Light on me

By Chochoyaminhlaing

47.3K 3.4K 75

ချစ်ခြင်းမေတ္တာတရားနဲ့ ပတ်သက်လာရင် မည်သူနဲ့မျှစစ်မဖြစ်လို🤍 More

Intro 1
Intro 2
1:1
2:2
3:3
4:4
5:5
6:6
7:7
8:8
9:9
10:10(❣)
11:11
13:13
14:14
15:15
16:16
17:17
18:18
Hi
19:19
20:20
21:21
💭
22:22
23:23
24:24
25:25
26:26
The end

12:12

1.2K 106 2
By Chochoyaminhlaing

''Tae''

Taeသူ့ကိုစကားမပြောတာအတော်ကြာပြီဖြစ်သည်။မှတ်မိသလောက်ဆိုကိုကိုနဲ့စတွဲထဲကဖြစ်လိမ့်မည်။သူက ကိုကိုနဲ့တွဲတာ မကြိုက်ပါဘူး ဟုဆိုကာသူ့အားစကားပင်လာမပြောတော့။အခုလည်းTaeကအတန်းထဲအတူတူထိုင်နေတာတောင်သူ့အားမျက်နှာလွှဲထားလေသည်။

''Tae''

''ငါ့စကားနားမထောင်တဲ့မင်းနဲ့ငါမပြောချင်ဘူးJung Kook''

Taeနှုတ်ဖျားက သူ့အား Jung Kookတဲ့။
စိတ်ဆိုးသည့်အခါများတွင်တောင်Taeဟာ Jeonလို့သုံးနှုန်းတတ်သူ။အခုTaeဘာကိုအလိုမကျမှန်းမသိပါ။Taeကြိုက်တတ်တာများဝယ်ကျွေးပြီးချော့မြူဖို့တွေးထားပါသော်လည်း Taeကသူ့အားမကြည်နေပေ။

''Taeရယ် ကိုယ်ကသဘောကျလို့ စိတ်ဝင်စားလို့တွဲမိတာရုံပါ''

''ယောက်ျားချင်းလေ မင်းမစဥ်းစားတတ်တော့ဘူးလား ဟိုကမင်းကိုချစ်မနေဘူး မင်းဘက်ကသာ တစ်ဖက်သတ် မင်းအစားငါမကျေနပ်နေဘူး အဲ့ဒါမင်းသိလား''

''Taeကိုယ့်ကိစ္စတွေကိုမင်းခေါင်းစားခံမနေပါနဲ့ သူမချစ်လည်းဘာဖြစ်လဲ ကိုယ်ကပစ်ရုံပဲပေါ့ ခဏလောက်တော့ သူနဲ့အတူတွဲလို့ဖြစ်ပါတယ်နော်''

''မင်းသဘောလေ ငါကမင်းကသိပ်ချစ်နေပြီး ဟိုကမချစ်မှာဆိုးတာ''

''ဒီမှာTae Jeon Jung Kookရဲ့စာမျက်နှာမှာ သိပ်ချစ်တတ်တာမရှိဘူး စိတ်ဝင်စားရုံပဲဆိုတာTaeသိမှာပါ''

သူ့စကားကြောင့်Taeရေးရေးလေးပြုံးတာသူမြင်လိုက်ရသည်။Taeကသူ့အတွက်ပြောပေးနေမှန်းသူသိတာပေါ့။Taeကသူ့ကိုယ်စားသိပ်ခံစားပေးတတ်တဲ့သူ။

ဆေးစရင်းယူရန်ပါမောက္ခရုံးခန်းသို့အသွားကြားလိုက်ရသောစကားတစ်ချို့ကြောင့်ပြုံးနေရာမှချက်ချင်းမျက်နှာထားတည်သွားသူကစာသင်ဆောင်အပြင်ဘက်မှသူဖြစ်သည်။
ခံစားချက်တွေကိုရပ်တန့်လိုက်ပါလို့သူတားခဲ့တုန်းကသူက ကူးငယ်ကို မုန်းတယ် မချစ်မိပါဘူးဆိုပြီးယုံကြည်လို့လွှတ်ထားပေးခဲ့မိတာ။အခုတော့တွဲနေကြပြီတဲ့။Jiminမင်းရဲ့စိတ်သဘောထားဟာ ဘယ်အခြေနေတစ်ခုမှာရှိမှန်း မျက်ချေပြတ်သွားခဲ့ပြီ။မင်း Hyungတို့နှစ်ယောက်ကို မလိမ်လောက်ပါဘူးလို့ မျှော်လင့်မိပါသည်။

>>>>>>>>>>>>>

''ကလေး Hyungကို တစ်ခုခု​ပြောစရာများမရှိဘူးလား Hyung အထင်တော့ ပြောစရာရှိမယ်ထင်တယ်''

ညနေကDr Kimရဲ့ဖုန်းဆက်အကြောင်းကြားမှုကြောင့်အကုန်သိသွားသော်လည်း ကလေးနှုတ်ထွက်စကားမဟုတ်ခဲ့၍သူမယုံကြည်ခဲ့။
ကျောင်းကမောမောပန်းပန်းပြန်လာသောကလေးကို ဧည့်ခန်းကနေ ဆီးကြိုမေးလိုက်တဲ့သူ့စကားကြောင့် ကလေးစိတ်အနှောင့်ယှက်မဖြစ်လောက်ဘူးထင်ပါသည်။

''Hyungဘာများကြားထားလို့လဲ ကူးငယ်နဲ့Jiminကိစ္စဆိုရင်အတာအမှန်ပဲ ဒါပေမယ့် Hyung တို့ထင်မြင်ယူဆချက်ကတော့ မှားနေမှာ Jiminသိတယ်''

''ဘယ်လိုလဲ ကလေးစကားကိုHyungနားမလည်ဘူး''

''Jiminသူ့ကို ချစ်လို့ တွဲခဲ့တာမဟုတ်ဘူး အဲ့နေ့က Jiminက တစ်ယောက်ထဲ ကျန်ခဲ့မှာ ကြောက်လို့ တွဲမိခဲ့တာပါ Hyungသိရဲ့လား အဲ့နေ့ကနေရာကဘယ်သူမှရှိမနေဘူး သူက....သူက ပြန်မတွဲရင် ထားခဲ့မှာ....Hyungရယ် အာ့ကြောင့်ပါ....Jiminကိုအထင်မလွဲလိုက်ပါနဲ့ Jiminသူ့ကို မချစ်ပါဘူး....ကြောက်လို့....ကြောက်မိလို့...တွဲမိခဲ့တာပါ သူ့ကိုသာမတွဲခဲ့ရင် အခုချိန်လောက်ဆို....Jiminတစ်ယောက်ထဲ ဖြစ်နေမှာ....''

ရိုးရှင်းလွန်းတဲ့ဖွင့်ဟဝန်ခံချက်လေးမှာအသံတိမ်ဝင်ကာမျက်ရည်စတစ်ချို့တွဲလောင်းခိုလျှက်။
Jiminရဲ့ကြောက်ခြင်းအစကလက်ကလေးများတုန်ယင်ခြင်းဆိုရင်Hyungရဲ့ကြောက်ခြင်းအစကJiminလေးရဲ့အသံတုန်ယင်ခြင်းပါကလေးငယ်ရယ်။

''Hyungသိပါတယ် Hyungက ကလေးလေးကိုယုံပါတယ် ကလေးလေးက ကူးငယ်ကိုအရမ်းမုန်းတာသိပါတယ်ကွယ်''

သူ့အလိုကျနှစ်သိမ့်မှုပေးကာ ခေါင်းလုံးလုံးလေးအားရင်ခွင်ထဲဆွဲသွင်းကာဖက်ထားလိုက်မိသည်။
တသိမ့်သိမ့်ငိုနေသူသည် ရင်ခွင်ထဲဝယ် မပီမပြင်ရှိုက်သံလေးတစ်ချို့နှင့်။

''Hyungသိရဲ့လား ကူးငယ်ကလေ... မိန်းကလေးတွေအများကြီးကိုတွဲပီး Jiminကိုချစ်ပါတယ်တဲ့လေ''

မုန်းနေသူထံမှကြေကွဲစွာထွက်လာတဲ့စကားစုတစ်ချို့။
သိပ်မုန်းနေလားလို့Hyungမမေးရက်ပါဘူး။
အဖြေတွေကိုHyungကမြင်နေခဲ့လို့ပါကလေးငယ်ရယ်။
အဲ့စကားကိုလေJiminလေးဖွင့်မပြောခင်ထဲကHyungအရင်ကြိုသိခဲ့တာပါ။
ကူးငယ်ကသိပ်ဆိုးတယ်ကလေးရယ်
မုန်းနေပါတယ်ဆိုရင်များ...မေ့ပစ်လိုက်ပါတော့လားကွယ်....။

>>>>>>>>>>>>

မီးရောင်စုံများကြားမှာ ခပ်ကြွကြွလှုပ်ရှားနေကြသော လူတစ်စု။
လူရောင်စုံတွေကြားခပ်ဆန်းဆန်းကောင်လေးတစ်ယောက်လည်းအပါအဝင်။
ဝိုင်တစ်ခွက်ကိုဟန်ပါပါသောက်နေသူအား ဘေးမှ ငေးမောကြည့်နေသော ကောင်လေးတစ်ယောက်လည်းရှိသည်။

''Jeon မင်းမူးနေရင်ပြန်ရအောင်''

''ဘာလဲTaeကမပျော်လို့လား''

ရီဝေဝေဖြစ်နေသောJeonအားTaeကြည့်ကာအိမ်ပြန်ချင်နေပြီဖြစ်သည်။သို့သော်သကောင့်သားကDance floorသွားကာ လှုပ်နေသေးသည်။
အတင်းဆွဲခေါ်လာမှပြန်ပါလာကာ ဝိုင်တစ်ခွက်ကိုမော့နေတော့သည်။

''မဟုတ်ပါဘူး မင်းမူးနေရင်ကားမမောင်းနိုင်မှာဆိူးလို့''

''အေးဆေး....ေနဦး ချစ်သူကောင်လေးဆီဖုန်းဆက်လိုက်ဦးမယ် မင်းအရင်ပြန်နှင့်Tae ငါ ငါ့ကောင်လေးကို အကြံဖန်လုပ်ပီးလိုက်ပို့ခိုင်းလိုက်မယ် ''

''Jiminက ညဘက်တွေ သူ့အိမ်ကလွှတ်ပါ့မလား''

''ငါခေါ်ရင်သူလာပါတယ် Taeပြန်တော့နော် လိမ်မာပါတယ်''

Jeonကဆံပင်လေးဖွကာ Taeအားတောင်းဆိုလာသည်။Taeလည်းမတတ်သာတဲ့အဆုံး ကားသော့နှင့်အိတ်ယူကာ ထွက်လာခဲ့သည်။

''Ring...Ring...Ring''

ညနေကပင်ပန်းတဲ့အရှိန်ကြောင့်အိပ်ပျော်ခါစလေးမှာမြည်လာသောဖုန်းကြောင့်စိတ်ရှုပ်သွားရသည်။မကိုင်ပဲချမည်အလုပ်စခရင်ကနာမည်ကြောင့်ကိုင်လိုက်ရသည်။

''Hello''

''အင်း...''

တဖက်မှအိပ်ချင်မူးတူးနဲ့ဖြေပုံသည်သူသောက်ထားတဲ့ဝိုင်တွေထပ်ပိုမူးရစ်စရာ။

''ကူးငယ်လေ အခုBarမှာ...တစ်ယောက်ထဲမို့ ပြီးတော့ ကားကလေပျက်သွားတာမို့...အဆင်မပြေဘူး Taeကလည်းအစောကြီးပြန်သွားတယ် ကိုကို အဆင်ပြေမယ်ဆိုလာကြိုပါလားဟင်''

''ကိုယ်ညဘက်ကားမမောင်းရဲဘူး''

''ကိုကိုကလည်း...ကူးငယ် ကတစ်ယောက်ထဲဟာကို...ကိုကိုမလာရင် ကျောင်းကျပြဿနာရှာမှာနော်''

''အာ....လာပြီ လာပြီ နေရာပြော''

''Haven Barမှာ....Google Mapမှာရှာပြီးလာခဲ့ မောင့်သဲသဲငယ်လေးရယ်''

မူးရူးကာဘာနာမ်စားတွေသုံးလို့သုံးမှန်းမသိတော့တဲ့လူဆိုးကောင်ရှိရာသွားရန်ညအိပ်ဝတ်စုံကိုလဲပစ်လိုက်ရသည်။
မှန်တင်ခုံပေါ်မှကားသော့ဆွဲကာ အောက်ထပ်ဆင်းလာခဲ့သည်။တော်သေးတာပေါ့Hyungရဲ့အရိပ်အယောင်ကိုမတွေ့လို့။တော်ကြာဟိုမေးဒီမေးနဲ့ဖြေရခက်နေမည်ဆိုးသောကြောင့်ကားဆီသို့အလျှင်မြန်သွားကာ ခြံပြင်သို့သာမောင်းထွက်လာခဲ့တော့သည်။

ညနက်နေပြီမို့လမ်းသွားလမ်းလာရှင်းသောလမ်းမထက်ဝယ်တုန်တုန်ရီရီနဲ့သာမောင်းနှင်လာရသည်။တကယ်ဆိုဒီလိုညဘက်တွေကားမောင်းခြင်းကိုကြောက်လို့တမင်ရှောင်ခဲ့ကာမှလူဆိုးကောင်နဲ့ကျမှပဲသန်းခေါင်ယံကြီးကားမောင်းနေရသည်။ဘယ်လိုရေစက်ဆိုးတွေကြောင့်များအဲ့လူဆိုးကသူ့အပေါ်စိတ်ဒုက္ခတွေသက်ရောက်နေရတာပါလိမ့်။

ရောက်ပါပြီ။သူရှိ​တဲ့နေရာ....

ဘယ်နားလဲမေးရန်ဖုန်းလှမ်းဆက်ရသေးသည်။ကြိုမယ်မှန်းသိရင်ထွက်စောင့်နေသင့်တယ်မဟုတ်လား။

''Hello ကိုယ်ရောက်နေပြီ''

''အထဲဝင်ခဲ့လေ မောင် ရှိတယ် ''

''ကိုယ် မလာချင်ဘူး''

''မလာဘူး...ဆိုရင်''

''အေ...လာပြီကွာ''

''မောင့်ကိုကိုက စိတ်မရှည်တာလား ''

''စိတ်မရှည်ရင်ဒီနေရာထိငါကားမောင်းလာမှာမဟုတ်ဘူး''

Jiminဒေါသထွက်ကာကားတံခါးပိတ်ရင်းဖုန်းချလိုက်သည်။ဝင်လာဆိုတော့လည်းဝင်ရုံပေါ့။
Barကတော့ကြောက်စရာသိပ်ကောင်းမည်မဟုတ်ပါ။
ဝင်ပေါက်ကနေစကာသူကြက်သီးတို့ဖျန်းခနဲထသွားသည်။အေးစက်တဲ့အတွေ့အကြုံနဲ့အတူဘေးနံရံမှာကပ်ညိနေပါသောပူပူလောင်လောင်များ။
မမြင်ချင်လည်းမြင်နေရတာမို့အားလုံးကိုကျော်လွှားကာ တကယ့်လူရှိရာသို့ ဆိုက်ရောက်သွားတော့သည်။လူဆိုးသည်သူ့ကိုကြည့်ကာပြုံးပြနေပေမယ့်မပြုံးနိုင်သူကတော့သူပါ။

''ပြန်မယ်ဆိုလည်းထလေ ကိုယ်အိမ်အပြန်ကားမောင်းရဦးမှာ''

Jiminအသံကခုနကနှင့်မတူပဲတိုးလျစွာထွက်ပေါ်လာသည်။အင်္ကျီလက်ရှည်ခပ်ပါးပါးလေးဝတ်လာကာဒီနေရာကသူ့အတွက်အေးစက်နေတာမို့လက်နှစ်ဖက်ကိုပွတ်သပ်နေသည်။ကားမောင်းလာတဲ့အရှိန်မို့ပါးလေးနှစ်ဖက်ကလည်းနီမြန်းနေကာ မီးရောင်အောက်ခပ်လှလှလေးရယ်။

''တစ်ခွက်လောက်သောက်မလား ကိုကိုအေးနေတယ်မလား''

''ဟင့်အင်း ကူးငယ် ကိုကိုတို့ပြန်ရအောင်နော်''

သူ့စိတ်ထဲတွင်ပြန်ဖို့ပဲအာသီသဖြစ်နေပါသည်။လူသူမရှိတဲ့လမ်းမှာသူတစ်ယောက်ထဲပြန်ရမှာ။ပြီးတော့Hyungနိုးလာတဲ့အချိန်နဲ့သူပြန်တဲ့အချိန်တည့်တိုးရင်သူရင်ဆိုင်ဖို့ခက်လိမ့်မည်။

ပေတေကာနေနေသူအား လက်မှဆွဲခေါ်လာကာ ခုနကဝင်လာသော တံခါးဝသို့လျှောက်လာခဲ့သည်။

''ကိုကိုရယ် အဲ့တာကဝင်ပေါက် ဒီဘက်မှာထွက်ပေါက် သောက်ထားတာက ကူးငယ်ပါနော် အခုက ကိုကိုက မူးနေသလိုပဲ''

ကူးငယ်ကပဲသူ့လက်ကိုပြန်ဆွဲကာ ထွက်ပေါက်ဆီသိူ့။
လမ်းမဘေးမှာရပ်ထားသောကားလေးသည်အထီးကျန်စွာ။

''ကိုကိုမောင်းလို့အဆင်ပြေလား''

''ပြေပါတယ် မင်းသာ စကားမများပဲအေးဆေးတက်''

ကူးငယ်ကကားပေါ်တက်ပြီးသူ့အားပြုံးပြနေသေးသည်။ပြန်မပြုံးပြနိုင်ပါ။

''ကိုကို စိတ်ဆိုးနေတာလား''

''ကိုယ်စိတ်မဆိုးပါဘူး ကူးငယ်သာနောက်တစ်ခါTae Hyungနဲ့တူတူသောက်ပီးရင်အတူတူပြန်ပါ ကိုယ်ညဘက်တွေသိပ်ပီးအဆင်မပြေဘူးမောင်းရတာ ပြီးတော့ ကိုယ်ဒီနေရာတွေကိုမကြိုက်ဘူး''

''ဟုတ်တယ် ကိုကိုက ကူးငယ်ကိုပဲ ကြိုက်ရမှာ''

ကြိုက်ရမှာဆိုတဲ့စကားလေးတွင်သူမျက်နှာလွှဲမိသည်။ကားလေးသည်လည်းပြန်ကွေ့ကာကူးငယ်ရဲ့အိမ်လေးဆီသို့မောင်းနှင်လာခဲ့သည်။ဘေးနားကအမူးသမားလေးကတော့ပြုံးစိစိဖြင့်သူ့အားကြည့်နေပါသော်လည်းသူ့မှာတော့တုန်ရီနေတာကိုသတိမထားမိအောင်စိတ်အသာလျှော့ကာကားမောင်းနေရသည်။

Park Jiminက မီးရောင်စုံများအောက်တွင်လည်းသိပ်လှနေခဲ့သလို ကားမီးရောင်ခပ်ဖျော့ဖျော့အောက်တွင်လည်းလှနေခဲ့သည်။
အိပ်ရာကနိုးလာတဲ့သူပီပီ ဆံပင်လေးများရှုပ်ပွနေလည်းကိုကိုကလှသည်။
ကိုကို့ကိုသဘောကျတယ်ဆိုတာထပ်သူ့မှာအများကြီးပိုရပါသည်။Taeရယ် မင်းစိတ်ဆိုးမှာဆိုးလို့သာပြောရတာ ငါ့မှာတော့လေ ကိုကို့ကို သိပ်ချစ်လိုက်ရတာ။

တခြားသူတွေလိူမဟူတ်ပဲ ကိုကိုက ငါ့စကားနားထောင်တယ်။ကိုကိုကလိမ်မာတယ်။ပြီးတော့ကိုကိုကချစ်စရာ။ပြုံးနေရင်ဖြစ်ဖြစ် အခုလိုလေး တည်ငြိမ်နေရင်ဖြစ်ဖြစ် ငါ့မှာငေးကြည့်လိုက်ရတာ Taeရယ်။မင်းမသိလို့ပါ ကိုကိုက မင်းထင်ထားတာထပ်အများကြီးပိုပါတယ်။

''ကိုကို ကူးငယ်တို့ နမ်းရအောင်''

''ကျွီ...!''

ကားကိုဂရုတစိုက်မောင်းနေရင်းမှရင်တုန်စရာစကားကြောင့်ဖြေဖျားတို့သည်ဘရိတ်ကိုမထင်မှတ်ပဲကြောက်လန့်တကြားနင်းမိသွားသည်။

''နော်''

တောင်းဆိုနေတာလား။
ကူးငယ်က အခုသူ့ကို နမ်းဖို့တောင်းဆိုနေတာလား။
သူအဖြေမပေးရသေးခင်မှာပဲ ခပ်ရှရှဝိုင်သင်းနံ့သည်သူ့အနားပျံဝဲသွားသည်။
ချိုအီအီအရသာတစ်ခုကသူ့နှုတ်ခမ်းဖျားထပ်ဝယ်။ခဏလေးပါပဲခိုနားသွားတာ။
လျှပ်တပြတ်လေးအတွင်းမှာသူ့ရဲ့အရာအားလုံးဟာရပ်တန့်သွားသလို။

''ကိုကို ကားဆက်မောင်းလေ ကူးငယ် နမ်းပြီးပီ''

5.8.2023🤍

Hello




Continue Reading

You'll Also Like

787K 47.3K 119
Y/N L/N is an enigma. An outgoing, cheerful, smiley teenage boy. Happy, sociable, excitable. A hidden gem in the rough of Japan's younger soccer pl...
570K 9K 125
You can clearly tell who my favorite drivers are....
1.5M 26K 53
What if Aaron Warner's sunshine daughter fell for Kenji Kishimoto's grumpy son? - This fanfic takes place almost 20 years after Believe me. Aaron and...
1.7M 61.9K 43
" Wtf is wrong with you, can't you sleep peacefully " " I-Its pain..ning d-down there, I can't...s-sleep " " JUST SLEEP QUIETLY & LET ME ALSO SLEEP...