အပိုင်း (၂၆) လေးရာသီစားပွဲ...အပိုင်းခွဲ၂
၅ပွဲမြောက်ဟင်းလျာက ရှေးရိုးအကျဆုံးဖြစ်သည့် ဝက်သားနီချက်ဖြစ်သည်။ တောင်ပိုင်းသားဖြစ်သည့် ယွမ့်ထျန်းကတောင်ပိုင်းသားလက်ရာကို အဖွားဖြစ်သူက ချက်ပြုတ်နေကျအတိုင်း ချက်ပြုတ်နေသည်။
ယွမ့်ထျန်းက ဝက်ဗိုက်သားကို ယူလိုက်သည်။ ထို့နောက် လေးထောင့်အတုံးလေးတွေ လှီးဖြတ်ထားသည့်နောက်တွင် နီရဲနေသည့်ဘက်နှင့် ဖြူဖျော့နေသည့်ဘက်ခြမ်းသာကျန်သည့်အထိ ရှင်းလင်းလိုက်သည်။ အသားစိမ်း၏ သွေးလွှမ်းနေသည့်အပိုင်းကိုဖယ်ရှားပစ်လိုက်၏။ အားလုံးကို ရေသန်ု့ဖြင့် ဆေးပြီးသည့်နောက်တွင် နောက်ထပ်၂ကြိမ်ခန့် ထပ်ဆေးသေးကာ အညှီနံ့တွေကို ပြေပျောက်သွားစေသည်။
ဒယ်ပြားကိုမီးဖိုပေါ်တွင်အသင့်တင်ပြီးသားဖြစ်သည်။ အပူချိန်ကလုံလောက်သည်ဟု ခံစားရသည့်အခါဆီပါးပါးသုတ်လိုက်သည်။ ထို့နောက်ဂျင်းနှင့်ကြက်သွန်ဖြူတို့ထည့်ကာ ဆီသတ်လိုက်၏။ သူက ဝက်သား အပိုင်းအစများထည့်လိုက်သည့်နောက်တွင် အပူချိန်ကိုအလယ်အလတ်အဆင့်သာ ထားလိုက်၏။ ဝက်သားမှ တဆစ်ဆစ်ဆီအသံများထွက်လာပြီးသည့်နောက်တွင် ဟိုးအောက်ခြေသို့ကပ်သွားသည်။ မွှေးပျံ့သည့်အသားရနံ့က ဖျော့တော့စွာဖြင့်ထွက်လာခဲ့ကာ ရွှေရောင်သန်းမှုနှင့် မွှေးပျံ့သည့်ရနံ့မျိုးက လှိုင်လာခဲ့၏။
[ဟားဟား:ဝိုး]
[ကြေးနီရောင်လေး: ငါနှင်းဆီစားသောက်ဆိုင်ကနေ ဝက်ပြုတ်သားဟင်းကိုစားခဲ့ဖူးပါတယ် ဒါပေမဲ့ ဒီလိုအနံ့မျိုးတော့ မထွက်သလိုပဲ]
[အီရာ:ဒီလိုပြောဖို့မလိုသေးဘူးထင်တယ် ငါနည်းနည်းတောင်ခိုးစားလိုက်သေးတယ် အနံ့ကမွှေးပေမယ့် အရသာကမကောင်းဘူး ဘာအရသာမှလည်းမရှိဘူး ဂျင်းနဲ့ ကြက်သွန်ဖြူအနံ့ပဲရှိတယ် နှင်းဆီစားသောက်ဆိုင်က ပိုကောင်းတယ်လို့ငါထင်တယ်]
[တစ်စုံတယောက်ရဲ့ပျော်ရွှင်မှုကို သီချင်းနဲ့ ဖျော်ဖြေမယ်: ပြီးမှမပြီးသေးတာ ဘယ်အရသာရှိမှာလဲ]
ထိုအချိန်တွင် ယွမ့်ထန်းက နောက်ထပ်တစ်အိုးကိုထုတ်လိုက်သည်။ သူက ရေပမာဏအနည်းငယ်ထည့်ပြီးသည့်နောက်တွင် ဆီတစ်ဇွန်း သကြားစားပွဲတင်ဇွန်း၃ဇွန်းတို့ကို ဖြေးညှင်းစွာထည့်ပြီး အပူချိန် နိမ့်နိမ့်ဖြင့်ချက်ထားလိုက်သည် ။
YOU ARE READING
ပြန်လည်ရှင်သန်ခွင့်ရတဲ့ ဖုဘလော့ဂါလေးရဲ့ ချက်မယ်ပြုတ်မယ် အစီအစဥ်
Romancefun translation.... fake novel name🙃 pic from pinterest @pngtree ,I also post screenshot😉