แ€•แ€ผแ€”แ€บแ€œแ€Šแ€บแ€›แ€พแ€„แ€บแ€žแ€”แ€บแ€แ€ฝแ€„แ€บแ€ทแ€›แ€แ€ฒแ€ท แ€–แ€ฏแ€˜แ€œแ€ฑ...

By PannKhattWaiio

365K 57.9K 2.5K

fun translation.... fake novel name๐Ÿ™ƒ pic from pinterest @pngtree ,I also post screenshot๐Ÿ˜‰ More

แ€กแ€™แ€พแ€ฌแ€…แ€ฌ
แ€ฑแ€–แ€ฌแ€นแ€ปแ€•แ€แ€บแ€€แ€น แ€–แ€ฑแ€ฌแ€บแ€•แ€ผแ€แ€ปแ€€แ€บ
แ
แ‚
แƒ
แ„
แ…
แ†
แ‡
แˆ
แ€•แ€ฏแ€‡แ€ผแ€”แ€นแ€Ÿแ€„แ€นแ€ธแ€™แ€บแ€ฌแ€ธ แ€•แ€ฏแ€‡แ€ฝแ€”แ€บแ€Ÿแ€„แ€บแ€ธแ€™แ€ปแ€ฌแ€ธ
แ‰
แแ€
แแ
แแ‚
แแƒ
แแ„
แแ…
แแ†
แแ‡
แแˆ
แ€แ€›แ€™แ€นแ€ธแ€žแ€ฎแ€ธ แ€Ÿแ€„แ€นแ€ธแ€œแ€บแ€ฌ แ€žแ€ถแ€ฏแ€ธแ€™แ€บแ€ญแ€ณแ€ธ แ€แ€›แ€™แ€บแ€ธแ€žแ€ฎแ€ธ แ€Ÿแ€„แ€บแ€ธแ€œแ€ปแ€ฌ แ€žแ€ฏแ€ถแ€ธแ€™แ€ปแ€ญแ€ฏแ€ธ
แแ‰
แแ‰ แ€กแ€†แ€€แ€บ
แ‚แ€
แ‚แ
แ‚แ แ€กแ€†แ€€แ€น แ‚แ แ€กแ€†แ€€แ€บ
22
แ‚แƒ
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ แ‚แƒแ€กแ€†แ€€แ€บ
แ‚แ„
แ‚แ…
แ‚แ†
แ‚แ† แ€กแ€†แ€€แ€บ
แ€œแ€ฑแ€ธแ€›แ€ฌแ€žแ€ฎ แ€•แ€ฝแ€ฒ
แ‚แ‡
แ‚แ‡ แ€กแ€†แ€€แ€บ
แ‚แˆ
แ‚แ‰
แƒแ€
Channel
แƒแ
แƒแ‚
Unpublish
แƒแƒ
แƒแ„
แƒแ…
แƒแ†
แƒแ‡
แƒแˆ
แƒแ‰
แ„แ€
แ„แ
แ„แ‚
แ„แƒ
แ„แ„
แ„แ…
แ„แ†
แ„แ‡
แ„แˆ
แ„แ‰
แ…แ€
แ…แ
แ…แ‚
แ…แƒ
แ…แ„
แ…แ…
แ…แ†
แ…แ‡
แ…แˆ
แ…แ‰
แ†แ€
แ†แ
Tele
แ†แ‚
แ†แƒ
แ†แ„
แ†แ…
แ†แ†
แ†แ‡
แ†แˆ
แ†แ‰
แ‡แ€
แ‡แ
แ‡แ‚
แ‡แƒ
แ‡แ„
แ‡แ…
แ‡แ†
แ‡แ‡
แ‡แˆ
แ‡แ‰
แˆแ€
แˆแ
แˆแ‚+แˆแƒ
แˆแ„+แˆแ…
แˆแ‡+แˆแˆ+แˆแ‰

แˆแ†

1.8K 271 7
By PannKhattWaiio

အခန်း(၈၆)

ယွမ့်ထန်းက လူတိုင်းကို နှုတ်ဆက်ပြီး ထိုင်ခုံတွင် ဝင်ထိုင်စေပြီးနောက် သူဟာ မီးဖိုခန်းအတွင်းသို့ ကိတ်မုန့်ကို ပြန်လည်ယူဆောင်သွားသည်။ ထိုကိတ်မုန့်က နောက်ပိုင်းမှသာ အချိုပွဲအဖြစ် တဖန် ထုတ်လာရမည်ဖြစ်သည်။

ဧည့်ခန်းထဲတွင် လုံးဝိုင်းသော စားပွဲနှစ်လုံးကို ချထားသည်။ အပေါ်တွင်လည်း ပွဲတော်အနီရောင် စားပွဲခင်းများကို ခင်းထားလေသည်။ အလယ်တွင်လည်း အထူးသီးသန့် ထုတ်လုပ်ထားသည့် လှည့်ပတ်၍ရသော စားပွဲမြင့်တစ်ခုပါပြီး ဧည့်သည်တိုင်းက ဟင်းလျာတိုင်းကို ရယူနိုင်စေရန် အလျဉ်းသင့်သွားသည်။

“အားလုံးပဲ မအားလပ်တဲ့ အချိန်ဇယားတွေထဲကနေ အချိန်ဖယ်ပြီး ကျွန်တော်ရဲ့ ညီဖြစ်သူရဲ့ မွေးနေ့ပွဲကို လာပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်”

လူတိုင်းက ထိုင်ခုံတွင် နေရာယူပြီးသောအခါ ဒီမွေးနေ့ပွဲကို စီစဉ်သူများထဲမှ အဓိကတစ်ယောက်ဖြစ်သည့် ဟော်ယွန်ရီက အရင်ဦးစွာ ဧည့်သည်များကို နှုတ်ဆက်လိုက်သည်။

“လာကြပါ အားလုံးပဲ အတူ ကြိုးစားကြည့်ကြရအောင်။ ဒါက ကျွန်တော်တို့ရဲ့ အကယ်ဒမီသိပ္ပံက သိပ်မကြာခင်ကမှ ထုတ်လုပ်ထားတဲ့ ကိုလာဆိုတဲ့ အအေးတစ်မျိုးပါ”

လူအုပ်က သူတို့၏ရှေ့တွင်ရှိသောခွက်ကို ကောက်ကိုင်ကာ တစ်ငုံသောက်ကြည့်ကြသည်။ အထဲမှ အမြုပ်တစီစီ အသံများကိုလည်း ကြားနေရသေးပြီး ချိုမြိန်မှုရောနေသည့် အနည်းငယ် အခါးဓာတ်ပါသော အရသာမျိုးကို ရလိုက်ကြသည်။ သူတို့က အစပိုင်းတွင် ကျင့်သားမရကြသေးချေ။ သို့သော် အချိန်တစ်ခုကြာပြီးနောက်တွင် အလွန်အရသာရှိသော သောက်စရာတစ်မျိုးဖြင့် လက်ခံလိုက်ကြသည်။

ဒါကသူတို့အတွက် လောကသစ်တစ်ခုကို ဖွင့်ပေးလိုက်သလို ဖြစ်သွားသည်။

“ငါတို့ကသာ မင်းကို ကျေးဇူးတင်ရမှာပါ။ လူတိုင်းက လူကြီးမင်းယွမ့်ရဲ့ လက်ရာကို မြည်းစမ်းခွင့်ရကြတာမှ မဟုတ်ဘဲ”

လူတိုင်းကလည်း အပြုံးနှင့် တုန့်ပြန်ကြသည်။

ဟော်ယွမ်ချမ်းဟာ မှင်သက်စွာဖြင့် ထမင်းစား စားပွဲထံသို့ ဦးဆောင်ခေါ်သွားခံရသည်။ တစ်ချိန်လုံး ပတ်ဝန်းကျင်မှ ရင်းနှီးကျွမ်းဝင်သော မျက်နှာများကို ကြည့်နေရင်းမှ မနေနိုင်ဘဲ နှလုံးသားထဲ နွေးထွေးမှုများ ပြုံတိုးဝင်လာသလို ခံစားလိုက်ရသေးသည်။ မွေးနေ့ပွဲ ကျင်းပခြင်းဆိုသည့် အဓိပ္ပာယ်ကို သူမသိပေ။ သို့သော် မိတ်ဆွေများ၊ မိဘများက သူ၏မွေးနေ့ကို ဂုဏ်ပြုပေးရန် အထူးတလည် ရောက်လာသည့် ခံစားချက်မျိုးကိုမူ သူနားလည်သည်။ ဒါက သူ့ကို ပျော်ရွှင်စေသလို ချစ်မြတ်နိုးခံရသည်ဆိုသော ခံစားချက်မျိုးကိုလည်း ရစေသည်။

လူအများက ဟော်ယွမ်ချမ်း၏ အနားသို့ ချဉ်းကပ်လာပြီး သူနှင့်စကားပြောကြသည်။ သူတို့ ကြိုတင်ပြင်ဆင်လာသော လက်ဆောင်များကို ပေးကြသည်။ သူက ဧည့်သည်များကို စကားပြောနေရင်းမှ ယွမ့်ထန်းနှင့် ထောင်အန်းတို့ဟာ ဟင်းလျာအေးလေးပွဲကို သယ်ထုတ်လာကြောင်း မြင်လိုက်ရသည်။ ထိုဟင်းလျာများက အဓိကဟင်းလျာ ပူပူနွေးနွေး ထွက်မလာခင် အစာအိမ်ကို နှစ်သိမ့်ပေးရန် ဦးစွာပြင်ဆင်ထားသော ဟင်းလျာများဖြစ်သည်။

“ဒါက ကြက်သွန်နဲ့အသားဖြူ၊ သခွားသီးသုပ်၊ အာလူးသုပ်နဲ့ ကြက်ခြေထောက်နှပ်တို့ပါပဲ။ အားလုံးပဲ သုံးဆောင်ကြပါ”

ယွမ့်ထန်းက အပြုံးနှင့်ပြောသည်။

“အားထန်း မင်းလည်း ကိုယ်တို့နဲ့အတူ ဝင်ထိုင်ပြီး စားသင့်တယ်”

ယွမ့်ထန်းက မီးဖိုခန်းထဲ ထပ်ဝင်သွားမည့် အနေအထားကို မြင်သည့်အခါ ဟော်ယွမ်ချမ်းက အလျင်စလို လက်ဖြင့်လှမ်းဆွဲလိုက်ကာ လှမ်းခေါ်သည်။

“ကောင်းပါပြီ”

ဟင်းလျာများအားလုံးကို ကြိုတင်ပြင်ဆင်ပြီးသား ဖြစ်လေရာ လတ်ဆတ်အောင် ထိန်းသိမ်းပေးထားနိုင်သော ဗီဒိုလေးတစ်ခုအတွင်း ထည့်ထားခြင်းဖြစ်သည်။ ထို့ကြောင့်သူက ဉာဏ်ရည်မြင့်စက်ရုပ်ကို သယ်ခိုင်းလာလျှင်လည်း အတူတူသာလျှင်ဖြစ်သည်။ ယွမ့်ထန်းဟာ ဟော်ယွမ်ချမ်း၏ အကြံဉာဏ်အတိုင်း သူ၏အနားတွင် ဝင်ထိုင်လိုက်သည်။ သူက ဖန်ခွက်ကိုယူပြီး ဟော်ယွမ်ချမ်းနှင့် ဖန်ခွက်ချင်းတိုက်လိုက်သည်။

“ချမ်းကော ပျော်ရွှင်ဖွယ်မွေးနေ့ပါ”

“ကျေးဇူးတင်ပါတယ်”

ယွမ့်ထန်း၏ မျက်နှာတစ်ခုလုံးက အပြုံးကြောင့် တောက်ပနေခြင်းကို မြင်ရခြင်းဟာ ဟော်ယွမ်ချမ်း၏ နှလုံးသားကိုလည်း နွေးထွေးလာစေသည်။

ဟော်ယွန်ရီက ခေါင်းကိုငုံ့လိုက်ပြီး ညီဖြစ်သူကို စကားခပ်တိုးတိုးပြောသည်။ သူက ခေါင်းညိမ့်ပြလာကြောင်း မြင်သောအခါ ယွမ့်ထန်းကို အမူအရာပြလျှက် ကင်မရာကို ယူလာစေသည်။ ဒီမွေးနေ့ပွဲဟာ တိုက်ရိုက်ထုတ်လွင့်မည်ဖြစ်သည်။ သူဟာ ဧည့်သည်များကိုလည်း ကြိုတင်အကြောင်းကြားထားပြီးသား ဖြစ်သည့်အတွက် ဟော်ယွမ်ချမ်း၏ ထင်မြင်ချက်ကို မေးမြန်းခြင်းဖြစ်သည်။ လူတိုင်းက သဘောတူကတည်းက ယွမ့်ထန်းက တိုက်ရိုက်ထုတ်လွင့်မှုကို စတင်နိုင်လေပြီ။

ယွမ့်ထန်းက တိုက်ရိုက်ထုတ်လွင့်သည့် ကင်မရာကို လှည့်ပတ်နေသော စားပွဲပေါ်သို့ တင်ထားလိုက်ပြီး ထမင်းစားခန်းမတစ်ခုလုံးကိုသာ ချိန်ရွယ်လျှက် ဖွင့်လိုက်တော့သည်။

“ဟလို အားလုံးပဲ ကိုယ်ကမင်းတို့ရဲ့တင်ဆက်သူ ယွမ့်ထန်းပါ။ ဒီနေ့က ကိုယ့်ရဲ့မိတ်ဆွေက ဟော်ယွမ်ချမ်းရဲ့ မွေးနေ့ပွဲဖြစ်လို့ သူ့အတွက် မွေးနေ့ပွဲတစ်ခုကို ပြင်ဆင်ပေးဖြစ်ပါတယ်။ အားလုံးပဲ အတူကြိုးစားကြည့်ကြရအောင်”

နောက်ဆုံးစကားက ဧည့်သည်တော်များအတွက် ပြောခြင်းမဟုတ်လေဘဲ တိုက်ရိုက်ထုတ်လွင့်မှုကို ကြည့်ရှု့နေသူများအတွက် ရည်ရွယ်ခြင်းဖြစ်သည်။

[မြောင်မြောင်က တင်ဆက်သူ ချက်သမျှ ဟင်းလျာတိုင်းကိုကြိုက်တယ် အိုး.. နောက်ဆုံးတော့ မာရှယ်ဟော်ရဲ့ မွေးနေ့ဖြစ်နေတာပဲ။ ငါတကယ်ကို တရားဝင်ကို မနာလိုဖြစ်တယ်။ ငါလည်း တင်ဆက်သူကိုယ်တိုင် ငါ့ရဲ့မွေးနေ့မှာ ကိုယ်တိုင်ကိုယ်ကျ ချက်ပေးတာလေး စားချင်တာပေါ့ ဝူး ဘာပဲဖြစ်ဖြစ် မာရှယ်ဟော် ပျော်ရွှင်ဖွယ်မွေးနေ့ပါ]

[သစ်ပင်ဖက် မမှီနိုင်ဘူး.. ပျော်ရွှင်ဖွယ်မွေးနေ့ပါ မာရှယ်ဟော် အိုး ကြက်သွန်ဖြူ အသားဖြူတွေက စားလို့ကောင်းမဲ့ပုံပဲ]

သခွားသီးအေးသုပ်က ချိုချဉ်အရသာရှိပြီး လတ်ဆတ်ကာ လန်းဆန်းစေသည်။ အာလူးသုပ်ကမူ နူးညံ့ကာ အရသာရှိ၏။ အထူးခြားဆုံး ဟင်းလျာကမူ ကြက်သွန်ဖြူနှင့် အသားဖြူဖြစ်သည်။ ထို့ပြင် ကြက်ခြေထောက်နှပ်ဟာလည်း ထင်ရှားနေသေးလေသည်။ ကြက်သွန်ဖြူနှင့် အသားဖြူကို ပဲငံပြာရည်နှင့် ရောနှောစိမ်ထားသော ပါးလျသည့် ဝက်ဗိုက်သားလွှာများဖြင့် လုပ်ထားခြင်းဖြစ်ပြီး ငရုတ်ဆီနှင့် ဂျင်းရည်တို့လည်းပါသည်။ ထို့ကြောင့် ချဉ်စပ်အရသာလေးကလည်း ပါဝင်နေအုံးမည်ဖြစ်လေသည်။ ထို့ပြင် ကြက်သွန်ဖြူအရသာက ပြင်းသည့်တိုင်အောင် မွန်တက်နေခြင်း မရှိပြန်ချေ။ အသားဖြူနှင့် ပေါင်းစပ်လိုက်သည့်အခါ အလွန်အမင်း အရသာရှိသွားသည်။ ယွမ့်ထန်းဟာ တစ်နေ့လုံးနီးပါး အချိန်သုံးပြီး ကြက်ခြေထောက်နှပ်ကို ပြင်ဆင်ထားသည်။ ပြုတ်အိုးထဲတွင် ကောင်းကောင်းပြုတ်ထားသည့်အပြင် ပဲငံပြာရည်နှင့် ငရုတ်နှစ်များကိုလည်း ထည့်ထားသေးသည်။ ထို့ကြောင့် အရသာက အပြည့်အဝ စုပ်ယူခံထားရပြီး အလွန်အမင်း အရသာရှိနေတော့သည်။ တစ်ကိုက်ထဲနှင့်တင် အရိုးကိုပင် ကိုက်ဆွဲနိုင်လောက်အောင် အရသာရှိကာ နူးညံ့နေမည်ဖြစ်သည်။ ကြက်ခြေထောက်ကို ယခင်က မစားဖူးသော ထိုလူများက ဆက်တိုက်ဝါး၍ မရပ်နိုင်အောင်ပင် ဆွဲဆောင်ခံသွားရမည်ဖြစ်သည်။

တိုက်ရိုက်ထုတ်လွင့်မှု ခန်းမက အလွန်အမင်း ငြိမ်သက်သွားသည်။ မည်သူကမှ စကားပြောချိန် မရှိကြတော့ချေ။ အားလုံးဟာ အသည်းအသန် စားသောက်နေကြတော့သည်။

[ပန်းပွင့်နေတာ.. အို ဘုရားရေ ဒီလူတွေ တကယ်မြန်တာပဲ ငါတို့အတွက်လည်း နည်းနည်းလောက် ချန်ပါအုံး]

[ဆားစိမ်ငါးကလည်း ငါးပါပဲ.. အား အား အား ငါ့ကြက်ခြေထောက်ကိုလွှတ်]

ကြည့်ရှု့သူများက ဧည့်သည်တော်များ စားသောက်ခြင်းက အလွန်အမင်း မြန်ဆန်နေခြင်းကိုသာ ထင်ရှားစွာ မြင်နေရသည်။ သူတို့က အမြန်စားနေသောကြောင့် ကြည့်ရှု့သူများအနေဖြင့် အရသာခံရန်ပင် မကျန်ရစ်တော့ပေ။ သို့ရာတွင် ဒါဟာ ဧည့်ခံပွဲကို ကြည့်နေရချိန်ကထက် ကောင်းသေးလေသည်။ အနည်းဆုံး သူတို့ လုစားနိုင်သည်။

ဉာဏ်ရည်မြင့်စက်ရုပ်က စားပွဲပေါ်သို့ ပထမဦးဆုံး ပူပူနွေးနွေး ဟင်းလျာတစ်ခုကို သယ်ဆောင်လာသည်။ ဒါက ရွှမ်ကျူးငါးဖြစ်ပြီး လူဓားမျိုးနဲ့ ဧည့်ခံပွဲတွင်လည်း တစ်ခါတည်ခင်းခဲ့ဖူးလေသည်။ ကံဆိုးစွာဖြင့် ထိုအချိန်က ကြည့်ရှု့သူများက အရသာကို ခံနိုင်စွမ်း မရှိခဲ့ကြချေ။ နောက်ဆုံးတွင်မူ ဒီနေ့ အခွင့်အရေး ရလာလေပြီ။ ဉာဏ်ရည်မြင့်စက်ရုပ်ဟာ ဟင်းလျာကို တင်ပြီးသည်နှင့် သူဟာ လွတ်သွားသော ပန်းကန်ပြားကို ပြန်ယူကာ မီးဖိုခန်းထဲသို့ ပြန်ဝင်သွားပြီး ဆေးကြောတော့သည်။

ငရုတ်ပွအနီများနှင့် ငါးဖြူဟာ ဆီပူထဲတွင် အစိမ်ခံထားရသဖြင့် တစ်ခါတစ်ခါ ကွဲအက်သံကဲ့သို့သော အသံဖျော့ဖျော့ကိုပင် ကြားနိုင်လေသည်။ ထိုပြုတ်ရည် ပူပူများထဲတွင် အစပ်အရသာက အပြည့်ပါနေပြီး မျက်နှာကိုပင် ဟပ်လာသည်။ ငါးကမူ နူးညံ့ကာ အရသာရှိမည့် အရိပ်အယောင် ပေါ်လွင်နေတော့သည်။ လျှာကိုကြိမ်းစပ်သွားစေလောက်သော အစပ်အရသာနှင့် သားရည်ကျစေနိုင်စွမ်းရှိသည့် အရသာအပြည့်က ငါးအသားထဲတွင် ပါဝင်နေသည်။ အလွန်အမင်း အရသာရှိသည့်အပြင် လူအများစုက လျှာနှင့်ပါ ရောမြိုချချင်သည်အထိ သဘောကျစိတ် ဝင်လာစေသည်။

[နမ်ခဲအိမ်မက်.. အို စပ်လိုက်တာ ရွှမ်ကျူးငါး အသားလွှာရဲ့ အရသာက ဒီလိုဖြစ်နေတာကိုး တအားကောင်းတယ်]

[ပျံလွှားငှက်လေး ပျံနေပြီ.. ငါဘာကြောင့်လည်းတော့ မသိဘူး ငါပုံရိပ်ယောင်ဒေတာကို စားနေတာပဲ ဆိုပေမဲ့ အရမ်းချိုမြိန်သလို ခံစားနေရပြီ။ ငါးအသားလွှာတင်မဟုတ်ဘဲ အောက်က ကြက်သွန်ဖြူဖတ်တွေကတောင် စားလို့ကောင်းတယ်]

[မင်းဝမ်းနည်းရင်လည်း ဝမ်းနည်းတယ်ပေါ့.. နောက်ဆုံးတစ်ကြိမ် လူထွားတွေလာတုန်းက သူတို့ဒီငါးကို အရမ်းကြိုက်သွားတာ အံ့သြစရာမရှိတော့ဘူး။ တကယ်ကောင်းတာပဲ]

ထိုအခိုက် ဒုတိယမြောက် ဟင်းပွဲဖြစ်သော ဂဏန်းအစပ် အိုးလိုက် တည်ခင်းလာတော့သည်။ စားပွဲပေါ်သို့ မယူလာခင်ကတည်းက မွှေးပျံ့သည့်ရနံ့က တစ်ခန်းလုံးကို ကျီစယ်နေပြီးသားဖြစ်သည်။

[ပါရမီရှင်နတ်ဆိုး.. အိုး ဒါကဂြိုလ်နံပါတ် (၁၉)က ရေမကောင်းဆိုးဝါးဆိုတဲ့ အကောင်မဟုတ်လား။ တော်တော်ကြီးတာပဲ]

[ခရမ်းချဉ်းသီးသုန့်ကျစ်.. အိုး ဟုတ်သားပဲ ဒီအသားက အရမ်းအရသာရှိမဲ့ပုံပဲ။ ဒါပေမဲ့ Shopping ဆိုက်မှာ ဝယ်လို့မရသေးဘူးလို့ ငါထင်တယ်။ ဒါကြောင့် ငါဒါကို မစားနိုင်သေးဘူး]

[အက်ခိုး.. အား အား အား ငါ့ရဲ့ဂဏန်းလေး ဘယ်သူငါ့ရဲ့ဂဏန်းကို ယူသွားတာလဲ]

အချိန်တိုင်းလိုလို ကြည့်ရှု့သူများထံမှ အော်ဟစ်သံက ထွက်ပေါ်လာနေသည်။ မည်သို့ပင်ဆိုစေ ပုံရိပ်ယောင်ဒေတာ အစစ်အမှန် ပစ္စည်းများပေါ် အခြေခံထားခြင်းဖြစ်သည်။ ထို့ကြောင့် အစစ်အမှန် ဂဏန်းများ၏ အရေအတွက်က လျော့ကျသွားသည်နှင့် သူတို့အရသာခံနိုင်သည့် ပမာဏကလည်း လျော့ကျသွားမည်သာဖြစ်သည်။ ထို့ကြောင့် ကြည့်ရှု့သူများအနေဖြင့် ကျားပါးစပ်ထဲမှ အစာကို လုရသလိုမျိုး အသည်းအသန် အရှိန်နှုန်းမြင့်ကာ မြည်းစမ်းနေရသည်။

ဧည့်သည်ပန်းကန်များကလည်း အခွံများဖြင့် ပြည့်လာသည်။ ဉာဏ်ရည်မြင့်အိမ်တော်ထိန်းက ရှေ့တက်လာပြီး ပန်းကန်ပြားများကိုသိမ်းကာ ပန်းကန်သစ်များဖြင့် အစားထိုးပေးသည်။

တတိယမြောက် ဟင်းလျာက မာပိုတို့ဟူးဆိုသည့် ရိုးရှင်းဟန် ထင်ရသော ဟင်းလျာဖြစ်သည်။ သို့ရာတွင် ယွမ့်ထန်းက ခြောက်နာရီကြာအောင် ဟင်းအိုးထဲတွင်ထည့်ကာ ပြုတ်ထားခဲ့ခြင်းဖြစ်သည်။ ထိုတို့ဟူးဟာ အသားအရသာအပြည့် စုပ်ယူထားပြီး အံ့အားသင့်စရာကောင်းသော အရသာကို ပေးစွမ်းနိုင်စွမ်းရှိသည်။

[အဲ့ဒီငါးခြောက်ကို ကြောင်ကိုကျွေးလိုက်.. ငါအရင်က မာပိုတို့ဟူးကို စားဖူးမှန်း ငါလည်း သိပါတယ်။ ဒါပေမဲ့ ဒီတစ်ခုနဲ့ ယှဉ်လို့ကိုမရတာ။ ဒီတစ်ခုက တအားကောင်းတယ်]

[အားနည်းတဲ့ နှလုံးသားလေးက လှည့်စားခံလိုက်ရပြီ.. အစပ်ဟင်းပွဲ သုံးမျိုးဆက်တိုက်လာတယ်။ တင်ဆက်သူက ဒီနေ့ အစပ်ညစာစားပွဲကိုများ ကျင်းပချင်နေတာလား။ ငါ ငါ အစပ်မစားနိုင်ဘူး]

[ပိုင်ရွှမ်ယွမ်.. ငါလည်း အစပ်ဟင်းလျာတွေကို မစားနိုင်ဘူးဆိုပေမဲ့ ဒီဟာတွေက တအားကောင်းနေတယ်လေ။ ငါစပ်လွန်းလို့ သေသွားမယ်ဆိုရင်တောင်မှ သေချာပေါက် စားသွားချင်သေးတယ်]

[အရှင်ကျို့က အားကျို့မဟုတ်ဘူး.. ငါရေသုံးခွက်သောက်ပြီး မူးနေပြီ ငါ့ကို ဒီအစပ်ဟင်းတွေမစားဖို့ ဘယ်သူကမှ မတားနိုင်တော့ဘူး]

လေးပွဲမြောက်ဟင်းက အမေရိကန် ဖားကြီးကင်ဖြစ်သည်။ ဟင်းလျာအသစ်ဖြစ်သောကြောင့် ချလာသည့်အခါ ယွမ့်ထန်းက သူတို့ကို ဟင်းလျာ၏ နာမည်ကိုပြောပြီး လူတိုင်းကို ဒီပါဝင်ပစ္စည်း အသစ်အကြောင်း မိတ်ဆက်ပေးရသည်။

[အချစ်လေးယွမ့်.. အို ဘုရားရေ ဒီအရုပ်ဆိုးတဲ့ ပါဝင်ပစ္စည်းတွေက အရမ်းကောင်းတဲ့ ဟင်းလျာ ဖြစ်သွားနိုင်တာလား]

[ယင်ရှောင်ယွီ.. ဟုတ်တယ် ငါ Shopping ဆိုင်မှာ ဒီပါဝင်ပစ္စည်းကို ပုံကြိမ်းမြင်လိုက်သေးတယ်။ တကယ်ကြောက်ဖို့ကောင်းတာ။ အဲ့လိုအရုပ်ဆိုးတဲ့ အရာမျိုးက ချက်ပြီးတဲ့အခါ ဒီလိုအရသာ ရှိသွားမယ်လို့ မထင်ထားမိဘူး]

[အေပရယ်လရဲ့ သားမွှေးအနွေးထည် လည်ပင်းထောင်လေးက အမွှေးအမျှင်လေးက လည်ပင်းကို ပွတ်သပ်ကျီစယ်နေပြီ.. မင်းယုံချင်ယုံ မယုံချင်နေ ငါကတော့ အရင်စားပြီ]

[အပြာရောင်နတ်ဆိုးရဲ့ အနက်ရောင် စိတ်ဝိညာဉ်.. အိုး ဒါကအရမ်း အရမ်း အရမ်းကောင်းတယ် အား ငါ့အမေကငါ့ကို ဘာလို့ငိုတာလဲလို့ မေးနေပြီ]

ထိုအမေရိကန် ဖားကင်ဟာ အခြောက်ကြော်ထားခြင်းဖြစ်ပြီး အပေါ်ယံက ကျွတ်ရွနေသော အရေခွံများကို ထင်ရှားစွာ မြင်နေရသည်။ အတွင်းရှိ အသားကမူ နူးညံ့စွာ ချောမွေ့နေပြန်သည်။ အသားဟာ အရိုးလွတ်သည်ဟု ထင်ရလောက်အောင် နူးညံ့နေလေသည်။ ကရုတစိုက် ပြင်ဆင်ထားသော စီချွမ်ငရုတ်ကောင်းနှင့် ငရုတ်နှစ်တို့ ရောစပ်ထားသည့် အချဉ်ဟာလည်း ဖားသားနှင့် အလွန်လိုက်ဖက်နေသည်။ တစ်ကိုက် ကိုက်လိုက်ပြီးသည်နှင့် အစပ်အရသာက ပါးစပ်ထဲတွင် ပေါက်ကွဲထွက်သွားမည်ဖြစ်ကာ စား၍မရပ်နိုင်တော့ချေ။

နောက်ထပ် ဟင်းလျာကမူ ထန်းကောဟင်းလျာဖြစ်သည်။ ယွမ့်ထန်းက ကြီးမားသော တရုတ်ငါးကြီးတစ်မျိုးကို ရွေးချယ်ထားခြင်းဖြစ်သည်။ ထိုငါးဟာ ခြောက်ပေါင်ခန့် အလေးချိန်ရှိသည်။ သူက အပိုင်းနှစ်ဆယ်ခန့်ခုတ်ပြီး လေးနာရီကြာ အရိုးနွင်ရသည်။ ငါးကိုအရသာ ပိုစုပ်နိုင်ရန်အလို့ငှာ အချိန်အတန်ကြာ ပြုတ်ခဲ့ရသေးလေသည်။ အသားဟာ ကျက်သွားပြီးနောက်တွင် အပူချိန်မြင့်မြင့်တွင် ထပ်မံကြော်သည်။ ထို့နောက် ငရုတ်သီးပဲစေ့ ကြိတ်ထားသောပဲများနှင့် အခြားသော အလားတူ အနှစ်လုပ်နိုင်သည့် အရာများအားလုံး ရောနယ်ကာ ကြော်ချက်ပြီးနောက် ငါးပေါ်တွင် စမ်းလိုက်ပြီး အပေါ်မှ တောင်တန်းသဖွယ် ငရုတ်သီးတောင့်များကို ထိုးစိုက်ထားလိုက်ခြင်းဖြစ်သည်။

စားပွဲပေါ်သို့ ချလိုက်သည်နှင့် လူတိုင်းက အံ့အားသင့်ဖွယ် လုပ်ကြသည်။

ထိုအစပ်တောင်တန်းကြီးဟာ ငါးတစ်ခုလုံးကို ဖုံးလွှမ်းထားနီးပါး ဖြစ်သည်။ အလွန်အမင်း စပ်မည့်ပုံ ပေါ်နေသော်လည်း အလွန်အရသာ ရှိနေသည်မှာလည်း သေချာနေပြန်သည်။ ငါးဟာ ကျွတ်ရွနေပြီး နူးညံ့နေပြန်သည်။ ပဲအနှစ်နှင့် ပဲစေ့တို့ ရောနေသော ငါးတစ်ကိုက် ကိုက်လိုက်ချိန်တိုင်း အံ့အားသင့်စရာကောင်းသော အရသာက အပြည့်ပါလာသည်။

[မင်းရဲ့နောက်ကိုပဲ မရှင်းပြနိုင်အောင် လိုက်နေမိတယ်.. အစပ် အရသာရှိတယ် အရသာရှိတယ်။ အို ဘုရားရေ ဘာလို့ဒီလောက်တောင် အရသာရှိနေတာလဲ]

[အရ်ချီရှီလင်း.. တကယ်စပ်မဲ့ပုံပဲ ဒါပေမဲ့ အရသာက အနေတော်ပဲ။ တစ်ခုခုက မွှေးနေသလိုပဲ နောက်ပြီး ပါဝင်ပစ္စည်းတွေထဲမှာ ကျွတ်ရွနေတဲ့ တစ်ခုခုလည်း ပါဝင်နေတယ်။ အားလုံးပေါင်းလိုက်တော့ တော်တော်လေးကို အရသာရှိသွားတယ်]

ကြည့်ရှု့သူများကပင် ချီးကျူးနေခြင်း မဟုတ်လေဘဲ ဧည့်သည်တော်များကလည်း သဘောကျဟန်ဖြင့် ဆက်တိုက် စားနေကြတော့သည်။ သူတို့၏ ပါးစပ်ကပင် အဆီတဝင်းဝင်း ဖြစ်လာသည်။

ခြောက်ပွဲမြောက် ဟင်းလျာကမူ ကြက်ဥပြုတ်နှင့် ငန်းအသည်းဖြစ်သည်။ ထိုဟင်းလျာက စားပွဲပေါ်သို့ ရောက်လေပြီ။ ထိုဟင်းလျာကသာ ယခင်ဟင်းလျာများနှင့် မတူညီစွာ အစပ်မပါခြင်းဖြစ်သည်။

အနာဂတ်ရှိ လူအများ၏ အစာအိမ်ဟာ အလွန်အမင်း သန်မာလောက်သော်လည်း သူတို့ဟာ အစပ်ဟင်းတိုင်းကို ဆက်တိုက် မစားနိုင်လောက်ကြသေးပေ။ မဟုတ်လျှင် သူတို့၏ပါးစပ်က ထုံထိုင်းလွန်းနေပေလိမ့်မည်။

အစပ်မပါသောဟင်းလျာက ထုံထိုင်းသောပါးစပ်ကို ဖြေရန်အတွက် အကောင်းဆုံးဖြစ်သည်။

ကြက်ဥပြုတ်နှင့် ငန်းအသည်းကို ပြင်ဆင်ထားပုံမှာ ကြက်ဥပြုတ်၏အလယ်တွင် ဖောက်ပြီး ငန်းအသည်းကို ထည့်ထားခြင်းဖြစ်သည်။ ထို့နောက် ကြက်ဥများကို ဆားနှင့်ငရုတ်ကောင်း အနည်းငယ်ထည့်လျှက် သင့်လျော်သော ပမာဏဖြင့် ရောနယ်ထားခြင်းဖြစ်သည်။ ငန်းအသည်းကမူ သွေးညှီနံ့ကိုဖယ်ရန် ပြုတ်ထားရပြီးမှ သေးငယ်သော အပိုင်းလေးများ ခုတ်ပိုင်းထားကာ ထောပတ်နှင့် ရွှေဝါရောင် နှစ်ဖက်လုံး သမ်းလာသည်အထိ ကြော်ထားခြင်းဖြစ်သည်။ ထို့နောက် ကြိုတင်ပြင်ဆင်ထားသော မွှေထားသည့်ကြက်ဥကို ကြက်ဥခွံထဲသို့ အရေများကို ပြန်လောင်းထည့်လိုက်ကာ အိုးထဲတွင် ပြန်ပြုတ်သည်။ ထို့နောက် ငန်းအသည်းကို ကြက်ဥပြုတ်၏ အပေါ်တွင်တင်ပြီး အချဉ်ရည် တစ်စက်နှစ်စက်စီ စမ်းလိုက်သေးသည်။ အရသာရှိသော ကြက်ဥပြုတ်ငန်းအသည်းက အဆင်သင့်ဖြစ်သွားလေပြီ။

ကြက်ဥပြုတ်ငန်းအသည်းက ပမာဏသေးငယ်သောကြောင့် ဧည့်သည်တော်များက တစ်ခွက်စီ ရရှိသည်။ အလွန်အရသာရှိသော ကြက်ဥများက နူးညံ့နေပြီး ငန်းအသည်းကမူ အပြင်ဘက်တွင် ကျွတ်ရွကာ အတွင်းတွင် နူးညံ့နေပြန်သည်။ ထို့အပြင် အရသာရှိသော ထမင်းနှင့် ပေါင်းစပ်လိုက်သော် တစ်ဇွန်းပြီးတစ်ဇွန်း ဆက်တိုက်စားချင်စိတ် ဖြစ်ပေါ်လာစေမိသည်။

[လေတိုက်လို့မူးသွားပြီ.. ငါဒါကို တရားဝင် ကန့်ကွက်တယ်။ ဒီလူတွေစားတာ အရမ်းမြန်တယ်။ ငန်းအသည်းက ဘာမှန်းတောင် ငါမသိသေးဘူး။ သူတို့အားလုံးက စားလိုက်ကြပြီ]

[မိခင်အိုကြီးရဲ့ အချစ်ကလေး.. ဟေး ငါဘာမှ မစားလိုက်ရဘူး တကယ်မပျော်တော့ဘူး]

ယွမ့်ထန်းက ဒီအခြေအနေကို မြင်သောအခါ ရယ်သည်။ သူမနေနိုင်ဘဲ ခပ်တိုးတိုးပြောလိုက်သည်။

“အားလုံးပဲ ကိုယ့်ရဲ့ဝေစုကို လာမြည်းစမ်းကြည့်နိုင်ပါတယ်”

[မက်မွန်ပူတင်းလေး.. အိုး တင်ဆက်သူက အရမ်းကောင်းတာပဲ]

[ထရန်စပါးရမ့်လေး.. တင်ဆက်သူ တင်ဆက်သူ အရမ်းချစ်တယ်]

[နေထွက်တာကို ကြည့်ချင်ရုံပဲ.. အို ဘုရားရေ တကယ်အရသာရှိတာပဲ။ ဒီငန်းအသားက အရမ်းအရသာရှိတယ်။ နှမြောစရာကောင်းတာက အရမ်းနည်းနေတယ်]

[ရုပ်သေးရုပ်လေး ပြန်သွားပြီ.. ဟုတ်တယ် ဒီပေါ်က ပဲစေ့လေးတွေလား။ ဒါလေးတွေကလည်း အရသာရှိတာပဲ]

“နောက်တစ်ကြိမ်ကျရင် ကိုယ့်မှာ အခွင့်အရေး ရခဲ့ရင် သေချာပေါက် ငန်းအသည်း ဆန်မုန့်ကြော်ကိုလည်း အားလုံးမြည်းစမ်းခွင့်ရအောင် ပြင်ဆင်ပေးပါ့မယ်”

.....

အခန္း(၈၆)

ယြမ့္ထန္းက လူတိုင္းကို ႏႈတ္ဆက္ၿပီး ထိုင္ခုံတြင္ ဝင္ထိုင္ေစၿပီးေနာက္ သူဟာ မီးဖိုခန္းအတြင္းသို႔ ကိတ္မုန႔္ကို ျပန္လည္ယူေဆာင္သြားသည္။ ထိုကိတ္မုန႔္က ေနာက္ပိုင္းမွသာ အခ်ိဳပြဲအျဖစ္ တဖန္ ထုတ္လာရမည္ျဖစ္သည္။

ဧည့္ခန္းထဲတြင္ လုံးဝိုင္းေသာ စားပြဲႏွစ္လုံးကို ခ်ထားသည္။ အေပၚတြင္လည္း ပြဲေတာ္အနီေရာင္ စားပြဲခင္းမ်ားကို ခင္းထားေလသည္။ အလယ္တြင္လည္း အထူးသီးသန႔္ ထုတ္လုပ္ထားသည့္ လွည့္ပတ္၍ရေသာ စားပြဲျမင့္တစ္ခုပါၿပီး ဧည့္သည္တိုင္းက ဟင္းလ်ာတိုင္းကို ရယူနိုင္ေစရန္ အလ်ဥ္းသင့္သြားသည္။

“အားလုံးပဲ မအားလပ္တဲ့ အခ်ိန္ဇယားေတြထဲကေန အခ်ိန္ဖယ္ၿပီး ကြၽန္ေတာ္ရဲ႕ ညီျဖစ္သူရဲ႕ ေမြးေန႕ပြဲကို လာေပးတဲ့အတြက္ ေက်းဇူးအမ်ားႀကီး တင္ပါတယ္”

လူတိုင္းက ထိုင္ခုံတြင္ ေနရာယူၿပီးေသာအခါ ဒီေမြးေန႕ပြဲကို စီစဥ္သူမ်ားထဲမွ အဓိကတစ္ေယာက္ျဖစ္သည့္ ေဟာ္ယြန္ရီက အရင္ဦးစြာ ဧည့္သည္မ်ားကို ႏႈတ္ဆက္လိုက္သည္။

“လာၾကပါ အားလုံးပဲ အတူ ႀကိဳးစားၾကည့္ၾကရေအာင္။ ဒါက ကြၽန္ေတာ္တို႔ရဲ႕ အကယ္ဒမီသိပၸံက သိပ္မၾကာခင္ကမွ ထုတ္လုပ္ထားတဲ့ ကိုလာဆိုတဲ့ အေအးတစ္မ်ိဳးပါ”

လူအုပ္က သူတို႔၏ေရွ႕တြင္ရွိေသာခြက္ကို ေကာက္ကိုင္ကာ တစ္ငုံေသာက္ၾကည့္ၾကသည္။ အထဲမွ အျမဳပ္တစီစီ အသံမ်ားကိုလည္း ၾကားေနရေသးၿပီး ခ်ိဳၿမိန္မႈေရာေနသည့္ အနည္းငယ္ အခါးဓာတ္ပါေသာ အရသာမ်ိဳးကို ရလိုက္ၾကသည္။ သူတို႔က အစပိုင္းတြင္ က်င့္သားမရၾကေသးေခ်။ သို႔ေသာ္ အခ်ိန္တစ္ခုၾကာၿပီးေနာက္တြင္ အလြန္အရသာရွိေသာ ေသာက္စရာတစ္မ်ိဳးျဖင့္ လက္ခံလိုက္ၾကသည္။

ဒါကသူတို႔အတြက္ ေလာကသစ္တစ္ခုကို ဖြင့္ေပးလိုက္သလို ျဖစ္သြားသည္။

“ငါတို႔ကသာ မင္းကို ေက်းဇူးတင္ရမွာပါ။ လူတိုင္းက လူႀကီးမင္းယြမ့္ရဲ႕ လက္ရာကို ျမည္းစမ္းခြင့္ရၾကတာမွ မဟုတ္ဘဲ”

လူတိုင္းကလည္း အၿပဳံးႏွင့္ တုန႔္ျပန္ၾကသည္။

ေဟာ္ယြမ္ခ်မ္းဟာ မွင္သက္စြာျဖင့္ ထမင္းစား စားပြဲထံသို႔ ဦးေဆာင္ေခၚသြားခံရသည္။ တစ္ခ်ိန္လုံး ပတ္ဝန္းက်င္မွ ရင္းႏွီးကြၽမ္းဝင္ေသာ မ်က္ႏွာမ်ားကို ၾကည့္ေနရင္းမွ မေနနိုင္ဘဲ ႏွလုံးသားထဲ ေႏြးေထြးမႈမ်ား ၿပဳံတိုးဝင္လာသလို ခံစားလိုက္ရေသးသည္။ ေမြးေန႕ပြဲ က်င္းပျခင္းဆိုသည့္ အဓိပၸာယ္ကို သူမသိေပ။ သို႔ေသာ္ မိတ္ေဆြမ်ား၊ မိဘမ်ားက သူ၏ေမြးေန႕ကို ဂုဏ္ျပဳေပးရန္ အထူးတလည္ ေရာက္လာသည့္ ခံစားခ်က္မ်ိဳးကိုမူ သူနားလည္သည္။ ဒါက သူ႕ကို ေပ်ာ္႐ႊင္ေစသလို ခ်စ္ျမတ္နိုးခံရသည္ဆိုေသာ ခံစားခ်က္မ်ိဳးကိုလည္း ရေစသည္။

လူအမ်ားက ေဟာ္ယြမ္ခ်မ္း၏ အနားသို႔ ခ်ဥ္းကပ္လာၿပီး သူႏွင့္စကားေျပာၾကသည္။ သူတို႔ ႀကိဳတင္ျပင္ဆင္လာေသာ လက္ေဆာင္မ်ားကို ေပးၾကသည္။ သူက ဧည့္သည္မ်ားကို စကားေျပာေနရင္းမွ ယြမ့္ထန္းႏွင့္ ေထာင္အန္းတို႔ဟာ ဟင္းလ်ာေအးေလးပြဲကို သယ္ထုတ္လာေၾကာင္း ျမင္လိုက္ရသည္။ ထိုဟင္းလ်ာမ်ားက အဓိကဟင္းလ်ာ ပူပူေႏြးေႏြး ထြက္မလာခင္ အစာအိမ္ကို ႏွစ္သိမ့္ေပးရန္ ဦးစြာျပင္ဆင္ထားေသာ ဟင္းလ်ာမ်ားျဖစ္သည္။

“ဒါက ၾကက္သြန္နဲ႕အသားျဖဴ၊ သခြားသီးသုပ္၊ အာလူးသုပ္နဲ႕ ၾကက္ေျခေထာက္ႏွပ္တို႔ပါပဲ။ အားလုံးပဲ သုံးေဆာင္ၾကပါ”

ယြမ့္ထန္းက အၿပဳံးႏွင့္ေျပာသည္။

“အားထန္း မင္းလည္း ကိုယ္တို႔နဲ႕အတူ ဝင္ထိုင္ၿပီး စားသင့္တယ္”

ယြမ့္ထန္းက မီးဖိုခန္းထဲ ထပ္ဝင္သြားမည့္ အေနအထားကို ျမင္သည့္အခါ ေဟာ္ယြမ္ခ်မ္းက အလ်င္စလို လက္ျဖင့္လွမ္းဆြဲလိုက္ကာ လွမ္းေခၚသည္။

“ေကာင္းပါၿပီ”

ဟင္းလ်ာမ်ားအားလုံးကို ႀကိဳတင္ျပင္ဆင္ၿပီးသား ျဖစ္ေလရာ လတ္ဆတ္ေအာင္ ထိန္းသိမ္းေပးထားနိုင္ေသာ ဗီဒိုေလးတစ္ခုအတြင္း ထည့္ထားျခင္းျဖစ္သည္။ ထို႔ေၾကာင့္သူက ဉာဏ္ရည္ျမင့္စက္႐ုပ္ကို သယ္ခိုင္းလာလွ်င္လည္း အတူတူသာလွ်င္ျဖစ္သည္။ ယြမ့္ထန္းဟာ ေဟာ္ယြမ္ခ်မ္း၏ အႀကံဉာဏ္အတိုင္း သူ၏အနားတြင္ ဝင္ထိုင္လိုက္သည္။ သူက ဖန္ခြက္ကိုယူၿပီး ေဟာ္ယြမ္ခ်မ္းႏွင့္ ဖန္ခြက္ခ်င္းတိုက္လိုက္သည္။

“ခ်မ္းေကာ ေပ်ာ္႐ႊင္ဖြယ္ေမြးေန႕ပါ”

“ေက်းဇူးတင္ပါတယ္”

ယြမ့္ထန္း၏ မ်က္ႏွာတစ္ခုလုံးက အၿပဳံးေၾကာင့္ ေတာက္ပေနျခင္းကို ျမင္ရျခင္းဟာ ေဟာ္ယြမ္ခ်မ္း၏ ႏွလုံးသားကိုလည္း ေႏြးေထြးလာေစသည္။

ေဟာ္ယြန္ရီက ေခါင္းကိုငုံ႕လိုက္ၿပီး ညီျဖစ္သူကို စကားခပ္တိုးတိုးေျပာသည္။ သူက ေခါင္းညိမ့္ျပလာေၾကာင္း ျမင္ေသာအခါ ယြမ့္ထန္းကို အမူအရာျပလွ်က္ ကင္မရာကို ယူလာေစသည္။ ဒီေမြးေန႕ပြဲဟာ တိုက္ရိုက္ထုတ္လြင့္မည္ျဖစ္သည္။ သူဟာ ဧည့္သည္မ်ားကိုလည္း ႀကိဳတင္အေၾကာင္းၾကားထားၿပီးသား ျဖစ္သည့္အတြက္ ေဟာ္ယြမ္ခ်မ္း၏ ထင္ျမင္ခ်က္ကို ေမးျမန္းျခင္းျဖစ္သည္။ လူတိုင္းက သေဘာတူကတည္းက ယြမ့္ထန္းက တိုက္ရိုက္ထုတ္လြင့္မႈကို စတင္နိုင္ေလၿပီ။

ယြမ့္ထန္းက တိုက္ရိုက္ထုတ္လြင့္သည့္ ကင္မရာကို လွည့္ပတ္ေနေသာ စားပြဲေပၚသို႔ တင္ထားလိုက္ၿပီး ထမင္းစားခန္းမတစ္ခုလုံးကိုသာ ခ်ိန္႐ြယ္လွ်က္ ဖြင့္လိုက္ေတာ့သည္။

“ဟလို အားလုံးပဲ ကိုယ္ကမင္းတို႔ရဲ႕တင္ဆက္သူ ယြမ့္ထန္းပါ။ ဒီေန႕က ကိုယ့္ရဲ႕မိတ္ေဆြက ေဟာ္ယြမ္ခ်မ္းရဲ႕ ေမြးေန႕ပြဲျဖစ္လို႔ သူ႕အတြက္ ေမြးေန႕ပြဲတစ္ခုကို ျပင္ဆင္ေပးျဖစ္ပါတယ္။ အားလုံးပဲ အတူႀကိဳးစားၾကည့္ၾကရေအာင္”

ေနာက္ဆုံးစကားက ဧည့္သည္ေတာ္မ်ားအတြက္ ေျပာျခင္းမဟုတ္ေလဘဲ တိုက္ရိုက္ထုတ္လြင့္မႈကို ၾကည့္ရႈ႕ေနသူမ်ားအတြက္ ရည္႐ြယ္ျခင္းျဖစ္သည္။

[ေျမာင္ေျမာင္က တင္ဆက္သူ ခ်က္သမွ် ဟင္းလ်ာတိုင္းကိုႀကိဳက္တယ္ အိုး.. ေနာက္ဆုံးေတာ့ မာရွယ္ေဟာ္ရဲ႕ ေမြးေန႕ျဖစ္ေနတာပဲ။ ငါတကယ္ကို တရားဝင္ကို မနာလိုျဖစ္တယ္။ ငါလည္း တင္ဆက္သူကိုယ္တိုင္ ငါ့ရဲ႕ေမြးေန႕မွာ ကိုယ္တိုင္ကိုယ္က် ခ်က္ေပးတာေလး စားခ်င္တာေပါ့ ဝူး ဘာပဲျဖစ္ျဖစ္ မာရွယ္ေဟာ္ ေပ်ာ္႐ႊင္ဖြယ္ေမြးေန႕ပါ]

[သစ္ပင္ဖက္ မမွီနိုင္ဘူး.. ေပ်ာ္႐ႊင္ဖြယ္ေမြးေန႕ပါ မာရွယ္ေဟာ္ အိုး ၾကက္သြန္ျဖဴ အသားျဖဴေတြက စားလို႔ေကာင္းမဲ့ပုံပဲ]

သခြားသီးေအးသုပ္က ခ်ိဳခ်ဥ္အရသာရွိၿပီး လတ္ဆတ္ကာ လန္းဆန္းေစသည္။ အာလူးသုပ္ကမူ ႏူးညံ့ကာ အရသာရွိ၏။ အထူးျခားဆုံး ဟင္းလ်ာကမူ ၾကက္သြန္ျဖဴႏွင့္ အသားျဖဴျဖစ္သည္။ ထို႔ျပင္ ၾကက္ေျခေထာက္ႏွပ္ဟာလည္း ထင္ရွားေနေသးေလသည္။ ၾကက္သြန္ျဖဴႏွင့္ အသားျဖဴကို ပဲငံျပာရည္ႏွင့္ ေရာေႏွာစိမ္ထားေသာ ပါးလ်သည့္ ဝက္ဗိုက္သားလႊာမ်ားျဖင့္ လုပ္ထားျခင္းျဖစ္ၿပီး င႐ုတ္ဆီႏွင့္ ဂ်င္းရည္တို႔လည္းပါသည္။ ထို႔ေၾကာင့္ ခ်ဥ္စပ္အရသာေလးကလည္း ပါဝင္ေနအုံးမည္ျဖစ္ေလသည္။ ထို႔ျပင္ ၾကက္သြန္ျဖဴအရသာက ျပင္းသည့္တိုင္ေအာင္ မြန္တက္ေနျခင္း မရွိျပန္ေခ်။ အသားျဖဴႏွင့္ ေပါင္းစပ္လိုက္သည့္အခါ အလြန္အမင္း အရသာရွိသြားသည္။ ယြမ့္ထန္းဟာ တစ္ေန႕လုံးနီးပါး အခ်ိန္သုံးၿပီး ၾကက္ေျခေထာက္ႏွပ္ကို ျပင္ဆင္ထားသည္။ ျပဳတ္အိုးထဲတြင္ ေကာင္းေကာင္းျပဳတ္ထားသည့္အျပင္ ပဲငံျပာရည္ႏွင့္ င႐ုတ္ႏွစ္မ်ားကိုလည္း ထည့္ထားေသးသည္။ ထို႔ေၾကာင့္ အရသာက အျပည့္အဝ စုပ္ယူခံထားရၿပီး အလြန္အမင္း အရသာရွိေနေတာ့သည္။ တစ္ကိုက္ထဲႏွင့္တင္ အရိုးကိုပင္ ကိုက္ဆြဲနိုင္ေလာက္ေအာင္ အရသာရွိကာ ႏူးညံ့ေနမည္ျဖစ္သည္။ ၾကက္ေျခေထာက္ကို ယခင္က မစားဖူးေသာ ထိုလူမ်ားက ဆက္တိုက္ဝါး၍ မရပ္နိုင္ေအာင္ပင္ ဆြဲေဆာင္ခံသြားရမည္ျဖစ္သည္။

တိုက္ရိုက္ထုတ္လြင့္မႈ ခန္းမက အလြန္အမင္း ၿငိမ္သက္သြားသည္။ မည္သူကမွ စကားေျပာခ်ိန္ မရွိၾကေတာ့ေခ်။ အားလုံးဟာ အသည္းအသန္ စားေသာက္ေနၾကေတာ့သည္။

[ပန္းပြင့္ေနတာ.. အို ဘုရားေရ ဒီလူေတြ တကယ္ျမန္တာပဲ ငါတို႔အတြက္လည္း နည္းနည္းေလာက္ ခ်န္ပါအုံး]

[ဆားစိမ္ငါးကလည္း ငါးပါပဲ.. အား အား အား ငါ့ၾကက္ေျခေထာက္ကိုလႊတ္]

ၾကည့္ရႈ႕သူမ်ားက ဧည့္သည္ေတာ္မ်ား စားေသာက္ျခင္းက အလြန္အမင္း ျမန္ဆန္ေနျခင္းကိုသာ ထင္ရွားစြာ ျမင္ေနရသည္။ သူတို႔က အျမန္စားေနေသာေၾကာင့္ ၾကည့္ရႈ႕သူမ်ားအေနျဖင့္ အရသာခံရန္ပင္ မက်န္ရစ္ေတာ့ေပ။ သို႔ရာတြင္ ဒါဟာ ဧည့္ခံပြဲကို ၾကည့္ေနရခ်ိန္ကထက္ ေကာင္းေသးေလသည္။ အနည္းဆုံး သူတို႔ လုစားနိုင္သည္။

ဉာဏ္ရည္ျမင့္စက္႐ုပ္က စားပြဲေပၚသို႔ ပထမဦးဆုံး ပူပူေႏြးေႏြး ဟင္းလ်ာတစ္ခုကို သယ္ေဆာင္လာသည္။ ဒါက ႐ႊမ္က်ဴးငါးျဖစ္ၿပီး လူဓားမ်ိဳးနဲ႕ ဧည့္ခံပြဲတြင္လည္း တစ္ခါတည္ခင္းခဲ့ဖူးေလသည္။ ကံဆိုးစြာျဖင့္ ထိုအခ်ိန္က ၾကည့္ရႈ႕သူမ်ားက အရသာကို ခံနိုင္စြမ္း မရွိခဲ့ၾကေခ်။ ေနာက္ဆုံးတြင္မူ ဒီေန႕ အခြင့္အေရး ရလာေလၿပီ။ ဉာဏ္ရည္ျမင့္စက္႐ုပ္ဟာ ဟင္းလ်ာကို တင္ၿပီးသည္ႏွင့္ သူဟာ လြတ္သြားေသာ ပန္းကန္ျပားကို ျပန္ယူကာ မီးဖိုခန္းထဲသို႔ ျပန္ဝင္သြားၿပီး ေဆးေၾကာေတာ့သည္။

င႐ုတ္ပြအနီမ်ားႏွင့္ ငါးျဖဴဟာ ဆီပူထဲတြင္ အစိမ္ခံထားရသျဖင့္ တစ္ခါတစ္ခါ ကြဲအက္သံကဲ့သို႔ေသာ အသံေဖ်ာ့ေဖ်ာ့ကိုပင္ ၾကားနိုင္ေလသည္။ ထိုျပဳတ္ရည္ ပူပူမ်ားထဲတြင္ အစပ္အရသာက အျပည့္ပါေနၿပီး မ်က္ႏွာကိုပင္ ဟပ္လာသည္။ ငါးကမူ ႏူးညံ့ကာ အရသာရွိမည့္ အရိပ္အေယာင္ ေပၚလြင္ေနေတာ့သည္။ လွ်ာကိုႀကိမ္းစပ္သြားေစေလာက္ေသာ အစပ္အရသာႏွင့္ သားရည္က်ေစနိုင္စြမ္းရွိသည့္ အရသာအျပည့္က ငါးအသားထဲတြင္ ပါဝင္ေနသည္။ အလြန္အမင္း အရသာရွိသည့္အျပင္ လူအမ်ားစုက လွ်ာႏွင့္ပါ ေရာၿမိဳခ်ခ်င္သည္အထိ သေဘာက်စိတ္ ဝင္လာေစသည္။

[နမ္ခဲအိမ္မက္.. အို စပ္လိုက္တာ ႐ႊမ္က်ဴးငါး အသားလႊာရဲ႕ အရသာက ဒီလိုျဖစ္ေနတာကိုး တအားေကာင္းတယ္]

[ပ်ံလႊားငွက္ေလး ပ်ံေနၿပီ.. ငါဘာေၾကာင့္လည္းေတာ့ မသိဘူး ငါပုံရိပ္ေယာင္ေဒတာကို စားေနတာပဲ ဆိုေပမဲ့ အရမ္းခ်ိဳၿမိန္သလို ခံစားေနရၿပီ။ ငါးအသားလႊာတင္မဟုတ္ဘဲ ေအာက္က ၾကက္သြန္ျဖဴဖတ္ေတြကေတာင္ စားလို႔ေကာင္းတယ္]

[မင္းဝမ္းနည္းရင္လည္း ဝမ္းနည္းတယ္ေပါ့.. ေနာက္ဆုံးတစ္ႀကိမ္ လူထြားေတြလာတုန္းက သူတို႔ဒီငါးကို အရမ္းႀကိဳက္သြားတာ အံ့ၾသစရာမရွိေတာ့ဘူး။ တကယ္ေကာင္းတာပဲ]

ထိုအခိုက္ ဒုတိယေျမာက္ ဟင္းပြဲျဖစ္ေသာ ဂဏန္းအစပ္ အိုးလိုက္ တည္ခင္းလာေတာ့သည္။ စားပြဲေပၚသို႔ မယူလာခင္ကတည္းက ေမႊးပ်ံ့သည့္ရနံ႕က တစ္ခန္းလုံးကို က်ီစယ္ေနၿပီးသားျဖစ္သည္။

[ပါရမီရွင္နတ္ဆိုး.. အိုး ဒါကၿဂိဳလ္နံပါတ္ (၁၉)က ေရမေကာင္းဆိုးဝါးဆိုတဲ့ အေကာင္မဟုတ္လား။ ေတာ္ေတာ္ႀကီးတာပဲ]

[ခရမ္းခ်ဥ္းသီးသုန႔္က်စ္.. အိုး ဟုတ္သားပဲ ဒီအသားက အရမ္းအရသာရွိမဲ့ပုံပဲ။ ဒါေပမဲ့ Shopping ဆိုက္မွာ ဝယ္လို႔မရေသးဘူးလို႔ ငါထင္တယ္။ ဒါေၾကာင့္ ငါဒါကို မစားနိုင္ေသးဘူး]

[အက္ခိုး.. အား အား အား ငါ့ရဲ႕ဂဏန္းေလး ဘယ္သူငါ့ရဲ႕ဂဏန္းကို ယူသြားတာလဲ]

အခ်ိန္တိုင္းလိုလို ၾကည့္ရႈ႕သူမ်ားထံမွ ေအာ္ဟစ္သံက ထြက္ေပၚလာေနသည္။ မည္သို႔ပင္ဆိုေစ ပုံရိပ္ေယာင္ေဒတာ အစစ္အမွန္ ပစၥည္းမ်ားေပၚ အေျခခံထားျခင္းျဖစ္သည္။ ထို႔ေၾကာင့္ အစစ္အမွန္ ဂဏန္းမ်ား၏ အေရအတြက္က ေလ်ာ့က်သြားသည္ႏွင့္ သူတို႔အရသာခံနိုင္သည့္ ပမာဏကလည္း ေလ်ာ့က်သြားမည္သာျဖစ္သည္။ ထို႔ေၾကာင့္ ၾကည့္ရႈ႕သူမ်ားအေနျဖင့္ က်ားပါးစပ္ထဲမွ အစာကို လုရသလိုမ်ိဳး အသည္းအသန္ အရွိန္ႏႈန္းျမင့္ကာ ျမည္းစမ္းေနရသည္။

ဧည့္သည္ပန္းကန္မ်ားကလည္း အခြံမ်ားျဖင့္ ျပည့္လာသည္။ ဉာဏ္ရည္ျမင့္အိမ္ေတာ္ထိန္းက ေရွ႕တက္လာၿပီး ပန္းကန္ျပားမ်ားကိုသိမ္းကာ ပန္းကန္သစ္မ်ားျဖင့္ အစားထိုးေပးသည္။

တတိယေျမာက္ ဟင္းလ်ာက မာပိုတို႔ဟူးဆိုသည့္ ရိုးရွင္းဟန္ ထင္ရေသာ ဟင္းလ်ာျဖစ္သည္။ သို႔ရာတြင္ ယြမ့္ထန္းက ေျခာက္နာရီၾကာေအာင္ ဟင္းအိုးထဲတြင္ထည့္ကာ ျပဳတ္ထားခဲ့ျခင္းျဖစ္သည္။ ထိုတို႔ဟူးဟာ အသားအရသာအျပည့္ စုပ္ယူထားၿပီး အံ့အားသင့္စရာေကာင္းေသာ အရသာကို ေပးစြမ္းနိုင္စြမ္းရွိသည္။

[အဲ့ဒီငါးေျခာက္ကို ေၾကာင္ကိုေကြၽးလိုက္.. ငါအရင္က မာပိုတို႔ဟူးကို စားဖူးမွန္း ငါလည္း သိပါတယ္။ ဒါေပမဲ့ ဒီတစ္ခုနဲ႕ ယွဥ္လို႔ကိုမရတာ။ ဒီတစ္ခုက တအားေကာင္းတယ္]

[အားနည္းတဲ့ ႏွလုံးသားေလးက လွည့္စားခံလိုက္ရၿပီ.. အစပ္ဟင္းပြဲ သုံးမ်ိဳးဆက္တိုက္လာတယ္။ တင္ဆက္သူက ဒီေန႕ အစပ္ညစာစားပြဲကိုမ်ား က်င္းပခ်င္ေနတာလား။ ငါ ငါ အစပ္မစားနိုင္ဘူး]

[ပိုင္႐ႊမ္ယြမ္.. ငါလည္း အစပ္ဟင္းလ်ာေတြကို မစားနိုင္ဘူးဆိုေပမဲ့ ဒီဟာေတြက တအားေကာင္းေနတယ္ေလ။ ငါစပ္လြန္းလို႔ ေသသြားမယ္ဆိုရင္ေတာင္မွ ေသခ်ာေပါက္ စားသြားခ်င္ေသးတယ္]

[အရွင္က်ိဳ႕က အားက်ိဳ႕မဟုတ္ဘူး.. ငါေရသုံးခြက္ေသာက္ၿပီး မူးေနၿပီ ငါ့ကို ဒီအစပ္ဟင္းေတြမစားဖို႔ ဘယ္သူကမွ မတားနိုင္ေတာ့ဘူး]

ေလးပြဲေျမာက္ဟင္းက အေမရိကန္ ဖားႀကီးကင္ျဖစ္သည္။ ဟင္းလ်ာအသစ္ျဖစ္ေသာေၾကာင့္ ခ်လာသည့္အခါ ယြမ့္ထန္းက သူတို႔ကို ဟင္းလ်ာ၏ နာမည္ကိုေျပာၿပီး လူတိုင္းကို ဒီပါဝင္ပစၥည္း အသစ္အေၾကာင္း မိတ္ဆက္ေပးရသည္။

[အခ်စ္ေလးယြမ့္.. အို ဘုရားေရ ဒီအ႐ုပ္ဆိုးတဲ့ ပါဝင္ပစၥည္းေတြက အရမ္းေကာင္းတဲ့ ဟင္းလ်ာ ျဖစ္သြားနိုင္တာလား]

[ယင္ေရွာင္ယြီ.. ဟုတ္တယ္ ငါ Shopping ဆိုင္မွာ ဒီပါဝင္ပစၥည္းကို ပုံႀကိမ္းျမင္လိုက္ေသးတယ္။ တကယ္ေၾကာက္ဖို႔ေကာင္းတာ။ အဲ့လိုအ႐ုပ္ဆိုးတဲ့ အရာမ်ိဳးက ခ်က္ၿပီးတဲ့အခါ ဒီလိုအရသာ ရွိသြားမယ္လို႔ မထင္ထားမိဘူး]

[ေအပရယ္လရဲ႕ သားေမႊးအေႏြးထည္ လည္ပင္းေထာင္ေလးက အေမႊးအမွ်င္ေလးက လည္ပင္းကို ပြတ္သပ္က်ီစယ္ေနၿပီ.. မင္းယုံခ်င္ယုံ မယုံခ်င္ေန ငါကေတာ့ အရင္စားၿပီ]

[အျပာေရာင္နတ္ဆိုးရဲ႕ အနက္ေရာင္ စိတ္ဝိညာဥ္.. အိုး ဒါကအရမ္း အရမ္း အရမ္းေကာင္းတယ္ အား ငါ့အေမကငါ့ကို ဘာလို႔ငိုတာလဲလို႔ ေမးေနၿပီ]

ထိုအေမရိကန္ ဖားကင္ဟာ အေျခာက္ေၾကာ္ထားျခင္းျဖစ္ၿပီး အေပၚယံက ကြၽတ္႐ြေနေသာ အေရခြံမ်ားကို ထင္ရွားစြာ ျမင္ေနရသည္။ အတြင္းရွိ အသားကမူ ႏူးညံ့စြာ ေခ်ာေမြ႕ေနျပန္သည္။ အသားဟာ အရိုးလြတ္သည္ဟု ထင္ရေလာက္ေအာင္ ႏူးညံ့ေနေလသည္။ က႐ုတစိုက္ ျပင္ဆင္ထားေသာ စီခြၽမ္င႐ုတ္ေကာင္းႏွင့္ င႐ုတ္ႏွစ္တို႔ ေရာစပ္ထားသည့္ အခ်ဥ္ဟာလည္း ဖားသားႏွင့္ အလြန္လိုက္ဖက္ေနသည္။ တစ္ကိုက္ ကိုက္လိုက္ၿပီးသည္ႏွင့္ အစပ္အရသာက ပါးစပ္ထဲတြင္ ေပါက္ကြဲထြက္သြားမည္ျဖစ္ကာ စား၍မရပ္နိုင္ေတာ့ေခ်။

ေနာက္ထပ္ ဟင္းလ်ာကမူ ထန္းေကာဟင္းလ်ာျဖစ္သည္။ ယြမ့္ထန္းက ႀကီးမားေသာ တ႐ုတ္ငါးႀကီးတစ္မ်ိဳးကို ေ႐ြးခ်ယ္ထားျခင္းျဖစ္သည္။ ထိုငါးဟာ ေျခာက္ေပါင္ခန႔္ အေလးခ်ိန္ရွိသည္။ သူက အပိုင္းႏွစ္ဆယ္ခန႔္ခုတ္ၿပီး ေလးနာရီၾကာ အရိုးႏြင္ရသည္။ ငါးကိုအရသာ ပိုစုပ္နိုင္ရန္အလို႔ငွာ အခ်ိန္အတန္ၾကာ ျပဳတ္ခဲ့ရေသးေလသည္။ အသားဟာ က်က္သြားၿပီးေနာက္တြင္ အပူခ်ိန္ျမင့္ျမင့္တြင္ ထပ္မံေၾကာ္သည္။ ထို႔ေနာက္ င႐ုတ္သီးပဲေစ့ ႀကိတ္ထားေသာပဲမ်ားႏွင့္ အျခားေသာ အလားတူ အႏွစ္လုပ္နိုင္သည့္ အရာမ်ားအားလုံး ေရာနယ္ကာ ေၾကာ္ခ်က္ၿပီးေနာက္ ငါးေပၚတြင္ စမ္းလိုက္ၿပီး အေပၚမွ ေတာင္တန္းသဖြယ္ င႐ုတ္သီးေတာင့္မ်ားကို ထိုးစိုက္ထားလိုက္ျခင္းျဖစ္သည္။

စားပြဲေပၚသို႔ ခ်လိဳက္သည္ႏွင့္ လူတိုင္းက အံ့အားသင့္ဖြယ္ လုပ္ၾကသည္။

ထိုအစပ္ေတာင္တန္းႀကီးဟာ ငါးတစ္ခုလုံးကို ဖုံးလႊမ္းထားနီးပါး ျဖစ္သည္။ အလြန္အမင္း စပ္မည့္ပုံ ေပၚေနေသာ္လည္း အလြန္အရသာ ရွိေနသည္မွာလည္း ေသခ်ာေနျပန္သည္။ ငါးဟာ ကြၽတ္႐ြေနၿပီး ႏူးညံ့ေနျပန္သည္။ ပဲအႏွစ္ႏွင့္ ပဲေစ့တို႔ ေရာေနေသာ ငါးတစ္ကိုက္ ကိုက္လိုက္ခ်ိန္တိုင္း အံ့အားသင့္စရာေကာင္းေသာ အရသာက အျပည့္ပါလာသည္။

[မင္းရဲ႕ေနာက္ကိုပဲ မရွင္းျပနိုင္ေအာင္ လိုက္ေနမိတယ္.. အစပ္ အရသာရွိတယ္ အရသာရွိတယ္။ အို ဘုရားေရ ဘာလို႔ဒီေလာက္ေတာင္ အရသာရွိေနတာလဲ]

[အရ္ခ်ီရွီလင္း.. တကယ္စပ္မဲ့ပုံပဲ ဒါေပမဲ့ အရသာက အေနေတာ္ပဲ။ တစ္ခုခုက ေမႊးေနသလိုပဲ ေနာက္ၿပီး ပါဝင္ပစၥည္းေတြထဲမွာ ကြၽတ္႐ြေနတဲ့ တစ္ခုခုလည္း ပါဝင္ေနတယ္။ အားလုံးေပါင္းလိုက္ေတာ့ ေတာ္ေတာ္ေလးကို အရသာရွိသြားတယ္]

ၾကည့္ရႈ႕သူမ်ားကပင္ ခ်ီးက်ဴးေနျခင္း မဟုတ္ေလဘဲ ဧည့္သည္ေတာ္မ်ားကလည္း သေဘာက်ဟန္ျဖင့္ ဆက္တိုက္ စားေနၾကေတာ့သည္။ သူတို႔၏ ပါးစပ္ကပင္ အဆီတဝင္းဝင္း ျဖစ္လာသည္။

ေျခာက္ပြဲေျမာက္ ဟင္းလ်ာကမူ ၾကက္ဥျပဳတ္ႏွင့္ ငန္းအသည္းျဖစ္သည္။ ထိုဟင္းလ်ာက စားပြဲေပၚသို႔ ေရာက္ေလၿပီ။ ထိုဟင္းလ်ာကသာ ယခင္ဟင္းလ်ာမ်ားႏွင့္ မတူညီစြာ အစပ္မပါျခင္းျဖစ္သည္။

အနာဂတ္ရွိ လူအမ်ား၏ အစာအိမ္ဟာ အလြန္အမင္း သန္မာေလာက္ေသာ္လည္း သူတို႔ဟာ အစပ္ဟင္းတိုင္းကို ဆက္တိုက္ မစားနိုင္ေလာက္ၾကေသးေပ။ မဟုတ္လွ်င္ သူတို႔၏ပါးစပ္က ထုံထိုင္းလြန္းေနေပလိမ့္မည္။

အစပ္မပါေသာဟင္းလ်ာက ထုံထိုင္းေသာပါးစပ္ကို ေျဖရန္အတြက္ အေကာင္းဆုံးျဖစ္သည္။

ၾကက္ဥျပဳတ္ႏွင့္ ငန္းအသည္းကို ျပင္ဆင္ထားပုံမွာ ၾကက္ဥျပဳတ္၏အလယ္တြင္ ေဖာက္ၿပီး ငန္းအသည္းကို ထည့္ထားျခင္းျဖစ္သည္။ ထို႔ေနာက္ ၾကက္ဥမ်ားကို ဆားႏွင့္င႐ုတ္ေကာင္း အနည္းငယ္ထည့္လွ်က္ သင့္ေလ်ာ္ေသာ ပမာဏျဖင့္ ေရာနယ္ထားျခင္းျဖစ္သည္။ ငန္းအသည္းကမူ ေသြးညွီနံ႕ကိုဖယ္ရန္ ျပဳတ္ထားရၿပီးမွ ေသးငယ္ေသာ အပိုင္းေလးမ်ား ခုတ္ပိုင္းထားကာ ေထာပတ္ႏွင့္ ေ႐ႊဝါေရာင္ ႏွစ္ဖက္လုံး သမ္းလာသည္အထိ ေၾကာ္ထားျခင္းျဖစ္သည္။ ထို႔ေနာက္ ႀကိဳတင္ျပင္ဆင္ထားေသာ ေမႊထားသည့္ၾကက္ဥကို ၾကက္ဥခြံထဲသို႔ အေရမ်ားကို ျပန္ေလာင္းထည့္လိုက္ကာ အိုးထဲတြင္ ျပန္ျပဳတ္သည္။ ထို႔ေနာက္ ငန္းအသည္းကို ၾကက္ဥျပဳတ္၏ အေပၚတြင္တင္ၿပီး အခ်ဥ္ရည္ တစ္စက္ႏွစ္စက္စီ စမ္းလိုက္ေသးသည္။ အရသာရွိေသာ ၾကက္ဥျပဳတ္ငန္းအသည္းက အဆင္သင့္ျဖစ္သြားေလၿပီ။

ၾကက္ဥျပဳတ္ငန္းအသည္းက ပမာဏေသးငယ္ေသာေၾကာင့္ ဧည့္သည္ေတာ္မ်ားက တစ္ခြက္စီ ရရွိသည္။ အလြန္အရသာရွိေသာ ၾကက္ဥမ်ားက ႏူးညံ့ေနၿပီး ငန္းအသည္းကမူ အျပင္ဘက္တြင္ ကြၽတ္႐ြကာ အတြင္းတြင္ ႏူးညံ့ေနျပန္သည္။ ထို႔အျပင္ အရသာရွိေသာ ထမင္းႏွင့္ ေပါင္းစပ္လိုက္ေသာ္ တစ္ဇြန္းၿပီးတစ္ဇြန္း ဆက္တိုက္စားခ်င္စိတ္ ျဖစ္ေပၚလာေစမိသည္။

[ေလတိုက္လို႔မူးသြားၿပီ.. ငါဒါကို တရားဝင္ ကန႔္ကြက္တယ္။ ဒီလူေတြစားတာ အရမ္းျမန္တယ္။ ငန္းအသည္းက ဘာမွန္းေတာင္ ငါမသိေသးဘူး။ သူတို႔အားလုံးက စားလိုက္ၾကၿပီ]

[မိခင္အိုႀကီးရဲ႕ အခ်စ္ကေလး.. ေဟး ငါဘာမွ မစားလိုက္ရဘူး တကယ္မေပ်ာ္ေတာ့ဘူး]

ယြမ့္ထန္းက ဒီအေျခအေနကို ျမင္ေသာအခါ ရယ္သည္။ သူမေနနိုင္ဘဲ ခပ္တိုးတိုးေျပာလိုက္သည္။

“အားလုံးပဲ ကိုယ့္ရဲ႕ေဝစုကို လာျမည္းစမ္းၾကည့္နိုင္ပါတယ္”

[မက္မြန္ပူတင္းေလး.. အိုး တင္ဆက္သူက အရမ္းေကာင္းတာပဲ]

[ထရန္စပါးရမ့္ေလး.. တင္ဆက္သူ တင္ဆက္သူ အရမ္းခ်စ္တယ္]

[ေနထြက္တာကို ၾကည့္ခ်င္႐ုံပဲ.. အို ဘုရားေရ တကယ္အရသာရွိတာပဲ။ ဒီငန္းအသားက အရမ္းအရသာရွိတယ္။ ႏွေျမာစရာေကာင္းတာက အရမ္းနည္းေနတယ္]

[႐ုပ္ေသး႐ုပ္ေလး ျပန္သြားၿပီ.. ဟုတ္တယ္ ဒီေပၚက ပဲေစ့ေလးေတြလား။ ဒါေလးေတြကလည္း အရသာရွိတာပဲ]

“ေနာက္တစ္ႀကိမ္က်ရင္ ကိုယ့္မွာ အခြင့္အေရး ရခဲ့ရင္ ေသခ်ာေပါက္ ငန္းအသည္း ဆန္မုန႔္ေၾကာ္ကိုလည္း အားလုံးျမည္းစမ္းခြင့္ရေအာင္ ျပင္ဆင္ေပးပါ့မယ္”

.....

Continue Reading

You'll Also Like

438K 23K 51
แ€กแ€แ€ผแ€ฑแ€กแ€”แ€ฑแ€แ€…แ€บแ€แ€ฏแ€€แ€ผแ€ฑแ€ฌแ€„แ€บแ€ท แ€œแ€€แ€บแ€‘แ€•แ€บแ€–แ€ผแ€…แ€บแ€แ€ฒแ€ทแ€€แ€ผแ€แ€šแ€บ แ€กแ€”แ€บแ€แ€ฎแ€€ แ€›แ€ญแ€ฏแ€ธแ€›แ€ฒแ€ท แ€‡แ€”แ€ฎแ€ธแ€™แ€šแ€ฌแ€ธแ€•แ€ซแ€•แ€ฒ... แ€กแ€ฑแ€ปแ€แ€กแ€ฑแ€”แ€แ€…แ€นแ€แ€ฏแ€ฑแพแ€€แ€ฌแ€„แ€นแ€ท แ€œแ€€แ€นแ€‘แ€•แ€นแ€ปแ€–แ€…แ€นแ€แ€ฒแ€ทแพแ€€แ€แ€šแ€น แ€กแ€”แ€นแ€แ€ฎแ€€ แ€›แ€ญแ€ฏแ€ธแ€›แ€ฒแ‚• แ€‡แ€”แ€ฎแ€ธแ€™แ€šแ€ฌแ€ธแ€•แ€ซแ€•แ€ฒ...
1.4M 59.2K 70
แ€„แ€ซแ€œแ€ฌแ€ธ.... แ€…แ€ญแ€แ€บแ€แ€ป...... แ€”แ€ญแ€—แ€นแ€—แ€ฌแ€”แ€บแ€›แ€ฑแ€ฌแ€€แ€บแ€›แ€„แ€บแ€œแ€Šแ€บแ€ธ แ€™แ€„แ€บแ€ธแ€€แ€ญแ€ฏแ€•แ€ฒ แ€แ€ปแ€…แ€บแ€”แ€ฑแ€กแ€ฏแ€ถแ€ธแ€™แ€พแ€ฌ.......... แ€žแ€ฏแ€”แ€ฑแ€แ€„แ€บแ€‘แ€ฝแ€‹แ€บ แ€€แ€™แ€นแ€˜แ€ฌแ€•แ€ปแ€€แ€บแ€žแ€œแ€ญแ€ฏ แ€œแ€ฑแ€•แ€ผแ€„แ€บแ€ธแ€™แ€ญแ€ฏแ€ธแ€žแ€ถแ€แ€ฝแ€ฑแ€‘...
372K 36.8K 114
แ€˜แ€ฌแ€žแ€ฌแ€•แ€ผแ€”แ€บแ€žแ€ฐ - แ€…แ€ฝแ€ฒแ€Šแ€ญแ€ฏแ€ทแ€กแ€žแ€„แ€บแ€ธ แ€›แ€ญแ€ฏแ€›แ€ญแ€ฏแ€แ€ปแ€ญแ€ฏแ€แ€ปแ€ญแ€ฏแ€”แ€ฒแ€ท แ€™แ€แ€ซแ€ธแ€แ€ฌแ€œแ€ฑแ€ธ แ€–แ€แ€บแ€แ€ปแ€„แ€บแ€›แ€„แ€บ แ€œแ€ฌแ€”แ€ฑแ€ฌแ€บ
253K 9.1K 39
แ€–แ€ฎแ€ธแ€”แ€…แ€บแ€„แ€พแ€€แ€บแ€แ€…แ€บแ€€แ€ฑแ€ฌแ€„แ€บแ€›แ€ฒแ€ท แ€›แ€„แ€บแ€€แ€ฝแ€ฒแ€™แ€แ€แ€บแ€กแ€ฑแ€ฌแ€บแ€Ÿแ€…แ€บแ€žแ€ถแ€Ÿแ€ฌ แ€œแ€ฑแ€ฌแ€„แ€บแ€€แ€ปแ€ฝแ€™แ€บแ€ธแ€กแ€ถแ€ทแ€†แ€ฒแ€†แ€ฒ แ€กแ€แ€ฑแ€ฌแ€„แ€บแ€•แ€ถแ€แ€ฝแ€ฑแ€”แ€ฒแ€ทแ€กแ€แ€ฐ แ€•แ€ปแ€ฑแ€ฌแ€€แ€บแ€€แ€ฝแ€šแ€บแ€•แ€ปแ€€แ€บแ€…แ€ฎแ€ธแ€žแ€ฝแ€ฌแ€ธแ€แ€ฑแ€ฌแ€ทแ€™แ€šแ€บแ€ทแ€กแ€แ€ปแ€ญแ€”แ€บแ€™แ€พแ€ฌ แ€„แ€ซแ€Ÿแ€ฌ แ€™แ€„แ€บแ€ธแ€”แ€ฒแ€ทแ€”แ€ฑแ€ฌแ€€แ€บแ€แ€…แ€บแ€€แ€ผแ€ญแ€™แ€บ...