အပိုင်း ၁၄၇
သူမ၏အစ်ကိုဖြစ်သူက ခိုးလာပေးခဲ့သော ပစ္စည်း၏အကူအညီကြောင့် ဧကရာဇ်၏ သဘောကျနှစ်ခြိုက်မှုကို ရရှိပြီးဟု တွေးခဲ့သည်။ သို့သော် သိပ်မကြာခင်ကမှ စတင်ပြီး သူ၏အေးစက်မှုကို ခံစားလာရလေသည်။
ဒါပေမဲ့ ငါတို့ လက်ထပ်ထားတာက ရက်သတ္တပတ်အနည်းငယ်ပဲ ရှိနေသေးတာလေ။ သူက ဘယ်လိုဖြစ်ပြီး ဒီလောက်မြန်မြန် ရှောင်ချင်လာတာလဲ။
ထိုအချိန်တွင် လုလင်ကျစ်က မျက်နှာအမူအရာ ပြောင်းလဲမှုမရှိဘဲ ဆက်လက်နားထောင်ပေးနေသည်။ သူ၏စိတ်ထဲတွင်မူ အတွေးတစ်ခုက ပေါ်နေပြီဖြစ်သည်။ အမျိုးသားများက အသစ်များကို သဘောကျလေ့ရှိပြီး အဟောင်းများကို ငြီးငွေ့လွယ်သည်။ ပို၍ဆိုးသည်မှာ ဧကရာဇ်တစ်ပါးဖြစ်သည့် မော့ရုံကျန်းဟာ လုဝူရွှမ်းကို သူ၏အဆင့်အမြင့်ဆုံး တော်ဝင်ကိုယ်လုပ်တော် ရာထူးကို ပေးထားခဲ့ပြီးသား ဖြစ်သည်။ သို့သော် ဒါတွေအားလုံးသည် လုဝူရွှမ်းသည် ယခင်က သူ့အား ကယ်ခဲ့ဖူးသော မိန်းကလေးငယ်ဟု ယုံကြည်နေခဲ့၍ ဖြစ်သည်။
"ဝမ်ဖေး မင်းသမီးလျိုဟွားက တော်ဝင်မင်းသမီးရဲ့သမီးပါ။ မယ်တော်ကြီးကလည်း တော်ဝင်ဆက်နွယ်မှုအတွက်ကြောင့် သူမကို နန်းတော်ထဲကို ဝင်စေချင်တာ ဖြစ်ရမယ်။ ဒါ့အပြင် တတိယညီမနဲ့ မင်းသမီးလျိုဟွားတို့က ကြီးကြီးမားမား အမုန်းတရားတွေ မရှိလို့ မင်းကို ထိခိုက်အောင် မလုပ်နိုင်ပါဘူး"
သူ၏ညီမဖြစ်သူအကြောင်း သူက ကောင်းကောင်း နားလည်သည်။ ထို့ကြောင့် လုယောင်ယောင်ကို နာကျင်အောင် လုပ်မည်အား ခွင့်မပြုနိုင်ချေ။
သပ်ရပ်စွာ ရေးဆွဲထားသော မျက်ခုံးတစ်ဖက်ကို ပင့်လိုက်သည့် လုဝူရွှမ်းက ပေါ့ပါးစွာ ပြောလာသည်။
"အကြီးဆုံးအစ်ကိုရဲ့လေသံအရ တို့တွေရဲ့ တတိယညီမကို အရမ်းစိုးရိမ်နေတဲ့ပုံပဲ"
"ယောင်ယောင်က ကျွန်တော်တို့ရဲ့ညီမဖြစ်ကတည်းက သေချာပေါက် ကျွန်တော်က စိုးရိမ်တာပေါ့"
လုလင်ကျစ်က ရိုးရှင်းစွာ ဖြေသည်။
"ပြောကြတာက တတိယညီမက အရွယ်ရောက်လာတော့ အချိန်တိုအတွင်းမှာတင် တော်တော်လေးကို လှလာတယ်တဲ့။ တတိယညီမက တို့ထက် ပိုလှနေပြီလား"
လုဝူရွှမ်းက သူမဟာ အလှတရားတွင် ဆိုလျှင် လူအများထက် သာလွန်လွန်းသည်ဟု ယုံကြည်လက်ခံထားသူ ဖြစ်သည်။ ထိုအတွက်ကြောင့် ယခု လုယောင်ယောင်သည် ကြာပန်းပွင့်လေးနှယ် လှပလွန်းသည်ဟု အခြားလူများက ထည့်ပြောကြောင်း ကြားရချိန်တွင် သဘောမကျ ဖြစ်လာရခြင်း ဖြစ်သည်။ ထိုသတင်းများက မှန်ကန်ခြင်း ရှိမရှိ သူမက သေချာမြင်လိုသည်။
"ဘယ်သူကမှ ဝမ်ဖေးလို ကျော့ရှင်းကြည့်ကောင်းမှုကို မပိုင်ဆိုင်ထားပါဘူး"
ထိုအချက်ကြောင့် လုဝူရွှမ်း၏ နှုတ်ခမ်းထောင့်များက ဖြည်းညင်းစွာ ကော့တက်လျက် ညင်သာသည့်အပြုံးက ထွက်ပေါ်လာသည်။ သို့တိုင်အောင် သူမအစ်ကို၏ နောက်ထပ် ဆက်ပြောသော စကားကို ကြားရချိန်တွင် ပျောက်ကွယ်သွားလေသည်။
လုလင်ကျစ်က ညီမဖြစ်သူ၏ အနားသို့ ငုံ့ကိုင်းလာပြီး နှစ်ယောက်တည်းသာ ကြားရသော လေသံမျိုးဖြင့် ပြောလာသည်။
"ဧကရာဇ်က နာမည်ပြောင်ကို စုံစမ်းနေတဲ့အကြောင်း ကြားပြီးပြီလား။ ငါ့အထင် သူက မင်းကို သံသယဝင်နေလောက်တယ်။ အထူးသဖြင့် သူ့ကို ကယ်ခဲ့တဲ့လူ ဆိုတာကိုပေါ့"
လုလင်ကျစ်၏ စကားကို ကြားသောအခါ လုဝူရွှမ်း၏ မျက်နှာက အေးစက်သော ကျောက်တုံးနှယ် ပြောင်းလဲသွားပြီးနောက် တုန်ယင်စွာ မေးလာသည်။
"ဘာ.."
ထိုအခိုက် လုလင်ကျစ်က သူမကို အေးစက်စွာ ကြည့်လိုက်လျက် သူ၏နှုတ်ခမ်းပါးများက တင်းကျပ်စွာ စေ့ပိတ်သွားတော့သည်။ လုဝူရွှမ်းဟာလည်း ချက်ချင်းလိုလို ပါးစပ်ကို ပိတ်လိုက်ပြီး အစ်ကိုဖြစ်သူကို ထိတ်လန့်တကြား ကြည့်သည်။
သူမက သူမတို့ရောက်နေသော အခန်း၏ ထောင့်တိုင်းနေရာတိုင်းကို မျက်လုံးဖြင့် စေ့စေ့စပ်စပ် လိုက်ကြည့်ပြီး ဧကရာဇ်၏ အရိပ်သက်တော်စောင့်များက နေရာတိုင်းတွင် ရှိနိုင်ကြောင်းကို ပြန်လည်သတိရသွားသည်။ သူမက အသက်ပြင်းပြင်းရှုလိုက်သည်။
ထို့နောက် သူမ၏ အနားတွင် ရှိသည့် ရေခွက်ထဲသို့ ကျော့ရှင်းကြည့်ကောင်းသော လက်ညှိုးလေးကို အသာတို့ကာ စားပွဲပေါ်တွင် ချရေးသည်။
"သူမက အရင်က အစ်ကိုကြီးကို နာမည်ပြောင်အကြောင်း တစ်ခါမှ မပြောခဲဖူးဘူးလား"
"သူမ ပြောခဲ့ရင် ငါမင်းကို ပြောခဲ့ပြီးတာ ကြာလောက်ပြီ"
လုလင်ကျစ်က ခေါင်းခါပြီး စိတ်ထဲတွင်လည်း ဖိအားများလာကာ ဆက်ပြောလိုက်သည်။
"ပုံမှန်အတိုင်း ဆက်ပြီး ပြုမူနေဖို့ မမေ့နဲ့။ မင်း အဲဒီကျောက်စိမ်း တံဆိပ်ပြားကို သိမ်းထားတာ ပိုကောင်းမယ်။ သူက အဲဒါကို မေးလာနိုင်တယ်"
သူကလည်း အဲဒါကို ရေးပြလိုက်သည်။ လုလင်ကျစ်၏ စာကို ဖတ်ပြီးနောက်တွင် လုဝူရွှမ်း၏ မျက်နှာက ဖြူဖျော့သွားကာ အော်ပြောလိုက်သည်။
"ဧကရာဇ်က ကျောက်စိမ်းတံဆိပ်ပြားကို လာကြည့်ဖို့ တစ်ခါ လာခဲ့ပါသေးတယ်။ ဒါပေမဲ့ အဲဒါက ရုတ်တရက် အစိတ်စိတ်အပိုင်းပိုင်းအဖြစ် ပြောင်းလဲသွားတယ်"
မော့ရုံကျန်းက ငါ့ညီမရဲ့နောက်ခံကို သံသယဝင်နေတာ ကြာပြီလား။
လုလင်ကျစ်၏ နှလုံးသားဟာလည်း အံ့အားသင့်မှုများနှင့် ပြည့်နှက်သွားသည်။ သို့သော် သူက ထိုအကြံကို ပယ်ချလိုက်သည်။ သူက သိပ်မကြာခင် သတိထားမိလောက်လေသည်။ ထိုသို့ တွေးရုံနှင့်ပင် သူ၏အရေပြားပေါ်တွင် ကြက်သီးများက အပြည့်ထလာတော့သည်။ လေအေးများ မတိုက်ခတ်ပါဘဲ ကျောချမ်းလာရ၏။
သူက ဧကရာဇ်ကို ကောင်းကောင်းသိတယ်။ ဧကရာဇ်က အမှန်တရားကို သိဖို့ တစ်ခါမှ မကြိုးစားခဲ့သလို ရှာဖွေတာမျိုး မလုပ်ခဲ့ဘူး။ ဒါပေမဲ့အခု သူ့ရဲ့နှလုံးသားထဲတွင် သံသယတွေ ပြည့်နေပြီ။ မသေချာမှုတွေကလည်း ပေါက်လာပြီ။ ဒီလိုဆိုရင် အမှန်တရားပေါ်ဖို့က သိပ်မကြာနိုင်တော့ဘူး။ လုလင်ကျစ်ကိုယ်တိုင်ကလည်း ထိုအချက်ကို တွေးမိသည်။
ဒါပေမဲ့ ဧကရာဇ်က ဘယ်နေရာကနေ သဲလွန်စတွေ ရှာတွေ့သွားတာလဲ။
လုလင်ကျစ်နှင့် လုဝူရွှမ်းတို့ကလည်း တစ်ချိန်တည်းလိုလို ပဟေဠိဖြစ်နေကြသည်။ နှစ်ယောက်လုံးက အခြေအနေ ကြည့်လိုက်ကြပြီး တိတ်ဆိတ်သွားကာ စကားဆက်မပြောကြတော့ပေ။
"ဂရုစိုက်ပါ"
လုလင်ကျစ်က စားပွဲပေါ်တွင် ရေးပြသည်။
ဧကရာဇ်ကသာ လုဝူရွှမ်းဟာ အယောင်ဆောင်တစ်ယောက်ဖြစ်ပြီး ယခင်ဝမ်ဖေးကသာ သူ အချိန်အတန်ကြာ ရှာဖွေနေခဲ့သော မိန်းကလေးဖြစ်ကြောင်း သိသွားခဲ့လျှင် ယဲ့ကျန်းဟာ သတ်သေခဲ့ခြင်း မဟုတ်ကြောင်း သေချာပေါက် နားလည်သွားပေလိမ့်မည်။ နောက်ပိုင်းတွင် လုလင်ကျစ်က အဆိပ်ခပ်ခဲ့ကြောင်းကိုလည်း ရှာတွေ့သွားလောက်သည်။
ထိုသို့ဆိုလျှင် ဒါက လုမိသားစု၏ ကပ်ဘေးဖြစ်သည်။ လုမိသားစု၏ ကျရှုံးခြင်းလည်း ဖြစ်သွားနိုင်သည်။
ဆုံးဖြတ်ချက် ချပြီးသည်နှင့် လုဝူရွှမ်း၏လက်က ခပ်တင်းတင်း ဆုပ်လိုက်သည်။ သူမ၏ အရှေ့ဘက်တွင် ရှိသည့် တစ်နေရာသို့ ကြည့်လိုက်သည့် သူမ၏မျက်ဝန်းကလည်း မည်းမှောင်လာသည်။ သူမဟာ လက်ရှိနေရာသို့ ရောက်ရန်အတွက် ခက်ခဲသော အချိန်များကို ပိုင်ဆိုင်ခဲ့ရပြီး မော့ရုံကျန်း၏ နှလုံးသားကို ဖမ်းစားနိုင်ရန်အလို့ငှာ သူမ၏အသက်ကိုပင် ရင်းထားရသည်။ ထို့ကြောင့် မည်သူကမျှ သူမထံမှ တော်ဝင်အဆင့်အတန်းကို ယူသွားခြင်းကို ခွင့်ပြနိုင်ခြင်းမရှိ။
"ယဲ့ကျန်းရဲ့ နာမည်ပြောင် ဟုတ်လား... ဒီလိုအရာလောက်နဲ့ ငါနဲ့ ငါရဲ့မိသားစုကို ပျက်စီးသွားစေမှာတဲ့လား"
လုဝူရွှမ်းက လုလင်ကျစ်ကို ကြည့်ပြီးနောက် ညင်သာစွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။ သူမသည်လည်း အစ်ကိုကြီးဖြစ်သူက သူမအတွက်ဆို အရာအားလုံး လုပ်ပေးမည်ဖြစ်ကြောင်း နားလည်သည်။ ယခင်ကအတိုင်း သူ၏ မိတ်ဆွေ၏အသက်ကို သူမက စတေးရန် ပြောခဲ့ချိန်ကအတိုင်း လုပ်ပေးအုံးမည်မှာလည်း သေချာလောက်သည်။
သူကလည်း ယဲ့ကျန်းရဲ့ အဖိုးအတန်ဆုံး လျှို့ဝှက်ချက်ကို သိအောင် လုပ်ပေးခဲ့တာ မဟုတ်လား။ ငါရဲ့အစ်ကို မလုပ်နိုင်တာ ဘာမှမရှိနိုင်ဘူး။
ဒီလောကတွင် မရှိတော့သော ထိုမိန်းမအကြောင်း တွေးမိရုံနှင့်တင် လုဝူရွှမ်းက တိုက်ခိုက်လိုစိတ်အပြည့်ဖြင့် တက်ကြွလာသည်။
မြို့တော်တစ်ခုလုံးက ချီးကျူးထားတဲ့ အဲဒီမိန်းမက အခု ဘယ်မှာ ရှိနေသေးလို့လဲ။
ငါက ဒီမိန်းမကို အလဲထိုးလိုက်ပြီး အဲဒီမိန်းမရဲ့နေရာကို အရယူလိုက်နိုင်တယ်။ လုဝူရွှမ်းက ခပ်ညစ်ညစ် ပြုံးသည်။
သူမက ထိုမိန်းမကြီးပြင်းခဲ့သော နေရာကိုပင် ခေါင်ကျကာ ဆိုးရွားသော နေရာအဖြစ်ပြောင်းလဲပြီး လူအများစုက ထိုမိန်းမကို မေ့လျော့သွားအောင် လုပ်နိုင်ခဲ့သည်။
ဘယ်လောက်ပဲ လှနေလှနေ၊ ဘယ်လောက်ပဲ ပါရမီကြီးကြီး၊ ဘယ်လောက်ပဲ မြင့်မြတ်နေပါစေ.. နောက်ဆုံးတော့ နာမည်တောင် ထုတ်မပြောရဲလောက်အောင် ဆိုးရွားတဲ့ အခြေအနေမျိုးနဲ့ သေသွားရတာပဲ မဟုတ်ဘူးလား။
ဒါပဲ။ ကိုယ့်မှာ ရှိတဲ့အရာတွေကို အသုံးမချနိုင်ရင် ဒီလိုပဲ အဆုံးသတ်ရမှာပေါ့။
လုဝူရွှမ်း၏ စိတ်ထဲတွင် ထိုအတွေးများကသာ ပြည့်နှက်လာသည်။
Zawgyi
အပိုင္း ၁၄၇
သူမ၏အစ္ကိုျဖစ္သူက ခိုးလာေပးခဲ့ေသာ ပစၥည္း၏အကူအညီေၾကာင့္ ဧကရာဇ္၏ သေဘာက်ႏွစ္ၿခိဳက္မႈကို ရရွိၿပီးဟု ေတြးခဲ့သည္။ သို႔ေသာ္ သိပ္မၾကာခင္ကမွ စတင္ၿပီး သူ၏ေအးစက္မႈကို ခံစားလာရေလသည္။
ဒါေပမဲ့ ငါတို႔ လက္ထပ္ထားတာက ရက္သတၱပတ္အနည္းငယ္ပဲ ရွိေနေသးတာေလ။ သူက ဘယ္လိုျဖစ္ၿပီး ဒီေလာက္ျမန္ျမန္ ေရွာင္ခ်င္လာတာလဲ။
ထိုအခ်ိန္တြင္ လုလင္က်စ္က မ်က္ႏွာအမူအရာ ေျပာင္းလဲမႈမရွိဘဲ ဆက္လက္နားေထာင္ေပးေနသည္။ သူ၏စိတ္ထဲတြင္မူ အေတြးတစ္ခုက ေပၚေနၿပီျဖစ္သည္။ အမ်ိဳးသားမ်ားက အသစ္မ်ားကို သေဘာက်ေလ့ရွိၿပီး အေဟာင္းမ်ားကို ၿငီးေငြ႕လြယ္သည္။ ပို၍ဆိုးသည္မွာ ဧကရာဇ္တစ္ပါးျဖစ္သည့္ ေမာ့႐ုံက်န္းဟာ လုဝူ႐ႊမ္းကို သူ၏အဆင့္အျမင့္ဆုံး ေတာ္ဝင္ကိုယ္လုပ္ေတာ္ ရာထူးကို ေပးထားခဲ့ၿပီးသား ျဖစ္သည္။ သို႔ေသာ္ ဒါေတြအားလုံးသည္ လုဝူ႐ႊမ္းသည္ ယခင္က သူ႔အား ကယ္ခဲ့ဖူးေသာ မိန္းကေလးငယ္ဟု ယုံၾကည္ေနခဲ့၍ ျဖစ္သည္။
"ဝမ္ေဖး မင္းသမီးလ်ိဳဟြားက ေတာ္ဝင္မင္းသမီးရဲ႕သမီးပါ။ မယ္ေတာ္ႀကီးကလည္း ေတာ္ဝင္ဆက္ႏြယ္မႈအတြက္ေၾကာင့္ သူမကို နန္းေတာ္ထဲကို ဝင္ေစခ်င္တာ ျဖစ္ရမယ္။ ဒါ့အျပင္ တတိယညီမနဲ႔ မင္းသမီးလ်ိဳဟြားတို႔က ႀကီးႀကီးမားမား အမုန္းတရားေတြ မရွိလို႔ မင္းကို ထိခိုက္ေအာင္ မလုပ္ႏိုင္ပါဘူး"
သူ၏ညီမျဖစ္သူအေၾကာင္း သူက ေကာင္းေကာင္း နားလည္သည္။ ထို႔ေၾကာင့္ လုေယာင္ေယာင္ကို နာက်င္ေအာင္ လုပ္မည္အား ခြင့္မျပဳႏိုင္ေခ်။
သပ္ရပ္စြာ ေရးဆြဲထားေသာ မ်က္ခုံးတစ္ဖက္ကို ပင့္လိုက္သည့္ လုဝူ႐ႊမ္းက ေပါ့ပါးစြာ ေျပာလာသည္။
"အႀကီးဆုံးအစ္ကိုရဲ႕ေလသံအရ တို႔ေတြရဲ႕ တတိယညီမကို အရမ္းစိုးရိမ္ေနတဲ့ပုံပဲ"
"ေယာင္ေယာင္က ကြၽန္ေတာ္တို႔ရဲ႕ညီမျဖစ္ကတည္းက ေသခ်ာေပါက္ ကြၽန္ေတာ္က စိုးရိမ္တာေပါ့"
လုလင္က်စ္က ႐ိုးရွင္းစြာ ေျဖသည္။
"ေျပာၾကတာက တတိယညီမက အ႐ြယ္ေရာက္လာေတာ့ အခ်ိန္တိုအတြင္းမွာတင္ ေတာ္ေတာ္ေလးကို လွလာတယ္တဲ့။ တတိယညီမက တို႔ထက္ ပိုလွေနၿပီလား"
လုဝူ႐ႊမ္းက သူမဟာ အလွတရားတြင္ ဆိုလွ်င္ လူအမ်ားထက္ သာလြန္လြန္းသည္ဟု ယုံၾကည္လက္ခံထားသူ ျဖစ္သည္။ ထိုအတြက္ေၾကာင့္ ယခု လုေယာင္ေယာင္သည္ ၾကာပန္းပြင့္ေလးႏွယ္ လွပလြန္းသည္ဟု အျခားလူမ်ားက ထည့္ေျပာေၾကာင္း ၾကားရခ်ိန္တြင္ သေဘာမက် ျဖစ္လာရျခင္း ျဖစ္သည္။ ထိုသတင္းမ်ားက မွန္ကန္ျခင္း ရွိမရွိ သူမက ေသခ်ာျမင္လိုသည္။
"ဘယ္သူကမွ ဝမ္ေဖးလို ေက်ာ့ရွင္းၾကည့္ေကာင္းမႈကို မပိုင္ဆိုင္ထားပါဘူး"
ထိုအခ်က္ေၾကာင့္ လုဝူ႐ႊမ္း၏ ႏႈတ္ခမ္းေထာင့္မ်ားက ျဖည္းညင္းစြာ ေကာ့တက္လ်က္ ညင္သာသည့္အၿပဳံးက ထြက္ေပၚလာသည္။ သို႔တိုင္ေအာင္ သူမအစ္ကို၏ ေနာက္ထပ္ ဆက္ေျပာေသာ စကားကို ၾကားရခ်ိန္တြင္ ေပ်ာက္ကြယ္သြားေလသည္။
လုလင္က်စ္က ညီမျဖစ္သူ၏ အနားသို႔ ငုံ႔ကိုင္းလာၿပီး ႏွစ္ေယာက္တည္းသာ ၾကားရေသာ ေလသံမ်ိဳးျဖင့္ ေျပာလာသည္။
"ဧကရာဇ္က နာမည္ေျပာင္ကို စုံစမ္းေနတဲ့အေၾကာင္း ၾကားၿပီးၿပီလား။ ငါ့အထင္ သူက မင္းကို သံသယဝင္ေနေလာက္တယ္။ အထူးသျဖင့္ သူ႔ကို ကယ္ခဲ့တဲ့လူ ဆိုတာကိုေပါ့"
လုလင္က်စ္၏ စကားကို ၾကားေသာအခါ လုဝူ႐ႊမ္း၏ မ်က္ႏွာက ေအးစက္ေသာ ေက်ာက္တုံးႏွယ္ ေျပာင္းလဲသြားၿပီးေနာက္ တုန္ယင္စြာ ေမးလာသည္။
"ဘာ.."
ထိုအခိုက္ လုလင္က်စ္က သူမကို ေအးစက္စြာ ၾကည့္လိုက္လ်က္ သူ၏ႏႈတ္ခမ္းပါးမ်ားက တင္းက်ပ္စြာ ေစ့ပိတ္သြားေတာ့သည္။ လုဝူ႐ႊမ္းဟာလည္း ခ်က္ခ်င္းလိုလို ပါးစပ္ကို ပိတ္လိုက္ၿပီး အစ္ကိုျဖစ္သူကို ထိတ္လန႔္တၾကား ၾကည့္သည္။
သူမက သူမတို႔ေရာက္ေနေသာ အခန္း၏ ေထာင့္တိုင္းေနရာတိုင္းကို မ်က္လုံးျဖင့္ ေစ့ေစ့စပ္စပ္ လိုက္ၾကည့္ၿပီး ဧကရာဇ္၏ အရိပ္သက္ေတာ္ေစာင့္မ်ားက ေနရာတိုင္းတြင္ ရွိႏိုင္ေၾကာင္းကို ျပန္လည္သတိရသြားသည္။ သူမက အသက္ျပင္းျပင္းရႈလိုက္သည္။
ထို႔ေနာက္ သူမ၏ အနားတြင္ ရွိသည့္ ေရခြက္ထဲသို႔ ေက်ာ့ရွင္းၾကည့္ေကာင္းေသာ လက္ညႇိဳးေလးကို အသာတို႔ကာ စားပြဲေပၚတြင္ ခ်ေရးသည္။
"သူမက အရင္က အစ္ကိုႀကီးကို နာမည္ေျပာင္အေၾကာင္း တစ္ခါမွ မေျပာခဲဖူးဘူးလား"
"သူမ ေျပာခဲ့ရင္ ငါမင္းကို ေျပာခဲ့ၿပီးတာ ၾကာေလာက္ၿပီ"
လုလင္က်စ္က ေခါင္းခါၿပီး စိတ္ထဲတြင္လည္း ဖိအားမ်ားလာကာ ဆက္ေျပာလိုက္သည္။
"ပုံမွန္အတိုင္း ဆက္ၿပီး ျပဳမူေနဖို႔ မေမ့နဲ႔။ မင္း အဲဒီေက်ာက္စိမ္း တံဆိပ္ျပားကို သိမ္းထားတာ ပိုေကာင္းမယ္။ သူက အဲဒါကို ေမးလာႏိုင္တယ္"
သူကလည္း အဲဒါကို ေရးျပလိုက္သည္။ လုလင္က်စ္၏ စာကို ဖတ္ၿပီးေနာက္တြင္ လုဝူ႐ႊမ္း၏ မ်က္ႏွာက ျဖဴေဖ်ာ့သြားကာ ေအာ္ေျပာလိုက္သည္။
"ဧကရာဇ္က ေက်ာက္စိမ္းတံဆိပ္ျပားကို လာၾကည့္ဖို႔ တစ္ခါ လာခဲ့ပါေသးတယ္။ ဒါေပမဲ့ အဲဒါက ႐ုတ္တရက္ အစိတ္စိတ္အပိုင္းပိုင္းအျဖစ္ ေျပာင္းလဲသြားတယ္"
ေမာ့႐ုံက်န္းက ငါ့ညီမရဲ႕ေနာက္ခံကို သံသယဝင္ေနတာ ၾကာၿပီလား။
လုလင္က်စ္၏ ႏွလုံးသားဟာလည္း အံ့အားသင့္မႈမ်ားႏွင့္ ျပည့္ႏွက္သြားသည္။ သို႔ေသာ္ သူက ထိုအႀကံကို ပယ္ခ်လိုက္သည္။ သူက သိပ္မၾကာခင္ သတိထားမိေလာက္ေလသည္။ ထိုသို႔ ေတြး႐ုံႏွင့္ပင္ သူ၏အေရျပားေပၚတြင္ ၾကက္သီးမ်ားက အျပည့္ထလာေတာ့သည္။ ေလေအးမ်ား မတိုက္ခတ္ပါဘဲ ေက်ာခ်မ္းလာရ၏။
သူက ဧကရာဇ္ကို ေကာင္းေကာင္းသိတယ္။ ဧကရာဇ္က အမွန္တရားကို သိဖို႔ တစ္ခါမွ မႀကိဳးစားခဲ့သလို ရွာေဖြတာမ်ိဳး မလုပ္ခဲ့ဘူး။ ဒါေပမဲ့အခု သူ႔ရဲ႕ႏွလုံးသားထဲတြင္ သံသယေတြ ျပည့္ေနၿပီ။ မေသခ်ာမႈေတြကလည္း ေပါက္လာၿပီ။ ဒီလိုဆိုရင္ အမွန္တရားေပၚဖို႔က သိပ္မၾကာႏိုင္ေတာ့ဘူး။ လုလင္က်စ္ကိုယ္တိုင္ကလည္း ထိုအခ်က္ကို ေတြးမိသည္။
ဒါေပမဲ့ ဧကရာဇ္က ဘယ္ေနရာကေန သဲလြန္စေတြ ရွာေတြ႕သြားတာလဲ။
လုလင္က်စ္ႏွင့္ လုဝူ႐ႊမ္းတို႔ကလည္း တစ္ခ်ိန္တည္းလိုလို ပေဟဠိျဖစ္ေနၾကသည္။ ႏွစ္ေယာက္လုံးက အေျခအေန ၾကည့္လိုက္ၾကၿပီး တိတ္ဆိတ္သြားကာ စကားဆက္မေျပာၾကေတာ့ေပ။
"ဂ႐ုစိုက္ပါ"
လုလင္က်စ္က စားပြဲေပၚတြင္ ေရးျပသည္။
ဧကရာဇ္ကသာ လုဝူ႐ႊမ္းဟာ အေယာင္ေဆာင္တစ္ေယာက္ျဖစ္ၿပီး ယခင္ဝမ္ေဖးကသာ သူ အခ်ိန္အတန္ၾကာ ရွာေဖြေနခဲ့ေသာ မိန္းကေလးျဖစ္ေၾကာင္း သိသြားခဲ့လွ်င္ ယဲ့က်န္းဟာ သတ္ေသခဲ့ျခင္း မဟုတ္ေၾကာင္း ေသခ်ာေပါက္ နားလည္သြားေပလိမ့္မည္။ ေနာက္ပိုင္းတြင္ လုလင္က်စ္က အဆိပ္ခပ္ခဲ့ေၾကာင္းကိုလည္း ရွာေတြ႕သြားေလာက္သည္။
ထိုသို႔ဆိုလွ်င္ ဒါက လုမိသားစု၏ ကပ္ေဘးျဖစ္သည္။ လုမိသားစု၏ က်ရႈံးျခင္းလည္း ျဖစ္သြားႏိုင္သည္။
ဆုံးျဖတ္ခ်က္ ခ်ၿပီးသည္ႏွင့္ လုဝူ႐ႊမ္း၏လက္က ခပ္တင္းတင္း ဆုပ္လိုက္သည္။ သူမ၏ အေရွ႕ဘက္တြင္ ရွိသည့္ တစ္ေနရာသို႔ ၾကည့္လိုက္သည့္ သူမ၏မ်က္ဝန္းကလည္း မည္းေမွာင္လာသည္။ သူမဟာ လက္ရွိေနရာသို႔ ေရာက္ရန္အတြက္ ခက္ခဲေသာ အခ်ိန္မ်ားကို ပိုင္ဆိုင္ခဲ့ရၿပီး ေမာ့႐ုံက်န္း၏ ႏွလုံးသားကို ဖမ္းစားႏိုင္ရန္အလို႔ငွာ သူမ၏အသက္ကိုပင္ ရင္းထားရသည္။ ထို႔ေၾကာင့္ မည္သူကမွ် သူမထံမွ ေတာ္ဝင္အဆင့္အတန္းကို ယူသြားျခင္းကို ခြင့္ျပႏိုင္ျခင္းမရွိ။
"ယဲ့က်န္းရဲ႕ နာမည္ေျပာင္ ဟုတ္လား... ဒီလိုအရာေလာက္နဲ႔ ငါနဲ႔ ငါရဲ႕မိသားစုကို ပ်က္စီးသြားေစမွာတဲ့လား"
လုဝူ႐ႊမ္းက လုလင္က်စ္ကို ၾကည့္ၿပီးေနာက္ ညင္သာစြာျဖင့္ ေခါင္းညိတ္ျပလိုက္သည္။ သူမသည္လည္း အစ္ကိုႀကီးျဖစ္သူက သူမအတြက္ဆို အရာအားလုံး လုပ္ေပးမည္ျဖစ္ေၾကာင္း နားလည္သည္။ ယခင္ကအတိုင္း သူ၏ မိတ္ေဆြ၏အသက္ကို သူမက စေတးရန္ ေျပာခဲ့ခ်ိန္ကအတိုင္း လုပ္ေပးအုံးမည္မွာလည္း ေသခ်ာေလာက္သည္။
သူကလည္း ယဲ့က်န္းရဲ႕ အဖိုးအတန္ဆုံး လွ်ိဳ႕ဝွက္ခ်က္ကို သိေအာင္ လုပ္ေပးခဲ့တာ မဟုတ္လား။ ငါရဲ႕အစ္ကို မလုပ္ႏိုင္တာ ဘာမွမရွိႏိုင္ဘူး။
ဒီေလာကတြင္ မရွိေတာ့ေသာ ထိုမိန္းမအေၾကာင္း ေတြးမိ႐ုံႏွင့္တင္ လုဝူ႐ႊမ္းက တိုက္ခိုက္လိုစိတ္အျပည့္ျဖင့္ တက္ႂကြလာသည္။
ၿမိဳ႕ေတာ္တစ္ခုလုံးက ခ်ီးက်ဴးထားတဲ့ အဲဒီမိန္းမက အခု ဘယ္မွာ ရွိေနေသးလို႔လဲ။
ငါက ဒီမိန္းမကို အလဲထိုးလိုက္ၿပီး အဲဒီမိန္းမရဲ႕ေနရာကို အရယူလိုက္ႏိုင္တယ္။ လုဝူ႐ႊမ္းက ခပ္ညစ္ညစ္ ၿပဳံးသည္။
သူမက ထိုမိန္းမႀကီးျပင္းခဲ့ေသာ ေနရာကိုပင္ ေခါင္က်ကာ ဆိုး႐ြားေသာ ေနရာအျဖစ္ေျပာင္းလဲၿပီး လူအမ်ားစုက ထိုမိန္းမကို ေမ့ေလ်ာ့သြားေအာင္ လုပ္ႏိုင္ခဲ့သည္။
ဘယ္ေလာက္ပဲ လွေနလွေန၊ ဘယ္ေလာက္ပဲ ပါရမီႀကီးႀကီး၊ ဘယ္ေလာက္ပဲ ျမင့္ျမတ္ေနပါေစ.. ေနာက္ဆုံးေတာ့ နာမည္ေတာင္ ထုတ္မေျပာရဲေလာက္ေအာင္ ဆိုး႐ြားတဲ့ အေျခအေနမ်ိဳးနဲ႔ ေသသြားရတာပဲ မဟုတ္ဘူးလား။
ဒါပဲ။ ကိုယ့္မွာ ရွိတဲ့အရာေတြကို အသုံးမခ်ႏိုင္ရင္ ဒီလိုပဲ အဆုံးသတ္ရမွာေပါ့။
လုဝူ႐ႊမ္း၏ စိတ္ထဲတြင္ ထိုအေတြးမ်ားကသာ ျပည့္ႏွက္လာသည္။