၇၇

1.5K 267 6
                                    

အပိုင်း ၇၇

ထိုအခိုက် အိုဗန်မှ တင်ခနဲအသံထွက်လာလေပြီး အထဲရှိချိစ့်ကျောက်ပုစွန်က ဖုတ်၍ပြီးသွားလေပြီ။

ယွမ့်ထန်းက လက်အိတ်ကို လျင်မြန်စွာဝတ်လိုက်ပြီးသည်နှင့် အိုဗန်၏တံခါးကိုဖွင့်ကာ အတွင်းဘက်မှ ချိစ့်ကျောက်ပုစွန်ကို ထုတ်လိုက်သည်။ သူက ဂရုတစိုက်ဖြင့် အပေါ်မှ ပတ်ထားသော ခဲပတ်လေးကို ဖယ်ခွာလိုက်ပြီး အထဲရှိ ကျောက်ပုစွန်ကို ပေါ်ထွက်လာစေလိုက်သည်။

ယခင်က ကြောက်မက်ဖွယ်ကောင်းသောကျောက်ပုစွန်က ယခုအခါ နီရဲတောက်ပနေသည့် ပုံသဏ္ဍာန်အဖြစ် ပြောင်းလဲသွားပြီဖြစ်သည်။ ကိုယ်ထည်က အနည်းငယ် ကွေးသွားသည်။ ချိစ်က ရွှေဝါရောင်အဖြစ် ပြောင်းလဲသွားပြီ ဖြစ်သည်။ အပူချိန်ကမြင့်သောကြောင့် နီရဲသောကျောက်ပုစွန်တစ်ခုလုံးအနှံ့ ဖုံးလွှမ်းသွားတော့ သည်။ နီရဲသော ကျောက်ပုစွန်နှင့်ရွှေရောင်ဝါချိစ့်များ ပေါင်းစပ်ထားခြင်းက တစ်ယောက်၏အလှကို တစ်ယောက်က အဆင့်မြှင့်တင်ပေးထားသလိုမျိုးဖြစ်ပြီး တောက်ပပြီး မျက်စိကျိန်းမတတ် ထင်ရှားနေတော့သည်။

ယွမ့်ထန်းက ချိစ့်ကို အနည်းငယ်ခွာရန်အတွက် တူကို သုံးလိုက်ပြီး အတွင်းတွင်ရှိသည့် ကျောက်ပုစွန်၏ ဖြူဖွေးနေသည့်အသားကို ပေါ်ထွက်လာစေ လိုက်သည်။ ထိုအခါ အထဲမှ အသား၏အနံ့က ပေါက်ထွက်လာလေရာ ချိုမြိန်သည့်ရနံ့က ပျံ့လွင့်လာတော့သည်။

“ချိစ့်ကျောက်ပုစွန်ကလည်း စားလို့ရပါပြီ”

ယွမ့်ထန်းက အပြုံးနှင့်ပြောသည်။ ကြည့်ရှုသူများအားလုံးကလည်း တူတပြင်ပြင်ဖြင့် လှုပ်ရှားကြလေသည်။ ထိုကျောက်ပုစွန်၏အသားက ဂဏာန်း၏အသားထက် ပို၍ပင် လက်ခံနိုင်စရာ ကောင်းနေသေးသည်။

ကျောက်ပုစွန်၏အသားက တလက်လက်တောက်ပပြီး ဖောက်ထွင်းမြင်ရမတတ် ကြည်လင်နေသည်။ ထို့ကြောင့် အလွန်သန့်ရှင်းပြီး သပ်ရပ်လွန်းနေလေရာ ညှီနံ့ကိုလည်း မရချေ။ ယခင်က ကြောက်မက်ဖွယ်ကောင်းသည့်ကျောက်ပုစွန်ကြီးက ထိုမျှ အတွင်းတွင်ကြည့်ကောင်းမည်ဟု မထင်ထားမိလောက်ကြချေ။

ပြန်လည်ရှင်သန်ခွင့်ရတဲ့ ဖုဘလော့ဂါလေးရဲ့ ချက်မယ်ပြုတ်မယ် အစီအစဥ်Where stories live. Discover now