အပိုင်း ၁၄၄
ယဲ့ကျန်းက ချီကျင်းနှင့်မြေးဖြစ်သူတို့ လူအုပ်ထဲဝင်ကာ ပျောက်ကွယ်သွားခြင်းကို စိုက်ကြည့်နေလိုက်သည်။ ဘာကြောင့်ရယ်မသိ သူတို့နှင့် သိပ်မကြာခင်အချိန်တွင် ထပ်တွေ့ရမည်ဟု မသိစိတ်က ခံစားနေရသည်။
"မိန်းကလေး ဒီမိန်းမက တကယ်ရိုင်းတာပဲ၊ သူ့မြေးကို ကယ်ပေးထားတာကိုတောင် အမည်တောင် မပြောဘဲ ထွက်သွားတယ်"
သိုက်မေ့က မကျေမနပ်ပြောလာသည်။ သူမ၏သခင်မလေးအတွက် မမျှတမှုအား ခုခံပေးလိုဟန်ရသည်။
"ထားလိုက်ပါ၊ သူပြောသလို တို့တွေ အနာဂတ်မှာ ထပ်တွေ့တာလည်း ဖြစ်နိုင်တာပဲ၊ ဒါ့အပြင် သူမရဲ့ ကျေးဇူးတင်စကားကတင် လုံလောက်ပါတယ်"
ယဲ့ကျန်းက ထိုမိန်းမအကြောင်းပြန်တွေးပြီးနောက်တွင် ပြုံးရုံသာ ပြုံးလိုက်သည်။
"တို့တွေလည်း အိမ်ပြန်ရတော့မယ်"
သည်နေ့သူမ အပြင်တွင်နေခဲ့သည်မှာ ကြာသွားခဲ့ချေပြီ။ ပုံမှန်အားဖြင့် သူမက ထိုသို့နေတတ်လေ့ရှိသူ မဟုတ်သေးချေ။
ဝမ်ဖေးဖြစ်လာပြီးနောက် ယဲ့ကျန်းအနေနှင့် အပြင်ထွက်ခဲလာသည်။ ယခုလုယောင်ယောင် ဖြစ်သွားသည့်အခါ ကျင့်သားရအောင် သူမ ကြိုးစားသင့်လေသည်။ သူမ၏ဖခင်က တစ်ချိန်က ပြောခဲ့ဖူးသည်။ အမျိုးသမီးများက အဆောင်ခန်းနှင့် ကြာကြာခွဲ၍မနေသင့်ဟု ပြောခဲ့ဖူးသည်။ သို့သော် လူတိုင်းတွင်လည်း ကိုယ်ပိုင်ကျေနပ်ဖွယ်ဘဝများကို ပိုင်ဆိုင်နေသင့်လေသည်။
အတိတ်တွင် သူမက ယဲ့ရီချင်၏စကားများကို နားမလည်ခဲ့ချေ။ ယခုအခါမှသာ သူမဖခင်က သူမအတွက် ပြောခဲ့ခြင်းဖြစ်ကြောင်း နားလည်သွားသည်။ ဝမ်ဖေး ဖြစ်လာပြီးနောက်တွင် သူမ လုပ်နေကြပုံမှန်ကိစ္စအများစုကို လုပ်ခွင့်မရှိတော့ပေ။ သူမ၏ဖခင်ကလည်း သူမက ထိုသို့ နိမ့်ကျသထက်နိမ့်ကျလာပြီး သနားစရာကောင်းလာသည့်ဘဝကို မကြည့်ရက်တော့သည့်အတွက် သူမ၏ ခံစားချက်များ ကောင်းမွန်လာစေရန် ကြိုးစားပေးလေ့ရှိကာ သူမ လိုချင်သည်များကို ပြုလုပ်ပေးလေ့ရှိသည်။
လက်ရှိအချိန်တွင် ယဲ့ကျန်းက အခြားသူများ ကျေနပ်နှစ်သက်ရန်အတွက် ကိုယ့်ကိုယ်ကိုယ် ပြောင်းလဲရန်ဆန္ဒမရှိတော့ချေ။ ပြန်လည်မွေးဖွားရန် အခွင့်အရေးရှိပြီးနောက်တွင် ကိုယ်တိုင်အတွက် အံ့အားသင့်ဖွယ်ကောင်းသည့်ဘဝကို ပိုင်ဆိုင်အောင် လုပ်ရမည်ဖြစ်ပြီး သူမ၏ညီမဖြစ်သူအတွက်လည်း ထိုသို့ပျော်ရွှင်အောင် လုပ်ပေးရမည်ပေ။ ထို့ကြောင့်အခြားသူများ၏ အသိအမှတ် ပြုခံရခြင်းကို အာရုံထားမည် မဟုတ်ချေ။ သူမ လွဲချော်သွားသည့် အခွင့်အရေးများနှင့်အတူရှိရန် အချိန်မပေးနိုင်ခဲ့မှုများ အတွက်သာ အချိန်ပေးပြီး ထိုလူများနှင့် ပျော်ရွှင်စွာ နေထိုင်သင့်ပေသည်။ သူမက ထိုအခွင့်အရေးကို ဖမ်းဆုပ်ထားရမည်ပေ။
ယဲ့ကျန်း၏စိတ်အခြေအနေက တက်ကြွသွားသည်။ သူမက လက်ကို ဖြန့်ပြီးနောက် လက်ဖဝါးပေါ်တွင်ရှိသည့် မီးလောင်နေသောဖီးနစ်သင်္ကေတလေးကို ကြည့်လိုက်သည်။ သူမ၏ဆေးပညာစွမ်းရည်က ပြီးပြည့်စုံခြင်း မရှိသေးသော်လည်း ကိစ္စမရှိချေ။ သူမတွင် တစ်ကြိမ်မြင်ရုံဖြင့် ဘယ်သောအခါမှ မမေ့တော့မည့် စွမ်းရည်ရှိပြီး လင်းချွမ်ကလည်း ဒဏ်ရာတိုင်းကို ကုသပေးနိုင်သည်။
ဒါဆိုရင် ငါက ဘာကို စိုးရိမ်နေရအုံးမှာလဲ။
သူမအနေနှင့် နန်းတော်ထဲသို့ဝင်ပြီး တော်ဝင်ဆေးဆရာတစ်ယောက် ဖြစ်လာသင့်သည်။ သူမအား အနိုင်ကျင့်ခဲ့ဖူးသူများ၊ ဒုက္ခပေးခဲ့သူများအားလုံးက သူမ၏ခြေထောက်အောက်တွင် ဒူးထောက်တွားသွားလျက် ခစားလာသင့်သည်။
လုစံအိမ်တော်သို့ ပြန်ရောက်ပြီးနောက်တွင် ယဲ့ကျန်းက ဖေးရှီထံ အရင်သွားတွေ့ပြီးနောက်တွင် ဆရာမရှန်းက အကယ်ဒမီသို့ ပြန်လာတော့မည်ဖြစ်သည့် အကြောင်းကို ပြောပြသည်။ တစ်ဖက်သူကလည်း အလွန်အမင်း ပျော်ရွှင်သွားတော့ကာ ထိုသို့ဆိုလျှင် သူမ၏သမီးဖြစ်သူက ဆက်လက်ပြီး သင်ကြားနိုင်တော့မည်ဖြစ်ကြောင်း နားလည်သွားသည်။
ယဲ့ကျန်းက ရယ်သည်။
"သမီးလည်း အရမ်းပျော်ရွှင်နေတာပါ"
"သခင်မကြီးက သမီးကိုရှာနေတဲ့ပုံပဲ သွားပြီးနှုတ်ဆက်လိုက်ပါအုံး"
ဖေးရှီက သမီးဖြစ်သူကိုတိုက်တွန်းသည်။
"ဒါဆိုလည်း သမီး အဘွားဆီ သွားလိုက်တော့မယ်၊ ဒါပေမဲ့ အရင်ဆုံးအနေနဲ့ ဒီရေမွှေးတွေကို လက်ခံပါအုံး၊ သမီး အမေ့အတွက် ကိုယ်တိုင်ကိုယ်ကျဝယ်လာခဲ့တာ၊ သူတို့က တိုင်းတစ်ပါးက တင်သွင်းလာခါစလို့ပြောတယ်"
ယဲ့ကျန်းက ရေမွှေးပုလင်းနှစ်လုံးကို ထုတ်ပြီးနောက်တွင် သူမအားပေးလိုက်သည်။
"သမီးအနံ့မွှေးကြည့်ပြီးပြီ၊ အားလုံးက ကောင်းတယ်"
ဖေးရှီက ပျော်သွားသည်။
"အို နောက်ဆုံးတော့ ဒီသမီးလေးက ကြီးပြင်းလာပြီပဲ၊ အရင်ကဆိုရင် ဒီလိုအရာတွေကို ဂရုစိုက်တာ မဟုတ်ဘူး"
မှတ်မိသွားဟန်ဖြင့် ယဲ့ကျန်းက အော်ရယ်တော့သည်။
"ဆရာမရှန်းက မိန်းကလေးတွေက အလှအပပစ္စည်းတွေကို မကြိုက်ရင် မကောင်းဘူးလို့ ပြောတယ်၊ ဒါကြောင့်သမီးဝယ်ခဲ့တာ"
"အင်း ဒီသမီးလေးက နောက်ဆုံးတော့ အလှတရားကို ခံစားတတ်လာပြီပဲ"
"ကောင်းပြီ အမေ ဒီလိုမျိုးပျော်ရွှင်နေတာမြင်ရတာ သဘောကျမိပါတယ်"
ယဲ့ကျန်းက ပြုံးလိုက်ပြီးနောက်တွင် သခင်မကြီးလုထံသို့ သွားသည်။ ကျန်သော ပုလင်းများကိုလည်း သခင်မကြီးလုအား ပေးမည်ဖြစ်သည်။
သခင်မကြီးလု၏အဆောင်အခန်းထဲတွင် စည်ကားနေသည်။ အကြီးအကဲများက သူတို့၏ကလေးများနှင့် မြေးများကိုခေါ်ကာ နေထိုင်ရခြင်းကို သဘောကျလေ့ရှိကြလေ သည်။
"အဘွား သမီးပြန်လာပြီ"
ယဲ့ကျန်း၏ ပုံရိပ်ကို မည်သူမျှ မမြင်ရသေးသော်လည်း သူမ၏ချိုမြိန်သော သာယာသည့်အသံက အရင်ထွက်လာပြီဖြစ်သည်။
ယဲ့ကျန်းက ဝင်လာသောအခါ ထိုနေရာတွင် ညီအစ်မများအားလုံးရှိနေကြပြီး သခင်မကြီးလုကို တစ်ယောက်ပြီးတစ်ယောက် လက်ဆောင်အပြေးအလွှား ပေးနေကြကြောင်း မြင်ရသည်။ သူမက ဝင်ထိုင်ပြီးနောက်တွင် ရေမွှေးအိတ်ကို ထုတ်လိုက်၏။
"သမီး ဒီနေ့ ရှန်းကျင်းလမ်းကျဉ်းထဲက ချီကျင်းကိုဖြတ်လာတော့ တိုင်းတစ်ပါးက ရောက်လာတဲ့ အရာအားလုံးရှိတယ်လို့ကြားတာနဲ့ ဝင်ရောက်ကြည့်ခဲ့တာ၊ ဒီရေမွှေးတွေအားလုံးရဲ့အနံ့ကလည်း ထူးခြားတယ်၊ ဒါကြောင့် အဘွားအတွက် ညီမတွေအတွက် ပုလင်းနည်းနည်း ဝယ်လာခဲ့တယ်"
သူမ အံ့ဩသွားရသည်မှာ လုကျင်းက မကျေမနပ်ပြောလာခြင်းဖြစ်သည်။
"တတိယအစ်မ တို့တွေမိသားစုက ဘာလဲဆိုတာမေ့သွားပြီလာ၊ တို့တွေက ကုန်သည်တွေပဲ ဒီတော့ တိုင်းတစ်ပါးက တင်ပို့လာတဲ့ပစ္စည်းတွေ ပြတ်လပ်တယ်လို့များ ထင်နေတာလား၊ ဒါ့အပြင် ချီကျင်းက တို့တွေနဲ့ ရန်သူပဲ၊ အဲဒီကိုသွားပြီး သူတို့ရဲ့ပစ္စည်းကို သွားဝယ်တယ်၊ ဒီမိသားစုက ပစ္စည်းတွေက ချီကျင်းကလောက် မကောင်းဘူးလို့ ပြောချင်တာလား"
...
Zawgyi
အပိုင္း ၁၄၄
ယဲ့က်န္းက ခ်ီက်င္းႏွင့္ေျမးျဖစ္သူတို႔ လူအုပ္ထဲဝင္ကာ ေပ်ာက္ကြယ္သြားျခင္းကို စိုက္ၾကည့္ေနလိုက္သည္။ ဘာေၾကာင့္ရယ္မသိ သူတို႔ႏွင့္ သိပ္မၾကာခင္အခ်ိန္တြင္ ထပ္ေတြ႕ရမည္ဟု မသိစိတ္က ခံစားေနရသည္။
"မိန္းကေလး ဒီမိန္းမက တကယ္႐ိုင္းတာပဲ၊ သူ႔ေျမးကို ကယ္ေပးထားတာကိုေတာင္ အမည္ေတာင္ မေျပာဘဲ ထြက္သြားတယ္"
သိုက္ေမ့က မေက်မနပ္ေျပာလာသည္။ သူမ၏သခင္မေလးအတြက္ မမွ်တမႈအား ခုခံေပးလိုဟန္ရသည္။
"ထားလိုက္ပါ၊ သူေျပာသလို တို႔ေတြ အနာဂတ္မွာ ထပ္ေတြ႕တာလည္း ျဖစ္ႏိုင္တာပဲ၊ ဒါ့အျပင္ သူမရဲ႕ ေက်းဇူးတင္စကားကတင္ လုံေလာက္ပါတယ္"
ယဲ့က်န္းက ထိုမိန္းမအေၾကာင္းျပန္ေတြးၿပီးေနာက္တြင္ ၿပဳံး႐ုံသာ ၿပဳံးလိုက္သည္။
"တို႔ေတြလည္း အိမ္ျပန္ရေတာ့မယ္"
သည္ေန႔သူမ အျပင္တြင္ေနခဲ့သည္မွာ ၾကာသြားခဲ့ေခ်ၿပီ။ ပုံမွန္အားျဖင့္ သူမက ထိုသို႔ေနတတ္ေလ့ရွိသူ မဟုတ္ေသးေခ်။
ဝမ္ေဖးျဖစ္လာၿပီးေနာက္ ယဲ့က်န္းအေနႏွင့္ အျပင္ထြက္ခဲလာသည္။ ယခုလုေယာင္ေယာင္ ျဖစ္သြားသည့္အခါ က်င့္သားရေအာင္ သူမ ႀကိဳးစားသင့္ေလသည္။ သူမ၏ဖခင္က တစ္ခ်ိန္က ေျပာခဲ့ဖူးသည္။ အမ်ိဳးသမီးမ်ားက အေဆာင္ခန္းႏွင့္ ၾကာၾကာခြဲ၍မေနသင့္ဟု ေျပာခဲ့ဖူးသည္။ သို႔ေသာ္ လူတိုင္းတြင္လည္း ကိုယ္ပိုင္ေက်နပ္ဖြယ္ဘဝမ်ားကို ပိုင္ဆိုင္ေနသင့္ေလသည္။
အတိတ္တြင္ သူမက ယဲ့ရီခ်င္၏စကားမ်ားကို နားမလည္ခဲ့ေခ်။ ယခုအခါမွသာ သူမဖခင္က သူမအတြက္ ေျပာခဲ့ျခင္းျဖစ္ေၾကာင္း နားလည္သြားသည္။ ဝမ္ေဖး ျဖစ္လာၿပီးေနာက္တြင္ သူမ လုပ္ေနၾကပုံမွန္ကိစၥအမ်ားစုကို လုပ္ခြင့္မရွိေတာ့ေပ။ သူမ၏ဖခင္ကလည္း သူမက ထိုသို႔ နိမ့္က်သထက္နိမ့္က်လာၿပီး သနားစရာေကာင္းလာသည့္ဘဝကို မၾကည့္ရက္ေတာ့သည့္အတြက္ သူမ၏ ခံစားခ်က္မ်ား ေကာင္းမြန္လာေစရန္ ႀကိဳးစားေပးေလ့ရွိကာ သူမ လိုခ်င္သည္မ်ားကို ျပဳလုပ္ေပးေလ့ရွိသည္။
လက္ရွိအခ်ိန္တြင္ ယဲ့က်န္းက အျခားသူမ်ား ေက်နပ္ႏွစ္သက္ရန္အတြက္ ကိုယ့္ကိုယ္ကိုယ္ ေျပာင္းလဲရန္ဆႏၵမရွိေတာ့ေခ်။ ျပန္လည္ေမြးဖြားရန္ အခြင့္အေရးရွိၿပီးေနာက္တြင္ ကိုယ္တိုင္အတြက္ အံ့အားသင့္ဖြယ္ေကာင္းသည့္ဘဝကို ပိုင္ဆိုင္ေအာင္ လုပ္ရမည္ျဖစ္ၿပီး သူမ၏ညီမျဖစ္သူအတြက္လည္း ထိုသို႔ေပ်ာ္႐ႊင္ေအာင္ လုပ္ေပးရမည္ေပ။ ထို႔ေၾကာင့္အျခားသူမ်ား၏ အသိအမွတ္ ျပဳခံရျခင္းကို အာ႐ုံထားမည္ မဟုတ္ေခ်။ သူမ လြဲေခ်ာ္သြားသည့္ အခြင့္အေရးမ်ားႏွင့္အတူရွိရန္ အခ်ိန္မေပးႏိုင္ခဲ့မႈမ်ား အတြက္သာ အခ်ိန္ေပးၿပီး ထိုလူမ်ားႏွင့္ ေပ်ာ္႐ႊင္စြာ ေနထိုင္သင့္ေပသည္။ သူမက ထိုအခြင့္အေရးကို ဖမ္းဆုပ္ထားရမည္ေပ။
ယဲ့က်န္း၏စိတ္အေျခအေနက တက္ႂကြသြားသည္။ သူမက လက္ကို ျဖန႔္ၿပီးေနာက္ လက္ဖဝါးေပၚတြင္ရွိသည့္ မီးေလာင္ေနေသာဖီးနစ္သေကၤတေလးကို ၾကည့္လိုက္သည္။ သူမ၏ေဆးပညာစြမ္းရည္က ၿပီးျပည့္စုံျခင္း မရွိေသးေသာ္လည္း ကိစၥမရွိေခ်။ သူမတြင္ တစ္ႀကိမ္ျမင္႐ုံျဖင့္ ဘယ္ေသာအခါမွ မေမ့ေတာ့မည့္ စြမ္းရည္ရွိၿပီး လင္းခြၽမ္ကလည္း ဒဏ္ရာတိုင္းကို ကုသေပးႏိုင္သည္။
ဒါဆိုရင္ ငါက ဘာကို စိုးရိမ္ေနရအုံးမွာလဲ။
သူမအေနႏွင့္ နန္းေတာ္ထဲသို႔ဝင္ၿပီး ေတာ္ဝင္ေဆးဆရာတစ္ေယာက္ ျဖစ္လာသင့္သည္။ သူမအား အႏိုင္က်င့္ခဲ့ဖူးသူမ်ား၊ ဒုကၡေပးခဲ့သူမ်ားအားလုံးက သူမ၏ေျခေထာက္ေအာက္တြင္ ဒူးေထာက္တြားသြားလ်က္ ခစားလာသင့္သည္။
လုစံအိမ္ေတာ္သို႔ ျပန္ေရာက္ၿပီးေနာက္တြင္ ယဲ့က်န္းက ေဖးရွီထံ အရင္သြားေတြ႕ၿပီးေနာက္တြင္ ဆရာမရွန္းက အကယ္ဒမီသို႔ ျပန္လာေတာ့မည္ျဖစ္သည့္ အေၾကာင္းကို ေျပာျပသည္။ တစ္ဖက္သူကလည္း အလြန္အမင္း ေပ်ာ္႐ႊင္သြားေတာ့ကာ ထိုသို႔ဆိုလွ်င္ သူမ၏သမီးျဖစ္သူက ဆက္လက္ၿပီး သင္ၾကားႏိုင္ေတာ့မည္ျဖစ္ေၾကာင္း နားလည္သြားသည္။
ယဲ့က်န္းက ရယ္သည္။
"သမီးလည္း အရမ္းေပ်ာ္႐ႊင္ေနတာပါ"
"သခင္မႀကီးက သမီးကိုရွာေနတဲ့ပုံပဲ သြားၿပီးႏႈတ္ဆက္လိုက္ပါအုံး"
ေဖးရွီက သမီးျဖစ္သူကိုတိုက္တြန္းသည္။
"ဒါဆိုလည္း သမီး အဘြားဆီ သြားလိုက္ေတာ့မယ္၊ ဒါေပမဲ့ အရင္ဆုံးအေနနဲ႔ ဒီေရေမႊးေတြကို လက္ခံပါအုံး၊ သမီး အေမ့အတြက္ ကိုယ္တိုင္ကိုယ္က်ဝယ္လာခဲ့တာ၊ သူတို႔က တိုင္းတစ္ပါးက တင္သြင္းလာခါစလို႔ေျပာတယ္"
ယဲ့က်န္းက ေရေမႊးပုလင္းႏွစ္လုံးကို ထုတ္ၿပီးေနာက္တြင္ သူမအားေပးလိုက္သည္။
"သမီးအနံ႔ေမႊးၾကည့္ၿပီးၿပီ၊ အားလုံးက ေကာင္းတယ္"
ေဖးရွီက ေပ်ာ္သြားသည္။
"အို ေနာက္ဆုံးေတာ့ ဒီသမီးေလးက ႀကီးျပင္းလာၿပီပဲ၊ အရင္ကဆိုရင္ ဒီလိုအရာေတြကို ဂ႐ုစိုက္တာ မဟုတ္ဘူး"
မွတ္မိသြားဟန္ျဖင့္ ယဲ့က်န္းက ေအာ္ရယ္ေတာ့သည္။
"ဆရာမရွန္းက မိန္းကေလးေတြက အလွအပပစၥည္းေတြကို မႀကိဳက္ရင္ မေကာင္းဘူးလို႔ ေျပာတယ္၊ ဒါေၾကာင့္သမီးဝယ္ခဲ့တာ"
"အင္း ဒီသမီးေလးက ေနာက္ဆုံးေတာ့ အလွတရားကို ခံစားတတ္လာၿပီပဲ"
"ေကာင္းၿပီ အေမ ဒီလိုမ်ိဳးေပ်ာ္႐ႊင္ေနတာျမင္ရတာ သေဘာက်မိပါတယ္"
ယဲ့က်န္းက ၿပဳံးလိုက္ၿပီးေနာက္တြင္ သခင္မႀကီးလုထံသို႔ သြားသည္။ က်န္ေသာ ပုလင္းမ်ားကိုလည္း သခင္မႀကီးလုအား ေပးမည္ျဖစ္သည္။
သခင္မႀကီးလု၏အေဆာင္အခန္းထဲတြင္ စည္ကားေနသည္။ အႀကီးအကဲမ်ားက သူတို႔၏ကေလးမ်ားႏွင့္ ေျမးမ်ားကိုေခၚကာ ေနထိုင္ရျခင္းကို သေဘာက်ေလ့ရွိၾကေလ သည္။
"အဘြား သမီးျပန္လာၿပီ"
ယဲ့က်န္း၏ ပုံရိပ္ကို မည္သူမွ် မျမင္ရေသးေသာ္လည္း သူမ၏ခ်ိဳၿမိန္ေသာ သာယာသည့္အသံက အရင္ထြက္လာၿပီျဖစ္သည္။
ယဲ့က်န္းက ဝင္လာေသာအခါ ထိုေနရာတြင္ ညီအစ္မမ်ားအားလုံးရွိေနၾကၿပီး သခင္မႀကီးလုကို တစ္ေယာက္ၿပီးတစ္ေယာက္ လက္ေဆာင္အေျပးအလႊား ေပးေနၾကေၾကာင္း ျမင္ရသည္။ သူမက ဝင္ထိုင္ၿပီးေနာက္တြင္ ေရေမႊးအိတ္ကို ထုတ္လိုက္၏။
"သမီး ဒီေန႔ ရွန္းက်င္းလမ္းက်ဥ္းထဲက ခ်ီက်င္းကိုျဖတ္လာေတာ့ တိုင္းတစ္ပါးက ေရာက္လာတဲ့ အရာအားလုံးရွိတယ္လို႔ၾကားတာနဲ႔ ဝင္ေရာက္ၾကည့္ခဲ့တာ၊ ဒီေရေမႊးေတြအားလုံးရဲ႕အနံ႔ကလည္း ထူးျခားတယ္၊ ဒါေၾကာင့္ အဘြားအတြက္ ညီမေတြအတြက္ ပုလင္းနည္းနည္း ဝယ္လာခဲ့တယ္"
သူမ အံ့ဩသြားရသည္မွာ လုက်င္းက မေက်မနပ္ေျပာလာျခင္းျဖစ္သည္။
"တတိယအစ္မ တို႔ေတြမိသားစုက ဘာလဲဆိုတာေမ့သြားၿပီလာ၊ တို႔ေတြက ကုန္သည္ေတြပဲ ဒီေတာ့ တိုင္းတစ္ပါးက တင္ပို႔လာတဲ့ပစၥည္းေတြ ျပတ္လပ္တယ္လို႔မ်ား ထင္ေနတာလား၊ ဒါ့အျပင္ ခ်ီက်င္းက တို႔ေတြနဲ႔ ရန္သူပဲ၊ အဲဒီကိုသြားၿပီး သူတို႔ရဲ႕ပစၥည္းကို သြားဝယ္တယ္၊ ဒီမိသားစုက ပစၥည္းေတြက ခ်ီက်င္းကေလာက္ မေကာင္းဘူးလို႔ ေျပာခ်င္တာလား"
...