[Unicode]
ဘယ်တုန်းကမှန်းမသိသည့် အချိန်တစ်ခုတွင် ဟွမ် သည်ကား သူ့ရှေ့တွင် ဒူးထောက်လျက်သား။ ဘယ်သောအခါမှ အရှုံးမပေးတတ်သည့် ခေါင်းမာသည့် ထိုလူသားက သူ့အပေါ်ကောင်းကျိုးမပေးသည့် အဖေတစ်ယောက်အတွက် ရန်သူအား ဒူးထောက်ကာ အကူအညီတောင်းခံနေလေသည်။ မျက်ဝန်းထောင့်များမှာ မဟော်ဂနီရောင် ထင်ဟပ်လျက်၊ နှလုံးသားမှာ အပြင်ဘက်ရှိ ရွာသွန်းနေသော မိုးများနှယ် တစ်စစီပြိုကွဲလျက် ၊ အမြဲအဖော်ပြုထားတတ်သည့် မာနတို့မှာတော့ အစရှာမရလေအောင် ပျောက်ဆုံးသွားသည်မှာ အတော်ကြာပြီဖြစ်ပြီး ရန်သူထံ သူကိုယ်ကို လိုလိုလားလား ပေးအပ်နေလေတော့သည့်။ နောင်တဟူ၍ မြူတစ်မှုန်တောင်မရှိလေဘဲ အမြဲသူ့အပေါ်နှိပ်စက်တတ်သည့် တစ်ကိုယ်ကောင်းဆန်သည့် အဖေတစ်ယောက်အတွက်။
" ဒီထက်ပိုပြီး ငါလုပ်နိုင်တာရှိသေးရင် မင်းကို အကုန်လုပ်ပေးမယ် "
အသံသည်ကား အက်ရှ၍ တိုးတိမ်လွန်းပေသည်။ မိုးစက်များက အားပြင်းလာပြီး အမိုးကိုထိခိုက်လျက် ကျယ်လောင်လာသည့် အခိုက်တွင် အထီးကျန်လှသော ထိုသူ့၏ စကားသံများကိုကြားနိုင်ရန် ခဲယင်းလှသည်။ သို့သော် မီးလျှံ၏ နားအတွင်းတွင်မူ ထိုကျယ်လောင်သည့် မိုးသံများကို ဖယ်ရှားလျက် ဟွမ်၏ တောင်းပန်တိုးလျိုသည့် အသံကသာ ကြီးစိုးထားတော့သည်။
သျှားစစ်မီးလျှံ၏ ရောင်ပြန်ဟပ်နေသည့် မျက်လုံးအိမ်ထဲတွင် ဟွမ်၏ ပုံစံက ထင်ထင်ရှားရှား တည်ရှိနေကာ သူ့ရှေ့၌ ဒူးထောက်လျက်ရှိနေသော လူကြောင့် ဒေါသတရားများက အစဉ်အလာအတိုင်း ထိန်းချုပ်မှု ကင်းမဲ့သွားလျက်သား။ အထူးသဖြင့် ဟွမ်ဟာ ထိုအသုံးမကျတဲ့ သူ့အဖေကြောင့် အသနားခံလာသည့်အချိန်မျိုးတွင် သူဟာ ဟွမ့်ကို ဒီလိုပုံစံဖြစ်စေသည့် အဓိကတရားခံကို အကြိမ်ပေါင်းများစွာ နိဂုံးချုပ်ပေးချင်မိသည်။
" ငါ့ကို မင်းသဘောအတိုင်း လုပ်နိုင်ပါတယ်။ အဲ့တာကြောင့်....ငါတောင်းဆိုတာကို စဉ်းစားပေးပါ "
ဟွမ်၏ စကားမဆုံးမှီပင် မီးလျှံက ရှေ့သို့တိုးလာခဲ့ပြီး ဟွမ်ရဲ့မေးအား ကြမ်းကြမ်းတမ်းတမ်းဆွဲယူလိုက်ပြီး အကြည့်ချင်းဆုံစေသည်။ နောက်ဆုံးတွင်မူ သူ၏ သည်းခံနိုင်စွမ်းအား ကုန်ဆုံးသွားပြီဖြစ်သည်။ မီးသဖွယ် တောက်လောက်နေသော ဒေါသတို့ဖြင့် သူ့ရှေ့ကလူအား လောင်မြိုက်လျက် သူကိုယ်တိုင်ဖျက်ဆီး ပစ်လိုက်ချင်သည်။ ထိုသို့လုပ်လိုက်ခြင်းက တစ်ပါးသူအတွက် တောင်းဆိုခယနေခြင်းထက် ပို၍သည်းခံနိုင်ပါသေးသည်။
" သူကမင်းအပေါ်ဘာတွေများ ကောင်းနေလို့လဲ။သူ့ဆီက တန်ဖိုးကြီးတာ ဘာတွေများရဖူးလို့တစ်သက်လုံး အရှုံးမပေးချင်တဲ့ငါ့အပေါ် ဒူးထောက်ပြီး တောင်းဆိုနေရတာလဲ။ငါ့ရဲ့နယ်ရုပ် ငါ့ရဲ့ရုပ်သေးရုပ် အဖြစ်ခံ အလှောင်ပြောင်ခံပြီး ကယ်တင်နေရအောင် သူကအဲ့တာတွေနဲ့ ဘာတွေများ ထိုက်တန်လို့လဲ။ "
ကြမ်းကြမ်းတမ်းတမ်း ဆွဲယူခံထားရသော မေးမှာ တမှုတ်ချင်း နီရဲလာခဲ့သည်။ ခံစားကျော်ဖြတ်လာရသည်မှာ များလွန်းလှသည့်အတွက် ဟွမ်မှာ နောက်ဆုံးတွင် သည်းခံနိုင်စွမ်းအား သူ့ထံတွင်လုံးဝ ကုန်ဆုံးသွားပြီဖြစ်သည်။ မျက်ဝန်းတို့မှာနီရဲနေသော်လည်း ဘောင်ခတ်ထားခြင်းခံနေရသော အရာများမှာ အပြင်ဘက်ရှိမိုးစက်များနှယ် တဖွဲဖွဲကျဆင်းလာရတော့သည်။ ရပ်တန့်လိုသော်လည်း သူမစွမ်းဆောင်နိုင်ပေ။ ထိုအရာများက သူ့အမိန့်ကိုမနာခံတော့ပေ။ အောက်နှုတ်ခမ်းကို ပြတ်လုမတတ် ကိုက်ခဲထားသော်လည်း ရန်သူရဲ့ရှေ့တွင် သူဟာ အားနည်းပျော့ညံ့မှုများ ပြိုလဲမှုများကို အဖော်ပြုလျက် သနားချင့်စဖွယ်ငိုကျွေးနေသည်အသွင်သာ ဖြစ်ပေါ်နေခဲ့သည်။ မျက်ရည်များကအဆက်မပြတ် ကျဆင်းလာရပြီး ခန္ဓာကိုယ်မှာလည်း တုန်ယင်လာရသည်။ သို့သော်နောက်ဆုံးသော စကားကိုမူ သူကအရှက်မဲ့လွန်းစွာ ထပ်မံပြောခဲ့လေသည်။
" တောင်းဆိုပါတယ် _
သျှားစစ်မီးလျှံမှာ ပိုလိုတောင်စိတ်တိုသွားရသည်ပင်။ ထိုလူသားက ကာကွယ်ပေးချင်နေသော သူအား ပိုလို့တောင်ဖျက်ဆီးပြစ်လိုက်ချင်သည်။ အရေကိုနွှာလျက် အသားကိုကြော်ကာ အရိုးကိုကျိုပစ်လိုက်ချင်သည်။ ထိုလူနှင့်သက်ဆိုင်သော အရာတစ်ခုတစ်လေတောင်မှ ကမ္ဘာပေါ်တွင် မကျန်ရစ်စေရန် ဖျက်ဆီးပစ်လိုက်ချင်သည်။ မုန်းသည်....ယခုလိုအခြေအနေကိုလည်း သူမုန်းသည်။ အနိုင်ယူနိုင်ခဲ့သော်ငြား နာကျင်နေသော သူ့ကိုယ်သူလည်း မုန်းသည်။ ထို့အရာများအနက် မျက်ရည်များနှင့် အသနားခံနေသော ဟွမ်အား သူပိုလို့တောင်မုန်းသည်။ မုန်းတီးမှုများကိုအဖော်ပြုလျက် သူဟာအရွဲ့တိုက်ခဲ့လေသည်။
နောက်ဆုံးတွင် ဟွမ်အားဆုပ်ကိုင်ထားသော လက်ကိုလွှတ်ပေးလိုက်ပြီး ထက်လှစွာသောဓားတစ်ချောင်းနှယ် စကားကိုသာ ထိုယောက်ျားပျိုထံပစ်ခွင်းလိုက်သည်။ အသံသည်ကား ခြောက်ခြားမှုများတစ်ဝက် လှောင်ပြောင်မှုများတစ်ဝက် ပါဝင်နေသည့်အပြင် နာကျင်မှုတစ်စွန်းတစ်စလေးကလည်း ထင်ဟပ်နေပြန်သည်။
" တောင်းဆိုပါတယ်ဟုတ်လား.....ငါကဘာလို့ အဲ့လိုလုပ်ပေးရမှာလဲ။ မင်းမှားနေပြီ ဒါကငါလိုချင်နေတဲ့အရာပဲ ။ Sunshineရဲ့ ပျက်သုန်းခြင်းကိုလည်း ကြည့်ပြီး ၊ ဦးရာသစ်မာန်ရဲ့ ထောင်ထဲမှာ သေဆုံးခြင်းကိုလည်း ကြည့်ပြီး၊ ငါ့ကို အမြဲဆန့်ကျင်နေတဲ့ မင်းပြိုလဲသွားတာကိုလည်း ကြည့်ဖို့က ငါ့ရည်ရွယ်ချက်ဘဲ။ မင်းမသိဘူးလား....သူများတွေထက်ကိုပိုပြီး အဲ့တာက ငါအလိုရှိနေတဲ့ အရာတွေဆိုတာ။ "
သူဆိုသည့် သျှားစစ်မီးလျှံဆိုသည်မှာ မီးလောင်ရာဆီထပ်လောင်းပေးတတ်သော လူစားမျိုးပင်။ ဒုက္ခရောက်နေသူကို ကြည့်ရသည်မှာ သူ့အားအပျင်းပြေစေသည်။ ဟွမ် ဆိုသောလူသားက သူအမြဲအနိုင်လိုချင်သော အရာမဟုတ်ပါလား။ ဟွမ်၏ရှုံးနှိမ့်ခြင်းက သူ့၏အောင်မြင်ခြင်းမှတ်တိုင်ပင်။ ဤသည်မှာ မပြောင်းလဲ မယိမ်းယိုင်ဘဲတည်ရှိနေသော အမှန်တရားတစ်ခုသာ။
" ....... "
အချိန်အတော်ကြာသွားသော်လည်း မည်သူကမှစကားစမလာတော့ပေ။ အခန်းအတွင်း တိတ်ဆိတ်မှုကသာကြီးစိုးသွားပြီး အပြင်ဘက်ရှိရာသီဥတုမှာ ပိုလို့တောင်ဆိုးဝါးလာရသည်။ လျှပ်စီးလက်မှု၏ နောက်တွင် မိုးခြိမ်းသံက ကပ်လျက်ပါနေခဲ့ပြီး အခန်းအတွင်းကြမ်းပြင်များမှာလည်း ရေခဲလွှာပမာ အေးစက်နေခဲ့သည်။သို့သော် သူတို့နှစ်ဦးအနက် မည်သူကမှ စကားစမလာခဲ့ဘဲ ထိုကြမ်းပြင်နှယ် အခန်းကိုလည်း အေးစက်စေခဲ့သည်။ ရာသီဥတုမှာ မည်မျှပင်အေးလာစေကာမူ နှစ်ဦးလုံး၏ စိတ်အစဉ်တို့သည် ပူလောင်ကာရှုတ်ထွေးလျက် ကြည်လင်ခြင်းအလျင်းမရှိပေ။
နှစ်ရှည်လများ ကြာမြင့်သည်ဟု ထင်နိုင်သည့်အခါမှ ဟွမ်ကဦးစွာ တုန့်ပြန်လာခဲ့သည်။ တုန်ယင်နေမှုမှာလည်း ရပ်တန့်သွားပြီး မျက်ရည်များလည်း ကုန်ဆုံးသွားခဲ့ပြီဖြစ်သည်။ သို့သော် အသံသည်ကား အက်ရှကြေကွဲနေဆဲ။ မျက်ဝန်းများမှာ စုံချက်မရှိပျောက်ဆုံးနေပြီး လောကကြီးအား စိတ်ကုန်သွားသည့်နှယ်။အမူအရာသည်ကား ခန့်မှန်းရခက်လွန်းလှ၍ အသက်မဲ့သော အရုပ်တစ်ရုပ်နှယ်ပင် ။အသေးစိတ်ဖော်ပြရလျှင် ရုပ်သေးရုပ်နှင့် တူနေလေသည်။ ရုပ်သေးရုပ်တွင် ကြိုးများမှာအဓိက အသက်ကြောပင်ဖြစ်ပြီး ယခုတွင်မူ သူ့ကိုထောက်ခံပေးသော ကြိုးများမှာ လုံးဝဥသုံ ပြတ်တောက်သွားသည်မှာ ကြာမြင့်လှပြီဖြစ်သည်။ ယခင်ကတည်းက သူဟာဖခင်ဖြစ်သူ၏ အရုပ်တစ်ရုပ်သာ။ ထိုလူအလိုရှိသည့်အတိုင်း ကြိုးဆွဲရာ ကခဲ့သော ရုပ်သေးရုပ်။ အတားအဆီးမှန်သမျှကို ရှေ့ကကာကွယ်ပေးခဲ့သော ဒိုင်းကာအရုပ်ပင်။ ယခုချိန်တွင်မူ ရိုက်ခတ်လာသောဒဏ်မှာ အားပြင်းလွန်းလှသဖြင့် ဟွမ်ဆိုသော ဒိုင်းကာအရုပ်လေးမှာ ခံနိုင်ရည်စွမ်းအား မရှိတော့ပေ။ ယခုအတားအဆီးအား သူမှာဒိုင်းကာလုပ်ပေးနိုင်စွမ်း မရှိတော့။ သို့သော် သူဟာအရေထူနေပြီဖြစ်ပြီး ထိုလူကပေးသော ဒုက္ခဟူသမျှကို ရင်ဝယ်ပိုက်ထားရသည်ကိုလည်း ကျင့်သားရနေပြီဖြစ်သည်။ ဇာတ်လမ်း၏အဆုံးတွင်မူ သူဟာ နောက်ဆုံးကျန်ရစ်လေသော မြက်တစ်ပင်ကိုဆုံးရှုံးရမှာ ကြောက်ရွံ့နေဆဲပင်။
" သိတယ်...ဒါပေမဲ့... ငါ့မှာ သူတစ်ယောက်ပဲရှိတော့တာ။ သူကလွဲပြီး ငါ့မှာပိုင်ဆိုင်တာ ဘာတစ်ခုမှမရှိတော့ဘူး။ သူ့ကိုပါ ထပ်ပြီးဆုံးရှုံးလိုက်ရရင် ငါမှာဆွေမျိုးသားချင်း ဆိုတာမရှိတော့ဘူး။ "
နှလုံးသားက နာကျင်လွန်း၍ အပြင်ဘက်ထိအောင်ရိုက်ခတ်နေလေသည်။ အသည်းခိုက်မတတ် နာကျင်မှုကြောင့် မျက်နှာအနည်းငယ်ပျက်ယွင်းသွားသော်လည်း ဘာမှမဖြစ်ခဲ့သည့်အတိုင်းဆက်ပြောလာသည်။
" သူကငါ့အပေါ် မကောင်းမှန်းသိတာတောင် ငါသူ့ဆီကမေတ္တာတွေကို လိုချင်နေတုန်းပဲ။ သူကငါ့ကို မုန်းနေရင်တောင် ငါသူ့အနားမှာ နေချင်နေတုန်းပဲ။ နောက်ဆုံးအချိန်ထိ သူဒီလိုအဆုံးသတ်သွားမှာကို ငါကြည့်မနေနိုင်ဘူး။ "
သူဟာအရူးတစ်ယောက်ပင်။ မဖြစ်နိုင်မှန်းသိသည့်အရာကို လိုချင်နေတုန်းပဲ။ သို့သော် ဤသည်မှာ ပထမဆုံးအကြိမ်အဖြစ် သူပိုင်ဆိုင်ချင်မိသောအရာပင်။ ဟိုးအရင်ထဲက သူလောဘတက်နေမိသောအရာ။ နောက်ဆုံးအချိန်ထိ သူ့လိုလူမျိုးက ထိုအရာများနှင့် မထိုက်တန်နေ၍လားတော့မသိပေ ။ တစ်ဘဝလုံးစာ ပေးဆပ်ခဲ့သော်လည်း မြူတစ်မှုန် သဲတစ်စလောက်တောင် သူပြန်မရရှိနိုင်ခဲ့သည့် အချစ်များ။ အဲ့တာတောင် မျက်ကန်းတစ္စေမကြောက်သည့်နှယ် ရှေ့ဆက်တိုးနေမိဆဲ။ သူက တစ်ကယ့်အရူးတစ်ယောက်ပင်ဖြစ်တာကြောင့် ကုသလို့မရအောင် လုံးဝရူးသွပ်နေသည့် စိတ်ရောဂါသည် အရူးတစ်ယောက်နှယ်ပင်ဖြစ်သည်။ ဖခင်ဆီက မေတ္တာကို လိုချင်လွန်းလို့ သူဟာသွက်သွက်ခါအောင်ရူးနေပြီပင်။
ဟွမ်၏ ငွေမှင်ရောင်ဆံပင်ရှည်များမှာ လေတစ်ချက်တိုက်လိုက်တိုင်း လူးလွန့်ကုန်ကြလေပြီး အပြင်ဘက်မှ ဖန်တရာထပ်အောင် ကြီးစိုးနေသော မိုးခြိမ်းသံကို ကြားရသည်မှာ နှလုံးသားကို ဒဏ်ခတ်နေသည့် အပြစ်ပေးစည်သံများအလား။
" မင်း ငါ့ကိုသိပ်စိတ်ပျက်စေတယ် "
သျှားစစ်မီးလျှံက ဆက်ပြောလာသည်။
" ငါအစက သူ့ကို လူသတ်မှုနဲ့ပါပေါင်းပြီး သေမိန့်ကျအောင် လုပ်ဖို့ရည်ရွယ်ထားတာ "
ဟွမ်ရဲ့ မျက်လုံးအရောင်များက ချက်ချင်းပြောင်းလဲသွားခဲ့လေသည်။
" ဒါပေမယ့် မင်းက မင်းခန္ဓာကိုယ်နဲ့ အလဲအလှယ်လုပ်ချင်နေတော့လည်း အခွင့်အရေးပေးတဲ့အနေနဲ့ ညှီနှိုင်းကြည့်ရတာပေါ့ ...ဟွမ် _
" ဦးရာသစ်မာန်ကို ထောင်ထဲမှာ မသေစေရဘူးလို့ ငါကတိပေးတယ် '
" တကယ်လား "
" အဲ့ဒီ့အစား....အခုချက်ချင်း မင်းအင်္ကျီကို ချွတ်လိုက် "
အာမေဠိတ်သံနဲ့အတူ ဟွမ်ရဲ့ခန္ဓာကိုယ်က တုန့်ဆိုင်းသွားခဲ့သည်ကို ထိန်းမရခဲ့ပေ။
" ဘာလဲ ....မလုပ်ချင်ဘူးလား။ ဒါဆိုလဲ... "
" မဟုတ်ဘူး.... "
အနည်းငယ်တွေဝေနေပြီးနောက် ဟွမ် ပြန်ဖြေလာ၏။
" ငါလုပ်မယ် _
တစ်ဆက်တည်းပင် ဟွမ်က သူ၏အေးစက်နေသော မျက်နှာသေဖြင့် လည်တိုင်နားက အင်္ကျီကြယ်သီးနှစ်လုံးကို ဆွဲဖြုတ်လိုက်ကာ တတိယမြောက်တစ်ခုကို ဖြုတ်ခါနီးတွင် အမြင်အာရုံဟာ မှောင်မဲခြင်းအတိ ဖုံးလွှမ်းသွားတာကြောင့် ရပ်တန့်လိုက်သည်။
အမှန်စင်စစ်တွင် သျှားစစ်မီးလျှံက တစ်အိမ်လုံးကို မိန်းချလိုက်ကာ အမှောင်ဖုံးစေလိုက်ခြင်းဖြစ်သည်။ ထို့နောက်ဝါကျင်ကျင်မီးရောင်က ဟွမ်ရဲ့ အနောက်ဘက်ကနေ တစ်ဖြည်းဖြည်း နီးကပ်လာကြောင်း သတိထားမိလိုက်လေသည်။ သူလှည့်ကြည့်လိုက်ချိန်တွင် သျှားစစ်မီးလျှံက ဖယောင်းတိုင်တစ်ချောင်းကိုင်လာတာကို မြင်လိုက်ရကာ ဆက်လက်ပြီး ထိုလူက ဖယောင်းတိုင်ကို စားပွဲပေါ်တင်လျက် ဟွမ်ရဲ့တတိယမြောက် ကြယ်သီးကို ကိုယ်တိုင်ကိုယ်ကျ ချွတ်ပေးလာသည်။
ရုန်းကန်ခြင်းလည်း မပြုလုပ်သလို ငြင်းဆန်ခြင်းလည်း မပြဘဲ ဟွမ် ထိုတိုင်း ငြိမ်သက်နေလိုက်တော့သည်။ အစထဲက ရွေးချယ်စရာလမ်း မရှိတော့ပြီ မဟုတ်ပါလား....သူဘာကြောင့် အားကုန်ခံနေရဦးမှာလဲ။
လေးခုမြောက်ကြယ်သီးကို ဆက်မဖြုတ်ဘဲ သျှားစစ်မီးလျှံက ဟွမ် အင်္ကျီကို ဖြည်းဖြည်းချင်း ဆွဲချလိုက်သည်ကြောင့် နူးညံ့ဖြူဖွေးနေသည့် ကျောဘက်နဲ့ မီးရောင်ဟပ်နေသည့် ပုခုံးသားများအပြင် ရင်ဘတ်တစ်ခုလုံးက ဖွင့်လှစ်ထားခြင်း ခံလိုက်ရသည်။
လက်ညှိုးတစ်ချောင်းနဲ့ ဟွမ်ရဲ့မေးစေ့ကို ပင့်တင်လိုက်ပြီး သျှားစစ်မီးလျှံတစ်ယောက် ဆွဲဆောင်မှုအပြည့်ဖြင့် မေးမြန်းလိုက်သည်။
" ဘာတွေစဉ်းစားနေတာလဲ "
ဩရှကာ ထည်ဝါသည်ဟု ဆိုရမည့်အသံပင်ဖြစ်သည်။ အသံလေးတစ်ခုနှင့်ပင် ဟွမ်၏ ခြေထောက်များကို ပျော့ခွေသွားအောင် ရိုက်ချိုးနိုင်သည်။
" ငါ့အပိုင်ဖြစ်သွားပြီဆိုတော့ ဘယ်သူမှ လာမလုရဲအောင် တံဆိပ်ရိုက်နှိပ်ရမှာ မဟုတ်ဘူးလား "
" မင်းသဘောပဲ....ဒါပေမယ့် "
" ရှုး "
လက်ညှိုးတစ်ချောင်း နီဆွေးဆွေးနှုတ်ခမ်းပေါ် နေရာယူလျက် စကားများကို ဟန့်တားလိုက်သည်။
" ဘာမှမပြောနဲ့ အမိန့်ပဲ _
ဆက်လက်ပြီး သျှားစစ်မီးလျှံက ဟွမ်ရဲ့ နှုတ်ခမ်းများကို နမ်းရှိုက်လိုက်လေသည်။ အလွန်အမင်း အသည်းအသန်နိုင်စွာဖြင့် ၊ပူလောင်မွတ်သိပ်စွာဖြင့် ၊ဆာလောင်ပြင်းပြမှုတို့အပြည့်ဖြင့်ပင်။
ဟွမ်တစ်ယောက် အစပိုင်းတွင် တောင့်တင်းစွာ ရပ်နေနိုင်ခဲ့သော်လည်း အချိန်အနည်းငယ်အကြာတွင် သူ၏အသက်အောင့်နိုင်စွမ်းက ဆိုးဆိုးရွားရွား ပြဿနာတက်လာလေသည်။ လက်နဲ့တွန်းကာ ခန္ဓာကိုယ်နှစ်ခုကို ခွာလိုက်သော်လည်း သျှားစစ်မီးလျှံက အားနဲ့ပြန်ဆွဲပူးစေသည်။ နောက်ထပ်မိနစ်ပိုင်းအကြာတွင် ဟွမ် လုံးဝသည်းမခံနိုင်တော့ပေ။ ခန္ဓာကိုယ်တစ်ခုလုံးပူလောင်နေပြီး အောက်စီဂျင် ပြတ်လပ်နေမှုသည် တောင့်ခံနိုင်သည့် အတိုင်းအတာကို ကျော်လွန်သွားသည့်အတွက် မျက်ရည်ပူများကို မဖိတ်ခေါ်ဘဲ ကြိုဆိုသလို ဖြစ်သွားခဲ့သည်။
မျက်လုံးအိမ်က စီးကျလာသော ထိုအရည်များသည် သျှားစစ်မီးလျှံ၏ ပါးပြင်ကိုထိတွေ့သွားကာ ထိုသူ့ကို အသိစိတ်ဝင်လာအောင် စွမ်းဆောင်နိုင်သွားဟန်တူသည်။ ဟွမ့်ကို လွှတ်ပေးလာပြီး အသက်ရှုခွင့် ပေးလာသည်။
ဘာကိုမှမစဉ်းစားနိုင်ခင် ဟွမ်ဟာ အသက်ကိုဝအောင်ရှုသွင်းဖို့တစ်ခုထဲကိုပဲ အာရုံစိုက်နေရသည်။ အချိန်သိပ်မကြာလိုက်ပါပင် သျှားစစ်မီးလျှံက လက်မောင်းကနေ ဆွဲလှည့်ပြီး နှုတ်ခမ်းများကို ဒုတိယအကြိမ် ပူးကပ်လာပြန်သည်။ ပထမတစ်ခါထက် နူးညံ့သွားသည်ဟု ထင်ရသော်ငြား ပထမတစ်ခါထက် ပိုရမက်ကြွစေ၏။ ဟွမ်၏ ခံတွင်းထဲတွင် လှည့်ပတ်မွှေနှောက်နေသော လျှာတစ်ခုကြောင့် ဗလုံးဗထွေးအသံများက ညစ်ညမ်းသံများကဲ့သို့ ထုတ်လွှင့်နေသည်မှာ ရှက်ဖွယ်အတိပင် ။ ဖယောင်းတိုင်ရဲ့ ထင်ဟပ်မှုကြောင့် နံရံမှာ ပေါ်နေသော သူတို့၏အရိပ်များမှာလည်း ပူးကပ်သိပ်သည်းလျက်သား။ ဟွမ်တစ်ကိုယ်လုံး သျှားစစ်မီးလျှံ၏ ပွေ့ဖက်မှုများကြားတွင် ဆုံးဆုံးနစ်မြုပ်နေကာ ကွယ်ပျောက်နေသည်။
ငွေရောင်အမျှင်အတန်းများက နှုတ်ခမ်းကတစ်ဆင့် တစ်ယောက်နဲ့တစ်ယောက် ဆက်သွယ်နေတာကို ခပ်ရေးရေးမြင်လိုက်ရပြီးနောက် ဟွမ်ရဲ့ နားရွက်နဲ့ ပါးနားတစ်ဝိုက်မှာ အနီရောင်အဖြစ် ကူးပြောင်းသွားတော့သည်။ သျှားစစ်မီးလျှံ၏ အင်္ကျီကို ခပ်တင်းတင်းဆုပ်ထွေးထားပြီး ထိုသူလုပ်ချင်တာမှန်သမျှ ငြိမ်ခံနေလိုက်မည်ဟု တေးမှတ်ထားသော ဟွမ်အတွက် လမ်းဆုံးရောက်နေပြီဆိုတာ သူနားလည်လိုက်ပါသည်။
လူတွေရှေ့၌ ဂုဏ်သရေရှိ လူကြီးမင်းနှစ်ယောက်ဖြစ်သည့် ဟွမ်နှင့် သျှားစစ်မီးလျှံတို့မှာ နောက်ကွယ်တွင် ဤကဲ့သို့ မဖွယ်မရာ ကိစ္စများလုပ်နေသည်ဟု မည်သူကမှ ထင်ထားခဲ့ကြလိမ့်မည် မဟုတ်ပေ။
အချိန်အနည်းငယ်အကြာတွင် သျှားစစ်မီးလျှံက ဟွမ်ကိုလွှတ်ပေးလိုက်ပြီး ထပ်နမ်းလာခြင်းများ မလုပ်တော့သော်ငြား ထိုသူ့၏မျက်လုံးများက သားရဲတစ်ကောင်၏ လိုအင်ရမ္မက်စိတ်များလို အတောမသတ်နိုင်သေးသည်မှာ သိသာလှသည်။ မိမိကိုယ်တိုင်ခံစားနေရသည့်ဝေဒနာကို အံတုလျက် သျှားစစ်မီးလျှံက ဟွမ့်ကို ထပ်မထိမိအောင် အတင်းကြိုးစားနေရမှန်း ဟွမ်သတိထားမိနေခဲ့လေသည်။
နှစ်ယောက်လုံးရဲ့ အင်္ကျီများက ဖရိုဖရဲဖြစ်နေပြီး ဟွမ်ရဲ့ မျက်လုံးများက ရီဝေနေမှုများကနေ မလွတ်မြောက်နိုင်သေးပေ။ သူဟာ သျှားစစ်မီးလျှံပေးသည့် အမည်ဖော်မရသည့် ခံစားချက်များကြား အလူးအလဲ ခံစားနေရဆဲဖြစ်ကာ သျှားစစ်မီးလျှံက လက်မြှောက်လိုက်ချိန်တွင် မသိစိတ်အရ ခန္ဓာကိုယ်ကို အနောက်သို့ ရွေ့လိုက်မိသည်။ ထိုဘာမှန်းမသိသည့် ခံစားချက်များကို သူထပ်မခံစားချင်ပေ။
သို့သော် သျှားစစ်မီးလျှံက ဟွမ့်ကို ထိတွေ့ဖို့ လက်မြှောက်လိုက်ခြင်းမဟုတ်ဘဲ သူ့လက်ကိုအမြဲတစေကာကွယ်ထားသည့် လက်အိတ်များချွတ်ရန် လက်မြှောက်လိုက်ခြင်းရယ်ပါ။ အကြမ်းပတမ်းဆွဲချွတ်ပြီး အဝေးလွှင့်ပစ်ခံလိုက်သော လက်အိတ်က အခန်းထောင့်တစ်နေရာတွင် မြင်မကောင်းလောက်အောင် ပြုတ်ကျသွားလေသည်။
အသားအလွန်ဖြူသည့် လက်ဖမိုးပေါ်တွင် အတောင်ပျံများကို ဖြန့်ကျက်လျက် ရဲစွမ်းသတ္တိနှင့် အရှိန်အဝါကြီးမားမှုကို ရည်ညွှန်းနေသော ဇာမဏီငှက်တစ်ကောင်နေရာယူနေခဲ့သည်။ ဟွမ်သည်ပင် ထိုအရာကို အခုမှပထမဆုံးမြင်ဖူးခြင်းပင်။ အတော်လေးကို လှပတင့်တယ်ကာ အတော်လေးပင် ထိုလူနှင့်လိုက်ဖက်ညီလှသည်ပေ။ နက်ဆွေးနေသည့် မှင်ရောင်များက အမှောင်ထဲမှာတောင် ထင်ထင်ရှားရှားမြင်နေရကာ ဖယောင်းတိုင်မီးရောင် ကျရောက်သွားချိန်တွင် ထိုဇာမဏီငှက်က ပြာပုံထဲမှအသစ်တစ်ဖန် မွေးဖွားလာသည့် ဒဏ္ဌာရီအလား မီးဟုန်းဟုန်းလောင်မြိုက်နေသည့် အသွင်နှင့်ပင် ဆင်တူနေသည်။ ထိုတက်တူးက ထိုသူနှင့် အတော်လေးကြည့်ကောင်းပေသည်။ ဤသည်ကား ချဲ့ကားပြောဆိုခြင်းမဟုတ် အမှန်စင်စစ်ပင် ဖြစ်ချေတော့သည်။
" ငါပိုင်တဲ့အရာတွေကို အမှတ်အသားလုပ်ရတာ ကြိုက်တယ်။ ဒါမှ ဘယ်သူမှလုယူမသွားမှာ "
" သျှားစစ်မီးလျှံ မင်းငါ့ကို ဘာဖြစ်စေချင်နေတာလဲ "
" ငါ့အပိုင်ဖြစ်စေချင်တာ အဲ့လူရဲ့ ရုပ်သေးရုပ်မဟုတ်ဘဲ ....ငါ့ပိုင်တဲ့လူသားတစ်ယောက် ဖြစ်လာစေချင်တာ "
" ဖြစ်လာမှာမဟုတ်ဘူး မင်းလက်လျော့လိုက်တော့ "
နှစ်ဖက်လုံးက တင်းမာလျက်သားပင်။
" မဟုတ်ဘူး အဲ့တာကဖြစ်ပြီးနေပြီ ငါတို့နှစ်ယောက်စတွေ့တဲ့ ဟိုးအရင်ထဲက နေ့ရက်တိုင်း နေ့ရက်တိုင်း ၊ အချိန်တိုင်း အချိန်တိုင်းမှာ မင်းကငါ့အပိုင်ပဲ .... ငါလိုချင်ရင် မင်းကို မရ,ရအောင်ယူမှာ "
မီးတောက်တစ်ခုက ကမ္ဘာပေါ်မှာ အလှပဆုံးသော လိပ်ပြာတစ်ကောင်ကို လောင်ကျွမ်းစေရင်း အတောင်ပျံများကို ရိုက်ချိုးလျက် ထိုလိပ်ပြာလေးကို သူ့အနားမှာခေါ်ထားချင်ခဲ့လေသည်။ သို့သော် ထိုလိပ်ပြာကို ဘယ်နည်းနဲ့မှ သူ့အနားမှာခေါ်ထားလို့မရမှန်း သိလိုက်ရတဲ့အခါ လိပ်ပြာလေးရဲ့ ခန္ဓာကိုယ်အပေါ် သူနဲ့ပက်သက်တဲ့ အရာတစ်ခုခုချန်ထားဖို့ ဆုံးဖြတ်လိုက်တော့သည်။ သေရင်တောင်အတူရှိနေမယ့်အရာမျိုး၊ ဘယ်တော့မှ ဖျောက်ဖျက်လို့မရမယ့် အရာမျိုး ၊မြင်လိုက်တာနဲ့ ဒါဟာ သူ့အပိုင်လို့ တန်းသိစေမယ့် အရာမျိုး ။
ဟွမ်အသိစိတ်ပြန်ဝင်လာချိန်တွင် ကျောဖက်က စူးအောင့်နေသည့် နာကျင်မှုတစ်ရပ်ကို မရပ်မနားခံစားနေရလေသည်။ သျှားစစ်မီးလျှံဟာ သူ့ကျောပြင်ကို အစိမ်းလိုက်ခွဲနေသကဲ့သို့သော နာကျင်မှုကို အပြည့်အဝခံစားစေပြီး ကျေနပ်နေသည့် အမှုအယာမျိုး လုပ်ပြနေတတ်သေးသည်။ ဝါကျင်ကျင်မီးရောင် အောက်တွင် ဟွမ့်အသားအရည်ဟာ လောင်ကျွမ်းနေသည့်နှယ် ခန္ဓာကိုယ်ရှိ သွေးများကိုလည်း ပွက်ပွက်ဆူနေစေခဲ့သည်။ တစ်ချိန်တည်းမှာပင် ဟွမ် ဒေါသထွက်လွန်းလို့ ဆဲရေးမယ်လုပ်လိုက်သော အသံများက နာကျင်မှုများကြောင့် ညီးညူသံများအဖြစ် ပြောင်းလဲသွားသည်။
" မင်းအရမ်းလှတာပဲ "
သျှားစစ်မီးလျှံက သူ့ကိုပြောလာလေသည်။
ဟွမ်ခန္ဓာကိုယ်ပေါ်လျှောက်ပြေးနေတဲ့ တက်တူးထိုးစက်နဲ့ ၎င်းကိုထိန်းချုပ်နေသော သျှားစစ်မီးလျှံ၏ လက်များက ပုံစံတစ်ခုကို အကောင်အထည်ဖော်ရန် တုန့်ဆိုင်းခြင်းမရှိ ရွေ့လျားနေကြသည်။ တစ်သိမ့်သိမ့်တုန်နေသော ကိုယ်ကိုထိန်းချုပ်နိုင်အောင် ကြိုးပမ်းနေသော်လည်း အခန်းထဲက အအေးဓာတ်နဲ့ အပေါ်ပိုင်းအဝတ်တွေကို အကုန်ချွတ်လုနီးပါးဖြစ်နေသော ဟွမ်ကြောင့် ဘယ်လိုမှ ထိန်းချုပ်လို့ မရနိုင်ခဲ့ပေ။ အစိမ်းလိုက်ထိုးခွဲနေသော စုတ်ချက်များက တင်းတင်းစေ့ထားသော နှုတ်ခမ်းသားတစ်စုံကို ညီးညူသံများ ထပ်မံထွက်ကျလာစေပြန်သည်။
" အား...ဟာ့... "
ပင့်သက်ရှိုက်သံနဲ့အတူ တစ်ဖန်တိုးဖွသွားပြန်သော ထိုအသံများကိုကြားတိုင်း သျှားစစ်မီးလျှံပြုံးနေမိသည်။
" နာနေလား....ကိုယ်မင်းကို ခံစားစေချင်တယ် နာကျင်မှုကလည်း တစ်ခါတစ်ရံမှာ စွဲမက်ဖို့ကောင်းတယ်ဆိုတာ။ နည်းနည်းလောက်သည်းခံလိုက်ရင် ပြီးတော့မှာပါ "
" ရပ်တော့...ငါ...အာ့...ငါမခံနိုင်တော့ဘူး "
" ပုံကတစ်ဝက်တစ်ပျက်နဲ့ဆို ပိုရုပ်ဆိုးသွားမှာ...မင်းတစ်ကယ်လိုချင်တာ သေချာလား "
" ...... "
" ဟက် "
ဟွမ်ဆီက တုန့်ပြန်မှုတို့ မလာတော့သည့်အခါ ခပ်ဖွဖွလေး အသံထွက်အောင် ရယ်လိုက်ရင်း ကော့ညွှတ်နေသော ကျောပြင်နှင့် ခါးသွယ်သွယ်ကိုကိုင်ကာ ငုံ့နမ်းလိုက်လေသည်။ တောင့်တင်းသွားသော အောက်ဘက်က ခန္ဓာကိုယ်ပိုင်ရှင်ကို လျစ်လျူရှုလိုက်ကာ ပိုမိုစချင်လာတာကြောင့် လျှာကိုထုတ်လျက် အပေါ်သို့အနည်းငယ်ဆွဲကာ လျက်လိုက်သည်။
" သျှားစစ်မီးလျှံ မင်းဘာတွေလုပ်နေတာလဲ ! "
" မလှုပ်နဲ့ "
အားမာန်ပါသည့်အသံလှိုင်းနဲ့ ခါးကိုတင်းတင်းဆုပ်ကိုင်ထားသည့် လက်များကြောင့် ဟွမ့်မှာ ငြင်းဆန်နိုင်ဖို့ အားများကုန်ဆုံးခဲ့ရလေသည်။ သျှားစစ်မီးလျှံဟာ အတော်လေးကို သန်မာ၏။ ဟွမ်ထက်လည်းအရပ်ရှည်ကာ ခွန်အားလည်းသာလွန်လှသည့်အတွက် ကျားလက်ထဲက ယုန်တစ်ကောင်လိုမျိုး ဖြစ်နေရသည်။
ဒူးထောက်ထားရသည်မှာ ကြာပြီဖြစ်၍ ဟွမ်ရဲ့ လက်ဖဝါးနဲ့ ဒူးများမှာ အနီရောင်အဖြစ်ပွန်းပဲ့ကုန်ကြလေသည်။ အမြဲတစ်စေ ကိုက်ခဲထားသော အောက်နှုတ်ခမ်းမှာလည်း သွေးများစို့၍ ပေါက်ပြဲနေသည်မှာ အချိန်ကြာနေခဲ့ပြီဖြစ်သည်။ ငရဲရောက်နေသလိုပြင် သူခံစားနေရပြီး အားနည်းနေသည့် သူ့ခန္ဓာကိုယ်ကြောင့် တစ်ချက်တစ်ချက် သတိလွတ်တော့မလိုပင်ခံစားနေရသည်။
ခဏအကြာတွင် သျှားစစ်မီးလျှံက သူ့အပေါ်ကနေငုံ့ကိုင်းလာပြီး မျက်နှာကိုနောက်သို့ဆွဲယူကာ ညှင်ညှင်သာသာ နမ်းရှိုက်လာသည်။ ညှင်သာသိမ်မွေ့လွန်းလို့ အခြားတစ်ယောက်ဖြစ်တောင် ထင်မှားနိုင်သွားသည့်အထိတိုင်အောင်ပင်။ ထို့နောက် ထိုလူယောင်ဆောင်ထားသော မကောင်းဆိုးဝါက နားစည်နားကိုကပ်ကာ ခပ်တိုတိုးလေး ပြောသွားသည်။
" ဘာလို့ကိုယ့်ကိုကိုယ် နာကျင်အောင်လုပ်နေတာလဲ.... ထိန်းချုပ်မထားနဲ့ မင်းဆီက ညီးသံတွေ နားထောင်ရတာကိုကြိုက်တယ် "
" ဟွန့် "
ဟွမ်က ချက်ချင်းမျက်နှာကို ပြန်လွှဲလိုက်ကာ ကြမ်းပြင်ပေါ် အပုံသားကျနေတဲ့ အဝတ်တစ်ခုကို ဆွဲယူလိုက်ပြီး ပါးစပ်ထဲသို့ အပြည့်ကိုက်ခဲထားလိုက်လေသည်။ ဤအမူအယာမှာ " မင်းကြိုက်တဲ့အရာတိုင်းကို ငါရွံတယ် "ဆိုတဲ့ ပုံစံမျိုးနှင့် သျှားစစ်မီးလျှံကို လှမ်းကြည့်လိုက်လေသည်။
သျှားစစ်မီးလျှံ ပြန်ကြည့်လိုက်သော အကြည့်များတွင်လည်း " ဒါဆို မင်းကိုယ်မင်းလည်း ရွံသင့်တယ် "ဆိုတဲ့အမူအယာများအတိုင်းသားပင်။ ဤသည်ကို နားလည်လိုက်သော ဟွမ်က ဒေါသထွက်လွန်းလို့ တစ်ကိုယ်လုံး အနီရောင်သန်းသွားတော့သည်။
ဖယောင်းတိုင်က တစ်စက်ချင်းအရည်ပျော်ကျနေတာကြောင့် ယခုဆိုလျှင် တစ်ဝက်လောက်တောင် မကျန်တော့ပေ။ ထိုအချိန်ထိ ဟွမ်မှာ နာကျင်မှုဒဏ်ကို အံတုနေရဆဲဖြစ်ပြီး အအေးဒဏ်ကိုလည်း တတ်နိုင်သလောက်သော ခွန်အားလေးဖြင့် သည်းခံနေရသည်။
" သျှားစစ်မီးလျှံ....ငါ့ကို လွှတ်ပေးပါတော့ "
သူအရမ်းနာနေပြီပင်။ တောင်းဆိုခဲ့သော အသံကပင် တုန်ယင်ကာ အက်ရှနေလျက် တိုးတိမ်နေခဲ့သည်။ သူ့ထံတွင် အားတစ်စက်မှလည်း ကျန်မနေခဲ့တော့ပေ။ အလွန်အမင်းပြိုလဲနေသည့်အသွင်မှာ သနားချင့်စရာကောင်းနေမည်ကို ဟွမ် အရမ်းကြောက်မိသည်။
" မင်းနည်းနည်းလောက် ထပ်သည်းခံလိုက် ပြီးတော့မယ် "
တစ်လက်စထဲပင် ဟွမ်ရဲ့ဘောင်းဘီကို အောက်သို့အနည်းငယ် ဆွဲချလျက် ဇာမဏီငှက်၏ အမြှီးပိုင်းကို သေသပ်သွာ အဆုံးသတ်လိုက်လေသည်။
အပြစ်ဟူသည် ဆိုဖွယ်ရာမရှိသည့် ကျော့ရှင်းနေသည့် ကျောပြင်ထက်၌ နက်ရှိုင်းခက်ထန်သည့် မျက်လုံးတို့၏ပိုင်ရှင် မီးတို့၏အရှင်သခင်ဖြစ်သည့် ဇာမဏီငှက်တစ်ကောင်က အတောင်ပျံများကို ဖြန့်ကျက်လျက် ကောင်းကင်ပေါ်ဆန်တက်နေသည့် အသွင်အပြင်များကို ပြသနေသည်။ ထိုမြင့်မြတ်ရဲရင့်သည့် သားရဲ၏နောက်ကွယ်တွင် နူးညံ့ကာအထိခိုက်မခံနိုင်ဆုံး ပန်းပွင့်များ ရှိနေခဲ့သည်။ ထိုအရာနှစ်ခုလုံးက သဘာဝအားဖြင့် ဆန့်ကျင်ဘက်ပင်။ တစ်ခုမှာ အနူးညံ့ဆုံးနှင့် အထိခိုက်မခံနိုင်ဆုံး ပန်းဖြစ်နေခဲ့ပြီး အခြားတစ်ခုမှာ ရက်စက်ကြမ်းကြုတ်သည့် ငှက်တစ်ကောင်ဖြစ်နေခဲ့သည်။
သျှားစစ်မီးလျှံက ဤမစပ်ဆက်သည့်အရာနှစ်ခုကို ပေါင်းစပ်ရခြင်းမှာ ဟွမ်နှင့်သူ့ကို ပေါင်းစပ်နေသကဲ့သို့ ထင်ဟပ်စေလေသည်။ ပန်းသည်ကား ဟွမ်ကို ကိုယ်စားပြုပြီး ဇာမဏီငှက်သည်ကား သူ့ကို ကိုယ်စားပြုနေသည့်နှယ်။
" ဒီဆေးကိုသောက်လိုက် "
" မသောက်ဘူး "
" အယောင်ကျဆေးနဲ့ လည်ချောင်းနာပျောက်ဆေးပဲ "
" မသောက်ဘူး "
" ငါပြောနေတယ်... မင်းငါ့ကိုအချိန်တိုင်း ကလန်ကဆန်လုပ်နေမှာလား "
တစ်ဆက်တည်းပင် သျှားစစ်မီးလျှံက အလုပ်ကပြန်လာစဉ်က ထိုင်ခုံပေါ်သူပစ်တင်လိုက်သော ကုတ်အင်္ကျီရှည်တစ်ထည်နဲ့ ဟွမ့်ကို လုံးထွေးလိုက်ရင်း ကုတင်ပေါ်ပွေ့ခေါ်သွားလိုက်လေသည်။ မဟုတ်လျှင်လည်း ဟွမ်ထံတွင် လှုပ်ရှားစရာ အားနည်းနည်းလေးမှ ကျန်ရှိမနေတော့ပေ။
" ရော့ ...သောက်လိုက် "
ဟွမ် ဆန့်ကျင်ဘက်ကို မျက်နှာလွှဲလိုက်တာကြောင့် သျှားစစ်မီးလျှံက အတင်းချုပ်လျက် အားသုံးကာ မျက်နှာကို ဆွဲယူပြီး ပါးစပ်ထဲကို ဆေးများအတင်းထည့်လာလေသည်။ ဟွမ် ထိုအရာများကို ချက်ခြင်းထွေးထုတ်လိုက်တဲ့အခါ သျှားစစ်မီးလျှံမျက်နှာက ပိုလို့တောင် ကြောက်မက်ဖွယ်ကောင်းလာသည်။
" ဘာဖြစ်လို့လဲ ဘာဖြစ်လို့ မသောက်ချင်တာလဲ ....မင်းရဲ့အဲ့ခေါင်းမာတဲ့အကျင့်က မင်းကိုပိုပြီး ဒုက္ခရောက်အောင်လုပ်နေတာ "
" ငါမကြိုက်လို့....ငါမုန်းလို့ အဲ့ဆေးရဲ့ ခါးတဲ့အရသာတွေကို ငါမခံစားချင်လို့ ရပြီလား ။ ငါ့ဘဝတောင် ဒီလောက်ခါးနေတာ ငါနောက်ထပ်ခါးတဲ့အရာတွေကို မခံစားချင်ဘူး "
သျှာစစ်မီးလျှံက သူ့အသံကိုထိန်းမထားဘဲ အော်လိုက်တဲ့အခါ ဟွမ်ကလည်း ဒေါသထွက်သွားလေသည်။
သျှားစစ်မီးလျှံက တစ်ဇောက်ကန်းလုပ်တတ်သည့် သူ့အကျင့်တိုင်း အိပ်ယာပေါ်က ဟွမ့်မျက်နှာနဲ့အလွန်နီးကပ်သည့် အနေအထားထိ ငုံ့ကိုင်းလိုက်ကာ သူရဲ့ခက်ထန်နေတဲ့ မျက်လုံးများနှင့် စိုက်ကြည့်ကာဆိုလာသည်။
" ခါးလည်း သောက်ရမယ်။ ဒီတစ်ညလုံး ဆေးမဝင်မချင်း ငါမင်းကိုတိုက်နေမှာ "
" မင်း ! "
ဒေါသထွက်လို့ ဟွမ် ဆက်ပြောဖို့ကြံလိုက်သော စကားများကို သျှားစစ်မီးလျှံက လျစ်လျူရှု၍ အခန်းအပြင်ထွက်သွားတာကြောင့် မပြောဖြစ်လိုက်ရပေ။ နာရီဝက်လောက်အကြာတွင် သျှားစစ်မီးလျှံ ပြန်ဝင်လာလေသည်။ ထိုသူက ကုတင်ဘေးတွင်လာထိုင်ကာ ကျောပေးထားသော ဟွမ်ကို အသံအေးအေးဖြင့် ပြောလာသည်။
" ဒီတစ်ခါ မခါးစေရဘူး ။ ကိုယ် အရမ်းချိုတဲ့ ကိတ်မုန့်တွေလုပ်လာတယ် "
" ...... "
" ဟွမ် "
တစ်ဖက်လူက တိတ်ဆိတ်နေသေးတာကြောင့် သျှားစစ်မီးလျှံ စိတ်ရှည်လက်ရှည်စောင့်ဆိုင်းရန် တွေးထားခဲ့လေသည်။
" တစ်ကယ်လား "
သို့သော် ဟွမ်ဆီက တုန့်ပြန်လာသော ထိုအသံလေးကြောင့် သူဟာချက်ခြင်း အားတက်သွားရပြန်၏။
" အင်း မင်မယုံရင် စားကြည့်ပါလား "
အိပ်ယာပေါ်လှုပ်ရှားလာသော ထိုလူသည် သျှားစစ်မီးလျှံကမ်းပေးသော ဆေးကိုအလျင်အမြန်ယူသောက်လိုက်ပြီး မုန့်ကို ပါးစပ်ထဲ တန်းပစ်ထည့်လိုက်လေသည်။ ပါးစပ်ထဲအပြည့် နေရာယူနေသော မုန့်ကြောင့် ဟွမ့်ရဲ့ ပါးများမှာ ပလုပ်ပလောင်းဖောင်းကား လျက်ရှိနေသည်ကို ကြည့်ရသည်မှာ သျှားစစ်မီးလျှံ၏ စိတ်ရိုင်းများကို တစ်ဖန်ပြန်လည် လက်ယက်ခေါ်သလို သဘောဆောင်နေခဲ့သည်။ မိမိကိုယ်ကို ရိပ်မိလိုက်သော သျှားစစ်မီးလျှံက ထိုလူသားကို ဆက်လက်အနိုင်မကျင့်ချင်တော့တာကြောင့် သူ့အငွေ့အသက်များ လွှမ်းခြုံနေသော သူ့အင်္ကျီတစ်ထည်ကို ယူလာကာ ဟွမ်ကို ထိုးပေးရင်း စကားတစ်ခွန်းကိုချန်ကာ အခန်းထဲက အလျင်အမြန် ထွက်ခွာသွားသည်။
" ဒီနေ့တော့ ဒီမှာပဲ အိပ်သွားလိုက်တော့ "
ဟွမ်လည်းအတော်လေး မလှုပ်ရှားချင်တဲ့အတွက် ကြေမွနေပြီဖြစ်သော သူ့အင်္ကျီအစား သျှားစစ်မီးလျှံပေးတဲ့ အင်္ကျီကိုသာ ဝတ်လိုက်ပြီး ပျော့ပျောင်းသော ငွေမျှင်ရောင်ဆံပင်များကို ခေါင်းအုံးပေါ် ဖြန့်ကျက်လျက် အိပ်စက်လိုက်တော့သည်။
_______________________________
Note /
စာလုံးပေါင်းမစစ်ရသေးလို့ သည်းခံဖတ်ပေးကြပါ ။
သျှားစစ်မီးလျှံရဲ့ လက်ဖမိုးပေါ်က ဇာမဏီငှက်ပုံပေါ့နော် ကိုယ်အနီးစပ်ဆုံး တူတာတွေရှာပေးထားတယ်။ original artist တွေကိုတော့ fully crd ပေးပါတယ်။
ဒါကတော့ ဟွမ် ကျောပေါ်က ဇာမဏီငှက်ပုံပါ။ ကိုယ်က အသေးစိတ်တော့မရေးပြထားတော့ဘူး။ သူတို့က side couple ဆိုတော့ အကျဉ်းချုံးလေးပဲ ဖော်ပြထားတယ်။
______________________________________
[Zawgyi]
ဘယ္တုန္းကမွန္းမသိသည့္ အခ်ိန္တစ္ခုတြင္ ဟြမ္ သည္ကား သူ႔ေရွ႕တြင္ ဒူးေထာက္လ်က္သား။ ဘယ္ေသာအခါမွ အရႈံးမေပးတတ္သည့္ ေခါင္းမာသည့္ ထိုလူသားက သူ႔အေပၚေကာင္းက်ိဳးမေပးသည့္ အေဖတစ္ေယာက္အတြက္ ရန္သူအား ဒူးေထာက္ကာ အကူအညီေတာင္းခံေနေလသည္။ မ်က္ဝန္းေထာင့္မ်ားမွာ မေဟာ္ဂနီေရာင္ ထင္ဟပ္လ်က္၊ ႏွလုံးသားမွာ အျပင္ဘက္ရွိ ႐ြာသြန္းေနေသာ မိုးမ်ားႏွယ္ တစ္စစီၿပိဳကြဲလ်က္ ၊ အၿမဲအေဖာ္ျပဳထားတတ္သည့္ မာနတို႔မွာေတာ့ အစရွာမရေလေအာင္ ေပ်ာက္ဆုံးသြားသည္မွာ အေတာ္ၾကာၿပီျဖစ္ၿပီး ရန္သူထံ သူကိုယ္ကို လိုလိုလားလား ေပးအပ္ေနေလေတာ့သည့္။ ေနာင္တဟူ၍ ျမဴတစ္မႈန္ေတာင္မရွိေလဘဲ အၿမဲသူ႔အေပၚႏွိပ္စက္တတ္သည့္ တစ္ကိုယ္ေကာင္းဆန္သည့္ အေဖတစ္ေယာက္အတြက္။
" ဒီထက္ပိုၿပီး ငါလုပ္ႏိုင္တာရွိေသးရင္ မင္းကို အကုန္လုပ္ေပးမယ္ "
အသံသည္ကား အက္ရွ၍ တိုးတိမ္လြန္းေပသည္။ မိုးစက္မ်ားက အားျပင္းလာၿပီး အမိုးကိုထိခိုက္လ်က္ က်ယ္ေလာင္လာသည့္ အခိုက္တြင္ အထီးက်န္လွေသာ ထိုသူ႔၏ စကားသံမ်ားကိုၾကားႏိုင္ရန္ ခဲယင္းလွသည္။ သို႔ေသာ္ မီးလွ်ံ၏ နားအတြင္းတြင္မူ ထိုက်ယ္ေလာင္သည့္ မိုးသံမ်ားကို ဖယ္ရွားလ်က္ ဟြမ္၏ ေတာင္းပန္တိုးလ်ိဳသည့္ အသံကသာ ႀကီးစိုးထားေတာ့သည္။
သွ်ားစစ္မီးလွ်ံ၏ ေရာင္ျပန္ဟပ္ေနသည့္ မ်က္လုံးအိမ္ထဲတြင္ ဟြမ္၏ ပုံစံက ထင္ထင္ရွားရွား တည္ရွိေနကာ သူ႔ေရွ႕၌ ဒူးေထာက္လ်က္ရွိေနေသာ လူေၾကာင့္ ေဒါသတရားမ်ားက အစဥ္အလာအတိုင္း ထိန္းခ်ဳပ္မႈ ကင္းမဲ့သြားလ်က္သား။ အထူးသျဖင့္ ဟြမ္ဟာ ထိုအသုံးမက်တဲ့ သူ႔အေဖေၾကာင့္ အသနားခံလာသည့္အခ်ိန္မ်ိဳးတြင္ သူဟာ ဟြမ့္ကို ဒီလိုပုံစံျဖစ္ေစသည့္ အဓိကတရားခံကို အႀကိမ္ေပါင္းမ်ားစြာ နိဂုံးခ်ဳပ္ေပးခ်င္မိသည္။
" ငါ့ကို မင္းသေဘာအတိုင္း လုပ္ႏိုင္ပါတယ္။ အဲ့တာေၾကာင့္....ငါေတာင္းဆိုတာကို စဥ္းစားေပးပါ "
ဟြမ္၏ စကားမဆုံးမွီပင္ မီးလွ်ံက ေရွ႕သို႔တိုးလာခဲ့ၿပီး ဟြမ္ရဲ႕ေမးအား ၾကမ္းၾကမ္းတမ္းတမ္းဆြဲယူလိုက္ၿပီး အၾကည့္ခ်င္းဆုံေစသည္။ ေနာက္ဆုံးတြင္မူ သူ၏ သည္းခံႏိုင္စြမ္းအား ကုန္ဆုံးသြားၿပီျဖစ္သည္။ မီးသဖြယ္ ေတာက္ေလာက္ေနေသာ ေဒါသတို႔ျဖင့္ သူ႔ေရွ႕ကလူအား ေလာင္ၿမိဳက္လ်က္ သူကိုယ္တိုင္ဖ်က္ဆီး ပစ္လိုက္ခ်င္သည္။ ထိုသို႔လုပ္လိုက္ျခင္းက တစ္ပါးသူအတြက္ ေတာင္းဆိုခယေနျခင္းထက္ ပို၍သည္းခံႏိုင္ပါေသးသည္။
" သူကမင္းအေပၚဘာေတြမ်ား ေကာင္းေနလို႔လဲ။သူ႔ဆီက တန္ဖိုးႀကီးတာ ဘာေတြမ်ားရဖူးလို႔တစ္သက္လုံး အရႈံးမေပးခ်င္တဲ့ငါ့အေပၚ ဒူးေထာက္ၿပီး ေတာင္းဆိုေနရတာလဲ။ငါ့ရဲ႕နယ္႐ုပ္ ငါ့ရဲ႕႐ုပ္ေသး႐ုပ္ အျဖစ္ခံ အေလွာင္ေျပာင္ခံၿပီး ကယ္တင္ေနရေအာင္ သူကအဲ့တာေတြနဲ႔ ဘာေတြမ်ား ထိုက္တန္လို႔လဲ။ "
ၾကမ္းၾကမ္းတမ္းတမ္း ဆြဲယူခံထားရေသာ ေမးမွာ တမႈတ္ခ်င္း နီရဲလာခဲ့သည္။ ခံစားေက်ာ္ျဖတ္လာရသည္မွာ မ်ားလြန္းလွသည့္အတြက္ ဟြမ္မွာ ေနာက္ဆုံးတြင္ သည္းခံႏိုင္စြမ္းအား သူ႔ထံတြင္လုံးဝ ကုန္ဆုံးသြားၿပီျဖစ္သည္။ မ်က္ဝန္းတို႔မွာနီရဲေနေသာ္လည္း ေဘာင္ခတ္ထားျခင္းခံေနရေသာ အရာမ်ားမွာ အျပင္ဘက္ရွိမိုးစက္မ်ားႏွယ္ တဖြဲဖြဲက်ဆင္းလာရေတာ့သည္။ ရပ္တန္႔လိုေသာ္လည္း သူမစြမ္းေဆာင္ႏိုင္ေပ။ ထိုအရာမ်ားက သူ႔အမိန႔္ကိုမနာခံေတာ့ေပ။ ေအာက္ႏႈတ္ခမ္းကို ျပတ္လုမတတ္ ကိုက္ခဲထားေသာ္လည္း ရန္သူရဲ႕ေရွ႕တြင္ သူဟာ အားနည္းေပ်ာ့ညံ့မႈမ်ား ၿပိဳလဲမႈမ်ားကို အေဖာ္ျပဳလ်က္ သနားခ်င့္စဖြယ္ငိုေကြၽးေနသည္အသြင္သာ ျဖစ္ေပၚေနခဲ့သည္။ မ်က္ရည္မ်ားကအဆက္မျပတ္ က်ဆင္းလာရၿပီး ခႏၶာကိုယ္မွာလည္း တုန္ယင္လာရသည္။ သို႔ေသာ္ေနာက္ဆုံးေသာ စကားကိုမူ သူကအရွက္မဲ့လြန္းစြာ ထပ္မံေျပာခဲ့ေလသည္။
" ေတာင္းဆိုပါတယ္ _
သွ်ားစစ္မီးလွ်ံမွာ ပိုလိုေတာင္စိတ္တိုသြားရသည္ပင္။ ထိုလူသားက ကာကြယ္ေပးခ်င္ေနေသာ သူအား ပိုလို႔ေတာင္ဖ်က္ဆီးျပစ္လိုက္ခ်င္သည္။ အေရကိုႏႊာလ်က္ အသားကိုေၾကာ္ကာ အ႐ိုးကိုက်ိဳပစ္လိုက္ခ်င္သည္။ ထိုလူႏွင့္သက္ဆိုင္ေသာ အရာတစ္ခုတစ္ေလေတာင္မွ ကမာၻေပၚတြင္ မက်န္ရစ္ေစရန္ ဖ်က္ဆီးပစ္လိုက္ခ်င္သည္။ မုန္းသည္....ယခုလိုအေျခအေနကိုလည္း သူမုန္းသည္။ အႏိုင္ယူႏိုင္ခဲ့ေသာ္ျငား နာက်င္ေနေသာ သူ႔ကိုယ္သူလည္း မုန္းသည္။ ထို႔အရာမ်ားအနက္ မ်က္ရည္မ်ားႏွင့္ အသနားခံေနေသာ ဟြမ္အား သူပိုလို႔ေတာင္မုန္းသည္။ မုန္းတီးမႈမ်ားကိုအေဖာ္ျပဳလ်က္ သူဟာအ႐ြဲ႕တိုက္ခဲ့ေလသည္။
ေနာက္ဆုံးတြင္ ဟြမ္အားဆုပ္ကိုင္ထားေသာ လက္ကိုလႊတ္ေပးလိုက္ၿပီး ထက္လွစြာေသာဓားတစ္ေခ်ာင္းႏွယ္ စကားကိုသာ ထိုေယာက္်ားပ်ိဳထံပစ္ခြင္းလိုက္သည္။ အသံသည္ကား ေျခာက္ျခားမႈမ်ားတစ္ဝက္ ေလွာင္ေျပာင္မႈမ်ားတစ္ဝက္ ပါဝင္ေနသည့္အျပင္ နာက်င္မႈတစ္စြန္းတစ္စေလးကလည္း ထင္ဟပ္ေနျပန္သည္။
" ေတာင္းဆိုပါတယ္ဟုတ္လား.....ငါကဘာလို႔ အဲ့လိုလုပ္ေပးရမွာလဲ။ မင္းမွားေနၿပီ ဒါကငါလိုခ်င္ေနတဲ့အရာပဲ ။ Sunshineရဲ႕ ပ်က္သုန္းျခင္းကိုလည္း ၾကည့္ၿပီး ၊ ဦးရာသစ္မာန္ရဲ႕ ေထာင္ထဲမွာ ေသဆုံးျခင္းကိုလည္း ၾကည့္ၿပီး၊ ငါ့ကို အၿမဲဆန႔္က်င္ေနတဲ့ မင္းၿပိဳလဲသြားတာကိုလည္း ၾကည့္ဖို႔က ငါ့ရည္႐ြယ္ခ်က္ဘဲ။ မင္းမသိဘူးလား....သူမ်ားေတြထက္ကိုပိုၿပီး အဲ့တာက ငါအလိုရွိေနတဲ့ အရာေတြဆိုတာ။ "
သူဆိုသည့္ သွ်ားစစ္မီးလွ်ံဆိုသည္မွာ မီးေလာင္ရာဆီထပ္ေလာင္းေပးတတ္ေသာ လူစားမ်ိဳးပင္။ ဒုကၡေရာက္ေနသူကို ၾကည့္ရသည္မွာ သူ႔အားအပ်င္းေျပေစသည္။ ဟြမ္ ဆိုေသာလူသားက သူအၿမဲအႏိုင္လိုခ်င္ေသာ အရာမဟုတ္ပါလား။ ဟြမ္၏ရႈံးႏွိမ့္ျခင္းက သူ႔၏ေအာင္ျမင္ျခင္းမွတ္တိုင္ပင္။ ဤသည္မွာ မေျပာင္းလဲ မယိမ္းယိုင္ဘဲတည္ရွိေနေသာ အမွန္တရားတစ္ခုသာ။
" ....... "
အခ်ိန္အေတာ္ၾကာသြားေသာ္လည္း မည္သူကမွစကားစမလာေတာ့ေပ။ အခန္းအတြင္း တိတ္ဆိတ္မႈကသာႀကီးစိုးသြားၿပီး အျပင္ဘက္ရွိရာသီဥတုမွာ ပိုလို႔ေတာင္ဆိုးဝါးလာရသည္။ လွ်ပ္စီးလက္မႈ၏ ေနာက္တြင္ မိုးၿခိမ္းသံက ကပ္လ်က္ပါေနခဲ့ၿပီး အခန္းအတြင္းၾကမ္းျပင္မ်ားမွာလည္း ေရခဲလႊာပမာ ေအးစက္ေနခဲ့သည္။သို႔ေသာ္ သူတို႔ႏွစ္ဦးအနက္ မည္သူကမွ စကားစမလာခဲ့ဘဲ ထိုၾကမ္းျပင္ႏွယ္ အခန္းကိုလည္း ေအးစက္ေစခဲ့သည္။ ရာသီဥတုမွာ မည္မွ်ပင္ေအးလာေစကာမူ ႏွစ္ဦးလုံး၏ စိတ္အစဥ္တို႔သည္ ပူေလာင္ကာရႈတ္ေထြးလ်က္ ၾကည္လင္ျခင္းအလ်င္းမရွိေပ။
ႏွစ္ရွည္လမ်ား ၾကာျမင့္သည္ဟု ထင္ႏိုင္သည့္အခါမွ ဟြမ္ကဦးစြာ တုန႔္ျပန္လာခဲ့သည္။ တုန္ယင္ေနမႈမွာလည္း ရပ္တန႔္သြားၿပီး မ်က္ရည္မ်ားလည္း ကုန္ဆုံးသြားခဲ့ၿပီျဖစ္သည္။ သို႔ေသာ္ အသံသည္ကား အက္ရွေၾကကြဲေနဆဲ။ မ်က္ဝန္းမ်ားမွာ စုံခ်က္မရွိေပ်ာက္ဆုံးေနၿပီး ေလာကႀကီးအား စိတ္ကုန္သြားသည့္ႏွယ္။အမူအရာသည္ကား ခန႔္မွန္းရခက္လြန္းလွ၍ အသက္မဲ့ေသာ အ႐ုပ္တစ္႐ုပ္ႏွယ္ပင္ ။အေသးစိတ္ေဖာ္ျပရလွ်င္ ႐ုပ္ေသး႐ုပ္ႏွင့္ တူေနေလသည္။ ႐ုပ္ေသး႐ုပ္တြင္ ႀကိဳးမ်ားမွာအဓိက အသက္ေၾကာပင္ျဖစ္ၿပီး ယခုတြင္မူ သူ႔ကိုေထာက္ခံေပးေသာ ႀကိဳးမ်ားမွာ လုံးဝဥသုံ ျပတ္ေတာက္သြားသည္မွာ ၾကာျမင့္လွၿပီျဖစ္သည္။ ယခင္ကတည္းက သူဟာဖခင္ျဖစ္သူ၏ အ႐ုပ္တစ္႐ုပ္သာ။ ထိုလူအလိုရွိသည့္အတိုင္း ႀကိဳးဆြဲရာ ကခဲ့ေသာ ႐ုပ္ေသး႐ုပ္။ အတားအဆီးမွန္သမွ်ကို ေရွ႕ကကာကြယ္ေပးခဲ့ေသာ ဒိုင္းကာအ႐ုပ္ပင္။ ယခုခ်ိန္တြင္မူ ႐ိုက္ခတ္လာေသာဒဏ္မွာ အားျပင္းလြန္းလွသျဖင့္ ဟြမ္ဆိုေသာ ဒိုင္းကာအ႐ုပ္ေလးမွာ ခံႏိုင္ရည္စြမ္းအား မရွိေတာ့ေပ။ ယခုအတားအဆီးအား သူမွာဒိုင္းကာလုပ္ေပးႏိုင္စြမ္း မရွိေတာ့။ သို႔ေသာ္ သူဟာအေရထူေနၿပီျဖစ္ၿပီး ထိုလူကေပးေသာ ဒုကၡဟူသမွ်ကို ရင္ဝယ္ပိုက္ထားရသည္ကိုလည္း က်င့္သားရေနၿပီျဖစ္သည္။ ဇာတ္လမ္း၏အဆုံးတြင္မူ သူဟာ ေနာက္ဆုံးက်န္ရစ္ေလေသာ ျမက္တစ္ပင္ကိုဆုံးရႈံးရမွာ ေၾကာက္႐ြံ႕ေနဆဲပင္။
" သိတယ္...ဒါေပမဲ့... ငါ့မွာ သူတစ္ေယာက္ပဲရွိေတာ့တာ။ သူကလြဲၿပီး ငါ့မွာပိုင္ဆိုင္တာ ဘာတစ္ခုမွမရွိေတာ့ဘူး။ သူ႔ကိုပါ ထပ္ၿပီးဆုံးရႈံးလိုက္ရရင္ ငါမွာေဆြမ်ိဳးသားခ်င္း ဆိုတာမရွိေတာ့ဘူး။ "
ႏွလုံးသားက နာက်င္လြန္း၍ အျပင္ဘက္ထိေအာင္႐ိုက္ခတ္ေနေလသည္။ အသည္းခိုက္မတတ္ နာက်င္မႈေၾကာင့္ မ်က္ႏွာအနည္းငယ္ပ်က္ယြင္းသြားေသာ္လည္း ဘာမွမျဖစ္ခဲ့သည့္အတိုင္းဆက္ေျပာလာသည္။
" သူကငါ့အေပၚ မေကာင္းမွန္းသိတာေတာင္ ငါသူ႔ဆီကေမတၱာေတြကို လိုခ်င္ေနတုန္းပဲ။ သူကငါ့ကို မုန္းေနရင္ေတာင္ ငါသူ႔အနားမွာ ေနခ်င္ေနတုန္းပဲ။ ေနာက္ဆုံးအခ်ိန္ထိ သူဒီလိုအဆုံးသတ္သြားမွာကို ငါၾကည့္မေနႏိုင္ဘူး။ "
သူဟာအ႐ူးတစ္ေယာက္ပင္။ မျဖစ္ႏိုင္မွန္းသိသည့္အရာကို လိုခ်င္ေနတုန္းပဲ။ သို႔ေသာ္ ဤသည္မွာ ပထမဆုံးအႀကိမ္အျဖစ္ သူပိုင္ဆိုင္ခ်င္မိေသာအရာပင္။ ဟိုးအရင္ထဲက သူေလာဘတက္ေနမိေသာအရာ။ ေနာက္ဆုံးအခ်ိန္ထိ သူ႔လိုလူမ်ိဳးက ထိုအရာမ်ားႏွင့္ မထိုက္တန္ေန၍လားေတာ့မသိေပ ။ တစ္ဘဝလုံးစာ ေပးဆပ္ခဲ့ေသာ္လည္း ျမဴတစ္မႈန္ သဲတစ္စေလာက္ေတာင္ သူျပန္မရရွိႏိုင္ခဲ့သည့္ အခ်စ္မ်ား။ အဲ့တာေတာင္ မ်က္ကန္းတေစၥမေၾကာက္သည့္ႏွယ္ ေရွ႕ဆက္တိုးေနမိဆဲ။ သူက တစ္ကယ့္အ႐ူးတစ္ေယာက္ပင္ျဖစ္တာေၾကာင့္ ကုသလို႔မရေအာင္ လုံးဝ႐ူးသြပ္ေနသည့္ စိတ္ေရာဂါသည္ အ႐ူးတစ္ေယာက္ႏွယ္ပင္ျဖစ္သည္။ ဖခင္ဆီက ေမတၱာကို လိုခ်င္လြန္းလို႔ သူဟာသြက္သြက္ခါေအာင္႐ူးေနၿပီပင္။
ဟြမ္၏ ေငြမွင္ေရာင္ဆံပင္ရွည္မ်ားမွာ ေလတစ္ခ်က္တိုက္လိုက္တိုင္း လူးလြန႔္ကုန္ၾကေလၿပီး အျပင္ဘက္မွ ဖန္တရာထပ္ေအာင္ ႀကီးစိုးေနေသာ မိုးၿခိမ္းသံကို ၾကားရသည္မွာ ႏွလုံးသားကို ဒဏ္ခတ္ေနသည့္ အျပစ္ေပးစည္သံမ်ားအလား။
" မင္း ငါ့ကိုသိပ္စိတ္ပ်က္ေစတယ္ "
သွ်ားစစ္မီးလွ်ံက ဆက္ေျပာလာသည္။
" ငါအစက သူ႔ကို လူသတ္မႈနဲ႔ပါေပါင္းၿပီး ေသမိန႔္က်ေအာင္ လုပ္ဖို႔ရည္႐ြယ္ထားတာ "
ဟြမ္ရဲ႕ မ်က္လုံးအေရာင္မ်ားက ခ်က္ခ်င္းေျပာင္းလဲသြားခဲ့ေလသည္။
" ဒါေပမယ့္ မင္းက မင္းခႏၶာကိုယ္နဲ႔ အလဲအလွယ္လုပ္ခ်င္ေနေတာ့လည္း အခြင့္အေရးေပးတဲ့အေနနဲ႔ ညႇီႏႈိင္းၾကည့္ရတာေပါ့ ...ဟြမ္ _
" ဦးရာသစ္မာန္ကို ေထာင္ထဲမွာ မေသေစရဘူးလို႔ ငါကတိေပးတယ္ '
" တကယ္လား "
" အဲ့ဒီ့အစား....အခုခ်က္ခ်င္း မင္းအက်ႌကို ခြၽတ္လိုက္ "
အာေမဠိတ္သံနဲ႔အတူ ဟြမ္ရဲ႕ခႏၶာကိုယ္က တုန႔္ဆိုင္းသြားခဲ့သည္ကို ထိန္းမရခဲ့ေပ။
" ဘာလဲ ....မလုပ္ခ်င္ဘူးလား။ ဒါဆိုလဲ... "
" မဟုတ္ဘူး.... "
အနည္းငယ္ေတြေဝေနၿပီးေနာက္ ဟြမ္ ျပန္ေျဖလာ၏။
" ငါလုပ္မယ္ _
တစ္ဆက္တည္းပင္ ဟြမ္က သူ၏ေအးစက္ေနေသာ မ်က္ႏွာေသျဖင့္ လည္တိုင္နားက အက်ႌၾကယ္သီးႏွစ္လုံးကို ဆြဲျဖဳတ္လိုက္ကာ တတိယေျမာက္တစ္ခုကို ျဖဳတ္ခါနီးတြင္ အျမင္အာ႐ုံဟာ ေမွာင္မဲျခင္းအတိ ဖုံးလႊမ္းသြားတာေၾကာင့္ ရပ္တန႔္လိုက္သည္။
အမွန္စင္စစ္တြင္ သွ်ားစစ္မီးလွ်ံက တစ္အိမ္လုံးကို မိန္းခ်လိုက္ကာ အေမွာင္ဖုံးေစလိုက္ျခင္းျဖစ္သည္။ ထို႔ေနာက္ဝါက်င္က်င္မီးေရာင္က ဟြမ္ရဲ႕ အေနာက္ဘက္ကေန တစ္ျဖည္းျဖည္း နီးကပ္လာေၾကာင္း သတိထားမိလိုက္ေလသည္။ သူလွည့္ၾကည့္လိုက္ခ်ိန္တြင္ သွ်ားစစ္မီးလွ်ံက ဖေယာင္းတိုင္တစ္ေခ်ာင္းကိုင္လာတာကို ျမင္လိုက္ရကာ ဆက္လက္ၿပီး ထိုလူက ဖေယာင္းတိုင္ကို စားပြဲေပၚတင္လ်က္ ဟြမ္ရဲ႕တတိယေျမာက္ ၾကယ္သီးကို ကိုယ္တိုင္ကိုယ္က် ခြၽတ္ေပးလာသည္။
႐ုန္းကန္ျခင္းလည္း မျပဳလုပ္သလို ျငင္းဆန္ျခင္းလည္း မျပဘဲ ဟြမ္ ထိုတိုင္း ၿငိမ္သက္ေနလိုက္ေတာ့သည္။ အစထဲက ေ႐ြးခ်ယ္စရာလမ္း မရွိေတာ့ၿပီ မဟုတ္ပါလား....သူဘာေၾကာင့္ အားကုန္ခံေနရဦးမွာလဲ။
ေလးခုေျမာက္ၾကယ္သီးကို ဆက္မျဖဳတ္ဘဲ သွ်ားစစ္မီးလွ်ံက ဟြမ္ အက်ႌကို ျဖည္းျဖည္းခ်င္း ဆြဲခ်လိုက္သည္ေၾကာင့္ ႏူးညံ့ျဖဴေဖြးေနသည့္ ေက်ာဘက္နဲ႔ မီးေရာင္ဟပ္ေနသည့္ ပုခုံးသားမ်ားအျပင္ ရင္ဘတ္တစ္ခုလုံးက ဖြင့္လွစ္ထားျခင္း ခံလိုက္ရသည္။
လက္ညႇိဳးတစ္ေခ်ာင္းနဲ႔ ဟြမ္ရဲ႕ေမးေစ့ကို ပင့္တင္လိုက္ၿပီး သွ်ားစစ္မီးလွ်ံတစ္ေယာက္ ဆြဲေဆာင္မႈအျပည့္ျဖင့္ ေမးျမန္းလိုက္သည္။
" ဘာေတြစဥ္းစားေနတာလဲ "
ဩရွကာ ထည္ဝါသည္ဟု ဆိုရမည့္အသံပင္ျဖစ္သည္။ အသံေလးတစ္ခုႏွင့္ပင္ ဟြမ္၏ ေျခေထာက္မ်ားကို ေပ်ာ့ေခြသြားေအာင္ ႐ိုက္ခ်ိဳးႏိုင္သည္။
" ငါ့အပိုင္ျဖစ္သြားၿပီဆိုေတာ့ ဘယ္သူမွ လာမလုရဲေအာင္ တံဆိပ္႐ိုက္ႏွိပ္ရမွာ မဟုတ္ဘူးလား "
" မင္းသေဘာပဲ....ဒါေပမယ့္ "
" ရႈး "
လက္ညႇိဳးတစ္ေခ်ာင္း နီေဆြးေဆြးႏႈတ္ခမ္းေပၚ ေနရာယူလ်က္ စကားမ်ားကို ဟန႔္တားလိုက္သည္။
" ဘာမွမေျပာနဲ႔ အမိန႔္ပဲ _
ဆက္လက္ၿပီး သွ်ားစစ္မီးလွ်ံက ဟြမ္ရဲ႕ ႏႈတ္ခမ္းမ်ားကို နမ္းရႈိက္လိုက္ေလသည္။ အလြန္အမင္း အသည္းအသန္ႏိုင္စြာျဖင့္ ၊ပူေလာင္မြတ္သိပ္စြာျဖင့္ ၊ဆာေလာင္ျပင္းျပမႈတို႔အျပည့္ျဖင့္ပင္။
ဟြမ္တစ္ေယာက္ အစပိုင္းတြင္ ေတာင့္တင္းစြာ ရပ္ေနႏိုင္ခဲ့ေသာ္လည္း အခ်ိန္အနည္းငယ္အၾကာတြင္ သူ၏အသက္ေအာင့္ႏိုင္စြမ္းက ဆိုးဆိုး႐ြား႐ြား ျပႆနာတက္လာေလသည္။ လက္နဲ႔တြန္းကာ ခႏၶာကိုယ္ႏွစ္ခုကို ခြာလိုက္ေသာ္လည္း သွ်ားစစ္မီးလွ်ံက အားနဲ႔ျပန္ဆြဲပူးေစသည္။ ေနာက္ထပ္မိနစ္ပိုင္းအၾကာတြင္ ဟြမ္ လုံးဝသည္းမခံႏိုင္ေတာ့ေပ။ ခႏၶာကိုယ္တစ္ခုလုံးပူေလာင္ေနၿပီး ေအာက္စီဂ်င္ ျပတ္လပ္ေနမႈသည္ ေတာင့္ခံႏိုင္သည့္ အတိုင္းအတာကို ေက်ာ္လြန္သြားသည့္အတြက္ မ်က္ရည္ပူမ်ားကို မဖိတ္ေခၚဘဲ ႀကိဳဆိုသလို ျဖစ္သြားခဲ့သည္။
မ်က္လုံးအိမ္က စီးက်လာေသာ ထိုအရည္မ်ားသည္ သွ်ားစစ္မီးလွ်ံ၏ ပါးျပင္ကိုထိေတြ႕သြားကာ ထိုသူ႔ကို အသိစိတ္ဝင္လာေအာင္ စြမ္းေဆာင္ႏိုင္သြားဟန္တူသည္။ ဟြမ့္ကို လႊတ္ေပးလာၿပီး အသက္ရႈခြင့္ ေပးလာသည္။
ဘာကိုမွမစဥ္းစားႏိုင္ခင္ ဟြမ္ဟာ အသက္ကိုဝေအာင္ရႈသြင္းဖို႔တစ္ခုထဲကိုပဲ အာ႐ုံစိုက္ေနရသည္။ အခ်ိန္သိပ္မၾကာလိုက္ပါပင္ သွ်ားစစ္မီးလွ်ံက လက္ေမာင္းကေန ဆြဲလွည့္ၿပီး ႏႈတ္ခမ္းမ်ားကို ဒုတိယအႀကိမ္ ပူးကပ္လာျပန္သည္။ ပထမတစ္ခါထက္ ႏူးညံ့သြားသည္ဟု ထင္ရေသာ္ျငား ပထမတစ္ခါထက္ ပိုရမက္ႂကြေစ၏။ ဟြမ္၏ ခံတြင္းထဲတြင္ လွည့္ပတ္ေမႊေႏွာက္ေနေသာ လွ်ာတစ္ခုေၾကာင့္ ဗလုံးဗေထြးအသံမ်ားက ညစ္ညမ္းသံမ်ားကဲ့သို႔ ထုတ္လႊင့္ေနသည္မွာ ရွက္ဖြယ္အတိပင္ ။ ဖေယာင္းတိုင္ရဲ႕ ထင္ဟပ္မႈေၾကာင့္ နံရံမွာ ေပၚေနေသာ သူတို႔၏အရိပ္မ်ားမွာလည္း ပူးကပ္သိပ္သည္းလ်က္သား။ ဟြမ္တစ္ကိုယ္လုံး သွ်ားစစ္မီးလွ်ံ၏ ေပြ႕ဖက္မႈမ်ားၾကားတြင္ ဆုံးဆုံးနစ္ျမဳပ္ေနကာ ကြယ္ေပ်ာက္ေနသည္။
ေငြေရာင္အမွ်င္အတန္းမ်ားက ႏႈတ္ခမ္းကတစ္ဆင့္ တစ္ေယာက္နဲ႔တစ္ေယာက္ ဆက္သြယ္ေနတာကို ခပ္ေရးေရးျမင္လိုက္ရၿပီးေနာက္ ဟြမ္ရဲ႕ နား႐ြက္နဲ႔ ပါးနားတစ္ဝိုက္မွာ အနီေရာင္အျဖစ္ ကူးေျပာင္းသြားေတာ့သည္။ သွ်ားစစ္မီးလွ်ံ၏ အက်ႌကို ခပ္တင္းတင္းဆုပ္ေထြးထားၿပီး ထိုသူလုပ္ခ်င္တာမွန္သမွ် ၿငိမ္ခံေနလိုက္မည္ဟု ေတးမွတ္ထားေသာ ဟြမ္အတြက္ လမ္းဆုံးေရာက္ေနၿပီဆိုတာ သူနားလည္လိုက္ပါသည္။
လူေတြေရွ႕၌ ဂုဏ္သေရရွိ လူႀကီးမင္းႏွစ္ေယာက္ျဖစ္သည့္ ဟြမ္ႏွင့္ သွ်ားစစ္မီးလွ်ံတို႔မွာ ေနာက္ကြယ္တြင္ ဤကဲ့သို႔ မဖြယ္မရာ ကိစၥမ်ားလုပ္ေနသည္ဟု မည္သူကမွ ထင္ထားခဲ့ၾကလိမ့္မည္ မဟုတ္ေပ။
အခ်ိန္အနည္းငယ္အၾကာတြင္ သွ်ားစစ္မီးလွ်ံက ဟြမ္ကိုလႊတ္ေပးလိုက္ၿပီး ထပ္နမ္းလာျခင္းမ်ား မလုပ္ေတာ့ေသာ္ျငား ထိုသူ႔၏မ်က္လုံးမ်ားက သားရဲတစ္ေကာင္၏ လိုအင္ရမၼက္စိတ္မ်ားလို အေတာမသတ္ႏိုင္ေသးသည္မွာ သိသာလွသည္။ မိမိကိုယ္တိုင္ခံစားေနရသည့္ေဝဒနာကို အံတုလ်က္ သွ်ားစစ္မီးလွ်ံက ဟြမ့္ကို ထပ္မထိမိေအာင္ အတင္းႀကိဳးစားေနရမွန္း ဟြမ္သတိထားမိေနခဲ့ေလသည္။
ႏွစ္ေယာက္လုံးရဲ႕ အက်ႌမ်ားက ဖ႐ိုဖရဲျဖစ္ေနၿပီး ဟြမ္ရဲ႕ မ်က္လုံးမ်ားက ရီေဝေနမႈမ်ားကေန မလြတ္ေျမာက္ႏိုင္ေသးေပ။ သူဟာ သွ်ားစစ္မီးလွ်ံေပးသည့္ အမည္ေဖာ္မရသည့္ ခံစားခ်က္မ်ားၾကား အလူးအလဲ ခံစားေနရဆဲျဖစ္ကာ သွ်ားစစ္မီးလွ်ံက လက္ေျမႇာက္လိုက္ခ်ိန္တြင္ မသိစိတ္အရ ခႏၶာကိုယ္ကို အေနာက္သို႔ ေ႐ြ႕လိုက္မိသည္။ ထိုဘာမွန္းမသိသည့္ ခံစားခ်က္မ်ားကို သူထပ္မခံစားခ်င္ေပ။
သို႔ေသာ္ သွ်ားစစ္မီးလွ်ံက ဟြမ့္ကို ထိေတြ႕ဖို႔ လက္ေျမႇာက္လိုက္ျခင္းမဟုတ္ဘဲ သူ႔လက္ကိုအၿမဲတေစကာကြယ္ထားသည့္ လက္အိတ္မ်ားခြၽတ္ရန္ လက္ေျမႇာက္လိုက္ျခင္းရယ္ပါ။ အၾကမ္းပတမ္းဆြဲခြၽတ္ၿပီး အေဝးလႊင့္ပစ္ခံလိုက္ေသာ လက္အိတ္က အခန္းေထာင့္တစ္ေနရာတြင္ ျမင္မေကာင္းေလာက္ေအာင္ ျပဳတ္က်သြားေလသည္။
အသားအလြန္ျဖဴသည့္ လက္ဖမိုးေပၚတြင္ အေတာင္ပ်ံမ်ားကို ျဖန႔္က်က္လ်က္ ရဲစြမ္းသတၱိႏွင့္ အရွိန္အဝါႀကီးမားမႈကို ရည္ၫႊန္းေနေသာ ဇာမဏီငွက္တစ္ေကာင္ေနရာယူေနခဲ့သည္။ ဟြမ္သည္ပင္ ထိုအရာကို အခုမွပထမဆုံးျမင္ဖူးျခင္းပင္။ အေတာ္ေလးကို လွပတင့္တယ္ကာ အေတာ္ေလးပင္ ထိုလူႏွင့္လိုက္ဖက္ညီလွသည္ေပ။ နက္ေဆြးေနသည့္ မွင္ေရာင္မ်ားက အေမွာင္ထဲမွာေတာင္ ထင္ထင္ရွားရွားျမင္ေနရကာ ဖေယာင္းတိုင္မီးေရာင္ က်ေရာက္သြားခ်ိန္တြင္ ထိုဇာမဏီငွက္က ျပာပုံထဲမွအသစ္တစ္ဖန္ ေမြးဖြားလာသည့္ ဒဏၭာရီအလား မီးဟုန္းဟုန္းေလာင္ၿမိဳက္ေနသည့္ အသြင္ႏွင့္ပင္ ဆင္တူေနသည္။ ထိုတက္တူးက ထိုသူႏွင့္ အေတာ္ေလးၾကည့္ေကာင္းေပသည္။ ဤသည္ကား ခ်ဲ႕ကားေျပာဆိုျခင္းမဟုတ္ အမွန္စင္စစ္ပင္ ျဖစ္ေခ်ေတာ့သည္။
" ငါပိုင္တဲ့အရာေတြကို အမွတ္အသားလုပ္ရတာ ႀကိဳက္တယ္။ ဒါမွ ဘယ္သူမွလုယူမသြားမွာ "
" သွ်ားစစ္မီးလွ်ံ မင္းငါ့ကို ဘာျဖစ္ေစခ်င္ေနတာလဲ "
" ငါ့အပိုင္ျဖစ္ေစခ်င္တာ အဲ့လူရဲ႕ ႐ုပ္ေသး႐ုပ္မဟုတ္ဘဲ ....ငါ့ပိုင္တဲ့လူသားတစ္ေယာက္ ျဖစ္လာေစခ်င္တာ "
" ျဖစ္လာမွာမဟုတ္ဘူး မင္းလက္ေလ်ာ့လိုက္ေတာ့ "
ႏွစ္ဖက္လုံးက တင္းမာလ်က္သားပင္။
" မဟုတ္ဘူး အဲ့တာကျဖစ္ၿပီးေနၿပီ ငါတို႔ႏွစ္ေယာက္စေတြ႕တဲ့ ဟိုးအရင္ထဲက ေန႔ရက္တိုင္း ေန႔ရက္တိုင္း ၊ အခ်ိန္တိုင္း အခ်ိန္တိုင္းမွာ မင္းကငါ့အပိုင္ပဲ .... ငါလိုခ်င္ရင္ မင္းကို မရ,ရေအာင္ယူမွာ "
မီးေတာက္တစ္ခုက ကမာၻေပၚမွာ အလွပဆုံးေသာ လိပ္ျပာတစ္ေကာင္ကို ေလာင္ကြၽမ္းေစရင္း အေတာင္ပ်ံမ်ားကို ႐ိုက္ခ်ိဳးလ်က္ ထိုလိပ္ျပာေလးကို သူ႔အနားမွာေခၚထားခ်င္ခဲ့ေလသည္။ သို႔ေသာ္ ထိုလိပ္ျပာကို ဘယ္နည္းနဲ႔မွ သူ႔အနားမွာေခၚထားလို႔မရမွန္း သိလိုက္ရတဲ့အခါ လိပ္ျပာေလးရဲ႕ ခႏၶာကိုယ္အေပၚ သူနဲ႔ပက္သက္တဲ့ အရာတစ္ခုခုခ်န္ထားဖို႔ ဆုံးျဖတ္လိုက္ေတာ့သည္။ ေသရင္ေတာင္အတူရွိေနမယ့္အရာမ်ိဳး၊ ဘယ္ေတာ့မွ ေဖ်ာက္ဖ်က္လို႔မရမယ့္ အရာမ်ိဳး ၊ျမင္လိုက္တာနဲ႔ ဒါဟာ သူ႔အပိုင္လို႔ တန္းသိေစမယ့္ အရာမ်ိဳး ။
ဟြမ္အသိစိတ္ျပန္ဝင္လာခ်ိန္တြင္ ေက်ာဖက္က စူးေအာင့္ေနသည့္ နာက်င္မႈတစ္ရပ္ကို မရပ္မနားခံစားေနရေလသည္။ သွ်ားစစ္မီးလွ်ံဟာ သူ႔ေက်ာျပင္ကို အစိမ္းလိုက္ခြဲေနသကဲ့သို႔ေသာ နာက်င္မႈကို အျပည့္အဝခံစားေစၿပီး ေက်နပ္ေနသည့္ အမႈအယာမ်ိဳး လုပ္ျပေနတတ္ေသးသည္။ ဝါက်င္က်င္မီးေရာင္ ေအာက္တြင္ ဟြမ့္အသားအရည္ဟာ ေလာင္ကြၽမ္းေနသည့္ႏွယ္ ခႏၶာကိုယ္ရွိ ေသြးမ်ားကိုလည္း ပြက္ပြက္ဆူေနေစခဲ့သည္။ တစ္ခ်ိန္တည္းမွာပင္ ဟြမ္ ေဒါသထြက္လြန္းလို႔ ဆဲေရးမယ္လုပ္လိုက္ေသာ အသံမ်ားက နာက်င္မႈမ်ားေၾကာင့္ ညီးညဴသံမ်ားအျဖစ္ ေျပာင္းလဲသြားသည္။
" မင္းအရမ္းလွတာပဲ "
သွ်ားစစ္မီးလွ်ံက သူ႔ကိုေျပာလာေလသည္။
ဟြမ္ခႏၶာကိုယ္ေပၚေလွ်ာက္ေျပးေနတဲ့ တက္တူးထိုးစက္နဲ႔ ၎ကိုထိန္းခ်ဳပ္ေနေသာ သွ်ားစစ္မီးလွ်ံ၏ လက္မ်ားက ပုံစံတစ္ခုကို အေကာင္အထည္ေဖာ္ရန္ တုန႔္ဆိုင္းျခင္းမရွိ ေ႐ြ႕လ်ားေနၾကသည္။ တစ္သိမ့္သိမ့္တုန္ေနေသာ ကိုယ္ကိုထိန္းခ်ဳပ္ႏိုင္ေအာင္ ႀကိဳးပမ္းေနေသာ္လည္း အခန္းထဲက အေအးဓာတ္နဲ႔ အေပၚပိုင္းအဝတ္ေတြကို အကုန္ခြၽတ္လုနီးပါးျဖစ္ေနေသာ ဟြမ္ေၾကာင့္ ဘယ္လိုမွ ထိန္းခ်ဳပ္လို႔ မရႏိုင္ခဲ့ေပ။ အစိမ္းလိုက္ထိုးခြဲေနေသာ စုတ္ခ်က္မ်ားက တင္းတင္းေစ့ထားေသာ ႏႈတ္ခမ္းသားတစ္စုံကို ညီးညဴသံမ်ား ထပ္မံထြက္က်လာေစျပန္သည္။
" အား...ဟာ့... "
ပင့္သက္ရႈိက္သံနဲ႔အတူ တစ္ဖန္တိုးဖြသြားျပန္ေသာ ထိုအသံမ်ားကိုၾကားတိုင္း သွ်ားစစ္မီးလွ်ံၿပဳံးေနမိသည္။
" နာေနလား....ကိုယ္မင္းကို ခံစားေစခ်င္တယ္ နာက်င္မႈကလည္း တစ္ခါတစ္ရံမွာ စြဲမက္ဖို႔ေကာင္းတယ္ဆိုတာ။ နည္းနည္းေလာက္သည္းခံလိုက္ရင္ ၿပီးေတာ့မွာပါ "
" ရပ္ေတာ့...ငါ...အာ့...ငါမခံႏိုင္ေတာ့ဘူး "
" ပုံကတစ္ဝက္တစ္ပ်က္နဲ႔ဆို ပို႐ုပ္ဆိုးသြားမွာ...မင္းတစ္ကယ္လိုခ်င္တာ ေသခ်ာလား "
" ...... "
" ဟက္ "
ဟြမ္ဆီက တုန႔္ျပန္မႈတို႔ မလာေတာ့သည့္အခါ ခပ္ဖြဖြေလး အသံထြက္ေအာင္ ရယ္လိုက္ရင္း ေကာ့ၫႊတ္ေနေသာ ေက်ာျပင္ႏွင့္ ခါးသြယ္သြယ္ကိုကိုင္ကာ ငုံ႔နမ္းလိုက္ေလသည္။ ေတာင့္တင္းသြားေသာ ေအာက္ဘက္က ခႏၶာကိုယ္ပိုင္ရွင္ကို လ်စ္လ်ဴရႈလိုက္ကာ ပိုမိုစခ်င္လာတာေၾကာင့္ လွ်ာကိုထုတ္လ်က္ အေပၚသို႔အနည္းငယ္ဆြဲကာ လ်က္လိုက္သည္။
" သွ်ားစစ္မီးလွ်ံ မင္းဘာေတြလုပ္ေနတာလဲ ! "
" မလႈပ္နဲ႔ "
အားမာန္ပါသည့္အသံလႈိင္းနဲ႔ ခါးကိုတင္းတင္းဆုပ္ကိုင္ထားသည့္ လက္မ်ားေၾကာင့္ ဟြမ့္မွာ ျငင္းဆန္ႏိုင္ဖို႔ အားမ်ားကုန္ဆုံးခဲ့ရေလသည္။ သွ်ားစစ္မီးလွ်ံဟာ အေတာ္ေလးကို သန္မာ၏။ ဟြမ္ထက္လည္းအရပ္ရွည္ကာ ခြန္အားလည္းသာလြန္လွသည့္အတြက္ က်ားလက္ထဲက ယုန္တစ္ေကာင္လိုမ်ိဳး ျဖစ္ေနရသည္။
ဒူးေထာက္ထားရသည္မွာ ၾကာၿပီျဖစ္၍ ဟြမ္ရဲ႕ လက္ဖဝါးနဲ႔ ဒူးမ်ားမွာ အနီေရာင္အျဖစ္ပြန္းပဲ့ကုန္ၾကေလသည္။ အၿမဲတစ္ေစ ကိုက္ခဲထားေသာ ေအာက္ႏႈတ္ခမ္းမွာလည္း ေသြးမ်ားစို႔၍ ေပါက္ၿပဲေနသည္မွာ အခ်ိန္ၾကာေနခဲ့ၿပီျဖစ္သည္။ ငရဲေရာက္ေနသလိုျပင္ သူခံစားေနရၿပီး အားနည္းေနသည့္ သူ႔ခႏၶာကိုယ္ေၾကာင့္ တစ္ခ်က္တစ္ခ်က္ သတိလြတ္ေတာ့မလိုပင္ခံစားေနရသည္။
ခဏအၾကာတြင္ သွ်ားစစ္မီးလွ်ံက သူ႔အေပၚကေနငုံ႔ကိုင္းလာၿပီး မ်က္ႏွာကိုေနာက္သို႔ဆြဲယူကာ ညႇင္ညႇင္သာသာ နမ္းရႈိက္လာသည္။ ညႇင္သာသိမ္ေမြ႕လြန္းလို႔ အျခားတစ္ေယာက္ျဖစ္ေတာင္ ထင္မွားႏိုင္သြားသည့္အထိတိုင္ေအာင္ပင္။ ထို႔ေနာက္ ထိုလူေယာင္ေဆာင္ထားေသာ မေကာင္းဆိုးဝါက နားစည္နားကိုကပ္ကာ ခပ္တိုတိုးေလး ေျပာသြားသည္။
" ဘာလို႔ကိုယ့္ကိုကိုယ္ နာက်င္ေအာင္လုပ္ေနတာလဲ.... ထိန္းခ်ဳပ္မထားနဲ႔ မင္းဆီက ညီးသံေတြ နားေထာင္ရတာကိုႀကိဳက္တယ္ "
" ဟြန႔္ "
ဟြမ္က ခ်က္ခ်င္းမ်က္ႏွာကို ျပန္လႊဲလိုက္ကာ ၾကမ္းျပင္ေပၚ အပုံသားက်ေနတဲ့ အဝတ္တစ္ခုကို ဆြဲယူလိုက္ၿပီး ပါးစပ္ထဲသို႔ အျပည့္ကိုက္ခဲထားလိုက္ေလသည္။ ဤအမူအယာမွာ " မင္းႀကိဳက္တဲ့အရာတိုင္းကို ငါ႐ြံတယ္ "ဆိုတဲ့ ပုံစံမ်ိဳးႏွင့္ သွ်ားစစ္မီးလွ်ံကို လွမ္းၾကည့္လိုက္ေလသည္။
သွ်ားစစ္မီးလွ်ံ ျပန္ၾကည့္လိုက္ေသာ အၾကည့္မ်ားတြင္လည္း " ဒါဆို မင္းကိုယ္မင္းလည္း ႐ြံသင့္တယ္ "ဆိုတဲ့အမူအယာမ်ားအတိုင္းသားပင္။ ဤသည္ကို နားလည္လိုက္ေသာ ဟြမ္က ေဒါသထြက္လြန္းလို႔ တစ္ကိုယ္လုံး အနီေရာင္သန္းသြားေတာ့သည္။
ဖေယာင္းတိုင္က တစ္စက္ခ်င္းအရည္ေပ်ာ္က်ေနတာေၾကာင့္ ယခုဆိုလွ်င္ တစ္ဝက္ေလာက္ေတာင္ မက်န္ေတာ့ေပ။ ထိုအခ်ိန္ထိ ဟြမ္မွာ နာက်င္မႈဒဏ္ကို အံတုေနရဆဲျဖစ္ၿပီး အေအးဒဏ္ကိုလည္း တတ္ႏိုင္သေလာက္ေသာ ခြန္အားေလးျဖင့္ သည္းခံေနရသည္။
" သွ်ားစစ္မီးလွ်ံ....ငါ့ကို လႊတ္ေပးပါေတာ့ "
သူအရမ္းနာေနၿပီပင္။ ေတာင္းဆိုခဲ့ေသာ အသံကပင္ တုန္ယင္ကာ အက္ရွေနလ်က္ တိုးတိမ္ေနခဲ့သည္။ သူ႔ထံတြင္ အားတစ္စက္မွလည္း က်န္မေနခဲ့ေတာ့ေပ။ အလြန္အမင္းၿပိဳလဲေနသည့္အသြင္မွာ သနားခ်င့္စရာေကာင္းေနမည္ကို ဟြမ္ အရမ္းေၾကာက္မိသည္။
" မင္းနည္းနည္းေလာက္ ထပ္သည္းခံလိုက္ ၿပီးေတာ့မယ္ "
တစ္လက္စထဲပင္ ဟြမ္ရဲ႕ေဘာင္းဘီကို ေအာက္သို႔အနည္းငယ္ ဆြဲခ်လ်က္ ဇာမဏီငွက္၏ အျမႇီးပိုင္းကို ေသသပ္သြာ အဆုံးသတ္လိုက္ေလသည္။
အျပစ္ဟူသည္ ဆိုဖြယ္ရာမရွိသည့္ ေက်ာ့ရွင္းေနသည့္ ေက်ာျပင္ထက္၌ နက္ရႈိင္းခက္ထန္သည့္ မ်က္လုံးတို႔၏ပိုင္ရွင္ မီးတို႔၏အရွင္သခင္ျဖစ္သည့္ ဇာမဏီငွက္တစ္ေကာင္က အေတာင္ပ်ံမ်ားကို ျဖန႔္က်က္လ်က္ ေကာင္းကင္ေပၚဆန္တက္ေနသည့္ အသြင္အျပင္မ်ားကို ျပသေနသည္။ ထိုျမင့္ျမတ္ရဲရင့္သည့္ သားရဲ၏ေနာက္ကြယ္တြင္ ႏူးညံ့ကာအထိခိုက္မခံႏိုင္ဆုံး ပန္းပြင့္မ်ား ရွိေနခဲ့သည္။ ထိုအရာႏွစ္ခုလုံးက သဘာဝအားျဖင့္ ဆန႔္က်င္ဘက္ပင္။ တစ္ခုမွာ အႏူးညံ့ဆုံးႏွင့္ အထိခိုက္မခံႏိုင္ဆုံး ပန္းျဖစ္ေနခဲ့ၿပီး အျခားတစ္ခုမွာ ရက္စက္ၾကမ္းၾကဳတ္သည့္ ငွက္တစ္ေကာင္ျဖစ္ေနခဲ့သည္။
သွ်ားစစ္မီးလွ်ံက ဤမစပ္ဆက္သည့္အရာႏွစ္ခုကို ေပါင္းစပ္ရျခင္းမွာ ဟြမ္ႏွင့္သူ႔ကို ေပါင္းစပ္ေနသကဲ့သို႔ ထင္ဟပ္ေစေလသည္။ ပန္းသည္ကား ဟြမ္ကို ကိုယ္စားျပဳၿပီး ဇာမဏီငွက္သည္ကား သူ႔ကို ကိုယ္စားျပဳေနသည့္ႏွယ္။
" ဒီေဆးကိုေသာက္လိုက္ "
" မေသာက္ဘူး "
" အေယာင္က်ေဆးနဲ႔ လည္ေခ်ာင္းနာေပ်ာက္ေဆးပဲ "
" မေသာက္ဘူး "
" ငါေျပာေနတယ္... မင္းငါ့ကိုအခ်ိန္တိုင္း ကလန္ကဆန္လုပ္ေနမွာလား "
တစ္ဆက္တည္းပင္ သွ်ားစစ္မီးလွ်ံက အလုပ္ကျပန္လာစဥ္က ထိုင္ခုံေပၚသူပစ္တင္လိုက္ေသာ ကုတ္အက်ႌရွည္တစ္ထည္နဲ႔ ဟြမ့္ကို လုံးေထြးလိုက္ရင္း ကုတင္ေပၚေပြ႕ေခၚသြားလိုက္ေလသည္။ မဟုတ္လွ်င္လည္း ဟြမ္ထံတြင္ လႈပ္ရွားစရာ အားနည္းနည္းေလးမွ က်န္ရွိမေနေတာ့ေပ။
" ေရာ့ ...ေသာက္လိုက္ "
ဟြမ္ ဆန႔္က်င္ဘက္ကို မ်က္ႏွာလႊဲလိုက္တာေၾကာင့္ သွ်ားစစ္မီးလွ်ံက အတင္းခ်ဳပ္လ်က္ အားသုံးကာ မ်က္ႏွာကို ဆြဲယူၿပီး ပါးစပ္ထဲကို ေဆးမ်ားအတင္းထည့္လာေလသည္။ ဟြမ္ ထိုအရာမ်ားကို ခ်က္ျခင္းေထြးထုတ္လိုက္တဲ့အခါ သွ်ားစစ္မီးလွ်ံမ်က္ႏွာက ပိုလို႔ေတာင္ ေၾကာက္မက္ဖြယ္ေကာင္းလာသည္။
" ဘာျဖစ္လို႔လဲ ဘာျဖစ္လို႔ မေသာက္ခ်င္တာလဲ ....မင္းရဲ႕အဲ့ေခါင္းမာတဲ့အက်င့္က မင္းကိုပိုၿပီး ဒုကၡေရာက္ေအာင္လုပ္ေနတာ "
" ငါမႀကိဳက္လို႔....ငါမုန္းလို႔ အဲ့ေဆးရဲ႕ ခါးတဲ့အရသာေတြကို ငါမခံစားခ်င္လို႔ ရၿပီလား ။ ငါ့ဘဝေတာင္ ဒီေလာက္ခါးေနတာ ငါေနာက္ထပ္ခါးတဲ့အရာေတြကို မခံစားခ်င္ဘူး "
သွ်ာစစ္မီးလွ်ံက သူ႔အသံကိုထိန္းမထားဘဲ ေအာ္လိုက္တဲ့အခါ ဟြမ္ကလည္း ေဒါသထြက္သြားေလသည္။
သွ်ားစစ္မီးလွ်ံက တစ္ေဇာက္ကန္းလုပ္တတ္သည့္ သူ႔အက်င့္တိုင္း အိပ္ယာေပၚက ဟြမ့္မ်က္ႏွာနဲ႔အလြန္နီးကပ္သည့္ အေနအထားထိ ငုံ႔ကိုင္းလိုက္ကာ သူရဲ႕ခက္ထန္ေနတဲ့ မ်က္လုံးမ်ားႏွင့္ စိုက္ၾကည့္ကာဆိုလာသည္။
" ခါးလည္း ေသာက္ရမယ္။ ဒီတစ္ညလုံး ေဆးမဝင္မခ်င္း ငါမင္းကိုတိုက္ေနမွာ "
" မင္း ! "
ေဒါသထြက္လို႔ ဟြမ္ ဆက္ေျပာဖို႔ႀကံလိုက္ေသာ စကားမ်ားကို သွ်ားစစ္မီးလွ်ံက လ်စ္လ်ဴရႈ၍ အခန္းအျပင္ထြက္သြားတာေၾကာင့္ မေျပာျဖစ္လိုက္ရေပ။ နာရီဝက္ေလာက္အၾကာတြင္ သွ်ားစစ္မီးလွ်ံ ျပန္ဝင္လာေလသည္။ ထိုသူက ကုတင္ေဘးတြင္လာထိုင္ကာ ေက်ာေပးထားေသာ ဟြမ္ကို အသံေအးေအးျဖင့္ ေျပာလာသည္။
" ဒီတစ္ခါ မခါးေစရဘူး ။ ကိုယ္ အရမ္းခ်ိဳတဲ့ ကိတ္မုန႔္ေတြလုပ္လာတယ္ "
" ...... "
" ဟြမ္ "
တစ္ဖက္လူက တိတ္ဆိတ္ေနေသးတာေၾကာင့္ သွ်ားစစ္မီးလွ်ံ စိတ္ရွည္လက္ရွည္ေစာင့္ဆိုင္းရန္ ေတြးထားခဲ့ေလသည္။
" တစ္ကယ္လား "
သို႔ေသာ္ ဟြမ္ဆီက တုန႔္ျပန္လာေသာ ထိုအသံေလးေၾကာင့္ သူဟာခ်က္ျခင္း အားတက္သြားရျပန္၏။
" အင္း မင္မယုံရင္ စားၾကည့္ပါလား "
အိပ္ယာေပၚလႈပ္ရွားလာေသာ ထိုလူသည္ သွ်ားစစ္မီးလွ်ံကမ္းေပးေသာ ေဆးကိုအလ်င္အျမန္ယူေသာက္လိုက္ၿပီး မုန႔္ကို ပါးစပ္ထဲ တန္းပစ္ထည့္လိုက္ေလသည္။ ပါးစပ္ထဲအျပည့္ ေနရာယူေနေသာ မုန႔္ေၾကာင့္ ဟြမ့္ရဲ႕ ပါးမ်ားမွာ ပလုပ္ပေလာင္းေဖာင္းကား လ်က္ရွိေနသည္ကို ၾကည့္ရသည္မွာ သွ်ားစစ္မီးလွ်ံ၏ စိတ္႐ိုင္းမ်ားကို တစ္ဖန္ျပန္လည္ လက္ယက္ေခၚသလို သေဘာေဆာင္ေနခဲ့သည္။ မိမိကိုယ္ကို ရိပ္မိလိုက္ေသာ သွ်ားစစ္မီးလွ်ံက ထိုလူသားကို ဆက္လက္အႏိုင္မက်င့္ခ်င္ေတာ့တာေၾကာင့္ သူ႔အေငြ႕အသက္မ်ား လႊမ္းၿခဳံေနေသာ သူ႔အက်ႌတစ္ထည္ကို ယူလာကာ ဟြမ္ကို ထိုးေပးရင္း စကားတစ္ခြန္းကိုခ်န္ကာ အခန္းထဲက အလ်င္အျမန္ ထြက္ခြာသြားသည္။
" ဒီေန႔ေတာ့ ဒီမွာပဲ အိပ္သြားလိုက္ေတာ့ "
ဟြမ္လည္းအေတာ္ေလး မလႈပ္ရွားခ်င္တဲ့အတြက္ ေၾကမြေနၿပီျဖစ္ေသာ သူ႔အက်ႌအစား သွ်ားစစ္မီးလွ်ံေပးတဲ့ အက်ႌကိုသာ ဝတ္လိုက္ၿပီး ေပ်ာ့ေပ်ာင္းေသာ ေငြမွ်င္ေရာင္ဆံပင္မ်ားကို ေခါင္းအုံးေပၚ ျဖန႔္က်က္လ်က္ အိပ္စက္လိုက္ေတာ့သည္။
_______________________________
Note /
စာလုံးေပါင္းမစစ္ရေသးလို႔ သည္းခံဖတ္ေပးၾကပါ ။
သွ်ားစစ္မီးလွ်ံရဲ႕ လက္ဖမိုးေပၚက ဇာမဏီငွက္ပုံေပါ့ေနာ္ ကိုယ္အနီးစပ္ဆုံး တူတာေတြရွာေပးထားတယ္။ original artist ေတြကိုေတာ့ fully crd ေပးပါတယ္။
ဒါကေတာ့ ဟြမ္ ေက်ာေပၚက ဇာမဏီငွက္ပုံပါ။ ကိုယ္က အေသးစိတ္ေတာ့မေရးျပထားေတာ့ဘူး။ သူတို႔က side couple ဆိုေတာ့ အက်ဥ္းခ်ဳံးေလးပဲ ေဖာ္ျပထားတယ္။
______________________________________