အပိုင်း ၁၃၉
ယဲ့ကျန်း၏အတွေးများက ထိုရက်များတွင် သူ၏အသက်ကို ကယ်ဆယ်ခဲ့သည့်အချိန်ကို ပြန်တွေးမိသွားသည်။
ဖြစ်နိုင်တာက သူ့ကိုကယ်ခဲ့တဲ့လူက ငါမှန်းသာသိရင် မော့ရုန်ကျန်းအနေနဲ့ ငါ့မိသားစုကံကြမ္မာကို ဆုံးဖြတ်တဲ့အခါ ပြောင်းလဲကောင်းပြောင်းလဲသွားနိုင် လောက်လား။
ဒါမှမဟုတ် အမှန်တရားကို သိသိကြီးနဲ့ ပိုပြီးတော့တောင် မုန်းတီးသွားနိုင်လား။
ယဲ့ကျန်းက သူမ၏ရင်ထဲတွင် သူမ၏ကိုယ်ပိုင် ထိုအကြောင်းတရားများကို တွေးတောနေသည့်အချိန်တွင်ပင် ဖေးရှီက လုရှန်းကျစ်ကို ပြောလိုက်ခြင်းအား ကြားလိုက်ရသည်။
"ဝမ်ဖေးက အဲ့ဒီနာမည်ပြောင်ကိုမကြိုက်ဘူး မင်းအနေနဲ့ အခြားလူတွေရှေ့မှာ ထုတ်မပြောတာက အကောင်းဆုံးပဲ၊ အရှင့်နားထဲကို မရောက်သွားတာက အကောင်းဆုံးဖြစ်မယ်"
"အမေ ကျွန်တော်က ဂရုစိုက်မှာပါ"
အကြောင်းအရာကို ရှင်းလင်းပြီးနောက်တွင် ယဲ့ကျန်းက အနားသို့ကပ်သွားပြီး ဖေးရှီ၏လက်မောင်းကို ဖက်သည်။
"အမေ သမီးအနေနဲ့ အကယ်ဒမီကိုသွားဖို့ နှစ်ရက်တောင်ကျန်နေသေးတယ်၊ မနက်ဖြန်ကျရင် ဆရာမရှန်းဆီကို သွားတွေ့ချင်တယ်"
"အို ဟုတ်သားပဲ သမီးအနေနဲ့ ဆရာမရှန်းကိုလည်း သတင်းကောင်းပြောပြီး ကျေးဇူးတင်သင့်တယ်"
သူမက သဘောတကျခေါင်းညိတ်သည်။
"ဆရာမရှန်းက တုန်ချန်းမှာနေတယ်၊ မနက်ဖြန်ကျရင် အမေက သမီးနဲ့အတူ လိုက်ခဲ့မယ်"
"ဒါပေမဲ့ အမေက မနက်ဖြန်ကျရင် အဖေနဲ့အတူ အပြင်သွားမှာမဟုတ်ဘူးလား"
ယဲ့ကျန်းက နူးညံ့စွာရယ်သည်။
ဖေးရှီက ထိုစကားကိုကြားချိန်တွင် သူမ၏မျက်နှာအမူအရာက ပြောင်းလဲသွားတော့သည်။ သူမက မျက်နှာကို မနည်းတည်အောင်ထိန်းထား၏။ မနက်ဖြန်ဆိုလျှင် လုရှီမင်နှင့်သူမက သူ၏မိတ်ဆွေအိမ်တော်သို့ သွားရောက် လည်ပတ်ကာ တစ်လတာ လှောင်ထားသောဝိုင်ကို အရသာမြည်းစမ်းကြမည်ဖြစ်သည်။
"သမီးက တစ်ယောက်တည်း သွားနိုင်ရဲ့လား"
"ဒါပေါ့ သွားနိုင်တာပေါ့ အမေရဲ့၊ သမီးက ကလေးမဟုတ်တော့ဘူးလေ၊ သိုက်မေ့ကိုခေါ်သွားမယ်"
ယဲ့ကျန်းက ထိုသို့ပြောလိုက်သည်။
ဖေးရှီက သမီးဖြစ်သူ၏ကြော့ရှင်းသော ဟန်ပန်အမူအရာကိုမြင်ချိန်တွင် ရင်ထဲခံစားချက်များ လှိုင်တက်လာသည်။
"ယောင်ယောင်က ဒီလောက်မြန်မြန်ကြီးထွားလာမယ်လို့ မထင်ထားဘူး"
လုရှန်းကျစ်ကလည်း ခေါင်းကိုခါပြီး သဘောတူဟန်ပြောသည်။
"ကျွန်တော်တော့ ယောင်ယောင့်ကိုကြည့်တဲ့အချိန်တိုင်း အရင်ကအတိုင်းပဲ မြင်တယ်၊ အမေ အမေ မမှတ်မိဘူးလား၊ ယောင်ယောင် ငယ်ငယ်တုန်းက ကျွန်တော့်ရဲ့နောက်ကိုလိုက်ပြီး မကြာခဏကစားနေကြလေ၊ ရလဒ်အနေနဲ့ နွားချီးပုံထဲကို ပြုတ်ကျသွားပါလေရော"
"လုရှန်းကျစ်"
ယဲ့ကျန်းက ထိုမနှစ်မြို့စရာမှတ်ဉာဏ်ကို သတိရသွားချိန်တွင် အသားကုန် အော်ဟစ်တော့သည်။
သူမက လုယောင်ယောင်၏မှတ်ဉာဏ်ထဲမှ ထိုအကြောင်းအရာကို မတူးဆွချင်ချေ။ ယခုအခါ လုရှန်းကျစ်က ထည့်ပြောလာချိန်တွင် သူမ၏စိတ်ထဲ ကွက်ကွက်ကွင်းကွင်း မြင်လာရတော့သည်။
သူမက လုရှန်းကျစ်၏အနောက်မှ ပြေးလိုက်ပြီးပြောသည်။
"အဲ့ဒီအကြောင်းအရာကို ထည့်မပြောနဲ့နော်၊ မဟုတ်ရင် အစ်ကိုကြီးကို အရှင်မထားဘူး"
ထိုသို့ခြိမ်းခြောက်ခံရသည့်အခါ စပ်ဖြဲဖြဲလုပ်နေသည့်လုရှန်းကျစ်က အော်ရယ်တော့ကာ ထွက်ပြေးသွားသည်။
"ယောင်ယောင်က ဒီအကြောင်းအရာကို ထည့်မပြောချင်ဘူးလား၊ ဒါပေမဲ့ နောက်ထပ်ကိစ္စတစ်ခုကိုလည်း မှတ်မိနေသေးတယ်၊ ဘယ်လိုလုပ်ကြမလဲ"
"ပါးစပ်ပိတ်"
ယဲ့ကျန်းက နံရံတွင်ချိတ်ထားသည့် ငွေရောင်ကြာပွတ်ကို ဆွဲထုတ်လိုက်သည်။
"အစ်ကိုကြီး အစ်ကိုကြီး အဲဒီစကားကို ထပ်ပြောမယ်ဆိုရင် ညီမ ဘာလုပ်မိမလဲဆိုတာ မသိဘူးနော်၊ အဲ့ဒီအခါကျမှ အပြစ်မတင်နဲ့"
သမီးဖြစ်သူက သားဖြစ်သူနောက်မှ ပြေးလိုက်နေကြောင်းမြင်နေရသည့် ဖေးရှီက ရယ်တော့သည်။ သူမ၏ယခုလေးတင် ခံစားရသည့်စိုးရိမ်မှုသောကများအားလုံးက ပျောက်ကွယ်သွားလေပြီ။ လုရှန်းကျစ်က ဖေးရှီဘက်သို့ပြန်လှည့်ကြည့်ပြီးနောက် မျက်ဝန်းဖြင့် အကူအညီတောင်းတော့သည်။ သူမက သူ့ကို လက်ညှိုးထိုးပြကာ မမျှော်လင့်ထားစွာ ပြောလိုက်သည်။
"ကိုယ့်ရဲ့ညီမကို လှောင်စရာလား၊ ကိုယ့်ထိုက်နဲ့ကိုယ့်ကံပဲ"
"အမေ ညီမလေးကိုတားပါအုံး၊ ကျေးဇူးပြုပြီး တားပေးပါ၊ အဲဒီကြာပွတ်က ပျော်စရာမကောင်းဘူး"
လုရှန်းကျစ်ကလည်း ဟန်ဆောင်ငိုပြဟန်လုပ်ပြီးနောက် ယဲ့ကျန်း၏ အရှေ့မှ ပတ်ပတ်လည်ပြေးတော့သည်။
"သူ့ကိုရိုက်"
ဖေးရှီကလည်း ယဲ့ကျန်းကိုပင် ပြောသေးသည်။ ကြာပွတ်၏ထိပ်ကလုရှန်းကျစ်ကို ထိလုထိခင်အနေအထားတွင် ပစ်မှတ်ကိုလွဲချော်သွားသည်။ ထိုသို့ကပ်သီးလေးထိမလို ဖြစ်သွားခြင်းကိုပင် ဖေးရှီက အော်ရယ်နေတော့သည်။
လုရှန်းကျစ်၏ ထွက်ပြေးနေမှုကြောင့် ယဲ့ကျန်းက အနောက်မှ အသားကုန်လိုက်ကာ ကြာပွတ်ဖြင့်ရိုက်နေခဲ့သည်။ သူမ၏ဝတ်စုံက အရှိန်အနည်းငယ်မျှ နှေးကျသွားခြင်းမရှိခဲ့ချေ။
"ဒါပေမဲ့ အမေ ကျွန်တော်ကလည်း အမေ့ရဲ့သားပါနော်"
လုရှန်းကျစ်က အော်သည်။
"ညီမကလည်း အမေ့ရဲ့ကလေးငယ်ပါနော်"
ယဲ့ကျန်းကလည်း လုရှန်းကျစ်၏ကျောပြင်ကို ကြာပွတ်ဖြင့် လွှဲရမ်းတော့သည်။
"အိုး ကိုယ့်အစ်ကိုကို တကယ်ရိုက်ရလား"
လုရှန်းကျစ်က ရုတ်တရက်နာကျင်သွားသောနေရာသို့ ပွတ်လိုက်သည်။ ညီမဖြစ်သူက ဒေါသတကြီးဖြင့် လက်နှစ်ဖက်လုံးဖြင့် ကြာပွတ်ကို လွှဲယမ်းလာကြောင်းမြင်သောအခါ လုရှန်းကျစ်က အသားကုန်အော်တော့သည်။
"ညီမလေးရေ ဒီအကြောင်းကို ထည့်မပြောတော့ပါဘူး၊ ကတိပေးပါတယ်"
ယဲ့ကျန်းက နှာခေါင်းရှုံ့သည်။
"တစ်လုံးမှ မပြောမှာသေချာလား"
"နွားချီးပုံထဲကျတဲ့အကြောင်းကိုလည်း ထည့်မပြောပါဘူး၊ သစ်ပင်ပေါ်တက်ရင်း ငှက်တစ်ကောင် ဆိတ်ခံရတာကိုလည်း ထည့်မပြောပါဘူး၊ အိမ်ကိုငိုပြီး ထွက်ပြေးတာကိုလည်း ထည့်မပြောပါဘူး၊ ဒါပေမဲ့ အဲဒါကိုရော မှတ်မိလား"
"မရဘူး၊ အဖေက အစ်ကိုကြီးကို ကြာပွတ်နဲ့ဒီလိုရိုက်တာကိုပဲမှတ်မိတယ်"
ယဲ့ကျန်းက ထိုသို့ပြောပြီး အသားကုန်ပြေးလိုက်ကာရိုက်သည်။
လုရှန်းကျစ်က ရယ်ပြီးထွက်ပြေးပြန်သည်။
"အို ဟုတ်သားပဲ၊ ညီမလေးကို ထပ်မစတော့ဘူး၊ အစ်ကိုကြီးက ဒီအကြောင်းအရာတွေကို ဘယ်တော့မှ ထည့်မပြောပါဘူးလို့ ကတိပေးတယ်၊ အခုဆိုရင် အဆင်ပြေသွားပြီလား"
ယဲ့ကျန်းက ခေါင်းကိုခါသည်။
"အစ်ကိုကြီးပါးစပ်ကနေ ညည်းတဲ့အထိ အသားကုန်ရိုက်ပြီးမှပဲ ခွင့်လွှတ်ပေးနိုင်မယ်"
လုယောင်ယောင်က အစ်ကိုဖြစ်သူနှင့် ထိုသို့ကစားနေကြဖြစ်သည်။ ယဲ့ကျန်းက ထိုသို့သော ရင်းနှီးမှုကို သဘောကျလေသည်။
သူမအနေဖြင့် သူမ၏အစ်ကို ၂ နှင့် ထိုသို့အမြဲတစေကိုက်သလိုမျိုး ရန်တစောင်စောင် ဖြစ်နေကြဖြစ်သည်။ အစ်ကို ၂ အကြောင်းတွေးမိသည့်အခါ သူမ၏မျက်ဝန်းများက နာကျင်ကျိန်းစပ်လာတော့သည်။
...
Zawgyi
အပိုင္း ၁၃၉
ယဲ့က်န္း၏အေတြးမ်ားက ထိုရက္မ်ားတြင္ သူ၏အသက္ကို ကယ္ဆယ္ခဲ့သည့္အခ်ိန္ကို ျပန္ေတြးမိသြားသည္။
ျဖစ္ႏိုင္တာက သူ႔ကိုကယ္ခဲ့တဲ့လူက ငါမွန္းသာသိရင္ ေမာ့႐ုန္က်န္းအေနနဲ႔ ငါ့မိသားစုကံၾကမၼာကို ဆုံးျဖတ္တဲ့အခါ ေျပာင္းလဲေကာင္းေျပာင္းလဲသြားႏိုင္ ေလာက္လား။
ဒါမွမဟုတ္ အမွန္တရားကို သိသိႀကီးနဲ႔ ပိုၿပီးေတာ့ေတာင္ မုန္းတီးသြားႏိုင္လား။
ယဲ့က်န္းက သူမ၏ရင္ထဲတြင္ သူမ၏ကိုယ္ပိုင္ ထိုအေၾကာင္းတရားမ်ားကို ေတြးေတာေနသည့္အခ်ိန္တြင္ပင္ ေဖးရွီက လုရွန္းက်စ္ကို ေျပာလိုက္ျခင္းအား ၾကားလိုက္ရသည္။
"ဝမ္ေဖးက အဲ့ဒီနာမည္ေျပာင္ကိုမႀကိဳက္ဘူး မင္းအေနနဲ႔ အျခားလူေတြေရွ႕မွာ ထုတ္မေျပာတာက အေကာင္းဆုံးပဲ၊ အရွင့္နားထဲကို မေရာက္သြားတာက အေကာင္းဆုံးျဖစ္မယ္"
"အေမ ကြၽန္ေတာ္က ဂ႐ုစိုက္မွာပါ"
အေၾကာင္းအရာကို ရွင္းလင္းၿပီးေနာက္တြင္ ယဲ့က်န္းက အနားသို႔ကပ္သြားၿပီး ေဖးရွီ၏လက္ေမာင္းကို ဖက္သည္။
"အေမ သမီးအေနနဲ႔ အကယ္ဒမီကိုသြားဖို႔ ႏွစ္ရက္ေတာင္က်န္ေနေသးတယ္၊ မနက္ျဖန္က်ရင္ ဆရာမရွန္းဆီကို သြားေတြ႕ခ်င္တယ္"
"အို ဟုတ္သားပဲ သမီးအေနနဲ႔ ဆရာမရွန္းကိုလည္း သတင္းေကာင္းေျပာၿပီး ေက်းဇူးတင္သင့္တယ္"
သူမက သေဘာတက်ေခါင္းညိတ္သည္။
"ဆရာမရွန္းက တုန္ခ်န္းမွာေနတယ္၊ မနက္ျဖန္က်ရင္ အေမက သမီးနဲ႔အတူ လိုက္ခဲ့မယ္"
"ဒါေပမဲ့ အေမက မနက္ျဖန္က်ရင္ အေဖနဲ႔အတူ အျပင္သြားမွာမဟုတ္ဘူးလား"
ယဲ့က်န္းက ႏူးညံ့စြာရယ္သည္။
ေဖးရွီက ထိုစကားကိုၾကားခ်ိန္တြင္ သူမ၏မ်က္ႏွာအမူအရာက ေျပာင္းလဲသြားေတာ့သည္။ သူမက မ်က္ႏွာကို မနည္းတည္ေအာင္ထိန္းထား၏။ မနက္ျဖန္ဆိုလွ်င္ လုရွီမင္ႏွင့္သူမက သူ၏မိတ္ေဆြအိမ္ေတာ္သို႔ သြားေရာက္ လည္ပတ္ကာ တစ္လတာ ေလွာင္ထားေသာဝိုင္ကို အရသာျမည္းစမ္းၾကမည္ျဖစ္သည္။
"သမီးက တစ္ေယာက္တည္း သြားႏိုင္ရဲ႕လား"
"ဒါေပါ့ သြားႏိုင္တာေပါ့ အေမရဲ႕၊ သမီးက ကေလးမဟုတ္ေတာ့ဘူးေလ၊ သိုက္ေမ့ကိုေခၚသြားမယ္"
ယဲ့က်န္းက ထိုသို႔ေျပာလိုက္သည္။
ေဖးရွီက သမီးျဖစ္သူ၏ေၾကာ့ရွင္းေသာ ဟန္ပန္အမူအရာကိုျမင္ခ်ိန္တြင္ ရင္ထဲခံစားခ်က္မ်ား လႈိင္တက္လာသည္။
"ေယာင္ေယာင္က ဒီေလာက္ျမန္ျမန္ႀကီးထြားလာမယ္လို႔ မထင္ထားဘူး"
လုရွန္းက်စ္ကလည္း ေခါင္းကိုခါၿပီး သေဘာတူဟန္ေျပာသည္။
"ကြၽန္ေတာ္ေတာ့ ေယာင္ေယာင့္ကိုၾကည့္တဲ့အခ်ိန္တိုင္း အရင္ကအတိုင္းပဲ ျမင္တယ္၊ အေမ အေမ မမွတ္မိဘူးလား၊ ေယာင္ေယာင္ ငယ္ငယ္တုန္းက ကြၽန္ေတာ့္ရဲ႕ေနာက္ကိုလိုက္ၿပီး မၾကာခဏကစားေနၾကေလ၊ ရလဒ္အေနနဲ႔ ႏြားခ်ီးပုံထဲကို ျပဳတ္က်သြားပါေလေရာ"
"လုရွန္းက်စ္"
ယဲ့က်န္းက ထိုမႏွစ္ၿမိဳ႕စရာမွတ္ဉာဏ္ကို သတိရသြားခ်ိန္တြင္ အသားကုန္ ေအာ္ဟစ္ေတာ့သည္။
သူမက လုေယာင္ေယာင္၏မွတ္ဉာဏ္ထဲမွ ထိုအေၾကာင္းအရာကို မတူးဆြခ်င္ေခ်။ ယခုအခါ လုရွန္းက်စ္က ထည့္ေျပာလာခ်ိန္တြင္ သူမ၏စိတ္ထဲ ကြက္ကြက္ကြင္းကြင္း ျမင္လာရေတာ့သည္။
သူမက လုရွန္းက်စ္၏အေနာက္မွ ေျပးလိုက္ၿပီးေျပာသည္။
"အဲ့ဒီအေၾကာင္းအရာကို ထည့္မေျပာနဲ႔ေနာ္၊ မဟုတ္ရင္ အစ္ကိုႀကီးကို အရွင္မထားဘူး"
ထိုသို႔ၿခိမ္းေျခာက္ခံရသည့္အခါ စပ္ၿဖဲၿဖဲလုပ္ေနသည့္လုရွန္းက်စ္က ေအာ္ရယ္ေတာ့ကာ ထြက္ေျပးသြားသည္။
"ေယာင္ေယာင္က ဒီအေၾကာင္းအရာကို ထည့္မေျပာခ်င္ဘူးလား၊ ဒါေပမဲ့ ေနာက္ထပ္ကိစၥတစ္ခုကိုလည္း မွတ္မိေနေသးတယ္၊ ဘယ္လိုလုပ္ၾကမလဲ"
"ပါးစပ္ပိတ္"
ယဲ့က်န္းက နံရံတြင္ခ်ိတ္ထားသည့္ ေငြေရာင္ၾကာပြတ္ကို ဆြဲထုတ္လိုက္သည္။
"အစ္ကိုႀကီး အစ္ကိုႀကီး အဲဒီစကားကို ထပ္ေျပာမယ္ဆိုရင္ ညီမ ဘာလုပ္မိမလဲဆိုတာ မသိဘူးေနာ္၊ အဲ့ဒီအခါက်မွ အျပစ္မတင္နဲ႔"
သမီးျဖစ္သူက သားျဖစ္သူေနာက္မွ ေျပးလိုက္ေနေၾကာင္းျမင္ေနရသည့္ ေဖးရွီက ရယ္ေတာ့သည္။ သူမ၏ယခုေလးတင္ ခံစားရသည့္စိုးရိမ္မႈေသာကမ်ားအားလုံးက ေပ်ာက္ကြယ္သြားေလၿပီ။ လုရွန္းက်စ္က ေဖးရွီဘက္သို႔ျပန္လွည့္ၾကည့္ၿပီးေနာက္ မ်က္ဝန္းျဖင့္ အကူအညီေတာင္းေတာ့သည္။ သူမက သူ႔ကို လက္ညႇိဳးထိုးျပကာ မေမွ်ာ္လင့္ထားစြာ ေျပာလိုက္သည္။
"ကိုယ့္ရဲ႕ညီမကို ေလွာင္စရာလား၊ ကိုယ့္ထိုက္နဲ႔ကိုယ့္ကံပဲ"
"အေမ ညီမေလးကိုတားပါအုံး၊ ေက်းဇူးျပဳၿပီး တားေပးပါ၊ အဲဒီၾကာပြတ္က ေပ်ာ္စရာမေကာင္းဘူး"
လုရွန္းက်စ္ကလည္း ဟန္ေဆာင္ငိုျပဟန္လုပ္ၿပီးေနာက္ ယဲ့က်န္း၏ အေရွ႕မွ ပတ္ပတ္လည္ေျပးေတာ့သည္။
"သူ႔ကို႐ိုက္"
ေဖးရွီကလည္း ယဲ့က်န္းကိုပင္ ေျပာေသးသည္။ ၾကာပြတ္၏ထိပ္ကလုရွန္းက်စ္ကို ထိလုထိခင္အေနအထားတြင္ ပစ္မွတ္ကိုလြဲေခ်ာ္သြားသည္။ ထိုသို႔ကပ္သီးေလးထိမလို ျဖစ္သြားျခင္းကိုပင္ ေဖးရွီက ေအာ္ရယ္ေနေတာ့သည္။
လုရွန္းက်စ္၏ ထြက္ေျပးေနမႈေၾကာင့္ ယဲ့က်န္းက အေနာက္မွ အသားကုန္လိုက္ကာ ၾကာပြတ္ျဖင့္႐ိုက္ေနခဲ့သည္။ သူမ၏ဝတ္စုံက အရွိန္အနည္းငယ္မွ် ေႏွးက်သြားျခင္းမရွိခဲ့ေခ်။
"ဒါေပမဲ့ အေမ ကြၽန္ေတာ္ကလည္း အေမ့ရဲ႕သားပါေနာ္"
လုရွန္းက်စ္က ေအာ္သည္။
"ညီမကလည္း အေမ့ရဲ႕ကေလးငယ္ပါေနာ္"
ယဲ့က်န္းကလည္း လုရွန္းက်စ္၏ေက်ာျပင္ကို ၾကာပြတ္ျဖင့္ လႊဲရမ္းေတာ့သည္။
"အိုး ကိုယ့္အစ္ကိုကို တကယ္႐ိုက္ရလား"
လုရွန္းက်စ္က ႐ုတ္တရက္နာက်င္သြားေသာေနရာသို႔ ပြတ္လိုက္သည္။ ညီမျဖစ္သူက ေဒါသတႀကီးျဖင့္ လက္ႏွစ္ဖက္လုံးျဖင့္ ၾကာပြတ္ကို လႊဲယမ္းလာေၾကာင္းျမင္ေသာအခါ လုရွန္းက်စ္က အသားကုန္ေအာ္ေတာ့သည္။
"ညီမေလးေရ ဒီအေၾကာင္းကို ထည့္မေျပာေတာ့ပါဘူး၊ ကတိေပးပါတယ္"
ယဲ့က်န္းက ႏွာေခါင္းရႈံ႕သည္။
"တစ္လုံးမွ မေျပာမွာေသခ်ာလား"
"ႏြားခ်ီးပုံထဲက်တဲ့အေၾကာင္းကိုလည္း ထည့္မေျပာပါဘူး၊ သစ္ပင္ေပၚတက္ရင္း ငွက္တစ္ေကာင္ ဆိတ္ခံရတာကိုလည္း ထည့္မေျပာပါဘူး၊ အိမ္ကိုငိုၿပီး ထြက္ေျပးတာကိုလည္း ထည့္မေျပာပါဘူး၊ ဒါေပမဲ့ အဲဒါကိုေရာ မွတ္မိလား"
"မရဘူး၊ အေဖက အစ္ကိုႀကီးကို ၾကာပြတ္နဲ႔ဒီလို႐ိုက္တာကိုပဲမွတ္မိတယ္"
ယဲ့က်န္းက ထိုသို႔ေျပာၿပီး အသားကုန္ေျပးလိုက္ကာ႐ိုက္သည္။
လုရွန္းက်စ္က ရယ္ၿပီးထြက္ေျပးျပန္သည္။
"အို ဟုတ္သားပဲ၊ ညီမေလးကို ထပ္မစေတာ့ဘူး၊ အစ္ကိုႀကီးက ဒီအေၾကာင္းအရာေတြကို ဘယ္ေတာ့မွ ထည့္မေျပာပါဘူးလို႔ ကတိေပးတယ္၊ အခုဆိုရင္ အဆင္ေျပသြားၿပီလား"
ယဲ့က်န္းက ေခါင္းကိုခါသည္။
"အစ္ကိုႀကီးပါးစပ္ကေန ညည္းတဲ့အထိ အသားကုန္႐ိုက္ၿပီးမွပဲ ခြင့္လႊတ္ေပးႏိုင္မယ္"
လုေယာင္ေယာင္က အစ္ကိုျဖစ္သူႏွင့္ ထိုသို႔ကစားေနၾကျဖစ္သည္။ ယဲ့က်န္းက ထိုသို႔ေသာ ရင္းႏွီးမႈကို သေဘာက်ေလသည္။
သူမအေနျဖင့္ သူမ၏အစ္ကို ၂ ႏွင့္ ထိုသို႔အၿမဲတေစကိုက္သလိုမ်ိဳး ရန္တေစာင္ေစာင္ ျဖစ္ေနၾကျဖစ္သည္။ အစ္ကို ၂ အေၾကာင္းေတြးမိသည့္အခါ သူမ၏မ်က္ဝန္းမ်ားက နာက်င္က်ိန္းစပ္လာေတာ့သည္။
...