အခန်း ၁၅၀
ယဲ့ကျန်းက သခင်မကြီးလု၏ အော်ဟစ်သံကို ကြားသောအခါ အထိတ်တလန့် ဖြစ်သွားသလို မျက်နှာကို ထိတွေ့လိုက်သည်။ သူမ၏ မျက်ဝန်းများက နီရဲလာတော့ကာ စိုးရိမ်ခြောက်ခြားစွာ ပြောသည်။
"အဘွား.. သမီး ဒီနေ့မနက် နိုးလာမှ မျက်နှာက အနီစက်တွေကို ရှာတွေ့ခဲ့တာ သမီး ဘယ်လို လုပ်ရမလဲ။ ဒါကို မျက်နှာချေနဲ့ ဖုံးချင်ပေမဲ့ ပိုပြီး ရုပ်ဆိုးသွားလိမ့်မယ်"
ပါးစပ်အဟောင်းသား ဖြစ်နေသော သခင်မကြီးလုမှာ သေလုအောင် ခြောက်ချားသွားသလို ဖိအားလည်း များသွားပြီဖြစ်သည်။ မြေးဖြစ်သူ၏ လှပသော မျက်နှာတွင် အနီစက်များက ဆိုးရွားလွန်းနေသည်။ နဂိုက သူမက လုယောင်ယောင်၏အလှကို ပို၍ တောက်ပထင်ရှားစေလိုခဲ့သည်။ ဤနည်းအားဖြင့် နန်းတော်အတွင်းသို့ ဝင်ရောက်သွားသောအခါ နောက်ပိုင်းတွင် သူမ၏ လက်ထပ်ပွဲက ပို၍ခမ်းနားအောင် ထည်ဝါစေပေလိမ့်မည်။
ယခုအခါ လုယောင်ယောင်ကို ကြည့်လိုက်ရုံနှင့်ပင် မျက်နှာရှိ အနီစက်များက သတိမထားမိရန် အလွန်ခက်ခဲနေလွန်းနေသည်။ သူမ၏ နဖူးအလယ်တွင် ရှိသော အနီစက်များဆိုလျှင် မျက်စိဆံပင်မွေး စူးလွန်းလှသည်။
လုဖန်းက ပါးစပ်ကို လက်ဖြင့် အုပ်ပြီးနောက် တခစ်ခစ် ရယ်သည်။
"အဘွား.. သမီးလည်း အရင်က အနီစက်တွေ ပေါက်ဖူးတယ်။ ယောင်ယောင်ပြောတော့ စိုးရိမ်စရာမရှိဘဲ နှစ်ရက်လောက်နေရင် ပျောက်သွားလိမ့်မယ်တဲ့"
"ဒါပေမဲ့ ဘာလို့ အခုမှ ပေါ်လာတာလဲ။ တို့တွေရဲ့ ယောင်ယောင်က နန်းတော်ကို အခစားဝင်ရမှာလေ"
သခင်မကြီးလုက ထိန်းချုပ်မှု လွတ်ကင်းမတတ် ဖြစ်နေသည်။ ထိုအချိန်တွင် သူမဟာ လုဝူရွှမ်း၏ ဖိတ်ကြားချက်ကို ငြင်းဆန်ရန် မဖြစ်နိုင်တော့ချေ။
မျှော်လင့်ချက် အားလုံး ကုန်ဆုံးနေချိန်တွင် ဖေးရှီက ရုတ်တရက် ပြောလာသည်။
"ပါးပြင်က အနီစက်တွေကတော့ မသိသာဘူး။ နဖူးက အနီစက်တွေကတော့ တော်တော်လေး ကြီးနေတယ်။ ကျွန်မမှာ ဒါတွေကို ဖုံးသွားဖို့ နည်းလမ်းရှိတယ်"
ယဲ့ကျန်းက ဖေးရှီကို တစ်ချက် ကြည့်လိုက်ပြီး နှုတ်ခမ်းများက အနည်းငယ် မဲ့ကျသွားသည်။ သခင်မကြီးလုက တုံ့ဆိုင်းစွာ ပြောသည်။
"မင်း တကယ် လုပ်နိုင်တာလား"
"အမေ ခဏလောက် စောင့်ပါ"
ဖေးရှီက ယဲ့ကျန်း၏လက်ကို လှမ်းဆွဲကာ အပြုံးနှင့် အခန်းထဲမှ ခေါ်ထုတ်သွားသည်။
တစ်နာရီ၏ လေးပုံတစ်ပုံခန့် ကြာပြီးနောက်တွင် ဖေးရှီက ယဲ့ကျန်းနှင့်အတူ ပြန်ရောက်လာသည်။ သခင်မကြီးလု၏ စိုးရိမ်သောမျက်နှာက ပျော်ရွှင်မှုဖြင့် အစားထိုးသွားသည်။
"အခု ပုံမှန်ထက်တောင် ပိုကြည့်ကောင်းသွားသေးတယ်"
ယဲ့ကျန်း၏ နဖူးတွင် ပွင့်ချပ်များ ပုံသဏ္ဌာန်လှပစွာ ရေးဆွဲထားသည့် ပန်းပွင့်ပုံကို မြင်နိုင်လေသည်။ သူမ၏ ပါးပြင်တွင်မူ အနီစက်များက ရှိနေသေးသည်။ တစ်စုံတစ်ယောက်ကသာ အနီးကပ် ဂရုတစိုက် မကြည့်လျှင် သတိထားမိမည် မဟုတ်ချေ။ သူမ၏အသားအရေက တိုဟူးကဲ့သို့ နူးညံ့ပြီးသား ဖြစ်သည်။ အခြားသာ ထူးထူးခြားခြား မရှိလျှင် ဒီအတိုင်း ဆွဲဆောင်မှု ပိုပြင်းထန်သွားစေနိုင်လေသည်။
"နယ်မြို့က အမျိုးသမီးတွေက သူတို့ရဲ့နဖူးမှာ ဒီလို ပန်းပွင့်ပွင့်ချပ်ပုံတွေ ရေးဆွဲလေ့ ရှိတာကို ဒီချွေးမက မှတ်မိလိုက်လို့ပါ။ အမေလည်း မြင်တဲ့အတိုင်းပဲ ဒါက အမျိုးသမီးတစ်ယောက်ရဲ့အလှကို ပိုပြီး ကျက်သရေတိုးစေတယ်"
သခင်မကြီးလုက ကျေနပ်စွာ ခေါင်းညိတ်သည်။
"ကောင်းတယ်။ မင်းက မိသားစုက ကလေးမလေးတွေကိုလည်း သင်ပေးသင့်တယ်"
သူမက မြေးဖြစ်သူဟာ နတ်သမီးတစ်ပါးကဲ့သို့ ဝတ်ဆင်ကာ လှပနေခြင်းအား အမြင်ချင်ဆုံး ဖြစ်သည်။
သာမန်ပွဲလမ်းသဘင်မျိုး ဆိုလျှင် ယဲ့ကျန်းက ဖေးရှီကို ချွဲနွဲ့ပြီး ပန်းပွင့်ဆွဲနည်းကို သင်ခိုင်းလောက်သည်။ သို့သော် ဒီနေ့ကမူ ထိုသို့ လုပ်ချင်စိတ် ရှိမနေခဲ့ချေ။ သူမက ရည်ရွယ်ချက်ရှိရှိ မျက်နှာတွင် အနီစက်များပေါက်အောင် တမင်လုပ်ခဲ့ခြင်း ဖြစ်သည်။ ယခုအခါ တွေးကြည့်လိုက်ချိန်တွင် သူမမျက်နှာက ရှုံ့မဲ့မဲ့ ဖြစ်သွားလေသည်။
သခင်မကြီးလုက ပျော်ရွှင်စွာဖြင့် ယဲ့ကျန်းကို အိမ်တော်ထဲမှ ခေါ်ထုတ်သွားသည်။ သူမက တစ်ချိန်လုံး တိတ်ဆိတ်နေပြီး စိတ်အခြေအနေ မကောင်းကြောင်း မြင်သောအခါ အနီစက်များကြောင့်ဟု ထင်လိုက်ပြီး လက်ကို ဆွဲကာ နှစ်သိမ့်လိုက်သည်။
"ဝမ်ဖေးဆိုတာက မင်းရဲ့ဝမ်းကွဲပဲ အတူမနေဖူးကြဘူး ဆိုပေမဲ့ နှစ်ယောက်လုံးက ညီအစ်မတွေပဲ ဘာမှကြောက်စရာ မရှိဘူး ဟုတ်ပြီလား"
တုံ့ပြန်သည့်အနေဖြင့် ယဲ့ကျန်းက အနည်းငယ် စိုးထိတ်ဟန်ဖြင့် ရယ်လိုက်သည်။
"ဟုတ်ကဲ့အဘွား"
ပြောရလျှင် သူမက ထိတ်လန့်ခြင်း မရှိချေ။ သူမ၏ စိတ်ဝိညာဉ်က နန်းတော်ထဲတွင် နှစ်နှစ်တိုင်တိုင် ပိတ်လှောင်ခံခဲ့ရသည်။ သူမက နန်းတော်နှင့် စိမ်းသက်မနေခဲ့သလို ဒီအတိုင်း လုဝူရွှမ်းကို မမြင်ချင်ရုံသာ ဖြစ်သည်။ သို့ရာတွင် ယဲ့ကျန်းက မည်မျှပင် ငြင်းဆန်ချင်နေကာမူ အပြင်ဘက်တွင် ရှိသော ရထားလုံးက တော်ဝင်နန်းတော် ဂိတ်ပေါက်ထံသို့ ဦးတည်နေပြီဖြစ်သည်။
အချို့သော တော်ဝင်အရာရှိများက သခင်မကြီးလုကို လာရောက်တွေ့ဆုံကြသည်။ ယဲ့ကျန်းက သူမ၏နောက်မှ လိုက်ကာ ခေါင်းကို ငုံ့ထားသည်။ သို့တိုင်အောင် သူမ၏ ပတ်ဝန်းကျင်မှ အကြည့်များကိုလည်း ခံစားမိလေသည်။
နန်းတော်ထဲတွင် ဝိညာဉ်တစ်ကောင်အဖြစ် ပိတ်လှောင်ခံထားရသော နှစ်နှစ်အတောအတွင်း နေ့အချိန်တွင် သူမဟာ မော့ရုန်ကျန်း၏ ပတ်ဝန်းကျင်တွင်သာ ရှိနေခဲ့ပြီး ညအချိန်မှသာ သူနှင့်အဝေးတွင်နေသည်။ အချို့သော အကြောင်းပြချက်များကြောင့် ညအချိန်အတောအတွင်းတွင် သူနှင့်အဝေးတွင် နေချိန်၌ပင် သူမတစ်ကိုယ်လုံးမှ ပူပြင်းတောက်လောင်သည့် နာကျင်မှုကို ခံစားရသည်။
နှစ်နှစ်တာလုံး တောင့်ခံပြီးနောက်တွင် သူမ၏နှလုံးသားက မုန်းတီးမှု အပြည့် ဖြစ်လာသည်။ လက်ရှိအခါ နန်းတော်သို့ တစ်ဖန်ဝင်ရပြန်သည်။ သူမ၏ စိတ်အခြေအနေက တည်ငြိမ်နေပြီး မုန်းတီးမှုများကိုလည်း ကောင်းကောင်းထိန်းချုပ်ထားသည်။
မသိလိုက်မသိဘာသာဖြင့် နှစ်ယောက်သားက လောကီရေးရာများနှင့် ကင်းလွှတ်သော ဆိတ်ငြိမ်ဆောင်အရှေ့သို့ ရောက်ရှိသွားသည်။
သခင်မကြီးလုကို လမ်းပြပေးနေသော် တော်ဝင်လက်ထောက်က အနောက်သို့ ပြန်လှည့်ကြည့်လိုက်ချိန်တွင် မျက်နှာမော့လာသည့် ယဲ့ကျန်းနှင့် ဆုံသွားသည်။ သူမက အံ့ဩသွားပြီး ခြေလှမ်းများပင် ရပ်မိမတတ် ဖြစ်သွားလေသည်။
ထိုအခြေအနေကို သတိမထားမိသော ယဲ့ကျန်းက သခင်မကြီးလု၏ အနောက်မှ လိုက်ကာ လောကီရေးရာနှင့် ကင်းလွှတ်သော ဆိတ်ငြိမ်ဆောင်ကိုသာ ကြည့်သည်။
လုဝူရွှမ်းက စားပွဲထိပ်တွင် ထိုင်နေသည်။ သူမက ငွေနှင့်ခရမ်းရောင် ရောယှက်ထားသည့် ဖီးနစ်အမြှီးပုံသဏ္ဌာန်ပါသော ဘရိုကိတ်ဝတ်စုံကို ဝတ်ဆင်ထားပြီး တောက်ပကြော့ရှင်းကာ ကြည့်ကောင်းနေသည်။
အဘွားဖြစ်သူကို ကြည့်လိုက်ချိန်တွင် သူမ၏ မျက်ဝန်းက တောက်ပသွားကာ ညင်သာသည့် အပြုံးက ထွက်ပေါ်လာသည်။ သို့သော် သူမ၏အကြည့်က အနောက်ဘက်တွင် ပါလာသော တတိယညီမလုယောင်ယောင်ထံ ရောက်သွားသည်။
Zawgyi
အခန္း ၁၅၀
ယဲ့က်န္းက သခင္မႀကီးလု၏ ေအာ္ဟစ္သံကို ၾကားေသာအခါ အထိတ္တလန႔္ ျဖစ္သြားသလို မ်က္ႏွာကို ထိေတြ႕လိုက္သည္။ သူမ၏ မ်က္ဝန္းမ်ားက နီရဲလာေတာ့ကာ စိုးရိမ္ေျခာက္ျခားစြာ ေျပာသည္။
"အဘြား.. သမီး ဒီေန႔မနက္ ႏိုးလာမွ မ်က္ႏွာက အနီစက္ေတြကို ရွာေတြ႕ခဲ့တာ သမီး ဘယ္လို လုပ္ရမလဲ။ ဒါကို မ်က္ႏွာေခ်နဲ႔ ဖုံးခ်င္ေပမဲ့ ပိုၿပီး ႐ုပ္ဆိုးသြားလိမ့္မယ္"
ပါးစပ္အေဟာင္းသား ျဖစ္ေနေသာ သခင္မႀကီးလုမွာ ေသလုေအာင္ ေျခာက္ခ်ားသြားသလို ဖိအားလည္း မ်ားသြားၿပီျဖစ္သည္။ ေျမးျဖစ္သူ၏ လွပေသာ မ်က္ႏွာတြင္ အနီစက္မ်ားက ဆိုး႐ြားလြန္းေနသည္။ နဂိုက သူမက လုေယာင္ေယာင္၏အလွကို ပို၍ ေတာက္ပထင္ရွားေစလိုခဲ့သည္။ ဤနည္းအားျဖင့္ နန္းေတာ္အတြင္းသို႔ ဝင္ေရာက္သြားေသာအခါ ေနာက္ပိုင္းတြင္ သူမ၏ လက္ထပ္ပြဲက ပို၍ခမ္းနားေအာင္ ထည္ဝါေစေပလိမ့္မည္။
ယခုအခါ လုေယာင္ေယာင္ကို ၾကည့္လိုက္႐ုံႏွင့္ပင္ မ်က္ႏွာရွိ အနီစက္မ်ားက သတိမထားမိရန္ အလြန္ခက္ခဲေနလြန္းေနသည္။ သူမ၏ နဖူးအလယ္တြင္ ရွိေသာ အနီစက္မ်ားဆိုလွ်င္ မ်က္စိဆံပင္ေမြး စူးလြန္းလွသည္။
လုဖန္းက ပါးစပ္ကို လက္ျဖင့္ အုပ္ၿပီးေနာက္ တခစ္ခစ္ ရယ္သည္။
"အဘြား.. သမီးလည္း အရင္က အနီစက္ေတြ ေပါက္ဖူးတယ္။ ေယာင္ေယာင္ေျပာေတာ့ စိုးရိမ္စရာမရွိဘဲ ႏွစ္ရက္ေလာက္ေနရင္ ေပ်ာက္သြားလိမ့္မယ္တဲ့"
"ဒါေပမဲ့ ဘာလို႔ အခုမွ ေပၚလာတာလဲ။ တို႔ေတြရဲ႕ ေယာင္ေယာင္က နန္းေတာ္ကို အခစားဝင္ရမွာေလ"
သခင္မႀကီးလုက ထိန္းခ်ဳပ္မႈ လြတ္ကင္းမတတ္ ျဖစ္ေနသည္။ ထိုအခ်ိန္တြင္ သူမဟာ လုဝူ႐ႊမ္း၏ ဖိတ္ၾကားခ်က္ကို ျငင္းဆန္ရန္ မျဖစ္ႏိုင္ေတာ့ေခ်။
ေမွ်ာ္လင့္ခ်က္ အားလုံး ကုန္ဆုံးေနခ်ိန္တြင္ ေဖးရွီက ႐ုတ္တရက္ ေျပာလာသည္။
"ပါးျပင္က အနီစက္ေတြကေတာ့ မသိသာဘူး။ နဖူးက အနီစက္ေတြကေတာ့ ေတာ္ေတာ္ေလး ႀကီးေနတယ္။ ကြၽန္မမွာ ဒါေတြကို ဖုံးသြားဖို႔ နည္းလမ္းရွိတယ္"
ယဲ့က်န္းက ေဖးရွီကို တစ္ခ်က္ ၾကည့္လိုက္ၿပီး ႏႈတ္ခမ္းမ်ားက အနည္းငယ္ မဲ့က်သြားသည္။ သခင္မႀကီးလုက တုံ႔ဆိုင္းစြာ ေျပာသည္။
"မင္း တကယ္ လုပ္ႏိုင္တာလား"
"အေမ ခဏေလာက္ ေစာင့္ပါ"
ေဖးရွီက ယဲ့က်န္း၏လက္ကို လွမ္းဆြဲကာ အၿပဳံးႏွင့္ အခန္းထဲမွ ေခၚထုတ္သြားသည္။
တစ္နာရီ၏ ေလးပုံတစ္ပုံခန႔္ ၾကာၿပီးေနာက္တြင္ ေဖးရွီက ယဲ့က်န္းႏွင့္အတူ ျပန္ေရာက္လာသည္။ သခင္မႀကီးလု၏ စိုးရိမ္ေသာမ်က္ႏွာက ေပ်ာ္႐ႊင္မႈျဖင့္ အစားထိုးသြားသည္။
"အခု ပုံမွန္ထက္ေတာင္ ပိုၾကည့္ေကာင္းသြားေသးတယ္"
ယဲ့က်န္း၏ နဖူးတြင္ ပြင့္ခ်ပ္မ်ား ပုံသဏၭာန္လွပစြာ ေရးဆြဲထားသည့္ ပန္းပြင့္ပုံကို ျမင္ႏိုင္ေလသည္။ သူမ၏ ပါးျပင္တြင္မူ အနီစက္မ်ားက ရွိေနေသးသည္။ တစ္စုံတစ္ေယာက္ကသာ အနီးကပ္ ဂ႐ုတစိုက္ မၾကည့္လွ်င္ သတိထားမိမည္ မဟုတ္ေခ်။ သူမ၏အသားအေရက တိုဟူးကဲ့သို႔ ႏူးညံ့ၿပီးသား ျဖစ္သည္။ အျခားသာ ထူးထူးျခားျခား မရွိလွ်င္ ဒီအတိုင္း ဆြဲေဆာင္မႈ ပိုျပင္းထန္သြားေစႏိုင္ေလသည္။
"နယ္ၿမိဳ႕က အမ်ိဳးသမီးေတြက သူတို႔ရဲ႕နဖူးမွာ ဒီလို ပန္းပြင့္ပြင့္ခ်ပ္ပုံေတြ ေရးဆြဲေလ့ ရွိတာကို ဒီေခြၽးမက မွတ္မိလိုက္လို႔ပါ။ အေမလည္း ျမင္တဲ့အတိုင္းပဲ ဒါက အမ်ိဳးသမီးတစ္ေယာက္ရဲ႕အလွကို ပိုၿပီး က်က္သေရတိုးေစတယ္"
သခင္မႀကီးလုက ေက်နပ္စြာ ေခါင္းညိတ္သည္။
"ေကာင္းတယ္။ မင္းက မိသားစုက ကေလးမေလးေတြကိုလည္း သင္ေပးသင့္တယ္"
သူမက ေျမးျဖစ္သူဟာ နတ္သမီးတစ္ပါးကဲ့သို႔ ဝတ္ဆင္ကာ လွပေနျခင္းအား အျမင္ခ်င္ဆုံး ျဖစ္သည္။
သာမန္ပြဲလမ္းသဘင္မ်ိဳး ဆိုလွ်င္ ယဲ့က်န္းက ေဖးရွီကို ခြၽဲႏြဲ႕ၿပီး ပန္းပြင့္ဆြဲနည္းကို သင္ခိုင္းေလာက္သည္။ သို႔ေသာ္ ဒီေန႔ကမူ ထိုသို႔ လုပ္ခ်င္စိတ္ ရွိမေနခဲ့ေခ်။ သူမက ရည္႐ြယ္ခ်က္ရွိရွိ မ်က္ႏွာတြင္ အနီစက္မ်ားေပါက္ေအာင္ တမင္လုပ္ခဲ့ျခင္း ျဖစ္သည္။ ယခုအခါ ေတြးၾကည့္လိုက္ခ်ိန္တြင္ သူမမ်က္ႏွာက ရႈံ႕မဲ့မဲ့ ျဖစ္သြားေလသည္။
သခင္မႀကီးလုက ေပ်ာ္႐ႊင္စြာျဖင့္ ယဲ့က်န္းကို အိမ္ေတာ္ထဲမွ ေခၚထုတ္သြားသည္။ သူမက တစ္ခ်ိန္လုံး တိတ္ဆိတ္ေနၿပီး စိတ္အေျခအေန မေကာင္းေၾကာင္း ျမင္ေသာအခါ အနီစက္မ်ားေၾကာင့္ဟု ထင္လိုက္ၿပီး လက္ကို ဆြဲကာ ႏွစ္သိမ့္လိုက္သည္။
"ဝမ္ေဖးဆိုတာက မင္းရဲ႕ဝမ္းကြဲပဲ အတူမေနဖူးၾကဘူး ဆိုေပမဲ့ ႏွစ္ေယာက္လုံးက ညီအစ္မေတြပဲ ဘာမွေၾကာက္စရာ မရွိဘူး ဟုတ္ၿပီလား"
တုံ႔ျပန္သည့္အေနျဖင့္ ယဲ့က်န္းက အနည္းငယ္ စိုးထိတ္ဟန္ျဖင့္ ရယ္လိုက္သည္။
"ဟုတ္ကဲ့အဘြား"
ေျပာရလွ်င္ သူမက ထိတ္လန႔္ျခင္း မရွိေခ်။ သူမ၏ စိတ္ဝိညာဥ္က နန္းေတာ္ထဲတြင္ ႏွစ္ႏွစ္တိုင္တိုင္ ပိတ္ေလွာင္ခံခဲ့ရသည္။ သူမက နန္းေတာ္ႏွင့္ စိမ္းသက္မေနခဲ့သလို ဒီအတိုင္း လုဝူ႐ႊမ္းကို မျမင္ခ်င္႐ုံသာ ျဖစ္သည္။ သို႔ရာတြင္ ယဲ့က်န္းက မည္မွ်ပင္ ျငင္းဆန္ခ်င္ေနကာမူ အျပင္ဘက္တြင္ ရွိေသာ ရထားလုံးက ေတာ္ဝင္နန္းေတာ္ ဂိတ္ေပါက္ထံသို႔ ဦးတည္ေနၿပီျဖစ္သည္။
အခ်ိဳ႕ေသာ ေတာ္ဝင္အရာရွိမ်ားက သခင္မႀကီးလုကို လာေရာက္ေတြ႕ဆုံၾကသည္။ ယဲ့က်န္းက သူမ၏ေနာက္မွ လိုက္ကာ ေခါင္းကို ငုံ႔ထားသည္။ သို႔တိုင္ေအာင္ သူမ၏ ပတ္ဝန္းက်င္မွ အၾကည့္မ်ားကိုလည္း ခံစားမိေလသည္။
နန္းေတာ္ထဲတြင္ ဝိညာဥ္တစ္ေကာင္အျဖစ္ ပိတ္ေလွာင္ခံထားရေသာ ႏွစ္ႏွစ္အေတာအတြင္း ေန႔အခ်ိန္တြင္ သူမဟာ ေမာ့႐ုန္က်န္း၏ ပတ္ဝန္းက်င္တြင္သာ ရွိေနခဲ့ၿပီး ညအခ်ိန္မွသာ သူႏွင့္အေဝးတြင္ေနသည္။ အခ်ိဳ႕ေသာ အေၾကာင္းျပခ်က္မ်ားေၾကာင့္ ညအခ်ိန္အေတာအတြင္းတြင္ သူႏွင့္အေဝးတြင္ ေနခ်ိန္၌ပင္ သူမတစ္ကိုယ္လုံးမွ ပူျပင္းေတာက္ေလာင္သည့္ နာက်င္မႈကို ခံစားရသည္။
ႏွစ္ႏွစ္တာလုံး ေတာင့္ခံၿပီးေနာက္တြင္ သူမ၏ႏွလုံးသားက မုန္းတီးမႈ အျပည့္ ျဖစ္လာသည္။ လက္ရွိအခါ နန္းေတာ္သို႔ တစ္ဖန္ဝင္ရျပန္သည္။ သူမ၏ စိတ္အေျခအေနက တည္ၿငိမ္ေနၿပီး မုန္းတီးမႈမ်ားကိုလည္း ေကာင္းေကာင္းထိန္းခ်ဳပ္ထားသည္။
မသိလိုက္မသိဘာသာျဖင့္ ႏွစ္ေယာက္သားက ေလာကီေရးရာမ်ားႏွင့္ ကင္းလႊတ္ေသာ ဆိတ္ၿငိမ္ေဆာင္အေရွ႕သို႔ ေရာက္ရွိသြားသည္။
သခင္မႀကီးလုကို လမ္းျပေပးေနေသာ္ ေတာ္ဝင္လက္ေထာက္က အေနာက္သို႔ ျပန္လွည့္ၾကည့္လိုက္ခ်ိန္တြင္ မ်က္ႏွာေမာ့လာသည့္ ယဲ့က်န္းႏွင့္ ဆုံသြားသည္။ သူမက အံ့ဩသြားၿပီး ေျခလွမ္းမ်ားပင္ ရပ္မိမတတ္ ျဖစ္သြားေလသည္။
ထိုအေျခအေနကို သတိမထားမိေသာ ယဲ့က်န္းက သခင္မႀကီးလု၏ အေနာက္မွ လိုက္ကာ ေလာကီေရးရာႏွင့္ ကင္းလႊတ္ေသာ ဆိတ္ၿငိမ္ေဆာင္ကိုသာ ၾကည့္သည္။
လုဝူ႐ႊမ္းက စားပြဲထိပ္တြင္ ထိုင္ေနသည္။ သူမက ေငြႏွင့္ခရမ္းေရာင္ ေရာယွက္ထားသည့္ ဖီးနစ္အျမႇီးပုံသဏၭာန္ပါေသာ ဘ႐ိုကိတ္ဝတ္စုံကို ဝတ္ဆင္ထားၿပီး ေတာက္ပေၾကာ့ရွင္းကာ ၾကည့္ေကာင္းေနသည္။
အဘြားျဖစ္သူကို ၾကည့္လိုက္ခ်ိန္တြင္ သူမ၏ မ်က္ဝန္းက ေတာက္ပသြားကာ ညင္သာသည့္ အၿပဳံးက ထြက္ေပၚလာသည္။ သို႔ေသာ္ သူမ၏အၾကည့္က အေနာက္ဘက္တြင္ ပါလာေသာ တတိယညီမလုေယာင္ေယာင္ထံ ေရာက္သြားသည္။