အခန်း ၁၅၃
"ဝမ်ဖေး ဒီသခင်မမှာ ဝမ်ဖေးကို လျှို့ဝှက်ဆေးညွှန်း ပေးဖို့ရှိပါတယ်။ ဒါပေမဲ့ သခင်မဘာပဲလုပ်လုပ် နှစ်ကြိမ်တော့ ပြန်စဉ်းစားပါ"
"ဘာလဲ ဒီဝမ်ဖေးက တစ်ခုခု အမှားလုပ်လိုက်လို့ လုမိသားစုဆီကို ပြဿနာတွေ ရောက်လာမှာကို ကြောက်နေတာလား"
လုဝူရွှမ်းကလည်း ဒေါသပါသော လေသံမျိုးဖြင့် ပြောသည်။ သခင်မကြီးလုက သက်ပြင်းချကာ ခေါင်းငုံ့ထားပြီး ပြောလိုက်သည်။
"ဒီသခင်မက မိသားစုရဲ့ဂုဏ်သိက္ခာကျဆင်းမှာကို မကြောက်ပါဘူး။ ဒါပေမဲ့ ဝမ်ဖေးရဲ့အစ်ကိုဖြစ်သူ ကြိုးစားအားထုတ်မှုတွေ အားလုံးက ပျက်စီးသွားလိမ့်မယ်။ ဒါ့ကြောင့် သူ့ကို တစ်ခုခု ဖြစ်သွားစေလောက်မဲ့ ဆိုးရွားတဲ့ကိစ္စတွေထဲ မပါဝင်မပက်သတ်မိဖို့ပဲ မျှော်လင့်တယ်"
လုလင်ကျစ်အကြောင်း ထည့်ပြောလိုက်သည်နှင့် လုဝူရွှမ်း၏ အေးစက်သော ရေခဲအမူအရာက ပျော်ကျသွားသည်။
"တို့ကဘယ်လိုများ အစ်ကို့ကို ဒုက္ခပေးရမှာလဲ"
"ဝမ်ဖေး တို့တွေရဲ့ မိသားစုက မြို့တော်မှာ အခြေကျပြီး နောက်ခံတောင့်တင်းဖို့အတွက်နဲ့ သူက ဒဏ်ရာရနေတဲ့ အနေအထားနဲ့တောင် စစ်တိုက်ထွက်ခွင့် တောင်းဆိုခဲ့တယ်။ သူက ဒီလောက်ရင်းနှီးထားသမျှ စတေးထားသမျှက ဝမ်ဖေးရဲ့သတိလက်လွှတ်အပြုအမူကြောင့် ဆုံးရှုံးရတာ တန်လို့လား"
"အဘွား.. ဝမ်ဖေး သိပါတယ်။ ဒီအတိုင်း... ဧကရာဇ်က အခြားမိန်းမတစ်ယောက်ကို ထပ်ပြီးလက်ထပ်သွားမယ်လို့ ကြားလို့ စိတ်မကောင်းဖြစ်နေရုံပါပဲ။ ဒါကြောင့် အဲဒီမတိုင်ခင် ဆက်ခံသူတစ်ယောက် လိုချင်ခဲ့တာ"
လုဝူရွှမ်းက နှုတ်ခမ်းကို ကိုက်သည်။ သူမ၏ရင်ထဲတွင်လည်း အပ်ဖြင့် အထိုးခံရသလို နာကျင်လာရသည်။ မော့ရုန်ကျန်းဟာ ကိုယ်လုပ်တော်ရာထူးဖြင့် အခြားသော မိန်းမတစ်ယောက်ကို အနောက်ဆောင်ထဲ ဆွဲခေါ်လာမည်အား စိုးရိမ်နေလေသည်။
စာနာသော မျက်ဝန်းများဖြင့် သခင်မကြီးလုက လက်ကို ဆုပ်ကိုင်ထားသည်။
"ချစ်ရတဲ့ဝမ်ဖေး.. ဧကရာဇ်က တရားဝင်ဇနီးသုံးယောက်နဲ့ ကိုယ်လုပ်တော်လေးယောက် ထားဖို့ ကံကြမ္မာပါလာပြီးသား ဒါက ရှောင်လွှဲလို့ မရတဲ့ ဖြစ်ရပ်ပဲ။ ဝမ်ဖေးကသာ သူ့ရဲ့နှလုံးသားထဲမှာ ရှိနေသမျှ ကာလပတ်လုံး လုံလောက်ပါတယ်"
လုဝူရွှမ်းက အသက်ပြင်းပြင်း ရှုပြီးသည့်တိုင် အဘွားဖြစ်သူ၏ စကားလုံးများကို နားမဝင်သေးချေ။
ဒါပေမဲ့။ ငါ အဲဒီအနေအထားမျိုး ရောက်အောင် ဘယ်လိုလုပ်ရတော့မှာလဲ။ အခုက အရမ်း အလှမ်းကွာဝေးသွားပြီ မဟုတ်လား။
ဧကရာဇ်က သူမအပေါ် စိတ်ဝင်စားမှု ပျောက်သွားပြီ ဆိုသော ဖြစ်ရပ်ကို လက်သင့်မခံနိုင်သေးပေ။
အစပိုင်းတွင် သူမဟာ ဝမ်ဖေးယဲ့၏ လုပ်ဆောင်မှုများအားလုံးကို ခိုးယူနိုင်ခဲ့သည်။ ဒီတစ်ကြိမ်တွင်လည်း အောင်မြင်လောက်သည်။ ငါကပဲ ဧကရာဇ်ရဲ့နှလုံးသားကို ပိုင်ဆိုင်တဲ့ တစ်ဦးတည်းသောသူ ဖြစ်ရမည်။
သခင်မကြီးလုက လုဝူရွှမ်းထံ လာလည်ခြင်းက ယဲ့ကျန်းကို အဖော်ပြုရုံသက်သက် မဟုတ်လေဘဲ လုဝူရွှမ်းကို ကူညီပြီး သူမ၏ လက်မထပ်ရသေးသော မြေးမများအတွက် ကောင်းမွန်ပြည့်စုံသည့် ခင်ပွန်းလောင်းများကို ရှာဖွေပေးစေလိုခြင်း ဖြစ်သည်။ သို့သော် လုဝူရွှမ်း၏အမူအရာကို ကြည့်ပြီးကတည်းက တိတ်ဆိတ်နေရန်သာ ရွေးချယ်လိုက်တော့သည်။
"စကားမစပ် အဘွား.. တတိယညီမက လက်ထပ်ဖို့ ကမ်းလှမ်းလာတဲ့လူတွေနဲ့ ကြုံပြီးပြီလား"
လုဝူရွှမ်းက ဂရုမစိုက်သလိုဖြင့် ပြောသည်။
ဝမ်းကွဲဖြစ်သူ၏ အလှတရားကို မျက်မြင်တွေ့ကြုံပြီးကတည်းက ယဲ့ကျန်းကို အမြန်ဆုံး ဖယ်ရှားလိုစိတ်သာ ပြင်းထန်နေခဲ့သည်။
"မရှိသေးပါဘူး။ ဒါပေမဲ့ ယောင်ယောင်က ငယ်ရွယ်သေးပြီး အကယ်ဒမီကို ဝင်ရောက်ကာစဖြစ်နေတယ်။ ဒါကြောင့် အကယ်ဒမီက ဘွဲ့ရပြီး နှစ်နှစ်လောက်အထိ စောင့်ဆိုင်းလို့ ရပါသေးတယ်။ ဒါ့အပြင် ဖန်းအာနဲ့ ကျင်းအာတို့ကလည်း မိသားစုထဲမှာ လက်မထပ်ရသေးတဲ့ သမီးပျိုတွေ ဖြစ်နေသေးတော့ ယောင်ယောင့်ထက်အရင် လက်ဆက်ပေးရပါမယ်"
လုဝူရွှမ်းက ခေါင်းညိတ်သည်။
"ဒီဝမ်ဖေးကလည်း ညီမတွေအတွက် လက်ထပ်ပွဲတွေကို ကိုယ်တိုင်ကိုယ်ကျ စီစဉ်ပေးချင်ပါတယ်။ ဒါပေမဲ့ အကြီးဆုံးအစ်ကိုက ဒီဝမ်ဖေးရဲ့နန်းဆောင်က ဒီလိုကိစ္စတွေကို ဝင်ရောက်မစွက်ဖက်သင့်ဘူးလို့ ပြောထားလို့ သူ့မှာ ကိုယ်ပိုင်အကြံရှိမယ်ထင်မှတ်တာပဲ"
လုဝူရွှမ်းက အပြုံးဖြင့် ဆက်ပြောသည်။
"ဒီအတိုင်း ယောင်ယောင်က အရမ်းကြည့်ကောင်းနေတော့ ဘယ်လိုလူမျိုးက သူမနဲ့သင့်တော်မလဲဆိုတာကို သိချင်နေရုံပါပဲ"
သခင်မကြီးလုက လုဝူရွှမ်းကို တစ်ချက် ကြည့်လိုက်သည်။ သူမက သတိကြီးကြီးထားကာ စကားလုံးကို ရွေးချယ်ပြီး ပြောလိုက်သည်။
"ယောင်ယောင်က မျက်နှာလေးလှတယ်။ ကျန်တဲ့အရာတွေကတော့ နန်းတော်ထဲမှာ လက်ထပ်ဖို့တောင် မသင့်တော်မှာကို စိုးရိမ်မိပါတယ်။ ဘာပဲဖြစ်ဖြစ် သေးငယ်တဲ့မိသားစုနဲ့ အခြေကျသွားတာက ပိုကောင်းမှာပါ"
လုဝူရွှမ်း၏စကားအရ ဒီမြေးမက ဘာကို ကြံစည်နေကြောင်း နားလည်လေသည်။ ယဲ့ကျန်းက ဧကရာဇ်၏နှလုံးသားထဲကို ဝင်ရောက်နိုင်ပြီး သူမနှင့်ပြိုင်ဘက်ဖြစ်လာမည်ကို စိုးရိမ်နေဟန်ရသည်။
"ဒါပေမဲ့ လုမိသားစုရဲ့ မြင့်တက်လာတဲ့အဆင့်အတန်းနဲ့ဆိုရင် ဒီလိုက မဖြစ်နိုင်တော့ဘူး"
သခင်မကြီးလုက သက်ပြင်းချသည်။ မြင့်မားသော အဆင့်အတန်းသို့ ရောက်ရှိနေပြီး ခမ်းနားစွာ နေထိုင်ရနိုင်သည့်တိုင်အောင် မြေးဖြစ်သူက သဘောထားကျဉ်းမြောင်းပြီး မနာလိုစိတ် ကြီးနေသေးသည်။ သူမက မတ်တပ်ထကာ နှုတ်ဆက်တော့မည့် အချိန်တွင် အနီးကပ်ခစားသော အစေခံက ဝင်ရောက်လာပြီးပြောသည်။
"ဝမ်ဖေးကို သတင်းပို့ပါတယ်။ ဒေါ်လေးချန်း ရောက်လာပါတယ်"
ထိုအခါ လုဝူရွှမ်းက အံ့ဩသွားဟန်ရသည်။
"ကျေးဇူးပြုပြီး ဖိတ်ခေါ်လိုက်ပါ"
ဒေါ်လေးချန်းဆိုသည်မှာ မယ်တော်ကြီး၏ အနီးကပ်ခစားသော အပါးတော်မြဲဖြစ်ပြီး ငယ်ရွယ်စဉ်ကတည်းက အနီးကပ်ခစားခဲ့ခြင်း ဖြစ်သည်။ နန်းတော်အတွင်းရှိ လူတိုင်းကလည်း သူမ၏နောက်ခံကာ မြင့်မားထူးခြားကြောင်း နားလည်ထားသည့်အတွက် လုဝူရွှမ်းကပင် ရိုသေလေးစားရသည်။
အပြင်ဘက်မှ အသက်၄၀ခန့် အရွယ်ရှိသည့် အမျိုးသမီးတစ်ယောက်က ဝင်လာသည်။ သူမဟာ အသားဖြူဖွေးပြီး အနည်းငယ်ဝသည်။ မျက်နှာတွင် ကြင်နာသော အပြုံးရှိနေလေပြီး ပတ်ဝန်းကျင်ရှိ လူတိုင်းကို စိတ်ကို ငြိမ်းချမ်းစေလေသည်။
"ဝမ်ဖေးကို ဂါရဝပြုပါတယ်"
ဒေါ်လေးချန်းက လုဝူရွှမ်းကို မြင်သည်နှင့် ချက်ချင်းပင် ဂါရဝပြုလိုက်သည်။ လုဝူရွှမ်းကလည်း တစ်ချက် ခေါင်းညိတ်လိုက်ပြီး ဖော်ရွှေစွာ ပြုံးလိုက်သည်။
"ဒေါ်လေးချန်းက ဘယ်လိုဖြစ်လို့ ဒီနေရာကို ရောက်လာတာလဲ။ ဒေါ်လေးချန်း ဒီနန်းဆောင်ကို တစ်ခုခု ပြောချင်တာမျိုး ရှိရင် အစေခံတွေကို လွှတ်ပေးလိုက်လည်း ရပါတယ်။ မယ်တော်ကြီးက ဒီဝမ်ဖေးကို တစ်ခုခု ပြောချင်တာဆိုရင်လည်း ဒီဝမ်ဖေးက ကိုယ်တိုင်ကိုယ်ကျ လာတွေ့မှာပါ"
တစ်ဖက်လူက ခေါင်းညိတ်သည်။ သခင်မကြီးလု၏ တည်ရှိမှုကို သတိပြုမိသည်နှင့် တစ်ချက် ဂါရဝပြုလိုက်သည်။
"မယ်တော်ကြီးက သခင်မကြီးလု ဝမ်ဖေးကို လာရောက်တွေ့ဆုံတယ် သတင်းကြားထားလို့ သခင်မကြီးလုနဲ့လည်း မတွေ့ရတာ အတော်ကြာပြီမို့ စကားအနည်းငယ် ပြောချင်စိတ်ရှိလာတာပါ"
လုဝူရွှမ်း၏အပြုံးက ထိုသတင်းစကားကြောင့် ကျေနပ်သွားသည်။ မယ်တော်ကြီးက ရှားပါးစွာပင် လူတွေ့ခံခဲသည်။ ယခုအခါ သူမအဘွားကို ဖိတ်ခေါ်ခြင်းက သူမ၏ဂုဏ်ယူစရာဖြစ်သည်။
"ဒါ့အပြင် မယ်တော်ကြီးက တတိယသခင်မလေးလုကလည်း ဝမ်ဖေးကို အခစားရောက်လာတယ်လို့ ကြားထားလို့ တတိယသခင်မလေးလုကိုလည်း ဖိတ်ခေါ်လိုက်ပါတယ်။ တတိယသခင်မလေးလုက မင်းသားလေးကို ကယ်တင်ခဲ့တော့ မယ်တော်ကြီးက ကိုယ်တိုင်ကိုယ်ကျ တွေ့ချင်နေတာပါ"
Zawgyi
အခန္း ၁၅၃
"ဝမ္ေဖး ဒီသခင္မမွာ ဝမ္ေဖးကို လွ်ိဳ႕ဝွက္ေဆးၫႊန္း ေပးဖို႔ရွိပါတယ္။ ဒါေပမဲ့ သခင္မဘာပဲလုပ္လုပ္ ႏွစ္ႀကိမ္ေတာ့ ျပန္စဥ္းစားပါ"
"ဘာလဲ ဒီဝမ္ေဖးက တစ္ခုခု အမွားလုပ္လိုက္လို႔ လုမိသားစုဆီကို ျပႆနာေတြ ေရာက္လာမွာကို ေၾကာက္ေနတာလား"
လုဝူ႐ႊမ္းကလည္း ေဒါသပါေသာ ေလသံမ်ိဳးျဖင့္ ေျပာသည္။ သခင္မႀကီးလုက သက္ျပင္းခ်ကာ ေခါင္းငုံ႔ထားၿပီး ေျပာလိုက္သည္။
"ဒီသခင္မက မိသားစုရဲ႕ဂုဏ္သိကၡာက်ဆင္းမွာကို မေၾကာက္ပါဘူး။ ဒါေပမဲ့ ဝမ္ေဖးရဲ႕အစ္ကိုျဖစ္သူ ႀကိဳးစားအားထုတ္မႈေတြ အားလုံးက ပ်က္စီးသြားလိမ့္မယ္။ ဒါ့ေၾကာင့္ သူ႔ကို တစ္ခုခု ျဖစ္သြားေစေလာက္မဲ့ ဆိုး႐ြားတဲ့ကိစၥေတြထဲ မပါဝင္မပက္သတ္မိဖို႔ပဲ ေမွ်ာ္လင့္တယ္"
လုလင္က်စ္အေၾကာင္း ထည့္ေျပာလိုက္သည္ႏွင့္ လုဝူ႐ႊမ္း၏ ေအးစက္ေသာ ေရခဲအမူအရာက ေပ်ာ္က်သြားသည္။
"တို႔ကဘယ္လိုမ်ား အစ္ကို႔ကို ဒုကၡေပးရမွာလဲ"
"ဝမ္ေဖး တို႔ေတြရဲ႕ မိသားစုက ၿမိဳ႕ေတာ္မွာ အေျခက်ၿပီး ေနာက္ခံေတာင့္တင္းဖို႔အတြက္နဲ႔ သူက ဒဏ္ရာရေနတဲ့ အေနအထားနဲ႔ေတာင္ စစ္တိုက္ထြက္ခြင့္ ေတာင္းဆိုခဲ့တယ္။ သူက ဒီေလာက္ရင္းႏွီးထားသမွ် စေတးထားသမွ်က ဝမ္ေဖးရဲ႕သတိလက္လႊတ္အျပဳအမူေၾကာင့္ ဆုံးရႈံးရတာ တန္လို႔လား"
"အဘြား.. ဝမ္ေဖး သိပါတယ္။ ဒီအတိုင္း... ဧကရာဇ္က အျခားမိန္းမတစ္ေယာက္ကို ထပ္ၿပီးလက္ထပ္သြားမယ္လို႔ ၾကားလို႔ စိတ္မေကာင္းျဖစ္ေန႐ုံပါပဲ။ ဒါေၾကာင့္ အဲဒီမတိုင္ခင္ ဆက္ခံသူတစ္ေယာက္ လိုခ်င္ခဲ့တာ"
လုဝူ႐ႊမ္းက ႏႈတ္ခမ္းကို ကိုက္သည္။ သူမ၏ရင္ထဲတြင္လည္း အပ္ျဖင့္ အထိုးခံရသလို နာက်င္လာရသည္။ ေမာ့႐ုန္က်န္းဟာ ကိုယ္လုပ္ေတာ္ရာထူးျဖင့္ အျခားေသာ မိန္းမတစ္ေယာက္ကို အေနာက္ေဆာင္ထဲ ဆြဲေခၚလာမည္အား စိုးရိမ္ေနေလသည္။
စာနာေသာ မ်က္ဝန္းမ်ားျဖင့္ သခင္မႀကီးလုက လက္ကို ဆုပ္ကိုင္ထားသည္။
"ခ်စ္ရတဲ့ဝမ္ေဖး.. ဧကရာဇ္က တရားဝင္ဇနီးသုံးေယာက္နဲ႔ ကိုယ္လုပ္ေတာ္ေလးေယာက္ ထားဖို႔ ကံၾကမၼာပါလာၿပီးသား ဒါက ေရွာင္လႊဲလို႔ မရတဲ့ ျဖစ္ရပ္ပဲ။ ဝမ္ေဖးကသာ သူ႔ရဲ႕ႏွလုံးသားထဲမွာ ရွိေနသမွ် ကာလပတ္လုံး လုံေလာက္ပါတယ္"
လုဝူ႐ႊမ္းက အသက္ျပင္းျပင္း ရႈၿပီးသည့္တိုင္ အဘြားျဖစ္သူ၏ စကားလုံးမ်ားကို နားမဝင္ေသးေခ်။
ဒါေပမဲ့။ ငါ အဲဒီအေနအထားမ်ိဳး ေရာက္ေအာင္ ဘယ္လိုလုပ္ရေတာ့မွာလဲ။ အခုက အရမ္း အလွမ္းကြာေဝးသြားၿပီ မဟုတ္လား။
ဧကရာဇ္က သူမအေပၚ စိတ္ဝင္စားမႈ ေပ်ာက္သြားၿပီ ဆိုေသာ ျဖစ္ရပ္ကို လက္သင့္မခံႏိုင္ေသးေပ။
အစပိုင္းတြင္ သူမဟာ ဝမ္ေဖးယဲ့၏ လုပ္ေဆာင္မႈမ်ားအားလုံးကို ခိုးယူႏိုင္ခဲ့သည္။ ဒီတစ္ႀကိမ္တြင္လည္း ေအာင္ျမင္ေလာက္သည္။ ငါကပဲ ဧကရာဇ္ရဲ႕ႏွလုံးသားကို ပိုင္ဆိုင္တဲ့ တစ္ဦးတည္းေသာသူ ျဖစ္ရမည္။
သခင္မႀကီးလုက လုဝူ႐ႊမ္းထံ လာလည္ျခင္းက ယဲ့က်န္းကို အေဖာ္ျပဳ႐ုံသက္သက္ မဟုတ္ေလဘဲ လုဝူ႐ႊမ္းကို ကူညီၿပီး သူမ၏ လက္မထပ္ရေသးေသာ ေျမးမမ်ားအတြက္ ေကာင္းမြန္ျပည့္စုံသည့္ ခင္ပြန္းေလာင္းမ်ားကို ရွာေဖြေပးေစလိုျခင္း ျဖစ္သည္။ သို႔ေသာ္ လုဝူ႐ႊမ္း၏အမူအရာကို ၾကည့္ၿပီးကတည္းက တိတ္ဆိတ္ေနရန္သာ ေ႐ြးခ်ယ္လိုက္ေတာ့သည္။
"စကားမစပ္ အဘြား.. တတိယညီမက လက္ထပ္ဖို႔ ကမ္းလွမ္းလာတဲ့လူေတြနဲ႔ ႀကဳံၿပီးၿပီလား"
လုဝူ႐ႊမ္းက ဂ႐ုမစိုက္သလိုျဖင့္ ေျပာသည္။
ဝမ္းကြဲျဖစ္သူ၏ အလွတရားကို မ်က္ျမင္ေတြ႕ႀကဳံၿပီးကတည္းက ယဲ့က်န္းကို အျမန္ဆုံး ဖယ္ရွားလိုစိတ္သာ ျပင္းထန္ေနခဲ့သည္။
"မရွိေသးပါဘူး။ ဒါေပမဲ့ ေယာင္ေယာင္က ငယ္႐ြယ္ေသးၿပီး အကယ္ဒမီကို ဝင္ေရာက္ကာစျဖစ္ေနတယ္။ ဒါေၾကာင့္ အကယ္ဒမီက ဘြဲ႕ရၿပီး ႏွစ္ႏွစ္ေလာက္အထိ ေစာင့္ဆိုင္းလို႔ ရပါေသးတယ္။ ဒါ့အျပင္ ဖန္းအာနဲ႔ က်င္းအာတို႔ကလည္း မိသားစုထဲမွာ လက္မထပ္ရေသးတဲ့ သမီးပ်ိဳေတြ ျဖစ္ေနေသးေတာ့ ေယာင္ေယာင့္ထက္အရင္ လက္ဆက္ေပးရပါမယ္"
လုဝူ႐ႊမ္းက ေခါင္းညိတ္သည္။
"ဒီဝမ္ေဖးကလည္း ညီမေတြအတြက္ လက္ထပ္ပြဲေတြကို ကိုယ္တိုင္ကိုယ္က် စီစဥ္ေပးခ်င္ပါတယ္။ ဒါေပမဲ့ အႀကီးဆုံးအစ္ကိုက ဒီဝမ္ေဖးရဲ႕နန္းေဆာင္က ဒီလိုကိစၥေတြကို ဝင္ေရာက္မစြက္ဖက္သင့္ဘူးလို႔ ေျပာထားလို႔ သူ႔မွာ ကိုယ္ပိုင္အႀကံရွိမယ္ထင္မွတ္တာပဲ"
လုဝူ႐ႊမ္းက အၿပဳံးျဖင့္ ဆက္ေျပာသည္။
"ဒီအတိုင္း ေယာင္ေယာင္က အရမ္းၾကည့္ေကာင္းေနေတာ့ ဘယ္လိုလူမ်ိဳးက သူမနဲ႔သင့္ေတာ္မလဲဆိုတာကို သိခ်င္ေန႐ုံပါပဲ"
သခင္မႀကီးလုက လုဝူ႐ႊမ္းကို တစ္ခ်က္ ၾကည့္လိုက္သည္။ သူမက သတိႀကီးႀကီးထားကာ စကားလုံးကို ေ႐ြးခ်ယ္ၿပီး ေျပာလိုက္သည္။
"ေယာင္ေယာင္က မ်က္ႏွာေလးလွတယ္။ က်န္တဲ့အရာေတြကေတာ့ နန္းေတာ္ထဲမွာ လက္ထပ္ဖို႔ေတာင္ မသင့္ေတာ္မွာကို စိုးရိမ္မိပါတယ္။ ဘာပဲျဖစ္ျဖစ္ ေသးငယ္တဲ့မိသားစုနဲ႔ အေျခက်သြားတာက ပိုေကာင္းမွာပါ"
လုဝူ႐ႊမ္း၏စကားအရ ဒီေျမးမက ဘာကို ႀကံစည္ေနေၾကာင္း နားလည္ေလသည္။ ယဲ့က်န္းက ဧကရာဇ္၏ႏွလုံးသားထဲကို ဝင္ေရာက္ႏိုင္ၿပီး သူမႏွင့္ၿပိဳင္ဘက္ျဖစ္လာမည္ကို စိုးရိမ္ေနဟန္ရသည္။
"ဒါေပမဲ့ လုမိသားစုရဲ႕ ျမင့္တက္လာတဲ့အဆင့္အတန္းနဲ႔ဆိုရင္ ဒီလိုက မျဖစ္ႏိုင္ေတာ့ဘူး"
သခင္မႀကီးလုက သက္ျပင္းခ်သည္။ ျမင့္မားေသာ အဆင့္အတန္းသို႔ ေရာက္ရွိေနၿပီး ခမ္းနားစြာ ေနထိုင္ရႏိုင္သည့္တိုင္ေအာင္ ေျမးျဖစ္သူက သေဘာထားက်ဥ္းေျမာင္းၿပီး မနာလိုစိတ္ ႀကီးေနေသးသည္။ သူမက မတ္တပ္ထကာ ႏႈတ္ဆက္ေတာ့မည့္ အခ်ိန္တြင္ အနီးကပ္ခစားေသာ အေစခံက ဝင္ေရာက္လာၿပီးေျပာသည္။
"ဝမ္ေဖးကို သတင္းပို႔ပါတယ္။ ေဒၚေလးခ်န္း ေရာက္လာပါတယ္"
ထိုအခါ လုဝူ႐ႊမ္းက အံ့ဩသြားဟန္ရသည္။
"ေက်းဇူးျပဳၿပီး ဖိတ္ေခၚလိုက္ပါ"
ေဒၚေလးခ်န္းဆိုသည္မွာ မယ္ေတာ္ႀကီး၏ အနီးကပ္ခစားေသာ အပါးေတာ္ၿမဲျဖစ္ၿပီး ငယ္႐ြယ္စဥ္ကတည္းက အနီးကပ္ခစားခဲ့ျခင္း ျဖစ္သည္။ နန္းေတာ္အတြင္းရွိ လူတိုင္းကလည္း သူမ၏ေနာက္ခံကာ ျမင့္မားထူးျခားေၾကာင္း နားလည္ထားသည့္အတြက္ လုဝူ႐ႊမ္းကပင္ ႐ိုေသေလးစားရသည္။
အျပင္ဘက္မွ အသက္၄၀ခန႔္ အ႐ြယ္ရွိသည့္ အမ်ိဳးသမီးတစ္ေယာက္က ဝင္လာသည္။ သူမဟာ အသားျဖဴေဖြးၿပီး အနည္းငယ္ဝသည္။ မ်က္ႏွာတြင္ ၾကင္နာေသာ အၿပဳံးရွိေနေလၿပီး ပတ္ဝန္းက်င္ရွိ လူတိုင္းကို စိတ္ကို ၿငိမ္းခ်မ္းေစေလသည္။
"ဝမ္ေဖးကို ဂါရဝျပဳပါတယ္"
ေဒၚေလးခ်န္းက လုဝူ႐ႊမ္းကို ျမင္သည္ႏွင့္ ခ်က္ခ်င္းပင္ ဂါရဝျပဳလိုက္သည္။ လုဝူ႐ႊမ္းကလည္း တစ္ခ်က္ ေခါင္းညိတ္လိုက္ၿပီး ေဖာ္ေ႐ႊစြာ ၿပဳံးလိုက္သည္။
"ေဒၚေလးခ်န္းက ဘယ္လိုျဖစ္လို႔ ဒီေနရာကို ေရာက္လာတာလဲ။ ေဒၚေလးခ်န္း ဒီနန္းေဆာင္ကို တစ္ခုခု ေျပာခ်င္တာမ်ိဳး ရွိရင္ အေစခံေတြကို လႊတ္ေပးလိုက္လည္း ရပါတယ္။ မယ္ေတာ္ႀကီးက ဒီဝမ္ေဖးကို တစ္ခုခု ေျပာခ်င္တာဆိုရင္လည္း ဒီဝမ္ေဖးက ကိုယ္တိုင္ကိုယ္က် လာေတြ႕မွာပါ"
တစ္ဖက္လူက ေခါင္းညိတ္သည္။ သခင္မႀကီးလု၏ တည္ရွိမႈကို သတိျပဳမိသည္ႏွင့္ တစ္ခ်က္ ဂါရဝျပဳလိုက္သည္။
"မယ္ေတာ္ႀကီးက သခင္မႀကီးလု ဝမ္ေဖးကို လာေရာက္ေတြ႕ဆုံတယ္ သတင္းၾကားထားလို႔ သခင္မႀကီးလုနဲ႔လည္း မေတြ႕ရတာ အေတာ္ၾကာၿပီမို႔ စကားအနည္းငယ္ ေျပာခ်င္စိတ္ရွိလာတာပါ"
လုဝူ႐ႊမ္း၏အၿပဳံးက ထိုသတင္းစကားေၾကာင့္ ေက်နပ္သြားသည္။ မယ္ေတာ္ႀကီးက ရွားပါးစြာပင္ လူေတြ႕ခံခဲသည္။ ယခုအခါ သူမအဘြားကို ဖိတ္ေခၚျခင္းက သူမ၏ဂုဏ္ယူစရာျဖစ္သည္။
"ဒါ့အျပင္ မယ္ေတာ္ႀကီးက တတိယသခင္မေလးလုကလည္း ဝမ္ေဖးကို အခစားေရာက္လာတယ္လို႔ ၾကားထားလို႔ တတိယသခင္မေလးလုကိုလည္း ဖိတ္ေခၚလိုက္ပါတယ္။ တတိယသခင္မေလးလုက မင္းသားေလးကို ကယ္တင္ခဲ့ေတာ့ မယ္ေတာ္ႀကီးက ကိုယ္တိုင္ကိုယ္က် ေတြ႕ခ်င္ေနတာပါ"