ပုဂံမြေကိုတိုင်တည်၍

By Yeolmae3133

39K 519 38

ဘယ်သူထင်မိမှာလဲကိုယ်အရမ်းရွံရတဲ့မိထွေးရဲ့သားကိုဒီလောက်တမ်းတမ်းစွဲချစ်မိသွားလိမ့်မယ်လို့ ကွန်းအသခ... More

Intro Part
အပိုင်း ၁
အပိုင်း ၂
အပိုင်း ၃
အပိုင်း ၄
အပိုင်း ၅
အပိုင်း ၆
အပိုင်း ၇
အပိုင်း ၈
အပိုင်း ၉
အပိုင်း ၁၀
အပိုင်း ၁၁
အပိုင်း ၁၂
အပိုင်း ၁၃
အပိုင်း ၁၄
အပိုင်း ၁၅
အပိုင်း ၁၆
တောင်းပန်လွှာ
အပိုင်း ၁၈
အပိုင်း ၁၉
အပိုင်း ၂၀
အပိုင်း ၂၁
အပိုင်း ၂၂
အပိုင်း ၂၃
အပိုင်း ၂၄
အပိုင်း ၂၅
အပိုင်း ၂၆
အပိုင်း ၂၇
အပိုင်း ၂၈
အပိုင်း ၂၉
အပိုင်း ၃၀
အပိုင်း ၃၁
အပိုင်း ၃၂
အပိုင်း ၃၃
View
အပိုင်း ၃၄
အပိုင်း ၃၅
အပိုင်း ၃၆
အပိုင်း ၃၇
Request
အပိုင်း ၃၈
အပိုင်း ၃၉
အပိုင်း ၄၀
အပိုင်း ၄၁
အပိုင်း ၄၂
အပိုင်း ၄၃
အပိုင်း ၄၄
အပိုင်း ၄၅
အပိုင်း ၄၆
အပိုင်း ၄၇
အပိုင်း ၄၈
အပိုင်း ၄၉
အပိုင်း ၅၀
အပိုင်း ၅၁
အပိုင်း ၅၂
အပိုင်း ၅၃
အပိုင်း ၅၄
အပိုင်း ၅၅
အပိုင်း ၅၆
အပိုင်း ၅၇
အပိုင်း ၅၈
အပိုင်း ၅၉
အပိုင်း ၆၀
အပိုင်း ၆၁
အပိုင်း ၆၂
အပိုင်း ၆၃
EXTRA
view
Extra 2

အပိုင်း ၁၇

469 7 0
By Yeolmae3133

ကွန်းတို့ချောက်မြို့မှာနှစ်ရက်လောက်နေပြီးတော့ပုဂံကိုပြန်လာခဲ့ကြသည်။

"သွေးသစ်ဓာတ်ပုံတွေသွားအပ်တော့မှာလား"

"အေးဟုတ်တယ် လိုက်မလို့လား"

"မဟုတ်ပါဘူးကွာ မေးကြည့်တာ"

"ဪအေးအေး ဒါဆိုငါသွားလိုက်ဦးမယ်"

"အင်း အင်း"သူခန့်နဲ့သွေးသစ်တို့လက်ဖက်ရည်ဆိုင်ထိုင်ရင်းပြောနေကြတာဖြစ်သည်။ဓာတ်ပုံတွေရသင့်သလောက်ရတော့ပွဲမန်နေဂျာကိုသွားအပ်ပြီးအလုပ်ကိစ္စပြောဖို့စီစဉ်နေတာဖြစ်သည်။သူခန့်လဲသွေးသစ်သွားတာနဲ့ဟိုတယ်ကိုလာလိုက်သည်။ဟိုတယ်ကိုရောက်တော့ရတုကပန်းပင်တွေနားမှာထိုင်ပြီးကွန်ပျူတာသုံးနေလေသည်။ရတုကသူခန့်ကိုမြင်တော့နှုတ်ဆက်လေသည်။ထို့ကြောင့်လမ်းလျှောက်နေရင်းရတုကိုပြန်နှုတ်ဆက်လေသည်။ခြေလှမ်းတစ်လှမ်းလှမ်းပြီးနောက်မှာတော့
:ဘုတ်

"အ"
ဟိန်းမြတ်နဲ့သူခန့်နှစ်ယောက်သားထံမှပြိုင်တူထွက်လာကြသည်။အကြောင်းမှာဖုန်းကြည့်ပြီးလျှောက်လာသည့်ဟိန်းမြတ်နဲ့ရတုကိုနောက်ပြန်နှုတ်ဆက်ရင်းလျှောက်လာသည့်သူခန့်တို့နှစ်ယောက်သားတိုက်မိကြခြင်းဖြစ်သည်။

"ဟာ sorry sorryကျွန်တော်မမြင်မိလိုက်လို့နော်"

"ရပါတယ်ကျွန်တော်လဲသေချာကြည့်ပြီးမလျှောက်လိုက်မိလို့ပါ"

"ဟုတ် ဒါဆိုခွင့်ပြုပါဦးနော်"

"ကောင်းပါပြီဗျ"

"ကိုသူခန့်ရေ sorryဗျာကျွန်တော့်ကိုနှုတ်ဆက်နေရင်းတိုက်သွားတာ"ရတုကcomputerကြည့်နေရင်းကနေပိတ်ပြီးသူခန့်အနားလျှောက်လာရင်းပြောခြင်းဖြစ်သည်။

"ဪ မဟုတ်တာပဲဗျာရပါတယ်ဗျ"

"ဟီး ဟုတ်"

"ဒါနဲ့လေဟိန်းမြတ်ကတစ်ခုခုကိုအလျင်လိုနေသလိုပဲနော်ဘာဖြစ်တာလဲဟင်"

"ဗျာ ဟုတ်လားကျွန်တော်လဲသေချာမသိဘူးကျွန်တော်အပြင်ထွက်လာတဲ့အထိသူတို့နှစ်ယောက်ကမနိုးကြသေးတော့သေချာမသိဘူးဗျ"

"ဪ ဟုတ်ပါပြီဗျ ဒါနဲ့ကိုရတုရောမနက်စာစားပြီးပြီလားဗျ မစားရသေးရင်စီစဉ်ပေးရအောင်ပါ"

"စားပြီးပြီဗျ ကျွန်တော့်ကိုလဲရတုလို့ပဲခေါ်ပါဗျာကျွန်တော်အကြောင်းစုံသိပြီးပြီဆိုတော့"

"ဪ ကောင်းပါပြီဗျ"

"ဟုတ် ဒါနဲ့ကိုသွေးသစ်ရောမပါဘူးလားဗျ"

"အင်းဟုတ်တယ်ညီလေး ပြပွဲအတွက်ဓာတ်ပုံတွေသွားအပ်တယ်လေ"

"ကျွန်တော့်ကိုအဲ့နေရာရဲ့လိပ်စာပေးလို့ရမလားဗျ"

"ဗျာ ဪကွန်း ဟုတ်ပေးလို့ရပါတယ်ဗျ"

"ဟုတ်ကျေးဇူးပါ"

"မင်းကကိုသွေးသစ်နဲ့ဘာကိစ္စရှိလို့လဲကွ"

"ပြောစရာလားမင်းလို စ သုံးလုံးကို"

"ဒီဖေ..."

"စိတ်လျှော့ပါဗျာ"သူခန့်ကရယ်ချင်စိတ်ကိုထိန်းရင်ဝင်ထိန်းလိုက်လေသည်။

"*****မှာပါဗျ တကယ်လို့မသွားတတ်ရင်ဝန်ထမ်းတစ်ယောက်ယောက်ကိုလိုက်ပို့ပေးရမလားဗျ"

"နေပါစေဗျ ရပါတယ်အဲ့‌ေနရာဆိုအရင်ခါသူ့အိမ်သွားတဲ့လမ်းတုန်းကတွေ့ခဲ့ရတဲ့နေရာမလားဗျ"

"ဟုတ်ပါတယ်ဗျ"

"ဒါဆိုကျွန်တော့်ကိုခွင့်ပြုပါဦး"

"ဟုတ်ကဲ့ပါဗျ"

"ဟေ့ကောင် အပြန်ကြငါ့ဖို့မုန့်ဝယ်ခဲ့နော်"

"အေးအေး ငါ့သား"
ကွန်းကရွှတ်နောက်နောက်နဲ့ပြန်ဖြေလေသည်။

"ဟုတ်အဖေ"
ရတုကလဲအတည်ပေါက်နဲ့ပြန်ဖြေသည်။သူခန့်တော့ဒီနှစ်ယောက်နဲ့တင်ရယ်နေရလေသည်။ကွန်းကရုပ်တည်ကြီးနဲ့လဲနောက်တတ်သားပဲ။

"ကွန်းကရုပ်တည်နဲ့လဲနောက်တတ်တာပဲနော် ဉာဏ်ကလဲကောင်းလိုက်တာလွန်ရောတစ်ခါပဲရောက်ဖူးလိုက်တာကိုမှတ်မိနေတယ်"

"ဟုတ်တယ်ဗျ အဲတာကြောင့်လဲကျောင်းမှာဆိုစာနဲ့ပတ်သတ်ရင်ပြိုင်ဖက်ကင်းလေ Uniမှာလဲuniအလျောက်ထူးချွန်တယ်။ရုပ်တည်နဲ့နောက်တတ်တာကတော့ဒီကောင်ရဲ့အကျင့်တစ်မျိူးပေါ့ဗျာ"

"ဪ တော်လိုက်တာနော်"

"ဟုတ်ပါ့ဗျာ"
_____________________________
"ကိုစိုး ကျွန်တော်ဒီဟာတွေကိုအကြမ်းဖျင်းပြပြီးဒီငါးပုံကိုတော့သေချာလေးလုပ်စေချင်တယ်ဗျ"

"အိုကေ စိတ်ချညီလေး အကိုကြီးကိုယုံထားလိုက်"

"ဟုတ်ကဲ့ပါဗျာ အားကိုးပါတယ်ကူပါဦး"

"ဟုတ်ပါပြီကွာ"

"ကျေးဇူးပါကိုစိုးရာ"

"ဒီလူနဲ့ဒီလူပဲငါ့ညီရာပြောစရာလိုသေးလို့လား"

"ဟီး ဟုတ်ကဲ့"
သွေးသစ်နဲ့ကိုစိုးတို့ပန်းချီအကြောင်းတိုင်ပင်နေကြခြင်းဖြစ်သည်။သွေးသစ်ပါတဲ့ပွဲတိုင်းကိုစိုးနဲ့မတိုင်ပင်ဖြစ်တဲ့ပွဲမရှိပေ။လိုအပ်တာတွေကိုသင်ပေးပြီအကူအညီလဲပေးသည်။တကယ်အားကိုးရတဲ့အကိုကြီးတစ်ယောက်ဖြစ်သည်။အိမ်ကကိုဇော်ခန့်နဲ့တော့မိုးနဲ့မြေလိုကွာသည်။ကိုဇော်ခန့်ကတော့သွေးသစ်ကိုမြင်တာနဲ့ဆူဖို့ခိုင်းဖို့လောက်သာသိသည်။တစ်ခါလေးမှနွေးထွေးမပေးပေ။ပြောပြန်လျင်လဲရန်ပဲသတ်နေရသည်။တစ်ခါတလေသိချင်မိသည်။ဘာလို့ဆွေမျိုးတွေကသူစိမ်းတွေထက်ပိုပြီးစိတ်ကားနေရသလဲဆိုတာကိုပေါ့။

"ပယင်း"

"ဗျ အယ်"

"ဓာတ်ပုံကိစ္စကပြီးပြီလား"

"ပြီးပါပြီဗျ ဒါနဲ့ကွန်းကဘယ်လိုရောက်လာတာလဲ"

"ကိုသူခန့်ကိုမေးပြီးလာတာ"

"ဪကိစ္စရှိလို့လားဗျ"

"မဟုတ်ပါဘူး ပြခန်းဆိုတော့ဒီတိုင်းကြည့်ချင်လာလို့"

"ဪ ဟုတ်ကဲ့ဗျ ကျွန်တော်လိုက်ပြပေးမယ်လေ"

"ကောင်းပါပြီဗျ"
ကွန်းနဲ့သွေးသစ်တို့ပြခန်းထဲကပုံတွေကြည့်နေကြသည်။

"ပုဂံအငွေ့သက်တွေ‌ကိုတစ်နေရာထဲမှာအပြည့်အဝခံစားလိုက်ရသလိုပဲ"

"ဟုတ်တယ်ဗျ အဲတာကြောင့်တစ်ချို့touristတွေကဒီနေရာကိုသဘောကျကြတယ်လေ"

"ဪ"
"ဒါနဲ့ သိချင်မိတာတစ်ခုရှိတယ်"

"ဟုတ်မေးပါဗျ"

"ခင်ဗျားနာမည်ရဲ့အဓိပ္ပာယ်ကိုရှင်းပြလို့ရမလား စိတ်ဝင်စားဖို့ကောင်းလို့ပါနာမည်က"

"ဪ ကျွန်တော့်နာမည်လား"

"ဟုတ်ကဲ့ဗျ"

"ကျွန်တော့်အဖေနဲ့အမေကအရင်ကကျောက်ပွဲစားတွေလေ နောက်တော့ကျွန်တော့်ကိုကိုယ်ဝန်လွယ်ထားရချိန်မှာအဖိုးတန်တဲ့ပယင်းကျောက်တစ်လုံးကိုရလိုက်တယ်ဗျလေလံဆွဲလိုက်တဲ့အချိန်မှာအဲ့ပယင်းကျောက်ကတော်တော်လေးရသွားတယ်ဗျ အဲ့မှာတင်ကျွန်တော်မွေးလာတော့အဲတာကိုတင်စားပြီးပေးထားတယ်လို့ပြောတယ်ဗျ အဲတာကြောင့်ကျွန်တော့်နာမည်ကပယင်းသွေးသစ်ဖြစ်လာတာပါ"

"ဪ စိတ်ဝင်စားဖို့ကောင်းသားပဲ"

"ဟုတ်တယ်ဗျ ကျွန်တော့်နာမည်ကြားတိုင်းလူတော်တော်များများထူးဆန်းကြတယ်"

"ဪ ဒါနဲ့ပယင်းကပုဂံဇာတိလားဗျ"

"မဟုတ်ဘူးဗျ ဇာတိကရန်ကုန်မှာပါ"

"ဪကျွန်တော်ကပုဂံဇာတိထင်နေတာဗျ"

"မဟုတ်ဘူးဗျ အရင်ကရန်ကုန်မှာနေတာအကြောင်းမျိုးမျိုးကြောင့်ဒီကိုရောက်လာတာ"

"ဪ ဟုတ်ကဲ့ပါ ကျွန်တော်တို့ပြန်ကြမလားဗျ နေမြင့်လာပြီဆိုတော့ပြန်ရင်ပူနေလိမ့်မယ်"ကွန်းကမေးလိုက်ခြင်းဖြစ်သည်။

"ဟုတ် ကောင်းသားပဲဗျ ဒါဆိုအတူတူပြန်ကြ‌ရအောင်လေ"

"ကောင်းပါပြီ"

Continue Reading

You'll Also Like

262K 19.7K 58
Archana have everything that a girl could wish for, studying in one of the top universities of India, she have everything a human ever need, loving p...
1.4M 109K 42
"Why the fuck you let him touch you!!!"he growled while punching the wall behind me 'I am so scared right now what if he hit me like my father did to...
262K 30K 76
#Book-2 of Hidden Marriage Series. 🔥❤️ This book is the continuation/sequel of the first book "Hidden Marriage - Amazing Husband." If you guys have...
252K 24.6K 61
Ryan and Aaruhi The story of two innocent hearts and their pious love. The story of one sided love. The story of heartbreak. The story of longing a...