P O S S E S S I O N (Complete)

De Loeypann

20.2K 2.6K 416

"ကိုယ် တို့ ကစားပွဲ တစ်ခုလောက် စမ်းကြည့်မလားကလေးလေး" Mais

Intro
1
2
3
4
5
6
7
8
9
10
11
12
13(Part_1)
13(Part_2)
14
15
16
17
19
20
21
22
23
24
25 (Final)
Thanks My Readers!!!
Plot Twist!
Extra (1)
Extra (2)
Extra (3)
Final Extra

18

537 78 6
De Loeypann

မင်းမကြည့်လို့ မသိတာပါ အချစ်ကမင်းအနားမှာပါ..
ထိုစာသားလေးဟာ သူ့အဖြစ်နှင့်တူယောင်ယောင်ပေမယ့် တကယ်တမ်းကျကွဲပြားသည်ကအရမ်းပေါ့။

ဟန်ယူဂျင်းရယ် မင်းက ကိုယ့်အချစ်တွေကို မြင်ပါရက်နဲ့ မသိချင်ယောင်ဆောင်ခဲ့တာလေ။
မင်းအတွက်အသုံးမလိုလို့လဲဖြစ်နိုင်ပါတယ်..။

တကယ်တော့ ယူဂျင်း ခြံရှေ့တွင် ရပ်နေတာ ကိုကြီး၏ကားတစ်စီးတည်းမဟုတ်ခဲ့ပါ။

"ယူဂျင်းလေးက အိမ်ထဲကအိမ်ပြင်မထွက်ဘူး ဖုန်းလဲစက်ပိတ်ထားတယ်တဲ့"

ထိုစကား ပါပါးဆီမှ ကြားရပြီး ချက်ချင်း စာမေးပွဲအား ဖျက်လို့ ဒီကိုအပြေးရောက်လာခြင်းဖြစ်သည်။

သူရရှိထားတဲ့စာတစ်စောင်ကြောင့်လဲ စိတ်ပူလွန်သွားတာပင်။

"မင်း အဲဒီကောင်လေးကို ချစ်တယ်ဆိုရင် အခုရက်ပိုင်း သေချာစောင့်ကြည့်ထားပါ"

သူ့ကိုမွေးထုတ်ခဲ့တဲ့မိဘအရင်းတွေနှင့် အသိလို့ပြောလို့ရသည့် ဦးလေးတစ်ယောက်ဆီမှ လက်ခံရရှိခဲ့ခြင်းဖြစ်သည်။

စိတ်ပူတာကြောင့် Daddyကို ယူဂျင်းအနားမှာ အစောင့်တွေချထားပေးဖို့တောင်းဆိုခဲ့ပေမယ့် ပြန်ကြားလိုက်ရတာက

"မင်းအစ်ကိုတစ်ယောက်လုံးရှိတာမို့ စိတ်မပူပါနဲ့"တဲ့

ဟုတ်သည်ပေါ့။သူခဏမေ့သွားခဲ့သည်။
ဟန်ယူဂျင်းမှာ သူ့ထက်အဆပေါင်းများစွာသာတဲ့ လုံခြုံတဲ့နေရာတစ်ခု ရှိနေခဲ့ပြီဘဲ။
သူက ခပ်ငယ်ငယ်တုန်းကလို ယူဂျင်းအနိုင်ကျင်ခံရလျှင် ရှေ့မှ ကာကွယ်ပေးဖို့မလိုတော့ဘူးပေါ့။

စိတ်ပူမိတာချင်းအတူတူ ချစ်မိခဲ့ကြတာချင်းအတူတူ သူတစ်ယောက်သာ ကမ္ဘာ့အပြင်ဘက်ရောက်နေခဲ့သလို..
ငေးကြည့်ရုံနဲ့ ပြီးပြည့်စုံတယ်ဆိုတာ မင်းနဲ့တွေ့မှ ကိုယ်လက်ခံဖို့ကြိုးစားမိတဲ့ သတ်မှတ်ချက်လေးဘဲ
အသိအမှတ်ပြုမူကိုလိုချင်လို့ချစ်ခဲ့တာမှမဟုတ်ဘဲ..
မင်းကိုစိတ်ပူလွန်းလို့ ကနေဒါကအမြန်ပြန်လာတဲ့ကိုယ့်ကို မမြင်လဲရပါတယ်..
တစ်ညလုံး မင်းအခန်းမီးရောင်လေး ငေးကြည့်နေရင်း အချိန်တွေကုန်ဆုံးစေခဲ့တဲ့ ကိုယ့်ကို မမြင်ချင်ယောင်ဆောင်လဲဖြစ်ပါတယ်
မင် ဝမ်းနည်းနေမလား အဆင်မပြေတာရှိနေလို့လား စတဲ့အတွေးပေါင်းများစွာနဲ့စိုးရိမ်နေတဲ့ ကိုယ့်ကို ဒီလိုမြင်ကွင်းလေးနဲ့ဆီးကြိုနေခဲ့လဲ ကိုယ်ကအဆင်ပြေပါတယ် အချစ်ရယ်..။

မင်းကချစ်ပါလို့မတောင်းဆိုခဲ့ပေမယ့် မချစ်ဘဲမနေနိုင်ခဲ့တာကကိုယ်မို့
ကိုယ်နဲ့ပတ်သက်ပြီး ဆိုးသည်ကောင်းသည် ကိုယ့်မှာသာတာဝန်ရှိပါတယ်။

မင်းပျော်နေရင် ကိုယ်လဲပျော်ပြီး မင်းဝမ်းနည်းနေရင် နေစရာပျောက်တဲ့ကိုယ်က မင်းအတွက် လုံခြုံစိတ်ချရတဲ့ လူတစ်ယောက် အနားမှာရှိနေတာ လက်ခံပေးရမှာပေါ့။

သိရဲ့လားအချစ်ရေ မင်းကိုချစ်မိမှတော့ မင်းနဲ့ပတ်သက်တဲ့ဒဏ်ရာလေးတွေလဲ ချစ်တတ်နေပြီလေ။

ချစ်သူနှစ်ဦး ပျော်ရွှင်နေတာကို မျက်ရည်တွေနှင့်ငေးကြည့်နေတဲ့ကောင်လေးတစ်ယောက်..
နောက်ဆုံးတော့ သူ လမ်းမှန်တစ်ခုကို ရောက်စပြုလာပြီဖြစ်သည်။

ထိုအချိန် သိပ်ချစ်ကြတဲ့ကောင်လေးနှစ်ယောက်အနားသို့ လူတစ်ယောက် ချည်းကပ်လာနေသည်။

လမ်းမကြီးတွင် ကားနှစ်စီးသာရှိပြီး လူရှင်းနေပါလျက် ထိုလူက အဘယ်ကြောင့်များ ဒီလမ်းထဲသို့ဝင်လာပါသနည်း။

ဒီတိုင်းကြည့်လျှင် သာမန်ကာ လျံကာ ဖြတ်သွားဖြတ်လာ လူတစ်ယောက်လို့ထင်နိုင်ပေမယ့်

"ဦးလေးလား"

သူ့ကို စာတစ်စောင်ပို့ပြီးကတည်းက အဆက်အသွယ်မလုပ်တော့တဲ့ အသိဦးလေးဖြစ်၍နေသည်။
မင်ဟီး အမြန်ပင်ကားထဲမှထွက်၍ ယူဂျင်းတို့အနားဆီပြေးသွားရန်အလုပ်

ဦးလေးလက်ထဲမှ ဓားချွန်လေးအား လက်ခနဲမြင်လိုက်ရတာကြောင့်..

"အားးး"

နောက်ဆုံးတော့ သူ..ချစ်ရတဲ့ကောင်လေးကို ကာကွယ်ပေးလိုက်နိုင်ပြီ။

"မင်ဟီး ဘယ်လိုရောက်လာတာလဲ ဘာဖြစ်တာလဲ ဟင် သွေးတွေ"

အသိဦးလေးကတော့ ထွက်ပြေးလေပြီ။
တော်သေးရဲ့ သူအချိန်မှီလိုက်ခင်လို့ပေါ့..

"ကိုကိုရေ လုပ်ပါအုံး မင်ဟီး ဗိုက်မှာသွေးတွေ ဟင့်!'

"မင်ဟီး သတိကပ်ထားနော် ဆေးရုံပို့ပေးမယ် ကိုကြီး ဆေးရုံပို့ပေးမှာမို့ သတိမလွတ်စေနဲ့!!!"

ချက်ခြင်း သူ့ကိုလာပွေ့ကာ ကားပေါ်တင်၍ အလုပ်များနေတဲ့ကိုကြီး..

"မင်းအစ်ကိုက ထုတ်သာမပြောတာ မင်းကိုညီအဖြစ်အသိအမှတ်ပြုဖို့ သူအမြဲကြိုးစားနေတာသားရဲ့.."

"သူ အိမ်ကထွက်သွားတာလဲ မင်းနဲ့အတူရှိနေ င် စိတ်ဒဏ်ရာတွေပေးမိမှာစိုးလို့ ဆိုတဲ့အကြောင်းပြချက်နဲ့လေ..နောက်ပြီး သားကြီးဂယူက ပြောသေးတယ် သူကတော့ပါပါးတို့နဲ့အတူ အချိန်အတော်ကြာနေခဲ့ပြီးပြီမို့ ကျွန်တော့်နေရာမှာ မင်ဟီးကို အစားထိုးဂရုစိုက်ပေးလိုက်ပါတဲ့"

ပါပါးဆီမှ ထိုစကားတွေကြားရခဲ့စဥ်က သူ့ကိုယ်သူ မုန်းလွန်းလို့ ဘယ်လိုလုပ်ရမည်လဲမသိခဲ့။
နောက်ဆုံး အဝေးကို ခဏထွက်သွားခြင်းက အကောင်းဆုံးဖြစ်မည်ဟု ထင်၍ ပါပါးအားတောင်းဆိုခဲ့ခြင်းဖြစ်သည်။

"မင်ဟီး မင်ဟီး သတိကပ်ထားလို့!!!! ဆေးရုံရောက်တော့မယ် အားတင်းထားလို့ ဟင့် !"

မျက်ရည်တွေနှင့်သူ့အား သတိပေးနေတဲ့ကောင်လေး..
ပုံပြင်လေးရဲ့အဆုံးသတ်ကိုသူကြိုသိနေခဲ့သည်။

"ဟန်ယူဂျင်း မင်းကိုငါချစ်တယ်"

"ပေါက်ကရတွေမပြောဘဲ စာသာလုပ်စမ်းပါ"

ကျောင်းတူ သင်တန်းတူ နောက်ဆုံးစာသင်ခန်းပါတူအောင် ကြိုးစားခဲ့သည့်သူက တစ်နေ့တစ်ကြိမ် ယူဂျင်းအား ဖွင့်ပြောခဲ့သည်။
ထိုစကားက သူ့ရင်မှဖြစ်တည်လာခြင်းဖြစ်ပေမယ့် ယူဂျင်းအတွက်တော့ စနောက်၍ပြောသောစကား ဖြစ်ခဲ့ဟန်တူ၏။
ဒါမှမဟုတ် ဒီတိုင်း အလေးအနက်မထားခဲ့တာလဲဖြစ်နိုင်ပါသည်။

"မင်းပြောသမျှ လိုက်လုပ်ပေးရအောင် ငါကအဲလောက်လွယ်နေလား ဟမ်!"

ယူဂျင်း အကူအညီလာတောင်းခဲ့စဥ်က သူပြောမိသောစကား..
ထိုအချိန်က သူ့ကို လိုသုံးလို့ သဘောထားခြင်းကြောင့် ဒေါသအလျောက်ပြောခဲ့မိသောစကား
ယူဂျင်းပြန်ပြောလာတာက..

"ငါ့ကို ဘာဖြစ်ဖြစ် ကူညီပေးမယ့်သူက မင်းဘဲရှိလို့ပါ"တဲ့...

သူ ဆက်ပြီး ကူညီနေနိုင်ပါအုံးမလား...
ကိုကြီးနဲ့ စိတ်ဆိုးစိတ်ကောက်ဖြစ်တဲ့အခါ
ယူဂျင်းရင်ဖွင့်သမျှ အရင်လို နားထောင်ပေးနိုင်ပါအုံးမလား
ယူဂျင်း ကိုကြီးကို သဝန်တွေတိုနေတဲ့အချိန် ခပ်ဆိုးဆိုး ကောင်လေးတစ်ယောက်ဖြစ်သွားတဲ့အခါ သူဘေးနားကထိန်းပေးနိုင်ပါအုံးမလား..
လိုသုံးဆိုတဲ့စကားက နည်းနည်းတော့ အကျည်းတန်ပေမယ့် အနည်ဆုံးတော့ သူ့ကိုလိုအပ်နေသေးသည်တဲ့..။

"ယူဂျင်း..."

"မင်ဟီး စကားအများကြီးမပြောနဲ့နော် အားတင်းထားနော် သတိလဲမလွတ်စေနဲ့ ကြားလားလို့!!"

ထိုကောင်လေးဟာ သူနဲ့ပတ်သက်လျှင်  စိတ်ဆတ်သည်။
အခုလဲကြည့် သူအသက်ရူရတာ ခက်ခဲလာသည်ကို သိပေမယ့် ဆက်ပြီး အားတင်းထားခိုင်းနေသေးသည်။မင်းစကားကို နာခံချင်ပေမယ့်

"ငါ မလုပ်နိုင်တော့ဘူးထင်တယ်.."

သူ့စကားအား မျက်ရည်တွေနဲ့ခေါင်းခါယမ်းနေတဲ့ယူဂျင်း..
အနည်းဆုံးတော့ မင်းရဲ့ တစ်ဦးတည်းသော သူငယ်ချင်းလေးဖြစ်ခဲ့တာမို့ အသက်ရှင်ရတာ အဓိပ္ပာယ်ရှိခဲ့ပါတယ်...

အခု ငါဆက်မလုပ်နိုင်တော့ဘူးထင်တယ်..။

"ကိုကြီး.."

ကားကိုသာ ဂရုစိုက်မောင်းနေတဲ့ ကိုကြီးက သူ့ကိုလှည့်မကြည့်
ထိုအစား သူ့လက်တစ်ဖက်ကို အုပ်ကိုင်လာသည်။

"ကျွန်တော်တောင်းပန်ပါတယ်.."

"မင်းမှားခဲ့တာ ဘာမှမရှိတာမို့ တောင်းပန်စရာမလိုဘူး မင်ဟီး ပြီးတော့ အားတင်းထားပေးပါအုံး မင်းချစ်တဲ့သူအတွက်ဘဲဖြစ်ဖြစ်ပေါ့"

သိနေခဲ့သည်။ကိုကြီးက သူနဲ့ပတ်သက်သမျှ အရာရာတိုင်း သိနေခဲ့သည်။
အဲလိုဆိုရင်တောင် ကျွန်တော် ထွက်သွားမှရတော့မယ်ထင်တယ် ကိုကြီးရယ်..။

မျက်ခွံတွေလေးလံလာ၏။အသက်ရူရတာ ပို၍ ခက်ခဲလာသည်။ ဗိုက်မှ ဒဏ်ရာက အရမ်းနက်တာကြောင့် နာကျင်လာသည်မှာ အဆမတန်။

သူ..လွှတ်ချလိုက်တော့မည်။
တဖြည်းဖြည်းနဲ့ သူ့အမြင်အာရုံတွေဟာ အမှောင်ကမ္ဘာထဲဆီသို့...
စိတ်၏နာကျင်ခြင်း၊ကိုယ်၏ နာကျင်ခြင်း အားလုံးဆီမှ သူ
လွတ်မြောက်လာခဲ့ပြီ...။

ပုံပြင်လေးရဲ့အဆုံးသတ်မှာ သူကထွက်သွားရသူ ဖြစ်နေခဲ့သည်
သူဟာ ဇာတ်လိုက်မဟုတ်တဲ့ အရံသာသာ လူတစ်ယောက်မို့ သေခြင်းဖြင့် ဖြစ်စေ ရှင်ခြင်း ဖြင့် ဖြစ်စေ သိပ်ပြီးအရေးမကြီးခဲ့ပါလေ....။

****************

Words_1540

ကင်ခ်မင်ဟီး!!ဒီကာရိုက်တာအတွက် အပြင်လူဆွဲခေါ်လာခဲ့တာ ဗိလိန်မဟုတ်တဲ့ ဒဏ်ရာတွေနဲ့ကောင်လေးတစ်ယောက်ဖြစ်နေခဲ့တယ်။
ကိုယ် သူ့ကို ပုံဖော်တဲ့အချိန် စာဖတ်သူတွေ နားလည်ပါ့မလား ပုံဖော်မိပါ့မလား စိုးရိမ်ခဲ့ရပါတယ်။
ဒါပေမယ့် ပုံဖော်မိကြမယ်လို့ဘဲ ထင်လိုက်မယ်နော်
ဒီအပိုင်းမှာတော့ ဒီကာရိုက်တာလေးကိုနှုတ်ဆက်လိုက်ကြရအောင်...
နောင်ဘဝမှာတော့ မင်ဟီးတစ်ယောက် သူသိပ်ချစ်ရတဲ့လူဆီကအချစ်တွေပြန်ရနိုင်ဖို့မျှော်လင့်မိပါတယ်ကောင်လေးရယ်...။

ဒီFicလေးက Final ရောက်ဖို့ နီးလာပြီပေါ့နော် ဒါလေးလဲပြောချင်တာ ဝမ်းသာစေချင်လို့><

Continue lendo

Você também vai gostar

1.2M 54.4K 100
Maddison Sloan starts her residency at Seattle Grace Hospital and runs into old faces and new friends. "Ugh, men are idiots." OC x OC
663K 24.2K 99
The story is about the little girl who has 7 older brothers, honestly, 7 overprotective brothers!! It's a series by the way!!! 😂💜 my first fanfic...
188K 8.6K 30
Desperate for money to pay off your debts, you sign up for a program that allows you to sell your blood to vampires. At first, everything is fine, an...
182K 6.6K 93
Ahsoka Velaryon. Unlike her brothers Jacaerys, Lucaerys, and Joffery. Ahsoka was born with stark white hair that was incredibly thick and coarse, eye...