အပိုင်း ၁၄၅
ယဲ့ကျန်းက ထိုနေ့မှသာ လုမိသားစုကလည်း သူမ၏ဆိုင်ကို ပြိုင်ဘက်အဖြစ် သတ်မှတ်ထားကြောင်း သိလိုက်ရသည်။ သူမ သခင်မကြီးလုကို ရှက်ရွံ့သွားဟန်ဖြင့် ပြောလိုက်သည်။
"အဘွား သမီး မသိလိုက်ဘူး၊ သမီးက ဒီအတိုင်း အဘွားကြိုက်မယ်ထင်လို့ ဝယ်လာခဲ့ရုံပါပဲ"
သခင်မကြီးလုက ယဲ့ကျန်း၏လက်ခုံကို ပုတ်ပေးပြီးနောက်ပြောသည်။
"မင်းက မြို့တော်ကို စရောက်ခါစလေ၊ ဒီတော့မသိတာက ကိစ္စမရှိပါဘူး၊ နောက်ပြီး တကယ်ကို ကိစ္စမရှိဘူး၊ တို့တွေ လုမိသားစုက အဆင့်အတန်း မြင့်မားပြီးကတည်းက စီးပွားရေးလုပ်ငန်းတွေကို တခြားနေရာတွေကို ရွှေ့ပြောင်းထားလိုက်ပြီ၊ ဒီလိုဆိုရင် တို့တွေက အခြားလူတွေကို အနိုင်ကျင့်တယ်လို့ ပြောလို့မရတော့ဘူးပေါ့၊ ဒါကြောင့် ချီကျင်းမှာ ဈေးဝယ်ထွက်လည်း ပြဿနာမရှိဘူး"
"ဟုတ်ကဲ့"
ယဲ့ကျန်းက ပြုံးကာခေါင်းညိတ်သည်။ သူမက နားမလည်ဟန်ဆောင်ပြီးနောက် ဆက်မေးလိုက်သည်။
"သမီးတို့ရဲ့လုမိသားစု စီးပွားရေးတွေအားလုံးကို ဒုတိယဦးလေးက ကိုင်တွယ်ထားတာ မဟုတ်လား၊ ဒုတိယဦးလေးက ပင်လယ်ကို ခဏခဏထွက်ရတာ မဟုတ်ဘူးလား"
သခင်မကြီးလုက ရယ်သည်။
"သူက ပင်လယ်ကို မကြာခဏမသွားပါဘူး၊ သူက ဒီအတိုင်း ကျင်းခုံမြို့ရဲ့ ကုန်သွယ်လမ်းကြောင်းမှာ နေနေရုံပဲ အဲ့ဒီက လုမိသားစုရဲ့မူရင်းနေရာပေါ့"
လုမိသားစုက ကုန်သည်ဘဝမှ စတင်ခဲ့သည်။ နောက်ပိုင်းတွင် ကျင်းခုံမြို့က ပြည်ပနှင့်ကုန်သွယ်မှု လုပ်လာပြီးနောက်တွင် သူတို့၏စီးပွားရေးလုပ်ငန်းက ကြီးသထက်ကြီးလာခဲ့ကာ နောက်ပိုင်းမင်းဆက်ကပင် မိသားစုအား တော်ဝင်ကုန်သည်မိသားစုအဖြစ် သတ်မှတ်ပေးခဲ့ခြင်းလည်း ဖြစ်သည်။
အထက်တန်းလွှာ မိသားစုများကသာ လုမိသားစု၏တော်ဝင်ဆိုသည့် အမည်အား အလွန် အထင်သေး ရှုတ်ချခြင်းဖြစ်သည်။ မည်သို့ပင်ဆိုစေ သူတို့က မည်သည့်နောက်ခံမျှ မရှိချေ။
သူတို့၏စီးပွားရေးလုပ်ငန်းကို တိုးမြှင့်ခြင်းက လျှို့ဝှက်ချက်မဟုတ်သလို ယဲ့ကျန်းကိုယ်တိုင်ကလည်း ကျင်းခုံမြို့မှ အခြေအနေကို ပို၍သိချင်စိတ်ပြင်းပြလာသည်။
"အဘွား အဘွားပြောတဲ့ဒုတိယဦးလေးက သိပ်မကြာခင်ပြန်လာမယ်လို့ ပြောခဲ့တာမဟုတ်လား၊ ဘာလို့ ဘာသတင်းမှ မကြားရသေးတာလဲ"
သို့သော် ပြန်လာမည်ဟု ကြားချိန်က သူ၏အမေဖြစ်သူမွေးနေ့ ရှိသောကြောင့်ဖြစ် သည်။ သို့တိုင်အောင် မွေးနေ့ပြီး၍ ရက်ပေါင်းများစွာကြာသွားသည့်တိုင်အောင် သူ၏ပြန်လာမည့်သတင်းကို မကြားရသေးချေ။
"မစိုးရိမ်ပါနဲ့ သူက မကြာခင် ရောက်လာပါလိမ့်မယ်"
သခင်မကြီးလုက စိတ်အေးအောင်ပြုံးပြသည်။ သို့သော် သူမ၏မျက်နှာတွင်လည်း ပူပန်မှုများကို မြင်နိုင်လေသည်။
ယဲ့ကျန်းကလည်း ဆွေးနွေးမှုကို ခြုံငုံသုံးသပ်ပြီးသောအခါ သခင်မကြီးလုက သူမအား ထပ်မံပြောလိုက်သည်။
"တို့ မင်းကိုပြောစရာရှိတယ်၊ ဒီနေ့ ဝမ်ဖေးရဲ့အစေခံက နန်းတော်ကနေ ရောက်လာခဲ့တယ်၊ မနက်ဖြန်ကျရင် နန်းတော်ကို ဝင်ခိုင်းတယ်၊ အချစ်ကလေး ဝမ်ဖေးက မင်းကို တွေ့ချင်နေတာ"
ယဲ့ကျန်း၏မျက်နှာက ပြောင်းလဲသွားပြီးနောက်တွင် အပြုံးကပင် အေးခဲသွားသည်။
"ဝမ်ဖေး ဝမ်ဖေးက သမီးကို တွေ့ချင်တာလား၊ အဘွား ဘာတွေဖြစ်လို့လဲ"
"သမီးက အကယ်ဒမီကိုဝင်ခွင့်ရသွားတယ်လေ၊ ဒါကြောင့် ဝမ်ဖေးကလည်း ဂုဏ်သိက္ခာ တက်သွားတယ်၊ မိသားစုက ဒီလိုလုပ်နိုင်တာ ဘယ်လောက်ပျော်စရာ ကောင်းလိုက်သလဲ၊ ဒါကြောင့် ဝမ်ဖေးက အရမ်းပျော်သွားပြီး သမီးကို တစ်ခုခု ချီးမြှင့်ချင်လို့ ဖြစ်ပါလိမ့်မယ်"
ငါ ဒီလိုအချိန်မှာ နန်းတော်ကို မဝင်ချင်သေးဘူး။
ယဲ့ကျန်း၏စိတ်ထဲတွင်မူ ပြင်းပြင်းထန်ထန်ငြင်းဆန်လိုနေသည်။ သူမက လုဝူရွှမ်းနှင့် မတွေ့ချင်ပေ။ အထူးသဖြင့် သူမတွင် မည်သည့်အကာအကွယ်မျှ မရှိသေးချိန်ဖြစ်သည်။
လုဝူရွှမ်းက ငါ့ကို နန်းတော်ထဲမှာ သတ်ဖြတ်ဖို့အကြောင်းပြချက်တစ်ခုရှာလိုက်ရင် ဘယ်လိုလုပ်မလဲ။
"အဘွား သမီး နန်းတော်ကို တစ်ခါမှ ရောက်ဖူးတာမဟုတ်ဘူး၊ ပြဿနာဖြစ်သွားမှာ ကြောက်တယ်"
"မစိုးရိမ်ပါနဲ့၊ ဒီအဘွားကိုယ်တိုင်ကလည်း မနက်ဖြန်မှာလိုက်ပို့ပေးမှာပေါ့"
သခင်မကြီးလုက သူမအား အားပေးသည်။
ဆိုတော့ မနက်ဖြန်ပေါ့ ...
ယဲ့ကျန်း၏စိတ်ထဲတွင်မူ အတွေးပေါင်းများစွာက ထွက်ပေါ်လာပြီဖြစ်သည်။
သူမ၏မျက်နှာတွင်ရှိသည့် မသွားချင်သည့်အမူအရာကို မြင်သောအခါ လုကျင်းက စိတ်အချဉ်ပေါက်စွာ ပြောသည်။
"တတိယအစ်မ တို့တွေလည်း နန်းတော်ထဲကို ရောက်ဖူးတာမဟုတ်ဘူး၊ ဒါက အခွင့်အရေးပဲ၊ တတိယအစ်မက ငြင်းရဲတာလား"
"ဒါဆိုရင် သူ့အစား မင်းက ဘာလို့မသွားလိုက်လဲ"
ယဲ့ကျန်းက အပြစ်ကင်းစင်စွာ ပြုံးသည်။
"ဒါပေမဲ့ ငါ့ကို ဖိတ်တာမှ မဟုတ်တာ"
လုကျင်းက စိတ်လွတ်သွားပြီး အော်သည်။ ယဲ့ကျန်း၏စကားများက တမင်ကြွားနေခြင်းနှင့် တူသည်။ သူမက မနာလိုဖြစ်ပြီး သဝန်တိုနေသည့်တိုင်အောင် တစ်ဖက်သူ၏မျက်နှာပဝါကို ခွာချ၍မရသည့်အတွက် သူမကလည်း ဒေါသထွက်ရသည်။
အခြေအနေက မပြင်းထန်လာခင် သခင်ကြီးလုက ဝင်ပြောလိုက်သည်။
"ဝမ်ဖေးကလည်း အနာဂတ်မှာ မင်းတို့အားလုံးကို နန်းတော်ကိုဝင်ဖို့ ဆင့်ခေါ်မှာပါ၊ အခုက အရင်ဆုံး ယောင်ယောင်လေးကို အရင်တွေ့ချင်ရုံပဲ အားလုံးပဲ မစိုးရိမ်ကြပါနဲ့"
"ဟုတ်ကဲ့အဘွား"
လုကျင်းနှင့်လုဖန်းတို့ကလည်း တွန့်ဆုတ်စွာ ပြုံးလိုက်ကြသည်။ သူတို့၏ခေါင်းက ငုံ့လိုက်ပြီးနောက်တွင် မျက်နှာများက ရှက်ရွံ့သွားကာ နီရဲသွားကြသည်။ ချန်းညီအစ်မများကလည်း ပတ်ဝန်းကျင်တွင် ရှိကြသည့်အခါ သူတို့အားလုံးကလည်း မသက်မသာဖြစ်နေကြသည်။ အထူးသဖြင့် ဝမ်ဖေးက ကိုယ်တိုင်ကိုယ်ကျ ဖိတ်ကြားခံရသည့် ဂုဏ်ယူဖွယ်ကောင်းသော သတင်းကို ကြားရချိန်တွင်ဖြစ်သည်။ အထူးသဖြင့် ဖိတ်ကြားခံရသူဟာလည်း သူတို့ ယခင်က အထင်သေးခဲ့သူဖြစ်နေသည်။
ချန်းလီပင်း၏ တောက်ပသောမျက်ဝန်းများက ယဲ့ကျန်း၏မျက်နှာတွင်သာ ရှိနေပြီး သူတို့ နေရာလဲနိုင်ရန် မျှော်လင့်သည်။ သို့သော် ယဲ့ကျန်း၏စိတ်ထဲတွင် မည်မျှပင်ဝရုန်းသုန်းကား ဖြစ်နေကြောင်း မည်သူမျှ မသိကြချေ။ သူမက လုဝူရွှမ်း၏ မနာလိုကြီးတတ်သည့် ရက်စက်သည့်စိတ်ကို ကောင်းကောင်းနားလည်ထားသည်။
ဒီဖိတ်ကြားတယ်ဆိုတာက အဲဒီဝမ်ဖေးက ငါ့ကိုဂုဏ်ပြုစကား တကူးတကထုတ်ပြောဖို့ မဟုတ်လောက်ဘူး၊ တကယ်လို့ ငါကသာ အနာဂတ်မှာ သူ့ကို ကျော်တက်သွားပြီး သူ့နေရာကို ဝင်ယူနိုင်တဲ့ အလားအလာ ရှိနေရင် လုဝူရွှမ်းက သေချာပေါက် ပျော်ရွှင်တော့မှာမဟုတ်ဘူး၊ ဒါကြောင့် ငါ့ကို တစ်ခါမြင်ပြီးတာနဲ့ သတ်ချင်စိတ်ပေါက်သွားရင် ဘယ်လိုလုပ်မလဲ။
...
Zawgyi
အပိုင္း ၁၄၅
ယဲ့က်န္းက ထိုေန႔မွသာ လုမိသားစုကလည္း သူမ၏ဆိုင္ကို ၿပိဳင္ဘက္အျဖစ္ သတ္မွတ္ထားေၾကာင္း သိလိုက္ရသည္။ သူမ သခင္မႀကီးလုကို ရွက္႐ြံ႕သြားဟန္ျဖင့္ ေျပာလိုက္သည္။
"အဘြား သမီး မသိလိုက္ဘူး၊ သမီးက ဒီအတိုင္း အဘြားႀကိဳက္မယ္ထင္လို႔ ဝယ္လာခဲ့႐ုံပါပဲ"
သခင္မႀကီးလုက ယဲ့က်န္း၏လက္ခုံကို ပုတ္ေပးၿပီးေနာက္ေျပာသည္။
"မင္းက ၿမိဳ႕ေတာ္ကို စေရာက္ခါစေလ၊ ဒီေတာ့မသိတာက ကိစၥမရွိပါဘူး၊ ေနာက္ၿပီး တကယ္ကို ကိစၥမရွိဘူး၊ တို႔ေတြ လုမိသားစုက အဆင့္အတန္း ျမင့္မားၿပီးကတည္းက စီးပြားေရးလုပ္ငန္းေတြကို တျခားေနရာေတြကို ေ႐ႊ႕ေျပာင္းထားလိုက္ၿပီ၊ ဒီလိုဆိုရင္ တို႔ေတြက အျခားလူေတြကို အႏိုင္က်င့္တယ္လို႔ ေျပာလို႔မရေတာ့ဘူးေပါ့၊ ဒါေၾကာင့္ ခ်ီက်င္းမွာ ေဈးဝယ္ထြက္လည္း ျပႆနာမရွိဘူး"
"ဟုတ္ကဲ့"
ယဲ့က်န္းက ၿပဳံးကာေခါင္းညိတ္သည္။ သူမက နားမလည္ဟန္ေဆာင္ၿပီးေနာက္ ဆက္ေမးလိုက္သည္။
"သမီးတို႔ရဲ႕လုမိသားစု စီးပြားေရးေတြအားလုံးကို ဒုတိယဦးေလးက ကိုင္တြယ္ထားတာ မဟုတ္လား၊ ဒုတိယဦးေလးက ပင္လယ္ကို ခဏခဏထြက္ရတာ မဟုတ္ဘူးလား"
သခင္မႀကီးလုက ရယ္သည္။
"သူက ပင္လယ္ကို မၾကာခဏမသြားပါဘူး၊ သူက ဒီအတိုင္း က်င္းခုံၿမိဳ႕ရဲ႕ ကုန္သြယ္လမ္းေၾကာင္းမွာ ေနေန႐ုံပဲ အဲ့ဒီက လုမိသားစုရဲ႕မူရင္းေနရာေပါ့"
လုမိသားစုက ကုန္သည္ဘဝမွ စတင္ခဲ့သည္။ ေနာက္ပိုင္းတြင္ က်င္းခုံၿမိဳ႕က ျပည္ပႏွင့္ကုန္သြယ္မႈ လုပ္လာၿပီးေနာက္တြင္ သူတို႔၏စီးပြားေရးလုပ္ငန္းက ႀကီးသထက္ႀကီးလာခဲ့ကာ ေနာက္ပိုင္းမင္းဆက္ကပင္ မိသားစုအား ေတာ္ဝင္ကုန္သည္မိသားစုအျဖစ္ သတ္မွတ္ေပးခဲ့ျခင္းလည္း ျဖစ္သည္။
အထက္တန္းလႊာ မိသားစုမ်ားကသာ လုမိသားစု၏ေတာ္ဝင္ဆိုသည့္ အမည္အား အလြန္ အထင္ေသး ရႈတ္ခ်ျခင္းျဖစ္သည္။ မည္သို႔ပင္ဆိုေစ သူတို႔က မည္သည့္ေနာက္ခံမွ် မရွိေခ်။
သူတို႔၏စီးပြားေရးလုပ္ငန္းကို တိုးျမႇင့္ျခင္းက လွ်ိဳ႕ဝွက္ခ်က္မဟုတ္သလို ယဲ့က်န္းကိုယ္တိုင္ကလည္း က်င္းခုံၿမိဳ႕မွ အေျခအေနကို ပို၍သိခ်င္စိတ္ျပင္းျပလာသည္။
"အဘြား အဘြားေျပာတဲ့ဒုတိယဦးေလးက သိပ္မၾကာခင္ျပန္လာမယ္လို႔ ေျပာခဲ့တာမဟုတ္လား၊ ဘာလို႔ ဘာသတင္းမွ မၾကားရေသးတာလဲ"
သို႔ေသာ္ ျပန္လာမည္ဟု ၾကားခ်ိန္က သူ၏အေမျဖစ္သူေမြးေန႔ ရွိေသာေၾကာင့္ျဖစ္ သည္။ သို႔တိုင္ေအာင္ ေမြးေန႔ၿပီး၍ ရက္ေပါင္းမ်ားစြာၾကာသြားသည့္တိုင္ေအာင္ သူ၏ျပန္လာမည့္သတင္းကို မၾကားရေသးေခ်။
"မစိုးရိမ္ပါနဲ႔ သူက မၾကာခင္ ေရာက္လာပါလိမ့္မယ္"
သခင္မႀကီးလုက စိတ္ေအးေအာင္ၿပဳံးျပသည္။ သို႔ေသာ္ သူမ၏မ်က္ႏွာတြင္လည္း ပူပန္မႈမ်ားကို ျမင္ႏိုင္ေလသည္။
ယဲ့က်န္းကလည္း ေဆြးေႏြးမႈကို ၿခဳံငုံသုံးသပ္ၿပီးေသာအခါ သခင္မႀကီးလုက သူမအား ထပ္မံေျပာလိုက္သည္။
"တို႔ မင္းကိုေျပာစရာရွိတယ္၊ ဒီေန႔ ဝမ္ေဖးရဲ႕အေစခံက နန္းေတာ္ကေန ေရာက္လာခဲ့တယ္၊ မနက္ျဖန္က်ရင္ နန္းေတာ္ကို ဝင္ခိုင္းတယ္၊ အခ်စ္ကေလး ဝမ္ေဖးက မင္းကို ေတြ႕ခ်င္ေနတာ"
ယဲ့က်န္း၏မ်က္ႏွာက ေျပာင္းလဲသြားၿပီးေနာက္တြင္ အၿပဳံးကပင္ ေအးခဲသြားသည္။
"ဝမ္ေဖး ဝမ္ေဖးက သမီးကို ေတြ႕ခ်င္တာလား၊ အဘြား ဘာေတြျဖစ္လို႔လဲ"
"သမီးက အကယ္ဒမီကိုဝင္ခြင့္ရသြားတယ္ေလ၊ ဒါေၾကာင့္ ဝမ္ေဖးကလည္း ဂုဏ္သိကၡာ တက္သြားတယ္၊ မိသားစုက ဒီလိုလုပ္ႏိုင္တာ ဘယ္ေလာက္ေပ်ာ္စရာ ေကာင္းလိုက္သလဲ၊ ဒါေၾကာင့္ ဝမ္ေဖးက အရမ္းေပ်ာ္သြားၿပီး သမီးကို တစ္ခုခု ခ်ီးျမႇင့္ခ်င္လို႔ ျဖစ္ပါလိမ့္မယ္"
ငါ ဒီလိုအခ်ိန္မွာ နန္းေတာ္ကို မဝင္ခ်င္ေသးဘူး။
ယဲ့က်န္း၏စိတ္ထဲတြင္မူ ျပင္းျပင္းထန္ထန္ျငင္းဆန္လိုေနသည္။ သူမက လုဝူ႐ႊမ္းႏွင့္ မေတြ႕ခ်င္ေပ။ အထူးသျဖင့္ သူမတြင္ မည္သည့္အကာအကြယ္မွ် မရွိေသးခ်ိန္ျဖစ္သည္။
လုဝူ႐ႊမ္းက ငါ့ကို နန္းေတာ္ထဲမွာ သတ္ျဖတ္ဖို႔အေၾကာင္းျပခ်က္တစ္ခုရွာလိုက္ရင္ ဘယ္လိုလုပ္မလဲ။
"အဘြား သမီး နန္းေတာ္ကို တစ္ခါမွ ေရာက္ဖူးတာမဟုတ္ဘူး၊ ျပႆနာျဖစ္သြားမွာ ေၾကာက္တယ္"
"မစိုးရိမ္ပါနဲ႔၊ ဒီအဘြားကိုယ္တိုင္ကလည္း မနက္ျဖန္မွာလိုက္ပို႔ေပးမွာေပါ့"
သခင္မႀကီးလုက သူမအား အားေပးသည္။
ဆိုေတာ့ မနက္ျဖန္ေပါ့ ...
ယဲ့က်န္း၏စိတ္ထဲတြင္မူ အေတြးေပါင္းမ်ားစြာက ထြက္ေပၚလာၿပီျဖစ္သည္။
သူမ၏မ်က္ႏွာတြင္ရွိသည့္ မသြားခ်င္သည့္အမူအရာကို ျမင္ေသာအခါ လုက်င္းက စိတ္အခ်ဥ္ေပါက္စြာ ေျပာသည္။
"တတိယအစ္မ တို႔ေတြလည္း နန္းေတာ္ထဲကို ေရာက္ဖူးတာမဟုတ္ဘူး၊ ဒါက အခြင့္အေရးပဲ၊ တတိယအစ္မက ျငင္းရဲတာလား"
"ဒါဆိုရင္ သူ႔အစား မင္းက ဘာလို႔မသြားလိုက္လဲ"
ယဲ့က်န္းက အျပစ္ကင္းစင္စြာ ၿပဳံးသည္။
"ဒါေပမဲ့ ငါ့ကို ဖိတ္တာမွ မဟုတ္တာ"
လုက်င္းက စိတ္လြတ္သြားၿပီး ေအာ္သည္။ ယဲ့က်န္း၏စကားမ်ားက တမင္ႂကြားေနျခင္းႏွင့္ တူသည္။ သူမက မနာလိုျဖစ္ၿပီး သဝန္တိုေနသည့္တိုင္ေအာင္ တစ္ဖက္သူ၏မ်က္ႏွာပဝါကို ခြာခ်၍မရသည့္အတြက္ သူမကလည္း ေဒါသထြက္ရသည္။
အေျခအေနက မျပင္းထန္လာခင္ သခင္ႀကီးလုက ဝင္ေျပာလိုက္သည္။
"ဝမ္ေဖးကလည္း အနာဂတ္မွာ မင္းတို႔အားလုံးကို နန္းေတာ္ကိုဝင္ဖို႔ ဆင့္ေခၚမွာပါ၊ အခုက အရင္ဆုံး ေယာင္ေယာင္ေလးကို အရင္ေတြ႕ခ်င္႐ုံပဲ အားလုံးပဲ မစိုးရိမ္ၾကပါနဲ႔"
"ဟုတ္ကဲ့အဘြား"
လုက်င္းႏွင့္လုဖန္းတို႔ကလည္း တြန႔္ဆုတ္စြာ ၿပဳံးလိုက္ၾကသည္။ သူတို႔၏ေခါင္းက ငုံ႔လိုက္ၿပီးေနာက္တြင္ မ်က္ႏွာမ်ားက ရွက္႐ြံ႕သြားကာ နီရဲသြားၾကသည္။ ခ်န္းညီအစ္မမ်ားကလည္း ပတ္ဝန္းက်င္တြင္ ရွိၾကသည့္အခါ သူတို႔အားလုံးကလည္း မသက္မသာျဖစ္ေနၾကသည္။ အထူးသျဖင့္ ဝမ္ေဖးက ကိုယ္တိုင္ကိုယ္က် ဖိတ္ၾကားခံရသည့္ ဂုဏ္ယူဖြယ္ေကာင္းေသာ သတင္းကို ၾကားရခ်ိန္တြင္ျဖစ္သည္။ အထူးသျဖင့္ ဖိတ္ၾကားခံရသူဟာလည္း သူတို႔ ယခင္က အထင္ေသးခဲ့သူျဖစ္ေနသည္။
ခ်န္းလီပင္း၏ ေတာက္ပေသာမ်က္ဝန္းမ်ားက ယဲ့က်န္း၏မ်က္ႏွာတြင္သာ ရွိေနၿပီး သူတို႔ ေနရာလဲႏိုင္ရန္ ေမွ်ာ္လင့္သည္။ သို႔ေသာ္ ယဲ့က်န္း၏စိတ္ထဲတြင္ မည္မွ်ပင္ဝ႐ုန္းသုန္းကား ျဖစ္ေနေၾကာင္း မည္သူမွ် မသိၾကေခ်။ သူမက လုဝူ႐ႊမ္း၏ မနာလိုႀကီးတတ္သည့္ ရက္စက္သည့္စိတ္ကို ေကာင္းေကာင္းနားလည္ထားသည္။
ဒီဖိတ္ၾကားတယ္ဆိုတာက အဲဒီဝမ္ေဖးက ငါ့ကိုဂုဏ္ျပဳစကား တကူးတကထုတ္ေျပာဖို႔ မဟုတ္ေလာက္ဘူး၊ တကယ္လို႔ ငါကသာ အနာဂတ္မွာ သူ႔ကို ေက်ာ္တက္သြားၿပီး သူ႔ေနရာကို ဝင္ယူႏိုင္တဲ့ အလားအလာ ရွိေနရင္ လုဝူ႐ႊမ္းက ေသခ်ာေပါက္ ေပ်ာ္႐ႊင္ေတာ့မွာမဟုတ္ဘူး၊ ဒါေၾကာင့္ ငါ့ကို တစ္ခါျမင္ၿပီးတာနဲ႔ သတ္ခ်င္စိတ္ေပါက္သြားရင္ ဘယ္လိုလုပ္မလဲ။
...