင္နန္းေဆာင္ဟာ သူ၏အပိုင္အလား ထင္ေနပုံရသည္။
မင္းသမီးလ်ိဳဟြားကမူ မိခင္ျဖစ္သူ အနားတြင္ ရပ္လ်က္ တူညီေသာ ဂုဏ္ယူေနသည့္ မ်က္ႏွာထားျဖင့္ ေျပာသည္။
"မယ္ေတာ္.. ဒီေဈးေပါ့တဲ့ကြၽန္က သမီးကို ေျမျပင္ကို တြန္းလဲရဲမွေတာ့ အသတ္ခံရဖို႔ ထိုက္တန္ေနၿပီ"
Telegramမွာ အပိုင္း ၄၄၆အထိ ေရာက္ပါၿပီေနာ္။