အပိုင်း ၁၅၆
ယဲ့ကျန်းက ရှေ့တိုးလာသောအခါ မယ်တော်ကြီးက လက်ဆန့်တန်းလိုက်လျက် သူမကို သတ္တိရှိလာစေသည်။ ထို့နောက် ထိုမိန်းကလေး၏ ရုပ်ရည်သွင်ပြင်က သူမ၏မျက်ဝန်းအတွင်း ကြည်လင်သည်ထက် ကြည်လင်လာချိန်တွင် အကွာအဝေးဟာလည်း ကျဉ်းမြောင်းလာတော့သည်။
ယဲ့ကျန်းဟာ သူမနှင့် နီးကပ်လွန်းသော နေရာသို့ ရောက်လာပြီးသောအခါ မယ်တော်ကြီးက အနားတွင်ရှိသော ဒေါ်လေးချန်းကို အံ့အားတကြီးက ကြည့်လိုက်မိတော့သည်။ ဒေါ်လေးချန်းဟာလည်း ယဲ့ကျန်း စစ်နင်နန်းဆောင်အတွင်းသို့ ဝင်လာချိန်ကတည်းက အံ့အားတကြီး ဖြစ်ခဲ့ပြီးသား ဖြစ်သည်။ ထို့ကြောင့် သခင်မဖြစ်သူက ကြည့်လာချိန်တွင် ခေါင်းအသာညိတ်ပြလျက် ထိုအချိန်က ကောလာဟလများက မှန်ကန်ကြောင်း အတည်ပြုပေးလိုက်သည်။
လုမိသားစုမှ တတိယသခင်မလေးဟာ ယခင်ချင်ဝမ်ဖေးနှင့် တစ်ထပ်တည်း တူညီနေခဲ့သည်။
"ကလေး မင်းရဲ့နာမည်က ဘာလဲ"
မယ်တော်ကြီးသည် သူမ၏ ချွေးမဖြစ်သူအကြောင်း ပြန်တွေးမိပြီး ဝမ်းနည်းသွားစွာ ယဲ့ကျန်းကို နူးညံ့စွာ ပြောလိုက်သည်။ ယဲ့ကျန်းက မယ်တော်ကြီး၏အကြည့်ကို ခံစားမိရင်းမှ တစ်ဖက်လူဟာ အကြီးအကဲတစ်ယောက်လို သူမအား ဂရုစိုက်စွာ မေးမြန်းလာကြောင်း သတိထားလိုက်မိချိန်တွင် သူမ၏မျက်ဝန်းထဲတွင် လေးစားမှုနှင့် ကျေးဇူးတင်စိတ်က ပြည့်နှက်လာတော့သည်။
"မယ်တော်ကြီးကို ပြန်ဖြေပါတယ်။ ဒီသခင်မလေးရဲ့ နာမည်က လုယောင်ယောင်ပါ"
"လုယောင်ယောင်တဲ့လား"
မယ်တော်ကြီးက ဝမ်းနည်းဖျော့တော့သော အပြုံးဖြင့် ခေါင်းအသာညိတ်လိုက်သည်။ ထိုကလေးမလေးဟာ အခြားတစ်ယောက် ဖြစ်သည်။ သူမ၏စိတ်အတွင်းမှလူ မဟုတ်ချေ။
"နာမည်ကောင်းပဲ။ မင်းက နယ်မြို့မှာကြီးပြင်းလာခဲ့တာ မဟုတ်လား"
"ဟုတ်ပါတယ်။ မယ်တော်ကြီးက နယ်မြို့ကို ရောက်ဖူးလို့လား"
ယဲ့ကျန်းက မယ်တော်ကြီးက နန်းတော်ထဲတွင် တသီးတသန့် နေခြင်းကို နားမလည်ဟန်ဆောင်ကာ မေးလိုက်သည်။
"အိုက်ကျားက နယ်မြို့ကို တစ်ခါမှ မရောက်ဖူးပေမဲ့ ကြားဖူးပါတယ်"
သူမ၏မျက်ဝန်းများက လခြမ်းကွေးတဖွယ်ကွေးသွားကာ တစ်ဖန် ထပ်ပြောသည်။
"ဆိုတော့ မင်းက နယ်မြို့က လာခဲ့တာ ဆိုတော့ အဲဒီမှာ ဘာလုပ်သလဲ"
မယ်တော်ကြီး၏ အာရုံစိုက်မှုဟာ သူမ၏တတိယညီမထံ ရောက်သွားချိန်ကတည်းက လုဝူရွှမ်း၏မျက်နှာက အစိမ်းရောင်သန်းနှင့်နေပြီဖြစ်သည်။ သခင်မကြီးလုနှင့် လုယောင်ယောင်ကိုသာ မယ်တော်ကြီးက မြင်ချင်နေခြင်း ဖြစ်ပြီး သူမကို လေးစားသောကြောင့်သာ ခေါ်လာခဲ့ခြင်း ဖြစ်သည်။ ယခင်ကမူ သူမကို မျက်နှာသာပေးသောကြောင့် မိသားစုလို လက်ခံသည်ဟု ခန့်မှန်းမိခြင်းက မှားယွင်းနေခဲ့သည်။ စကားလုံးအနည်းငယ်ခန့်နှင့်ပင် ဒီယောက္ခမဖြစ်သူက သူမကို ထွက်သွားစေချင်နေကြောင်းကို ခန့်မှန်းမိလိုက်သည်။
ထို့အပြင် တစ်ဖက်လူဟာ လုယောင်ယောင်ကို အလွန်သဘောကျနေသည်။ စကားဝိုင်းအတွင်းသို့ပင် ဆွဲခေါ်နေသေး၏။
လုယောင်ယောင်ရဲ့အလှကို မြင်သွားလို့ နန်းတော်ထဲကို ခေါ်ချင်နေပြီမဟုတ်လား။
ယဲ့ကျန်းက လုဝူရွှမ်း၏မျက်နှာကို ကြည့်စရာပင် မလိုဘဲ တစ်ဖက်လူ၏အတွေးကို ချက်ချင်း သိလိုက်သည်။ ထို့အတွက် သူက ရှက်ရွံ့ဟန်ဖြင့် ပြုံးလိုက်ပြီး မှတ်ဉာဏ်ထဲမှ လုယောင်ယောင်၏ဘဝအကြောင်းအရာကို ပြန်လည်ရှာဖွေလိုက်သည်။
"ဒီနိမ့်ကျတဲ့ သခင်မလေးရဲ့အစ်ကိုနဲ့ ကျွန်မက နွေရာသီမှာ ရစ်ငှက်တွေ ဖမ်းရတာကို သဘောကျပါတယ်။ အမေက ရစ်ငှက်တွေဖမ်းဖို့ ကျွန်မကို သစ်ပင်တက်ခွင့်မပြုဘူး။ ဒါကြောင့် အမြဲတမ်းအိမ်က ခိုးထွက်ရတယ်။ ဘေးအိမ်မှာနေတဲ့ ဒုက္ခိတစစ်သည်တစ်ယောက်က ကျွန်မကို မြင်းစီးသင်ပေးပါတယ်။ ပြောရရင် သူ့ကြောင့် ကျွန်မရဲ့အစ်ကိုထက်တောင် မြင်းစီးကျွမ်းကျင်နေခဲ့တာပါ။ တစ်ချိန်ကဆိုရင် အစ်ကိုက အမဲလိုက်ဖို့ ကျွန်မကို ခေါ်သွားခဲ့ပါသေးတယ်။ ဒါပေမဲ့ ကျွန်မ ပထမဆုံးအကြိမ် မြားပစ်ခဲ့ပြီး တောရိုင်းယုန်နှစ်ကောင်ရခဲ့ပါတယ်"
ကလေးမလေး၏ ချိုမြိန်နူးညံ့သောအသံက ခန်းမထဲတွင် ပျံ့နှံ့လာချိန်တွင် ကြားရသူတိုင်း၏ စိတ်အခြေအနေကို ကောင်းမွန်သွားစေသည်။
သူမ၏ ရိုးသားအပြစ်ကင်းစင် ကျိုးနွံဟန်လေးက မယ်တော်ကြီးအား ထိုကလေးမလေးကို ပို၍သဘောကျလာစေသည်။
"ဒီတော့.. မင်းက နယ်မြို့မှာ မြင်းစီးအတတ်နဲ့ မြားပစ်အတတ် သင်ခဲ့တာပဲ မဟုတ်လား။ တခြားဘာတွေများ လေ့လာခဲ့သေးလဲ"
ယဲ့ကျန်းက ခေါင်းလေးငုံ့ပြီး ရှက်ရွံ့သွားဟန်ဖြင့် ပြောသည်။
"နယ်မြို့မှာတော့ ဘာမှမသင်ခဲ့ပါဘူး။ ဒါပေမဲ့ အမေက ဆေးပညာကို အတင်းသင်ယူခိုင်းလို့ သင်ယူခဲ့ပေမဲ့ မြို့တော်ကို မပြောင်းရွေ့မချင်း ဒါက အသုံးဝင်မှန်း မသိခဲ့ပါဘူး။ အဘွားရဲ့အထောက်အပံ့ပေးမှုကြောင့် ဆရာမရှန်းရဲ့ သင်ကြားပြသမှုနဲ့အတူ ဝင်ခွင့်ဖြေပြီး အမျိုးသမီးအကယ်ဒမီက ဆေးဝါးကဏ္ဍကို ရွေးချယ်ခဲ့တာပါ။ ဒါပေမဲ့ စာပေအရေးအသားပိုင်းနဲ့ ယဉ်ကျေးမှုပိုင်းတွေမှာ အများကြီး လစ်လပ်နေသေးပါတယ်"
"မင်းက တကယ်တော်နေပါပြီ"
မယ်တော်ကြီးက ယဲ့ကျန်း၏ ခေါင်းလေးကို ပုပ်လိုက်ပြီး မျက်ဝန်းအတွင်းတွင် ချစ်မြတ်နိုးမှုများက ပြည့်နှက်လာသည်။ သူ ပြောသောလေသံကပင် ပို၍ နူးညံ့လာသည်။ သည်လောကမှ ပျောက်ကွယ်သွားပြီဖြစ်သော ချွေးမဖြစ်သူ၏ အကြောင်းအရာများကိုလည်း ပြန်လည်မြင်ယောင်မိသည်။
ဒီမြင်ကွင်းကို ဆက်မကြည့်နိုင်တော့သည့် လုဝူရွှမ်းက တောင့်တင်းစွာ ပြုံးလျက် ကြားဝင်ပြောလိုက်သည်။
"ယောင်ယောင် ဘာလို့ မယ်တော်ကြီးရဲ့ရှေ့မှာ ပေါက်ကရတွေ ပြောနေတာလဲ။ မယ်တော်ကြီးက မင်း နယ်မြို့မှာ တောရိုင်းမလုပ်ခဲ့တာကို သိချင်နေမှာ မဟုတ်ဘူးလေ"
ဟုတ်တယ်။ လုဝူရွှမ်းရဲ့ မျက်လုံးထဲမှာ လုယောင်ယောင်က တောရိုင်းမပဲ။ ဘယ်လိုပဲ ကြည့်ကြည့် တောရိုင်းမပုံစံ ပေါက်နေတာပဲ မဟုတ်ဘူးလား။
သူမ၏မျက်နှာပေါ်တွင် လိမ်းခြယ်ထားသော မျက်နှာချေခပ်ထူထူက သူမ၏အသားပေါ်မှ အနီစက်များကို ဖုံးကွယ်ထားရန် လုပ်ထားခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ယဲ့ကျန်း၏မျက်နှာက ပန်းရောင်သန်းနေတာကို ထင်ရှားစွာ မြင်နေရသည်။
"ဝမ်ဖေး.. ကျွန်မက နယ်မြို့မှာနေခဲ့တုန်းက လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါး နေနိုင်ပါတယ်။ မြို့တော်က အစ်မတွေလိုတော့ ဘယ်နေရပါ့မလဲ။ ဒါကြောင့် အမေကလည်း တောရိုင်းမလေးလို့ မကြာခဏ ပြောပါတယ်"
မယ်တော်ကြီးက ရယ်လိုက်ပြီး ယဲ့ကျန်း၏ လက်လေးကို ကိုင်ကာ လုဝူရွှမ်းကို တစ်ဖက်လှည့်ပြောသည်။
"ဝမ်ဖေးလု.. မင်းရဲ့ညီမက ကံကြမ္မာကောင်းကို ပိုင်ဆိုင်ထားတယ်လို့ပဲ.. ဒီကလေးမလေး တောရိုင်းမဖြစ်နေတာ ဘာမှမှားယွင်းမနေဘူး"
သက်ပြင်းတစ်ချက်ချလိုက်ပြီးနောက် သခင်မကြီးလုဟာ မယ်တော်ကြီးက ယောင်ယောင်လေးကို သဘောကျသွားသည့်အတွက် အလွန်ကျေနပ်မိသည်။ လုဝူရွှမ်းက ရုတ်တရက်နှောင့်ယှက်သည့်တိုင်အောင် မယ်တော်ကြီးက လုယောင်ယောင်ကို စိတ်မကွက်သည့်အတွက်လည်း သဘောကျနေသေးသည်။ သူမ၏မြေးမဖြစ်သူကို သဘောမကျသူ ဟူ၍ မရှိပေ။
မနာလိုတဲ့လူတွေကတော့ ခြွင်းချက်ပေါ့။
လုဝူရွှမ်းက တုံ့ဆိုင်းစွာ ပြုံးလိုက်သည်။
"ဒါပေါ့ မယ်တော်ကြီးပြောတာ မှန်ပါတယ်"
"ကလေး.. ဒီမုဆိုးမကြီးကို လာတွေ့ဖို့ နန်းတော်ထဲကို မကြာခဏ လာခဲ့ပါ"
မယ်တော်ကြီးက စိတ်လှုပ်ရှားစွာ ပြောလာသည်။
ယဲ့ကျန်းဟာ တော်ဝင်နန်းတော်ကို သဘောမကျသော်လည်း မယ်တော်ကြီးကို နှစ်သက်သည်။
"မယ်တော်ကြီး မယ်တော်ကြီး ရှိနေရင် ဘယ်လိုကောင်းကောင်း စကားပြောရမလဲဆိုတာ မသိပါဘူး။ တစ်ခုခု အမှားပြောလိုက်မိရင် ဘယ်လို လုပ်ပါ့မလဲ"
စစ်နင်နန်းတော်မှ သခင်မက ခေါင်းကိုသာ အသာယမ်းပြီး နူးညံ့စွာ ရယ်တော့သည်။
"အိုက်ကျားက မင်းကို သကြားနည်းနည်း ပိုကျွေးလိုက်ရင် ဘယ်လို စကားပြောရမလဲဆိုတာ မင်း နားလည်သွားမယ် ထင်တယ်"
သူမက ခန်းမအတွင်းရှိ စားပွဲပေါ်မှ အချိုမုန့်များက ရည်ညွှန်းပြသည်။
"မယ်တော်ကြီး.. ကျွန်မရဲ့မြေးမက မယ်တော်ကြီးနဲ့ ဘယ်နေရာကမှ မယှဉ်နိုင်ပေမဲ့ မယ်တော်ကြီးက ဒီကလေးမကို အရမ်းကောင်းကောင်းဆက်ဆံလွန်းနေပါပြီ"
သခင်မကြီးလုက မနေနိုင်ဘဲ ပြောလိုက်သည်။
"မယ်တော်ကြီးက သဘောကောင်းလွန်းတာပဲ"
"အိုက်ကျားက မိန်းမငယ်လေးတွေကို သဘောကျတယ်။ သူမကို မြင်ရုံနဲ့တင် တစ်စုံတစ်ယောက်ကို သတိရမိတယ်"
သူမ အရင်ကလည်း သဘောကျနှစ်သက်ခဲ့ရသည့်တိုင် ထိုမိန်းမငယ်လေးက ဆိုးရွားသော ကံကြမ္မာနှင့် ရင်ဆိုင်ရသည်။
လုယောင်ယောင်က ယဲ့ကျန်းနှင့် တူသည့်အတွက် သူမက သဘောကျသွားခြင်း၊ သို့မဟုတ် ထိုကလေးမလေး၏ တက်ကြွချိုမြိန်သော စကားပြောဟန်ကြောင့် သဘောကျသွားခြင်းကို မသေချာသော်လည်း လုယောင်ယောင်ကို သဘောကျသည်မှာ သေချာသည်။
လုဝူရွှမ်းက လျှို့ဝှက်စွာဖြင့် နှုတ်ခမ်းကို ခပ်တင်းတင်းစေ့ထားသည်။ သူမ၏နှလုံးသားထဲတွင်မူ လုယောင်ယောင်ကို ပို၍ ရွံရှာလာမိသည်။
သခင်မကြီးလုဟာလည်း မျက်နှာချင်းဆိုင်တွင် ထိုင်နေသော အကြီးဆုံးမြေးဖြစ်သူ၏ ရုပ်ရည်ကို မြင်နိုင်သည်။ ထို့ကြောင့် စိတ်ထဲတွင်မူ ဒီမြေးမဟာ အမြဲတစေ မလုံမခြုံခံစားနေရသည်ဟု တွေးလိုက်မိလေသည်။
မယ်တော်ကြီးနှင့် ယဲ့ကျန်းတို့က စကားဆက်ပြောနေသည့် အချိန်တွင်ပင် အဆင့်မြင့်တော်ဝင်အစေခံဝတ်စုံကို ဝတ်ဆင်ထားသည့် မိန်းမတစ်ယောက်က အလျင်စလို ဝင်ရောက်လာလေသည်။ ဒေါ်လေးချန်းဟာလည်း ချက်ချင်းလိုလို ဂါရဝပြုရန် မတ်တပ်ထရပ်လိုက်ကာ ထိုအစေခံ၏အနားသို့ သွား၍ မေးမြန်းလိုက်သည်။
"ဘာလို့လဲ။ မင်းသားငယ်က ထပ်ပြီး ပြဿနာရှာပြန်ပြီလား"
မယ်တော်ကြီးက ဒေါ်လေးချန်းကို စိုးရိမ်တကြီးကြည့်သည်။
"မယ်တော်ကြီး အဲဒါက မင်းသားငယ်လေးပါ။ တတိယသခင်မလေးလုက ဒီနေရာကို လာတယ်လို့ ကြားတော့ သူ့ကို တတိယသခင်မလေးလုနဲ့ တွေ့ခွင့်ပေးဖို့ ပြဿနာရှာနေပါတယ်။ နောက်ပြီး ဆေးမသောက်ဘူးလို့လည်း ငြင်းဆန်နေပါသေးတယ်"
ဒေါ်လေးချန်းက ယဲ့ကျန်းကို စိုးရိမ်တကြီးကြည့်လျက် မယ်တော်ကြီးကို ခပ်တိုးတိုး ပြောလိုက်သည်။
..
Zawgyi
အပိုင္း ၁၅၆
ယဲ့က်န္းက ေရွ႕တိုးလာေသာအခါ မယ္ေတာ္ႀကီးက လက္ဆန႔္တန္းလိုက္လ်က္ သူမကို သတၱိရွိလာေစသည္။ ထို႔ေနာက္ ထိုမိန္းကေလး၏ ႐ုပ္ရည္သြင္ျပင္က သူမ၏မ်က္ဝန္းအတြင္း ၾကည္လင္သည္ထက္ ၾကည္လင္လာခ်ိန္တြင္ အကြာအေဝးဟာလည္း က်ဥ္းေျမာင္းလာေတာ့သည္။
ယဲ့က်န္းဟာ သူမႏွင့္ နီးကပ္လြန္းေသာ ေနရာသို႔ ေရာက္လာၿပီးေသာအခါ မယ္ေတာ္ႀကီးက အနားတြင္ရွိေသာ ေဒၚေလးခ်န္းကို အံ့အားတႀကီးက ၾကည့္လိုက္မိေတာ့သည္။ ေဒၚေလးခ်န္းဟာလည္း ယဲ့က်န္း စစ္နင္နန္းေဆာင္အတြင္းသို႔ ဝင္လာခ်ိန္ကတည္းက အံ့အားတႀကီး ျဖစ္ခဲ့ၿပီးသား ျဖစ္သည္။ ထို႔ေၾကာင့္ သခင္မျဖစ္သူက ၾကည့္လာခ်ိန္တြင္ ေခါင္းအသာညိတ္ျပလ်က္ ထိုအခ်ိန္က ေကာလာဟလမ်ားက မွန္ကန္ေၾကာင္း အတည္ျပဳေပးလိုက္သည္။
လုမိသားစုမွ တတိယသခင္မေလးဟာ ယခင္ခ်င္ဝမ္ေဖးႏွင့္ တစ္ထပ္တည္း တူညီေနခဲ့သည္။
"ကေလး မင္းရဲ႕နာမည္က ဘာလဲ"
မယ္ေတာ္ႀကီးသည္ သူမ၏ ေခြၽးမျဖစ္သူအေၾကာင္း ျပန္ေတြးမိၿပီး ဝမ္းနည္းသြားစြာ ယဲ့က်န္းကို ႏူးညံ့စြာ ေျပာလိုက္သည္။ ယဲ့က်န္းက မယ္ေတာ္ႀကီး၏အၾကည့္ကို ခံစားမိရင္းမွ တစ္ဖက္လူဟာ အႀကီးအကဲတစ္ေယာက္လို သူမအား ဂ႐ုစိုက္စြာ ေမးျမန္းလာေၾကာင္း သတိထားလိုက္မိခ်ိန္တြင္ သူမ၏မ်က္ဝန္းထဲတြင္ ေလးစားမႈႏွင့္ ေက်းဇူးတင္စိတ္က ျပည့္ႏွက္လာေတာ့သည္။
"မယ္ေတာ္ႀကီးကို ျပန္ေျဖပါတယ္။ ဒီသခင္မေလးရဲ႕ နာမည္က လုေယာင္ေယာင္ပါ"
"လုေယာင္ေယာင္တဲ့လား"
မယ္ေတာ္ႀကီးက ဝမ္းနည္းေဖ်ာ့ေတာ့ေသာ အၿပဳံးျဖင့္ ေခါင္းအသာညိတ္လိုက္သည္။ ထိုကေလးမေလးဟာ အျခားတစ္ေယာက္ ျဖစ္သည္။ သူမ၏စိတ္အတြင္းမွလူ မဟုတ္ေခ်။
"နာမည္ေကာင္းပဲ။ မင္းက နယ္ၿမိဳ႕မွာႀကီးျပင္းလာခဲ့တာ မဟုတ္လား"
"ဟုတ္ပါတယ္။ မယ္ေတာ္ႀကီးက နယ္ၿမိဳ႕ကို ေရာက္ဖူးလို႔လား"
ယဲ့က်န္းက မယ္ေတာ္ႀကီးက နန္းေတာ္ထဲတြင္ တသီးတသန႔္ ေနျခင္းကို နားမလည္ဟန္ေဆာင္ကာ ေမးလိုက္သည္။
"အိုက္က်ားက နယ္ၿမိဳ႕ကို တစ္ခါမွ မေရာက္ဖူးေပမဲ့ ၾကားဖူးပါတယ္"
သူမ၏မ်က္ဝန္းမ်ားက လျခမ္းေကြးတဖြယ္ေကြးသြားကာ တစ္ဖန္ ထပ္ေျပာသည္။
"ဆိုေတာ့ မင္းက နယ္ၿမိဳ႕က လာခဲ့တာ ဆိုေတာ့ အဲဒီမွာ ဘာလုပ္သလဲ"
မယ္ေတာ္ႀကီး၏ အာ႐ုံစိုက္မႈဟာ သူမ၏တတိယညီမထံ ေရာက္သြားခ်ိန္ကတည္းက လုဝူ႐ႊမ္း၏မ်က္ႏွာက အစိမ္းေရာင္သန္းႏွင့္ေနၿပီျဖစ္သည္။ သခင္မႀကီးလုႏွင့္ လုေယာင္ေယာင္ကိုသာ မယ္ေတာ္ႀကီးက ျမင္ခ်င္ေနျခင္း ျဖစ္ၿပီး သူမကို ေလးစားေသာေၾကာင့္သာ ေခၚလာခဲ့ျခင္း ျဖစ္သည္။ ယခင္ကမူ သူမကို မ်က္ႏွာသာေပးေသာေၾကာင့္ မိသားစုလို လက္ခံသည္ဟု ခန႔္မွန္းမိျခင္းက မွားယြင္းေနခဲ့သည္။ စကားလုံးအနည္းငယ္ခန႔္ႏွင့္ပင္ ဒီေယာကၡမျဖစ္သူက သူမကို ထြက္သြားေစခ်င္ေနေၾကာင္းကို ခန႔္မွန္းမိလိုက္သည္။
ထို႔အျပင္ တစ္ဖက္လူဟာ လုေယာင္ေယာင္ကို အလြန္သေဘာက်ေနသည္။ စကားဝိုင္းအတြင္းသို႔ပင္ ဆြဲေခၚေနေသး၏။
လုေယာင္ေယာင္ရဲ႕အလွကို ျမင္သြားလို႔ နန္းေတာ္ထဲကို ေခၚခ်င္ေနၿပီမဟုတ္လား။
ယဲ့က်န္းက လုဝူ႐ႊမ္း၏မ်က္ႏွာကို ၾကည့္စရာပင္ မလိုဘဲ တစ္ဖက္လူ၏အေတြးကို ခ်က္ခ်င္း သိလိုက္သည္။ ထို႔အတြက္ သူက ရွက္႐ြံ႕ဟန္ျဖင့္ ၿပဳံးလိုက္ၿပီး မွတ္ဉာဏ္ထဲမွ လုေယာင္ေယာင္၏ဘဝအေၾကာင္းအရာကို ျပန္လည္ရွာေဖြလိုက္သည္။
"ဒီနိမ့္က်တဲ့ သခင္မေလးရဲ႕အစ္ကိုနဲ႔ ကြၽန္မက ေႏြရာသီမွာ ရစ္ငွက္ေတြ ဖမ္းရတာကို သေဘာက်ပါတယ္။ အေမက ရစ္ငွက္ေတြဖမ္းဖို႔ ကြၽန္မကို သစ္ပင္တက္ခြင့္မျပဳဘူး။ ဒါေၾကာင့္ အၿမဲတမ္းအိမ္က ခိုးထြက္ရတယ္။ ေဘးအိမ္မွာေနတဲ့ ဒုကၡိတစစ္သည္တစ္ေယာက္က ကြၽန္မကို ျမင္းစီးသင္ေပးပါတယ္။ ေျပာရရင္ သူ႔ေၾကာင့္ ကြၽန္မရဲ႕အစ္ကိုထက္ေတာင္ ျမင္းစီးကြၽမ္းက်င္ေနခဲ့တာပါ။ တစ္ခ်ိန္ကဆိုရင္ အစ္ကိုက အမဲလိုက္ဖို႔ ကြၽန္မကို ေခၚသြားခဲ့ပါေသးတယ္။ ဒါေပမဲ့ ကြၽန္မ ပထမဆုံးအႀကိမ္ ျမားပစ္ခဲ့ၿပီး ေတာ႐ိုင္းယုန္ႏွစ္ေကာင္ရခဲ့ပါတယ္"
ကေလးမေလး၏ ခ်ိဳၿမိန္ႏူးညံ့ေသာအသံက ခန္းမထဲတြင္ ပ်ံ႕ႏွံ႔လာခ်ိန္တြင္ ၾကားရသူတိုင္း၏ စိတ္အေျခအေနကို ေကာင္းမြန္သြားေစသည္။
သူမ၏ ႐ိုးသားအျပစ္ကင္းစင္ က်ိဳးႏြံဟန္ေလးက မယ္ေတာ္ႀကီးအား ထိုကေလးမေလးကို ပို၍သေဘာက်လာေစသည္။
"ဒီေတာ့.. မင္းက နယ္ၿမိဳ႕မွာ ျမင္းစီးအတတ္နဲ႔ ျမားပစ္အတတ္ သင္ခဲ့တာပဲ မဟုတ္လား။ တျခားဘာေတြမ်ား ေလ့လာခဲ့ေသးလဲ"
ယဲ့က်န္းက ေခါင္းေလးငုံ႔ၿပီး ရွက္႐ြံ႕သြားဟန္ျဖင့္ ေျပာသည္။
"နယ္ၿမိဳ႕မွာေတာ့ ဘာမွမသင္ခဲ့ပါဘူး။ ဒါေပမဲ့ အေမက ေဆးပညာကို အတင္းသင္ယူခိုင္းလို႔ သင္ယူခဲ့ေပမဲ့ ၿမိဳ႕ေတာ္ကို မေျပာင္းေ႐ြ႕မခ်င္း ဒါက အသုံးဝင္မွန္း မသိခဲ့ပါဘူး။ အဘြားရဲ႕အေထာက္အပံ့ေပးမႈေၾကာင့္ ဆရာမရွန္းရဲ႕ သင္ၾကားျပသမႈနဲ႔အတူ ဝင္ခြင့္ေျဖၿပီး အမ်ိဳးသမီးအကယ္ဒမီက ေဆးဝါးက႑ကို ေ႐ြးခ်ယ္ခဲ့တာပါ။ ဒါေပမဲ့ စာေပအေရးအသားပိုင္းနဲ႔ ယဥ္ေက်းမႈပိုင္းေတြမွာ အမ်ားႀကီး လစ္လပ္ေနေသးပါတယ္"
"မင္းက တကယ္ေတာ္ေနပါၿပီ"
မယ္ေတာ္ႀကီးက ယဲ့က်န္း၏ ေခါင္းေလးကို ပုပ္လိုက္ၿပီး မ်က္ဝန္းအတြင္းတြင္ ခ်စ္ျမတ္ႏိုးမႈမ်ားက ျပည့္ႏွက္လာသည္။ သူ ေျပာေသာေလသံကပင္ ပို၍ ႏူးညံ့လာသည္။ သည္ေလာကမွ ေပ်ာက္ကြယ္သြားၿပီျဖစ္ေသာ ေခြၽးမျဖစ္သူ၏ အေၾကာင္းအရာမ်ားကိုလည္း ျပန္လည္ျမင္ေယာင္မိသည္။
ဒီျမင္ကြင္းကို ဆက္မၾကည့္ႏိုင္ေတာ့သည့္ လုဝူ႐ႊမ္းက ေတာင့္တင္းစြာ ၿပဳံးလ်က္ ၾကားဝင္ေျပာလိုက္သည္။
"ေယာင္ေယာင္ ဘာလို႔ မယ္ေတာ္ႀကီးရဲ႕ေရွ႕မွာ ေပါက္ကရေတြ ေျပာေနတာလဲ။ မယ္ေတာ္ႀကီးက မင္း နယ္ၿမိဳ႕မွာ ေတာ႐ိုင္းမလုပ္ခဲ့တာကို သိခ်င္ေနမွာ မဟုတ္ဘူးေလ"
ဟုတ္တယ္။ လုဝူ႐ႊမ္းရဲ႕ မ်က္လုံးထဲမွာ လုေယာင္ေယာင္က ေတာ႐ိုင္းမပဲ။ ဘယ္လိုပဲ ၾကည့္ၾကည့္ ေတာ႐ိုင္းမပုံစံ ေပါက္ေနတာပဲ မဟုတ္ဘူးလား။
သူမ၏မ်က္ႏွာေပၚတြင္ လိမ္းျခယ္ထားေသာ မ်က္ႏွာေခ်ခပ္ထူထူက သူမ၏အသားေပၚမွ အနီစက္မ်ားကို ဖုံးကြယ္ထားရန္ လုပ္ထားခဲ့ျခင္း ျဖစ္သည္။ ထို႔ေၾကာင့္ ယဲ့က်န္း၏မ်က္ႏွာက ပန္းေရာင္သန္းေနတာကို ထင္ရွားစြာ ျမင္ေနရသည္။
"ဝမ္ေဖး.. ကြၽန္မက နယ္ၿမိဳ႕မွာေနခဲ့တုန္းက လြတ္လြတ္လပ္လပ္ ေပါ့ေပါ့ပါးပါး ေနႏိုင္ပါတယ္။ ၿမိဳ႕ေတာ္က အစ္မေတြလိုေတာ့ ဘယ္ေနရပါ့မလဲ။ ဒါေၾကာင့္ အေမကလည္း ေတာ႐ိုင္းမေလးလို႔ မၾကာခဏ ေျပာပါတယ္"
မယ္ေတာ္ႀကီးက ရယ္လိုက္ၿပီး ယဲ့က်န္း၏ လက္ေလးကို ကိုင္ကာ လုဝူ႐ႊမ္းကို တစ္ဖက္လွည့္ေျပာသည္။
"ဝမ္ေဖးလု.. မင္းရဲ႕ညီမက ကံၾကမၼာေကာင္းကို ပိုင္ဆိုင္ထားတယ္လို႔ပဲ.. ဒီကေလးမေလး ေတာ႐ိုင္းမျဖစ္ေနတာ ဘာမွမွားယြင္းမေနဘူး"
သက္ျပင္းတစ္ခ်က္ခ်လိုက္ၿပီးေနာက္ သခင္မႀကီးလုဟာ မယ္ေတာ္ႀကီးက ေယာင္ေယာင္ေလးကို သေဘာက်သြားသည့္အတြက္ အလြန္ေက်နပ္မိသည္။ လုဝူ႐ႊမ္းက ႐ုတ္တရက္ေႏွာင့္ယွက္သည့္တိုင္ေအာင္ မယ္ေတာ္ႀကီးက လုေယာင္ေယာင္ကို စိတ္မကြက္သည့္အတြက္လည္း သေဘာက်ေနေသးသည္။ သူမ၏ေျမးမျဖစ္သူကို သေဘာမက်သူ ဟူ၍ မရွိေပ။
မနာလိုတဲ့လူေတြကေတာ့ ႁခြင္းခ်က္ေပါ့။
လုဝူ႐ႊမ္းက တုံ႔ဆိုင္းစြာ ၿပဳံးလိုက္သည္။
"ဒါေပါ့ မယ္ေတာ္ႀကီးေျပာတာ မွန္ပါတယ္"
"ကေလး.. ဒီမုဆိုးမႀကီးကို လာေတြ႕ဖို႔ နန္းေတာ္ထဲကို မၾကာခဏ လာခဲ့ပါ"
မယ္ေတာ္ႀကီးက စိတ္လႈပ္ရွားစြာ ေျပာလာသည္။
ယဲ့က်န္းဟာ ေတာ္ဝင္နန္းေတာ္ကို သေဘာမက်ေသာ္လည္း မယ္ေတာ္ႀကီးကို ႏွစ္သက္သည္။
"မယ္ေတာ္ႀကီး မယ္ေတာ္ႀကီး ရွိေနရင္ ဘယ္လိုေကာင္းေကာင္း စကားေျပာရမလဲဆိုတာ မသိပါဘူး။ တစ္ခုခု အမွားေျပာလိုက္မိရင္ ဘယ္လို လုပ္ပါ့မလဲ"
စစ္နင္နန္းေတာ္မွ သခင္မက ေခါင္းကိုသာ အသာယမ္းၿပီး ႏူးညံ့စြာ ရယ္ေတာ့သည္။
"အိုက္က်ားက မင္းကို သၾကားနည္းနည္း ပိုေကြၽးလိုက္ရင္ ဘယ္လို စကားေျပာရမလဲဆိုတာ မင္း နားလည္သြားမယ္ ထင္တယ္"
သူမက ခန္းမအတြင္းရွိ စားပြဲေပၚမွ အခ်ိဳမုန႔္မ်ားက ရည္ၫႊန္းျပသည္။
"မယ္ေတာ္ႀကီး.. ကြၽန္မရဲ႕ေျမးမက မယ္ေတာ္ႀကီးနဲ႔ ဘယ္ေနရာကမွ မယွဥ္ႏိုင္ေပမဲ့ မယ္ေတာ္ႀကီးက ဒီကေလးမကို အရမ္းေကာင္းေကာင္းဆက္ဆံလြန္းေနပါၿပီ"
သခင္မႀကီးလုက မေနႏိုင္ဘဲ ေျပာလိုက္သည္။
"မယ္ေတာ္ႀကီးက သေဘာေကာင္းလြန္းတာပဲ"
"အိုက္က်ားက မိန္းမငယ္ေလးေတြကို သေဘာက်တယ္။ သူမကို ျမင္႐ုံနဲ႔တင္ တစ္စုံတစ္ေယာက္ကို သတိရမိတယ္"
သူမ အရင္ကလည္း သေဘာက်ႏွစ္သက္ခဲ့ရသည့္တိုင္ ထိုမိန္းမငယ္ေလးက ဆိုး႐ြားေသာ ကံၾကမၼာႏွင့္ ရင္ဆိုင္ရသည္။
လုေယာင္ေယာင္က ယဲ့က်န္းႏွင့္ တူသည့္အတြက္ သူမက သေဘာက်သြားျခင္း၊ သို႔မဟုတ္ ထိုကေလးမေလး၏ တက္ႂကြခ်ိဳၿမိန္ေသာ စကားေျပာဟန္ေၾကာင့္ သေဘာက်သြားျခင္းကို မေသခ်ာေသာ္လည္း လုေယာင္ေယာင္ကို သေဘာက်သည္မွာ ေသခ်ာသည္။
လုဝူ႐ႊမ္းက လွ်ိဳ႕ဝွက္စြာျဖင့္ ႏႈတ္ခမ္းကို ခပ္တင္းတင္းေစ့ထားသည္။ သူမ၏ႏွလုံးသားထဲတြင္မူ လုေယာင္ေယာင္ကို ပို၍ ႐ြံရွာလာမိသည္။
သခင္မႀကီးလုဟာလည္း မ်က္ႏွာခ်င္းဆိုင္တြင္ ထိုင္ေနေသာ အႀကီးဆုံးေျမးျဖစ္သူ၏ ႐ုပ္ရည္ကို ျမင္ႏိုင္သည္။ ထို႔ေၾကာင့္ စိတ္ထဲတြင္မူ ဒီေျမးမဟာ အၿမဲတေစ မလုံမၿခဳံခံစားေနရသည္ဟု ေတြးလိုက္မိေလသည္။
မယ္ေတာ္ႀကီးႏွင့္ ယဲ့က်န္းတို႔က စကားဆက္ေျပာေနသည့္ အခ်ိန္တြင္ပင္ အဆင့္ျမင့္ေတာ္ဝင္အေစခံဝတ္စုံကို ဝတ္ဆင္ထားသည့္ မိန္းမတစ္ေယာက္က အလ်င္စလို ဝင္ေရာက္လာေလသည္။ ေဒၚေလးခ်န္းဟာလည္း ခ်က္ခ်င္းလိုလို ဂါရဝျပဳရန္ မတ္တပ္ထရပ္လိုက္ကာ ထိုအေစခံ၏အနားသို႔ သြား၍ ေမးျမန္းလိုက္သည္။
"ဘာလို႔လဲ။ မင္းသားငယ္က ထပ္ၿပီး ျပႆနာရွာျပန္ၿပီလား"
မယ္ေတာ္ႀကီးက ေဒၚေလးခ်န္းကို စိုးရိမ္တႀကီးၾကည့္သည္။
"မယ္ေတာ္ႀကီး အဲဒါက မင္းသားငယ္ေလးပါ။ တတိယသခင္မေလးလုက ဒီေနရာကို လာတယ္လို႔ ၾကားေတာ့ သူ႔ကို တတိယသခင္မေလးလုနဲ႔ ေတြ႕ခြင့္ေပးဖို႔ ျပႆနာရွာေနပါတယ္။ ေနာက္ၿပီး ေဆးမေသာက္ဘူးလို႔လည္း ျငင္းဆန္ေနပါေသးတယ္"
ေဒၚေလးခ်န္းက ယဲ့က်န္းကို စိုးရိမ္တႀကီးၾကည့္လ်က္ မယ္ေတာ္ႀကီးကို ခပ္တိုးတိုး ေျပာလိုက္သည္။
..