ပုဂံမြေကိုတိုင်တည်၍

By Yeolmae3133

39K 519 38

ဘယ်သူထင်မိမှာလဲကိုယ်အရမ်းရွံရတဲ့မိထွေးရဲ့သားကိုဒီလောက်တမ်းတမ်းစွဲချစ်မိသွားလိမ့်မယ်လို့ ကွန်းအသခ... More

Intro Part
အပိုင်း ၁
အပိုင်း ၂
အပိုင်း ၃
အပိုင်း ၄
အပိုင်း ၅
အပိုင်း ၆
အပိုင်း ၇
အပိုင်း ၈
အပိုင်း ၉
အပိုင်း ၁၀
အပိုင်း ၁၁
အပိုင်း ၁၂
အပိုင်း ၁၃
အပိုင်း ၁၄
အပိုင်း ၁၅
အပိုင်း ၁၆
အပိုင်း ၁၇
တောင်းပန်လွှာ
အပိုင်း ၁၉
အပိုင်း ၂၀
အပိုင်း ၂၁
အပိုင်း ၂၂
အပိုင်း ၂၃
အပိုင်း ၂၄
အပိုင်း ၂၅
အပိုင်း ၂၆
အပိုင်း ၂၇
အပိုင်း ၂၈
အပိုင်း ၂၉
အပိုင်း ၃၀
အပိုင်း ၃၁
အပိုင်း ၃၂
အပိုင်း ၃၃
View
အပိုင်း ၃၄
အပိုင်း ၃၅
အပိုင်း ၃၆
အပိုင်း ၃၇
Request
အပိုင်း ၃၈
အပိုင်း ၃၉
အပိုင်း ၄၀
အပိုင်း ၄၁
အပိုင်း ၄၂
အပိုင်း ၄၃
အပိုင်း ၄၄
အပိုင်း ၄၅
အပိုင်း ၄၆
အပိုင်း ၄၇
အပိုင်း ၄၈
အပိုင်း ၄၉
အပိုင်း ၅၀
အပိုင်း ၅၁
အပိုင်း ၅၂
အပိုင်း ၅၃
အပိုင်း ၅၄
အပိုင်း ၅၅
အပိုင်း ၅၆
အပိုင်း ၅၇
အပိုင်း ၅၈
အပိုင်း ၅၉
အပိုင်း ၆၀
အပိုင်း ၆၁
အပိုင်း ၆၂
အပိုင်း ၆၃
EXTRA
view
Extra 2

အပိုင်း ၁၈

497 7 0
By Yeolmae3133

"ကွန်း ငါတို့ဘယ်နေ့ပြန်ကြမလဲ"ဟိန်းမြတ်ကမေးခြင်းဖြစ်သည်။

"ပြန်တော့မလို့လားကွ သုံး လေးရက်လောက်မနေတော့ဘူးလား"ရတုကပြန်မေးခြင်းဖြစ်သည်။

"အေးလေ သုံးလေးရက်ထိတော့မနေတော့ဘူးလေကွာအလုပ်တွေကရှိသေးတာကို တစ်ရက်နှစ်ရက်လောက်တော့နေဦးမှာပါ"

"အေးလေ ငါလဲအလုပ်လုပ်ရဦးမယ်"ကွန်းကလဲဝင်ထောက်သည်။သူတို့လဲနေချင်သေးပေမယ့်အလုပ်တွေကရှိနေသေးတယ်မလား

"အားရင်အားသလိုလာကြရအောင်လေမင်းကလဲ"ဟိန်းမြတ်ကဝင်ပြောသည်။

"အေးပါဟုတ်ပါတယ်အဲတာလဲ ငါဖြင့်လေဖြစ်နိုင်ရင်ဒီမှာပဲအခြေချနေလိုက်ချင်တော့တယ်ကွာ"ရတုကပြောလေသည်။တကယ်လဲဒီနေရာလေးကနေသူမပြန်ချင်သေးပါ

"အံမယ် မင်းကဒီစကားတွေဘာတွေတောင်ပြောလို့ပါ့ရော မင်းတောင်ရင့်ကျက်လာပြီ"ကွန်းကရတုကိုစလိုက်လေသည်။

"ငါကရင့်ကျက်ပြီးသားကွ မရင့်ကျက်ချင်ယောင်ဆောင်နေတာ"

"ဟုတ်ပါပြီကွာ"

"မင်းကဒီမှာအခြေချချင်တယ်ဆိုတော့မင်းမှန်မှန်ပြောစမ်း"

"ဘာလဲ"

"မင်းဒီကတစ်ယောက်ယောက်နဲ့တွေ့နေပြီမလား"ဟိန်းမြတ်ကစလိုက်လေသည်။

"အေးဟုတ်တယ်ကွ"ရတုကလဲအတည်ပေါက်ကြီးနဲ့ပြန်ဖြေသည်။

"ဒါဆိုဘယ်သူလဲပြောစမ်း မင်းကလျှိုထားတာငါတို့တောင်မပြောဘူး"

"ကိုသူခန့်လေ တအားချောတာကွညိုချောလေး ငါဖြင့်လေကိုသူခန့်ကိုမြင်ကထဲကချစ်မိသွားတာကွာ ကိုသူခန့်ကိုမြင်ရင်ကိုရင်ဘတ်ထဲကကောင်ကတအားခုန်လာတာကွ"

"တယ်....ဒီခွေးသူတောင်းစား!!"
ဟိန်းမြတ်ကဒေါသတကြီးထအော်သည်။အစကအဟုတ်မှတ်လို့နားထောင်နေတာဒီကောင်ကသူ့ချစ်သည်းကိုလာစနေတယ်။

"ငါတော့အဟုတ်မှတ်လို့ မင်းနောက်တစ်ခါထပ်ပြောရင်ကြိုက်တဲ့အခေါင်းရွေးထားလိုက်"

"ငါ့သားရယ်အဖေကသားမက်လေးကိုချစ်လို့စတာကို အဲလိုကြီးမနောက်ရဘူးလေဖေ့သားကြီးရဲ့"ရတုကစပ်ဖြဲဖြဲနဲ့ပြောလေသည်။

"အေးလေကွာမင်းကလဲဒီကောင်သက်သက်မဲ့စနေတာသိရဲ့သားနဲ့ဒေါသထွက်နေတယ်"ကွန်းကလဲဝင်ဖြန်ဖြေသည်။

"ဒီကောင်မလို့ပေါ့ကွ တခြားကောင်ဆိုရင်လဲမင်းလိုစကားပြောခွင့်တောင်ရနေမှာမဟုတ်ဘူး"

"ဟုတ်ပါပြီကွာ စတာကိုမင်းကလဲငါလဲကိုသူခန့်ကိုမကြိုက်ပါဘူး စတာ နောက်တာ ချစ်လို့စတာ ဟဲဟဲ"

"ဟွန့်"ဟိန်းမြတ်ကမျက်စောင်းထိုးသည်။

"ဒါဆိုငါတို့ပယင်းတို့ကိုလဲပြောသင့်တယ်မဟုတ်ဘူးလား"ကွန်းကမေးသည်။

"အေး ပြောမှာလေ နေပါဦး ကိုသွေးသစ်ကိုပယင်းလို့ခေါ်ရအောင်ဟိုကမင်းထက်အကြီးနော်"ဟိန်းမြတ်ကပြောလေသည်။

"အေးလေ ရွယ်တူကြလို့ပယင်းတဲ့ခေါ်တာများ"ရတုကလဲဝင်ထောက်ခံသည်။

"မကြီးပါဘူးသေးသေးလေး ငုံ့ကြည့်နေရတာ ပြီးတော့ငါ့ထက်အသက်ကြီးတယ်သာပြောတာပါကွာရုပ်ကကလေးရုပ်လေး"ထိုစကားပြောတော့ကွန်းမျက်နှာကပြုံးယောင်သန်းသွားလေသည်။

"အဟင်း အဟွန်း အဟမ်း ပျားရည်တွေရမယ် ကြံသကာတွေရမယ်ဗျို့"ရတုကရွှတ်နောက်နောက်နဲ့ဝင်ပြောသည်။

:ဘုတ်
အကျိုးဆက်ကတော့ခေါင်းအုံးနဲ့အပေါက်ခံလိုက်ကခြင်းဖြစ်သည်။

"ဟေ့ကောင် မနောက်နဲ့ မနောက်နဲ့"ကွန်းကပြောလေသည်။

"အဟင်း အေးပါကွာ"
_____________________________
:ဒေါက်
:ဒေါက်

"ကျွန်တော်တို့သွားရအောင်ရအောင်ဗျ"

"လာပြီဗျ"

"ဟေ့ကောင်ဘယ်သွားမလို့လဲ"ရတုကမေးလေသည်။

"ပြခန်း"

"ဟင် နေဒီလောက်ပူနေတာကိုညနေမှသွားကြပါလားကွာ ပူကပူနဲ့"

"ဟာ ဒီအချိန်ချိန်းထားလို့ကွာ သွားပြီဒါပဲ"

"အေးအေး ပြန်လာရင်မုန့်ဝယ်ခဲ့နော်"ရတုကခါတိုင်းလိုမှာသည်။

"အေးအေး"

"မင်းကလဲကလေးလား ပြန်လာရင်မုန့်ဝယ်ခဲ့မှာရအောင်"

"ကလေးပဲလေသူများတွေလိုလူပျိုစိတ်မှမဝင်သေးတာကလေးပဲပေါ့"

"ဟေ့ကောင် အဲတာပုံမှန်ပဲကွမင်းကမှပုံမှန်ဟုတ်မနေတာ"

"ဗက်ဟက်ဟက်"

"ဪ ပြီးပြီလားကွန်း"

"အွန်း ပြီးပြီ"

:ပြခန်းသို့ရောက်သော်

"ကွန်းကဒီဓာတ်ပံုတွေတအားကြိုက်တာထင်တယ်နေ့တိုင်းနီးပါးကိုကြည့်နေတာ"

"အင်း ဟုတ်တယ်အထူးသဖြင့်ခင်ဗျားဓာတ်ပံုတွေပိုသဘောကျတယ်"

"အယ် ဟုတ်လား ဒါဆိုအပြန်ကြကွန်းကိုကျွန်တော်မုန့်ဝယ်ကျွေးရမယ်ကျွန်တော့်ပုံတွေသဘောကျတယ်ဆိုလို့"

"ခင်ဗျားကကျွန်တော်မုန့်စားချင်လို့မြှောက်ပြောတယ်ထင်နေတာလား"

"အယ် အဲလိုမဟုတ်ရပါဘူးဗျာစိတ်မဆိုးလိုက်ပါနဲ့ကျွန်တော်ကဒီတိုင်းသဘောကျလို့စလိုက်တာ‌ပါဗျာ စိတ်တော့မဆိုးလိုက်ပါနဲ့ဗျာ"

"မဆိုးပါဘူးခင်ဗျားကအဲလိုထင်နေမှာစိုးလို့ပြောပြတာ"

"ဪ ဟုတ် ဟုတ်ကဲ့ပါ"

"ဒါဆို ကွန်းဓာတ်ပုံတွေကြည့်နေနှင့်လေကျွန်တော်ကိုစိုးနဲ့စကားပြောစရာရှိလို့ခနသွားလိုက်ဦးမယ်ဗျ"

"ဪ ကျွန်တော်နဲ့အတူမကြည့်ဘူးလား"

"မကြည့်တော့ဘူးဗျ ဒီပုံတွေကကျွန်တော်ပြခန်းလာတိုင်းမြင်နေကြဆိုတော့လေ"

"ဪ ကျွန်တော့်ကိုစိတ်ဆိုးသွားတာမဟုတ်ဘူးလား"

"ဗျာ"

"မဟုတ်ဘူးလား ခုနကကျွန်တော်ပြောလိုက်တဲ့ကိစ္စကိုစိတ်ဆိုးသွားတာလားလို့"

"အာ မဟုတ်ရပါဘူးဗျာကျွန်တော်ကတောင်ကွန်းကျွန်တော့်ကိုစိတ်ခုမှာစိုးနေတာကျွန်တော်ကကွန်းကိုစိတ်မခုပါဘူးဗျ"

"ဟုတ်ပါပြီဗျာ ဒါဆိုသွားလေကျွန်တော်ကြည့်ပြီးရင်လာခဲ့မယ်"

"ဟုတ် ကျွန်တော်ဟိုနားမှာပဲရှိနေမယ်ဗျ"

"ကောင်းပါပြီ"
___________________________
"ပယင်း"

"ဪကြည့်လို့ပြီးပြီလားကွန်း"

"ပြီးပြီဗျ"

"ဒါဆိုသွားရအောင်လေ ကိုစိုးကျွန်တော်တို့ကိုခွင့်ပြုပါဦးဗျ"

"ကောင်းပါပြီငါ့ညီရာ ဂရုစိုက်သွားနော်"

"ဟုတ်ကဲ့ဗျ"

"ကွန်း ဟိုတယ်တန်းပြန်တော့မှာလား"

"အင်းလေ သွားစရာမှမရှိတာပယင်းကဘယ်သွားမလို့လဲ"

"သွားစရာတော့မရှိပါဘူးကျွန်တော်ကွန်းကိုမုန့်ဝယ်ကျွေးချင်လို့"

"ဪ"

"စားမယ်မလားဟင်"
ကွန်း ပယင်းမျက်နှာကိုကြည့်လိုက်တော့မျက်နှာလေးကသနားစဖွယ်မျက်နှာလေးနဲ့ကွန်းမုန့်လိုက်စားမှာကိုမျှော်လင့်နေပုံပေါ်သည်မှာမျက်နှာမှာအထင်းသားပေါ်နေသည်။

"အင်း ကျွေးမယ့်သူကစားစေချင်နေတော့ကျွန်တော်ကစားရမှာပေါ့"

"ဟုတ် ဒါဆိုလိုက်ခဲ့နော်"ဆိုပြီးကွန်းလက်ကိုဆွဲခေါ်သွားလေသည်။

:ဒုတ်
:ဒုတ်
:ဒုတ်
ကွန်းရင်ဘတ်ထဲကကောင်ကတဒုတ်ဒုတ်ခုန်နေသည်ကိုတော့လျစ်လျူရှုထားလိုက်လေသည်။

"အဘွား ကျွန်တော်တို့ကိုမုန့်ပြားသလပ် ၄ချပ်ပေးပါဗျကြက်ဥနဲ့နော်"

"အေးအေးလူလေးအရှေ့မှာမှာထားတာတွေရှိတော့စောင့်ရဦးမယ်ကွဲ့"

"ဟုတ်ရတယ်အဘွား"

"ကွန်း ဗိုက်ဆာနေပြီလား"

"မဆာသေးပါဘူး"

"ဟုတ် ခနစောင့်ရဦးမယ်တဲ့ကွန်းမှဗိုက်အရမ်းဆာနေရင်တခြားဆိုင်ပြောင်းမလားလို့ပါ"

"ဪ ရပါတယ်စောင့်လိုက်ပါ့မယ်"

"ဟုတ်"
:ခနကြာသော်
"ကွန်း ဒီမှာနှစ်ချပ်ရပြီဗျ စားနည်းသိလား မသိရင်ကျွန်တော်ပြမယ်"

"အွန်း ကျွန်တော်မသိဘူးပြပါဦး"

"ဒီလိုလေးဖဲ့လိုက်ပြီးရင်ဒီမှာဆီခွက်တို့ပြီးရင်ဒီမှာအချဉ်ရည်အဲတာလေးနဲ့ထပ်တို့ပြီးစားရုံပဲ"

"ဒီလိုဖဲ့ရမှာလား အ!"

"ရလား လက်ပူသွားပြီထင်တယ် ဖယ် ဖယ်ကျွန်တော်လုပ်ပေးမယ်"

"ရော့ဒီမှာဖဲ့ပြီးပြီကွန်း"

"ကျေးဇူး"

"ကောင်းလားဗျ"

"အင်း ကောင်းသားပဲအချဉ်ရည်ကတော့တော်တော်စပ်တယ်နော် ဟူးးး"

"ဟုတ်တယ်ဗျ ကွန်းမစားနိုင်ရင်အရမ်းမစားနဲ့နော်ဗိုက်နာမယ်"

"ကောင်းပါပြီ ခင်ဗျားလဲအရမ်းမစားနဲ့ဦးစပ်တယ် ခင်ဗျားစားတာကြည့်ရတာတော်တော်လေးစပ်မယ့်ပုံပဲ"

"ဟဲဟဲ ဒါကျွန်တော်စားနေကြဗျကိစ္စမရှိဘူးဒီလောက်က"

"တော်တော်လဲအစပ်ကြိုက်တဲ့လူ"ဒါကတော့သွေးသစ်မကြားအောင်‌တိုးတိုးပြောလိုက်ခြင်းဖြစ်သည်။

:နောက်တစ်နေရာသို့ရောက်သော်

"ဒါကရောဘယ်ဆိုင်လဲ"

"မုန့်လက်ဆောင်ဆိုင်လေ ခုနကကွန်းအစပ်တွေစားထားတော့စပ်နေမှာစိုးလို့အစပ်ပြေကျွေးတာ"

"ဪ သူ့ဟာနဲ့သူတော့ဟုတ်နေတာပဲ"

"ဟုတ်တယ်ဗျဟီး အမကျွန်တော်တို့ကိုမုန့်လက်ဆောင်နှစ်ခွက်ပေးပါဗျ"

"ဟုတ်ပြီမောင်လေး"

"မင်းကလဲကွာငါ့သူငယ်ချင်းဖြစ်ပြီးညံ့လိုက်တာ ဒီကောင်မလေးတစ်ယောက်တောင်မချုပ်နိုင်ဘူးလား"

"အောင်မယ် မင်းကအဲလိုပြောရအောင်မင်းကြရောရည်းစားဘယ်နှယောက်ရှိလို့လဲ ခုထိရည်းစားတစ်ခါမှမထားဖူးတဲ့ကောင်ကများငါ့သာအကြံတွေပေးနေတာမင်းရည်းစားထားတာငါဖြင့်ခုထိမမြင်ဖူးသေးဘူး"

"ဟေ့ကောင် နည်းပြတွေကကိုယ်တိုင်မကန်ဘူးကွငတုံးရ"

:ခွီး
သွေးသစ်ဘေးနားကပြောနေတဲ့သူ့အရွယ်လူနှစ်ယောက်ကြောင့်ခပ်တိုးတိုးရယ်မိသည်။

"ပယင်း ဘာတွေရယ်နေတာလဲ"ကွန်းက‌ကြားလိုက်၍မေးလိုက်လေသည်။

"သဘောကျလို့ ခွီးးး"

"ဘယ်သူ့ကိုလဲ"

"ဘေးကလူကို"

"ဟင် ခင်ဗျားကယောကျာ်းချင်းစိတ်ဝင်စားတာလား"

:ဖူးးးး
သောက်နေတဲ့သွေးသစ်ပါးစပ်ထဲကမုန့်လက်ဆောင်ဖက်တွေတောင်ပြန်ထွက်ကုန်သည်။ဘယ်လိုတွေတောင်မေးလိုက်တာလဲကွန်းအသင်္ချေရယ်။တော်သေးတာပေါ့ဟိုလူမကြားလိုက်လို့"

"မဟုတ်ရပါဘူးဗျာ ကျွန်တော်ကသူတို့ပြောတာကိုသဘောကျတယ်လို့ပြောတာပါသူ့ကိုသဘောကျတာမဟုတ်ပါဘူး"

"မသိဘူးလေခင်ဗျားကပွင့်ပွင့်လင်းလင်းမှမပြောတာ"

"ဟုတ် ကျွန်တော်မျိုးမှားတာပါဗျာ တောင်းပန်ပါတယ်မရှင်းလိုက်ရင်"

"မလိုပါဘူး"
_____________________________

"ကဲ ကျွေးချင်တာတွေလဲကျွေးပြီးပြီးဆိုတော့ကျွန်တော်ပြန်လိုက်ပို့ပါ့မယ်"

"ကျွန်တော်မောင်းမယ်"

"ဗျာ"

"ဆိုင်ကယ်ကျွန်တော်မောင်းမယ်လို့"

"ကွန်းကမောင်းတတ်လို့လား"

"အထင်သေးလိုက်တာခင်ဗျားရာဟိုမှာဆိုကျွန်တော် Yamahaနဲ့ပဲသွားလာနေတာ"

"ဪ ဆောရီးပါဗျာကျွန်တော်ကအဲလိုပြောတာမဟုတ်ပါဘူးဒီလမ်းတွေမောင်းတတ်လို့လားလို့မေးတာပါ"

"ခင်ဗျားကအနောက်ကလမ်းပြောလေ ကျွန်တော်ကရှေ့ကမောင်းမှာပေါ့"

"ဟုတ် ကောင်းပါပြီ"

"သေချာဖက်ထား ပြုတ်ကျနေမယ်"

"ဟုတ်"

"သွားတော့မယ်နော် သေချာဖက်ထားလား"

"ဟုတ် ဖက်ထားပါတယ်"
ဖက်ထားတယ်လို့သာပြောနေတာလက်ကသူ့အင်္ကျီစကိုသာမထိတထိကိုင်နေလေသည်။ထို့ကြောင့်လက်ကိုဆွဲယူပြီးခါးကိုသေချာဖက်ခိုင်းလိုက်သည်။ပြီးမှမောင်းတော့သည်။

'ဟာ လုပ်ပြီကိုယ့်အကြောင်းကိုသိလို့တမင်အင်္ကျီစပဲကိုင်ပါတယ်ဆိုအကုန်ပေါ်ကုန်မှဒုက္ခ။'ရင်တွေကအစမတန်တုန်နေသလိုပျော်လဲပျော်ရသည်။သူ့မောင်းတဲ့နောက်မှာသူ့ခါးကိုဖက်ပြီးရှုခင်းတွေကြည့်ရင်းညနေအလှကိုကြည့်ရတဲ့ခံစားချက်ကဘယ်လိုစကားနဲ့ဖော်ပြရမှန်းမသိအောင်ကိုကြည်နူးရသည်။

:ကျွီ
"ကဲ ရောက်ပြီဗျ"

"ဒါဆိုကွန်းကောင်းကောင်းအနားယူပါဗျ"

"နေဦး" နေဦးဆိုကာသူ့လက်ကိုဆွဲထားတဲ့သူ

"ဘာပြောမလို့လဲဗျ"

"ကျွန်တော်တို့နောက်နှစ်ရက်နေပြီးရင်ရန်ကုန်ကိုပြန်တော့မှာအဲတာပယင်းကိုအသိပေးချင်လို့"

"အာ ဟုတ်လား ဒါဆိုရန်ကုန်ကိုအပြီးပြန်တော့မှာပေါ့နော်"

"အင်း ဒါမဲ့အားရင်အားသလိုလာလည်မှာပါ"

"ဪ ဟုတ်ကဲ့လာခဲ့ပါဗျ"

"ကောင်းပါပြီ ဪ ပြီးတော့မေးစရာရှိသေးတယ်"

"ဘာများလဲဗျ"

"ခုနကကိစ္စလေ"

"ဘယ်ကိစ္စလဲဗျ"

"မုန့်လက်ဆောင်ဆိုင်ကကိစ္စလေ ခင်ဗျားယောကျာ်းလေးတွေကိုစိတ်ဝင်စားလား"

"ဗျာ"

"ဘာမှမဟုတ်တော့ဘူး ထားလိုက်တော့ကျွန်တော်သွားတော့မယ် ခင်ဗျားလဲပင်ပန်းလာတာကောင်းကောင်းအနားယူလိုက်ပါဦး"

"ဟုတ်ကဲ့ပါဗျ ဒါဆို gnနော်"

"အင်း gnမနက်ဖြန်ဖုန်းဆက်လိုက်မယ်"

"ကောင်းပါပြီဗျ"

#အပေါ်ကမုန့်‌လက်ဆောင်ဆိုင်ကလူနှစ်ယောက်ပြောတဲ့စကားလေးတွေမူရင်းပိုင်ရှင်ကို #crd
ပေးပါတယ်ယူသုံးထားတဲ့အတွက်ပါ

Continue Reading

You'll Also Like

2M 110K 96
Daksh singh chauhan - the crowned prince and future king of Jodhpur is a multi billionaire and the CEO of Ratore group. He is highly honored and resp...
262K 19.7K 58
Archana have everything that a girl could wish for, studying in one of the top universities of India, she have everything a human ever need, loving p...
241K 14.6K 16
"ဘေးခြံကလာပြောတယ် ငလျှင်လှုပ်သွားလို့တဲ့.... မဟုတ်ရပါဘူးဗျာ...... ကျွန်တော် နှလုံးသားက သူ့နာမည်လေးကြွေကျတာပါ.... ကျွန်တော်ရင်ခုန်သံတွေက...
2.6M 153K 49
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...