အပိုင်း ၁၄၀
ယဲ့ကျန်းက ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်သည်။ ဟုန်လင်းမှလွဲပြီး သူမ မည်သူနှင့်မျှ မရင်းနှီးနေခဲ့ချေ။ သည်ဆိုင်တွင်ရှိနေသော ဆိုင်ရှင်ကိုပင် တစ်ကြိမ်သော်မျှ မြင်ဖူးခဲ့ခြင်း မရှိသေးချေ။
မရင်းနှီးသောပတ်ဝန်းကျင်က သူမအတွက် စိမ်းသက်နေသည်မှာ အံ့ဩစရာ မရှိချေ။ ယဲ့ကျန်းက ရင်းနှီးကျွမ်းဝင်မှုကို ပြသခြင်းမရှိဘဲ ပြုံးရုံသာပြုံးလျက် ပြောလိုက်သည်။
"တိုင်းတစ်ပါးကဝင်လာတဲ့ ရေမွှေးအသစ်တွေ ရောက်နေတယ်လို့ တို့ကြားလို့ လာခဲ့တာပဲ၊ တို့ကို ပြပေးနိုင်မလား"
သဘောကျသွားဟန်ရသော ဟုန်လင်း၏မျက်ဝန်းများက ကော့တက်ကာ ရင်းနှီးကျွမ်းဝင်ဟန်ဖြင့် ပြုံးပြသည်။
"မိန်းကလေးက အချိန်ကိုက်ရောက်လာတာပဲ၊ ကျွန်မတို့ရဲ့ဆိုင်ကို ထိပ်တန်းအဆင့် ရေမွှေးတွေ တင်ပို့လာတဲ့သင်္ဘောက သိပ်မကြာခင်ကမှ ဆိုက်ထားတာပါ၊ ဘာလို့ အပေါ်ထပ်ကို လိုက်ပြီး မရွေးကြည့်တာပါလဲ"
အစပိုင်းတွင် ယဲ့ကျန်းက သူမ ယခင်အစေခံဖြစ်သူ၏ အပြင်ပန်းတွင် အလွန်တည်ငြိမ်ပြီး ပြောင်မြောက်သည့် သရုပ်ဆောင်မှုကြောင့် အံ့ဩသွားခဲ့ရသေးသည်။ ဟုန်လင်းက သူမအတိုင်း လိုက်လျောညီထွေစွာ သရုပ်ဆောင်ပေးကြောင်း မြင်ရချိန်တွင် စိတ်ကျေနပ်သွားရသည်။
"ကောင်းပြီ၊ တို့အရင်ကြည့်တာ အကောင်းဆုံးပဲ"
ထို့နောက် ဟုန်လင်းက ဦးဆောင်ကာ အပေါ်ထပ်၏အခန်းထံသို့ ခေါ်သွားပေးသည်။ တံခါးက ပိတ်လိုက်သည်နှင့် သူမက အင်္ကျီထဲမှ ဓားမြှောင်ကိုထုတ်ကာ ယဲ့ကျန်းကို ချိန်ပြီးပြောသည်။
"နင်က ဘယ်သူလဲ၊ ဘာလို့ ငါတို့ရဲ့သခင်မလေးနဲ့အရမ်းတူနေတာလဲ၊ နောက်ပြီး ဘာလို့ သခင်မလေးရဲ့အကြောင်းတွေကို သိနေတာလဲ"
သူက အစေခံတစ်ယောက်မျှသာ ဖြစ်သော်လည်း ငယ်စဉ်ကတည်းက ယဲ့စံအိမ်တော်၏ လေ့ကျင့်ပေးခြင်းကို ခံခဲ့ရသူဖြစ်သည်။
ထိုအမျိုးသမီးက သူမ၏သခင်မလေးနှင့် တစ်ထပ်တည်းနီးပါး တူညီလွန်းနေသည့်အတွက် အံ့အားသင့်ခဲ့ရပြီးနောက်တွင် ယဲ့ဝမ်ဖေးကို မြင်ရသည်ဟု အထင်မှားခဲ့ခြင်းဖြစ်သည်။ သို့သော် ထိုနေ့က အိမ်သို့ပြန်သွားပြီးနောက်မှသာလျှင် အရာအားလုံးကို ဂရုစိုက်တွေးတောကြည့်ပြီးနောက်ပိုင်းတွင် မဖြစ်နိုင်ကြောင်း သိလိုက်ရသည်။ သူမ၏မှတ်ဉာဏ်က လတ်ဆတ်နေသေးသည်။ အာဏာရှင်သဖွယ် ပြုမူခဲ့သည့် လုလင်ကျစ်က သခင်မဖြစ်သူကို မီးတောက်ထဲသို့ တွန်းထည့်ခြင်းကို သူမကိုယ်တိုင် မျက်လုံးဖြင့် မြင်ခဲ့ရခြင်းဖြစ်သည်။ ယဲ့ဝမ်ဖေးက မသေလျှင်ပင် အမာရွတ်များမရှိဘဲ အကောင်းအတိုင်း ရှိရန် မဖြစ်နိုင်ချေ။
ယခင်ရက်များအတွင် သူမက လျှို့ဝှက်စွာ တွေးတောစုံစမ်းခဲ့ပြီးနောက်တွင် တစ်ဖက်သူက လုမိသားစုမှ တတိယသခင်မလေး ဖြစ်ကြောင်း သိလိုက်ရသည်။ အထူးသဖြင့် လုလင်ကျစ်၏ဝမ်းကွဲ ဖြစ်နေသည်။
ဟုန်လင်းက အသင့်အနေအထား မဖြစ်ဘဲ ဘယ်လိုနေနိုင်မှာလဲ၊ ဒါက လုလင်ကျစ်ရဲ့ နောက်ထပ်လှည့်စားမှုဆိုရင် ဘယ်လိုလုပ်မလဲ။
ယဲ့ကျန်းက ဟုန်လင်း၏ သတိထားသောမျက်ဝန်းများကို မြင်ချိန်တွင် လေးစားသွားရသည်။ သူမ၏အစေခံက ပြောင်းလဲသွားခြင်း မရှိခဲ့ချေ။ သူမက ပဝါပါသည့်ဦးထုပ်ကို ဖယ်ရှားလိုက်ပြီးနောက်တွင် သူမ၏လှပသည့်မျက်နှာကို ဖော်ပြလိုက်သည်။
"နင်က ငါ့ဆီကို အသက် ၆ နှစ်အရွယ်မှာ ရောက်လာခဲ့တယ်၊ အဲဒီအချိန်တုန်းက နင် စကားတောင် ကောင်းကောင်း မပြောနိုင်သေးဘူး၊ လျှိုဝေ့က နင့်ကို အဝေး ပို့ချင်ခဲ့တာ၊ ဒါပေမဲ့ ငါ ငြင်းခဲ့တယ်၊ ငါ နင့်ကို အမည်ပေးခဲ့တယ်၊ စာဘယ်လိုရေးရမလဲဆိုတာကိုလည်း ငါပဲသင်ပေးခဲ့တာ၊ တစ်ချိန်ကဆိုရင် ငါ နည်းနည်းစိတ်ရူးပေါက်ပြီး မက်မွန်သီးတွေ ခူးချင်လို့ သစ်ပင်ပေါ် တွယ်တက်ခဲ့သေးတယ်၊ ငါ မတော်တဆ ပြုတ်ကျလာခဲ့ပေမဲ့ နင်က အောက်ဘက်ကနေ ငါ့ကို ထွေးပွေ့ထားပေးခဲ့လို့ ငါ့လက်က မကျိုးသွားဘဲ အကောင်းအတိုင်းရှိနေခဲ့တယ် ..."
"ဒါတွေက လျှို့ဝှက်ချက်တွေမဟုတ်ဘူး၊ နင်သာ သေချာစုံစမ်းရင်သိနိုင်တာပဲ"
ဟုန်လင်းက စိတ်ထဲတွင် အံ့အားသင့်မှုကို ဖိနှိပ်ကာ တစ်ဖက်သူဟာ သခင်မလေးယဲ့ ဖြစ်ကြောင်း မယုံကြည်နိုင်သေးချေ။
ဘယ်လိုဖြစ်နိုင်မှာလဲ၊ ငါ ခစားခဲ့တဲ့လှပပြီး အဆင့်အတန်းမြင့်တဲ့သခင်မလေးကို လုလင်ကျစ်ကိုယ်တိုင် သတ်လိုက်တာလေ။
ငါ့ရဲ့အရှေ့က တစ်ယောက်က သေချာပေါက် သူမ မဖြစ်လောက်ဘူး။
"ဒါဆိုရင် နင်ယုံအောင် ငါက ဘယ်လိုလျှို့ဝှက်ချက်တွေ ပြောပြသင့်လဲ"
ယဲ့ကျန်းက ပေါ့ပါးစွာ မေးသည်။
"ငါ့တို့ရဲ့သခင်မလေးမှာ အမည်ရှိ ..."
ဟုန်လင်း၏အသံက အနည်းငယ်လှုပ်ခါသွားသည်။
"ယောင်ယောင်"
ယဲ့ကျန်းက တိုက်ရိုက်ပြောသည်။ မကြားရသည်မှာ အချိန်အတန်ကြာပြီဖြစ်သော အမည်ကို ကြားလိုက်ရချိန်တွင် ဟုန်လင်း၏မျက်ဝန်းများက ပြူးကျယ်သွားတော့ကာ မျက်ရည်များကပင် ထိန်းချုပ်၍ မရတော့ဘဲ စီးကျလာတော့သည်။
"အနောက်မြောက်ဘက်ခြံဝန်းထဲက ပန်းသီးရိုင်းပင်ရဲ့အောက်မှာ ... ငါ ကလေးဘဝတုန်းက ကျိုးသွားတဲ့ ငါ့ရဲ့ရှေ့သွားကို မြှုပ်ထားတယ်၊ ငါ့ရဲ့အမေက ငါ့ကို ဒေါသထွက်တဲ့အချိန်တိုင်း စာကြည့်ဆောင်ထဲမှာ ငါက ပုန်းရတာကိုသဘောကျပြီး ငါ့ကို ဘယ်သူကမှလည်း ရှာမတွေ့ကြဘူး"
ယဲ့ကျန်းက ဟုန်လင်း၏မျက်ရည်များကို ကြည့်ပြီးနောက်တွင် ထိုမှတ်ဉာဏ်များကြောင့် သူမကိုယ်တိုင်ပင် တုန်လှုပ်သွားရသည်။
"သခင်မလေး တကယ်ပဲ သခင်မလေးပဲ"
ထိုသစ်ပင်အောက်တွင် ကျိုးသွားသောရှေ့သွားကို မြှုပ်ထားသည်ဆိုသည့် အကြောင်းအရာကို သူမနှင့် ယဲ့ကျန်း နှစ်ယောက်တည်းသာလျှင်သိသည်။ သူမ၏အရှေ့ရှိ မိန်းကလေးက သူမနှင့်အတူ ကြီးပြင်းလာခဲ့သော သခင်မလေးဖြစ်နေသည်။
ယဲ့ကျန်းက ညင်သာစွာ ခေါင်းညိတ်လိုက်သည်။
"ဟုတ်တယ် ငါ ပြန်လာပြီ"
...
Zawgyi
အပိုင္း ၁၄၀
ယဲ့က်န္းက ပတ္ဝန္းက်င္ကို တစ္ခ်က္ၾကည့္သည္။ ဟုန္လင္းမွလြဲၿပီး သူမ မည္သူႏွင့္မွ် မရင္းႏွီးေနခဲ့ေခ်။ သည္ဆိုင္တြင္ရွိေနေသာ ဆိုင္ရွင္ကိုပင္ တစ္ႀကိမ္ေသာ္မွ် ျမင္ဖူးခဲ့ျခင္း မရွိေသးေခ်။
မရင္းႏွီးေသာပတ္ဝန္းက်င္က သူမအတြက္ စိမ္းသက္ေနသည္မွာ အံ့ဩစရာ မရွိေခ်။ ယဲ့က်န္းက ရင္းႏွီးကြၽမ္းဝင္မႈကို ျပသျခင္းမရွိဘဲ ၿပဳံး႐ုံသာၿပဳံးလ်က္ ေျပာလိုက္သည္။
"တိုင္းတစ္ပါးကဝင္လာတဲ့ ေရေမႊးအသစ္ေတြ ေရာက္ေနတယ္လို႔ တို႔ၾကားလို႔ လာခဲ့တာပဲ၊ တို႔ကို ျပေပးႏိုင္မလား"
သေဘာက်သြားဟန္ရေသာ ဟုန္လင္း၏မ်က္ဝန္းမ်ားက ေကာ့တက္ကာ ရင္းႏွီးကြၽမ္းဝင္ဟန္ျဖင့္ ၿပဳံးျပသည္။
"မိန္းကေလးက အခ်ိန္ကိုက္ေရာက္လာတာပဲ၊ ကြၽန္မတို႔ရဲ႕ဆိုင္ကို ထိပ္တန္းအဆင့္ ေရေမႊးေတြ တင္ပို႔လာတဲ့သေဘၤာက သိပ္မၾကာခင္ကမွ ဆိုက္ထားတာပါ၊ ဘာလို႔ အေပၚထပ္ကို လိုက္ၿပီး မေ႐ြးၾကည့္တာပါလဲ"
အစပိုင္းတြင္ ယဲ့က်န္းက သူမ ယခင္အေစခံျဖစ္သူ၏ အျပင္ပန္းတြင္ အလြန္တည္ၿငိမ္ၿပီး ေျပာင္ေျမာက္သည့္ သ႐ုပ္ေဆာင္မႈေၾကာင့္ အံ့ဩသြားခဲ့ရေသးသည္။ ဟုန္လင္းက သူမအတိုင္း လိုက္ေလ်ာညီေထြစြာ သ႐ုပ္ေဆာင္ေပးေၾကာင္း ျမင္ရခ်ိန္တြင္ စိတ္ေက်နပ္သြားရသည္။
"ေကာင္းၿပီ၊ တို႔အရင္ၾကည့္တာ အေကာင္းဆုံးပဲ"
ထို႔ေနာက္ ဟုန္လင္းက ဦးေဆာင္ကာ အေပၚထပ္၏အခန္းထံသို႔ ေခၚသြားေပးသည္။ တံခါးက ပိတ္လိုက္သည္ႏွင့္ သူမက အက်ႌထဲမွ ဓားေျမႇာင္ကိုထုတ္ကာ ယဲ့က်န္းကို ခ်ိန္ၿပီးေျပာသည္။
"နင္က ဘယ္သူလဲ၊ ဘာလို႔ ငါတို႔ရဲ႕သခင္မေလးနဲ႔အရမ္းတူေနတာလဲ၊ ေနာက္ၿပီး ဘာလို႔ သခင္မေလးရဲ႕အေၾကာင္းေတြကို သိေနတာလဲ"
သူက အေစခံတစ္ေယာက္မွ်သာ ျဖစ္ေသာ္လည္း ငယ္စဥ္ကတည္းက ယဲ့စံအိမ္ေတာ္၏ ေလ့က်င့္ေပးျခင္းကို ခံခဲ့ရသူျဖစ္သည္။
ထိုအမ်ိဳးသမီးက သူမ၏သခင္မေလးႏွင့္ တစ္ထပ္တည္းနီးပါး တူညီလြန္းေနသည့္အတြက္ အံ့အားသင့္ခဲ့ရၿပီးေနာက္တြင္ ယဲ့ဝမ္ေဖးကို ျမင္ရသည္ဟု အထင္မွားခဲ့ျခင္းျဖစ္သည္။ သို႔ေသာ္ ထိုေန႔က အိမ္သို႔ျပန္သြားၿပီးေနာက္မွသာလွ်င္ အရာအားလုံးကို ဂ႐ုစိုက္ေတြးေတာၾကည့္ၿပီးေနာက္ပိုင္းတြင္ မျဖစ္ႏိုင္ေၾကာင္း သိလိုက္ရသည္။ သူမ၏မွတ္ဉာဏ္က လတ္ဆတ္ေနေသးသည္။ အာဏာရွင္သဖြယ္ ျပဳမူခဲ့သည့္ လုလင္က်စ္က သခင္မျဖစ္သူကို မီးေတာက္ထဲသို႔ တြန္းထည့္ျခင္းကို သူမကိုယ္တိုင္ မ်က္လုံးျဖင့္ ျမင္ခဲ့ရျခင္းျဖစ္သည္။ ယဲ့ဝမ္ေဖးက မေသလွ်င္ပင္ အမာ႐ြတ္မ်ားမရွိဘဲ အေကာင္းအတိုင္း ရွိရန္ မျဖစ္ႏိုင္ေခ်။
ယခင္ရက္မ်ားအတြင္ သူမက လွ်ိဳ႕ဝွက္စြာ ေတြးေတာစုံစမ္းခဲ့ၿပီးေနာက္တြင္ တစ္ဖက္သူက လုမိသားစုမွ တတိယသခင္မေလး ျဖစ္ေၾကာင္း သိလိုက္ရသည္။ အထူးသျဖင့္ လုလင္က်စ္၏ဝမ္းကြဲ ျဖစ္ေနသည္။
ဟုန္လင္းက အသင့္အေနအထား မျဖစ္ဘဲ ဘယ္လိုေနႏိုင္မွာလဲ၊ ဒါက လုလင္က်စ္ရဲ႕ ေနာက္ထပ္လွည့္စားမႈဆိုရင္ ဘယ္လိုလုပ္မလဲ။
ယဲ့က်န္းက ဟုန္လင္း၏ သတိထားေသာမ်က္ဝန္းမ်ားကို ျမင္ခ်ိန္တြင္ ေလးစားသြားရသည္။ သူမ၏အေစခံက ေျပာင္းလဲသြားျခင္း မရွိခဲ့ေခ်။ သူမက ပဝါပါသည့္ဦးထုပ္ကို ဖယ္ရွားလိုက္ၿပီးေနာက္တြင္ သူမ၏လွပသည့္မ်က္ႏွာကို ေဖာ္ျပလိုက္သည္။
"နင္က ငါ့ဆီကို အသက္ ၆ ႏွစ္အ႐ြယ္မွာ ေရာက္လာခဲ့တယ္၊ အဲဒီအခ်ိန္တုန္းက နင္ စကားေတာင္ ေကာင္းေကာင္း မေျပာႏိုင္ေသးဘူး၊ လွ်ိဳေဝ့က နင့္ကို အေဝး ပို႔ခ်င္ခဲ့တာ၊ ဒါေပမဲ့ ငါ ျငင္းခဲ့တယ္၊ ငါ နင့္ကို အမည္ေပးခဲ့တယ္၊ စာဘယ္လိုေရးရမလဲဆိုတာကိုလည္း ငါပဲသင္ေပးခဲ့တာ၊ တစ္ခ်ိန္ကဆိုရင္ ငါ နည္းနည္းစိတ္႐ူးေပါက္ၿပီး မက္မြန္သီးေတြ ခူးခ်င္လို႔ သစ္ပင္ေပၚ တြယ္တက္ခဲ့ေသးတယ္၊ ငါ မေတာ္တဆ ျပဳတ္က်လာခဲ့ေပမဲ့ နင္က ေအာက္ဘက္ကေန ငါ့ကို ေထြးေပြ႕ထားေပးခဲ့လို႔ ငါ့လက္က မက်ိဳးသြားဘဲ အေကာင္းအတိုင္းရွိေနခဲ့တယ္ ..."
"ဒါေတြက လွ်ိဳ႕ဝွက္ခ်က္ေတြမဟုတ္ဘူး၊ နင္သာ ေသခ်ာစုံစမ္းရင္သိႏိုင္တာပဲ"
ဟုန္လင္းက စိတ္ထဲတြင္ အံ့အားသင့္မႈကို ဖိႏွိပ္ကာ တစ္ဖက္သူဟာ သခင္မေလးယဲ့ ျဖစ္ေၾကာင္း မယုံၾကည္ႏိုင္ေသးေခ်။
ဘယ္လိုျဖစ္ႏိုင္မွာလဲ၊ ငါ ခစားခဲ့တဲ့လွပၿပီး အဆင့္အတန္းျမင့္တဲ့သခင္မေလးကို လုလင္က်စ္ကိုယ္တိုင္ သတ္လိုက္တာေလ။
ငါ့ရဲ႕အေရွ႕က တစ္ေယာက္က ေသခ်ာေပါက္ သူမ မျဖစ္ေလာက္ဘူး။
"ဒါဆိုရင္ နင္ယုံေအာင္ ငါက ဘယ္လိုလွ်ိဳ႕ဝွက္ခ်က္ေတြ ေျပာျပသင့္လဲ"
ယဲ့က်န္းက ေပါ့ပါးစြာ ေမးသည္။
"ငါ့တို႔ရဲ႕သခင္မေလးမွာ အမည္ရွိ ..."
ဟုန္လင္း၏အသံက အနည္းငယ္လႈပ္ခါသြားသည္။
"ေယာင္ေယာင္"
ယဲ့က်န္းက တိုက္႐ိုက္ေျပာသည္။ မၾကားရသည္မွာ အခ်ိန္အတန္ၾကာၿပီျဖစ္ေသာ အမည္ကို ၾကားလိုက္ရခ်ိန္တြင္ ဟုန္လင္း၏မ်က္ဝန္းမ်ားက ျပဴးက်ယ္သြားေတာ့ကာ မ်က္ရည္မ်ားကပင္ ထိန္းခ်ဳပ္၍ မရေတာ့ဘဲ စီးက်လာေတာ့သည္။
"အေနာက္ေျမာက္ဘက္ၿခံဝန္းထဲက ပန္းသီး႐ိုင္းပင္ရဲ႕ေအာက္မွာ ... ငါ ကေလးဘဝတုန္းက က်ိဳးသြားတဲ့ ငါ့ရဲ႕ေရွ႕သြားကို ျမႇဳပ္ထားတယ္၊ ငါ့ရဲ႕အေမက ငါ့ကို ေဒါသထြက္တဲ့အခ်ိန္တိုင္း စာၾကည့္ေဆာင္ထဲမွာ ငါက ပုန္းရတာကိုသေဘာက်ၿပီး ငါ့ကို ဘယ္သူကမွလည္း ရွာမေတြ႕ၾကဘူး"
ယဲ့က်န္းက ဟုန္လင္း၏မ်က္ရည္မ်ားကို ၾကည့္ၿပီးေနာက္တြင္ ထိုမွတ္ဉာဏ္မ်ားေၾကာင့္ သူမကိုယ္တိုင္ပင္ တုန္လႈပ္သြားရသည္။
"သခင္မေလး တကယ္ပဲ သခင္မေလးပဲ"
ထိုသစ္ပင္ေအာက္တြင္ က်ိဳးသြားေသာေရွ႕သြားကို ျမႇဳပ္ထားသည္ဆိုသည့္ အေၾကာင္းအရာကို သူမႏွင့္ ယဲ့က်န္း ႏွစ္ေယာက္တည္းသာလွ်င္သိသည္။ သူမ၏အေရွ႕ရွိ မိန္းကေလးက သူမႏွင့္အတူ ႀကီးျပင္းလာခဲ့ေသာ သခင္မေလးျဖစ္ေနသည္။
ယဲ့က်န္းက ညင္သာစြာ ေခါင္းညိတ္လိုက္သည္။
"ဟုတ္တယ္ ငါ ျပန္လာၿပီ"
...