In Love With An Old Mafia(Com...

By seinyadanawin

155K 9.6K 1.3K

****** Start Date-Mar.31.2023 End Date-Nov.17.2023 ***** More

Intro
Part-1
Part-2
Part-3
part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-10+11
Part-12
Part-13
Part-14
Part-15
Part-16
Part-17
Part-18
Part-19
Part-20
Part-21
Part-22
Part-23
Part-24
Part-26
Part-27
Part-28
Part-29
Part-30
Part-31+32
Part-33
Part-34
Part-35
Part-36
Part-37
Part-38
The End
Characters' Art
New Fiction Promote

Part-25

3.2K 204 13
By seinyadanawin

လေယာဥ်ကွင်း၌ လူများစွာက ဖြတ်သန်းသွားလာနေကြသည်။
ခုံတန်းရှည်ပေါ်၌ ထိုင်နေရင်း နာရီကိုကြည့်မိတော့ လေယာဥ်ပေါ်တက်ရဖို့ အချိန်သိပ်မလိုတော့။

စိုင်း နံဘေးသို့ငဲ့ကြည့်မိတော့
သူ၏လက်မောင်းအား ဖက်ထားလျက်နှင့် ပုခုံးပေါ်သို့ခေါင်းအားတင်ကာ ပွတ်သီးပွတ်သပ်နှင့် လာရောက်ချွဲနေသော ကောင်လေး။

"ဘယ်လောက်တောင်ကြာမှာလဲ"

နှာသံကလေးဖြင့် ခပ်အပ်အပ်ကလေးမေးလာသော ဒီသက်ပိုင်မှာ
ဂျီကျနေသောကလေးတစ်ယောက်နှယ်။

"ခဏလေးပါ နှစ်ပတ်လောက်တည်းဟာ"

"ဒါပေမဲ့ ကျွန်တော်တို့က မနေ့ကမှချစ်သူ စဖြစ်ထားတာလေ"

ငြူစူစူပြန်လည်ဖြေဆိုလာတော့ ပြန်ဖြေဖို့စကားပင်ပျောက်သွားရသည်။
ဟုတ်လည်းဟုတ်ပါသည်
မနေ့ကပင် ချစ်သူဖြစ်ထားသော်လည်းပဲ ယနေ့ကျ အသစ်ချွတ်ချွတ်ချစ်သူကောင်လေးကိုထားပြီး ခရီးသွားဦးမည်တဲ့။

အစတုန်းက အပြီးပြောင်းရွှေ့သွားရန်စီစဥ်ထားသော်လည်း ကိစ္စများစွာဖြစ်သွားပြီနောက်ပိုင်း အစီအစဥ်များဟာလည်းပြောင်းသွားကာ
အတည်တကျရွေ့ပြောင်းခြင်းမှာ ခရီးတိုတစ်ခုအသွင်သို့ နေ့ချင်းညချင်းကူးပြောင်းသွားရလေသည်။

သက်ပိုင်က သူပါလိုက်ခဲ့ချင်သည်ပြောသော်လည်း စိတ်အခြေအနေအရ သူ့အတွက်အချိန်လိုအပ်နေသေးသည်မို့
မလိုက်ခဲ့ရန်ပြောလိုက်သဖြင့် မကျေနပ်ခြင်းဖြစ်ပါလိမ့်မည်။

"ဘာပဲဖြစ်ဖြစ် ငါမင်းကိုမနက်နိုးရင်လည်းဖုန်းဆက်မှာပဲ နေ့လည်ထမင်းစားချိန်လည်းဖုန်းဆက်မှာပဲ ညအိပ်ရင်လည်းမင်းနဲ့ဖုန်းပြောပြီးမှ
အိပ်မှာ....။ အဆက်အသွယ်ကအမြဲလုပ်နေမှာလေ ပေါက်စရ"

"ပြီးတော့ လေးလေးငယ်အတွက်က အချိန်လိုသေးတယ်လေ"

ထိုသို့ပြောလိုက်တော့ သက်ပိုင်၏လက်များက စိုင်း၏လက်များသို့လာရောက်ဆုပ်ကိုင်သည်။
ထို့နောက် အသံတိုးတိုးလေးဖြင့်...

"ကျွန်တော်စောင့်နိုင်ပါတယ်"

ကျွန်တော်က လေးလေးငယ်ကိုအမြဲစောင့်နေခဲ့တာပဲလေ...။

သက်ပိုင် ထိုကဲ့သို့တွေးမိတော့ ဘာကြောင့်ရယ်မသိ အနည်းငယ်တော့ဝမ်းနည်းမိသည်။
တစ်ခါတစ်လေ စောင့်ရသည့်အလုပ်မှာပင်ပန်းသည်...
မျှော်လင့်ချက်ပေါင်းများစွာနဲ့ ဘယ်အချိန်ပြန်ရောက်လာမလဲ မသိတဲ့သူကို...။

သူလေးလေးငယ်၏အနီး၌သာနေချင်ပါ၏။ ငယ်စဥ်ကတည်းက ဝေးခဲ့ရသူမို့ နီးစပ်ခွင့်ရချိန်မှာ ထိုသူအနား၌သာကော်ကဲ့သို့ ကပ်နေချင်သည့် စိတ်တစ်ခုသာကြီးစိုးနေလေသည်။
ဒါဟာသက်ပိုင်၏အတ္တငယ်လေးတစ်ခုသာလျှင်ဖြစ်ပေသည်။

သက်ပိုင် အတွေးနယ်ချဲ့နေမိခိုက် လေးလေးငယ်က ရုတ်တရက် သူ၏ရှေ့၌ ဒူးထောက်ကာ ထိုင်ချလိုက်သောကြောင့် အနည်းငယ်ကြောင်သွားမိသည်။

လေးလေးငယ်က သူ့ကိုမော့ကြည့်ရင်း သူ၏လက်နှစ်ဖက်ကို ခပ်သာသာလေးဆုပ်ကိုင်လာသည်။ထို့နောက် ခပ်ဖွဖွအနမ်းကလေးတစ်ခုနှင့် သက်ပိုင်၏လက်ကလေးများကို အချိုသိပ်ပြန်၏။

"အခုက ဝေးတယ်ဆိုတာ ခဏလေးပါ....တစ်ခုလိုချင်ရင်တစ်ခုကအမြဲပေးရမယ်လေ အသက်ရဲ့။
နောင်အခါကျ နီးဖို့ ခဏတာဝေးတဲ့သဘောပေါ့။
ပြီးတော့ ဒါက အတည်တကျပြောင်းသွားတာမဟုတ်ပဲ ခရီးထွက်တာမျိုးလေ ဟုတ်တယ်မလား လေးလေးငယ်ပြောတာ"

"လေးလေးငယ်က ဒီတစ်ခေါက်တော့မင်းကိုအကြာကြီးမစောင့်ခိုင်းဘူးလို့ကတိပေးပါတယ်......လေးလေးငယ်
ကိုယုံပေးပါ"

ခပ်အေးအေး အသံက ချိုသာသောစကားလုံးများကိုဆိုခိုက် နှလုံးသားထဲရှိအကြောက်တရားတို့ဟာအနည်းငယ်အနည်ထိုင်သွားရသည်။

"ဒါဆို လေးလေးငယ်က ကျွန်တော့်ကိုလက်ထပ်မှာလား"

သက်ပိုင် ၏မေးခွန်းကြောင့် လေးလေးငယ်က အနည်းငယ်ကြောင်သွားသော်လည်း ခေတ္တအကြာမှာတော့ ရယ်သံလွင်လွင်လေးက နားဝင်ချိုစွာထွက်ပေါ်လာသည်။

ထို့နောက် သက်ပိုင်၏ပါးပြင်အား လက်ဖြင့် ခပ်သာသာထိရင်း
နူးညံစွာပြုံးကာ အချစ်ရည်ရွှန်းနေသောမျက်ဝန်းများဖြင့် ကြည့်လာသည်။

"ပြန်တွေ့တဲ့အချိန်ကျရင်အဲ့မေးခွန်းကိုပြန်မေးဖို့ မမေ့နဲ့နော် ကောင်​လေး"

"............"

သက်ပိုင်၏ နှုတ်ဆိတ်နေမှုဟာ လေးလေးငယ်အတွက်တော့ သေချာတာထက်ပင်ပိုသော အဖြေတစ်ခုဖြစ်နေခဲ့ပါ၏။

****

ကောင်းကင်ယံထက်သို့ တဖြည်းဖြည်းပျံတက်သွားသော လေယာဥ်အားကြည့်ရင်း သက်ပိုင် သက်ပြင်းခပ်ဖွဖွချမိသည်။

ထို့နောက် သူ၏ လက်အား အပေါ်သို့ဆန့်တန်း၍ နေရောင်အားကာသည့် ပုံစံလုပ်ကာ လက်ချောင်းကလေးများအားကြည့်လိုက်၏။

မကြာခင် ပစ္စည်းတစ်ခုက လက်ပေါ်ကိုရောက်လာတော့မယ်ထင်ပါရဲ့။

"စိန်ပွင့်လေးဆိုရင် လေးလေးငယ်နဲ့လိုက်လောက်မလား"

သက်ပိုင်ထိုကဲ့သို့ ခပ်တိုးတိုးလေးရည်ရွက်လိုက်မိပါ၏။

****

နောက်တစ်နေ့ မနက်ခင်းအချိန်၌~

နေရောင်ခြည်က သက်ပိုင်၏မျက်နှာထက်သို့ လာရောက်၍ စိုက်ခိုက်
နေရောင်၏စူးရှမှုကြောင့် မျက်ခုံးတို့ဟာတွန့်ချိုးသွားလျက်
သက်ပိုင်တစ်ယောက် ယင်းနေရောင်ရှိသည့်ဘက်ကိုကျောပေး၍ တဖက်သို့လှည့်ကာအိပ်လိုက်သည်။

အိမ်မက်ကမ္ဘာထဲသို့ ပြန်လည်ရောက်ရှိတော့မည်အခိုက် ကျယ်လောင်လှသည့် ဖုန်းRingtoneသံက နားထဲသို့စူးကနဲဝင်ရောက်လာ၏။

သို့ပေမဲ့ ဤRingtoneမှာ လေးလေးငယ်တစ်ဦးတည်းသောအတွက်ထားထားသည်မို့ ဖုန်းဆက်သူမှာလေးလေးငယ်ဖြစ်ရာ ငြူစူခြင်းအလျင်းမရှိ အိပ်ရာပေါ်သို့ထ ထိုင်လိုက်၍ ဖုန်းအားချက်ချင်းကိုင်လိုက်သည်။

ထိုအခါ ချက်ချင်းပင် တဖက်မှ လေးလေးငယ်၏ရုပ်ပုံက ဖုန်းscreenပေါ်၌ပေါ်လို့လာ၏။

ဒီနေ့လည်း သူ၏လေးလေးငယ်ဟာချောမြဲချောဆဲ
သူဆိုသည့်သက်ပိုင်ကလည်း လေးလေးငယ်ကိုချစ်မြဲချစ်ဆဲ။

"ဟီး မောနင်း လေးလေးငယ်"

သက်ပိုင် အိပ်ချင်မူးတူးနှင့် ဆိုလိုက်တော့ လေးလေးငယ်က ရယ်သံတစ်ချက်ပေးသည်။
ထို့နောက်​ပြန်၍ပြောသည်က

"အိပ်ပုတ်ကောင်"

"အဲ့တာ လေးလေးငယ်ကြောင့်"

"ဆိုင်လည်းမဆိုင်ပဲ"

"ဆိုင်တာပေါ့ မနေ့ညက လေးလေးငယ်ကိုလွမ်းနေလို့ အိပ်မပျော်ဘူးလေ။အဲ့တော့ အိပ်ရာထနောက်ကျပြီပေါ့"

သက်ပိုင်၏ စကားကြောင့် စိုင်းမှာဖြေကြားရန်စကားပင်ပျောက်ရှသွားရသည်။

"စောက်စကားကတော့ တတ်သလားမမေးနဲ့ မင်းက"

"စောက်စကားမဟုတ်ဘူး အဲ့တာအချစ်စကား"

သူ၏ အသည်းအသက်ကို သူတကယ်ပင်မနိုင်ပါချေ။

"လေးလေးငယ်"

"အင်း"

"ချစ်တယ်"

"ငါရောပဲ...
မင်းကိုချစ်တယ် အသက်"

ထိုအခါ သူ၏ အတတ်ကလေးက ချစ်စရာကောင်းစွာပြုံးပြလာ၏။
26နှစ်အရွယ် ယောက်ျားလေးတစ်ယောက်က ဘယ်ကြောင့်များဒီလောက်ထိချစ်ဖို့ကောင်းရပါသလဲ။

"လေးလေးငယ်ပြန်ရောက်တဲ့အချိန်ကျရင် ကျွန်တော်က မနက်တိုင်း လေးလေးငယ်ရဲ့မျက်နှာလေးကိုကြည့်ပြီးအိပ်ရာထမှာ"

"ဘယ်သူကမင်းနဲ့အိပ်မယ်ပြောလို့တုန်း"

"အိပ်ရမှာလေ ကျွန်တော်ကကြောက်တတ်တယ်ရယ်. တစ်ယောက်တည်းမအိပ်ရဲလို့ လေးလေးငယ်ကလာအိပ်ပေးရမှာ..ကျွန်တော်နဲ့လေ"

"အရင်ကလည်းမင်းတစ်ယောက်တည်းအိပ်တာပဲလေ"

"ဟုတ်တယ်လေ... စဥ်းစားကြည့်မှ..
လေးလေးငယ်ရဲ့အသက်လေး ဘယ်လောက်တောင်သနားစရာကောင်းလိုက်သလဲ ....
ကြောက်နေတာတောင်မှတစ်ယောက်တည်းအိပ်ခဲ့ရတာရယ်"

သနားသမားရုပ်ကလေးနှင့် ပြောလာသော သက်ပိုင်မှာမသိရင် တကယ့်ကိုနစ်နာသူတစ်ယောက်ကဲ့သို့ပင်။

"ဘာပဲ ဖြစ်ဖြစ်အခုမအိပ်ချင်ရင်တောင် နောက်အိပ်ရမှာပဲဟာ...
ဘာလို့လဲဆိုရင် ကျွန်တော်က လေးလေးငယ်ကိုလက်ထပ်မှာလေ...
အဲ့အချိန်ကျရင် လေးလေးငယ်က ကျွန်တော့်ရဲ့ဇနီးလေးဖြစ်လာမှာ"

သူ၏စကားကြောင့် လေးလေးငယ်မှာရှက်သွားသည်ထင်သည်။
လေးလေးငယ်၏ နားရွက်ဖျားလေးများရဲသွားသည်ကိုဖုန်းထဲကနေတဆင့်မြင်တွေ့နေရသည်ကိုး။

ထို့နောက် ရှက်ရှက်နှင့် သူ့အားဖုန်းမှတဆင့်အော်ဟစ်လာတော့သည်။

"မင်းဘိုးအေကိုပဲ ဇနီးလေးလို့သွားခေါ်နေလိုက်!"

"ဘိုးအေကိုတော့မခေါ်ချင်ပါဘူး လေးလေးငယ်ကိုပဲခေါ်ချင်တာ"

"စောက်အရည်မရ အဖတ်မရတွေပြောနေမယ်ဆိုရင်လည်းချလိုက်တော့၊
သောက်ကလေး ဒါမျိုးကျ သင်စရာမလိုအောင်တတ်တယ်"

"ဒီထက်တောင်တတ်သေးတယ်ရယ်၊
လေးလေးငယ် သိချင်လား"

ဒီတစ်ခေါက်တွင်တော့ လေးလေးငယ်လည်း သက်ပိုင်ကိုအတည်မနိုင်တော့သည်ထင်ပါ၏
ဖုန်းအားတီကနဲ ချသွားတော့လေသည်။

သက်ပိုင် ရှက်သွားသောလေးလေးငယ်၏ပုံစံလေးအား တွေးမိတော့ ဤမနက်ခင်းလေးဟာလည်း တကယ့်ကိုအဓိပ္ပါယ်ရှိကြောင်း သူ့ကိုယ်သူပြောလိုက်မိပါသေး၏။

ဒီလိုနှင့်ပဲ လှပတဲ့ချစ်ခြင်းလေးဟာအစပျိုးခဲ့ပါတော့သည်။

******

ညအခါ၌~

လသာဆောင်ထံမှ ဂီတာသံလွင်လွင်ဟာ အခန်းအတွင်းသို့ပျံ့လွင့်လာ၏။
ဂီတာတီးနေသူမှာ အခြားမဟုတ်
သက်ပိုင်ပင်ဖြစ်သည်။

အကြောင်းအရင်းဟာတော့ သူ၏လေးလေးငယ်အား ဂီတာတီးပြနေခြင်း။

"လ ရောင်ထဲ ကိုယ်လမ်းလျှောက်ချင်တယ်🎼

ဘယ်ကိုရောက် နေလဲ မစဉ်းစားဘူးကွယ်
အိုး… အချစ်ရယ်
သွားကြစို့ လာ နှစ်ယောက်တည်း
သီချင်းလေး ညည်းမယ်
တွေးကြည့် ကိုယ် သိပ်ပျော်မှာပဲ...🎼

ချစ်သူရဲ့ အရိပ်ကလေး ဖြစ်ချင်တယ်🎼

ဒီလိုချစ်နေတာ တို့ မှားသွားလားကွယ်
အိုး… ခက်တယ်
တို့နှစ်ယောက်အချစ်ကို
ဘာကြောင့် ခွဲရက်ကြတယ်🎼
အခုတော့ ကိုယ် သိပ်ငိုချင်တယ်...🎼

ကြင်နာသူလေး အခုလောက်ဆို လွမ်းလို့နေမယ်🎼"

ထူးအိမ်သင်း၏ "ဆွေးတယ်"သီချင်းလေးက သက်ပိုင်၏ အသံချိုချိုလေးနှင့်ပေါင်းစပ်၍ လသာဆောင်ထက်၌ နားဝင်ချိုစွာထွက်ပေါ်နေသည်။

ဂီတာကြိုးများထက်ရှိ ပြေးလွှားဆော့ကစားနေကြသော
လက်ချောင်းရှည်ရှည်တို့ဟာ ဝတ္ထုပေါင်းများစွာကိုဖန်တီးခဲ့တာတဲ့လေ။

စိုင်း ဖုန်း screenထက်မှ ဂီတာတီးနေသော
ကောင်လေးငယ်အားကြည့်ရင်း ကြည်နူးမှုတို့ဟာ နှလုံးသားထဲ၌ အတိုင်းသား။

ဒီလိုလေးဆိုတော့လည်း ချစ်သူထားရတာဟာပျော်စရာတော့ကောင်းသားရယ်။ မနက်ခင်းမျက်လုံးဖွင့်လိုက်တာကအစ အတွေးလေးတစ်စ တွေးလိုက်မိသည်အထိအဆုံး အရာရာ ကြည်နူးမှုများဟာ အလျှံအပယ်။

သီချင်းပြီးသွားတော့ ဂီတာသံလေးနှင့်အတူ သက်ပိုင်၏အသံချိုချိုလေးဟာလည်းတိတ်ဆိတ်သွား၍
ပုံမှန်ခပ်သြသြ
စကားသံလေးများက ထွက်ပေါ်လို့လာသည်။

"ဘယ်လိုတုန်း ကျွန်တော်သီချင်းဆိုတာကောင်းရဲ့လား"

"အင်း ကောင်းတယ်"

"ကြိုက်လား"

"ကြိုက်တယ်"

"ဒါဆို ကျွန်တော့်ကိုမြန်မြန်လက်မထပ်ချင်ဘူးလား"

ပြုံးတုံ့တုံ့နှင့်မေးလာသည့်မေးခွန်းက
မဆီမဆိုင်စွာ။
စိုင်း မျက်ခုံးအနည်းငယ်ပင့်လိုက်တော့ အနှီပေါက်စက ပြုံးကာဖြင့်

"လေးလေးငယ်သာ ကျွန်တော့်ကိုလက်ထပ်မယ်ဆိုရင်
ကျွန်တော်ကညတိုင်းလေးလေးငယ်ကို ဂီတာတီးပြမှာရယ်...
စဥ်းစားကြည့်လေ..
အဲ့လိုဆိုရင် ယောက်ျားတစ်ယောက်လည်းရသလို ဂီတာတီးပြီးသီချင်းဆိုပြတာကိုလည်းနားထောင်ရသေးတယ်။
အဲ့တာမကောင်းဘူးလား"

"ဟက်!"

"အမြတ်တောင်ရသေးတယ်...ကျွန်တော်ပြောတာဟုတ်တယ်ဟုတ်?
ပြီးတော့ လေးလေးငယ်ရမဲ့ယောက်ျားက လေးလေးငယ်ကိုအရမ်းချစ်တာလေ...အရှုံးဆိုတာမရှိပါဘူး"

"အရှုံးမရှိရင်တော့ စိတ်ဝင်စားပါတယ်...စီးပွားရေးသမားဆိုတော့အမြတ်ကြည့်ရမယ်လေ"

ဒီရင်းနှီးမြုပ်နှံဖို့ ကမ်းလှမ်းချက်က အတော့်ကိုစိတ်ဝင်စားစရာကောင်းသည်ဆိုတာတော့ငြင်း၍မရ။

"ကျွန်တော့်ကိုသာလက်ထပ်ရင် အကုန်အမြတ်တွေကြီးပဲ"

စိတ်အားထက်သန်စွာပြောလာသည့် ကောင်လေးငယ်ဟာ ယုံကြည်မှုအပြည့်နှင့်။

"တကယ်လို့ ရှုံးသွားရင်ကော?"

"ရှုံးမရှုံးသိချင်ရင် လက်ထပ်ကြည့်လိုက်လေ လေးလေးငယ်ရဲ့ ဘာခက်လို့"

"အဆွယ်ကောင်းမှ ငါကရင်းနှီးမြုပ်နှံရဲမှာပေါ့...မင်းငါ့ကိုလိမ်သွားရင်ဘယ်လိုလုပ်မလဲ"

"အဲ့ဒီရင်းနှီးမြုပ်နှံမှုက လေးလေးငယ်တစ်ယောက်တည်းပဲ အခွင့်အရေးပေးတာနော် သူများဆို မြုပ်နှံချင်ရင်တောင်မရဘူး"

"ဂုဏ်ယူသင့်လား"

စိုင်း ကော်ဖီတစ်ငုံသောက်လိုက်ရင်း ခပ်နောက်နောက်ပြောလိုက်တော့ သက်ပိုင်က လေးလေးနက်နက်ကြည့်လာသည်။

"နှလုံးသားကို ရင်းနှီးမြုပ်နှံတာက ခက်မယ်ဆိုတာသိပေမဲ့ ကျွန်တော့်ကိုယုံပါ​လေးလေးငယ်ရာ.....
လေးလေးငယ်ရဲ့နှလုံးသားကိုမမြုပ်နှံခင်ကတည်းက ကျွန်တော်က အရင်မြုပ်နှံခဲ့တာမို့
တကယ်လို့ ဒီမြုပ်နှံမှုက ရှုံးသွားခဲ့ရင်တောင် အရင်ရပ်မဲ့နှလုံးက ကျွန်တော့်နှလုံးပါ"

စိုင်း သက်ပိုင်၏စကားကြောင့် ပြုံးလိုက်မိသည်။

"တကယ်လို့ ငါမင်းကိုလက်မထပ်ရင်
မင်းက ငါ့ကိုဂီတာမတီးပြတော့ဘူးပေါ့?"

"မပိုင်ဆိုင်ရတာနဲ့ပဲ မချစ်တော့ဘူးလို့ မဆိုလိုဘူးလေ"

သက်ပိုင်က သိပ်အဖြေတော်တာကိုတော့ စိုင်းလက်ခံလိုက်ရပါသည်။

"အသက်"

"ဗျာ့"

"ချစ်တယ်"

"ကျွန်တော်က ပိုချစ်တယ်"

"Good Night အသက်"

"Good Night လေးလေးငယ်....
ကျွန်တော့်ကို အိမ်မက်ထဲ ထည့်မက်ဖို့မမေ့နဲ့နော်"

"မင်းက ငါ့အိမ်မက်ထဲအမြဲပါ ပါတယ်"

ထိုအခါ သူ၏အသက် က ကျေနပ်စွာဖြင့် နှုတ်ခမ်းအားအဝိုင်းပုံသဏ္ဍာန်လုပ်ကာ အနမ်းလေးတပွင့်ပေးသွားသေးလေသည်။

ဖုန်းချအပြီးတွင်တော့ စိုင်း အခန်း၏ပြတင်းပေါက်မှတဆင့် ကောင်းကင်ကြီးအားမော့ကြည့်မိသည်။

လမ်းလွဲသွားခဲ့ရင်တောင် တနေရာမှာတော့အမြဲ ပြန်ဆုံပါတယ် အချစ်ရယ်
သေချာတာကတော့ လမ်းဟာဘယ်တော့မှမဆုံးတာမို့
ဒီရင်းနှီးမြုပ်နှံမှုဟာ သေချာပေါက်အရှုံးမရှိပါဘူး။

ရှုံးသွားခဲ့ရင်တောင်
ထပ်ပြီးရင်းဦးမှာမို့လို့
မင်းနှလုံးကိုရပ်ခွင့်မပေးနိုင်ပါဘူးကလေးငယ်။

ထပ်ခေါက် ထပ်ခေါက်ရှုံးရင်
ထပ်ခါ ထပ်ခါပြန်ရင်းမယ်
ကမ်းလှမ်းသူဟာ မင်းဖြစ်နေသရွေ့
ငါဟာ မျက်လုံစုံမှိတ်ယုံနေဦးမှာပဲ။

*******

Aug.5.2023
Alexander_AN(Ah Nyo)

*A/N-
အချစ်တို့တော့မသိ
ရဲဇားမရှိတဲ့အညိုတော့ ရေးနေရင်း
အ​ပြုံးမျက်နှာ အငိုမျက်လုံးဖြစ်နေပြီ။
ပိုဆိုးတာက ရဲဇားမထားဖူးတော့ ဒီအပိုင်းကို နှစ်ရက်တောင်အချိန်ယူရေးလိုက်ရတယ် 🤦‍♀️

ဒါနဲ့ ကိုယ်တွေရဲ့သက်ပိုင်လေးက တကယ့်မနိုင်စိန်နော်😭🙏
သူ့လေးလေးငယ်ကို အားတိုင်းFlirtနေတာ။*

******

ေလယာဥ္ကြင္း၌ လူမ်ားစြာက ျဖတ္သန္းသြားလာေနၾကသည္။
ခုံတန္း႐ွည္ေပၚ၌ ထိုင္ေနရင္း နာရီကိုၾကည့္မိေတာ့ ေလယာဥ္ေပၚတက္ရဖို႔ အခ်ိန္သိပ္မလိုေတာ့။

စိုင္း နံေဘးသို႔ငဲ့ၾကည့္မိေတာ့
သူ၏လက္ေမာင္းအား ဖက္ထားလ်က္ႏွင့္ ပုခုံးေပၚသို႔ေခါင္းအားတင္ကာ ပြတ္သီးပြတ္သပ္ႏွင့္ လာေရာက္ခြၽဲေနေသာ ေကာင္ေလး။

"ဘယ္ေလာက္ေတာင္ၾကာမွာလဲ"

ႏွာသံကေလးျဖင့္ ခပ္အပ္အပ္ကေလးေမးလာေသာ ဒီသက္ပိုင္မွာ
ဂ်ီက်ေနေသာကေလးတစ္ေယာက္ႏွယ္။

"ခဏေလးပါ ႏွစ္ပတ္ေလာက္တည္းဟာ"

"ဒါေပမဲ့ ကြၽန္ေတာ္တို႔က မေန႔ကမွခ်စ္သူ စျဖစ္ထားတာေလ"

ျငဴစူစူျပန္လည္ေျဖဆိုလာေတာ့ ျပန္ေျဖဖို႔စကားပင္ေပ်ာက္သြားရသည္။
ဟုတ္လည္းဟုတ္ပါသည္
မေန႔ကပင္ ခ်စ္သူျဖစ္ထားေသာ္လည္းပဲ ယေန႔က် အသစ္ခြၽတ္ခြၽတ္ခ်စ္သူေကာင္ေလးကိုထားၿပီး ခရီးသြားဦးမည္တဲ့။

အစတုန္းက အၿပီးေျပာင္းေ႐ႊ႕သြားရန္စီစဥ္ထားေသာ္လည္း ကိစၥမ်ားစြာျဖစ္သြားၿပီေနာက္ပိုင္း အစီအစဥ္မ်ားဟာလည္းေျပာင္းသြားကာ
အတည္တက်ေ႐ြ႕ေျပာင္းျခင္းမွာ ခရီးတိုတစ္ခုအသြင္သို႔ ေန႔ခ်င္းညခ်င္းကူးေျပာင္းသြားရေလသည္။

သက္ပိုင္က သူပါလိုက္ခဲ့ခ်င္သည္ေျပာေသာ္လည္း စိတ္အေျခအေနအရ သူ႕အတြက္အခ်ိန္လိုအပ္ေနေသးသည္မို႔
မလိုက္ခဲ့ရန္ေျပာလိုက္သျဖင့္ မေက်နပ္ျခင္းျဖစ္ပါလိမ့္မည္။

"ဘာပဲျဖစ္ျဖစ္ ငါမင္းကိုမနက္ႏိုးရင္လည္းဖုန္းဆက္မွာပဲ ေန႔လည္ထမင္းစားခ်ိန္လည္းဖုန္းဆက္မွာပဲ ညအိပ္ရင္လည္းမင္းနဲ႔ဖုန္းေျပာၿပီးမွ
အိပ္မွာ....။ အဆက္အသြယ္ကအၿမဲလုပ္ေနမွာေလ ေပါက္စရ"

"ၿပီးေတာ့ ေလးေလးငယ္အတြက္က အခ်ိန္လိုေသးတယ္ေလ"

ထိုသို႔ေျပာလိုက္ေတာ့ သက္ပိုင္၏လက္မ်ားက စိုင္း၏လက္မ်ားသို႔လာေရာက္ဆုပ္ကိုင္သည္။
ထို႔ေနာက္ အသံတိုးတိုးေလးျဖင့္...

"ကြၽန္ေတာ္ေစာင့္ႏိုင္ပါတယ္"

ကြၽန္ေတာ္က ေလးေလးငယ္ကိုအၿမဲေစာင့္ေနခဲ့တာပဲေလ...။

သက္ပိုင္ ထိုကဲ့သို႔ေတြးမိေတာ့ ဘာေၾကာင့္ရယ္မသိ အနည္းငယ္ေတာ့ဝမ္းနည္းမိသည္။
တစ္ခါတစ္ေလ ေစာင့္ရသည့္အလုပ္မွာပင္ပန္းသည္...
ေမွ်ာ္လင့္ခ်က္ေပါင္းမ်ားစြာနဲ႔ ဘယ္အခ်ိန္ျပန္ေရာက္လာမလဲ မသိတဲ့သူကို...။

သူေလးေလးငယ္၏အနီး၌သာေနခ်င္ပါ၏။ ငယ္စဥ္ကတည္းက ေဝးခဲ့ရသူမို႔ နီးစပ္ခြင့္ရခ်ိန္မွာ ထိုသူအနား၌သာေကာ္ကဲ့သို႔ ကပ္ေနခ်င္သည့္ စိတ္တစ္ခုသာႀကီးစိုးေနေလသည္။
ဒါဟာသက္ပိုင္၏အတၱငယ္ေလးတစ္ခုသာလွ်င္ျဖစ္ေပသည္။

သက္ပိုင္ အေတြးနယ္ခ်ဲ႕ေနမိခိုက္ ေလးေလးငယ္က ႐ုတ္တရက္ သူ၏ေ႐ွ႕၌ ဒူးေထာက္ကာ ထိုင္ခ်လိုက္ေသာေၾကာင့္ အနည္းငယ္ေၾကာင္သြားမိသည္။

ေလးေလးငယ္က သူ႕ကိုေမာ့ၾကည့္ရင္း သူ၏လက္ႏွစ္ဖက္ကို ခပ္သာသာေလးဆုပ္ကိုင္လာသည္။ထို႔ေနာက္ ခပ္ဖြဖြအနမ္းကေလးတစ္ခုႏွင့္ သက္ပိုင္၏လက္ကေလးမ်ားကို အခ်ိဳသိပ္ျပန္၏။

"အခုက ေဝးတယ္ဆိုတာ ခဏေလးပါ....တစ္ခုလိုခ်င္ရင္တစ္ခုကအၿမဲေပးရမယ္ေလ အသက္ရဲ႕။
ေနာင္အခါက် နီးဖို႔ ခဏတာေဝးတဲ့သေဘာေပါ့။
ၿပီးေတာ့ ဒါက အတည္တက်ေျပာင္းသြားတာမဟုတ္ပဲ ခရီးထြက္တာမ်ိဳးေလ ဟုတ္တယ္မလား ေလးေလးငယ္ေျပာတာ"

"ေလးေလးငယ္က ဒီတစ္ေခါက္ေတာ့မင္းကိုအၾကာႀကီးမေစာင့္ခိုင္းဘူးလို႔ကတိေပးပါတယ္......ေလးေလးငယ္
ကိုယုံေပးပါ"

ခပ္ေအးေအး အသံက ခ်ိဳသာေသာစကားလုံးမ်ားကိုဆိုခိုက္ ႏွလုံးသားထဲ႐ွိအေၾကာက္တရားတို႔ဟာအနည္းငယ္အနည္ထိုင္သြားရသည္။

"ဒါဆို ေလးေလးငယ္က ကြၽန္ေတာ္႕ကိုလက္ထပ္မွာလား"

သက္ပိုင္ ၏ေမးခြန္းေၾကာင့္ ေလးေလးငယ္က အနည္းငယ္ေၾကာင္သြားေသာ္လည္း ေခတၱအၾကာမွာေတာ့ ရယ္သံလြင္လြင္ေလးက နားဝင္ခ်ိဳစြာထြက္ေပၚလာသည္။

ထို႔ေနာက္ သက္ပိုင္၏ပါးျပင္အား လက္ျဖင့္ ခပ္သာသာထိရင္း
ႏူးညံစြာျပဳံးကာ အခ်စ္ရည္႐ႊန္းေနေသာမ်က္ဝန္းမ်ားျဖင့္ ၾကည့္လာသည္။

"ျပန္ေတြ႕တဲ့အခ်ိန္က်ရင္အဲ့ေမးခြန္းကိုျပန္ေမးဖို႔ မေမ့နဲ႔ေနာ္ ေကာင္​ေလး"

"............"

သက္ပိုင္၏ ႏႈတ္ဆိတ္ေနမႈဟာ ေလးေလးငယ္အတြက္ေတာ့ ေသခ်ာတာထက္ပင္ပိုေသာ အေျဖတစ္ခုျဖစ္ေနခဲ့ပါ၏။

****

ေကာင္းကင္ယံထက္သို႔ တျဖည္းျဖည္းပ်ံတက္သြားေသာ ေလယာဥ္အားၾကည့္ရင္း သက္ပိုင္ သက္ျပင္းခပ္ဖြဖြခ်မိသည္။

ထို႔ေနာက္ သူ၏ လက္အား အေပၚသို႔ဆန္႔တန္း၍ ေနေရာင္အားကာသည့္ ပုံစံလုပ္ကာ လက္ေခ်ာင္းကေလးမ်ားအားၾကည့္လိုက္၏။

မၾကာခင္ ပစၥည္းတစ္ခုက လက္ေပၚကိုေရာက္လာေတာ့မယ္ထင္ပါရဲ႕။

"စိန္ပြင့္ေလးဆိုရင္ ေလးေလးငယ္နဲ႔လိုက္ေလာက္မလား"

သက္ပိုင္ထိုကဲ့သို႔ ခပ္တိုးတိုးေလးရည္႐ြက္လိုက္မိပါ၏။

****

ေနာက္တစ္ေန႔ မနက္ခင္းအခ်ိန္၌~

ေနေရာင္ျခည္က သက္ပိုင္၏မ်က္ႏွာထက္သို႔ လာေရာက္၍ စိုက္ခိုက္
ေနေရာင္၏စူး႐ွမႈေၾကာင့္ မ်က္ခုံးတို႔ဟာတြန္႔ခ်ိဳးသြားလ်က္
သက္ပိုင္တစ္ေယာက္ ယင္းေနေရာင္႐ွိသည့္ဘက္ကိုေက်ာေပး၍ တဖက္သို႔လွည့္ကာအိပ္လိုက္သည္။

အိမ္မက္ကမ႓ာထဲသို႔ ျပန္လည္ေရာက္႐ွိေတာ့မည္အခိုက္ က်ယ္ေလာင္လွသည့္ ဖုန္းRingtoneသံက နားထဲသို႔စူးကနဲဝင္ေရာက္လာ၏။

သို႔ေပမဲ့ ဤRingtoneမွာ ေလးေလးငယ္တစ္ဦးတည္းေသာအတြက္ထားထားသည္မို႔ ဖုန္းဆက္သူမွာေလးေလးငယ္ျဖစ္ရာ ျငဴစူျခင္းအလ်င္းမ႐ွိ အိပ္ရာေပၚသို႔ထ ထိုင္လိုက္၍ ဖုန္းအားခ်က္ခ်င္းကိုင္လိုက္သည္။

ထိုအခါ ခ်က္ခ်င္းပင္ တဖက္မွ ေလးေလးငယ္၏႐ုပ္ပုံက ဖုန္းscreenေပၚ၌ေပၚလို႔လာ၏။

ဒီေန႔လည္း သူ၏ေလးေလးငယ္ဟာေခ်ာၿမဲေခ်ာဆဲ
သူဆိုသည့္သက္ပိုင္ကလည္း ေလးေလးငယ္ကိုခ်စ္ၿမဲခ်စ္ဆဲ။

"ဟီး ေမာနင္း ေလးေလးငယ္"

သက္ပိုင္ အိပ္ခ်င္မူးတူးႏွင့္ ဆိုလိုက္ေတာ့ ေလးေလးငယ္က ရယ္သံတစ္ခ်က္ေပးသည္။
ထို႔ေနာက္​ျပန္၍ေျပာသည္က

"အိပ္ပုတ္ေကာင္"

"အဲ့တာ ေလးေလးငယ္ေၾကာင့္"

"ဆိုင္လည္းမဆိုင္ပဲ"

"ဆိုင္တာေပါ့ မေန႔ညက ေလးေလးငယ္ကိုလြမ္းေနလို႔ အိပ္မေပ်ာ္ဘူးေလ။အဲ့ေတာ့ အိပ္ရာထေနာက္က်ၿပီေပါ့"

သက္ပိုင္၏ စကားေၾကာင့္ စိုင္းမွာေျဖၾကားရန္စကားပင္ေပ်ာက္႐ွသြားရသည္။

"ေစာက္စကားကေတာ့ တတ္သလားမေမးနဲ႔ မင္းက"

"ေစာက္စကားမဟုတ္ဘူး အဲ့တာအခ်စ္စကား"

သူ၏ အသည္းအသက္ကို သူတကယ္ပင္မႏိုင္ပါေခ်။

"ေလးေလးငယ္"

"အင္း"

"ခ်စ္တယ္"

"ငါေရာပဲ...
မင္းကိုခ်စ္တယ္ အသက္"

ထိုအခါ သူ၏ အတတ္ကေလးက ခ်စ္စရာေကာင္းစြာျပဳံးျပလာ၏။
26ႏွစ္အ႐ြယ္ ေယာက်္ားေလးတစ္ေယာက္က ဘယ္ေၾကာင့္မ်ားဒီေလာက္ထိခ်စ္ဖို႔ေကာင္းရပါသလဲ။

"ေလးေလးငယ္ျပန္ေရာက္တဲ့အခ်ိန္က်ရင္ ကြၽန္ေတာ္က မနက္တိုင္း ေလးေလးငယ္ရဲ႕မ်က္ႏွာေလးကိုၾကည့္ၿပီးအိပ္ရာထမွာ"

"ဘယ္သူကမင္းနဲ႔အိပ္မယ္ေျပာလို႔တုန္း"

"အိပ္ရမွာေလ ကြၽန္ေတာ္ကေၾကာက္တတ္တယ္ရယ္. တစ္ေယာက္တည္းမအိပ္ရဲလို႔ ေလးေလးငယ္ကလာအိပ္ေပးရမွာ..ကြၽန္ေတာ္နဲ႔ေလ"

"အရင္ကလည္းမင္းတစ္ေယာက္တည္းအိပ္တာပဲေလ"

"ဟုတ္တယ္ေလ... စဥ္းစားၾကည့္မွ..
ေလးေလးငယ္ရဲ႕အသက္ေလး ဘယ္ေလာက္ေတာင္သနားစရာေကာင္းလိုက္သလဲ ....
ေၾကာက္ေနတာေတာင္မွတစ္ေယာက္တည္းအိပ္ခဲ့ရတာရယ္"

သနားသမား႐ုပ္ကေလးႏွင့္ ေျပာလာေသာ သက္ပိုင္မွာမသိရင္ တကယ့္ကိုနစ္နာသူတစ္ေယာက္ကဲ့သို႔ပင္။

"ဘာပဲ ျဖစ္ျဖစ္အခုမအိပ္ခ်င္ရင္ေတာင္ ေနာက္အိပ္ရမွာပဲဟာ...
ဘာလို႔လဲဆိုရင္ ကြၽန္ေတာ္က ေလးေလးငယ္ကိုလက္ထပ္မွာေလ...
အဲ့အခ်ိန္က်ရင္ ေလးေလးငယ္က ကြၽန္ေတာ္႕ရဲ႕ဇနီးေလးျဖစ္လာမွာ"

သူ၏စကားေၾကာင့္ ေလးေလးငယ္မွာ႐ွက္သြားသည္ထင္သည္။
ေလးေလးငယ္၏ နား႐ြက္ဖ်ားေလးမ်ားရဲသြားသည္ကိုဖုန္းထဲကေနတဆင့္ျမင္ေတြ႕ေနရသည္ကိုး။

ထို႔ေနာက္ ႐ွက္႐ွက္ႏွင့္ သူ႕အားဖုန္းမွတဆင့္ေအာ္ဟစ္လာေတာ့သည္။

"မင္းဘိုးေအကိုပဲ ဇနီးေလးလို႔သြားေခၚေနလိုက္!"

"ဘိုးေအကိုေတာ့မေခၚခ်င္ပါဘူး ေလးေလးငယ္ကိုပဲေခၚခ်င္တာ"

"ေစာက္အရည္မရ အဖတ္မရေတြေျပာေနမယ္ဆိုရင္လည္းခ်လိုက္ေတာ့၊
ေသာက္ကေလး ဒါမ်ိဳးက် သင္စရာမလိုေအာင္တတ္တယ္"

"ဒီထက္ေတာင္တတ္ေသးတယ္ရယ္၊
ေလးေလးငယ္ သိခ်င္လား"

ဒီတစ္ေခါက္တြင္ေတာ့ ေလးေလးငယ္လည္း သက္ပိုင္ကိုအတည္မႏိုင္ေတာ့သည္ထင္ပါ၏
ဖုန္းအားတီကနဲ ခ်သြားေတာ့ေလသည္။

သက္ပိုင္ ႐ွက္သြားေသာေလးေလးငယ္၏ပုံစံေလးအား ေတြးမိေတာ့ ဤမနက္ခင္းေလးဟာလည္း တကယ့္ကိုအဓိပၸါယ္႐ွိေၾကာင္း သူ႕ကိုယ္သူေျပာလိုက္မိပါေသး၏။

ဒီလိုႏွင့္ပဲ လွပတဲ့ခ်စ္ျခင္းေလးဟာအစပ်ိဳးခဲ့ပါေတာ့သည္။

******

ညအခါ၌~

လသာေဆာင္ထံမွ ဂီတာသံလြင္လြင္ဟာ အခန္းအတြင္းသို႔ပ်ံ႕လြင့္လာ၏။
ဂီတာတီးေနသူမွာ အျခားမဟုတ္
သက္ပိုင္ပင္ျဖစ္သည္။

အေၾကာင္းအရင္းဟာေတာ့ သူ၏ေလးေလးငယ္အား ဂီတာတီးျပေနျခင္း။

"လ ေရာင္ထဲ ကိုယ္လမ္းေလွ်ာက္ခ်င္တယ္🎼

ဘယ္ကိုေရာက္ ေနလဲ မစဥ္းစားဘူးကြယ္
အိုး… အခ်စ္ရယ္
သြားၾကစို႔ လာ ႏွစ္ေယာက္တည္း
သီခ်င္းေလး ညည္းမယ္
ေတြးၾကည့္ ကိုယ္ သိပ္ေပ်ာ္မွာပဲ...🎼

ခ်စ္သူရဲ႕ အရိပ္ကေလး ျဖစ္ခ်င္တယ္🎼

ဒီလိုခ်စ္ေနတာ တို႔ မွားသြားလားကြယ္
အိုး… ခက္တယ္
တို႔ႏွစ္ေယာက္အခ်စ္ကို
ဘာေၾကာင့္ ခြဲရက္ၾကတယ္🎼
အခုေတာ့ ကိုယ္ သိပ္ငိုခ်င္တယ္...🎼

ၾကင္နာသူေလး အခုေလာက္ဆို လြမ္းလို႔ေနမယ္🎼"

ထူးအိမ္သင္း၏ "ေဆြးတယ္"သီခ်င္းေလးက သက္ပိုင္၏ အသံခ်ိဳခ်ိဳေလးႏွင့္ေပါင္းစပ္၍ လသာေဆာင္ထက္၌ နားဝင္ခ်ိဳစြာထြက္ေပၚေနသည္။

ဂီတာႀကိဳးမ်ားထက္႐ွိ ေျပးလႊားေဆာ့ကစားေနၾကေသာ
လက္ေခ်ာင္း႐ွည္႐ွည္တို႔ဟာ ဝတၳဳေပါင္းမ်ားစြာကိုဖန္တီးခဲ့တာတဲ့ေလ။

စိုင္း ဖုန္း screenထက္မွ ဂီတာတီးေနေသာ
ေကာင္ေလးငယ္အားၾကည့္ရင္း ၾကည္ႏူးမႈတို႔ဟာ ႏွလုံးသားထဲ၌ အတိုင္းသား။

ဒီလိုေလးဆိုေတာ့လည္း ခ်စ္သူထားရတာဟာေပ်ာ္စရာေတာ့ေကာင္းသားရယ္။ မနက္ခင္းမ်က္လုံးဖြင့္လိုက္တာကအစ အေတြးေလးတစ္စ ေတြးလိုက္မိသည္အထိအဆုံး အရာရာ ၾကည္ႏူးမႈမ်ားဟာ အလွ်ံအပယ္။

သီခ်င္းၿပီးသြားေတာ့ ဂီတာသံေလးႏွင့္အတူ သက္ပိုင္၏အသံခ်ိဳခ်ိဳေလးဟာလည္းတိတ္ဆိတ္သြား၍
ပုံမွန္ခပ္ၾသၾသ
စကားသံေလးမ်ားက ထြက္ေပၚလို႔လာသည္။

"ဘယ္လိုတုန္း ကြၽန္ေတာ္သီခ်င္းဆိုတာေကာင္းရဲ႕လား"

"အင္း ေကာင္းတယ္"

"ႀကိဳက္လား"

"ႀကိဳက္တယ္"

"ဒါဆို ကြၽန္ေတာ္႕ကိုျမန္ျမန္လက္မထပ္ခ်င္ဘူးလား"

ျပဳံးတုံ႔တုံ႔ႏွင့္ေမးလာသည့္ေမးခြန္းက
မဆီမဆိုင္စြာ။
စိုင္း မ်က္ခုံးအနည္းငယ္ပင့္လိုက္ေတာ့ အႏွီေပါက္စက ျပဳံးကာျဖင့္

"ေလးေလးငယ္သာ ကြၽန္ေတာ္႕ကိုလက္ထပ္မယ္ဆိုရင္
ကြၽန္ေတာ္ကညတိုင္းေလးေလးငယ္ကို ဂီတာတီးျပမွာရယ္...
စဥ္းစားၾကည့္ေလ..
အဲ့လိုဆိုရင္ ေယာက်္ားတစ္ေယာက္လည္းရသလို ဂီတာတီးၿပီးသီခ်င္းဆိုျပတာကိုလည္းနားေထာင္ရေသးတယ္။
အဲ့တာမေကာင္းဘူးလား"

"ဟက္!"

"အျမတ္ေတာင္ရေသးတယ္...ကြၽန္ေတာ္ေျပာတာဟုတ္တယ္ဟုတ္?
ၿပီးေတာ့ ေလးေလးငယ္ရမဲ့ေယာက်္ားက ေလးေလးငယ္ကိုအရမ္းခ်စ္တာေလ...အ႐ႈံးဆိုတာမ႐ွိပါဘူး"

"အ႐ႈံးမ႐ွိရင္ေတာ့ စိတ္ဝင္စားပါတယ္...စီးပြားေရးသမားဆိုေတာ့အျမတ္ၾကည့္ရမယ္ေလ"

ဒီရင္းႏွီးျမဳပ္ႏွံဖို႔ ကမ္းလွမ္းခ်က္က အေတာ္႕ကိုစိတ္ဝင္စားစရာေကာင္းသည္ဆိုတာေတာ့ျငင္း၍မရ။

"ကြၽန္ေတာ္႕ကိုသာလက္ထပ္ရင္ အကုန္အျမတ္ေတြႀကီးပဲ"

စိတ္အားထက္သန္စြာေျပာလာသည့္ ေကာင္ေလးငယ္ဟာ ယုံၾကည္မႈအျပည့္ႏွင့္။

"တကယ္လို႔ ႐ႈံးသြားရင္ေကာ?"

"႐ႈံးမ႐ႈံးသိခ်င္ရင္ လက္ထပ္ၾကည့္လိုက္ေလ ေလးေလးငယ္ရဲ႕ ဘာခက္လို႔"

"အဆြယ္ေကာင္းမွ ငါကရင္းႏွီးျမဳပ္ႏွံရဲမွာေပါ့...မင္းငါ့ကိုလိမ္သြားရင္ဘယ္လိုလုပ္မလဲ"

"အဲ့ဒီရင္းႏွီးျမဳပ္ႏွံမႈက ေလးေလးငယ္တစ္ေယာက္တည္းပဲ အခြင့္အေရးေပးတာေနာ္ သူမ်ားဆို ျမဳပ္ႏွံခ်င္ရင္ေတာင္မရဘူး"

"ဂုဏ္ယူသင့္လား"

စိုင္း ေကာ္ဖီတစ္ငုံေသာက္လိုက္ရင္း ခပ္ေနာက္ေနာက္ေျပာလိုက္ေတာ့ သက္ပိုင္က ေလးေလးနက္နက္ၾကည့္လာသည္။

"ႏွလုံးသားကို ရင္းႏွီးျမဳပ္ႏွံတာက ခက္မယ္ဆိုတာသိေပမဲ့ ကြၽန္ေတာ္႕ကိုယုံပါ​ေလးေလးငယ္ရာ.....
ေလးေလးငယ္ရဲ႕ႏွလုံးသားကိုမျမဳပ္ႏွံခင္ကတည္းက ကြၽန္ေတာ္က အရင္ျမဳပ္ႏွံခဲ့တာမို႔
တကယ္လို႔ ဒီျမဳပ္ႏွံမႈက ႐ႈံးသြားခဲ့ရင္ေတာင္ အရင္ရပ္မဲ့ႏွလုံးက ကြၽန္ေတာ္႕ႏွလုံးပါ"

စိုင္း သက္ပိုင္၏စကားေၾကာင့္ ျပဳံးလိုက္မိသည္။

"တကယ္လို႔ ငါမင္းကိုလက္မထပ္ရင္
မင္းက ငါ့ကိုဂီတာမတီးျပေတာ့ဘူးေပါ့?"

"မပိုင္ဆိုင္ရတာနဲ႔ပဲ မခ်စ္ေတာ့ဘူးလို႔ မဆိုလိုဘူးေလ"

သက္ပိုင္က သိပ္အေျဖေတာ္တာကိုေတာ့ စိုင္းလက္ခံလိုက္ရပါသည္။

"အသက္"

"ဗ်ာ့"

"ခ်စ္တယ္"

"ကြၽန္ေတာ္က ပိုခ်စ္တယ္"

"Good Night အသက္"

"Good Night ေလးေလးငယ္....
ကြၽန္ေတာ္႕ကို အိမ္မက္ထဲ ထည့္မက္ဖို႔မေမ့နဲ႔ေနာ္"

"မင္းက ငါ့အိမ္မက္ထဲအၿမဲပါ ပါတယ္"

ထိုအခါ သူ၏အသက္ က ေက်နပ္စြာျဖင့္ ႏႈတ္ခမ္းအားအဝိုင္းပုံသ႑ာန္လုပ္ကာ အနမ္းေလးတပြင့္ေပးသြားေသးေလသည္။

ဖုန္းခ်အၿပီးတြင္ေတာ့ စိုင္း အခန္း၏ျပတင္းေပါက္မွတဆင့္ ေကာင္းကင္ႀကီးအားေမာ့ၾကည့္မိသည္။

လမ္းလြဲသြားခဲ့ရင္ေတာင္ တေနရာမွာေတာ့အၿမဲ ျပန္ဆုံပါတယ္ အခ်စ္ရယ္
ေသခ်ာတာကေတာ့ လမ္းဟာဘယ္ေတာ့မွမဆုံးတာမို႔
ဒီရင္းႏွီးျမဳပ္ႏွံမႈဟာ ေသခ်ာေပါက္အ႐ႈံးမ႐ွိပါဘူး။

႐ႈံးသြားခဲ့ရင္ေတာင္
ထပ္ၿပီးရင္းဦးမွာမို႔လို႔
မင္းႏွလုံးကိုရပ္ခြင့္မေပးႏိုင္ပါဘူးကေလးငယ္။

ထပ္ေခါက္ ထပ္ေခါက္႐ႈံးရင္
ထပ္ခါ ထပ္ခါျပန္ရင္းမယ္
ကမ္းလွမ္းသူဟာ မင္းျဖစ္ေနသေ႐ြ႕
ငါဟာ မ်က္လုံစုံမွိတ္ယုံေနဦးမွာပဲ။

*******

Aug.5.2023
Alexander_AN(Ah Nyo)

*A/N-
အခ်စ္တို႔ေတာ့မသိ
ရဲဇားမ႐ွိတဲ့အညိဳေတာ့ ေရးေနရင္း
အ​ျပဳံးမ်က္ႏွာ အငိုမ်က္လုံးျဖစ္ေနၿပီ။
ပိုဆိုးတာက ရဲဇားမထားဖူးေတာ့ ဒီအပိုင္းကို ႏွစ္ရက္ေတာင္အခ်ိန္ယူေရးလိုက္ရတယ္ 🤦‍♀️

ဒါနဲ႔ ကိုယ္ေတြရဲ႕သက္ပိုင္ေလးက တကယ့္မႏိုင္စိန္ေနာ္😭🙏
သူ႕ေလးေလးငယ္ကို အားတိုင္းFlirtေနတာ။*

******

Continue Reading

You'll Also Like

240K 29K 23
People meet by accident, People fall in love by accident, But people surely don't become someone's baby daddy accidentally, or do they? What started...
1.8M 140K 63
"ရှင်သန်ခြင်းနဲ့သေဆုံးခြင်းကြား အလွှာပါးပါးလေးကိုဖြတ်ကျော်ခါနီးမှာမှ ငါမောင့်ကိုစွန့်လွှတ်တတ်ဖို့ သင်ယူနိုင်ခဲ့တယ်၊ လူတွေက သံသရာမှာ ရေစက်ရယ်၊ဝဋ်ကြွေး...
1.1M 27.9K 45
When young Diovanna is framed for something she didn't do and is sent off to a "boarding school" she feels abandoned and betrayed. But one thing was...
3M 192K 89
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...